အခန်း (၄၅၁-၄၅၃)
Vol. 10 Ch. 451-453
အပိုင်း (၄၅၁)
လုံယန် ဒါနဲ့ ဘာတွေကြံစည်နေတာလဲ။
“ အရှင်မင်းကြီး၊ ဘာများလိုအပ်ပါသလဲ “
လုလျန့်ဝေ အသံစူးစူးဖြင့်မေးလိုက်သည်။
အပြင်ဘက်မှ မြင်းလှည်းကိုမောင်းနေသောကျောက်ချန်မှာ ထိုင်ခုံမှလိမ့်ကျမတတ်လန့်သွားသည်။
သူအသံသိပ်မကျယ်သွားလောက်ဘူး၊ ဟုတ်တယ်မလား။
ဒုတိယသခင်မလေးလုက အရမ်းကြီးချဲ့ကားလွန်းနေတာဘဲ။
မြင်းလှည်းထဲတွင် လုံယန်သည် ထိုအဆော့သန်သောကောင်မလေးကို သူ့လက်မောင်းကြားထဲတွင် ထည့်ဖက်ထားသည်။
လုံယန် သူ(မ)နှဖူးကို လက်ဆစ်ဖြင့် ခပ်ဖွဖွတောက်လိုက်သည်။
သူ့အရှင်သခင်က ဒီလိုစိတ်လိုလက်ရရယ်မောတတ်မှန်း မယုံနိုင်ဖြစ်နေသည်။ ဒုတိယသခင်မလေးလုသည် သူ့သခင်အတွက် အမှန်တကယ်ပျော်ရွှင်မှုကိုယူဆောင်ပေးလာနိုင်သူဖြစ်ပုံရသည်။
သူ့သခင်သည် ကန့်သတ်မှုတွေများကာ ကျပ်တည်းသည့်ဘဝမှာနေထိုင်ခဲ့ရပြီး ဆိုးရွားသည့်ဝေဒနာကိုလည်း ခံစားခဲ့ရသည်။ ယခုတွင်တော့ ဒုတိယသခင်မလေးလုက သူ့ဘေးမှာရှိနေပေးကာ ကောင်းမွန်ပျော်ရွှင်ရသည့်ဆက်ဆံရေးရှိသည်။ အကယ်၍ ဒီလိုသာဆက်ပြီး ရှေ့လျှောက်ပျော်ရွှင်နေနိုင်ပါက အလွန်ကောင်းမွန်လိမ့်မည်။
ဒုတိယသခင်မလေးလုကသာ နေမင်းကို အလိုရှိတယ်လို့ဆိုပါက သူ့သခင်က သူ(မ)အတွက် မရမကနည်းလမ်းရှာပြီး သူ(မ)အတွက် ယူပေးလိမ့်မည်။
မြင်းလှည်းလုံးထဲတွင် လုလျန့်ဝေသည်လည်း လုံယန်အားရပါးရရယ်နေပုံကြောင့် အံ့ဩနေသည်။
လုလျန့်ဝေသည် လုံယန်ရင်ခွင်ထဲရောက်နေတာကြောင့် သူရယ်သည့်အခါ ရင်ဘတ်လှုပ်ခတ်နေမှုကို ခံစားလို့ရသည်။ အဲ့ဒါကြောင့် သူ(မ)စိတ်ထဲမှ ထူးဆန်းသည့်ခံစားချက်တစ်မျိုးကိန်းအောင်းလာသည်။
လုံယန်သည် ရယ်ရတာကြိုက်နှစ်သက်သူမျိုးမဟုတ်ပေ။ သူသည် ထုံပေပေအမူအရာဖြင့်နေကာ အများသောအားဖြင့် အတော်လေးဟိတ်ဟန်ကြီးသည်။ သို့ပေမဲ့ သူ ရယ်မောလိုက်တဲ့အခါမှာတော့ အတော်လေးချောမောပြီးကြော့ရှင်းသည်။
သူ(မ)သည် အထိန်းတော်ကျောက်စကားပြောတဲ့ပုံစံကိုသာ အတုယူပြောလိုက်ရုံဖြစ်သည်။
အဲ့တာက သူ့ကို အဲ့လောက်တောင် ပျော်ရွှင်ရယ်မောစေတာလား။
လုလျန့်ဝေသည် နှုတ်ခမ်းကိုဆူနေရင်း သူ(မ)ပုခုံးပေါ်သို့ကျနေသည့် လုံယန်ဆံပင်တစ်ချို့ကို မသိလိုက်ဘဲ လက်ဖြင့်ဆော့ကစားနေမိသည်။
လုံယန် သူ့လက်မောင်းတို့ကို ပိုတင်းကျပ်ကျပ်ဖက်လိုက်ပြီး သူ့ရှေ့က ကောင်မလေးရဲ့အရောင်တောက်နေတဲ့မျက်လုံးလေးများကိုကြည့်လိုက်သည်။ လုံယန်နှုတ်ခမ်းမှ အပြုံးသေးသေးလေးတစ်ခုပေါ်လာသည်။
သူ(မ)တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး ကြည်နူးနေသည့်လေထုကိုဖြိုခွင်းကာ မေးခွန်းတစ်ခုမေးလိုက်သည်။
“ ဒါနဲ့၊ ရှဝူမြို့က ဆောင်ကြာမြိုင်ကိုသွားတော့ ကိုယ်လုပ်တော်ချန်ကိုတွေ့ခဲ့လား “
လုံယန် တစ်ခဏမျှရပ်သွားသည်။
လုလျန့်ဝေ သူ့ကိုကြည့်လိုက်သည်။ ဒါ သူ့ဆီက အတည်ပြုချက် ဟုတ်တယ်မလား။ သူ(မ) လျင်မြန်စွာဆက်မေးသည်။
“ သူ(မ)ကို ဘာလုပ်လိုက်လဲ “
လုံယန့်အသံမှာ အတော်လေးအေးတေးတည်ငြိမ်နေသည်။
အဲ့တာ မဟုတ်သေးဘူးလေ။ ချန်ချူးယွီက အဲ့လိုနေရာမျိုးမှာ အချိန်အတော်ကြာပိတ်နှောင်ခံထားရတာမလား။ သူ(မ)ရဲ့ဂုဏ်သိက္ခာက စွန်းပေသွားပြီလို့ သတင်းထွက်နေမှာကို လုံယန်က အဲ့ဒီကိုပို့လိုက်တာတဲ့လား။
ချန်ချူးယွီမှာ ကလေးရှိနေပြီဖြစ်သည်။ ထိုကလေးသည် သေချာပေါက် လုံချီ၏ကလေးဖြစ်သည်။ အဲ့တာကြောင့် လုံယန်က သူ(မ)ကို အရှေ့နန်းတော်ဆီပြန်ပို့လိုက်တာလား။
“ ဘာဆက်ဖြစ်မလဲဆိုကတော့ ကြည့်ကောင်းတော့မှာဘဲ “
လုလျန့်ဝေပြုံးလိုက်သည်။ နောက်ဆက်တွဲဖြစ်လာမည့်ပြဿနာတွေကိုတွေးမိရင်း ဖြစ်ပေါ်လာသည့်ပျော်ရွှင်မှုကို ဖုံးကွယ်ခြင်းတောင်မပြုပေ။
လုံယန်သည် သူ(မ)ပါးလေးကို ညှစ်လိုက်ခါမှ မျက်နှာထားအနည်းငယ်ပြေလျော့လာသည်။
“ အိမ်ရှေ့စံမင်းသားဒုက္ခရောက်မှာကို အဲ့လောက်တောင်မြင်ချင်တာလား “
“ ကျွန်မက အဲ့လိုလူလို့ထင်လို့လား။ ချန်ချူးယွီအတွက်စိတ်မကောင်းလို့ပါ “
လုလျန့်ဝေမှ တည်ကြည်လေးနက်တဲ့အမူအရာဖြင့်ပြန်ဖြေသည်။ သူ(မ)ကိုယ် သူ(မ) ဘယ်လောက်အကျင့်ပုတ်တတ်လဲဆိုတာကိုတော့ ဝန်ခံမယ်မဟုတ်ပေ။
လုံယန်သည် သူ(မ)အဖြေကြောင့် စိတ်ထဲကျေနပ်သွားသည်။ လုံယန်သည် လုလျန့်ဝေမှ အိမ်ရှေ့စံမင်းသားကို စိတ်ပူနေမလားဟု တွေးပူနေခဲ့မိသည်။ အခုတော့ ဘာမှမဟုတ်ဘဲ တွေးပူနေခဲ့မိတာဘဲ။
“ ကျွန်မကို အမှန်တိုင်းပြော၊ အရှင်မင်းကြီး၊ ရှင် အဲ့လိုတမင်လုပ်တာမလား “
လုံယန်သည် လုလျန့်ဝေမှ သူ့ကို စကားပြောခေါ်ဆိုတဲ့အခါ ယဉ်ကျေးလေးစားသည့်အသုံးအနှုန်းကို သိပ်သဘောမကျပေ။
“ တော်ဝင်မိသားစုမျိုးဆက်က အပြင်မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေမယ့်အဖြစ်မျိုးကို မြင်ဖို့ သည်းမခံနိုင်လို့ပါ “
လုလျန့်ဝေ ခပ်ထေ့ထေ့ရယ်လိုက်သည်။ လုံယန်က တော်ဝင်မိသားစုဝင်တစ်ယောက်ရဲ့မျိုးဆက်ကို လိုက်ဂရုစိုက်ပေးတတ်တဲ့လူစားမျိုးမလို့မလား။ သူ သေချာပေါက် လုယွင်ရွှမ်းကိုပြဿနာတက်အောင် စီစဉ်နေခြင်းသာဖြစ်လိမ့်မည်။
လုယွင်ရွှမ်းသည် အမြဲတစေ သူ(မ)၏ကိုယ်ပိုင်ကလေးလိုချင်နေပေမဲ့ သူ(မ)ဆုတောင်းတွေမပြည့်ခဲ့ပေ။ သို့ပေမဲ့ ချန်ချူးယွီကတော့ လွယ်ကူစွာဖြင့် ကိုယ်ဝန်ရသွားခဲ့သည်။
ထို့အပြင် ချန်ချူးယွီသည် တစ်စုံတစ်ယောက်ရဲ့လှည့်ကွက်ထောင်ချောက်ကြောင့် အန္တရာယ်ကျရောက်ခဲ့ရသည်။ အခုတော့ သူ(မ)ပြန်လာနိုင်ပြီဖြစ်၍ လုယွငမရွှမ်းကို ခေါင်းချင်းဆိုင်ထိပ်တိုက်တွေ့တော့မှာ မလွဲမသွေဖြစ်သည်။
“ အရှင်မင်းကြီး၊ ရှင်လိမ်ရင် နှာခေါင်းကြီးရှည်ထွက်လာလိမ့်မယ် “
လုံယန်သည် လုလျန့်ဝေရဲ့နှာခေါင်းလေးကိုဆွဲညှစ်ပြီး စနောက်သည်။
“ ကောင်းပြီလေ၊ အဲ့တာဆို မင်းနှာခေါင်းကရော ဘာလို့ရှည်မလာရတာလဲ “
လုလျန့်ဝေ သူ့ကိုမျက်စောင်းထိုးပြီးတုန့်ပြန်လိုက်သည်။
လုံယန်သည် သူ၏တောက်လောင်နေသောအကြည့်တို့က သူ(မ)မျက်နှာလေးပေါ်ရောက်နေရင်း နှလုံးသားမှ ဆတ်ခနဲတုန်လှုပ်သွားသည်။
အပိုင်း (၄၅၂)
အရှင်မင်းကြီး၏လက်မောင်းကြားတွင် သူ(မ)သက်တောင့်သက်သာရှိနေသည်။
“ ဒါပေါ့ “
လုလျန့်ဝေသည် လုံယန်မျက်လုံးကို တည့်တည့်ပြန်ကြည့်လိုက်သည့်အခါ နှလုံးခုန်သံတစ်ချက်ကျော်သွားသည်။ သူ(မ)အသံလည်း နူးညံ့သွားသည်။
လုံယန် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းကို အကောင်းဆုံးအသုံးချပြီး သူ(မ)ကို ဖက်ရုံသာဖက်ထားကာ တိတ်တိတ်ကလေးနေသည်။
လုလျန့်ဝေက အတွန့်တက်လိုက်သည်။
“ ပူတယ် “
သူ(မ)စကားသံထွက်လာချိန်မှာဘဲ ကျောဘက်မှ အေးမြသည့်ခံစားချက်ရသည်။
လုလျန့်ဝေ ထိုအေးမြမှုကိုခံစားမိသည့်အခါ စကားပြောရပ်သွားသည်။
သူ(မ)နှလုံးသားထဲတွင် ချိုမြသည့်ခံစားချက်ပေါ်လာသည်။ အရှင်မင်းကြီးသည့်ရွေ့လျားလို့ရသည့်လေအေးပေးစက်နှင့်တူသည်။
လုလျန့်ဝေ သူ့လက်မောင်းထဲတိုးဝှေ့လာတာကိုကြည့်ပြီး လုံယန်၏မျက်ဝန်းနက်တို့မှ အပြုံးတစ်ချက်လစ်ခနဲပေါ်လာသည်။
ဒီကောင်မလေးက အပူမကြိုက်ဘဲ အေးမြမှုကို ပိုကြိုက်သည်။
လုံယန်လက်ဖဝါးသည် လုလျန့်ဝေကျောကိုကပ်ပြီး အအေးဓာတ်လွှဲပြောင်းနေသည်။ သို့ပေမဲ့ ရေခဲနှလုံးမန္တန်ကိုသုံးနေသော်လည်း သူကတော့ အနည်းငယ်ချွေးပျံနေလေသည်။ နဖူးပေါ်တွင် ချွေးများစိုနေသည်ကို မထင်မရှားမြင်ရနိုင်သည်။
“ အရှင်မင်းကြီး၊ ရှင့်ရဲ့ခန္ဓာကိုယ်က နွေရာသီမှာဆိုအေးပြီး ဆောင်းရာသီမှာနွေးနေတတ်တဲ့ခန္ဓာကိုယ်မျိုးလား။ အဲ့လိုဆို ရှင့်ကိုဆောင်းရာသီမှာဖက်ထားရင် ကျွန်မအအေးဓာတ်ကိုအံတုနိုင်မှာလား “
လုံယန်သည် စကားပရိယာယ်သုံးပြီးဖြေကာ သူ(မ)ဆံပင်ကိုဖွလိုက်သည်။ သူ့ကိုယ်သူလည်း အခက်ကြုံမည့်အခြေအနေတစ်ခုကို အရောက်ပို့လိုက်မိသလိုခံစားလိုက်ရသည်။
လုလျန့်ဝေ၏ခန္ဓာကိုယ်သည် အလွန်နူးညံ့ပြီး မွှေးပျံသည်။ ထို့ကြောင့် လုံယန် သူ(မ)ကိုဖက်ထားရင်းဖြင့် ဂနာမငြိမ်ဖြစ်လာပေမဲ့ ဘာမှမလုပ်နိုင်ပေ။ သူ့ကိုယ်သူအရောက်ပို့မိတဲ့ ပြဿနာတက်နိုင်တဲ့အနေအထားမဟုတ်လား။
လုလျန့်ဝေသည် လုံယန်ပြန်ဖြေတာကိုကြားပြီးတဲ့နောက် ဘာမှဆက်မမေးတော့ဘဲ အနားယူဖို့မျက်လုံးကိုမှိတ်လိုက်သည်။
သူ(မ)သည် အရှင်မင်းကြီး၏ရင်ခွင်ထဲတွင် အတော်လေးမှေးစက်လို့ သက်တောင့်သက်သာရှိနေသည်။ သူ(မ)ခံစားနေရသည့် အပူဓာတ်မှာလည်း ပျောက်ကွယ်သွားကာ ယခုတွင် အေးမြနေပြီး လေအေးပေးစက်ထက်တောင် ပို၍သက်တောင့်သက်သာရှိနေသည်။
တော်ဝင်အပန်းဖြေစံအိမ်သို့သွားသည့်ခရီးလမ်းသည် သိပ်မဝေးသည့်အတွက်ကြောင့် မကြာခင်အချိန်အတွင်းမှာဘဲ ခရီးဆုံးသို့ရောက်ခဲ့သည်။
ကျောက်ချန်သည် တော်ဝင်အပန်းဖြေစံအိမ်ထဲသို့ မြင်းလှည်းလုံးကို မောင်းဝင်လာခဲ့သည်။
လုလျန့်ဝေသည် တစ်နေကုန် ထိုစံအိမ်မှာနေခဲ့ပြီး ညနေပိုင်းမှ လုံယန်က သူ(မ)ကို အိမ်တော်သို့ပြန်လိုက်ပို့ခဲ့သည်။
လုထင်ချန်းသည် အစောပိုင်းကတည်းက အိမ်တော်အပြင်ထွက်ပြီးစောင့်နေခဲ့တာဖြစ်သည်။ သူ(မ)ပြန်လာတာမြင်တဲ့အခါ ချက်ချင်းအနားကိုပြေးသွားသည်။
လုထင်ချန်း ခေါက်ဖို့ပြင်နေရင်းမှ တောင့်သွားသည်။ အရှေ့ကိုခြေလှမ်းအနည်းငယ်လျှောက်လာပြီး သူ့ကိုအရိုအသေပေးလိုက်သည်။
လုံယန်သည် သူ့ကိုခေါင်းငြိမ့်ပြပြီး အသိအမှတ်ပြုပေးကာ ညွှန်ကြားချက်ပေးသည်။
“ ဝေဝေက အပန်းဖြေစံအိမ်မှာ တစ်နေကုန်ပျော်နေခဲ့တာကြောင့် ပင်ပန်းနေလောက်ပြီ။ သူ(မ)ကိုနားဖို့ခေါ်သွားလိုက်ပါ “
လုထင်ချန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်မှာ တရိုတသေဖြင့် ပြန်ဖြေလိုက်သည်။
လုံယန်သည် ဘာမှဆက်မပြောတော့ဘဲ သူ့အကြည့်ကို အိမ်တော်အပေါက်ဝမှကောင်မလေးဆီသို့ ပို့လိုက်သည်။ လိုက်ကာကိုပြန်ချရင်း မျက်ဝန်းထဲမှ အပြုံးတစ်ချက်ပေါ်လာပြီး အပြန်ခရီးစတင်ဖို့ ကျောက်ချန်ကို အမိန့်ပေးလိုက်သည်။
လုထင်ချန်းသည် မြင်းလှည်းအဝေးကိုရောက်သွားမှ ခပ်ပြင်းပြင်းသက်ပြင်းတစ်ချက်ချလိုက်သည်။ လုလျန့်ဝေဘက်သို့ပြန်လှည့်ကြည့်တဲ့အခါမှာတော့ လုထင်ချန်း၏ချောမောသောမျက်နှာသည် အတော်လေးမှုန်ကုတ်နေခဲ့သည်။
“ လုလျန့်ဝေ၊ ဘယ်လိုတောင် အတင့်ရဲပြီးအဘွားရဲ့ဆုံးမစကားကိုလျစ်လျူရှုရဲရတာလဲ။ လျှို့ဝှက်ပြီး အရှင်မင်းကြီးနဲ့တွေ့တယ်တဲ့လား။ မိန်းကလေးငယ်တွေက အိန္ဒြေရှိရှိပြုမူနေထိုင်ရမယ်ဆိုတာကိုသိသေးရဲ့လား “
သူ(မ)အစ်ကိုတော် အနားသို့လျှောက်လာတာကိုကြည့်ရင်း လုလျန့်ဝေ ကိုယ့်အပြစ်ကိုယ်အနည်းငယ်ခံစားမိသည်။ အဲ့တာကြောင့် ခေါင်းကိုငုံ့လျက်ပြောသည်။
လုလျန့်ဝေ ခေါင်းကိုအလျင်အမြန်ခါပြီး ကတိပေးလိုက်သည်။
“ မဟုတ်ပါဘူး၊ နောက်တစ်ကြိမ်မရှိစေရပါဘူး “
သို့ပေမဲ့ လုလျန့်ဝေစိတ်ထဲမှာတော့ အရှင်မင်းကြီးကိုယ်တိုင်က သူ(မ)ကို တကူးတကလာတွေ့တဲ့အခါ ဘယ်လောက်ငြင်းရခက်လဲဆိုတဲ့အကြောင်းကို ပြောဆိုနေသည်။
သူ(မ)အစ်ကိုသည် အရှင်မင်းကြီးအပေါ် ဒေါသထွက်လို့မရတာကြောင့် သူ၏အားနည်းကာသနားစရာကောင်းတဲ့ညီမငယ်လေးကို အနိုင်ကျင့်နေတာဖြစ်သည်။ ဒါက လွန်လွန်းအားကြီးသည်။
လုထင်ချန်း သူ(မ)တောင်းပန်နေတာမြင်တဲ့အခါ သက်ပြင်းချလိုက်သည်။ သူ(မ)ပုခုံးကိုကိုင်ပြီး အသေအချာပြောသည်။
“ ဝေဝေ၊ မိန်းကလေးတစ်ယောက်က ကိုယ့်ဟာကိုယ်ဘယ်လိုအိန္ဒြေရှိရမလဲဆိုတာကိုသိသင့်တယ်။ မဟုတ်ရင် ယောက်ျားတွေက ဘယ်တော့မှ တန်ဖိုးထားမှာမဟုတ်ဘူး “
အပိုင်း (၄၅၃)
သူက သူ(မ)အတွက်သာဆို ဘယ်အရာပင်ဖြစ်ပါစေ လုပ်ဖို့ဆန္ဒရှိတယ်။
လုလျန့်ဝေသည် သူ(မ)အစ်ကို၏ချောမောသောမျက်နှာကိုကြည့်လိုက်ပြီး မေးသည်။
“ အစ်ကိုတော်၊ အစ်ကိုတော်က အိန္ဒြေရှိတဲ့မိန်းကလေးတွေကို ကြိုက်နှစ်သက်တာလား “
လုထင်ချန်းတစ်ခဏမျှတွေးပြီးနောက် ခေါင်းငြိမ့်ပြသည်။
“ မိန်းကလေးတစ်ယောက်က နည်းနည်းလေးပိုအိန္ဒြေရှိမယ်ဆိုရင် ပိုကောင်းလိမ့်မယ် “
လုလျန့်ဝေခေါင်းငြိမ့်သည်။
“ ညီမလေးသိပါပြီ “
လုထင်ချန်း မျက်ခုံးပင့်လိုက်သည်။
“ ဘာသိတာလဲ “
“ အဘွားကိုပြောပေးမယ်၊ အစ်ကိုက အိန္ဒြေတစ်ခွဲသားနဲ့မိန်းကလေးတွေကိုကြိုက်တယ်ဆိုတဲ့အကြောင်း။ အဲ့လိုစံနှုန်းနဲ့ညီတဲ့မြေးချွေးမလေးရှာပေးလိုက်ဖို့ အဘွားကို ပူဆာလိုက်မယ် “
လုလျန့်ဝေမျက်ဝန်းထဲတွင် ဉာဏ်နီဉာဏ်နက်ရိပ်လေးဖြတ်ပြေးသွားသည်။
လုထင်ချန်းသည် သူ့ညီမ၏လှည့်ကွက်ထဲကျသွားပြီဆိုတာကို နားလည်လိုက်တော့သည်။
“ လုလျန့်ဝေ၊ လျှောက်ပြောရဲပြောကြည့်။ လွယ်လွယ်နဲ့လွှတ်ပေးလိုက်မယ်မထင်နဲ့ “
လုထင်ချန်းသည် ဒေါသကြောင့် သွေးရူးသွေးတန်းဖြင့် လုလျန့်ဝေနောက်ကိုပြေးလိုက်သည်။
သေချာပေါက် လုလျန့်ဝေသည် အသက်ရှည်ခန်းမကို မရောက်လိုက်ခင်မှာဘဲ လမ်းတစ်ဝက်မှာတင် ချူးကျူနဲ့တိုးသည်။
လုလျန့်ဝေသည် လုထင်ချန်း သူ(မ)ကို ဖမ်းမိလုဆဲဆဲတွင် ချူးကျူအနောက်သို့ ချက်ချင်းပြေးပုန်းသည်။
ချူးကျူသည် နေရာမှာရပ်နေပြီး လုလျန့်ဝေကို ကာကွယ်ပေးနေကာ လုထင်ချန်းကို အေးစက်စွာစိုက်ကြည့်နေသည်။
လုထင်ချန်း၏မျက်ခုံးတန်းတို့သည် ချူးကျူကိုတွေ့တဲ့အခါ မှုန်ကုတ်သွားပြီး လှည့်ပြန်လျှောက်သွားသည်။
လုလျန့်ဝေသည် ထိုမြင်ကွင်းကိုမြင်မှ စိတ်သက်သာရာရသွားသည်။ ချူးကျူပုခုံးကိုကိုင်ပြီး ဝမ်းပမ်းတနည်းဖြင့်ပြောသည်။
“ ကျူ၊ နင်က တကယ့်ကို ငါ့ရဲ့ကံကောင်းတဲ့ကြယ်လေးဘဲ “
သူ(မ)အစ်ကိုသည် ချူးကျူကိုမြင်တာနဲ့ တန်းလှည့်ပြန်သွားသည်။ ချူးကျူသည် သူ(မ)အစ်ကိုတော်အတွက်ရန်သူတော်ကြီးဖြစ်နေသည်။
ချူးကျူအမူအရာက အနည်းငယ်ပျော့ပျောင်းလာပေမဲ့ စကားကိုတော့ ခပ်တည်တည်ဖြင့်ပြောသည်။
“ ဆိုင်နေရာကိုရှာတွေ့ပါပြီ။ ငွေသားလည်းချေပြီးပါပြီ “
လုလျန့်ဝေ ထိုအကြောင်းကြားတဲ့အခါ ခေါင်းငြိမ့်လိုက်သည်။
“ ကောင်းပြီ၊ ကျေးဇူးဘဲ “
သို့ပေမဲ့ ချူးကျူက ရုတ်တရက်ဆက်ပြောသည်။
“ မိန်းကလေးအယ်မူက သခင်မလေးကို အရမ်းတွေ့ချင်နေပါတယ်။ အတော်လေးအလျင်လိုနေပုံလည်းရပါတယ် “
လုလျန့်ဝေ ထိုအကြောင်းကြားတဲ့အခါ မည့်သည့်အကြောင်းအရာလဲဆိုတာကို ချက်ချင်းသိလိုက်သည်။
“ ရတယ်။ မနက်ဖြန်သွားတွေ့လိုက်မယ် “
အေးစက်နက်မှောင်နေသည့်အကျဉ်းထောင်။
ချန်ကျူပင်းသည် နံရံထောင့်ကိုကျောမှီထားသည်။ သူ့မျက်နှာတစ်ခုလုံးတွင် အနာဗရပွဖြစ်နေပြီး သူ့မိသားစု၏ဒေါသနှင့်အပြစ်တင်မှုတွေကို ရင်ဆိုင်နေသော်လည်း သူ့အပေါ်အကျိုးသက်ရောက်မှုရှိပုံမရပေ။
“ ငါတို့မိသားစုကနေ နင့်လိုလူ့အမှိုက်ကို ဘာလို့မွေးထုတ်မိတာပါလိမ့် “
“ ဒီကိစ္စတွေလုပ်နေတုန်း ငါတို့ကိုရောတွေးမိရဲ့လား။ ဘာဖြစ်သွားလဲဆိုတာ ကြည့်လိုက်ဦးလေ။ နင့်လုပ်ရပ်တွေကြောင့် မိသားစုတစ်ခုလုံးကိုဆွဲချသွားတာ “
မိသားစုဝင်အမျိုးသမီးတစ်ဦးက ရင်ဘတ်စည်တီးငိုသည်။
“ ငါတို့ဘာတွေများအမှားလုပ်မိခဲ့လို့လဲ “
“ ချန်ကျူပင်း၊ ဘာလို့ဒီအတိုင်းသေမသွားတာလဲ “
အန်တီလျုံမှ အကျဉ်းတန်းတွေကိုကိုင်ပြီး သူ(မ)ဘေးအကျဉ်းခန်းဘက်လှည့်ကာ သံကုန်ဟစ်အော်သည်။
သံတိုင်တွေသာခြားမထားပါက သူ(မ)ထိုအမှိုက်သရိုက်ကောင်နားကိုသွားပြီး တစစီဆွဲဆုတ်ပစ်မှာဖြစ်သည်။
သူ(မ)သမီးက အခုပျောက်ဆုံးနေတာဖြစ်ပြီး သူ(မ)ကတော့ တစ်စုံတစ်ယောက်ရဲ့အပြစ်ကြောင့် အကျဉ်းထောင်ထဲကို ဆွဲအခေါ်လာခံခဲ့ရသည်။ သူ(မ)မှာ ဘာကြောင့် ဒီလိုနုံချာတဲ့ဘဝမျိုးရှိနေရတာလဲ။
မြို့စားမင်းချန်ကတော့ အသက်အရွယ်အိုမင်းပြီး အင်အားချိနဲ့သည့်ပုံပေါ်သည်။ ဒီလိုသားကြောင့် သူ့မိသားစုတစ်ခုလုံး ဒီလိုအရှုပ်တော်ပုံထဲကျရောက်မည်ကိုသိပါက ချန်ကျူပင်းကို မွေးလာကတည်းက မသေမချင်းလည်ပင်းညှစ်သတ်ခဲ့မိမှာဖြစ်သည်။
မြို့စားမင်းချန်သည် စိတ်အတွင်းထဲမှဒေါသထွက်နေခဲ့သည်။ လွန်ခဲ့တဲ့ရက်တွေအတွင်းတွင် သူဖိနှိပ်ထားခဲ့သောအမျက်ဒေါသတွေဟာ အဆုံးမှာတော့ပေါက်ကွဲထွက်လာတော့သည်။
သူ ထရပ်ပြီး ထောင့်မှာထိုင်နေသောသူ့သားရှိရာသို့ လျှောက်သွားသည်။
“ ပြဿနာကောင်၊ မင်း ဘာလို့ဒီလိုဆိုးရွားပြီးစက်ဆုပ်စရာကိစ္စတွေကိုလုပ်ခဲ့ရတာလဲ “
မြို့စားမင်းချန်သည် ချန်ကျူပင်းကို ပြောဆိုနေရင်းဖြင့် ခြေနဲ့ကန်ဆောင့်သည်။
ချန်ကျူပင်းသည် ပြန်လည်မခုခံပေ။
သူသည် အမှန်တကယ်ပင် မိသားစုတစ်ခုလုံးကို ရှုပ်ထွေးအောင်လုပ်ခဲ့မိသည်။ အကယ်၍ တစ်စုံတစ်ယောက်ကများ သူ့ကို နောင်တရလားဟုမေးလာလျှင် သေချာပေါက် သူ နောင်တမရဘူးဟုဖြေလိမ့်မည်။
သူ့တစ်ဘဝတစ်လျှောက်လုံးတွင် လုယွင်ရွှမ်းကိုသာ စောင့်ရှောက်ပေးချင်သည်။ သူ(မ)သာဘေးကင်းမည်ဆိုပါက ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိသည်။
မြို့စားမင်းချန်သည် သူ့သားတစ်ကိုယ်လုံးဒဏ်ရာတွေပြည့်နှက်သွားသည့်အခါမှရပ်လိုက်သည်။
သူတို့မိသားစုသည် တောက်ပသည့်နေ့ရက်များကို စံစားနေရမည်ဖြစ်သော်လည်း သူ့သား၏အမှားဖြစ်သည့် အပြစ်မဲ့လူတွေရဲ့အသက်ကိုထိပါးခဲ့မှုတွေကြောင့် ကျရှုံးသွားရပြီဖြစ်သည်။
မြို့စားမင်းသည် အသက်လေးဆယ်ကျော်မျှသာရှိသေးသော်လည်း အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော်အဘိုးအိုတစ်ယောက်ကဲ့သို့ ရုပ်ကျသွားသည်။ သူ့မျက်နှာသည် မျှော်လင့်ချက်ကင်းမဲ့ပြီး ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသည်။
ထိုအချိန်တွင် အကျဉ်းထောင်အပြင်ဘက်မှ ခြေသံတွေကိုကြားလိုက်ရသည်။ သိပ်မကြာခင်မှာဘဲ ခြေသံတို့က အကျဉ်းခန်းနားရောက်လာပြီး အသံရပ်သွားသည်။
“ ဒုတိယသခင်မလေးလု၊ ချန်ကျူပင်းကို ဒီမှာအကျဉ်းချထားတာပါ “
အကျဉ်းစောင့်တပ်သား၏အသံက ထက်သန်စွာထွက်လာသည်။