← Chapters

စိတ်ဝိညာဉ်သုံးခု ပြန်လာခြင်း…

Vol. 130 Ch. 1799

စိတ်ဝိညာဉ်သုံးခု ပြန်လာခြင်း…

Vol. 130 Ch. 1799

ငါးခုမြောက်အပိုင်းအစမှာ အစိမ်းရောင်ရှိ၏။ ထိုအစိမ်းရောင်အလင်းက အကိုင်းအခတ်များနှင့် သစ်ပင်တစ်ပင်ကို ကိုယ်စားပြုပေသည်။ ထိုအစိတ်အပိုင်းမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ပင်ကိုယ်စရိုက်ကနေ ဖြစ်ပေါ်လာခြင်းတည်း။ ထိုစိတ်ဝိညာဉ်က သေမျိုးဖြစ်ပါက ကလေးများစွာ ရှိလိမ့်မည်။ ကျင့်ကြံသူတစ်ယောက် ဖြစ်ပါက သူ့ကျင့်ကြံမှုအဆင့်သည် မမြင့်မားသော်လည်း ကိုယ်ပွားများနှင့် အတော်လေး တော်သူ ဖြစ်လာမည်။

ထိုစိတ်ဝိညာဉ်က အစိမ်းရောင်များ ဖုံးနေ၏။ ၎င်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ ဝင်ရေက်သွားစဉ် ဝမ်လင်းက ၎င်းအတွင်းရှိ ပုံရိပ်ကို မြင်လိုက်ရ၏။

“တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်…။ သူပဲကို…”  ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

ခြောက်ခုမြောက်အပိုင်းအစက မဲနယ်ရောင် ဖြစ်၏။ မဲနယ်က ခံစားချက်နှစ်မျိုးကို ပေးစွမ်း၏။ တစ်ခုက ရေကဲ့သို့ ညင်သာက ကျန်တစ်ခုက ရေခဲကဲ့သို့ အေးစက်သည်။

ထိုမဲနယ်ရောင်အစိတ်အပိုင်းသည် ကောင်းကင်ဘုံအုပ်စိုးသူ၏ ချစ်ခြင်းတရားကြောင့် ဖြစ်ပေါ်လာခြင်းပင်။ သူ့ထံ၌ ကိုယ်လုပ်တော်များစွာ ရှိသော်လည်း တာအိုလက်တွဲဖော်ကမူ တစ်ယောက်သာ ရှိ၏။ သူမက ဖန်ရှန်မင်ပင်။

ခြောက်ခုမြောက်အပိုင်းအစ၌ အချစ်နှင့်ပတ်သတ်၍ ရှုပ်ထွေးသော ခံစားချက်များ ပါဝင်သည်။ သူက ဖန်ရှန်မင်ကို ချစ်လည်း ချစ်သလို မုန်းလည်းမုန်းမိ၏။ အချစ်နှင့်အမုန်းကြောင့် ခြောက်ခုမြောက်စိတ်ဝိညာဉ်သည် တခြားစိတ်ဝိညာဉ်များနှင့် ကွာခြားပေသည်။

ခြောက်ခုမြောက်အပိုင်းအစမှာ အမျိုးသားတစ်ယောက် မဟုတ်ပေ။ အမျိုးသမီးတစ်ယောက် ဖြစ်၏။

ထိုအမျိုးသမီးထံမှ အော်ရာက ဝမ်လင်း၏စိတ်နှလုံးကို မတည်ငြိမ်နိုင် ဖြစ်စေ၏။ သူက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်မှုတို့ ပြည့်နှက်နေသည်။ သူက သူမသည် ခုနစ်ရောင်စုံကော်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်အပိုင်းအစခုနစ်ခုထဲမှ တစ်ခု ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။

ထိုခြောက်ခုမြောက်အစိတ်အပိုင်း ပျောက်ကွယ်သွားသည့်အခါ ဝိုးတဝါးပုံရိပ် လှစ်ဟပေါ်၏။ ထိုပုံရိပ်သည် မထူးခြားနားဟန်နှင့် နူးညံ့ဟန်တို့ ပါဝင်သည်။

ဝမ်လင်း၏မျက်နှာသည် ဖြူရောသွား၏။ သူက ထိုပုံရိပ်ကို သိပေသည်။ သူသည် ဤသည်က အမှန်ဖြစ်သည်ဟု မယုံကြည်ဝံ့ ဖြစ်ရသည်။  “မူပင်းမေ…”

မူပင်းမေက နူးညံ့မှုနှင့် အေးတိအေးစက်ကြားတွင် တည်ရှိသူတစ်ယောက်ပင်။ သူမ၏ဘဝက မည်မျှပင် ပြန်လည်မွေးဖွားပါစေ အတူတူသာ။ ဝမ်လင်းနှင့် ပတ်သတ်မှု၌ သူမကြား ပတ်သတ်မှုကို ရှုပ်ထွေးသောဆက်ဆံရေးဟူသော စကားဖြင့်သာ ဖော်ပြနိုင်ပေလိမ့်မည်။

အစိတ်အပိုင်းခုနစ်ခုက တစ်ခုချင်းစီ ကွဲထွက်သွားကြပြီ။ ယင်းတို့သည် တစ်ခုနှင့်တစ်ခုကြား ချိတ်ဆက်မှု ရှိကြသော်လည်း ၎င်းမှာ အလွန်အားပျော့သည်။ အဓိကစိတ်ဝိညာဉ်သုံးခု ပေါင်းစပ်ခြင်း မပြုပါက ထိုအစိတ်အပိုင်းခုနစ်ခုသည် ကွဲကွဲပြားပြား တည်ရှိကာ တခြားလူများကဲ့သို့ပင် ဆက်တိုက် ပြန်လည်မွေးဖွားနေမည်ပင်။

ခုနစ်ခုမြောက်အစိတ်အပိုင်းက ခရမ်းရောင်ရှိ၏။ အစွန်းရောက်သော အရောင်ပင်။ ခုနစ်ခုမြောက်စိတ်ဝိညာဉ်က ခုနစ်ရောင်စုံ ကောင်းကင်ဘုံအုပ်စိုးသူ၏ ဒေါသနှင့် ရူးသွပ်မှု ဖြစ်၏။

သူက ကောင်းကင်ကို မုန်းတီးသည်။ မြေပြင်ကို မုန်းတီးသည်။ အမျိုးသမီးများကို ချစ်ခင် ရသည်ကို မုန်းတီးသည်။ သူ့ဘဝက လှပကောင်းလှပနိုင်၏။ သို့ပေမည့် သူသည် ပျက်စီးသည့်အချိန်ထိ နာကျင်ရမည့်သူပင်။ သူ့ဒေါသက ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ထိုစိတ်ဆန္ဒတို့က ခုနစ်ခုမြောက်အစိတ်အပိုင်း ဖြစ်လာခဲ့သည်။

ထိုအစိတ်အပိုင်းက ပထမဆုံး ပျောက်ကွယ်သွားသော အစိတ်အပိုင်း ဖြစ်ကာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ဒေါသနှင့်ရူးသွပ်မှုတို့ဖြင့် ပြည့်ဖုံးနေ၏။ ဝမ်လင်းက သည်စိတ်ဝိညာဉ်အတွင်းရှိ ပုံရိပ်ကို မြင်နိုင်စွမ်း မရှိပေ။

သို့ပေမည့် သူက သည်ခုနစ်ခုမြောက်စိတ်ဝိညာဉ်ကို အရင်တုန်းက တွေ့ဆုံခဲ့ဖူးသလို ခံစားမိ၏။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လှ၏။ အစိတ်အပိုင်းခုနစ်ခု ပျောက်ကွယ်သွားကြပြီ။  ဝမ်လင်း ခံစားနေရသော တုန်လှုပ်မှုက အစစ်အမှန်တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်းထက် အားမနည်းပေ။

အစိတ်အပိုင်းခုနစ်ခု ပြန့်ကြဲ ပျောက်ကွယ်သွားပြီးနောက် စိတ်ဝိညာဉ်သုံးခု ပေါ်လာ၏။ ယင်းတို့က မတူညီသောနေရာသုံးခုထံ ကွဲထွက်သွားသည်။ တစ်ခုက ပြင်းထန်သောခုနစ်ရောင်စုံအလင်းကို ပေးစွမ်းကာ နောင်နှစ်ပေါင်းများစွာ ကြာလာလျှင် ပြင်ပနယ်မြေဖြစ်လာမည့် အရပ်သို့ ဦးတည်သွားသည်ဟု ထင်ရ၏။

သူသည် ခုနစ်ရောင်စုံတာအိုသခင် ဖြစ်လာလိမ့်မည်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ မန္တာန်များကို ဆက်ခံထားသော ခုနစ်ရောင်စုံတာအိုသခင် ဖြစ်လာလိမ့်မည်။

ဒုတိယစိတ်ဝိညာဉ်က ဆန့်ကျင်ဘက်အရပ်သို့ သွားကာ ပြန်လည်မွေးဖွားခြင်းထဲ ဝင်ရောက်၏။ မရေမတွက်နိုင်သော ပြန်လည်မွေးဖွားခြင်းများ ကြုံရပြီးနောက် ၎င်းက အလုံးစုံကောင်းကင်၌ သာမန်သားရဲတစ်ကောင် ဖြစ်လာခဲ့သည်။

သူ့မှတ်ဉာဏ်က တဖြည်းဖြည်း နိုးထလာ၏။ သူ လုံးဝ နိုးထလာသည့်အခိုက်တွင် သေအံမူးမူး အဘိုးအိုတစ်ယောက်က သူ ရှိနေသော ဂြိုဟ်ပေါ်သို့ ဝင်ဆောင့်လာ၏။ ထိုအဘိုးအိုက တစ္ဆေအိုကြီးကျန့်ပင်။

သူက သူ့ဆန်းကြယ်ဒုက္ခကို ဖြတ်ကျော်ရာ၌ ကျရှုံးခဲ့သဖြင့် သူ၏ခန္ဓာကိုယ်သည် ဆွေးမြေ့ကာ သူ့မူလစိတ်ဝိညာဉ် ပျက်စီးသွားသည်။ သူ သေအံ့ဆဲဆဲအချိန်တွင် နာကျင်စွာ အပြုံးတစ်ခုကို ထုတ်ဖော်၏။ သူက ထူးဆန်းသောသားရဲတစ်ကောင်က သူ့ကို ကြည့်ကာ သူ့ထံ ခုန်အုပ်ဝင်လာသည်ကို မြင်လိုက်ရသည်။

၎င်းမှာ တစ္ဆေအိုကြီးကျန့် ရရှိခဲ့သော မိုးလောက်ကြီးမားသော ကံကောင်းမှုပင်။ ဝမ်လင်းက ဤသည်ကို တွေ့မြင်လိုက်ရ၏။

သူက တတိယစိတ်ဝိညာဉ်ကိုလည်း မြင်သည်။ တတိယစိတ်ဝိညာဉ်က ပိုဝေးသောနေရာထိ ပျံသန်းသွားကာ မိုးကုပ်စက်ဝန်းဆီ ဦးတည်သွားသည်။ ဝမ်လင်းသည် တုံ့နှေးမနေဘဲ ချက်ခြင်းပင် ၎င်းနောက်သို့ အမြန်လိုက်သည်။

ဤသည်က သူ့အနေဖြင့် ၎င်းနောက်သို့ ဒုတိယအကြိမ်လိုက်လံခြင်းပင်။ သည်တစ်ကြိမ်၌ ခုနစ်ရောင်စုံတာအိုသခင် သို့မဟုတ် တခြားတစ်ယောက်ယောက်က သူ့ကို မနှောက်ယှက်နိုင်တော့ပေ။  သူက ထိုတတိယစိတ်ဝိညာဉ်က မည်သူဖြစ်သည်ကို ရှာရမည်။

ဝမ်လင်းသည် တတိယစိတ်ဝိညာဉ် ပျောက်ကွယ်သွားသည့် နေရာကို ခံစားမိနိုင်၏။

ထိုတတိယစိတ်ဝိညာဉ်က ဆင့်ခေါ်ခြင်းမြစ်ကို ဖြတ်ကျော်ကာ တောက်ပသောလေဟာနယ်ထိ ပျံသန်း၏။ ၎င်းက တောက်ပသောလေဟာနယ်၌ အရှိန်လျော့ကျသွားကာ ပြန်လည်မွေးဖွားမည့် နေရာတစ်ခုခုကို ရှာဖွေနေသည့်အလား။

ဝမ်လင်းသည် ၎င်းနောက်သို့ အမြန်နှုန်းအပြည့်ဖြင့် လိုက်ပါနေကာ မှီရုံသာ ရှိသည်။ သူက တတိယစိတ်ဝိညာဉ်ကို ကြည့်၏။ သို့သော် ၎င်းအတွင်း၌ မည်သည့်ပုံရိပ်ကိုမျှ မမြင်ရပေ။ ၎င်းက တခြားစိတ်ဝိညာဉ်နှစ်ခုနှင့် ကွာခြားသည်မှာ သိသာ၏။ ၎င်းက ပြန်လည်မမွေးဖွားခင် မည်သည့်ပုံပန်းသွင်ပြင်မှ မရှိလေပေ။

တတိယစိတ်ဝိညာဉ်က စွန့်ပစ်ခံဂြိုဟ်တစ်ခုအပြင်၌ ခဏရပ်သွား၏။ သို့ပေမည့် အဆုံးသပ်၌ ၎င်းက ထိုနေရာကို မရွေးချယ်ဘဲ ကျော်၍ ပျံသန်းသွားသည်။

အချိန်မည်မျှ ကြာပြီးမှန်း မသိသည့်နောက် ဝမ်လင်းက တတိယစိတ်ဝိညာဉ်နောက်သို့ လိုက်ပါနေဆဲသာ။ တတိယစိတ်ဝိညာဉ်က တောက်ပသောလေဟာနယ်ကို တပတ်ပတ်ပြီးနောက် ၎င်းက ရုတ်တရက် အမြန်နှုန်းတင်ကာ တိမ်ပင်လယ်ထံ ဦးတည်သွားတော့သည်။

ဝမ်လင်း၏မျက်လုံးတို့က တောက်ပလာ၏။ အတိတ်တုန်းက ခုနစ်ရောင်စုံတာအိုသခင်က တတိယစိတ်ဝိညာဉ်သည် တောက်ပသောလေဟာနယ်အတွင်းသို့ ဝင်ရောက်သွားသည်ကိုသာ တွေ့မြင်ခဲ့ပြီး ၎င်း တိမ်ပင်လယ်ထံသို့ ဆက်၍ ဝင်ရောက်ခဲ့သည်ကို လုံးဝ မတွေ့ခဲ့ချေ။ အကြောင်းမှာ ထိုစဉ် ဝမ်လင်းကြောင့် သူ နိုးထလာခဲ့ရခြင်းကြောင့် ဖြစ်၏။

သို့ပေမည့် ဝမ်လင်းက ထိုအကြောင်းကို တွေးမိသည့်အခါ သူ့စိတ်ထဲ၌ ရုတ်တရက် စိမ့်ခနဲ ခံစားမိလိုက်၏။ ထိုစိမ့်ခနဲအတွေးက သူ့စိတ်ထဲတွင် ပေါ်လာသော အတွေးတစ်ခုကြောင့်ပင်။

“တတိယစိတ်ဝိညာဉ်ဟာ တောက်ပသောလေဟာနယ်ကို လှည့်ပတ်နေခဲ့တာဟာ ၎င်းက တစ်ခုခုကို ရှာနေတဲ့ပုံမျိုးပဲ။ ဒါမှမဟုတ် ခုနစ်ရောင်စုံတာအိုသခင် ၎င်းနောက် လိုက်လာတာကို သိလို့များ ရည်ရွယ်ချက်ရှိရှိ တောက်ပသောလေဟာနယ်မှာ အချိန်ဆွဲခဲ့တာလား…”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက ထိုအတွေးသည် အဓိပ္ပာယ်မရှိသည်ကို ခံစားမိသည်။

တတိယစိတ်ဝိညာဉ်က တိမ်ပင်လယ်ထဲသို့ ပျံသန်းဝင်လာပြီး အရိုင်းဆန်ဆန်ဂြိုဟ်တစ်လုံးထဲသို့ ဝင်ရောက်သွား၏။ ဝမ်လင်း ရောက်လာပြီး ထိုဂြိုဟ်ကို ကြည့်သည်။

အချိန်ကုန်လွန်လာသည်။ တနေ့တွင် ထိုဂြိုဟ်က ပျက်စီးပြီး အဘက်ဘက်သို့ ပြန့်ကြဲသွားခဲ့၏။ အပျက်အစီးအမှုန့်အမွှားများသည် ပျံ့နှံ့ကာ ၎င်းဂြိုဟ်ကို ဝန်းရံသည်။ အစိတ်အပိုင်းတစ်ခုပေါ်၌ စပါးအုံးမြွေတစ်ကောင် သေနေပြီး အလင်းတန်းအဖြစ် ကြယ်အဖွဲ့အစည်းအတွင်းသို့ ပျံသန်းသွားချေသည်။

ဝမ်လင်းက တုန်လှုပ်သွားမိ၏။ သူက မြန်နှုန်းပြည့် လှုပ်ရှားကာ ထိုအလင်းတန်းနောက်သို့ လိုက်၏။ သူက တတိယစိတ်ဝိညာဉ်၏ ပြန်လည်မွေးဖွားခြင်း အရိပ်အယောင်များကို ရှာတွေ့သည်။ ခုချိန်၌ သူက တတိယစိတ်ဝိညာဉ်က မည်သူအဖြစ် ပြန်လည်မွေးဖွားသည်ကို သူ လိုက်ရှာရမည်။

ဝမ်လင်းက ကြယ်အဖွဲ့အစည်းလေးခုကို ဖြတ်၍ တတိယစိတ်ဝိညာဉ်နောက် လိုက်နေသည်မှာ အချိန်မည်မျှကြာသွားမှန်းပင် မသိရတော့ပေ။ သူက တတိယစိတ်ဝိညာဉ် ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားနေသည်ကို မြင်သည်။ တစ်ခါ ပြန်လည်မွေးဖွားခြင်း၌ တတိယစိတ်ဝိညာဉ်သည် သေမျိုးပညာရှိတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုပညာရှိက ဇွဲနပဲဖြင့် စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီး အရာရှိတစ်ယောက် ဖြစ်လာခဲ့သည်။ သူ အိုမင်း၍ သေဆုံးသွားပြီးနောက် ၎င်းစိတ်ဝိညာဉ်က နောက်ထပ် ပြန်လည်မွေးဖွားခြင်းသို့ ပျံသန်းဝင်ရောက်သည်။

သည်တစ်ကြိမ်၌ တတိယစိတ်ဝိညာဉ်က မိုးထိမြင့်မားသော မျှော်စင်အဖြစ် ပြန်မွေးဖွား၏။ သည်နှစ်ပေါင်းတစ်ထောင်အတွင်း ၎င်းက သစ်စေ့ဘဝကနေ ကြီးထွားလာခဲ့ပြီး သွေ့ခြောက်ကာ သေဆုံးသွားခဲ့သည်။

သည်တစ်ကြိမ်၌ ၎င်းက ကျင့်ကြံသူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားသည်။ ထိုကျင့်ကြံသူ၏အဆင့်မှာ မမြင့်မားပေ။ သူက သူ့တဘဝလုံး အမြုတေဖွဲ့စည်းခြင်းအဆင့်သို့သာ ရောက်နိုင်ခဲ့၏။ ထို့နောက် သက်တမ်းကုန်ဆုံး၍ သူ သေဆုံးသွားသည်။

အချိန်သည် ဆက်လက်စီးဆင်းနေကာ တတိယစိတ်ဝိညာဉ်က တောက်ပသောလေဟာနယ်ရှိ ဂြိုဟ်တစ်ခုပေါ်၌ ပြန်လည်မွေးဖွားရန် ရွေးချယ်သည်။ သည်ဂြိုဟ်မှာ အတော်ရင်းနှီးပုံ ပေါ်သည်။ ၎င်းက ဟင်္သာပြဒါးဂြို ဖြစ်နေသဖြင့် ဝမ်လင်းသည် တုန်လှုပ်သွားမိသည်။

ဝမ်လင်းက ထိုဂြိုဟ်ကို တွေ့မြင်သည့်အခါ သူ့စိတ်သည် တုန်ယင်သွား၏။ သူက ဒီပြန်လည်မွေးဖွားခြင်း၏ အဆုံးသပ်ကို မသိသော်လည်း သူ ဟင်္သာပြဒါးဂြိုဟ်ကို မြင်လိုက်ရသည့်အခါ၌ တစ်ခုခုကို ဝိုးတဝါး ခန့်မှန်းမိသွားသည်။

တတိယစိတ်ဝိညာဉ်က ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ သေမျိုးတစ်ယောက်အဖြစ်သို့ ပြောင်းသွားသည်။ ထိုသေမျိုးက မကျင့်ကြံပေ။ သို့ပေမည့် သူ့ဘဝက အလွန်တောက်ပခဲ့၏။ သူက ကျောက်နိုင်ငံ၏ မဟာပညာရှိ ဖြစ်လာခဲ့သည်။ သူ့အမည်မှာ စုတောက်ပင်။

ဝမ်လင်းသည် သူ့ကိုယ်သူ မမြင်ပေ။ သို့သော် သူ့ခေါင်းထဲရှိ တုန်လှုပ်မှုက လှိုင်းထန်နေပေပြီ။ သူက ထိုစုတောက်သည် သူ့အိပ်မက်တာအိုအတွင်း၌ ဘာကြောင့် ပေါ်လာခဲ့သည်ကို မသိပေ။ စုတောက်က သူ့ကို အိပ်မက်တာအိုထဲ၌ တပည့်အဖြစ် ဘာကြောင့် လက်ခံခဲ့သည်ကို မသိပေ။

သူတို့နှစ်ယောက်ကြား၌ ကံမ္မစက်ဝန်းတစ်ခု ရှိနေသည့်အလား။ သို့ပေမည့် ဝမ်လင်းသည် ထိုကံမ္မအကြောင်းရင်းကို ရှာမတွေ့နိုင်ဘဲ သူက ကံမ္မအကျိုးဆက်ကိုသာ မြင်နိုင်ခဲ့သည်။

သူ၏ကံမ္မက မူလတည်းက ပြီးပြည့်စုံနေပြီ ဖြစ်၏။ သို့သော် သူက တတိယစိတ်ဝိညာဉ် စုတောက်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့မြင်သည့်အခါ သူ စိတ်ရှုပ်ထွေးမိလာသည်။

သူ စိတ်ရှုပ်ထွေးနေစဉ်အတွင်း သူက စုတောက်သည် ပြုံး၍ အသက်အရွယ်ကြောင့် အိုမင်းသေဆုံးသွားသည်ကို တွေ့မြင်သည်။ သူ သေသွားပြီးနောက် တတိယစိတ်ဝိညာဉ်သည် ပျံသန်းထွက်ကာ ဦးတည်ရာ ပြောင်းသွားပြန်သည်။ သည်တစ်ကြိမ်၌ ၎င်းက အလုံးစုံကောင်းကင်သို့ ဦးတည်သည်။

ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်၏။ သူက တဖြည်းဖြည်း နောက်ဆုံးပြန်လည်မွေးဖွားခြင်းနှင့် နီးကပ်လာပေပြီ။

သူသည် အလုံးစုံကောင်းကင်သို့ ဝင်ရောက်သွားသော တတိယစိတ်ဝိညာဉ် နောက်လိုက်လာ၏။ ထိုစိတ်ဝိညာဉ်သည် ဂြိုဟ်တစ်ခုပေါ်ရှိ မြစ်တစ်မြစ်အတွင်း ငါးတစ်ကောင် ဖြစ်လာသည်။ ထိုဂြိုဟ်ကို ချင်းလင်ဂြိုဟ်ဟု ခေါ်သည်။

ထိုငါးသည် ကြီးထွားလာကာ မြစ်ထဲ၌ ကူးခတ်သည်။ ၎င်း၏ တဘဝလုံးကို ဒီမြစ်ထဲ၌ ကူးခတ်ရင်း သေဆုံးလေမည်။

သို့ပေမည့် ဝမ်လင်းကို အာရုံစိုက်မိသွားစေသည်က ထိုတတိယစိတ်ဝိညာဉ်သည် အတိတ်တုန်းကကဲ့သို့ သည်ဂြိုဟ်ကနေ မထွက်သွားခဲ့ခြင်းပင်။ ထိုအစား ၎င်းက မြစ်ထဲရှိ နောက်ထပ် ငါးတစ်ကောင်အဖြစ်သို့ သေဆုံးပြီးနောက် ပြန်မွေးဖွားသည်။

ထပ်ခါထပ်ခါဖြင့် ၎င်းက ဒီမြစ်အတွင်း၌သာ ပြန်လည်မွေးဖွားဖို့ ရွေးချသည်။ ၎င်းက တစ်ခုခုကို စောင့်နေသည့်အလား။ ထိုထူးဆန်းသောဖြစ်စဉ်က ဝမ်လင်းကို သူနှင့် ရင်းနှိးသော ဒီချင်းလင်ဂြိုဟ်ကို ကြည့်၏။ သူ့ထံ၌ ခန်မှန်းချက်တစ်ခု ခပ်ရေးရေး ရှိနေလေပြီ။

ဝမ်လင်းက ထိုတတိယစိတ်ဝိညာဉ် ဒီမြစ်ထဲရှိ ငါးအဖြစ် အကြိမ်ရာချီ ပြန်မွေးဖွားသည်ကို စောင့်ကြည့်နေသည်။ နောက်ဆုံး ပြန်လည်မွေးဖွားစဉ်အတွင်း ငါးဖမ်းသမားတစ်ယောက်က ငါးဖမ်းနေ၏။ ထိုငါးက ကွန်တစ်ချက် ပစ်လိုက်ရာ တတိယစိတ်ဝိညာဉ်အဖြစ် ငါးကို ဖမ်းမိသွားသည်။ ထိုငါးသမားက ရယ်မောကာ ၎င်းငါးကို ဆွဲငင်ယူလိုက်သည်။

သူ ဒီမြစ်အတွင်း၌ အကြိမ်ရာချီ ပြန်လည်မွေးဖွားနေသည်မှာ ဒီငါးဖမ်းသမားကို စောင့်ဆိုင်းနေသည့်အလား ထင်ရသည်။

“နင်ဇီက ကလေးမွေးတော့မှာ…။ ဒီနေ့တော့ ငါ ဒီတစ်ကောင်ပဲ ဖမ်းပြီး အိမ်ပြန်တော့မယ်…”

All Chapters