အခန်း (၄၄၃-၄၄၅)
Vol. 9 Ch. 443-445
Chapter 443: ဧကရာဇ်ရော သူမ အဖေရော လိမ်နေကြတာပဲ
လုဟယ့်ထျန်း အံကြိတ်လိုက်မိသည်။
အဲ့တော့ ဧကရာဇ်က မပြန်ဘူးပေါ့။
“ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျွန်တော်မျိုးနဲ့ အရှင်နဲ့အသက်မှသိပ်မကွာတာ။ ကျွန်တော်တို့အင်ပါယာရဲ့စည်းမျဉ်း တွေအရဆိုရင် နေ့စဉ်နဲ့အမျှ အတောမသတ် နိုင်တဲ့ နိုင်ငံရေးကိစ္စတွေအများကြီးရှိနေမှာ မလား။ ကျွန်တော်မျိုးထက် နည်းနည်း အသက်ငယ်တယ်ဆိုတာနဲ့ပဲ ကိုယ့်အချိန်တွေ ကို အလကားမဖြုန်းတီးပါနဲ့”
လုံယန်၏ချောမောသောမျက်နှာမှာ အနည်းငယ်မဲနက်သွားရသည်။ သို့သော် ဒေါသမထွက်ရမယ့်အစား သက်ပြင်းချလျက်
“မြို့စားမင်းပြောတာလဲ မှန်ပါတယ်။ ကိုယ်တော့်ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်မှ ဝေဝေဘေးမှာ နှစ်အကြာကြီးနေနိုင်မှာလေ။ မြို့စားမင်း ဆိုရင် မြို့စားကတော်ဆုံးသွားထဲက တစ်ယောက်ထဲ အထီးကျန်နေတာမလား။ မြို့စားမင်းကိုကြည့်လိုက်ရုံနဲ့တင် ကိုယ်တော့်နှလုံးသားတွေတောင် နာကျင်ရ တယ်။ ကိုယ်တော် မြို့စားအတွက် လက်ထပ်ပွဲစီစဉ်ပေးရမလား။”
လုဟယ့်ထျန်း သွေးအန်တော့မလိုဖြစ်သွားရ သည်။ ဒီအယုတ်တမာဧကရာဇ်က လက်ထက်ပွဲစီစဉ်ရတာကို စွဲလမ်းနေတာလား။
“အရှင့်ရဲ့စေတနာကိုပဲ ကျေးဇူးတင်ပါတယ်။ နှစ်တွေလည်းကြာပြီဆိုတော့ ကျွန်တော်မျိုး လည်း နေသားကျနေပါပြီ။ ဝေဝေရဲ့အမေ ကျွန်တော့်ဘေးမှာမရှိတော့ပေမယ့် ကျွန်တော့်နှလုံးသားထဲမှာတော့ သူကအမြဲ ရှိနေပါတယ်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်တွေက ဘယ်တော့မှယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး”
လုံယန်သူ့စကားထဲကသွယ်ဝိုက်သော အဓိပ္ပာယ်ကိုနားလည်တာကြောင့် တည်ငြိမ်စွာပြန်ပြောလိုက်သည်။
“ဝေဝေက တကယ်အံ့ဩစရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါ၊ ကိုယ်တော်သူ့ကို သေချာပေါက်လက်မလွှတ်ပါဘူး။ အဲ့တာနဲ့ ပက်သက်ပြီး မြို့စားကြီးစိတ်ချလို့ရပါ တယ်”
လုဟယ့်ထျန်း ဘေး၌ချထားသည့် လက်ဖက်ရည်အိုးကိုယူကာ တစ်ခွက်လောင်း ထည့်လိုက်ရင်း သက်ပြင်းချကာပြောလာ သည်။
“ဝေဝေက သူ့အမေလိုပဲ၊ အဲ့တာကြောင့် အကျင့်စရိုက်ချင်းလည်း သိပ်တူတာ။ သူ့အမေကလည်း အရှက်ရစရာ ကောင်းတဲ့ဘ၀မျိုးမှာနေရတာထက် သေရတာကိုပိုခုံမင်တဲ့လူမျိုး။ သူ သဘောမတူတဲ့ကိစ္စဆိုရင် ဘာကိုမှ သည်းညည်းမခံဘူး၊ သူခေါင်းမာပြီဆိုတာနဲ့ ဘယ်သူမှသူ့စိတ်ကိုပြောင်းအောင် မလုပ်နိုင်ဘူး”
သူ့ပါးစပ်ထဲရှိရနံ့မှလွဲ၍ ခါးသက်သက် အရသာကိုခံစားမိသည်။
လုဟယ့်ထျန်း ဧကရာဇ်ကို အပြစ်ရှာမလို့ ပြောနေတာဆိုပေမယ့် ဝေဝေလည်း သူ့အမေ လိုပဲ အရှက်ရပြီးနေရမှာထက် သိက္ခာရှိရှိ သေသွားနိုင်သည်ကို သူ့ကိုသတိပေးချင်တာ ဖြစ်သည်။
ပန်းလက်ဖက်ရည်ကို အရက်လိုထိုင်သောက် နေသူကိုကြည့်ရင်း လုံယန် သူ့ရဲ့ယောက္ခထီး လောင်းကို ကရုဏာသက်လာရသည်။
လုလျန့်ဝေ ခြံ၀န်းထဲ၌ပေါ်လာကာ ခေါင်မိုး ပေါ်ရှိလူနှစ်ယောက်ကို ပဟေဠိဖြစ်နေဟန် ဖြင့် ကြည့်လာသည်။
ဧကရာဇ် ညဘက်ကျလာမည်ဆိုတာကို ချူကျူသူမကိုပြောပြထားတာကြောင့် သူမ အခန်းထဲမှာထိုင်စောင့်နေသော်လည်း ဘာအရိပ်အယောင်မှမမြင်ရပေ။
ထို့ကြောင့် အပြင်ထွက်လာလိုက်မှ သူမအဖေ နဲ့ ဧကရာဇ်တို့ ခေါင်မိုးပေါ်မှာထိုင်နေသည်ကို မြင်လိုက်ရသည်။
လုံယန် ခြံ၀န်းထဲ၌ ရုတ်တရက်ပေါ်လာသည့် မိန်းကလေးကိုကြည့်ရင်း သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှုအရိပ်အယောင်လေး ဖြတ်ပြေး သွားသည်။ သူမ နောက်ဆုံးတော့ထွက်လာပြီ။
သမီးဖြစ်သူကို ခြံ၀န်းထဲ၌မြင်လိုက်တော့ လုဟယ့်ထျန်း သူ့မျက်နှာကို အမြန်သုတ်လိုက်ပြီး
“ယောက္ခထီးကြီးနဲ့ အတွင်းကျကျစကားတွေ ပြောနေကြတာ”
သူတို့နှစ်ဦးလုံးတစ်ချိန်ထဲပြောလိုက်မိတာကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့် လိုက်မိကာ ချက်ချင်းလုလျန့်ဝေထံ အကြည့် ပြန်လွှဲလိုက်ကြသည်။
သူတို့ပြောတာကိုကြားတော့ လုလျန့်ဝေ ရယ်လိုက်မိသည်။
ဧကရာဇ်က အခြားလူနဲ့အတွင်းကျကျစကား တွေပြောမယ့်လူမျိုးလား။
အဲ့လိုပဲ သူမအဖေကလည်း ခေါင်မိုးပေါ် တက်ပြီး လကြည့်မည့်လူမျိုးမဟုတ်ချေ။
သူတို့နှစ်ဦး အချင်းချင်းချနေကြတာတော့ မဟုတ်ဘူးမလား။
“ခေါင်မိုးပေါ်တက်ပြီး လကြည့်ရင်း စကား ပြောနေကြတယ်ဆိုတော့ နှစ်ယောက်သား ကဗျာဆန်တဲ့အချိန်လေးကို ပိုင်ဆိုင်ထားကြ ပုံပဲ”
လုလျန့်ဝေ သူတို့လိမ်နေတာကို သိပေမယ့် မဖော်ထုတ်လိုက်ပေ။
ခြံ၀န်းထဲရှိမိန်းကလေး တောက်တောက်ပပ ရယ်ပြလိုက်တာကြောင့် လုံယန်၏နှလုံးသား မှာ ပြင်းပြင်းထန်ထန်ခုန်လှုပ်သွားရသည်။ သူခေါင်မိုးပေါ်မှခုန်ဆင်းကာ အကျင့်အလျောက် သူမလက်ကိုဆုပ်ကိုင်ရန် ပြင်လိုက်သည်။
လုဟယ့်ထျန်း သူတို့နှစ်ဦးကိုကြည့်နေရင်း လက်ကိုင်လိုက်သည်ကိုမြင်တော့ အမြန် ခုန်ဆင်းကာ ထိုအတွဲကြား၀င်လျက် နှစ်ယောက်သားကိုခွဲလိုက်သည်။
လုလျန့်ဝေမျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သူမမျက်လုံးထဲ၌ စနောက်လိုဟန်ဖြင့် တောက်ပလာတော့သည်။
လုဟယ့်ထျန်း လုံယန်ကို တစ်ချက်စောင်းကြည့်လိုက်၏။ သူရှိနေတာတောင် သူ့သမီးကို တဏှာထရဲ သေးတယ်။ သေချင်နေပြီနဲ့တူတယ်။
လုံယန်ဟာတော့ သူပြောတာကိုကြားဟန် မရပဲ လုလျန့်ဝေထံ ထမင်းဘူးကမ်းပေးကာ ညင်သာစွာပြောလိုက်သည်။
“ဒါတွေအကုန် စားဖိုဆောင်ကလုပ်ပေးလိုက်တာ။ နွေးနေတုန်းပဲရှိသေးတယ်၊ အမြန်စားလိုက်”
လုံယန်ပြောတာကိုကြားတော့ လုလျန့်ဝေ တံတွေးမျိုချလိုက်မိသည်။ သို့သော သူမ အဖေ၏ပြင်းထန်သည့်အကြည့်ကို အာရုံခံမိ တော့ တုံ့ဆိုင်းသွားရလေသည်။
လက်ခံရမှာလား မခံရဘူးလား။
Chapter 444: လုံယန် မထိန်းချုပ်နိုင်ဘူး
သူမ ထိုအရာကိုလက်ခံလိုက်ရင် သူမအဖေ ဒေါသထွက်လိမ့်မည်။ ဒါပေမယ့် လက်မခံ လိုက်ရင်လည်း…
တော်၀င်စားဖိုဆောင်ကလုပ်တာတွေဆိုတော့ အရမ်းအရသာရှိမှာသေချာတယ်။
သူမ ဆန္ဒနှင့်ဆင်ခြင်တုံတရားကြားတွင် လွန်ဆွဲနေရင်း လုံယန်ပြောတာကိုကြားလိုက်ရ သည်။
“သူတို့ဒီနေ့ ခေါက်ဆွဲထဲကို မင်းကြိုက်တဲ့သခွားသီးနုပ်နုပ်စင်းပြီး ထည့်ပေးလိုက်တာကြောင့် အရင်တစ်ခါ ထက် ပိုစားကောင်းမှာသေချာတယ်။ ပုစွန် ဖက်ထုပ်တွေလည်းပါသေးတယ်။ အခုမှ လတ်လတ်ဆတ်ဆတ်အိုးထဲကထုတ်လာတာ မို့ နွေးနေတုန်းရှိသေးတယ်”
သူ့စကားဆုံးသည်နှင့် လုလျန့်ဝေ ထမင်းဘူး ကို ဆတ်ခနဲဆွဲယူလိုက်ကာ
“ကျေးဇူးပါ အရှင်”
လုဟယ့်ထျန်း၏ နဖူးသွေးကြောတွေ ထောင်ထလာရသည်။
အဲ့တော့လုံယန်က ဒီတစ်လျှောက်လုံး အစားနဲ့ သူ့သမီးကိုမြှူဆွယ်နေခဲ့တာပေါ့။
လုံယန်အား လက်သီးတစ်ချက် ပစ်သွင်းလိုစိတ်ကိုထိန်းကာ အသက်ပြင်းပြင်းရှူရင်း လုလျန့်ဝေအား ပြောလိုက်သည်။
“ဝေဝေ ညဘက်နောက်ကျ မှ အစာစားတာမကောင်းဘူး။ မနက်ဖြန်မှ စား၊ အခုသွားအိပ်သင့်နေပြီ”
လုလျန့်ဝေ ထမင်းဘူးကိုတင်းတင်းဆုပ်ကိုင် ရင်း ကတိပေးလိုက်သည်။
“အဖေ, ဒီတစ်ကြိမ်ပဲစားခွင့်ပြုပါ၊ နောက်တစ်ခါဆို မစားတော့ဘူး”
ထို့နောက် သူမခြေနှစ်လှမ်းလှမ်း ပြီးချိန်၌ လုံယန်ကိုသတိရသွားကာ ပြန်လှည့် ကြည့်လိုက်သည်။
“အရှင်လည်း စောစောပြန် သင့်တယ်။ ကောင်းသောညပါ”
လုံယန် အစကအနည်းငယ်စိတ်မကောင်းဖြစ် သွားပေမယ့် အခုသူမ သူ့ကိုကောင်းသောည လို့ပြောလာတော့ သူကျေနပ်သွားရသည်။
“ဝေဝေလည်းအိပ်ရာ၀င်သွားပြီဆိုတော့ နယ်စားမင်းလည်း အလုပ်ကြိုးစားနေစရာ မလိုတော့ဘူးပေါ့။ ကျန်းမာရေးက ပိုအရေးကြီးတယ်လေ စောစောအနားယူသင့် တယ်”
လုဟယ့်ထျန်းမှာ ဝေဝေ လုံယန့်ကို ကောင်းသောညဟုပြောသွားတာကိုသာ ကြားယောင်နေဆဲဖြစ်သည်။ ထိုအချိန်တွင် ဧကရာဇ်၏စကားကိုကြားတော့ သူ့အသံမှာ ရေခဲတမျှအေးစက်သွားကာ
“အရှင်လည်း တူတူပါပဲ။ ကျွန်တော်တို့အသက်က မငယ်တော့ဘူးလေ၊ အဲ့တာကြောင့် စောစော အနားယူသင့်တယ်။ အပြန်ခရီးဖြောင့်ဖြူး ပါစေ အရှင်”
သူ့ရှေ့ကလူက သူ့ယောက္ခထီးသာဟုတ်မနေ လျှင် ဒီအခြေအနေကိုထိန်းထားမှာ မဟုတ်ချေ။ အနည်းဆုံးတော့ ထိုလူကို အဝေးကြီးကို ရာထူးချပစ်လိုက်မှာပင်။
သို့သော် သူဘယ်လောက်ပဲလက်တုံ့ပြန်ချင် နေပါစေ သူသည်းခံရမည်ပင်။ သူ့ရှေ့ကလူက မကြာခင်ယောက္ခထီးဖြစ်လာ မယ့်သူဆိုတော့ သူ့ဆီမှာ မကောင်းမြင်ခံလို့ မဖြစ်ချေ။
ထို့နောက် တစ်ချက်မှ လှည့်မကြည့်တော့ပဲ ခေါင်မိုးပေါ်ခုန်တက် ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားတော့သည်။
လုဟယ့်ထျန်းကတော့ ဧကရာဇ်ကို သမက်တော်ရတာ ပျော်မနေပါ။ သူ့မှာ ထိုလူကိုဆူချင်လျှင်တောင် စကားအပြော အဆိုဂရုစိုက်နေရသည်။
အဲ့တာအပြင်ကို သူ့သမက်လောင်းက ခန့်မှန်း ရခက်တဲ့အပြင် ရက်စက်တတ်သေးသည်။ သူ ထိုသူကိုစိတ်အနှောင့်အယှက်ဖြစ်စေလို့ မရပေ။
အခန်းထဲ၌ လုလျန့်ဝေ ညလယ်စာ စားပြီး နောက် ဆေးကြောကာအိပ်ရန်ပြင်လိုက် သည်။
သူမအိပ်ရာ၀င်ခါနီးမှာ လုံယန်အား ဘာမှမမေးလိုက်ရသည်ကို သတိရသွား သည်။
လေထဲ၌ အမွှေးတိုင်ရနံ့များပျံ့လွင့်နေကာ သစ်သားခေါက်သံ တဒေါက်ဒေါက်ဟာလဲ စည်းချက်ညီစွာကြားနေရသည်။
လုယွင်ရွှမ်း ထိုနေရာ၌ထိုင်နေရသည်မှာ နှစ်နာရီကျော်ပြီဖြစ်သော်လည်း သူမ မထရဲသေးပေ။
(T/N - အဲ့တာကလေ တရုတ်ဘုန်းကြီးတွေ ဘုရားစာရွတ်ရင်း တတောက်တောက် ခေါက်တဲ့ဟာလေးပါ မြန်မာလို ဘယ်လိုခေါ်လဲမသိလို့)
လုယွင်ရွှမ်းမှာတော့ မုယွီသံကြားလေလေ ပိုဒေါသထွက်လေလေပင်။
သူမအရှေ့ဘက်နန်းဆောင်မှာ အေးအေးဆေးဆေးနေနေတာကို ဒီမှာ ဘာလာလုပ်နေရတာလဲ။
အဲ့ဒုက္ခပေးတဲ့ကိုယ်လုပ်တော်တွေ သူမ မရှိတော့ လုံချီအနားမှာပြုံတိုးနေလောက်ပြီ။
အတွေးနဲ့တင်သူမ၀မ်းနည်းသွားရသည်။
ဒါပေမယ့် မယ်တော်ဧကရီကြီးရဲ့အမိန့် ဆိုတော့ သူမ မလိုက်နာပဲမနေရဲချေ။
Chapter 445: ဧကရာဇ် သူမကို ဆင့်ခေါ်လိမ့်မယ်
သို့သော် သူမ မယ်တော်ကြီး၏ရည်ရွယ်ချက် ကို နားမလည်ပေ။
နန်းတော်ထဲမှာလည်း မယ်တော်ကြီးက အချိန်အများစုမှာ ဘုရားစာတွေပဲ ရွတ်ဖတ်နေတတ်တာဖြစ်ပြီး ရုံးတော်ကကိစ္စ တွေကို စိတ်မ၀င်စားပေမယ့် တကယ်တော့ အပြင်ပန်းနဲ့ကွာခြားစွာ ရုံးတော်ကကိစ္စတွေ အကုန်လုံးကိုသိနေတယ်ဆိုတာကို လုယွင်ရွှမ်းရိပ်မိသည်။
အချိန်အတော်ကြာပြီးနောက် မယ်တော်ဧကရီကြီးနောက်ဆုံးတွင် ဘုရားစာ ရွတ်ဖတ်နေတာပြီးသွားသည်။ ထို့နောက် အနီးကပ်အစေခံ၏အကူအညီဖြင့် ထရပ်လိုက်ကာ သူမ၏သေချာထိန်းသိမ်း ထားသည့်မျက်နှာထက်၌ ကြင်နာသည့်အပြုံး တစ်ပွင့် ပေါ်ပေါက်လာသည်။
“စောင့်ခိုင်းမိလို့တောင်းပန်ပါတယ် အိမ်ရှေ့စံမင်းသမီး”
လုယွင်ရွှမ်း အမြန်ထကာ ဒူးတစ်ဖက်ညွှတ် လျက်အရိုအသေပေးလိုက်ရင်း
“အဘွားတော်ကိုစောင့်ရတာက ဖြစ်သင့်တဲ့ အရာပါပဲ။ ဘယ်လောက်ပဲစောင့်ရပါစေ ကိစ္စမရှိပါဘူး”
မယ်တော်ဧကရီကြီး ရှောင်ကျင်း စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်ကာ အမျိုးသမီးချန်၏လက်ကိုဆုပ်ကိုင်ရင်း ကုတင်ထက်၌ထိုင်လိုက်သည်။
မယ်တော်ကြီ ရှောင်ကျင်း အမျိုးသမီးချန် ကမ်းပေးသည့်လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ရင်း ဖြေးညင်းစွာပြော လာသည်။
“ငါမင်းကိုဒီကိုခေါ်ပြီး သိပ်မကြာခင်မှာပဲ ချန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေ အသိမ်းခံလိုက်ရ ပြီး အဖမ်းလည်းခံလိုက်ရတယ်”
သူမပြောသည်ကိုကြားကြားချင်း လုယွင်ရွှမ်း ၏နှလုံးသားနစ်မြုပ်သွားရကာ သူမလက်ထဲရှိလက်ကိုင်ပုဝါကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
“ဒါပေမယ့် မင်းကြောက်စရာမလိုပါဘူး။ အဲ့စာရင်းစာအုပ်ထဲမှာ မင်းနာမည်မပါတော့ သက်သေမရှိပဲနဲ့ သူတို့မင်းကိုဖမ်းလို့မရဘူး။ အဲ့လောက်ကောင်းတဲ့နေရာတစ်ခုက ဒီတိုင်း အဖမ်းခံလိုက်ရတာတော့ နှမြောစရာပဲ။ အရာရှိနည်းနည်းတောင် ပါသွားသေးတယ်။ ကံကောင်းလို့ ပါသွားတဲ့အရာရှိတွေက မင်းနဲ့ အဆက်အသွယ်မရှိတော့ သူတို့ဘာမှ များများစားစားသိမှာမဟုတ်ဘူး။ ဒါပေမယ့် နယ်စားအမွေခံ ချန်ကတော့…”
လုယွင်ရွှမ်း ပျောက်ကွယ်သွားသည့်စိုးရိမ်မှု များမှာ ခဏအတွင်းပြန်လည်ပေါ်လာ၏။ သို့သော် ချန်ကျူပင်း၏ သူမအပေါ်ချစ်မြတ်နိုးမှုကိုသတိရသွားတော့ ယုံကြည်မှုရှိစွာ ပြန်ပြောလိုက်သည်။
“နယ်စားအမွေခံချန်က ကျွန်မကိုဘယ်တော့မှသစ္စာဖောက်မှာ မဟုတ်ပါဘူး”
“ငါလဲအဲ့လိုပဲဖြစ်ဖို့မျှော်လင့်ပါတယ်၊ မဟုတ်ရင် တခြားနေရာကဆောင်ကြာမြိုင် တွေလည်း ရှာဖွေခံရပြီး အရာရှိတွေပါ ပါလာလိမ့်မယ်။ ဒါပေမယ့်အဲ့လိုဆိုရင် တောင် မမျှော်လင့်တဲ့မတော်တဆတွေ ရှိမလာအောင် ကြိုတင်ကာကွယ်တာမျိုး လုပ်ထားသင့်တယ်၊ ချန်နယ်စားမင်းကို အပြစ်လွှဲမချနိုင်အောင်လို့ အဲ့လူတွေကို အဝေးပို့ထားသင့်တယ်၊ ပြီးတော့ အခု လောလောဆယ် အမျိုးသမီးတွေကို ရောင်းနေတဲ့အလုပ်ကို နားထားလိုက်”
သူမပြောတာကိုနားထောင်ရင်း လုယွင်ရွှမ်း တဖြည်းဖြည်းစိတ်ငြိမ်လာရသည်။
အစတုန်းက မယ်တော်ကြီး ဘာလို့သူမကို ကျွေ့ဟွားဘုရားကျောင်းကိုခေါ်ရသလဲ ဆိုတာကို နားမလည်နိုင်ဖြစ်နေခဲ့တာပင်။ ကြည့်ရတာ ရှဝူဆောင်ကြာမြိုင်ကိစ္စကို သူမ သိပြီးဖြစ်လောက်သည်။ ထို့ကြောင့် သူမကို ကျွေ့ဟွားဘုရားကျောင်းကိုဆင့်ခေါ်ပြီး တိတ်တဆိတ်ဆွေးနွေးချင်တာဖြစ်ရမည်။
ဒီနှစ်တွေအတောအတွင်းမှာ လုယွင်ရွှမ်း မယ်တော်ကြီးအတွက် ဆောင်ကြာမြိုင် ဖွင့်တာမျိုး၊ လောင်းကစားရုံဖွင့်တာကဲ့သို့ နောက်ကွယ်မှအလုပ်တွေ အများအပြား လုပ်ပေးခဲ့တာပင်။ ၎င်းမှာ ပိုက်ဆံရှာရုံသာ မဟုတ်ပဲ ရုံးတော်မှအရာရှိတွေကို မယ်တော်ကြီးဘက်ဆွဲခေါ်နိုင်ရန်လည်း ဖြစ်သည်။ လုံချီ၏ရန်သူတွေကိုပင် သူမ တိတ်တဆိတ်လုပ်ကြံခဲ့သေးသည်။
ထိုလူကြီးတွေရဲ့ ထူးခြားတဲ့စိတ်၀င်စားမှုကို ကျေနပ်စေရန်အတွက် မိန်းကလေးငယ်ငယ် ချောချောလေးတွေအပြင် ယောကျာ်းလေး အလှပဂေးလေးတွေကိုပင် လုယွင်ရွှမ်း ရှာပေးခဲ့ရသည်။ သူတို့ကို ဈေးပေါပေါနှင့် ၀ယ်လို့ရလျှင်တော့ သူမ ၀ယ်လိုက်သည်၊ မရလျှင်တော့ ပြန်ပေးဆွဲလိုက်သည်သာ။ သူမလုပ်ရပ်တွေဟာ ထိုအရာရှိတွေအတွက် ဖော်မပြနိုင်သည့်ကျေးဇူးတင်စရာဖြစ်၏။ အကယ်၍ သူမသာဖော်ထုတ်ခံရလျှင် သူမတင်မက သူတို့အကုန်လုံးလည်း ထိခိုက်မှာပင်…
သို့ပေမဲ့ သူမထိုအလုပ်တွေကိုလုပ်ဆောင်ရာ တွင် အမြဲကတ်တစ်ကတ်ဝှက်ထားကာ ချန်ကျူပင်းကိုသာ သူမကိုယ်စားလုပ်ဆောင် စေခဲ့သည်။
ချန်ကျူပင်းသာမကူညီလျှင် သူမတစ်ယောက် တည်း လုပ်နိုင်မှာမဟုတ်ပေ။ နောက်ကွယ်မှ မယ်တော်ကြီး၏အကူအညီကြောင့်လည်း ပါလေသည်။
ကံကောင်းစွာနဲ့ ထိုကိစ္စရပ်များအားလုံးကို ချန်ကျူပင်းနာမည်ဖြင့်သာလုပ်တာဖြစ်ပြီး သူမ အကြိမ်အနည်းငယ်သာ မျက်နှာပြဖူးသည်။
မယ်တော်ကြီးသာ သူမကိုကျွေ့ဟွား ကျောင်းတော်ကို မဆင့်ခေါ်ခဲ့လျှင် ဧကရာဇ် ထံမှ သူမ ဆင့်ခေါ်ခံနေရလောက်ပြီ။