အခန်း (၄၄၀-၄၄၂)
Vol. 9 Ch. 440-442
အပိုင်း (၄၄၀)
အံ့ဩစရာကောင်းလောက်တဲ့ ကိုယ်ခံအား
သူတို့က အစောင့်တွေကို အမြစ်ဖြတ်ပြီးတဲ့နောက် သူ(မ)ကို လျစ်လျူရှုပြီး အမှောင်ရိပ်ထဲသို့ပြန်ဆုတ်သွားကြသည်။
မကြာခင်မှာဘဲ ခုနကအစောင့်က ကြီးကြပ်သူကိုခေါ်လာသည်။
ကြီးကြပ်သူက ချန်ချူးယွီကိုမြင်တဲ့အခါ မထီမဲ့မြင်လုပ်လိုက်ပေမဲ့ သူ ဘာမှမပြောနိုင်ခင်မှာဘဲ သူ့လည်ချောင်းမှာ အေးစက်ပြီး ထက်တဲ့ဓားတစ်လက်က ထောက်ထားတာကို သိလိုက်ရသည်။
ကြီးကြပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
ထိုအချိန်မှာဘဲ အလုံပိတ်ထားတဲ့အဆောင်တံခါးတွေကို အထဲကနေဖွင့်လိုက်သည်။ အပြင်မှာ တလျှပ်လျှပ်တောက်နေတဲ့ မီးထုတ်ပင်လယ်ဝေနေပြီး တပ်သားတစ်စုက ဝင်ချလာကာ လွတ်လမ်းမရှိအောင် အဆောင်ခြံကို ဝိုင်းထားလိုက်သည်။
“ ဘယ်သူလဲ “
ထိုစကားတွေအရ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အရာရှိတွေဟာ ကြောက်ရွံ့စွာ အသံလာရာကို ကြည့်လိုက်ကြသည်။
မီးရောင်အောက်မှာ ထိုလူရဲ့ချောမောတဲ့အသွင်အပြင်က မြင်ကွင်းထဲရောက်လာသည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ ဩဇာအပြည့်ဖြင့် ခံ့ညားထည်ဝါလှပြီး သူကတော့ သူတို့ကို အေးစက်စွာပင်ကြည့်နေခဲ့သည်။
ထိုလူကိုမြင်လိုက်ပြီးတဲ့အခါမှာတော့ လူတိုင်းရဲ့မျက်နှာက အရောင်အသွေးပင်မရှိတော့အောင် ဖြူဆုတ်သွားကြတော့သည်။
အခုအချိန်မှာ သူတို့စိတ်ထဲမှာ သူတို့တော့သွားပြီဆိုသည့် အတွေးတစ်ခုသာရှိကြတော့သည်။
လုံယန်ရဲ့အကြည့်က ဖရိုဖရဲဖြစ်နေသည့် အရာရှိအုပ်စုပေါ်မှ ဖြတ်ပြေးသွားသည်။ သူတို့က အမြဲတစေ ဖြောင့်မတ်မှုနဲ့ သူတော်ကောင်းအကျင့်တရားတို့ကိုပြောကာ အင်မတန်ကို မျှတရိုးသားတဲ့အသွင်ပေါ်နေပေမဲ့ ဒီပိတ်ထားတဲ့တံခါးတွေရဲ့အနောက်မှာတော့ သူတို့က ဒီလိုပုံစံဖြစ်နေကြသည်။
သူ့ရဲ့ဂုဏ်သိက္ခာကြီးမားမှုကြောင့် လူသိများသည့် စာပေရေးရာအမတ်ကြီးတောင် သူတို့ထဲမှာပါနေသည်။
“ ဒီနေ့သာ ငါ့မျက်လုံးနဲ့ဒါတွေကို မမြင်ရဘူးဆိုရင် ခင်ဗျားတို့က ဒီတိုင်းပြည်ရဲ့ထောက်တိုင်တွေလို့ဘဲ တွေးနေမိမှာ “
အဲ့အချိန်မှာဘဲ ကိုယ်ရံတော်တစ်ယောက်က လုံယန်ကို စာရင်းစာအုပ်တစ်ခု ပေးလိုက်သည်။
လုံယန် ယူပြီး ဖွင့်ကြည့်လိုက်သည်။ စာအုပ်ထဲကနာမည်ကိုမြင်တဲ့အခါ သူမျက်မှောင်ကြုတ်သွားသည်။
တိမ်ထူတဲ့နေ့တစ်နေ့ဖြစ်ပြီး နေရောင်ခြည်တစ်စက်မှမရှိပေ။ မကြာခင် မိုးရွာတော့မည့်ပုံပေါ်နေသည်။
လုလျန့်ဝေက မြို့စားမင်းဟောင်းကတော်နဲ့ အသက်ရှည်ခန်းမအပြင်ခြံမှာ ဘတ်တံရိုက်နေသည်။
သူတို့ ကစားပွဲကောင်းနေချိန်မှာဘဲ ကျူးယွီက ရုတ်တရက် အမောတကောပြေးလာသည်။
လုလျန့်ဝေ သူ(မ)ကိုမြင်ပေမဲ့ ဘာမှမတုန့်ပြန်ဘဲ မြို့စားမင်းဟောင်းကတော်ဆီသို့ ကြက်တောင်ကို ဆက်ရိုက်နေသည်။
သူ(မ)အကြာကြီးအော်ခေါ်နေပေမဲ့ လျစ်လျူရှုနေတဲ့ သခင်မလေးကိုမြင်တဲ့အခါ ကျူးယွီမထိန်းနိုင်ဘဲ ပိုစိတ်လှုပ်ရှားလာသည်။ အရှေ့ကိုတိုးလာပြီး တိုးတိုးလေးပြောလိုက်တော့သည်။
“ သခင်မလေး၊ ချန်မြို့စားမင်းအိမ်တော်က ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ပြီး ဘဏ္ဍာတော်အဖြစ် သိမ်းယူခံလိုက်ရပါပြီ။ အိမ်တော်မှာ လူတစ်ရာနီးပါးလောက်ရှိပြီး သူတို့အားလုံးကိုလည်း အကျဉ်းချထားတဲ့အပြင် မကြာခင်ခေါင်းဖြတ်တော့မှာပါတဲ့ “
ထိုအရာကိုကြားတဲ့အခါ လုလျန့်ဝေ ထိတ်လန့်ပြီး လှုပ်နေရာကရပ်လိုက်သည်။
ဘာလို့ ချန်မိသားစုမြို့စားမင်းအိမ်တော်က စည်းစိမ်တွေချိတ်ပိတ်ပြီး အသိမ်းခံရတာလဲ။ မိသားစုဝင်တွေကရော ဘာလို့ ရုတ်တရက်ကြီး အကျဉ်းချခံရတာလဲ။
“ ဟားဟား၊ သုံးမှတ် လေးမှတ်ကွ။ ဝေဝေ သမီးနောက်တစ်မှတ်ရှုံးပြီ “
သူ(မ)အာရုံပြန်ရလာတဲ့အခါ လုလျန့်ဝေ နည်းနည်းစိတ်ပျက်သွားရသည်။
မြို့စားမင်းဟောင်းကတော်က တပြုံးပြုံးဖြင့် ဘတ်တံကို လက်ကဆွဲကာ လမ်းလျှောက်လာပြီး သူ(မ)ကို ဘတ်တံထိပ်နဲ့ ထိလိုက်သည်။
“ မတရားဘူးဆိုတာ ဘာပြောတာတုန်း။ သမီးကဘဲ ကစားနေတုန်း အာရုံမစိုက်တာလေ။ ပြီးတော့ ရှုံးတာနဲ့ သူများကို အပြစ်တင်နေတော့တာဘဲလား။ မင်းလို လုပ်တဲ့သူရော ရှိသေးရဲ့လား “
လုလျန့်ဝေ မလှိမ့်တပတ်လုပ်ကာ အရှုံးကို မချိတင်ကဲဝန်ခံလိုက်သည်။
“ ဟုတ်ပါတယ်၊ အဘွားမှန်တယ်။ သမီးကစားတာမကောင်းတာ။ အဘွားက တက်ကြွလွန်းပြီး မထင်မှတ်ထားလောက်အောင်ကောင်းတဲ့ ကိုယ်ခံအားရှိနေတော့ သမီးကဘဲ အရှက်ရမိပါတယ်။ ဒေါ်လေးလန်ကိုဘဲ အဘွားနဲ့ကစားခိုင်းတာပိုကောင်းဦးမယ် “
မြို့စားမင်းဟောင်းကတော်က ချက်ချင်းဘဲ မာန်တဟုန်ဟုန်ထလာသည်။
“ စကားကိုကြည့်ပြော ကောင်မလေး။ ဘာလို့ ငါက ဒေါ်လေးလန်အလျှော့ပေးတာကို လိုရမှာလဲ။ လာ၊ လန်လေး၊ ပြိုင်ကြရအောင် “
Chapter 441: သူမ တစ်စုံတစ်ခုကို ရိပ်မိလိုက်တယ်
မကြာခင်မှာပဲ မြို့စားကတော်ဟောင်းနဲ့ အန်တီလန် တို့ကြားက ပြိုင်ပွဲစတင်တော့လေသည်။
လုလျန့်ဝေ ဘေး၌သာရပ်ကြည့်ရင်း ခဏနေတော့ နားနေဆောင်ထဲပြန်လာလိုက် သည်။
ကျူးယွီလည်း သူနောက်မှ ချက်ချင်း လိုက်လာ၏။
လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် လုလျန့်ဝေမေးလိုက်သည်။
“ဘာဖြစ်လို့လဲ။”
သူမမြို့စားအိမ်တော်အကြောင်းပြောနေတာ ကို ကျူးယွီသိတာကြောင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။
“ကျွန်မလည်း သိပ်တော့ မသေချာဘူး။ ဒါပေမယ့် လတ်တလောကမှ ဖြစ်သွားတာ။ ကျွန်မ မြို့စားအိမ်တော်ဂိတ်တံခါးကနေတောင် ထွက်ကြည့်လိုက်သေးတယ်။ အမွေခံချန် တရားမ၀င်ဂိုဏ်းတစ်ဂိုဏ်းထောင်ထားတာ ထင်တယ်၊ အစိုးရကိုလာဘ်ထိုးပြီးတော့ အရပ်သားမိန်းကလေးတွေကိုလည်း ပြန်ပေးဆွဲပြီး အတင်းအကျပ်ပြည့်တန်ဆာ လုပ်ခိုင်းတယ်၊ လူကုန်ကူးတာတွေတောင် လုပ်သေးတယ်တဲ့။ ချန်မြို့စားတစ်မိသားစု လုံးပါတဲ့အထိ တော်တော်လေးပြင်းထန်တယ် ပြောတယ်”
“ချန်မြို့စားမိသားစုရဲ့ပိုင်ဆိုင်မှုတွေအကုန် အသိမ်းခံလိုက်ရပြီး အိမ်တော်ထဲကလူတွေ အကုန်လည်းအဖမ်းခံလိုက်ရတယ်တဲ့၊ ကျွန်မကြားတာတော့ ဧကရာဇ်က သူတို့ကို ရှောင်နေဖို့ကြိုသတင်းပေးထားတယ် ပြောတယ်”
ချန်ကျူပင်းက တရားမ၀င်ဂိုဏ်းထောင်ထား တယ်၊ အစိုးရကိုလာဘ်ထိုးတယ်၊ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး ပြည့်တန်ဆာတောင်လုပ်ခိုင်းသေးတယ်။
လုယွင်ရွှမ်းရဲ့အကြံအစည်တွေမှာ ချန်ကျူပင်း ပါတာကို သူမ သိသည်။ သူ့ကိုစွပ်စွဲချက်တွေက မှားနေတာတော့မဟုတ်ပေမယ့်....
လုံယန် ဒီလောက်မြန်မြန်လှုပ်ရှားလိမ့်မယ်လို့ သူမ မထင်ထားချေ။ ဒီလောက်အချိန်တို လေးအတွင်းမှာ သက်သေတွေရှာပြီး ချန်ကျူပင်းကို စီရင်ချက်ချလိုက်နိုင်တာပဲ။
“အိမ်ရှေ့စံမယ်မယ်က ဘာဆိုင်လို့လဲ။ သူနဲ့ဆက်စပ်နေတယ်လို့ တော့ မကြားမိဘူး”
ဒါဆိုရင် ချန်ကျူပင်းကပဲ အပြစ်တွေအကုန်ခံ လိုက်ရပြီး လုယွင်ရွှမ်းကတော့ ကွင်းလုံးကျွတ်လွတ်သွားတယ်ပေါ့။
ထို့နောက် သူမ တစ်စုံတစ်ရာတွေးမိသွားကာ ကျူးယွီအားမေးလိုက်သည်။
ကျူးယွီ စိတ်ရှုပ်ထွေးသွားပေမယ့် ချူကျူကို အမြန်ခေါ်လာလိုက်သည်။
လုလျန့်ဝေ သူမကိုကိစ္စတစ်ချို့ညွှန်ကြားပြီး နောက် ချူကျူပြန်ထွက်လာလေသည်။
လုလျန့်ဝေ နေ၀င်ချိန်ရုံးတော်ကို ပြန်ရောက် တော့ ချူကျူလည်း ပြန်ရောက်လာသည်။
“အိမ်ရှေ့စံမယ်မယ်က ကျွေ့ဟွားဘုရားကျောင်းမှာ မယ်တော်ကြီးကို အဖော်ပြုပေးဖို့ သွားပါတယ်”
“ဟုတ်ကဲ့၊ မယ်တော်ကြီးက ဗုဒ္ဓဘာသာကို လေ့လာနေတာကြောင့် များသောအားဖြင့် နန်းတော်ထဲမှာ မရှိတတ်ပါဘူး။ ကျွေ့ဟွား ဘုရားကျောင်းက တော်၀င်ဘုရားကျောင်းပါ ။ မယ်တော်ဧကရီကြီးက ကျွေ့ဟွား ဘုရားကျောင်းမှာပဲ နှစ်တစ်၀က်လောက် ဘုရားစာရွတ်ဖတ် ဆုတောင်းရင်း အချိန် ကုန်ဆုံးတတ်ပါတယ်”
ဒါပေမယ့် ဒီလူကများသောအားဖြင့် နန်းတော်ထဲမှာမရှိတတ်ဘူးဆိုတော့ သူမရဲ့ တည်ရှိမှုကို သတိမပြုမိတာဖြစ်လောက် တယ်။ အဲ့တာကြောင့် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာ မရှိတာနေမှာ။
“မယ်တော်ကြီးက အိမ်ရှေ့စံ ကျန်း၀မ်ရဲ့မွေးအမေပါ၊ လက်ရှိ အိမ်ရှေ့စံရဲ့အဘွားလည်းဟုတ်တယ်”
လုလျန့်ဝေ အံ့ဩမှုကြောင့် ထိတ်လန့်သွားရ သည်။ အိမ်ရှေ့စံကျန်း၀မ်က လုံချီ၏ဖခင် ဆိုတာ သူမ သိပေမယ့် သူက ငယ်ငယ်ထဲက အားနည်းပြီး မကြာခဏဖျားတတ်တာကာ အသက်နှစ်ဆယ်မပြည့်ခင်မှာ သေသွားခဲ့တာ ဖြစ်သည်။ သို့ပေမဲ့ ယခင်ဧကရာဇ်က ကလေးငယ်လုံချီကို အိမ်ရှေ့စံရာထူး မပေးခဲ့ပဲ သူမသေခင်မှာ လုံယန့်ကို ပလ္လင်ပေါ် ထိုင်စေခဲ့တာဖြစ်သည်။
ထိုခဏအတွင်းမှာပဲ သူမ တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။
မယ်တော်ဧကရီကြီးက လုံယန်ရဲ့မွေးအမေ မဟုတ်ဘူးဆိုတော့ သူ့သားပိုင်ရမယ့် ပလ္လင်မှာ လုံယန်တက်ထိုင်နေတာကို ဘယ်လိုလုပ်သဘောကျမှာလဲ။
လုလျန့်ဝေ မယ်တော်ကြီးကိုမတွေ့ဖူးသော် လည်း သူမကကိုင်တွယ်ရခက်မယ့်လူမျိုး ဆိုတာ သိလိုက်သည်။
အဲ့တာအပြင် ဒီလိုသေရေးရှင်ရေး အခြေအနေမှာ လုယွင်ရွှမ်းကတော့ ကျွေ့ဟွားဘုရားကျောင်းကို ဆင့်ခေါ်ခံလိုက် ရပြီး ချန်ကျူပင်းကတော့ အဖမ်းခံလိုက်ရသည်။
“ကျူ၊ ငါဧကရာဇ်နဲ့တွေ့ချင်တယ်။ နင့်မှာ တွေ့နိုင်မယ့်နည်းလမ်းရှိလား။”
“ကျွန်မမှာ ဧကရာဇ်ရဲ့အမိန့်ပြားရှိတယ်။ အဲ့တာကြောင့်နန်းတော်ထဲကို ကြိုက်သလို ၀င်ထွက်ခွင့်ရှိတယ်။ တကယ်လို့ သခင်မလေး နန်းတော်ထဲ၀င်ချင်ရင် ကျွန်မ ခေါ်သွားပေးလို့ရပါတယ်”
လုလျန့်ဝေခဏလောက်စဉ်းစားလိုက်ပြီး နောက် ခေါင်းယမ်းပြလိုက်သည်။
“ထားလိုက်တော့။ ငါနန်းတော်ထဲမ၀င်ချင်ဘူး … ဒီလိုဆိုရင်ရော။ နင်ကနန်းတော်ထဲကို အတားအဆီးမရှိ၀င်လို့ရတယ်ဆိုတော့ ဧကရာဇ်ကို ဘာတွေဖြစ်နေသလဲဆိုတာ သွားမေးလာပေးပါလား”
Chapter 442: ဧကရာဇ်က ဘာလို့ ဒီလောက်အရေထူရတာလဲ
သူမခေါင်းခြောက်လာရသည်။ ချန်မြို့စား မိသားစုက အလကားသက်သက်ဆွဲထည့် ခံလိုက်ရပြီး အချုပ်ကျနေရတာကို လုယွင်ရွှမ်းကတော့ ဘာလို့အချောင်လွတ် သွားရတာလဲ။
လုလျန့်ဝေမယုံကြည်နိုင်ပေ။
အဲ့တာအပြင် ချန်ကျူပင်းပြဿနာတက်တဲ့ အချိန်ကျမှ မယ်တော်ကြီးက လုယွင်ရွှမ်းကို လှမ်းခေါ်သေးသည်။
သူတို့နှစ်ယောက်ကြား၌ တစ်ခုခုတော့ ရှိရပေမည်။
….
ချူကျူနန်းတော်ထဲ၀င်ကာ လုံယန်နှင့်တွေ့ပြီး သူမလာရသည့်အကြောင်းအရင်းကို ပြောပြ လိုက်သည်။
လုံယန်၏မျက်လုံးထဲ၌စိတ်ကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
“ဝေဝေက ကိုယ်တော့်ကို တွေ့ချင်နေတာလား။”
ချူကျူ ထိုမေးခွန်းကို ဘယ်လိုဖြေရမလဲ မသိပေ။ ဒုတိယသခင်မလေးက ဧကရာဇ်ကို ဘာတွေဖြစ်နေလဲဆိုတာ မေးချင်တာမလား။ သူမ သူ့ကိုတွေ့ဖို့တော့ မလိုပါချေ။
သူမ သိပ်စကားအပြောအဆိုမတတ်ပေမယ့် ဧကရာဇ်ကိုမပြောသင့်သည့် အမှန်တရားအချို့ကိုတော့ သိသေးသည်။ သူ့ကိုအရှက်ရစေမိလျှင် အလွန်ဆိုးရွားပေ လိမ့်မည်။ ထို့ကြောင့် သူမ ပြတ်သားစွာ ဖြေလိုက်၏။
လုံယန်၏နှုတ်ခမ်းထောင့်စွန်းတွေ ထပ်မံ ကော့တက်သွားရပြန်သည်။
“ကိုယ်တော်သိပြီ။ မင်းပြန်ပြီး ဒုတိယ သခင်မလေးကိုပြောလိုက်။ ကိုယ်တော် သူမကို သိပ်မကြာခင်လာတွေ့မယ်လို့”
ဒုတိယသခင်မလေးက ဧကရာဇ်ကို တွေ့ချင်တယ်လို့ မပြောလိုက်ဘူးလေ။
အထင်လွဲမှုက ပိုပိုကြီးလာလေသည်။ သူမရှင်းပြလိုက်လျှင်လည်း ဧကရာဇ်၏ကောင်းမွန် နေသည့်စိတ်အခြေအနေအား ဖျက်ဆီးမိမှာ စိုးသောကြောင့် ဒုတိယသခင်မလေး မှာကြားလိုက်သည်များကို မျိုချကာ တိတ်တဆိတ်ထွက်လာလိုက်တော့သည်။
လုံယန် စုတ်တံကို စားပွဲပေါ်ချလိုက်၏။ သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှုများနှင့် ပြည့်နှက် နေလေသည်။
တော်၀င်စားဖိုဆောင်မှ ပြင်ဆင်ပေးလိုက် သည့် ထမင်းဘူးကိုကိုင်ကာ လုံယန် မြို့စား အိမ်တော်ကို ထွက်ခွာလာလိုက်သည်။
သူထိုလမ်းများကို ရင်းနှီးနေပြီးသားဖြစ်ကာ လုလျန့်ဝေ၏ နေ၀င်ချိန်ခြံ၀န်းကို မျက်စိမှိတ် လျက်ပင် ရှာနိုင်သည်။
သို့သော် သူခေါင်မိုးပေါ် ခြေချလိုက်ချိန်၌ အရိပ်ထဲမှ လှုပ်ရှားမှုများထွက်ပေါ်လာကာ သူ့မျက်နှာထက်၌ လက်နက်မှအေးစက်သည့် အလင်းရောင် ရောင်ပြန်ဟပ်နေလေသည်။
သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားရ၏။ သေချာသတိထားကြည့်လိုက်ကာမှ မြို့စား အိမ်တော်တွင် ယခင်ကထက် အစောင့်တွေ ပိုများနေသည်ကို မြင်လိုက်ရသည်။ သို့သော် သူတို့အားလုံးဟာ နေ၀င်ချိန်ခြံ၀န်းကိုသာ စောင့်ကြပ်နေကြကာ တစ်စက်ကလေးမှပင် လစ်လပ်မှုမရှိစေပေ။
လုံယန်၏မျက်လုံးထဲ၌ အန္တရာယ်အငွေ့ အသက်များဖြင့် ပြည့်နှက်သွားရသည်။
လုဟယ့်ထျန်းက သူ့ထက်ခြေတစ်လှမ်းသာ သွားတာပဲ။
ဒါပေမယ့် ထိုအစောင့်လောက်ကို ရှောင်ရတာ က သူ့အတွက်တော့ မပြောပလောက်ပေ။
သူ လက်ယမ်းပြလိုက်ကာ လုလျန့်ဝေကို ကာကွယ်နေသည့် လျှို့ဝှက်သက်တော်စောင့် တွေကို ထွက်သွားခိုင်းလိုက်သည်။
ဝေဝေရဲ့ခြံ၀န်းထဲကို၀င်ဖို့က သူ့အတွက် မခက်ပေမယ့် သူဒီတိုင်းတိုက်ရိုက် ၀င်သွားလိုက်ရင် သူ့ရဲ့ယောက္ခမလောင်းကြီး ကို အရှက်ရသွားစေလိမ့်မည်။ ယောက္ခမကို ဆန့်ကျင့်တာက ကောင်းတဲ့အရာတစ်ခု မဟုတ်ပေ။
ထိုသည်ကိုမြင်တော့ အောက်ကအစောင့်တွေ မှာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။
ထိုအချိန်မှာပဲ အရိပ်တစ်ခုထွက်ပေါ်လာကာ လုံယန်ရှေ့၌ ရပ်လာ၏။
လုဟယ့်ထျန်း လေးစားစွာ အရိုအသေပေး လိုက်သည်။
ထို့နောက် ထမင်းဘူးထဲမှ လက်ဖက်ရည်အိုး တစ်အိုးနှင့် ခွက်နှစ်ခွက်ထုတ်ကာ
“ထိုင်ပါဦး၊ ဒီလိုလှပတဲ့လရောင်အောက်မှာ တစ်ခွက် နှစ်ခွက်လောက်မသောက်ရင် ရှက်စရာ မကောင်းဘူးလား။”
လုဟယ့်ထျန်း မျက်မှောင်ကြုတ်လိုက်ပေ မယ့် ဧကရာဇ်က ထိုင်နေပြီဆိုမှတော့ သူတစ်ယောက်ထဲ မတ်တပ်ရပ်နေလျှင် မကောင်းတာကြောင့် ထိုင်ချလိုက်ရသည်။
လုံယန် ကွေ့ဟွားလက်ဖက်ရည်နှစ်ခွက် လောင်းထည့်လိုက်ကာ တစ်ခွက်ကို လုဟယ့်ထျန်းကိုပေးပြီး နောက်တစ်ခွက်ကို သူသောက်လိုက်သည်။
သူ့ရှေ့ရှိခွက်ကိုကြည့်ရင်း လုဟယ့်ထျန်း တွန့်ဆုတ်ဆုတ်နှင့်ပင် သောက်လိုက်ရသည်။
သူ့ပါးစပ်ထဲလက်ဖက်ရည်၀င်လာတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဘာလို့ ကွေ့ဟွားလက်ဖက်ရည်လဲ။
“ကိုယ်တော် ဒီလက်ဖက်ရည်ကို ဝေဝေ အတွက်ပြင်လာတာ။ မြို့စားမင်းကတော့ သိပ်မကြိုက်ပုံပဲ။ ဒါပေမယ့် ဝေဝေက ဒါသောက်တာ စိတ်ကိုလန်းဆန်းစေတယ်လို့ ပြောဖူးတယ်။ မြို့စားလဲ တစ်ညလုံး ဝေဝေရဲ့ခြံ၀န်းကို စောင့်ကြပ်ပေးနေရတော့ ပင်ပန်းနေမှာပဲ။ အဲ့တာကြောင့် ကိုယ်တော့် အထင် ဒီပန်းလက်ဖက်ရည်က မြို့စားအတွက်သင့်တော်တာမို့ နည်းနည်း လောက် ထပ်သောက်သင့်တယ်”
လုံယန် တစ်ကျိုက်သောက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
လုဟယ့်ထျန်း လက်ထဲရှိခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
ဧကရာဇ်က သူဒီလက်ဖက်ရည်ကို ဝေဝေ အတွက်ယူလာတာပါဆိုပြီး ဘာလို့ဒီလောက် တောင် အရှက်မရှိပြောနိုင်ရတာလဲ။ အဲ့တာက သူ့လိုဧကရာဇ်တစ်ပါးက မိန်းမပျို လေးတစ်ယောက်ရဲ့အခန်းထဲကို ညကြီး မင်းကြီး ခိုး၀င်တာကို လူတစ်ကာသိစေချင် နေတာလား။
အရင်တစ်ခါက လုဟယ့်ထျန်း သူ့ကို လက်ပူး လက်ကြပ်မိပေမယ့် ဧကရာဇ်ကတော့ သူ့ရဲ့လှည့်ကွက်တွေကို ငြင်းဆန်နေဆဲပင်။
ကံကောင်းလို့ သူဒီနေရာမှာ ကြိုစောင့်နေလို့ ပေါ့။ အခုလည်း တစ်ခါထပ်မိပြန်ပြီ၊ သူ့မှာ အရှက်ဆိုတာမရှိဘူးလား။
လုဟယ့်ထျန်း သူ့ကိုဘေးစောင်းငဲ့ကြည့်လိုက်သည်။ လုံယန်မှာ ကသိကအောက်ဖြစ်ခြင်းမျိုးလုံး၀မရှိပဲ အေးအေးဆေးဆေးသောက်နေသည်ကို မြင်တော့ သူ စိတ်ထဲကနေသာ နှာမှုတ်လိုက်မိ သည်။
အဲ့တာအပြင် သူ့ပါးစပ်ကထွက်လိုက်တိုင်း ဝေဝေက ဝေဝေကိုဆိုတာချည်းပဲ၊ မသိရင် ဝေဝေနဲ့အရမ်းနီးကပ်နေတဲ့ပုံနဲ့။
လုဟယ့်ထျန်း အလွန်တရာကို မကျေနပ်နေ ပါသော်လည်း တစ်ချိန်ထဲမှာပဲ နေမထိ ထိုင်မသာလည်း ဖြစ်နေရသည်။
“ကြင်နာမှုအတွက်ကျေးဇူးပါ အရှင်။ နောက်ကျနေပြီဆိုတော့ ဝေဝေလည်း အိပ်နေ လောက်ပါပြီ။ သူအခု ပန်းလက်ဖက်ရည် ထမသောက်နိုင်လောက်သေးဘူး။ အဲ့တာကြောင့် အရှင်လည်း စောစောပြန်ပြီး အနားယူလိုက်တာ ပိုကောင်းပါမယ်”
လုံယန် သူ့ကိုထွက်သွားဖို့ပြောနေသည့် အရိပ် အယောင်ကို မကြားချင်ဟန်ဆောင်လိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး မတ်တပ် ရပ်ကာ လက်နောက်ပစ်လျက် ကြယ်တွေကို ကြည့်ရင်း
“ဒီနေရာက,လက နန်းတော်ထဲက ထက် အများကြီးပိုလှတာပဲ။ ကိုယ်တော် နည်းနည်းလောက်ထပ်ကြည့်ချင်သေးတယ်။ မြို့စားမင်း ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့။ စောစောပြန်ပြီး အနားယူလိုက်ပါ၊ မဟုတ်ရင် ဝေဝေ စိတ်ပူနေရဦးမယ်”