← Chapters

အခန်း (၄၃၄-၄၃၆)

Vol. 9 Ch. 434-436

အခန်း (၄၃၄-၄၃၆)

Vol. 9 Ch. 434-436

အပိုင်း (၄၃၄)

အသက်ရှူကျပ်စေလောက်တဲ့ စိတ်လှုပ်ရှားနေသည့်ခံစားချက်ရှိနေသည်။

သူ့ရဲ့လက်ချောင်းတို့ လှုပ်ရှားနေမှုကို အာရုံခံမိတဲ့အခါ လုလျန့်ဝေ အကြောက်တလန့်ဖြင့် အိပ်ရာပေါ်မှ ခုန်ဆင်းမိသည်။

သူ(မ)ရဲ့ မသပ်မရပ်ဖြစ်နေတဲ့ဆံပင်တို့ကို အမြန်ဖြီးကာ လုံယန်ကို ပြန်ရန် တွန်းအားပေးသည်။

“ အရှင်မင်းကြီး၊ နန်းတော်ဆီကို မြန်မြန်ပြန်သင့်နေပါပြီ။ ကျွန်မအဖေပြန်လာရင် ပြဿနာတက်ပါလိမ့်မယ် “

“ ကောင်းပါပြီ “

အိပ်ရာအကာထဲကနေလာတဲ့ လုံယန်ရဲ့စူးရှရှအသံကို ကြားနိုင်သည်။

အကြောင်းပြချက် တစ်ချို့ကြောင့် လုလျန့်ဝေရဲ့နှလုံးသားခုန်သံစည်းတစ်ချက်ကျော်သွားရသည်။ သူရှိရာဆီသို့ လှမ်းကြည့်လိုက်ပေမဲ့ သူ(မ)မြင်နိုင်သမျှက အိပ်ရာဇာအကာကနေတစ်ဆင့် မှုန်ဝါးဝါးပေါ်နေသည့်ပုံသဏ္ဌာန်ပင်ဖြစ်သည်။

လုလျန့်ဝေ အနည်းငယ်ကြောင်သွားသည်။ သူ(မ) လက်ချောင်းတွေကို ဆုတ်လိုက်ပြီး စိတ်ကို ခိုင်ခိုင်ထားကာ အပြင်ကိုမြန်မြန်ထွက်လာဖို့ပြောရန် အိပ်ရာအကာကိုဆွဲဖွင့်လိုက်သည်။

အဲ့နောက် စက္ကန့်ပိုင်းမျှပင်ကြာကြာမနေနိုင်ဘဲ ချက်ချင်းလှည့်သွားသည်။

သူ(မ)ဟာ ခမ်းနားတဲ့ထွက်ခွာမှုကြီးအလား လုပ်နေတာကို လုံယန်ကြည့်လိုက်သည်။ သူ့အကြည့်ကို အောက်သို့လွှဲလိုက်ပြီး အသံပင်မထွက်တဲ့သက်ပြင်းတစ်ချက်ချလိုက်သည်။

ဝေဝေက ဘာမှမလုပ်ခဲ့ပေမဲ့ သူ(မ)အနားယူတဲ့ကုတင်ပေါ်မှာ လှဲလိုက်ရုံနဲ့တင် သူ့ခန္ဓာကိုယ်ကို အနည်းငယ်အထိန်းချုပ်မဲ့သွားစေဖို့ လုံလောက်သည်။

သူ့မှာ အဲ့လောက်သနားစရာကောင်းတဲ့စိတ်အားထက်သန်မှုကြီးနေမှန်း ဘယ်တုန်းကမှမသိခဲ့ပေ။ ဒီနေ့မှာတော့ သူ အကြိမ်အနည်းငယ် လုံးလုံးလျားလျားစိတ်လွတ်သွားမလိုဖြစ်သွားသည်။

သူ တိတ်ဆိတ်စွာ ရေခဲနှလုံးသားမန္တန်ကိုရွတ်ဆိုပြီး သူ့ရင်ထဲကခံစားချက်တွေကို ချိုးနှိမ်နေရသည်။

လုလျန့်ဝေ သူ(မ)ရဲ့ နူးညံ့တဲ့ကုတင်ပေါ်မှာ တစ်ခဏထိုင်နေပြီး နောက်ဆုံးမှာတော့ လုံယန်ရဲ့အခြေအနေကို မြင်သွားတော့သည်။

သူတို့အကြည့်တွေဆုံသွားတဲ့အခါ သူ(မ)က အနည်းငယ်သိသိသာသာ အကြည့်ရှောင်သွားသည်။

အချင်းချင်းဘေးကပ်လျက် အိပ်ရာပေါ်မှာ လှဲနေသည့်အလား တင်းကျပ်တဲ့စိတ်လှုပ်ရှားမှုပေါ်လာသည်။

လုံယန် အသံတိုးတိုးဖြင့်ပြောကာ သူ(မ)အနားကို မကပ်ချေ။

သူ(မ)အကြည့်ကို အပေါ်မော့လိုက်တဲ့အခါ သူ့ရဲ့ဝတ်ရုံက အနည်းငယ်ဖရိုဖရဲဖြစ်နေတာကိုတွေ့သည်။ အနည်းငယ်ဆင်ခြင်သုံးသပ်ပြီးနောက် ထရပ်ကာ လုံယန်ဆီသို့ လမ်းလျှောက်လာပြီး အင်္ကျီကိုသပ်ရပ်အောင်လုပ်ပေးသည်။

လုံယန်ခေါင်းငြိမ့်ပြသည်။ သူ မထွက်သွားခင်မှာ လုံယန် မထိန်းနိုင်ဘဲ သူ(မ)ကို ဆွဲဖက်ပြီး လွှတ်မပေးခင်မှာ သူ(မ)နှဖူးပေါ်သို့ အနမ်းခြွေသည်။

‘ ဒီလူကြီးကတော့ သွားစရာရှိတာသွားပါ။ ရှင် ပြန်တော့မယ်ပြောနေတာ လုံလောက်တာထက်ပိုနေပြီ ‘

“ သင့်ရဲ့ နှိမ့်ချတဲ့အစေခံက အရှင့်ကို အန္တရာယ်ကင်းတဲ့အပြန်ခရီးဖြစ်စေဖို့ ဆုတောင်းပါတယ်၊ အရှင်မင်းကြီး “

လုလျန့်ဝေ လက်ထဲက လက်ကိုင်ပဝါဖြင့်ရမ်းကာ နှုတ်ဆက်အရိုအသေပေးလိုက်သည်။

သူ(မ)ပြောတာကို ခဏရပ်လိုက်ပြီး အရှက်အကြောက်ကင်းစွာနဲ့ ထပ်ပြောသည်။

လုံယန် ဒီနှုတ်ဆက်နည်းအပေါ် အလေးအနက်တွေးပြီးနောက် ပြန်ဖြေသည်။

“ ကြည့်လို့ကောင်းတယ်။ ကိုယ့်ကို ထပ်ပြီး နှုတ်ဆက်ပါဦး “

သူ(မ) လည်ချောင်းရှင်းကာ အတည်ပေါက်ပြောလိုက်သည်။

“ ရှောင်ယန်ဇီ၊ မြန်မြန်လာပြီး ဒူးထောက်အရိုအသေပေးစမ်း “

လုံယန်ရဲ့ဗာဒံစေ့သဏ္ဍာန်မျက်လုံးတို့က အန္တရယ်အရိပ်အယောင်တို့ဖြင့် ကျဉ်းမြောင်းသွားသည်။

လုလျန့်ဝေ ထိုပုံစံကိုမြင်သည့်အခါ ချက်ချင်းစကားကို ဖြည့်ပြောလိုက်သည်။

“ ကျွန်မက ရိုသေရတဲ့ဆရာကြီးကို စနောက်နေတာပါ။ ရှင် မြန်မြန်ပြန်သင့်နေပါပြီ “

“ ရိုသေရတဲ့ဆရာကြီး ဟုတ်လား “

သူ့အသံက စိတ်ရှုပ်သံပေါက်နေသည်။

လုလျန့်ဝေ ငိုမတတ်ဖြစ်သွားရသည်။

“ ရှင် ကျွန်မပြောသမျှကို ဒီအတိုင်းပေါ့ပေါ့ပါးပါးဘဲ လိုက်တွေးပေးလို့မရဘူးလား “

လုံယန် နှာရှုံ့လိုက်သည်။

“ ရှင်က အငယ်ဆုံးပါဘဲ။ ဟုတ်ပြီလား၊ ကျေးဇူးပြုပြီး ဒါကို မေ့လိုက်ပါတော့ “

လုလျန့်ဝေ သူ့လက်မောင်းကို ဆွဲလှုပ်ပြီး ပျာပျာယာယာချော့မော့ပြောနေသည်။

လုံယန် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ အကောင်းဆုံးထိန်းချုပ်လိုက်ရသည်။

“ ကောင်းပြီ၊ ကိုယ်အခု နန်းတော်ကို ပြန်တော့မယ် “

လုလျန့်ဝေ စိတ်သက်သာသွားတဲ့ သက်ပြင်းချလိုက်ပြီး သူ့ကို တံခါးရှိရာဆီသို့ ပြုံးလျက် လိုက်ပို့ပေးသည်။

သူ ခေါင်မိုးပေါ်သို့ ပျံတက်သွားတာကိုမြင်တဲ့အခါမှ အဲ့လူကြီးကို ချွေးသိပ်ရတာ ဘယ်လောက်ခက်လဲဆိုတဲ့အကြောင်း စဉ်းစားမိသည်။

သူ(မ)အခန်းထဲသို့ လှည့်ဝင်ဖို့ပြင်နေတဲ့အချိန်မှာဘဲ ဟိန်းဟောက်သံတစ်ခုကိုကြားလိုက်သည်။

“ အဲ့မှာ ဘယ်သူလဲ။ မြို့စားမင်းအိမ်တော်ထဲကို ဘယ်လိုအတင့်ရဲပြီး ခိုးဝင်ရဲရတာလဲ။ မြားသမားတွေ ငါ့အမိန့်ကိုနားထောင်ပြီး ဒီကျူးကျော်သူကို ပစ်ဖို့ပြင်ကြ “

လုလျန့်ဝေ ထိုအသံကြောင့် ခြံထဲသို့ အပြေးသွားသည်။ ထိုလူရိပ်နားကို မြန်မြန်ကပ်သွားလိုက်သည်။

“ အရှင်မင်းကြီး၊ ရှင် ဘယ်လိုဖြစ်လို့ .... “

လုံယန် အနည်းငယ် မချိုမချဉ်အပြုံးပြုံးသည်။

“ မင်းအဖေက ကိုယ့်ကိုစောင့်ဖို့ မြားသမားတွေကင်းပုန်းချထားတာ “

သူ့ကျွမ်းကျင်မှုကိုသုံးပြီး ထိုမြားသမားတွေကို ရှောင်ထွက်သွားဖို့ မခက်ခဲပေမဲ့ လုဟယ့်ထျန်းက သူ့ကိုစောင့်နေမှန်းသိသာသည်။ သူသာ တိတ်တဆိတ်ထွက်သွားလျှင် အဲ့တာက လုဟယ့်ထျန်းကို ပိုစိတ်တိုစေလိမ့်မည်။

အပိုင်း (၄၃၅)

လက်ပူးလက်ကြပ်မိသည်။

လုဟယ့်ထျန်းက ဘာဘဲဖြစ်ဖြစ် သူ့ယောက္ခထီးဖြစ်လေသည်။ ဒါကြောင့် လျစ်လျူရှုလိုက်ပါက သူ့အတွက် ကောင်းကျိုးမရှိဖြစ်လိမ့်မည်။

အဲ့တာကြောင့် သူ လုလျန့်ဝေရဲ့ခြံထဲသို့ နောက်ပြန်ဆုတ်ခဲ့တာဖြစ်သည်။

လုလျန့်ဝေက ထိုအကြောင်းကြားတဲ့အခါ လန့်သွားသည်။

“ ကျွန်မအဖေက ဘာလို့ .... “

“ သူ ခုနတုန်းက အခန်းထဲကိုဝင်လာရင်း တစ်ခုခုကို သတိထားမိသွားတာဖြစ်မယ် “

လုံယန်ကိုကြည့်ရတာ တည်ငြိမ်နေသည်။

သူက သူ(မ)ကို နှစ်သိမ့်ပေးနေသည်။

“ အားလုံး အဆင်ပြေသွားမှာပါ။ မင်းရဲ့အခန်းထဲကို ပြန်သင့်တယ် “

လုလျန့်ဝေ တစ်ခုခုပြန်ပြောဖို့ပြင်နေတုန်းမှာဘဲ လုဟယ့်ထျန်းက ခေါင်မိုးပေါ်က ပျံဆင်းလာတာကိုတွေ့လိုက်သည်။ သူက လုံယန်ကို စူးရဲရဲစိုက်ကြည့်နေကာ သူ့ရဲ့ထေ့ငေါ့ငေါ့အသံအနေအထားကိုပင် ဖုံးကွယ်ဖို့ မလုပ်ပေ။

“ အို၊ သင် ဖြစ်နေတာလား အရှင်မင်းကြီး။ ကျွန်တော်မျိုးက မနာခံတတ်တဲ့ ကျူးကျော်သူတစ်ယောက်ယောက်ဝင်လာတယ် ထင်လို့ပါ “

“ သင့်ကို နားလည်မှုလွဲစေမိပါပြီ၊ မြို့စားမင်းကြီး။ ဒါ ကျွန်တော့်အပြစ်ပါ “

လုံယန်က သူ့ကို အပြုအမူကောင်းကောင်းဖြင့် သူ့ရဲ့မလေးမစားအသံအနေအထားကို သတိမပြုမိသည့်အလား ခေါင်းငြိမ့်ပြသည်။

လုံယန် ဒီအခြေအနေကြောင့် အနည်းငယ်ရှက်သည့်ခံစားချက်တော့ဖြစ်နေသည်။

သူက ဝေဝေ့အခန်းထဲသွားထားပြီး လုဟယ့်ထျန်းဆီက လက်ပူးလက်ကြပ်မိတာကို ခံလိုက်ရသည်။ သူ့အခြေအနေက ဘယ်လိုဘဲကြည့်ကြည့် အမှားဘက်ကဖြစ်နေသည်။

ရလဒ်အနေနဲ့ သူက လုဟယ့်ထျန်းရဲ့ဒေါသကို ရင်ဆိုင်ဖို့ ဆန္ဒရှိပါသည်။

သူ(မ)အဖေက သူ့ဒေါသကို အတတ်နိုင်ဆုံးထိန်းချုပ်နေမှန်း ခံစားမိသည်။ သို့ပေမဲ့ သူစကားပြောနေတာက ဧကရာဇ်တစ်ပါးဖြစ်သည်။ သူ(မ)အဖေ ဘယ်လောက်ဘဲဒေါသထွက်နေပါစေ သူ့ကိုယ်သူ ထိန်းချုပ်သင့်သည်။ တကယ်လို့ လုံယန်ကို ဒေါသထွက်အောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ။

လုဟယ့်ထျန်း ဒါတွေကိုမတွေးမိတော့ဘဲ ဒေါသရေချိန်ကပွက်ပွက်ဆူနေခဲ့သည်။

အရှင်မင်းကြီးက ဒီလိုခိုးကြောင်ခိုးဝှက်အလုပ်မျိုးလုပ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။

နေ့အချိန်ဖြစ်ပြီး နေကကောင်းကင်မှာ တောက်ပနေချိန်ဖြစ်တာတောင်မှ ဒီလူက အရှက်မရှိ ဝေဝေ့ရဲ့သီးသန့်အဆောင်ဘက်ကို ခိုးဝင်နေသည်။

သူအခန်းထဲဝင်လာတုန်းက သူတို့တွေ ဘာလုပ်နေကြလဲ။

စားပွဲပေါ်က မုန့်ခြင်းတောင်းကိုသာ မမြင်မိဖူးဆိုရင် အခန်းထဲမှာ ဧကရာဇ်ရောက်နေတယ်ဆိုတာကို ဘယ်တော့မှသိမှာမဟုတ်ချေ။

ဝေဝေ့ကို ဧကရာဇ်က အခွင့်ကောင်းယူနိုင်သည့် ဖြစ်နိုင်ချေတွေကို တွေးတောရင်း အလွန်ဒေါသထွက်တာကြောင့် နိုင်ငံရဲ့အုပ်ချုပ်သူကို သတ်ပစ်လိုက်ဖို့အထိတောင် သူတွေးနေမိသည်။

ဝေဝေက သူ ပိုးမွေးသလိုမွေးထားသည့် အဖိုးတန်သမီးလေးဖြစ်သည်။ သူ(မ)ပေါ်သို့ လောဘအကြည့်နဲ့ကြည့်တဲ့သူမှန်သမျှ ဘယ်သူ့ကိုမှ သက်ညှာမည်မဟုတ်။ သူ့အတွက်တော့ သူ ချွေးသွေးမျက်ရည်တို့နဲ့ ပျိုးထားတဲ့ ဂေါ်ဖီထုပ်လေးကို ဝက်စားသွားသလို ခံစားရသည်။

လုဟယ့်ထျန်းဒေါသထွက်လွန်း၍ သွေးပင်အန်ထွက်မတတ်ဖြစ်နေသည်။ လုံယန်အမည်ရှိတဲ့ ဒီသောင်းကျန်းကျူးကျော်သူကို သူ့ဓားနဲ့ အပိုင်းပိုင်းခုတ်ဖြတ်ချင်စိတ်သာရှိသည်။

ဒါပေမဲ့ သူ ဘယ်လောက်ဘဲဒေါသထွက်နေပါစေ သူ့ရဲ့အကျိုးအကြောင်းဆီလျော်တဲ့စိတ်ကရှိနေသေးသည်။ ဘာမှဆက်မပြောတော့ဘဲ ရှေ့ကိုတက်လာပြီး ဝေဝေ့ကို သူ့နောက်ဆွဲပို့လိုက်သည်။

“ အရှင်မင်းကြီးက ဝေဝေ့ကို စေ့စပ်ပြီးကောင်းစေ့စပ်ထားပေမဲ့ မင်္ဂလာအရိုက်အရာကို ဆောင်ရွက်ဖို့လိုပါသေးတယ်။ အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် စည်းထားပြီး ဝေဝေ့မကောင်းသတင်းထွက်မလာအောင် ကာကွယ်ပေးပါ “

လုံယန် လုဟယ့်ထျန်းမျက်လုံးထဲက ဒေါသကို မြင်နေရပြီး သူကသာ ဧကရာဇ်မဟုတ်ပါက လုဟယ့်ထျန်းက သူ့ကို အဲ့ဒီဓားနဲ့ ခုတ်ပြီးသားဖြစ်နေလိမ့်မည်။

သူ လုဟယ့်ထျန်းစိတ်ကို နားလည်တာကြောင့် ပြန်ရှင်းပြပြီးမပြောတော့ဘဲ ခေါင်းငြိမ့်ပြသည်။

ထိုစကားတွေကြားတဲ့အခါ လုဟယ့်ထျန်း သူ့ဒေါသနဲ့တင် ပြန်သီးသွားရသည်။ တရိပ်ရိပ်တက်လာခဲ့တဲ့ဒေါသကို ဖိနှိပ်ကာ ချက်ချင်း စိတ်လျှော့လိုက်တာမျိုးမလုပ်နိုင်ခဲ့ပေ။

အရှင်မင်းကြီးက သူ့ဒေါသတွေပုံချလို့ရနိုင်တဲ့သူတစ်ယောက်ဖြစ်မနေတာ အတော်ဆိုးသည်။ သူ့ဒေါသကို စိတ်ထဲထားကာ ငြှိမ်းသတ်လိုက်ဖို့ဘဲ တတ်နိုင်သည်။

“ အဖေ၊ ဒီမှာက နည်းနည်းပူတယ်။ အခန်းထဲကို သွားကြရအောင် “

လုဟယ့်ထျန်းနှလုံးသားကပျော့ပျောင်းလာကာ ဒေါသတွေပျောက်သွားရတော့သည်။ သူ့သမီးရဲ့ ချွဲတတ်တဲ့အမူအရာတွေမြင်တဲ့အခါ အဖေတစ်ယောက်အနေနဲ့ ဘယ်တော့မှ စိတ်မဆိုးနိုင်ပေ။ သူ့သမီးအပေါ် ဒေါသထွက်မည့်အခါမျိုးကို သူ မခံစားနိုင်ပါ။ အသက်ကို ဝဝရှူပြီး သူ(မ)လက်ကို ပုတ်လိုက်သည်။

အဲ့လိုနဲ့ သူ(မ)အဖေရဲ့လက်ကိုဆွဲကာ အခန်းဘက် လှည့်ဝင်သွားပြီး ဧကရာဇ်ကို လုံးလုံးလျားလျား လျစ်လျူရှူလိုက်သည်။

သူတို့ သားအဖဆက်ဆံရေးကို အနီးကပ်ကြည့်ရင်း အဲ့တာနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်လာမှန်း ရုတ်တရက်သိလိုက်ရသည်။

သူတို့က အဖေနဲ့သမီးဖြစ်နေရင်တောင်မှ အဲ့လောက် နီးကပ်စရာမလိုပေ။

ထိုအချိန်မှာ လုလျန့်ဝေ ရုတ်တရက်ခေါင်းပြန်လှည့်ပြီး သူ့ကို မျက်စိတစ်ဖက်မှိတ်ပြကာ အမြန်ပြန်ဖို့ အရိပ်အမြွက်ပြလိုက်သည်။

လုံယန် စိတ်ထဲမပျော်ရွှင်နေမှုက ချက်ချင်းကိုပျောက်သွားရပြီး အနည်းငယ် စိတ်ရှုပ်ပုံနဲ့ခေါင်းငြိမ့်ပြသည်။

လုဟယ့်ထျန်းက အခုထိ ငယ်ထိပ်မီးတောက်နေသေးတဲ့အတွက် လုံယန်အတွက် ဒီမှာကြာကြာဆက်နေဖို့ အကြံကောင်းမဟုတ်ပေ။

လုဟယ့်ထျန်းက လုလျန့်ဝေကို စိတ်မဆိုးမယ်မှန်း သေချာသည့်အခါမှ လုံယန်နောက်ဆုံးတွင် ပြန်သွားခဲ့သည်။

အပိုင်း (၄၃၆)

မိန်းကလေးတစ်ယောက်ရဲ့သီးသန့်အခန်းထဲကို ကျူးကျော်ဝင်တယ်ဆိုတဲ့ အလွန်အရှက်မရှိသောလုပ်ရပ်ကို လုပ်ခဲ့သည်။

ခြံထဲမှာ ရှင်းလင်းသွားတော့မှ ကျူးယွီနှင့် ချူကျူတို့ဟာ ထောင့်တစ်နေရာကနေ ထွက်လာကြသည်။

ကျူးယွီ ရင်ဘတ်ကိုပုတ်လိုက်သည်။

“ အဲ့တာက အရမ်းကို ကြောက်စရာကောင်းတာဘဲ။ မြို့စားမင်းကြီးက အရှင်မင်းကြီးနဲ့ ရန်စတော့မယ်ကို ထင်လိုက်တာ “

ချူကျူလည်း စိတ်သက်သာရာရသည့် သက်ပြင်းချလိုက်သည်။

မြို့စားမင်းကြီးရဲ့ အခုပုံစံက အရမ်းကိုကြောက်စရာကောင်းသည်။ သခင်မလေးရဲ့အခန်းထဲကလူက အရှင်မင်းကြီးမှန်းသိတာတောင်မှ သူက မြားပစ်သမားတွေကို တိတ်တဆိတ်နေရာချဖို့လုပ်ရဲသေးသည်။ ပစ်မှတ်က ဧကရာဇ်ဖြစ်နေတာတောင်မှ စိတ်ထဲထားပုံမရချေ။

မြို့စားမင်းကြီးရဲ့လုပ်ရပ်က ပုန်ကန်မှုအရာမြောက်ပေမဲ့ အရှင်မင်းကြီးက ဒုတိယသခင်မလေးကိုလေးစားတာကြောင့် လျစ်လျူရှုလိုက်ဖို့ရွေးချယ်လိုက်တာ ဖြစ်နိုင်သည်။

မဟုတ်ပါက သူက မြို့စားမင်းဆီက ဒီလိုမရိုမသေဆက်ဆံမှုမျိုးကို လုံးဝ မျက်ကွယ်ပြုပစ်ထားမှာမဟုတ်ချေ။

မြို့စားမင်း၏တုန့်ပြန်မှုကလည်း လွန်ကဲသည်။ အကယ်၍ အရှင်မင်းကြီးက မသင့်လျော်သည့်အပြုအမူလုပ်မိလျှင်တောင် သူက နိုင်ငံကိုအုပ်ချုပ်နေသူဖြစ်သည်။ ဒီလောကမှာ သူဝင်ခွင့်မရှိတဲ့နေရာမျိုးမရှိပေ။

မြို့စားမင်းကြီးက ဒုတိယသခင်မလေးကို အလွန်ချစ်မြတ်နိုးသည်။ သူ့ ဒေါသစိတ်ကအစွန်းဆုံးထိရောက်သွားတာဖြစ်ရမည်။

သူတို့အတူအခန်းထဲမှာရှိနေခဲ့တာနဲ့ပတ်သက်ပြီး လုလျန့်ဝေကို လုဟယ့်ထျန်းက အပြစ်တင်ဆုံးမဖို့မလုပ်ရက်သော်လည်း သူ့စိတ်ထဲမှာ ဘယ်နေရာမှာမှ သွားပေါက်ကွဲလို့မရသည့် ဒေါသအပြည့်ရှိနေသည်။

အဲ့ဒီ လုံယန်ဆိုတဲ့ ဧကရာဇ်က ဘယ်လိုများ သူ့ဂုဏ်ပုဒ်ကိုသုံးပြီး လုပ်ချင်တိုင်းကိုလုပ်နိုင်ရတာလဲ။

မျှတတဲ့အုပ်ချုပ်သူ၊ အပျော်အပါးကင်းတဲ့ရည်မွန်တဲ့ယောက်ျား၊ မလိုလောဘကင်းတဲ့ဖြူစင်တဲ့နှလုံးသားရှိတဲ့သူ စတဲ့ သူ့အကြောင်းတွေက အလိမ်အညာတွေဘဲ။ အဲ့ဒီလုံယန်ဆိုတဲ့ကောင်က ဘာမှမဟုတ်ဘဲဒီအတိုင်း နှာဘူးတစ်ယောက်ဘဲ။

သူ့သမီးဝေဝေက ပြောစမှတ်ပြုရလောက်အောင် လှပပြီး နူးညံ့သိမ်မွေ့သေးသည်။ အဲ့ဒီလုံယန်ဆိုတဲ့နာမည်နဲ့ သောင်းကျန်းတဲ့အကောင်က သေချာပေါက် အခွင့်ကောင်းယူဖို့ အမိအရဖမ်းလိုက်တာနေမှာ။

လုဟယ့်ထျန်း တွေးလေလေ ဒေါသထွက်လေလေဖြစ်သည်။

သူ့လူတွေကို နေထွက်ဆောင်တစ်လျှောက်စောင့်ကြည့်ထားဖို့ အမိန့်ပေးရန် ဆုံးဖြတ်ထားသည်။ လုံယန်ထပ်ပြီးလာရဲပါက အရိုအသေမဲ့မိတဲ့အတွက် အပြစ်တင်ရုံသပ်သပ်သာလုပ်မည်မဟုတ်တော့ပါ။

လုလျန့်ဝေ သူ(မ)အဖေအတွက် ကူတင်းလက်ဖက်ရည်ဖျော်လာပေးသည်။

“ အဖေ၊ ဒီကူတင်းလက်ဖက်ရည်က ခန္ဓာကိုယ်အပူလျော့စေဖို့ အထောက်အကူဖြစ်ပါတယ်။ သောက်လိုက်ပါ “

လုဟယ့်ထျန်း သူ့ရဲ့လိမ္မာပြီး သိတတ်တဲ့သမီးလေးကိုကြည့်ရင်း ဒေါသကိုမြိုသိပ်ထားလိုက်သည်။ ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်သည်။

လုဟယ့်ထျန်း သူ့သမီးကိုကြည့်လိုက်သည်။ တစ်ခုခုပြောချင်နေပုံရပေမဲ့ ပြောဖို့ဝန်လေးနေသည်။

“ အဖေ၊ အရှင်မင်းကြီးက မုန့်ယူလာပေးရုံတင်ပါ။ သမီးအတွက်ပူစရာမရှိပါဘူး “

လုဟယ့်ထျန်း မေးဖို့ နှုတ်ပြင်လိုက်သည်။ သူလာတုန်းက ဘာလို့ အိပ်နေတယ်ဆိုပြီး လိမ်ပြောတာလဲဆိုတာကို မေးချင်ခဲ့သည်။ လုံယန်က သူမနဲ့အတူအိပ်ရာပေါ်မှာရှိနေခဲ့တာလား။

ဒါပေမဲ့ ဒီအကြောင်းအရာမျိုးက သူ ဘယ်တော့မှမမေးသင့်တာမျိုးဖြစ်သည်။

သူတို့အနေနဲ့ သားအဖဆက်ဆံရေး ဘယ်လောက်ဘဲနီးကပ်နေပါစေ၊ အဖေတစ်ယောက်အနေနဲ့ သမီးဖြစ်သူကို ထုတ်မေးဖို့မသင့်တော်သောမေးခွန်းများရှိလေသည်။

အဲ့ဒီအကြောင်းတွေးမိတဲ့အခါ လုဟယ့်ထျန်းမျက်နှာ သုန်မှုန်လာသည်။ ဒါက သူ့ကို အတော်လေးစိတ်အနှောင့်အယှက်ပေးပေမဲ့ သူ့သမီးအပေါ်စိတ်ဆိုးမိမယ့်အဖြစ်ကိုလည်း လက်မခံနိုင်ပေ။

အဲ့ဒါအပြင် မေးလိုက်တော့ရော ဝေဝေ့အတွက် ဘာကောင်းမှာမလို့လဲ။

လုံယန်က ဧကရာဇ်ဖြစ်သည်။ သူက ဝေဝေ့ကိုလာရှာတာဆိုရင် သူ(မ)က သူ့ကို နှင်ထုတ်ဖို့ တတ်နိုင်ပါ့မလား။

အဲ့တာကြောင့်ဘဲ အဆုံးမှာတော့ အားလုံးဟာ လုံယန်ရဲ့အပြစ်သာဖြစ်သည်။

သူက မြင့်မြတ်တဲ့ဧကရာဇ်တစ်ပါးအဖြစ်နေသင့်ပေမဲ့ သူက ရှက်စရာကောင်းလွန်းတဲ့လုပ်ရပ်ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့သီးသန့်အခန်းထဲကိုဝင်သည့်လုပ်ရပ်ကို လုပ်ခဲ့သည်။

လုဟယ့်ထျန်းသည် လုံယန်ကို စိတ်ထဲကနေသာ ပယ်ပယ်နှယ်နှယ်ဆဲဆိုနေပေမဲ့ သူ့ဒေါသကို ပေါက်ကွဲမထွက်နိုင်ပေ။

အဲ့ဒီလုံယန်ဆိုတဲ့ဧကရာဇ်အကောင်ကိုကြည့်ရတာ ဒီနေရာတစ်ဝိုက်ကို ကောင်းကောင်းသိပုံပေါ်သည်။ သူ ဒီလိုတစ်ခါမကလုပ်ဖူးတာဖြစ်ရမည်။

ထိုအတွေးနဲ့အတူ လုဟယ့်ထျန်းမျက်နှာ ပိုမည်းလာသည်။ အခုချက်ချင်းဘဲ နန်းတော်ထဲကို အပြေးဝင်ပြီး သူ့ကို ခုတ်ပြစ်ချင်သည်။

သူ့မျက်နှာပေါ်ကအမူအရာတို့ဟာ ခန့်မှန်းမရဘဲ တစ်မျိုးပြီးတစ်မျိုးပြောင်းနေသည်။ ဝေဝေမျက်နှာပေါ်က စိုးရိမ်နေသည့်အကြည့်ကို မြင်တဲ့အခါ သူ့စိတ်ထဲမှာဘဲ တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ သူ မတ်တပ်ထရပ်လိုက်ပြီး

လုလျန့်ဝေလည်း ချက်ချင်းထရပ်ပြီး နှုတ်ဆက်လေသည်။

လုဟယ့်ထျန်း သူ့ရဲ့လိမ္မာသိတတ်တဲ့သမီးကိုကြည့်လိုက်သည်။ သူ ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ၊ အခု သူ့အမျက်တို့က ဖြည်းဖြည်းချင်းမှေးမှိန်လာပြီဖြစ်သည်။ သူ(မ)ကို နွေးထွေးစွာကြည့်လိုက်ပြီး

“ မလိုပါဘူး။ အပြင်မှာပူတယ်။ သမီးက အခန်းထဲမှာဘဲ သက်တောင့်သက်သာနေပါ “

All Chapters