← Chapters

အခန်း (၄၃၇-၄၃၉)

Vol. 9 Ch. 437-439

အခန်း (၄၃၇-၄၃၉)

Vol. 9 Ch. 437-439

အပိုင်း (၄၃၇)

သူ(မ)ကိုယ်တိုင်တောင် သူ(မ)ဟာ ဘယ်လောက်မသန့်ရှင်းတော့မှန်း ခံစားနိုင်သည်။

လုဟယ့်ထျန်း အခန်းထဲကထွက်သွားသည်။ အထဲမှာရပ်နေတဲ့ မိန်းကလေးငယ်ကိုကြည့်ဖို့ လှည့်လိုက်သည်။ သူ့ရဲ့အကြည့်နက်တို့အောက်မှာ ရှုပ်ထွေးတဲ့အကြည့်တစ်ခုဖြတ်ပြေးသွားသည်။

ဝေဝေကို နန်းတော်ကသူနဲ့လက်ထပ်ဖို့ခွင့်ပြုလိုက်တာကိုသိရင် လီဟွားစိတ်ဆိုးနေလောက်မလား။

သူ့မျက်နှာမှာ ဝမ်းနည်းရိပ်ပေါ်လာပြီး တိတ်ဆိတ်စွာ သက်ပြင်းချလျက် အဝေးသို့ဆက်လျှောက်သွားသည်။

သူ(မ)အဖေ ခြံထဲက ထွက်သွားတာကိုမြင်မှ လုလျန့်ဝေရဲ့အသက်ရှူသံတို့ ပုံမှန်ပြန်ဖြစ်လာသည်။ အဲ့ဒီနောက် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။

စားပွဲပေါ်က မုန့်ခြင်းတောင်းကိုမြင်တဲ့အခါမှ သူ(မ)အဖေ ထွက်သွားတာနဲ့ ဘာကြောင့် လေးသမားတွေကို လျှို့ဝှက်စွာစီစဉ်နေရာချထားလဲဆိုတာ ရုတ်တရက်နားလည်သွားတော့သည်။ မုန့်ခြင်းက သူတို့ကို သစ္စာဖောက်သွားတာကြောင့်ဖြစ်သည်။

သူ(မ)လိမ်နေတာကို သူ(မ)အဖေက သိနေတာတောင်မှ အိပ်နေတယ်လို့လိမ်လိုက်ရသည့်အဖြစ်ကိုတွေးကာ အနည်းငယ် အရှက်ရမိသည်။

ချူကျူအခန်းထဲဝင်လာသည့်အခါ သူ(မ)က စားပွဲခုံကို မှီလှဲနေသည်။

ထိုအကြောင်းကြားသံကိုကြားမှ ရှဝူမြို့နဲ့ပတ်သက်တဲ့အရေးကို လုလျန့်ဝေသတိရလာကာ ချက်ချင်းမတ်မတ်ထိုင်လိုက်သည်။

“ အခုတော့ အဲ့ကိစ္စကို ခဏဘေးဖယ်ထားလိုက်ကြရအောင်။ အရှင်မင်းကြီးက ဒီကိစ္စကိုစုံစမ်းဖို့ သူ့လူတွေကိုလွှတ်ထားတယ် “

ချူကျူ လန့်သွားရသည်။ တစ်ခုခုကိုတွေးမိပြီး ချက်ချင်းဘဲရှင်းပြသည်။

“ အရှင်မင်းကြီးကိုပြောလိုက်တာ ကျွန်မ မဟုတ်ပါဘူး “

အဲ့ကိစ္စကို လုလျန့်ဝေ စိတ်ထဲမထားတာကြောင့် ချူကျူကို နှစ်သိမ့်ပေးသည်။

“ စိတ်လှုပ်ရှားဖို့မလိုပါဘူး။ ငါသိပါတယ်။ အရှင်မင်းကြီးရဲ့ကိုယ်ရံတော်တွေကလည်း ဒီကိစ္စကိုစုံစမ်းနေကြတယ်။ အဲ့တာကြောင့် နင် စုံစမ်းနေတာကိုလည်းမြင်သွားကြပြီး သူ့ကိုတင်ပြလိုက်ကြတာဖြစ်လိမ့်မယ် “

ချူကျူစိတ်သက်သာရာရသွားသည်။

ချန်ချူးယွီ အခုလေးတင် ယောက်ျားတစ်ယောက်ကို ပြုစုပြီးတာဖြစ်သည်။ ပင်ပန်းကာ ကုတင်ပေါ်သို့ ဗုန်းဗုန်းလဲကျသွားကာ သူ(မ)မျက်လုံးထောင့်တို့မှ မျက်ရည်တစ်စက်စီးကျလာသည်။

ချန်ချူးယွီ သူ(မ)မျက်လုံးတို့ကို ဖွင့်လိုက်သည်။ သူ(မ)အစေခံမလေးရဲ့မျက်နှာက စိုးရိမ်သည့်အကြည့်တို့ကိုမြင်တဲ့အခါ နာနာကျင်ကျင်ဖြင့်ပြုံးပြသည်။

“ မိန်အယ်၊ ငါ ဒီထက်ပိုပြီးတောင့်ခံနိုင်မယ်မထင်တော့ဘူး ...... “

ဒီစကားကိုကြားတဲ့အခါ မိန်အယ် တုန်လှုပ်သွားသည်။ ချန်ချူးယွီရဲ့ဗိုက်ပေါ်ကို လက်ကလေးတင်ပြီး ပြောသည်။

“ သခင်မ အခုထိတောင် တောင့်ခံနိုင်ခဲ့ပြီးပါပြီ။ သူ့အတွက်ဘဲဖြစ်ဖြစ် ဆက်ပြီးတင်းခံထားရပါမယ်။ ကျွန်မတို့ ဒီနေရာကနေ သေချာပေါက်ထွက်ဖို့နည်းလမ်းရှိလာမှာပါ “

ချန်ချူးယွီခေါင်းကိုခါကာ ခါးသက်သက်ရယ်မောလိုက်သည်။

“ ငါတို့အတွက် လွတ်လမ်းမရှိဘူး။ ငါတို့ထွက်သွားနိုင်မှာမဟုတ်ဘူး။ ငါအဲ့လူတွေအများစုကိုသိတယ်။ သူတို့က နန်းတွင်းတရားဆောင်ကအရာရှိတွေရယ် ပြီးတော့ သူတို့ထဲကတစ်ချို့ကတောင် ငါ့ကို မှတ်မိကြတဲ့သူတွေရှိသေးတယ်။ အဲ့တာတောင်မှ သူတို့က ငါ့ကို အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်အဖြစ် စိတ်ထဲမထားကြတဲ့အပြင် သူတို့ဘယ်သူလဲဆိုတာ ငါသိသွားမှာကိုလည်း မမှုကြဘူး။ ငါတို့ထွက်မသွားနိုင်ဘူးဆိုတာကို သူတို့သိနေတာကြောင့် အဲ့လိုရဲတင်းနေနိုင်တာပေါ့ “

“ အဲ့လိုဆိုရင်တောင်မှ ကျွန်မတို့ ဒီလိုလွယ်လွယ်လက်လျှော့လိုက်ဖို့မဖြစ်ပါဘူး။ ကျွန်မတို့အသက်ရှင်နေသေးသရွေ့ သေချာပေါက်ဒီနေရာကနေထွက်သွားနိုင်မှာပါ “

ချန်ချူးယွီ ခေါင်းကိုသာခါသည်။

“ ငါတို့ထွက်သွားနိုင်ရင်တောင်မှ အရေးမပါတော့ဘူး။ ငါ့ရဲ့သိက္ခာတွေက လျော့ကျပြီး ငါက အခုဆို မဖြူစင်တော့ဘူး ...... “

လွန်ခဲ့တဲ့ရက်တွေမှာ ကြုံခဲ့ရတာတွေကိုတွေးမိတဲ့အခါ သူ(မ)ခန္ဓာကိုယ်က ဘယ်လောက်တောင်ညစ်ပတ်သွားမှန်း သူ(မ)ကိုယ်တိုင်တောင်သိသည်။

သူ(မ)ဒီနေရာကထွက်သွားနိုင်ခဲ့ရင်တောင် အရှေ့နန်းတော်ကို ဘယ်တော့မှဝင်ခွင့်ရတော့မည်မဟုတ်ချေ။ သူ(မ)ကို ရွံရှာစက်ဆုပ်ခြင်းသာခံရမည်ဖြစ်သည်။

သူ(မ)ရဲ့ စိတ်ဓာတ်ခိုင်မာမှုတွေက လွန်ခဲ့တဲ့ရက်တွေအတွင်းမှာဘဲ ယိုင်နဲ့လာပြီဖြစ်သည်။

ချန်ချူးယွီစိတ်မချမ်းမမြေ့ဖြစ်နေတာကို မိန်အယ်မြင်ရတဲ့အခါ သူ(မ)လည်း ကြောက်နေပါသော်ငြား သူ(မ)ကြောက်ရွံ့မှုကို ထုတ်မပြောတော့ပေ။ အဲ့အစား သူ(မ)က ခွန်အားပေးသည်။

“ သခင်မလေးက သူ့အတွက်တောင့်ခံထားရပါမယ်။ သခင်မလေး အဆင်ပြေနေသေးသရွေ့ အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝသေချာပေါက်ရမှာပါ “

အကယ်၍ သခင်မလေးကသာ ဆက်ခံသူကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ခဲ့လျှင် သူက သခင်မလေးအတွက် ကောင်းတဲ့အရာတွေသာ သယ်ဆောင်လာပေးမှာဖြစ်သည်။ ဒါက အိမ်ရှေ့စံမင်းသားရဲ့ ပထမဦးဆုံးရင်သွေးဖြစ်တာကြောင့် အပြောင်းအလဲတွေအများကြီးဖြစ်သွားစေနိုင်သည်။

ထိုလူတွေက သူ(မ)ကို ဘယ်လိုဘဲ နှိပ်စက်ပါစေ သူ(မ)အံကိုတင်းတင်းကြိတ်ပြီး တောင့်ခံဖို့ဆုံးဖြတ်ထားခဲ့သည်။ သို့ပေမဲ့ .....

အပိုင်း (၄၃၈)

သူ(မ)တစ်ကိုယ်လုံးတောင့်ခဲသွားသည်။

သူ(မ)ဧည့်ခင်းမှုအတွက် အဆုံးမရှိတဲ့ဧည့်သည်တွေရှိနေပြီး လာသမျှလူတိုင်းကလည်း သူ(မ)ကိုဧည့်ခံခိုင်းဖို့ တောင်းဆိုခံထားရပုံပေါ်သည်။

သူ(မ)ဆီရောက်လာတဲ့ ဧည့်သည်တိုင်းဟာ မကောင်းဆိုးရွားကောင်တွေဖြစ်သည်။ မတူညီတဲ့အရာတွေအများကြီးကိုလုပ်ကြပြီး သူ(မ)ဘယ်လိုမှ ဆက်တောင့်မခံနိုင်တော့ပေ။

“ မိန်အယ်၊ ငါ ဆက်ပြီး တောင့်ခံမထားနိုင်တော့ဘူး .... “

မိန်အယ် စိတ်လှုပ်ရှားလာသည်။

“ ဒီအတိုင်းဘဲ လက်လွှတ်လိုက်ဖို့ ဆန္ဒရှိရဲ့လား။ သခင်မလေးက အိမ်ရှေ့စံမင်းသားရဲ့အနှစ်ခြိုက်ဆုံးကိုယ်လုပ်တော်ပါ။ လုယွင်ရွှမ်းကြောင့်သာမဟုတ်ရင် သခင်မလေး ဒီလိုတွေ ဘယ်တော့မှခံစားရမှာမဟုတ်ပါဘူး “

လုယွင်ရွှမ်းအကြောင်းကြားရတဲ့အခါ အမုန်းတရားနဲ့အာဃာတတို့က တမဟုတ်ချင်း ချန်ချူးယွီရဲ့မျက်လုံးထဲမှာ တဟုန်းဟုန်းတောက်လောင်လာသည်။

မိန်အယ်ပြောတာမှန်သည်။ သူ(မ) ဒီလိုအကျပ်အတည်းထဲရောက်နေတာတွေအားလုံးက လုယွင်ရွှမ်းကြောင့်သာဖြစ်သည်။

ဒေါ်လေးလျုံရဲ့စာကို လက်ခံရရှိလိုက်ပြီး သူ(မ)က လုယွင်ရွှမ်းရဲ့ထောင်ချောက်ထဲကို လျှောက်ဝင်မိသွားခဲ့သည်။

သူ(မ)နဲ့မိန်အယ်က အရှေ့နန်းတော်ကနေထွက်ပြီး ဆေးဆိုင်သွားကာ သူ(မ)ကိုယ်ဝန်ရှိနေတာဟုတ်မဟုတ်သိရဖို့ သွားစစ်ဆေးရန်ကြံရွယ်ထားတာဖြစ်သည်။ ဒါပေမဲ့ ဆေးဆိုင်ကိုမရောက်ခင်မှာဘဲ သူတို့ကို မေ့လဲအောင်အရိုက်ခံလိုက်ရပြီး မြို့တော်ကနေဆွဲထုတ်ခံလာရသည်။

အဲ့ဒီအပြင် ဒီကလူတွေက သူ(မ)ဟာ မြင့်မြတ်တဲ့သူတစ်ယောက်ကိုစော်ကားမိတာကြောင့်လို့သာပြောပြီး နာခံရန်နှင့် မလိုက်နာပါက နာကျင်စေရမယ်လို့ သတိပေးထားကြသည်။

သူ(မ)က ယောက်ျားတွေကိုမြှူစွယ်ရတာကြိုက်တယ်လို့ပြောကြပြီး အခုတော့ သူ(မ)အထင်ခံရသလိုမျိုးဖြစ်နေရသည်။

“ သခင်မလေး၊ ရှင်နေတဲ့ခွေးက သေနေတဲ့ခြင်္သေ့ထက်စာရင် ပိုကောင်းပါတယ်။ အသက်ရှင်နေမှဘဲ ကျွန်မတို့ကို ဒုက္ခပေးတဲ့သူကိုလက်တုန့်ပြန်နိုင်မှာပါ “

ချန်ချူးယွီ သူ(မ)လက်ကိုကိုင်လိုက်သည်။ သူ(မ)တစ်ခုခုပြောဖို့ပြင်နေစဉ်မှာဘဲ တံခါးကို တွန်းဖွင့်ခံလိုက်ရသည်။

“ မင်းက အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်လို့ကြားတယ် “

ထိုလူက ချန်ချူးယွီရဲ့ ခန္ဓာကိုယ်ကို ပြောင်ပြောင်တင်းတင်းဖြင့် အပေါ်အောက် စုန်ဆန်ကြည့်သည်။ သူ့ရဲ့ ရည်ရွယ်ချက်ကိုဖုံးကွယ်ဖို့တောင် မကြိုးစားချေ။

သူ ခုနကမှ ယောက်ျားတစ်ယောက်ကိုဧည့်ခံထားတာဖြစ်ပြီး အခု ဒီမှာနောက်တစ်ယောက်ရောက်နေပြန်သည်။

ပြိုလဲမသွားအောင် သူ(မ)တောင့်ခံဖို့ လက်ချောင်းတွေလက်ဖဝါးထဲထိုးစိုက်တဲ့အထိတင်းတင်းဆုပ်ထားသည်။

သူ(မ)စကားပြောလိုက်ချိန်မှာ အသံကကွဲအက်နေသည်။

“ ကျွန်မက အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ဆိုတာကို ရှင်သိမှတော့ ရှင်ကျွန်မဝေးဝေးမှာနေသင့်တယ်။ အိမ်ရှေ့စံမင်းသားသာ ဒီအကြောင်းတွေကိုသိရင် ရှင်အဆုံးသတ်လှမှာတော့မဟုတ်ဘူး “

ထိုလူက ရှေ့တက်လာပြီး သူနဲ့ ချန်ချူးယွီတို့ကြားရပ်နေတဲ့ မိန်အယ်ကို တွန်းထုတ်လိုက်သည်။ ချန်ချူးယွီမျက်နှာကို ဆွဲကိုင်လိုက်သည်။

“ အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်က တကယ်ကို အပျက်မရုပ်ဘဲ။ အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်အရသာကို မစမ်းဖူးသေးဘူး။ ငါ့အတွက်အဆုံးသတ်မကောင်းရင်တောင် စမ်းကြည့်ရမှာဘဲ .... “

အဲ့လိုနဲ့ သူက ချန်ချူးယွီခန္ဓာကိုယ်ကို ကာထားသည့်စောင်ကိုဆွဲဖယ်လိုက်သည်။

ချန်ချူးယွီမျက်နှာထားတင်းသွားသည်။ သူ(မ)ရုန်းကန်ရင်တောင်မှ ဒီလိုဘဲအဆုံးသတ်မယ်မှန်း သူ(မ)သိသည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူ(မ)ကဒီလိုနေရာမျိုးမှာရောက်နေတဲ့သူဖြစ်နေသည်။

“ ကျွန်မရဲ့သခင် ဘယ်လိုများရှင်ထည့်နိုင်အောင်ခွင့်ပြုပေးရမလဲ။ ဒီကိုယ်လုပ်တော်က ရှင့်ကို ဧည့်ဝတ်ကျေပါရစေ .... “

ထိုလူက ပျော်ရွှင်စွာဖြင့် သူ(မ)လက်မောင်းကို ဆာလောင်စွာဆွဲယူလိုက်သည်။

မိန်အယ် သူ(မ)ရဲ့မျက်ရည်ရွှဲနေတဲ့မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။

ထိုလူက မိန်အယ်ရဲ့နူးညံ့တဲ့အသွင်အပြင်ကိုမြင်တဲ့အခါ သူ(မ)အပေါ်ရုတ်တရက်စိတ်ဝင်စားသွားသည်။ သူ(မ)လက်ကိုဆွဲရင်း ရမက်ဝေနေတဲ့အကြည့်ဖြင့်ကြည့်သည်။

“ မင်းကလည်းလှတာဘဲ ကောင်မလေး။ မင်းတို့နှစ်ယောက်လုံး အတူတူငါ့ကိုပြုစုပြီး ပျော်အောင်လုပ်ပေးမယ်ဆိုရင် မင်းတို့ကို ရက်အနည်းငယ်လောက်အနားပေးဖို့ မင်းတို့ရဲ့ကြီးကြပ်သူဆီ စကားကောင်းပြောပေးမယ် ... “

ထိုစကားကိုကြားတဲ့အခါ မိန်အယ် အနည်းငယ်စိတ်ဝင်စားသွားသည်။ သူ(မ)သာ သခင်မလေး ရက်အနည်းငယ်နားလို့ရအောင် ကူနိုင်ခဲ့မယ်ဆိုရင် .....

သူ့ရဲ့လက်က သူ(မ)ခါးပတ်ကြိုးကိုဖြုတ်ရန် ခါးတစ်ဝိုက်နားရောက်လာသည်။

ချန်ချူးယွီရဲ့မျက်နှာအမူအရာပြောင်းသွားပြီး မိန်အယ်ကို သူ(မ)အနောက်သို့ မြန်မြန်ဆွဲပို့လိုက်သည်။ သူ(မ)က ထိုလူကို မခံပြုံးပြုံးပြီး

“ သခင်ကြီး၊ သူ(မ)က အစေခံတစ်ယောက်သာဖြစ်ပြီး သစ်သားထက်တောင် တုံးပါသေးတယ်။ သင့်ကို ဘယ်လိုပြုစုရမလဲဆိုတာကိုမသိပါဘူး။ ကျွန်မက ရှင့်ကိုပြုစုတာ ပိုမကောင်းဘူးလား “

အဲ့လိုနဲ့ ထိုလူက မိန်အယ်ဝတ်စုံကိုဆောင့်ဆွဲလိုက်သည်။

မိန်အယ်မျက်နှာမှာ ကြောက်ရွံ့တဲ့အမူအရာပေါ်လာပေမဲ့ ထိုလူရဲ့ကတိကြောင့် သူ(မ)က ရဲရဲရပ်နေကာ နောက်မဆုတ်ပေ။

သူ(မ)အသံကတုန်လှုပ်နေပြီး

“ သခင်ကြီး၊ ကျေးဇူးပြုပြီး သင့်ရဲ့ကတိကိုတည်ပါ

အပိုင်း(၄၃၉)

သူ(မ)မျက်နှာမှာ စိတ်ပိုင်းဖြတ်ထားတဲ့အကြည့်ရှိနေခဲ့သည်။

ထိုလူက မိန်အယ်စကားကိုကြားတဲ့အခါ ယုတ်ယုတ်မာမာပြုံးလိုက်သည်။ သူ(မ)ကိုလှမ်းဆွဲလိုက်ပြီး

“ မင်းသာ ငါ့ကိုကောင်းကောင်းပြုစုရင် သေချာပေါက် စကားကောင်းပြောပေးမှာပါ ... “

မိန်အယ်မျက်လုံးကိုမှိတ်လိုက်ပြီး မနှစ်မြို့မှုကို သည်းခံဖို့ကြိုးစားလိုက်သည်။

ချန်ချူးယွီအကြည့်တို့ပြောင်းသွားပြီး မချိတင်ကဲအသံဖြင့်အော်လိုက်သည်။

“ မဖြစ်ဘူး “

သူ(မ)က မသန့်ရှင်းပြီးသားဖြစ်သည်။ မိန်အယ်ကိုပါ သူ(မ)လိုအဖြစ်မျိုးမရောက်စေလိုပေ။

ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အလယ်မှာ သူ(မ)ဘေးကပန်းအိုးကိုဆွဲယူပြီး ထိုလူမထင်မှတ်ထားချိန်မှာဘဲ ခေါင်းကိုရိုက်လိုက်သည်။

ချန်ချူးယွီက မိန်အယ်ကို ထူပေးရင်း မျက်နှာကဖြူလျော့နေသည်။

“ သခင်မလေး၊ ကျွန်မအတွက်နဲ့ ဒီလိုမလုပ်သင့်ပါဘူး ... “

ချန်ချူးယွီ ကြမ်းပြင်ပေါ်ကဝတ်စုံကိုကောက်ယူပြီး မိန်အယ်ကိုအုပ်ပေးလိုက်ကာ သူ(မ)လည်းမြန်မြန်အဝတ်ဝတ်လိုက်သည်။

“ တစ်ယောက်ယောက်ဝင်လာတာနဲ့ အခုအခွင့်အရေးကိုယူပြီး ထွက်ပြေးကြရအောင် “

သူ(မ)မျက်နှာမှာ စိတ်ပိုင်းဖြတ်ထားတဲ့အကြည့်ရှိနေခဲ့သည်။

သေမင်းရဲ့တံခါးဝမှာရပ်နေပြီး သူ(မ)မရုန်းကန်ချင်ပေ။ အဲ့အစား လောင်းကြေးထပ်ပြီး ပြုသမျှနုရမည့်အရုပ်သဖွယ် အလှောင်ခံရမည့်အစား သူ(မ)လွတ်လမ်းအတွက် တိုက်ခိုက်ကြည့်ချင်သည်။

ဒီအလောင်းအစားမှာရှုံးသွားပါက အလွန်ဆုံး သူ(မ)ဘဝကို ဒီမှာဘဲ အရှုံးပေးလိုက်မှာဖြစ်သည်။

မိန်အယ်က စိတ်ရှုပ်ထွေးနေခဲ့ပြီး ချန်ချူးယွီလုပ်ဖို့ပြောသမျှကိုသာ နားထောင်ပြီးလိုက်နာနိုင်ခဲ့သည်။

မကြာခင်မှာဘဲ တံခါးအပြင်ကနေ ခြေသံတို့ကိုကြားလိုက်ရသည်။

အခန်းက အတော်ကြာကြာတိတ်ဆိတ်နေတာကြောင့် အပြင်ကလူက တံခါးကိုတွန်းဖွင့်ပြီး ခေါင်းဝင်ကာ အခြေအနေကိုကြည့်သည်။

သို့ပေမဲ့ သူခေါင်းဝင်လာချိန်မှာဘဲ သူ့ခေါင်းပေါ်ကို လေးလံတဲ့အရာတစ်ခုကကျလာကာ အရိုက်ခံရတာနဲ့အတူ သူ ကြမ်းပြင်ပေါ်လဲကျသွာသည်။

ညအချိန်က တိတ်ဆိတ်နေပေမဲ့ အိမ်တော်တစ်ခုလုံးနှင့်အခန်းတွေဟာ မသင့်တော်တဲ့အသံတွေဖြင့် ပြည့်နှက်နေတာကြောင့် ချန်ချူးယွီအခန်းထဲကဖြစ်သမျှကို မကြားနိုင်တာဖြစ်သည်။

သို့ပေမဲ့ သူတို့ဟာ ဆောင်ကြာမြိုင်ရဲ့လုံခြုံရေးတွေကိုလျှော့တွက်မိခဲ့ကြသည်။

သူတို့ အခန်းအပြင်ကိုရောက်လာချိန်မှာဘဲ အတားခံလိုက်ရသည်။

အစောင့်တွေက သူ(မ)တို့ကို တားနေတာကိုကြည့်ရင်း ချန်ချူးယွီက မိန်အယ်ကို အနောက်ပို့ကာ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

“ မင်းဟာမင်းပြန်မလား၊ ဒါမှမဟုတ် ငါတို့အပြန်လမ်းလိုက်ပြပေးရမလား “

အစောင့်က နှာမှုတ်လိုက်သည်။ သူတို့ဟာ အစောင့်အတွက် သာမညသာဖြစ်နေသည်။

အစောင့်တွေက ဒီလိုကိစ္စတွေကို မကြာခဏကြုံဖူးကြသည်။

ဒီမှာရှိသမျှမိန်းကလေးတွေဟာ လိုလိုလားလားရောက်လာခဲ့ကြသူတွေမဟုတ်ချေ။ သူတို့ ဆန္ဒမပါရင်တောင်မှ အဲ့တာက အရေးမပါပေ။ အဆုံးမှာတော့ သူတို့က သူတို့ရဲ့ဒီလိုဖြစ်ရမယ့်ကံကြမ္မာကို ရင်ဆိုင်ကြရစမြဲဖြစ်သည်။

မကြာခဏဖြစ်တာကိုမြင်ရတဲ့အတွက် အစောင့်တွေက ဒီလိုအခြေအနေကို နေသားကျနေကြသည်။ သူတို့က စိတ်ထဲပင်မရှိကြချေ။

“ သူ(မ)ကိုလွှတ်ပေးလိုက် မဟုတ်ရင် ငါ နင်တို့အရှေ့တင် သေပစ်လိုက်မယ် “

ဒီအဖြစ်အပျက်ကိုလည်း အစောင့်တွေက များများစားစားမတုန့်ပြန်ကြပေ။ အဲ့ဒီအစား သူတို့က တည်တည်ငြိမ်ငြိမ်နဲ့ ချန်ချူးယွီကိုကြည့်ပြီး ခြိမ်းခြောက်သလိုပြောသည်။

“ မင်းရဲ့ နိမ့်ကျတဲ့ဘဝက ဘယ်လောက်များတန်မယ်ထင်လို့လဲ “

“ နင်တို့ရဲ့ အိမ်ရှေ့စံမင်းသမီးက ငါ့ကို ဒီခေါ်လာတာက ငါ့ကို သေတာထက်ဆိုးတဲ့ကံကြမ္မာကို ခံစားစေချင်လို့ဘဲ။ တကယ်လို့ ငါသာ ဒီမှာသေသွားခဲ့မယ်ဆိုရင် သူ(မ)လိုချင်တာရမှာမဟုတ်ဘူး။ အဲ့လိုသာဖြစ်မယ်ဆို နင်တို့ရော အပြစ်လွတ်မယ်ထင်ကြလား “

သူ(မ)ပြောတာကို ကြားရတဲ့အပေါ် အစောင့်တွေရဲ့အမူအရာပြောင်းသွားကြသည်။

ဒီဟာတွေရဲ့ နောက်ကွယ်ကကြိုးကိုင်သူဟာ ဘယ်သူလဲမသိကြပေမဲ့ နန်းတော်အထက်တန်းလွှာကတစ်ယောက်ယောက်ဖြစ်မယ်လို့တော့ ရေးတေးတေးခန့်မှန်းမိထားကြသည်။

ချန်ချူးယွီရဲ့ခြိမ်းခြောက်စကားကို ကြားပြီးချိန်မှာဘဲ သူတို့ခေါင်းထဲမှာ သတိပေးသံပေါ်လာသည်။

သူ(မ)ပြောတာက အမှန်တကယ်ဖြစ်ပြီး သူ(မ)သေသွားခဲ့မည်ဆိုလျှင် မျက်နှာဖုံးနောက်ကွယ်က သူတို့သခင်ကို ရှင်းပြဖို့ ခက်ခဲလိမ့်မည်။

“ သူ(မ)ကို အရင်ဆုံးစောင့်ကြည့်ထားလိုက်။ ငါ ကြီးကြပ်သူကို သွားအကြောင်းကြားပြီး လာဆုံးဖြတ်ခိုင်းလိုက်မယ် “

အစောင့်တစ်ယောက်က ညွှန်ကြားခဲ့ပြီး ထွက်သွားသည်။

ထိုအချိန်မှာဘဲ အရိပ်ပုံသဏ္ဍာန်တွေက တိတ်တဆိတ်ပေါ်ထွက်လာပြီး ချန်ချူးယွီရှေ့မှာရပ်နေတဲ့ အစောင့်တွေရဲ့လည်ပင်းကိုဖြတ်လိုက်သည်။

ချန်ချူးယွီမျက်လုံးတို့ပြူးကျယ်သွားရပေမဲ့ တိတ်တိတ်ကလေးနေခဲ့ပြီး အသံမပြုခဲ့ချေ။ တာဝန်ကျနေတဲ့အစောင့်တွေကို ထိုအရိပ်တွေက အကုန်သတ်လိုက်ပြီးတဲ့အခါမှ ဘာဖြစ်နေလဲဆိုတာကို သူ(မ)နားလည်သွားတော့သည်။

All Chapters