← Chapters

အခန်း (၄၄၆-၄၄၈)

Vol. 9 Ch. 446-448

အခန်း (၄၄၆-၄၄၈)

Vol. 9 Ch. 446-448

Chapter 446: အချိန်ကျရင် ‌နန်းတက်မယ်

ထိုသို့တွေးမိပြီး သူမနှလုံးသားမှာ ပိုလို့ နစ်မြုပ်သွားရသည်။

သူမနောက်တွင် ဧကရီမယ်တော်ကြီးရှိသော် လည်း ဤအခြေအနေမှာ သူမမျှော်လင့်ထား သည်ထက်ပင် ပိုနေသည်။

ဘယ်လိုဖြစ်ပြီး အရှင်က အဲ့ဆောင်ကြာမြိုင်ကို ရှာတွေ့သွားရတာလဲ။

လုယွင်ရွှမ်း ကြောက်ရွံ့နေမိသည်။

သူမထိုကိစ္စတွေကိုပိပိရိရိနဲ့ ဘယ်သူမှ မသိအောင်လုပ်နိုင်နေတယ်လို့ ထင်ခဲ့တာ။ ဘယ်လိုလုပ်ပြီး ဧကရာဇ်က သိသွားရတာလဲ။

“ကျွန်မနားလည်ပါပြီ”

လုယွင်ရွှမ်း တုန်ယင်စွာပြန်ဖြေလိုက်သည်။

ထိုမိန်းကလေးကြောက်ရွံ့နေသည်ကို မြင်တော့ မယ်တော်ကြီးသူမကိုနှစ်သိမ့်ပေး လိုက်သည်။

“ကြောက်စရာဘာမှမရှိပါဘူး။ ဧကရာဇ်သိသွားတော့ရောဘာဖြစ်လဲ။ အဲ့အလုပ်တွေအရမ်းအန္တရာယ်များတယ်လို့ ထင်ရင် ဆက်မလုပ်တော့လည်းဖြစ်တာပဲ။ ဘာပဲဖြစ်ဖြစ် ချီအာလည်း သူ့ရဲ့အိမ်ရှေ့စံ နေရာတည်မြဲနေပြီပဲဟာကို၊ အချိန်ကျလာရင် သူနန်းတက်ရမှာပဲ”

ထိုစီးပွားရေးကိုဆက်မလုပ်တော့တာက သူမတို့ကိုငွေရပေါက်ပိတ်သွားစေပေမယ့် ဒီနှစ်တွေအတော်အတွင်း တော်တော်များများ စုဆောင်းမိပြီးသားဖြစ်သည်။ ချီအာလည်း အိမ်ရှေ့စံဖြစ်နေပြီဆိုတော့ အဲ့ခွေးကောင် လုံယန်သာသေရင် ချီအာလည်း နန်းတက်ရပြီး သူမလည်း ဘုရင့်မယ်တော်ဖြစ်လာပြီး တောက်ပတဲ့ဘ၀ကိုခံစားရမှာပင်။

ထိုသို့တွေးမိပြီး သူမလေသံမှာ ပိုလို့နူးညံ့လာကာ

“မင်းလည်းဒီလောက် အကြာကြီးအလုပ်ကြိုးစားပြီးပြီပဲ၊ အခု အနားယူဖို့အချိန်ကျပြီ”

မယ်တော်ကြီးဟာ စကားပြောရာတွင် နွေးထွေးသောကြောင့် ချဉ်းကပ်ရလွယ်သည့် ဟန်ပေါ်ပေမယ့် ထိုလူမျက်နှာများကြောင်း လုယွင်ရွှမ်းသိသည်။

“ဟုတ်ကဲ့ပါ”

လုယွင်ရွှမ်း တရိုတသေ ဦးညွှတ်လိုက်သော်လည်း တကယ်တော့ သူမ ထိုလူကိုမော်မကြည့်ရဲပေ။

လုံချီနှင့်လက်ထပ်ပြီးကတည်းက သူမ မယ်တော်ကြီးအတွက် အလုပ်လုပ်ပေးခဲ့ရ တာပင်။

လုံချီ လျောလျောရှူရှူအိမ်ရှေ့စံဖြစ်လာဖို့ အတွက် အစပိုင်းမှာ မယ်တော်ကြီး ရက်စက် တာများကိုပင် ပြုလုပ်ခဲ့သည်။

သူမညစ်ပတ်သည်များကို များစွာပြုလုပ်ခဲ့ပြီး အရာရှိများကို မိန်းမလှ များ တံစိုးလက်ဆောင်များဖြင့် လာဘ်ထိုးခဲ့ လေသည်။ ထို့ကြောင့် သူတို့မှာ ရွေးစရာမရှိပဲ လုံချီကို အိမ်ရှေ့စံတင်မြှောက်ရန် ဧကရာဇ် အား တိုက်တွန်းရတော့သည်။

ထိုအချိန်တုန်းက လုလျန့်ဝေ၏ လုံချီ့အပေါ် အရူးအမူးစွဲလမ်းမှုက နန်းမြို့တော်၌ ပြောစမှတ်တွင်စရာပင်ဖြစ်ခဲ့လေသည်။ အဲ့တာအပြင် လုလျန့်ဝေကို အဖေနဲ့အဘွား ဖြစ်သူက အလွန်အလိုလိုက်ပြီး ပိုးမွေးသလို မွေးထားတာကြောင့် ဘယ်သူမဆို အနာဂတ် မှာ လုံချီထီးနန်းဆက်ခံနိုင်မည်ဆိုတာကို ခန့်မှန်းကြည့်နိုင်လေသည်။

နယ်စားမိသားစုဟာ ရုံးတော်၌ အလွန်ကြီးမားသည့်ဂုဏ်ပုဒ်ရှိပြီး လုလျန့်ဝေ ၏အဖေဟာဆိုလျှင် စစ်တပ်ကိုအမိန့်ပေးနိုင် သည့်အာဏာရှိတာကြောင့် သူ့သမီးရဲ့ သတင်းဟာ တုံ့ဆိုင်းနေသည့်လူများကို တွန်းအားပေးသလိုဖြစ်သွားစေခဲ့သည်။

အစကတော့ ထိုဆောင်ကြာမြိုင်ကို လုံချီ အိမ်ရှေ့စံနေရာသေချာစေရန် တည်ထောင် ခဲ့တာဖြစ်ပြီး ယခုအိမ်ရှေ့စံဖြစ်လာတော့ သူ့တည်ရှိမှုကို ရပ်စဲသင့်ပြီဖြစ်သည်။ ထို့ကြောင့် မယ်တော်ကြီး ဤစကားကို ဤမျှ တည်ငြိမ်သောအမူအရာဖြင့် ပြောဆိုနိုင်တာ ဖြစ်သည်။

ဧကရာဇ် အသက်ရှင်ရဖို့ရက်က သိပ်မကျန် တော့ပေ။ သူမတို့က ဘာစိုးရိမ်စရာရှိနေသေး လို့လဲ။

ထိုသို့တွေးမိပြီး လုယွင်ရွှမ်းလည်း နောက်ဆုံး တွင် သူမရင်ဘတ်ထဲရှိ အစိုင်အခဲကြီးကို လွှတ်ချလိုက်နိုင်သည်။

“မယ်တော်ကြီး စီစဉ်ထားတဲ့အတိုင်း ကျွန်တော်မျိုးမ လိုက်နာပါ့မယ်”

သူမလေသံမှာ ပိုလို့ပင်လေးစားဟန်ပေါ်နေ ၏။

ထိုသို့မြင်ရတော့ ရှောင်ကျင်းမှာ အလွန်တရာ ကျေနပ်သွားရသည်။

လုယွင်ရွှမ်းက တခြားမိန်းကလေးတွေနဲ့ ကွာခြားတာကြောင့် သူမ သူ့ကို မြင်မြင်ချင်း ရွေးချယ်ခဲ့တာဖြစ်သည်။ သူမထံတွင် အခြား မိန်းကလေးတွေထံ၌မရှိသည့် ရက်စက်မှုနှင့် ပြတ်သားမှုရှိသည်။

သူမအဆင့်အတန်းကမမြင့်ဘူးဆိုပေမယ့် နယ်စားကြီး၏သမီးဖြစ်နေပြီး သူမသား ချီအာအတွက် သင့်လျော်သည့်တွဲဖက် တစ်ယောက်ဖြစ်သည်။

“အရင်တစ်ခေါက်က ကိုယ်၀န်ပျက်ကျသွား သေးတယ်ဆို။ ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ရမယ်လေ။ မင်းက အခုထိငယ်သေးတော့ နောက်ထပ် ကိုယ်၀န် ထပ်ရနိုင်ဦးမှာပါ”

မယ်တော်ကြီးသူမလက်ကို ဆုပ်ကိုင်လျက် ညင်သာစွာပြောလိုက်သည်။

လုယွင်ရွှမ်း၏နှလုံးတစ်ချက်ခုန်သွားရသည်။

“စိတ်ပူပေးတာကျေးဇူးတင်ပါတယ် အဘွားတော်”

“အရှေ့ဘက်နန်းဆောင်က အဲ့မိန်းမလှတွေ ကောင်းကောင်းမွန်မွန်ပြုမူကြရဲ့လား”

လုယွင်ရွှမ်း ခေါင်းညိတ်ပြကာ

“သူတို့တွေက ချင့်ချိန်တတ်ပြီး အပြုအမူလည်းကောင်းကြ ပါတယ်”

Chapter 447: သူမက အဲ့လောက် တောင်အစားကြီးတယ်လား။

မယ်တော်ကြီးရှောင်ကျင်း အပြုံးတစ်ပွင့်ဖြင့် ပြောလာ၏။

“သူတို့အကုန်လုံးက ကိုယ်လုပ်တော်တွေပဲ၊ သူတို့ကို စိုးရိမ်မနေနဲ့၊ သူတို့ရဲ့အလုပ်က တော်၀င်မိသားစုအတွက် အမွေဆက်ခံသူကို အပိုမွေးထုတ်ပေးဖို့ပဲ။ မင်းက အိမ်ရှေ့စံမင်းသမီး၊ အဲ့တာကြောင့် အခြားသူတွေအပေါ်ကို သည်းညည်းခံရမယ်၊ ဟိုတစ်နေ့က ချီအာ မင်းဆီမှာလာနေသွား သေးတယ်ဆို။ ချီအာ့ကို တခြားကိုယ်လုပ်တော်တွေဆီကိုလည်းသွားဖို့ ဖျောင်းဖျသင့်တယ်။ တစ်ခါတစ်လေ တခြား သူတွေကိုလည်း အခွင့်အရေးပေးရတယ် မဟုတ်ရင် မင်းကိုသ၀န်တိုတတ်တဲ့သူလို့ ထင်သွားလိမ့်မယ်”

“ဒီမြေးချွေးမက မယ်တော်ကြီးပြောစကားကို နာခံပါ့မယ်”

သူမနှလုံးသားထဲတွင်တော့‌ လှောင်ရယ်နေမိ သည်။

‘လုံချီက သူမပြောဖို့တောင်လိုလို့လား။ သူမသာ တစ်ခုခုမလုပ်ရင် သူက အရှေ့ဘက်နန်းဆောင်က အလှလေးတွေနဲ့ တစ်ယောက်တစ်ညလိုက်အိပ်နေမှာ၊ သူမအပေါ်ပဲ အမြဲချစ်မြတ်နိုးနေလိမ့်မယ်လို့ ဘယ်လိုတောင် ထင်ခဲ့မိတာပါလိမ့်။’

အမှန်တော့ မင်းတစ်‌စုံတစ်ယောက်ဆီက ပစ္စည်းတစ်ခုကို ခိုးယူထားမိရင် အဲ့ပစ္စည်း ပြန်ခိုးခံရမှာကို စိုးရိမ်ပူပန်နေရတတ်သည်။

လုယွင်ရွှမ်း နှလုံးသားထဲ၌ အမုန်းတရားများ ဖြင့်ပြည့်နှက်နေသော်လည်း သူမလုပ်နိုင်တာ ဘာမှမရှိပေ။

အနည်း‌ဆုံးတော့ လုံချီက အိမ်ရှေ့စံဖြစ်နေ သေးသည်။ ရှန်ပြည်ထောင်က သိပ်မကြာခင် သူ့လက်ထဲရောက်လာတော့မှာဖြစ်ပြီး သူမ ပုံရိပ်လည်းမြင့်တက်လာလိမ့်မည်။

ထို့ကြောင့်ပဲ သူမနေရာပိုခိုင်မာစေရန် ကလေးရဖို့ အလျင်လိုနေတာဖြစ်သည်။

ထိုကိုယ်လုပ်တော်တွေကို သူမထက်အရင် အရှင့်သားအတွက်အမွေဆက်ခံသူ မွေးမပေး စေလိုပါ။

“အရမ်းသတိထားမနေပါနဲ့၊ ငါကမင်းကောင်း ဖို့အတွက် လုပ်ပေးတာ”

“နားလည်တာကောင်းတယ်၊ စောစောအနားယူလိုက်၊ မနက်ဖြန်မနက်ကျ ရင် အကုန်လုံးနေသားတကျဖြစ်အောင် လုပ်ရမယ်၊ ဘာသဲလွန်စမှမကျန်စေနဲ့”

မယ်တော်ကြီး သူမအတွက်ပြင်ပေးထား သည့် ဘုရားကျောင်းရှိအခန်းကိုရောက်တော့ သူမမျက်နှာထက်ရှိအမူအရာမှာ ချက်ချင်း နက်မှောင်သွားရသည်။

သောက်အဘွားကြီး, ငါကောင်းဖို့အတွက်ပဲ ဖြစ်ရဦးမယ်၊ တကယ်ကငါ့ကို ထိန်းချုပ်ချင် နေတာမလား။

အခုတော့ သူမ လုံချီ့အပေါ်ဆွဲဆောင်နိုင်မှု ကိုသာ မူတည်နေသည်။

လုယွင်ရွှမ်း အလွန်အမင်းကိုဒေါသထွက်နေ ပေမယ့် သူမကစေ့စပ်သေချာတာကြောင့် သူမဒေါသအထွက် ထွက်ပေါက်မရှာရဲပေ။

လုယွင်ရွှမ်းဆိုတာ အဲ့လောက်လွယ်တဲ့သူ တစ်ယောက်မဟုတ်ဘူးဆိုတဲ့အကြောင်းကို ထိုအဘွားကြီးသိစေရမယ်။

နောက်တစ်နေ့တွင် လုလျန့်ဝေ ချူကျူနှင့် ကျူးယွီကို အပြင်ခေါ်လာလိုက်သည်။

ယို့ယို့ အဆင်ပြေတဲ့စတိုခန်းတစ်ခုကို တွေ့ထားတယ်လို့ဆိုလာတာကြောင့် သူမတို့ သွားကြည့်ကြမလို့ဖြစ်သည်။

သို့သော် သူမတို့သုံးယောက် အိမ်မှထွက်လာ ပြီး သိပ်မကြာခင်မှာ ကျောက်ချန် ရထားလုံး မောင်းလာသည်ကို မြင်လိုက်ရသည်။

သူဟာ သာမန်အ၀တ်အစားကိုသာ ၀တ်ဆင် ထားပြီး သူ၏၀ဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးဖြင့် ရထားလုံးကိုကပ်စီးနေသည်မှာ ရယ်စရာ ကောင်းလှသည်။

ကျောက်ချန်လည်း အဝေးမှ လုလျန့်ဝေကို လှမ်းမြင်သောကြောင့် နှုတ်ဆက်လာလေ သည်။

ထို့နောက် ရထားလုံးကိုရပ်လိုက်ကာ ထိုအပေါ်မှအမြန်ခုန်ဆင်းလာပြီး လုလျန့်ဝေ ရှေ့တွင် ရိုးစင်းသောအမူအရာဖြင့် ရပ်လာ သည်။

သူမမျက်လုံးတွေဟာ‌တော့ ခပ်တင်းတင်းစေ့ပိတ်ထားသည့်လိုက်ကာထံ အကြည့်ရောက်သွားသည်။

“ကျွန်တော််မျိုး ဒုတိယသခင်မလေးလု ကို တော်၀င်အပန်းဖြေအိမ်တော်ကိုသွားဖို့ လာခေါ်တာပါ”

“တော်၀င်အပန်းဖြေအိမ်တော်ကို ဘာသွား လုပ်ရမှာလဲ။”

“တော်၀င်အပန်းဖြေအိမ်တော်က ငါးတွေကို သေချာဂရုတစိုက်ကျွေးမွေးထားတာ ကြာနေပြီ‌ဆိုတော့ ဒီအချိန်စားရင် အရသာ အရှိဆုံးပဲ။ အဲ့တာကြောင့် ဒုတိယသခင်မလေး ငါးမျှားလို့ရပါတယ်”

ကျောက်ချန် ခဏတာကြောင်အသွားပြီး နောက် ချက်ချင်းပြန်ပြောလာ၏။

“ဒုတိယ သခင်မလေး ငါးမျှားရတာမကြိုက်လည်း ကိစ္စမရှိပါဘူး။ ဒီတိုင်းစားလည်းရတာပဲ၊ ကျွန်တော်တို့ တော်၀င်အပန်းဖြေအိမ်တော်က ငါးတွေက အရမ်းနူးညံ့တယ်၊ အပြင်မှာ ၀ယ်လို့တောင်မရဘူး။ စွပ်ပြုတ်ပဲ လုပ်သောက်သောက်၊ နှပ်ပဲစားစား အရမ်း အရသာရှိတာ၊ ဒုတိယသခင်မလေး ကြိုက်မှာသေချာတယ်”

လုလျန့်ဝေနှုတ်ခမ်းထောင့်စွန်းတွေ မဲ့ကျသွားရသည်။ သူမကအဲ့လောက် အစားကြီးနေလို့လား။

သူတို့အကုန်လုံး ဘာလို့ စားကောင်းတာတွေ နဲ့ပဲ လာမြှူဆွယ်နေရတာလဲ။

လုလျန့်ဝေ သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။

‘ဒုတိယသခင်မလေးက ငါးစားရတာ မကြိုက်တော့ဘူးလား။ ဒီအချိန်ဆို တော်၀င် အပန်းဖြေအိမ်တော်မှာ ဘာတွေရသေးပါလိမ့်။’

Chapter 448: အရှင် ဘယ်လိုမှော်အတတ်ကို လေ့ကျင့်နေတာပါလဲ

ကျောက်ချန် စိတ်ထဲမှ ဒုတိယသခင်မလေး ကိုဆွဲဆောင်နိုင်မယ့်အရာကို အမြန်စဉ်းစား လိုက်ပေမယ့် ရထားလုံး၏လိုက်ကာစမှာ ရုတ်တရက် ပင့်တင်ခံလိုက်ရပြီး ယောကျာ်း တစ်ယောက်၏ သွယ်လျလျလက်တစ်ဖက် ထွက်ပေါ်လာခဲ့သည်။

“ဝေဝေ တက်လာခဲ့တော့”

လုလျန့်ဝေ ထိုလက်ကိုမမြင်ချင်ယောင် ဆောင်ချင်ပေမယ့် ၎င်း၏တည်ရှိမှုဟာ အလွန်ခိုင်မာနေရာ လျစ်လျူရှုဖို့ မဖြစ်နိုင်ပေ။

သူမတုံ့ဆိုင်းနေတုန်းမှာပဲ ထိုလူ၏အသံ ခပ်နိမ့်နိမ့်ကို ထပ်ကြားလိုက်ရသည်။

“ကိုယ်ချီခေါ်ရမှာလား။”

သူ့စကားမဆုံးခင်မှာပင် လုလျန့်ဝေ ရထားလုံးပေါ်သို့ အမြန်ခုန်တက်လိုက်မိသည်။

“……”

ကျောက်ချန်၊ ချူကျူနှင့် ကျူးယွီတို့ မှာ ဆွံ့အသွားရသည်။

လုလျန့်ဝေ ရထားလုံးထဲသို့၀င်၀င်ချင်းပဲ အထဲရှိလူထံမှ သူ့ပေါင်ပေါ်သို့ အတင်းအကျပ် ဆွဲထိုင်စေခြင်းကို ခံလိုက်ရလေ သည်။

လိုက်ကာပြန်ကျသွားမှသာ သူမသာ စိတ်သက်သာရာရသွားတော့သည်။

ကျောက်ချန်လည်း ရထားလုံးပေါ်သို့ ခုန်တက်ရင်း မောင်းနှင်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် ကြောင်ငေးနေရာမှ အသိပြန်၀င်လာသော ကျူးယွီက ချက်ချင်း အမေးထုတ်လာ၏။

“နင်နဲ့ကျူပဲ သွားကြည့်လိုက်တော့၊ အဆင်ပြေတယ်ထင်ရင် စီနီယာ့ကို အရင်၀ယ်ခိုင်းလိုက်”

ကျူးယွီ ထိုသို့ပြန်ဖြေရင်း ချူကျူနှင့်အတူ ထွက်သွားတော့သည်။

ရထားလုံး နောက်တစ်ဖန်ပြန်ရွေ့သွား၏။ လုံယန် သူမကိုချီထားဆဲဆိုတာကို လုလျန့်ဝေ သတိထားမိသွားကာ

သူမ ရှက်သွေးဖြန်းလျက် သူ့အား တီးတိုးပြောလိုက်သည်။

သူမ ထိုသို့ပြောပြီးပြီးချင်းမှာပဲ ခါးထက်၌ အေးစက်စက်ခံစားလိုက်ရသည်။

လုလျန့်ဝေ အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ခေါင်းငုံလျက် သူ့လက်ဖဝါး ကိုကြည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူမလက်ဖဝါးဖြင့် သူ့လက်ဖဝါးပေါ် အုပ်ကိုင်လိုက်သည်။ အနှီအေးစက်မှုက သူ့လက်ဖဝါးကနေ လာတာပင်။

သူမ သူ့လက်ဖဝါးကိုလှန်ကြည့်လိုက်ကာ အံ့ဩစွာစစ်ဆေးလိုက်ရင်း

“အဲ့တာ ဒဏ္ဍာရီ တွေထဲက အတွင်းအားကူးပြောင်းမှုမလား။ အရှင် ဘယ်လိုမှော်အတတ်တွေ လေ့ကျင့်နေတာပါလဲ။”

၎င်းပညာရပ်ဟာ အတော်လေးအံ့ဩဖို့ကောင်းလှသည်၊ လေအေးပေးစက်ကဲ့သို့ပင်။

“သေချာပေါက် မဟုတ်ဘူးပေါ့၊ ရေခဲနှလုံး မန္တာန်လို့ခေါ်တယ်”

လုံယန် သူမနှာခေါင်းလေး ကို သူ့လက်ချောင်းဖြင့် ပွတ်သပ်လိုက်သည်။

ရုတ်တရက် လုလျန့်ဝေ သူ့လက်အားဆွဲယူ ကာ သူမပါးပြင်ထက်၌နေရာချလိုက်သည်။

“အဲ့တာဆို အရှင် ရေခဲနှလုံးမန္တာန်ကို ထပ်သုံးပေးပါဦး၊ အေးအေးလေးနဲ့ နေလို့ကောင်းတယ်”

သူ့လက်ဝါးထက်မှ နူးညံ့ချောမွတ်သည့် အထိအတွေ့နှင့်အတူ မိန်းမငယ်လေး၏ နူးညံ့သည့်အသံလေးနှင့်ပေါင်းစပ်လိုက်တော့ ဤသေးငယ်သည့်နေရာလေးထဲ၌ လုံယန် ထိန်းချုပ်မှုလွတ်ထွက်လုနီးပါးဖြစ်သွားရ သည်။

သူမမျက်နှာထက်မှ အေးမြသည့်ခံစားချက် လေး ပျောက်ကွယ်သွား၏။ လုလျန့်ဝေ မတုံ့ပြန်နိုင်ခင်မှာပဲ လုံယန်၏အက်ရှရှအသံ ကိုကြားလိုက်ရသည်။

သူမ ထိုလူ၏လက်မောင်းကိုမှီလျက် အမောဖြေနေရသည်။ ဘာတစ်ခုကိုမှ အလျင်စလိုမလှုပ်ရှားရဲတော့ပေ။

သူ့လက်မောင်းထဲရှိ မလှုပ်ရဲတော့သော မိန်းကလေးကိုကြည့်ရင်း လုံယန်၏မျက်လုံး ထဲ၌ အပြုံးရိပ်လေးဖြတ်ပြေးသွားရသည်။ သူမနဖူးထက်၌ချွေးစို့နေသည်ကို မြင်တော့ လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်သည်။

လုလျန့်ဝေ ထိုအခါမှအသိ၀င်လာကာ သူ့ကို အမြန်ဟန့်တားလိုက်သည်။

သူမတို့နှစ်ဦးနမ်းတာ ဒါကပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း သူမကို မူးဝေထုံထိုင်းစေမြဲဖြစ်သည်။ သူမနှလုံးသား မှာ အပြင်သို့ခုန်ထွက်လုမတတ် ပြင်းပြင်း ထန်ထန် ခုန်ပေါက်နေ၏။

သူမအာရုံပြောင်းဖို့ တစ်ခုခုလုပ်ဖို့လိုနေလေပြီ။

All Chapters