← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 10 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 10 Ch. 454-456

အပိုင်း (၄၅၄)

အနာဂတ်ဧကရီအပေါ်ရိုင်းပျသည့်အပြုအမူ။

ချန်ကျူပင်းသည် အကျဉ်းထောင့်တွင် ငေးမှိုင်မှိုင်ထိုင်နေရင်းမှ ထိုအသံကြားသည့်အခါ ခေါင်းကိုမော့လာသည်။

သူထင်ထားသည့်အတိုင်း အကျဉ်းခန်းရှေ့တွင် လူတစ်စုနှင့်အတူ မိန်းကလေးငယ်လေးတစ်ဦးဖြစ်သည့် လုလျန့်ဝေကရပ်နေသည်။

ချန်ကျူပင်းသည် လုလျန့်ဝေကိုမြင်သည့်အခါ သိသိသာသာဖြင့်လူသတ်ချင်သည့်အကြည့်နှင့် သူ(မ)ကိုကြည့်သည်။ ရုတ်တရက်ထရပ်ပြီး သူ့ရှေ့မှ သတ္တုအကျဉ်းခန်းတံခါးသို့ ပြေးသွားသည်။

“ လုလျန့်ဝေ “

အရင်ကကဲ့သို့ ချောမော၊ တည်ကြည်သည့်အသွင်အပြင်မရှိတော့ဘဲ အတော်လေးဖရိုဖရဲဖြစ်နေကာ သူ(မ)ရှေ့တွင်ပေါ်လာသည့်ယောက်ျားကိုကြည့်ပြီး လုလျန့်ဝေနှာခေါင်းရှုံ့လိုက်သည်။

“ ချန်ကျူပင်း၊ အကျဉ်းသားအဖြစ်နေရတာ ဘယ်လိုနေလဲ “

ချန်ကျူပင်းကို လက်ထိပ်ခတ်ထားကာ ဖြုတ်ဖို့ရုန်းကန်ပါက အသံစူးစူးထွက်လာပေလိမ့်မည်။

“ လုလျန့်ဝေ၊ အဆိပ်ပြင်းတဲ့မိန်းမ။ မင်း ဒီကိုလာရဲသေးတယ်ပေါ့ “

“ ကျွန်မ သွားချင်တဲ့ဘယ်နေရာဆို သွားလို့ရတယ်။ ရှင်က ဘာလုပ်နိုင်မှာမလို့လဲ။ ရှင်ကတော့ အကျဉ်းထောင်ထဲရောက်နေတာတောင် ဒီလိုရူးနှမ်းနှမ်းလုပ်ရပ်တွေ ဆက်လုပ်နေတာဘဲ။ အခု ရှင်က ရှင့်မိသားစုကို အစွန်းတစ်ခုရောက်အောင်တွန်းပို့လိုက်တာတောင် နောင်တရပြီး အမြင်ကျယ်မယ်မရှိဘူး။ ချန်ကျူပင်း၊ ရှင်က တကယ်ကို မကောင်းတဲ့အမှိုက်သရိုက်ဘဲ “

ချန်ကျူပင်းသည် သူ(မ)ကို စူးရဲပြီးကြောက်စရာကောင်းစွာ စိုက်ကြည့်နေသည်။ သတ္တုတန်းတွေသာ သူ့ကိုကာဆီးမထားပါက လုလျန့်ဝေကို အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲပစ်လိမ့်မည်ဖြစ်သည်။

“ လုလျန့်ဝေ၊ မြွေဆိပ်လိုမိန်းမ။ မင်းက လုယွင်ရွှမ်းကို နာကျင်အောင်လုပ်ရုံနဲ့အားမရဘဲ ကိုယ်ဝန်ပျက်ကျအောင်ပါလုပ်ခဲ့သေးတာလေ။ မင်းက သေဖို့ဘဲထိုက်တန်တယ် “

“ ဒါပေါ့၊ ကျွန်မ ဘာလုပ်ခဲ့လဲဆိုတာကို ကျွန်မကောင်းကောင်းကြီးသိတာပေါ့။ ဒါပေမဲ့ ရှင်ကတော့ မကောင်းတာတွေအများကြီးလုပ်ခဲ့တာတောင်မှ အပြစ်ဝန်ခံဖို့ငြင်းဆန်နေတာလေ။ ရှင်နဲ့ တိရစ္ဆာန်နဲ့ ဘာကွာတော့လို့လဲ။ ရှင် လုယွင်ရွှမ်းရဲ့ပြစ်မှုတွေကို ကိုယ်စားခံပေးရုံနဲ့ ဒီကိစ္စတွေအားလုံးပြီးသွားမယ်လို့မထင်လိုက်နဲ့ “

ထိုအချိန်တွင် လုလျန့်ဝေပြန်မဖြေခင်မှာဘဲ ဘေးနားတွင်ရပ်နေသော အကျဉ်းစောင့်တပ်သားက သူ့ကိုချက်ချင်းရိုက်လိုက်သည်။

“ အတင့်ရဲလှချည်လား။ ဒုတိယသခင်မလေးလုကို ဒီလိုရိုင်းပြရဲတယ်ပေါ့။ မင်းက သေချင်နေတာဘဲ “

အဲ့လိုဖြင့် ထိုအစောင့်မှ ချန်ကျူပင်းကို အတော်ကြာတဲ့အထိ မညှာမတာရိုက်နှက်နေခဲ့သည်။

ချန်ကျူပင်း၏ခြေနှင့်လက်များကို ချုပ်နှောင်ထားသည့်အတွက် သူ့အပေါ်ကျရောက်လာသည့်ရိုက်ချက်များကို မရှောင်တိမ်းနိုင်ပေ။ မြေပေါ်သို့လဲကျသွားရသည်။

ထို့ကြောင့်အကျဉ်းစောင့်မှ အခွင့်အရေးကိုယူပြီး အနာဂတ်ဧကရီ ကျေနပ်စေရန် ဆောင်ရွက်ပေးသည်။

လုလျန့်ဝေသည် ထိုမြင်ကွင်းကို အေးစက်စွာကြည့်နေရင်း တုန်လှုပ်ခြင်းလည်းမရှိပေ။ သို့ပေမဲ့ သူ(မ)ဘေးတွင်ရပ်ကာ သတ္တုတန်းကို လက်ဖျားမှာသွေးရောင်မရှိတော့သည်အထိ တင်းကျပ်စွာကိုင်ရင်း တုန်လှုပ်နေသည့် ကောင်မလေးငယ်ငယ်လေးတစ်ယောက်ကိုတွေ့သည့်အခါမှ လုလျန့်ဝေ အစောင့်ကိုတားလိုက်သည်။

“ တော်ပြီ။ သွားလို့ရပြီ “

အကျဉ်းစောင့်သည် နောက်ဆုံးမှာတော့ရပ်လိုက်ကာ ခေါင်းငြိမ့်ပြပြီး လုလျန့်ဝေကို အရိုအသေပေးလိုက်သည်။

ထို့နောက် အကျဉ်းစောင့်သည် အပြင်သို့ထွက်သွားသည်။

ချန်ကျူပင်းသည် မြေပေါ်မှာလဲနေပြီး တစ်ကိုယ်လုံးသွေးတွေရွှဲနေကာ သေလုဆဲဆဲဖြစ်နေသည်။

လုလျန့်ဝေသည် သူ့ကိုထပ်ပြီးမကြည့်ချင်သော်လည်း ကြည့်ကာပြောလိုက်သည်။

“ ချန်ကျူပင်း၊ ရှင် လုယွင်ရွှမ်းကို အတော်လေးချစ်တာ ကျွန်မသိပေမဲ့ ရှင်က အရမ်းကို ရူးသွပ်လွန်းအားကြီးနေပြီ။ ရှင့်ကိုအသုံးချနေတာတောင် ရူးမိုက်မိုက်နဲ့ခွင့်ပြုပေးပြီး အမှန်တရားကို မျက်ကွယ်ပြုပေးနေတယ်။ သနားစရာဘဲ၊ သေခြင်းတရားက ရှင့်ရှေ့ရောက်နေပြီကိုတောင်မှ ရှင်က သူ(မ)ပြစ်မှုတွေကို လိုလိုလားလားကြီး ဖုံးကွယ်ပေးဖို့လုပ်နေတုန်း။ ဝမ်းနည်းပြီး သနားစရာကောင်းတယ် “

ချန်ကျူပင်းသည် သေလုမြောပါးဖြစ်နေသော်လည်း ထိုစကားကိုကြားတဲ့အခါ စိတ်ကြွလာပြီး လုလျန့်ဝေကိုပြောလိုက်သည်။

ချန်ကျူပင စကားဆက်မပြောနိုင်ခင်မှာဘဲ အေးစက်တဲ့အလင်းရောင်နဲ့ ချွန်ထက်နေတဲ့ဓားသွားက သူ့လည်ချောင်းပေါ်ရောက်လာသည်။

အနာဂတ်ဧကရီကို စော်ကားရိုင်းပျတဲ့အပြုအမူအတွက် ပြစ်ဒဏ်သည် သာမန်သေဒဏ်လောက်ဖြင့် မလုံလောက်ပေ။

လုလျန့်ဝေသည် ချူးကျူပုခုံးကိုပုတ်ပြီး ပြုံးကာ ချန်ကျူပင်းကိုကြည့်လိုက်သည်။

“ ကျွန်မကိုသတ်ဖို့မစောင့်နိုင်တော့ဘူး၊ ဟုတ်တယ်မလား။ စိတ်မကောင်းစရာဘဲ၊ ရှင် အဲ့လိုအခွင့်အရေးမျိုး ဘယ်တော့မှရမှာမဟုတ်တော့ဘူး “

အပိုင်း (၄၅၅)

သူ(မ)ကို နောက်တစ်ကြိမ်ကြည့်ဖို့တောင် ရွံရှာတယ်။

ချန်ကျူပင်းမျက်ဝန်းထဲတွင် အသူတရာချောက်တစ်မျှနက်ရှိုင်းတဲ့အမုန်းတရားတို့က ပွက်ပွက်ဆူနေသည်။

အဲ့ဒီမြွေဆိပ်နဲ့မိန်းမ။

လုလျန့်ဝေသည် သူ့မျက်လုံးထဲမှ အမုန်းအာဃာတတို့ကိုမြင်ပြီး သိချင်စိတ်ဖြစ်လာသည်။

“ ကျွန်မ သိချင်တာလေးရှိလို့ပါ။ ရှင် လုယွင်ရွှမ်းကိုကြိုက်ရင် သွားပြီးကြိုက်လိုက်လေ။ ဘာလို့ ကျွန်မကို အူလှိုက်သည်းလှိုက် လာမုန်းနေရတာလဲ။ ရှင့်ဆီကနေ လုယွင်ရွှမ်းကိုလုသွားတာ ကျွန်မ မဟုတ်ဘဲ၊ အိမ်ရှေ့စံမင်းသားလေ။ ရှင် အမုန်းဆုံးသူက အိမ်ရှေ့စံမင်းသားဖြစ်သင့်တာမဟုတ်ဘူးလား “

ချန်ကျူပင်း သူ(မ)၏ ပွင့်လန်းနေသည့်ပန်းလေးအလယးလှပနေသောမျက်နှာကိုကြည့်လိုက်သည်။ ဘယ်လောက်တောင် အထင်နဲ့အမြင် တခြားစီဖြစ်နေတဲ့အခြေအနေလဲ။

အဲ့တာကအမှန်ဘဲ။ လှလေလေ၊ အဆိပ်ပြင်းလေလေဆိုတာ။

လွန်ခဲ့တဲ့နှစ်တွေက ညတစ်ညကို သူအမှတ်ရမိသည်။ သူ၏ချစ်ရတဲ့ကြောင်လေးဆိုးဆိုးရွားရွားသေသွားသည့် မှတ်ဉာဏ်ဖြစ်သည်။

သူ့မျက်ဝန်းထဲက လူသတ်လိုသည့်အကြည့်က ပိုဆိုးလာသည်။

“ လုယွင်ရွှမ်းက ကြင်နာတတ်တဲ့သူဘဲ။ မင်းကတော့ သူ့ညီမဖြစ်တာတောင်၊ တစ်စက်မှမတူဘူး။ ရွှမ်အယ်ကတော့ သေးငယ်တဲ့သတ္တဝါလေးတွေအတွက်တောင် ဝမ်းပန်းတနည်းငိုကျွေးတတ်ပေမဲ့ မင်းကတော့ အသက်ရှင်နေတဲ့ကြောင်လေးကိုတောင် သတ်ပစ်တဲ့အထိရက်စက်တဲ့မိန်းမလေ “

“ နားကြားမှာတာလား။ လုယွင်ရွှမ်းက အကောင်သေးသေးလေးတွေဆို အရမ်းမုန်းတာ။ သူတို့အတွက်နဲ့ ဝမ်းပန်းတနည်းငိုမှာတော့မဟုတ်ဘူး။ သူ(မ)ကပျော်လို့ငိုတာမဟုတ်ဘူးဆိုတာ ရှင်သေချာရဲ့လား “

ချန်ကျူပင်း ဒေါသထွက်လွန်းလို့ မျက်လုံးကြီးကျွတ်ထွက်မတတ်ဖြစ်နေသည်။

“ ကျွန်မ ဘယ်လောက်ဘဲဆိုးဝါးနေပါစေ၊ ရှင်နဲ့ဘာဆိုင်လဲ။ ကျွန်မ ရှင့်ကို ဘာများပြဿနာရှာဖူးလို့လဲ “

ချန်ကျူပင်းသည် သူ၏ကြောင်ကလေးဆိုးရွားစွာသေခဲ့ရသည့်အဖြစ်နှင့် လုယွင်ရွှမ်းဗိုက်ထဲမှ မမွေးလိုက်ရတဲ့ကလေးလေးအကြောင်းကိုတွေးမိတဲ့အခါ လုလျန့်ဝေကို အကြည့်နဲ့တင် သတ်ပစ်မလိုစူးရဲစွာကြည့်နေလိုက်သည်။

“ လုလျန့်ဝေ၊ မင်း ငယ်ငယ်တုန်းကလုပ်ခဲ့တဲ့ မကောင်းတဲ့ကိစ္စတွေကို လုံးဝမေ့သွားပြီလား။ အဲ့တုန်းက မကောင်းတဲ့လုပ်ရပ်တွေကိုမေ့ရင်တောင် ရွှမ်အယ်ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ မှတ်မိတယ်မလား “

လုလျန့်ဝေ သူ့ကို နားမလည်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ချန်ကျူပင်းသည် သူ(မ)အပေါ်မုန်းတီးမှုက သူတို့ငယ်စဉ်က စတင်ခဲ့သည်ဟု လုလျန့်ဝေရုတ်တရက်ခံစားလိုက်ရသည်။

ချန်ကျူပင်းသည် သူ(မ)တမင်တကာ သူ့ကိုလှောင်ချင်လို့လုပ်နေတယ်ဟုထင်တာကြောင့် မပြောဘဲတိတ်ဆိတ်နေခဲ့သည်။

လုလျန့်ဝေ သူ့ကိုကြည့်နေရင်း အစောပိုင်းကပြောခဲ့တဲ့စကားကို ရုတ်တရက်စဉ်းစားမိသွားသည်။ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။

သူ(မ)ခန္ဓာကိုယ်မူလပိုင်ရှင်သည် ကြောင်လေးတွေကိုချစ်သည်။ အဲ့လိုရက်စက်သည့်အလုပ်ကို ဘယ်တော့မှလုပ်မည်မဟုတ်ပေ။ ကြားမှာ ကိစ္စတစ်ခုခုတော့ရှိပေလိမ့်မည်။

“ ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ ကျွန်မ မမှတ်မိဘူး။ ဒါပေမဲ့ ရှင်မသိသေးတာပြောရမယ်ဆိုရင် ကျွန်မအချစ်ဆုံးကကြောင်လေးတွေဘဲ။ ဘယ်ကြောင်ကိုမှသတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအထင် ရှင်နဲ့ ရှင့်ရဲ့ချစ်ရတဲ့လုယွင်ရွှမ်းတို့ကြားမှာ အထင်လွဲနေတာလေးရှိမယ်ထင်တယ်။ ကျွန်မ မှတ်မိသလောက် သူ(မ)က တိရစ္ဆာန်သေးသေးလေးတွေကိုမုန်းတယ်၊ အထူးသဖြင့်ကြောင်လေးတွေဘဲ “

ချန်ကျူပင်းသည် အံ့ဩသွားပေမဲ့ ချက်ချင်းခွန်းတုန့်ပြန်လိုက်သည်။

“ မဖြစ်နိုင်ဘူး။ လုလျန့်ဝေ၊ မင်းလုပ်ခဲ့တဲ့ မကောင်းတဲ့လုပ်ရပ်ကို ရွှမ်အယ်အပေါ်အပြစ်တင်ဖို့မကြိုးစားနဲ့။ သူ(မ)မှာကြင်နာတတ်လွန်းတာကြောင့် ငါမင်းကိုသတ်ဖို့လုပ်တဲ့အခါတိုင်းတားတာ။ ဒါပေမဲ့ မင်းကတော့ အဆိပ်ပြင်းတဲ့မကောင်းဆိုးဝါးလိုမိန်းမလေ။ သူ(မ)ကို ဘယ်လိုတောင် ဆက်ဆံခဲ့တာလဲ။ “

ဒီအရူး၊ ချန်ကျူပင်းကတော့ လုံးဝကို လုယွင်ရွှမ်းရဲ့ကစားကွက်ထဲမှာကျနေပြီး ဘာကိုမှမသိဘူးထင်တယ်။

ထိုအတွေးနဲ့အတူ လုလျန့်ဝေ သူ့ကို သနားကြည့်ကြည့်လိုက်သည်။

ထိုစကားကြောင့် ချန်ကျူပင်း လူသတ်လိုသည့်အငွေ့အသက်တွေထုတ်လွှတ်လာသည်။

“ ဂရုတော့မစိုက်ပေမဲ့ အစကတော့ ရှင်နဲ့ လုယွင်ရွှမ်းကြားမှာ အထင်လွဲတာရှိနေတာလို့ ကျွန်မ ထင်ထားတာ။ ဒါပေမဲ့အခုတော့ ရှင် ဘယ်လောက်ရူးလဲဆိုတာကြည့်ပါဦး။ သနားစရာလူဘဲ။ ကျွန်မနဲ့အလောင်းအစားတစ်ခုလုပ်မလား “

ချန်ကျူပင်း မဲ့ရွဲ့ပြီး တစ်ဖက်သို့လှည့်သွားသည်။ သူသည် သူ(မ)ကို နောက်တစ်ချက်ထပ်ကြည့်ဖို့တောင် ရွံရှာသည်။

“ ရှင် လုယွင်ရွှမ်းအပေါ်ထင်ထားသမျှ မှားနေကြောင်း သက်သေပြနိုင်ရင် ရှင် လင်ချင်းယွမ်အုတ်ဂူကိုသွားတောင်းပန်မရမယ်။ ရှင်လုပ်ခဲ့တဲ့အပြစ်တွေအတွက် နောင်တ တရားတို့ကိုပြဖို့အတွက် သုံးကြိမ်ဦးချအရိုအသေပေးရမယ် “

ချန်ကျူပင်းသည် လင်ချင်းယွမ်၏နာမည်ကို ရုတ်တရက်ကြားလိုက်ရသည့်အတွက် အံ့ဩသွားသည်။ သူ့ကိုယ်ဟန်ကိုယ် မြန်မြန်ပြန်ထိန်းပြီးပြောသည်။

“ လုလျန့်ဝေ၊ မင်း ဘာအကွက်ကစားနေပြန်တာလဲ။ မင်းနဲ့ လင်ချင်းယွမ်နဲ့က အမြဲထိပ်တိုက်တွေ့နေကြတာမဟုတ်ဘူးလား။ အခု ဘာလို့ သူ(မ)ကို ကူပေးနေတာလဲ။ သူ(မ)သေတာဖြင့်ကြာလှပြီလေ “

အပိုင်း (၄၅၆)

သူ(မ) သူ့အပေါ်ခံစားချက်တွေမကျန်သေးသရွေ့ဖြစ်သည်။

လုလျန့်ဝေသည် သူ(မ)ဘေးမှကောင်မလေးကို လှစ်ခနဲကြည့်လိုက်ပြီး အေးဆေးစွာဖြင့်ပြောသည်။

“ အဲ့တာ လင်ချင်းယွမ်က အချစ်မျက်ကန်းဖြစ်နေခဲ့လိုလေ “

တစ်ခဏမျှရပ်ပြီး ဆက်ပြောသည်။

“ ဘယ်လောက်ဘဲ မျက်ကန်းဖြစ်နေခဲ့ပါစေ၊ သူ(မ)က ရှင့်လို ဘယ်တုန်းကမှ မရူးမိုက်ခဲ့ဘူး။ ရှင့် ရူးမိုက်မှုက ကုမရတဲ့အပြင် ရှင်က ရှိသမျှအသိစိတ်တွေပါအကုန်လွတ်ထွက်ကုန်တာ။ အရင်ဆုံး လုယွင်ရွှမ်းက လင်ချင်းယွမ်ကိုသတ်တာ ရှင်ကူညီခဲ့တယ်။ ပြီးတော့ ရှင့်ရဲ့အဖေတူအမေကွဲညီမကို အန္တရာယ်တွင်းထဲကျအောင်တွန်းပို့ခဲ့တယ် “

“ လင်ချင်းယွမ်က ဘာတွေများလုပ်ခဲ့လို့ အဲ့လိုခံစားရတာလဲ။ လုယွင်ရွှမ်းကြောင့်နဲ့ ရှင် လင်ချင်းယွမ်ကို နှုတ်ပိတ်သတ်ချင်ခဲ့တယ်။ ကျွန်မအထင် ချန်ချူးယွီကလည်း ရှင့်ကိုဘာမှမလုပ်ခဲ့ပါဘူး၊ ဟုတ်တယ်မလား။ အဲ့တာတောင်မှ ရှင်က လုယွင်ရွှမ်း သူ(မ)ကို ဆောင်ကြာမြိုင်ပို့ပစ်တာကို ဘေးကနေရပ်ကြည့်နေခဲ့တာလေ “

လုလျန့်ဝေစကားဆုံးတဲ့အခါ ဒေါ်လေးလျုံက အကျဉ်းထောင်သတ္တုတန်းကို အပြေးလာဆွဲရမ်းသည်။

“ ချန်ကျူပင်း၊ လူမဆန်တဲ့အကောင်။ ယွီအယ်ကို ဒီလိုလုပ်ခဲ့တာမင်းမလား၊ ဟုတ်မလား။ ငါတို့ သူ(မ)ကို ဘယ်မှာမှရှာလို့မရခဲ့တာ မထူးဆန်းတော့ပါဘူး။ သူ(မ)က နင်တို့နှစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ရတာကိုး။ အမလေး၊ ငါ့သမီးလေး ယွီအယ်.......... “

အကျဉ်းထောင်ခေါင်မိုးသည် ဒေါ်လေးလျုံ၏ဝမ်းနည်းကြေကွဲစွာ အော်ငိုနေခြင်းကြောင့် ပြိုကျလုမတတ်ဖြစ်သွားသည်။

မြို့စားမင်းချန်၏အမူအရာက ပိုသုန်မှုန်လာသည်။ ချန်ကျူပင်းကိုဆွဲထူပြီး ပါးကိုရိုက်လိုက်သည်။

ချန်ကျူပင်း၏မျက်နှာတွင် နောက်ဆုံးတော့ အမူအရာတစ်ချို့ပေါ်လာသည်။

လုလျန့်ဝေသည် ဒီမှာဆက်နေဖို့မလိုကြောင်း ခံစားမိသည်။ ချန်ကျူပင်းသည် သူ၏မိတ်ဆွေများနှင့် မိသားစုစွန့်ပစ်ခြင်းကို ထိုက်တန်စွာခံနေရပြီဖြစ်သည်။ ထို့အပြင် သေမိန့်ကလည်း သူ့ကိုစောင့်နေသည်။

လုလျန့်ဝေသည် ချန်ကျူပင်းကို နောက်တစ်ချက်တောင်လှည့်မကြည့်တော့ဘဲ လင်ချင်းယွမ်ကိုဆွဲကာ ထွက်သွားဖို့ပြင်သည်။

သို့ပေမဲ့ လင်ချင်းယွမ်ကတော့ သူ(မ)ရပ်နေသည့်နေရာမှာသာ ခေါင်းမာမာဖြင့်ဆက်ရပ်နေသည်။ သူ(မ)သည် မျက်နှာကိုဖုံးထားသည့်အလွှာကိုဖယ်လိုက်ပြီး ချန်ကျူပင်းကို အော်ပြောလိုက်သည်။

ချန်ကျူပင်းသည် မြို့စားချန်ကြောင့် မြေကြီးပေါ်မှာ ခွေကျနေသည်။

ရုတ်တရက်ထွက်လာသည့်အော်သံက သူ့ကို မိုးကြိုးပစ်လိုက်သည့်အလားဖြစ်သွားစေသည်။ အံ့ဩသွားပြီး အတော်ကြာမှ ဖြည်းဖြည်းချင်းခေါင်းကိုလှည့်ကြည့်သည်။

အကျဉ်းထောင်ခန်းအပြင်မှာရပ်နေသည့် ရင်းနှီးသည့်မျက်နှာကိုမြင်သည့်အခါ သူ့မျက်လုံးထဲမှအကြည့်တို့နက်မှောင်သွားရသည်။ အဲ့ဒီနောက် နှာခေါင်းရှုပ်လိုက်သည်။

“ ကျွန်မ မသေဘူးဆိုတော့ အံ့ဩသွားလား။ လုယွင်ရွှမ်းအတွက်ဆို ဘာမဆိုလုပ်ပေးချင်နေတဲ့ရှင့်လိုလူက သူ(မ) ရှင်ထင်သလိုမဟုတ်ဘဲ ဘယ်လိုလူလဲဆိုတာသိသွားရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုသိချင်လိုက်တာ “

အဲ့ဒီနောက် သူ့ကိုနောက်တစ်ချက်လှည့်မကြည့်ဘဲ လုလျန့်ဝေဘက်ကိုလှည့်ပြောလိုက်သည်။

“ သေခိုင်းလိုက်တာက သူ့အတွက်သက်သာလွန်းနေတယ်။ သူ့ကိုအရှင်ထားပြီး သေတာထက်ဆိုးအောင်လုပ်လို့မရဘူးလား။ တမင်အရှင်ထားပြီး နေ့တိုင်းနောင်တနဲ့အရှက်ရနေအောင်လို့လေ “

လုလျန့်ဝေသည် သူ(မ)ကို သေချာတွေးကာကြည့်လိုက်သည်။

“ လင်ချင်းယွမ်၊ နင်ဘာပြောနေတာလဲဆိုတာရောသိရဲ့လား။ သူကျူးလွန်ခဲ့တဲ့အပြစ်တွေက အကြိမ်တစ်ရာသေခိုင်းလို့တောင်ရတယ်။ သူ လုယွင်ရွှမ်းအတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာကို သိတယ်မလား။ သူက သူ(မ)ရဲ့ကြေးစားလူမိုက်ဘဲ။ သူက လုယွင်ရွှမ်းအစား လူသတ်တယ်၊ ပြန်ပေးဆွဲတယ်၊ ဖြူစင်တဲ့မိန်းကလေးငယ်လေးတွေကို ဖမ်းပေးတယ်။ အပြင်မှာ ပြည့်တန်ဆာအိမ်ဘယ်နှစ်ခုလောက်ရှိတယ်ထင်လဲ။ ဒါမှမဟုတ် အပြစ်မဲ့မိန်းကလေးတွေက အဲ့လိုပြည့်တန်ဆာအိမ်မှာ ဘယ်နှစ်ယောက်ရှိလဲရောသိလား။ ဟုတ်တယ်၊ သေခြင်းတရားက သူ့အတွက်သက်ညှာလွန်းနေတယ်။ ငါ့အထင် အမှုန့်ဖြစ်အောင်ထိမီးရှို့ပစ်သင့်တာ “

ထိုစကားကိုကြားတဲ့အခါ မြို့စားမင်းချန်မိသားစုက ချန်ကျူပင်းကို အလန့်တကြားကြည့်လိုက်ကြသည်။ ချန်ကျူပင်းသည် အတော်လေးဆိုးရွားတဲ့ပြစ်မှုကိုကျူးလွန်ခဲ့မှန်းသိခဲ့သည်။ တရားရုံးအမိန့်ပြန်တမ်းအရ သူသည် ကိုယ်ကျိုးစီးပွားအတွက်လုပ်ရပ်များ၊ အမှုထမ်းများကိုလာဘ်ထိုးခြင်းနှင့် ဖြူစင်သောမိန်းကလေးငယ်များကိုဖမ်းဆီခြင်းတို့ကိုလုပ်ခဲ့ကြောင်းဟုသာ အကြမ်းဖျင်းသိခဲ့ရပြီး ချန်ကျူပင်းလုပ်ခဲ့သည့်ပြစ်မှုအသေးစိတ်ကိုမသိခဲ့ကြပေ။

လုလျန့်ဝေ၏စကားများကိုနားထောင်ပြီးသည့်နောက်တွင် ချန်ကျူပင်း၏ပြစ်မှုများဟာ ဘယ်လောက်ဆိုးရွားရက်စက်ကြောင်းသိသွားကြတော့သည်။

မြို့စားမင်းချန်သည် မျက်ရည်များပင်ဝဲလာသည်။ မြို့စားမင်းချန်မိသားစုမှ ဒီလောက်မိသားစုအပေါ်မသိတတ်သည့်ကလေးမျိုးမွေးလာမိလဲဆိုတာကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

လင်ချင်းယွမ်သည် သူ(မ)၏တောင်းဆိုမှုကို လုလျန့်ဝေမှ နားလည်မှုလွဲသွားကြောင်းသိတဲ့အခါ လျင်မြန်စွာရှင်းပြသည်။

“ သိပါတယ်၊ အားလုံးကို သိပါတယ်။ သူ့ကို ဒီအတိုင်းလွယ်လွယ်နဲ့အေးဆေးမသေစေချင်တာပါ။ အနည်းဆုံးတော့ သူ့ကိုမသတ်ခင် လုယွင်ရွှမ်းကိုရွံအောင်လုပ်ပြီးမှ သူ့ကို နောင်တတွေအရှက်တရားတွေနဲ့သေခွင့်ပြုဖို့ပြောချင်တာပါ “

လုလျန့်ဝေ စိတ်ချသွားရတော့သည်။ လင်ချင်းယွမ်သာ သူ့အပေါ်ခံစားချက်မရှိတော့သရွေ့ ဘာမဆိုအဆင်ပြေသည်။

အကယ်၍ လင်ချင်းယွမ်သာ ချန်ကျူပင်းလို အမှိုက်သရိုက်တစ်ယောက်အတွက်နဲ့ အသနားခံနေမယ်ဆိုရင် သူ(မ)အတော်လေးကိုရူးနေလို့ဖြစ်ရမည်။

All Chapters