အခန်း (၄၄၉-၄၅၀)
Vol. 9 Ch. 449-450
Chapter 449: မင်းအတွက် အခုပြန်စီစဉ်ရတော့မယ်
သူမအတင်းတောင်းဆိုနေတာမြင်တော့ လုံယန် သူမကိုဖိအားမပေးတော့ချေ။
လုလျန့်ဝေ သူမနဖူးထက်မှချွေးစများကို သုတ်လိုက်ကာ မေးလာသည်။
“ဒါနဲ့ ဟိုတစ်နေ့ကဘာဖြစ်တာလဲ။ ဘာလို့ ချန်မြို့စားအိမ်တော်ကို ပိတ်ဆို့လိုက်တာလဲ။”
သူမလေသံဟာပုံမှန်ပင်ဖြစ်ကာ နိုင်ငံရေး ကိစ္စတွေကို ၀င်ရောက်စွက်ဖက်နေမိတယ် ဆိုတာကို သတိမထားမိချေ။
လုံယန်ဟာတော့ ထိုအပေါ်အာရုံမရှိချေ။ သူ သူမ၏သွယ်လျသည့်လက်ချောင်းလေးတွေ ကို ဆော့ကစားနေရင်း ပြန်ဖြေလာ၏။
“ကိုယ်တော် ရှဝူမြို့က ဆောင်ကြာမြိုင်ကို သွားကြည့်ခဲ့တယ်။ အဲ့ကျမှပဲ ဒီလောက် ညစ်ပတ်တဲ့အလုပ်တွေကို ကိုယ့်မျက်စိရှေ့မှာ တင်လုပ်နေမှန်း သတိထားမိခဲ့တာ”
သူ ထိုနေရာတွက်သာရပ်တန့်လိုက်ကာ သူမနားတွေကို ထိုဖြစ်ရပ်ကြောင့် မညစ်ညမ်းသွားစေလိုဟန်ပင်။
ထိုအရောင်းအ၀ယ်ကိစ္စကို သူရှာတွေ့ပြီး နောက်ရက်တွေမှာတော့ သူ့ဒေါသတွေ လျော့ကျသွားခဲ့သည်။
ယခုပြန်ပြောလျှင်တောင် ပြီးခဲ့သည့်ကိစ္စရပ် တစ်ခုလို့သာခံစားမိတော့သည်…
တကယ်တော့ ထိုကိစ္စတွင်ပါ၀င်သမျှ အရာရှိ တိုင်းကိုစစ်ဆေးဖို့ သူတိုက်ရိုက်အမိန့်ပေးခဲ့ တာပင်။ သူတို့မိသားစု၀င်တွေကို ကွပ်မျက်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူမှာပင် ။ ကွပ်မျက်ခြင်းကို ဆောင်းဦးပြီးတာနဲ့ စတင်တော့မှာဖြစ်သည်။
သူ မသိတာကတော့ လုလျန့်ဝေက သူထင်ထား တာထက် အများကြီးပိုသိနေတာကိုပင်။
သူအသေးစိတ်ကိစ္စတွေကို ဂရုမစိုက်တာမြင် တော့ သူမ ထပ်မမေးတော့ပေ။
လုယွင်ရွှမ်းတည်ထောင်ထားသည့် ဆောင်ကြာမြိုင်က အလွန်ကိုမသတီစရာ ကောင်းသည်ဆိုတာ သူမသိပြီးသားဖြစ်သည်။
လူတွေကို မသမာနည်းတွေသုံးပြီး ပြန်ပေးဆွဲကာ ဆောင်ကြာမြိုင်ထဲ၌ ဖမ်းချုပ် ထားပြီး ထိုလူတွေဟာ ရာထူးကြီးသူတွေနှင့် မင်းမျိုးမင်းနွယ်တွေကို အထူးသီးသန့် ၀န်ဆောင်မှုပေးကြရသည်။
“အဲ့တာဆို အဲ့ကိစ္စမှာပါတာ အခြားဘယ်သူမှ မရှိတော့ဘူးပေါ့။”
သူမဘာကိုသိချင်နေသလဲဆိုတာကို လုံယန် သိတာကြောင့် သက်ပြင်းချလိုက်ကာ သူမ၏ သေးငယ်သည့်မျက်နှာလေးကို ပွတ်သပ်ရင်း ပြောလာသည်။
“မင်းမေးချင်တာအကုန် ကိုယ်တော့်ကိုမေးလို့ရပါတယ်။ ရင်တမမ ဖြစ်နေစရာမလိုပါဘူး”
“ကျွန်မက လုယွင်ရွှမ်း သူ့ကိုယ်သူ အပြစ်မရှိပါဘူးလို့ နားပူနားဆာလုပ်နေလား သိချင်လို့။ သူဒီကိစ္စမှာပါနေတာ အသိအသာ ကြီးဟာကို မဟုတ်ရင် ချန်ချူးယွီ အဲ့ကို ဘယ်တော့မှအပို့ခံရမှာမဟုတ်ဘူး”
“ဟုတ်တယ်၊ လုယွင်ရွှမ်းက ဒီကိစ္စနဲ့လုံး၀ကို ဆက်စပ်နေ တယ်။ ဒါပေမယ့် သူမပါတယ်ဆိုတဲ့ သက်သေလုံး၀မရှိဘူး။ ကိုယ့်အထင် သူ ချန်ကျူပင်းကို အစထဲက ကြား၀င်ခံခိုင်းဖို့ ရည်ရွယ်ထားတာထင်တယ်။ လုယွင်ရွှမ်း တစ်ယောက်ထဲတော့ အဲ့တာတွေအကုန်လုံး လုပ်နိုင်မယ်မထင်ဘူး။ သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေတာ သေချာတယ်”
လုလျန့်ဝေနှလုံးသား တစ်ချက်တုန်လှုပ်သွား ရသည်။ မယ်တော်ကြီးများလား။
“မယ်တော်ကြီးကဘာလို့ ဒီလိုအခြေအနေမှာ လုယွင်ရွှမ်းကို ခေါ်ရတာလဲ။”
လုံယန်ပြုံးလိုက်ကာ ခဏကြာတော့ ထိုအပြုံး မှာ မှေးမှိန်သွားပြီး
“မယ်တော်ကြီးနဲ့ကိုယ် တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးဘူး။ သူက သူ့မြေးအတွက်လမ်းဖောက်ပေးချင်လို့ ကိုယ့်ကိုသေစေချင်နေတာ။ အနာဂတ်မှာ သူမင်းကိုထိခိုက်အောင်လုပ်ခွင့်မပေးရဘူးနော် သိပြီလား။”
လုလျန့်ဝေ၏နှလုံးသား တင်းကျပ်လာရ သည်။ သူမအထင်မှန်နေတာမလား။
မယ်တော်ကြီးက လုံယန့်ကို အချိန်အတော်ကြာ မကျေမချမ်းဖြစ်နေခဲ့တာ ။
မည်သို့ပင်ဆိုစေကာမူ လုံယန်က အရင် ဧကရာဇ်ဆီကနေ တိုက်ရိုက်ထီးနန်းဆက်ခံ ခဲ့တာကြောင့် သူမ သူ့ဆီကနေ ထီးနန်းလုလို့ မရပေ။ အဲ့လောက်အငြိုးအတေးကြီးနေရ အောင် သူက ဘယ်ရာထူးမို့လို့လဲ။
လုလျန့်ဝေ အနည်းငယ်ရှက်ရွံ့သွားရသည်။ သူ သူမခေါင်းကိုအဲ့လိုထိလိုက်တိုင်း သူမကို ကလေးလို့ခံစားမိသွားစေသည်။ သူက သူမအဖေပြုမူသလို သူမအပေါ်ပြုမူနေတာ ပင်။
“အဲ့တာဆို လုယွင်ရွှမ်းနောက်ကလူက မယ်တော်ကြီးလား။”
“ဟုတ်တယ်၊ သူဘာမှကြီးကြီးမားမား လုပ်စရာမလိုလိုက်ဘူးလေ။ ကိုယ်ရဲ့ နဂိုရည်ရွယ်ချက်ကလဲ လုံချီ့ကို ထီးနန်း ဆက်ခံသူအဖြစ် ထားမလို့ပါပဲ”
“အခုကိုယ့်မှာ မင်းရှိနေပြီလေ၊ အဲ့တော့ မင်းအတွက် ပြန်စီစဉ်ရတော့မှာပေါ့”
လုလျန့်ဝေ သူမနှလုံးအလွန်ခုန်နေသည်ကို ခံစားလိုက်ရသည်။ အချိန်အတော်ကြာမှ သူမ မေးလိုက်၏။
အဲ့တာ သူမထင်နေသလိုတော့ မဟုတ်ဘူးမလား။ သူမအတွက်နဲ့ လုံယန်က လုံချီ့ရဲ့ အိမ်ရှေ့စံရာထူးကို ရုပ်သိမ်းမလို့လား။
Chapter 450: ကျွန်မ တကယ်အဖေလိုဆက်ဆံမှာပါ
သူမ၏ နက်မှောင်ဝိုင်းစက်နေသည့် မျက်လုံး တွေကိုကြည့်ရင်း လုံယန်၏နှလုံးသားကို တစ်စုံတစ်ရာဆွဲညှစ်ထားသလို ခံစားလိုက်ရ သည်။ အချိန်အတော်ကြာမှ သူစကားစပြော လာ၏။
“ဝေဝေ ကိုယ်တို့လက်ထပ်ပြီးရင် ကလေးယူရအောင်”
လုလျန့်ဝေ: “........”
ခေါင်းစဉ်က သူမလိုက်မမီနိုင်လောက်အောင် ပြောင်းသွားတာ မြန်လွန်းသည်။
ဘာအကြောင်းပြချက်မှမရှိပဲ သူကဘာလို့ ကလေးယူဖို့အကြောင်းပြောလာရတာလဲ။
သူမမျက်နှာမှာ လောင်ကျွမ်းလုနီးပါး နီရဲလာ ၏။ သူမအသံတိုးတိုးဖြင့်ရေရွတ်လိုက်မိ သည်။
“ကျွန်မက အခုထိကလေးပဲရှိသေး တာကို…”
လုံယန် ခပ်ဖွဖွ သက်ပြင်းချလိုက်၏။ သူက အသက်သုံးဆယ်ပင်ရှိနေပြီဖြစ်ရာ ဝေဝေ ကိုယ်၀န်ရအောင်စွမ်းဆောင်နိုင်ပါ့မလားဆိုတာပင် မသေချာပေ။ တကယ်လို့ အဲ့လို ဖြစ်မလာပဲ သူအရင်သေသွားခဲ့မယ်ဆိုရင် သူမဆီမှာဘယ်လိုတွေဖြစ်လာမှာလဲ။
ကလေးတစ်ယောက်တောင်မရှိပဲ သူသေသွားခဲ့ရင် သူမတစ်ယောက်တည်း အထီးကျန်စွာနဲ့ အကာအကွယ်မဲ့စွာ ကျန်နေခဲ့မှာပင်။
သူမအနာဂတ်ခိုင်မာဖို့အတွက် ကလေးယူရ မည်။ အဲ့လိုမဟုတ်ပဲ လုံချီသာ ထီးနန်းရသွား ရင်…
ထိုဖြစ်နိုင်ချေကိုတွေးမိပြီး လုံယန့်မျက်လုံးထဲ ၌ လူသတ်လိုစိတ်တွေဖြတ်ပြေးသွားသည်။ သူလျှောက်မတွေးဖို့ သူ့ကိုယ်သူ ပြန်နှစ်သိမ့် လိုက်မိသည်။
ဝေဝေကို ထွက်သွားခိုင်းတာက လုံချီ့အတွက် ရူးမိုက်တဲ့လုပ်ရပ်ဆိုပေမယ့် ဝေဝေက တကယ်တမ်းဘယ်လောက်တောင် အံ့ဩဖို့ကောင်းတယ်ဆိုတာကို သူမြင်ပြီး သွားရင် ထိုဆုံးဖြတ်ချက်ကို နောင်တမရဖို့ မဖြစ်နိုင်ပေ။
အရင်တစ်ခါ နန်းတော်ဥယျာဉ်တော်ထဲမှာ တုန်းက လုံချီရဲ့ ဝေဝေအပေါ်ပြောင်းလဲလာ တဲ့သဘောထားကို သူတွေးမိသွားတော့ လုံယန် မသက်မသာခံစားလိုက်ရသည်။။
ဝေဝေက ဒီနှစ်မှ ဆယ့်ငါးနှစ်သာရှိသေးသည် ။ သူသာ ဝေဝေနှင့် လုံချီ ထီးနန်းမဆက်ခံခင် သေသွားခဲ့ရင် လုံချီက ဝေဝေကို မယ်တော်ကြီးဘွဲ့ပေးပြီး တလေးတစား ဆက်ဆံပါ့မလား။ ဒါမှမဟုတ် ဝေဝေကို သူ့အတွက်သိမ်းပိုက်ပစ်မှာလား။
နောက်ပိုင်းဖြစ်လာနိုင်သည့်ကိစ္စရပ်များကို ကြိုတွေးရင်း လုံယန်၏ဗာဒံစေ့သဏ္ဍာန် မျက်လုံးကျဉ်းမြောင်းသွားကာ သူ့ပတ်၀န်းကျင်၌ အေးစက်သည့်အငွေ့ အသက်လွှမ်းခြုံလာလေသည်။
လုံယန် သူ့ကိုယ်သူမငယ်တော့ဘူးဟု ပြောလိုက်ချိန်၌ လုလျန့်ဝေ ၀မ်းနည်းသွားရ သည်။
သူပြောတာမှန်လေသည်။ သူက သူမထက် ဆယ့်ငါးနှစ်တောင်ကြီး၏။
သူမထိုအတွေးတွေကိုရပ်တန့်လိုက်ကာ သူ့လက်မောင်းကိုဖက်ရင်း နှစ်သိမ့်ပေးလိုက် သည်။
“အရှင်က အခုထိအတော်ငယ်ပါသေး တယ်၊ အခုမှသုံးဆယ်ပဲရှိသေးတာကို ခုနစ်ဆယ် ရှစ်ဆယ်မှမဟုတ်တာ”
လုံယန်၏မဲမှောင်နေသောအမူအရာမှာ တစ်ခဏအတွင်း ပြန်လည်ကောင်းမွန်လာ သည်။ သူမမေးစေ့ကို သူ့လက်ချောင်းတွေ ဖြင့်ပင့်မလိုက်ရင်း
“မင်းကိုယ့်ကို ဒီလို တလေးတစားဆက်မခေါ်တော့ဘူးဆိုရင် တော့ ကိုယ်ဒီထက်ပိုငယ်တယ်လို့ ခံစားမိ လောက်တယ်။ မင်းက ကိုယ့်ကို စီနီယာ တစ်ယောက်လိုတလေးတစားပြောနေတော့ ကိုယ်ကဘယ်လိုလုပ် အဲ့လိုမထင်ပဲနေပါ့မလဲ။”
“ကောင်းပါပြီ၊ နောက်တစ်ခါဆို သေချာ မှတ်ထားပါ့မယ်”
သို့သော် သူမ အတွေးတစ်ခုကို ထုတ်မပြော ပဲ မနေလိုက်နိုင်ပေ။
လုံယန် သူမကို သူ့လက်မောင်းတွေထဲ ဆွဲသွင်းလိုက်ပြီး ခေါင်းငုံ့ကာ နမ်းရှိုက်လိုက် သည်။
လုလျန့်ဝေ သူ့အနမ်းကိုရှောင်လိုက်ချင်ပေမယ့် ရှုံးနိမ့်သွားရကာ အဆုံး၌ လက်လျှော့လိုက်ရ သည်။
ရှည်လျားသည့်အနမ်းပြီးဆုံးသွားသည့်နောက် လုံယန် သူ့လက်မောင်းထဲရှိ မိန်းကလေးကို ဖျစ်ညှစ်လိုက်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။
“မင်းအဖေက ကိုယ့်ထက် အများကြီးကြီးပါတယ်။ အဖေနဲ့တော့ ကိုယ့်ကိုတစ်ဆင့်တည်းမထားနဲ့လေ”
လုလျန့်ဝေဟာတော့ အရှုံးမပေးပဲ ပြန်ပြော လိုက်၏။
“အရှင်ကအရမ်းရယ်ရတာပဲ။ ကျွန်မအဖေက လုံး၀မအိုသေးပါဘူးနော်။ အခုထိငယ်သေးတယ်”
လုံယန်မျက်မှောင်ကြုတ်လိုက် သည်။ ဝေဝေရဲ့နှလုံးသားထဲမှာ အဖေဖြစ်သူ က သူ့ထက်တစ်ဆင့်မြင့်နေသည်ကို သူ မကြိုက်ပေ။
“သုံးဆယ့်ရှစ်နှစ်ကငယ်သေးတယ်ဆိုရင် ကိုယ်က သုံးဆယ်ပဲရှိသေးတော့ ပိုမငယ်ဘူးလား။”
လုလျန့်ဝေမှာတော့ သူ့ကိုမျက်စောင်းထိုး ကြည့်ရုံသာ တတ်နိုင်တော့သည်။
“အဲ့တာအရှင့်ကိုနေလို့ကောင်းစေတယ်ဆိုရင် အဲ့လိုပဲထားလိုက်ပါ”
“မင်းပဲ အခုလေးတင် ကိုယ်ကငယ်သေးပါ တယ်လို့ပြောလိုက်တာမဟုတ်ဘူးလား။”
လုံယန် သူမကိုသင်ခန်းစာပေးချင်ဟန်ဖြင့် ကြည့်လာသည်။
လုလျန့်ဝေဟာတော့ သူမအဖြေနှင့် ပက်သက်၍ အတော်လေးလက်တွေ့ကျသည် ပင်။
“အရှင်က ငယ်ရွယ်၊ ချောမော၊ နှစ်လိုဖွယ်ကောင်းပြီး ဂုဏ်သရေကြီးမားပါ တယ်။ အရှင်ကအကောင်းဆုံးပါပဲ…”
လုံယန်မျက်ခုံးပင့်လျက် ပြန် အမေးထုတ်လိုက်မိသည်။
;