အခန်း (၄၅၇-၄၅၉)
Vol. 10 Ch. 457-459
အပိုင်း (၄၅၇)
အခုပိုပြီးတော့တောင်ရက်စက်လာပြီပဲ
“ ဟုတ်ပြီလေ “
လုလျန့်ဝေ သဘောတူလိုက်သည်။
သူ(မ)သည်လည်း လုယွင်ရွှမ်းက ချန်ကျူပင်းကို ဘယ်လိုဦးနှောက်ဆေးပြီးလှည့်စားထားလဲဆိုတာကို သိချင်သည်။
လုယွင်ရွှမ်းလုပ်ခဲ့သမျှအရာတိုင်းသည် လုံးလုံးလျားလျားကို အသိဉာဏ်ကင်းမဲ့သောလုပ်ရပ်များဖြစ်မှန်း ထင်ရှားပါသော်လည်း ချန်ကျူပင်းမှ သူ(မ)ကို ကြင်နာပြီး အနစ်နာခံတတ်သည်ဟုထင်အောင်လုပ်ပြီး အဆက်မပြတ်သူ(မ)အတွက် ကာကွယ်ပေးအောင်လုပ်နိုင်ခဲ့သည်။
……………………………….
နောက်တစ်နေ့။
လုယွင်ရွှမ်းသည် အရှေ့နန်းတော်ကို ကျုံးဟွာဘုရားကျောင်းမှပြန်လာပြီး ဟုန်ရှို့သည် သူ(မ)ထံသို့ အလောတကြီးဖြင့်စိတ်လှုပ်ရှားစွာပြေးလာကြောင်း တွေ့လိုက်ရသည်။
လုယွင်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
ဟုန်ရှို့မျက်နှာပေါ်တွင် ထူးဆန်းသည့်အကြည့်ရှိနေခဲ့သည်။ ထို့နောက် လုယွင်ရွှမ်းအနားကိုကပ်လုပြီး တိုးတိုးပြောသည်။
“ အဲ့တစ်ယောက်က ဘာလို့အရှက်မရှိပြန်လာရတာလဲ။ အရှင်ကရော ဘာလို့ခွင့်ပြုထားတာလဲ “
ဟုန်ရှို့မျက်နှာထားသည် အတော်လေးထိတ်လန့်အံ့ဩနေပုံရသည်။
“ မင်းသားက သူ(မ)ဘယ်ရောက်နေခဲ့လဲဆိုတာကိုမသိပါဘူး။ ပြီးတော့ ကိုယ်လုပ်တော်ချန်က ကိုယ်ဝန်ရှိနေပါပြီ။ အထိန်းတော်ကျောက်က သူကိုယ်တိုင်ကိုယ်ကျ အရှေ့နန်းတော်ထိလိုက်ပို့ပေးခဲ့တာပါ။ သူပြောတာကတော့ ကိုယ်လုပ်တော်ချန်က နန်းတော်အပြင်ထွက်တုန်းက လမ်းဘေးမှာလဲကျနေခဲ့ပြီး ပြည်သူတစ်ယောက်ကကယ်တင်ပေးထားတာပါတဲ့။ နေကောင်းအောင်ရက်အနည်းငယ်နားနေပြီးတော့မှ အခုပြန်လာတာလို့ပြောတယ်။ ပြန်လာရင်း အထိန်းတော်ကျောက်နဲ့ဆုံမိလို့ သူက ပြန်လာလိုက်ပို့တာတဲ့။ ဒီကိစ္စကို မင်းသားက ဘယ်လောက်ဘဲသံသယရှိပါစေ၊ အထိန်းတော်ကျောက်က မင်းကြီးရဲ့လူဆိုတော့ လွှတ်ထားတာ။ အဲ့ဒီအပြင် ကိုယ်လုပ်တော်ချန်က အခုကိုယ်ဝန်လွယ်ထားရတာဆိုတော့ မင်းသားက ဆက်ပြီးဘာမှမမေးတော့ဘူး “
ဒီသတင်းက လုယွင်ရွှမ်းကို နွေလယ်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလိုဖြစ်သွားစေသည်။
အဲ့ဒီအပေါစားအပျက်မချန်ချူးယွီက တကယ်ဘဲ ကိုယ်ဝန်ရှိနေတာတဲ့လား။
“ ဗိုက်ထဲက ကလေးနဲ့တခြားသူနဲ့ရတာရောမဖြစ်နိုင်ဘူးလား။ ဘယ်လိုတောင်အရှက်မရှိဘဲ အရှေ့နန်းတော်ထဲကိုပြန်လာရဲရတာလဲ “
ဟုန်ရှို့သည်လည်း အခြေအနေတွေက ယုံရခက်နေမှန်းသိပေမဲ့ လုယွင်ရွှမ်းကိုသတိပေးလိုက်သည်။
“ ကိုယ်လုပ်တော်ချန်ရဲ့ကိုယ်ဝန်က တစ်လသားပါ။ သူ(မ)ပျောက်သွားတာက လဝက်ဘဲရှိသေးတော့ မပျောက်ခင် လဝက်ကတည်းက ကိုယ်ဝန်ရှိနေတာပါ “
ဆိုလိုခြင်းက ကိုယ်လုပ်တော်ချန်သည် မပျောက်သွားခင်ကတည်းက ကိုယ်ဝန်ရှိနေခဲ့တာဖြစ်ပြီး ထိုကလေးက အိမ်ရှေ့စံမင်းသား၏ကလေးဖြစ်သည်။
ချန်ချူးယွီကို ဆောင်ကြာမြိုင်ဆီပို့နိုင်ရန် အချိန်နဲ့အား အများကြီးစိုက်ထုတ်ခဲ့ကာ သူ(မ)ကို မဖြူစင်အောင်လုပ်ခဲ့သည်။ သို့ပေမဲ့ ချန်ချူးယွီသည် ဒီလောက်ကံကောင်းမယ်မှန်းမထင်ထားပါ။
ဒီလိုသာဖြစ်မယ်မှန်း သူ(မ) သိခဲ့ပါက ချန်ချူးယွီကိုဖမ်းကတည်းက သတ်ပစ်ခဲ့မည်ဖြစ်သည်။
လုယွင်ရွှမ်းစိတ်ရှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ ခြေဦးလှည့်ပြီး အဝေးသွားဖို့ပြင်လိုက်ချိန်မှာဘဲ ထိုကြောင်လေးက သူ(မ)အရှေ့ကို လွှားခနဲခုန်လာသည်။
နှင်းကဲ့သို့ဖြူစွတ်နေပြီး နက်မှောင်တောက်ပတဲ့မျက်လုံးလေးများရှိသည့်ကြောင်လေးဖြစ်သည်။ လှလွန်းသည့်အတွက် ဟုန်ရှို့တောင်မှ ချစ်စရာကောင်းသည်ဟုတွေးမိပေမဲပ လုယွင်ရွှမ်းကတော့ သူ(မ)ရှေ့မှာပိတ်နေတဲ့ ကြောင်လေးကို ကန်ထုတ်ဖို့ခြေဟန်ပြင်လိုက်သည်။
သို့ပေမဲ့ လုယွင်ရွှမ်း မကန်လိုက်နိုင်ခင်မှာဘဲ ဖြတ်ခနဲပုံရိပ်တစ်ခုကပျံလာပြီး ကြောင်လေးကိုကန်တော့မည့်ခြေထောက်ကိုတားလိုက်သည်။
ထိုသို့မေးရင်း သူ(မ)ရှေ့ကသူကို မေးရင်း ချက်ချင်းပါးရိုက်လိုက်သည်။
သို့ပေမဲ့ ချူးကျူက သူ(မ)ရိုက်ချက်ကို လွယ်ကူစွာပင်ရှောင်လိုက်သည်။
ထိုကြောင်လေးက အခွင့်အရေးယူပြီးထွက်ပြေးသွားသည်။
ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံနဲ့ ကောင်မငယ်လေးတစ်ယောက်က လျှောက်လာပြီး ခါးကိုင်းကာ ကြောင်လေးကို မ’လိုက်သည်။
လုလျန့်ဝေသည် ကြောင်လေးကိုဖက်ပြီး သူ(မ)ကို ပြုံးလျက်ကြည့်လိုက်သည်။
“ အစ်မတော်၊ တွေ့ခဲ့တာမှ ရက်သိပ်မကြာသေးတာကို၊ ညီမကိုတောင် မမှတ်မိတော့ဘူးလား “
“ အစ်မတော်က အခုဆို ပိုပိုပြီးရက်စက်လာတာဘဲ။ မကြိုက်တာနဲ့ဘဲ ကြောင်လေးကို ကန်စရာမလိုပါဘူး။ အဲ့တာကသေးသေးလေးပါ။ အစ်မတော်ကန်လိုက်ရင် ဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲ “
လုလျန့်ဝေ သူ(မ)စကားကိုဖြတ်ပြောလိုက်ပြီး ခေါင်းကိုငုံ့ကာ လက်ထဲကကြောင်လေးကို ပွတ်သပ်ပေးနေသည်။
သူ(မ)သည် ကြောင်တွေကို အသွေးအသားထဲကကိုမုန်းသည်။ ထို့ကြောင့် အရှေ့နန်းတော်ထဲတွင် ကြောင်တစ်ကောင်မှမရှိပေ။ အဲ့ဒီအပြင် အခုလေးတင် ချန်ချူးယွီသတင်းကိုကြားထားရတာဖြစ်ပြီး ကြောင်က သူ(မ)ရှေ့ကိုရောက်ချလာသည်။ ထို့ကြောင့် ပိုစိတ်ရှုပ်သွားရပြီး နှစ်ခါမစဉ်းစားဘဲ ဒေါသပေါက်ကွဲထွက်လိုက်တာဖြစ်သည်။
လုလျန့်ဝေ ခေါင်းငြိမ့်လိုက်သည်။
လုလျန့်ဝေသည် ကြောင်ကို ရုတ်တရက် ချီလိုက်ပြီး လုယွင်ရွှမ်းရှေ့ကိုတွန်းပို့လိုက်သည်။
“ ကြည့်ပါဦး၊ ကြောင်လေးက ချစ်စရာမကောင်းလွန်းဘူးလား “
အပိုင်း (၄၅၈)
ဒီလိုသိလိုက်ရတဲ့အတွက် သူ့နှလုံးသားက ပိုအေးစက်သွားတယ်။
လုယွင်ရွှမ်းသည် လန့်သွားပြီး ခေါင်းကိုချက်ချင်းလှည့်လိုက်ကာ သူ(မ)အရှေ့က အသက်ရှိနေသည့်ကြောင်ကို သတ်ပစ်ချင်စိတ်ကိုထိန်းလိုက်ရသည်။
သူ(မ)၏တုန့်ပြန်မှုကို သတိမထားမိဘဲ လုလျန့်ဝေက ကြောင်ကိုဆက်ကိုင်ထားပြီး မသိသလိုဖြင့်ပြောသည်။
“ အစ်မတော်၊ ဒီကြောင်လေးက ချန်ကျူပင်းငယ်ငယ်တုန်းကမွေးထားတဲ့ကြောင်လေးနဲ့တူတယ်လို့မထင်ဘူးလား။ ညီမလေးမြင်ဖူးတယ်။ ချန်ကျူပင်းက တအားချစ်တာ အဲ့ကြောင်လေးကို။ ဒါပေမဲ့ ဘာလို့လဲတော့မသိဘူး သေသွားတယ်ထင်တယ်။ မှတ်မိလား အစ်မတော် “
ထိုစကားကြားတဲ့အခါ လုယွင်ရွှမ်းမျက်အိမ်တို့ကျုံ့လိုက်ကာ သူ(မ)အမူအရာက ပိုပြီး မသက်မသာဖြစ်လာသည်။
“ ဘာကြောင်လဲ။ ဘာလို့မမှတ်မိရတာလဲ “
“ မမှတ်မိဘူးလား။ ချန်ကျူပင်းကြောင်လေးကိုမြှုပ်တုန်းက အစ်မတော်က သူနဲ့အတူရှိနေခဲ့တာဆို။ ဘာလို့မေ့သွားတာလဲ “
“ အဲ့လောက်အကြာကြီးကဖြစ်ခဲ့တာကို ငါကဘယ်လိုလုပ်မှတ်မိမှာလဲ “
လုယွင်ရွှမ်းမျက်မှောင်ကြုတ်လိုက်ကာ အမူအရာက ပိုပိုစိတ်ရှုပ်လာပုံပေါ်သည်။
“ ညီမလေးသိပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် အစ်မတော်ကလည်း ကြောင်တွေကိုမုန်းမှတော့ ငယ်ငယ်တုန်းက တစ်ခါလောက်ဘဲတွေ့ခဲ့တဲ့ကြောင်လေးကို ဘယ်လိုလုပ်မှတ်မိမှာလဲ “
လုလျန့်ဝေ ပုခုံးတွန့်လိုက်သည်။ လုယွင်ရွှမ်းက ခွန်းတုန့်မပြန်တာကိုတွေ့တဲ့အခါ လုလျန့်ဝေက လက်မောင်းထဲမှ ကြောင်လေးကိုချီလျက် လှည့်ထွက်လာသည်။
လုယွင်ရွှမ်းသည် လှည့်ပြန်သွားသည့် လုလျန့်ဝေပုံရိပ်ကို စိုက်ကြည့်နေသည်။
သူ(မ)က ဘာလို့ အရှေ့နန်းတော်ထဲကိုရောက်နေရတာလဲ။
လုယွင်ရွှမ်းသည် သူ(မ)အနောက်ကိုလိုက်ပြီး မေးဖို့ပြင်နေတုန်းမှာဘဲ အပြင်ကနေ အလောတကြီးပြန်လာတဲ့ လုံချီကို ရုတ်တရက်တွေ့လိုက်ရသည်။
လုယွင်ရွှမ်းသည် သူ့ကို ရက်အတော်ကြာမတွေ့ခဲ့ရတာကြောင့် လုံချီကိုတွေ့လိုက်ရတဲ့အခါ ပျော်ရွှင်သည့်ပုံရိပ်က သူ(မ)မျက်နှာပေါ်မှဖြတ်ပြေးသွားသည်။
သူ(မ)ပြန်လာတဲ့သတင်းကိုကြားလို့ အပြေးပြန်လာပြီးတွေ့တာလား။
လုယွင်ရွှမ်းသည် သွားနေသည့်ခြေလှမ်းကိုရပ်လိုက်ပြီး သူ(မ)မျက်နှာပေါ်မှ ပျော်ရွှင်မှုက အေးခဲသွားကာ လက်ကိုင်ပဝါကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
သူ(မ)လမ်းကိုပိတ်ရပ်နေသည့်လူကိုကြည့်ပြီး လုလျန်ဝေ အေးစက်စက်ဖြင့်ပြောလိုက်သည်။
လုံချီသည် သူ့ရှေ့မှရပ်နေသည့် မိန်းကလေးကို ဆာလောင်သောအကြည့်ဖြင့်ကြည့်နေသည်။
သူ(မ)ကို မတွေ့ခဲ့ရတဲ့ရက်အနည်းငယ်အတွင်းမှာဘဲ သူ(မ)က ပိုပြီးလှပလာသည်။
ဝတ်ဆင်ထားသည့် အစိမ်းနုရောင်ဝတ်စုံလေးသည် သူ(မ)၏နူးညံ့စိုပြည်သည့်အသားအရေလေးပေါ်တွင်လှပနေပြီး ဆံပင်ကိုနောက်တွင်ခပ်မြင့်မြင့်စည်းထုံးထားသည်။ ဆံပင်ပေါ်တွင်အလှဆင်ထားသည့် ပုလဲလုံးတွေကလွဲပြီး အခြားအဆင်တန်ဆာတွေမရှိပေမဲပ သူ(မ)သည် ထူးခြားပြည့်စုံသည့်အလှတရားလေးဖြစ်နေသည်။
လုံချီ၏ရင်ဘတ်ထဲမှ တင်းကျပ်ကျပ်ခံစားလိုက်ရပြီး သတိလက်လွတ်ဖြင့် သူ(မ)မျက်နှာကိုထိရန် လက်လှမ်းလိုက်သည်။
သို့ပေမဲ့ သူ လုလျန့်ဝေမျက်နှာလေးကို မထိလိုက်နိုင်ခင်မှာဘဲ ချူးကျူက လုလျန့်ဝေကို သူ(မ)အနောက်သို့ဆွဲလိုက်ပြီး ကာလိုက်သည်။
သူ့ရှေ့က မရင်းနှီးတဲ့မိန်းကလေးတစ်ယောက်ကိုမြင်တဲ့အခါ လုံချီ၏စိတ်မှ ချက်ချင်းလွင့်ပြယ်သွားတော့သည်။ မနှစ်မြို့တဲ့ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်ကာ ချူးကျူကို တွန်းထုတ်ဖို့လုပ်လိုက်စဉ်မှာဘဲ လုလျန့်ဝေကပြောသည်။
“ တူတော်လေး၊ ကျွန်မကို ဦးညွတ်ဖို့လာတာလား။ မလိုပါဘူး။ မင်းရဲ့တော်ဝင်ဒေါ်လေးက လုပ်စရာကိစ္စတွေရှိသေးတာမလို့ ပြန်တော့မယ်။ ကျူ၊ ပြန်ကြစို့ “
သူ(မ)စကားအပြီးမှာ ချူးကျူက သူ(မ)ကို ဆွဲခေါ်ထွက်သွားသည်။
လုံချီသည် ထွက်သွားတဲ့မိန်းကလေးကိုကြည့်ပြီး သူ့မျက်ဝန်းထဲမှ လောဘကြီးတဲ့ဆုံးဖြတ်ချက်ချထားသည့်အကြည့်ဖြတ်ပြေးသွားသည်။
ထိုမြင်ကွင်းကို သူ(မ)၏မျက်လုံးမြင်တပ်အပ်မြင်လိုက်ရတာကြောင့် လုယွင်ရွှမ်းဒေါသတလျှံလျှံထွက်နေတော့သည်။
လုံချီသည် သူ(မ)ကို ဘယ်တုန်းကမှ ထိုသို့သောအကြည့်ဖြင့်မကြည့်ပေမဲ့ လုလျန့်ဝေကိုတော့ ထိုအကြည့်ဖြင့်ကြည့်သည်။
မျက်စိမြင်နိုင်တဲ့ဘယ်သူမဆို လုံချီဘာတွေးနေလဲဆိုတာကို ပြောနိုင်သည်။
သူ(မ)၏အမုန်းကို ရင်ထဲမှာဘဲဖိနှိပ်ထားပြီး လုယွင်ရွှမ်း သူ့ဆီသွားလိုက်သည်။
သူ(မ)ဦးညွတ်မယ့်အချိန်မှာဘဲ လုံချီက သူ(မ)ကို ထဖို့ကူညီပေးသည်။
လုံချီသည် သူ(မ)မျက်နှာကိုစူးစိုက်ကြည့်လိုက်ကာ သူ(မ)နဲ့ လုလျန့်ဝေနှင့်ရုပ်မတူသည်ကိုသာတွေ့လိုက်ရသည်။
သူတို့သည် မွေးအမေမတူသော်လည်း အနည်းဆုံးတော့ အဖေတူကြလေသည်။ ဘာလို့ ရုပ်နည်းနည်းလေးတောင်မဆင်ရတာလဲ။
လုံချီသည် ထိုသို့မတူကြောင်းတွေ့တဲ့အခါ နှလုံးသားကပိုအေးစက်သွားသည်။
သူ့စိတ်ထဲတွင် လုလျန့်ဝေမျက်နှာနှင့်သာပြည့်နှက်နေသည်။
သူအပါအဝင် ဘယ်သူကများ သူ(မ)လို နူးညံ့လှပတဲ့မိန်းကလေးကို အလိုမရှိဘဲနေမှာလဲ။
အထူးသဖြင့် သူ(မ)သည် တစ်ချိန်က သူ့အပိုင်ဖြစ်ဖို့ လက်တစ်ကမ်းသာလိုခဲ့သည်။
“ အချိန်ကိုက်ပြန်လာတာဘဲ။ ကိုယ်လုပ်တော်ချန်က ကိုယ်ဝန်ရှိနေတယ်။ သူ(မ)ကို ဂရုစိုက်ပေးလိုက်။ ပြီးတော့ ကလေးကို ဘာအန္တရာယ်မှမဖြစ်စေနဲ့ “
အပိုင်း (၄၅၉)
မျက်နှာထားတင်းနေတဲ့ဧကရာဇ်။
ထိုသို့ပြောပြီး လုံချီသည် သူ(မ)ကို တစ်ချက်တောင်ထပ်မကြည့်ဘဲ ခြေဦးလှည့်ပြန်သွားသည်။
လုယွင်ရွှမ်းအမူအရာက ပိုဆိုးလာသည်။
လုံချီက ဘာဆိုလိုတာလဲ။
သူ(မ)ကို လှောင်တာလား၊ တမင်သက်သက် သူ(မ)ကို ရန်စသွားတာလား။
သူက သူ(မ)ကို ချန်ချူးယွီနဲ့ ကလေးကို စောင့်ရှောက်ခိုင်းနေတာလား။
သူ(မ)နှုတ်ခမ်းမှအပြုံးတစ်ခုပေါ်လာသည်။
…………..
လုလျန့်ဝေသည် အရှေ့နန်းတော်ထဲမှလျှောက်ထွက်လာသောအခါ သူ(မ)ကိုစောင့်နေသော ကျောက်ချန်ကိုတွေ့လိုက်ရသည်။
သူ(မ)ထွက်လာတာမြင်တဲ့အခါ ကျောက်ချန်မှ ချက်ချင်း သူ(မ)နားသို့လျှောက်လာသည်။
ထိုစကားကြောင့် လုလျန့်ဝေ အစကတော့ နန်းတော်ထဲကနေချက်ချင်းပြန်ဖို့လုပ်ထားသည့် သူ(မ)ခြေလှမ်းတွေကိုရပ်လိုက်သည်။
သူ(မ) ဒီနေ့ နန်းတော်ထဲကိုလာခြင်းက လင်ချင်းယွမ်ကို ကူညီပေးရန်အတွက်သာဖြစ်သည်။
အရှေ့နန်းတော်ထဲတွင်ဖြစ်သွားသည့်အဖြစ်အပျက်များကို ချန်ကျူပင်း ရှုစားလိုက်ရသည်။ သူ့ကို အကျဉ်းစောင့်များနှင့်အတူ ပြပွဲကို အရိပ်ထဲမှစောင့်ကြည့်စေခိုင်းလိုက်သည်။
လုယွင်ရွှမ်းက တိရစ္ဆာန်လေးတွေအတွက် ငိုရလောက်တဲ့အထိကြင်နာနူးညံ့တတ်တယ်လို့ ထင်ပါဦးမလား။
သူ(မ)ရှေ့မှ ခပ်ပြုံးပြုံးလုပ်နေသည့် ကျောက်ချန်ကိုကြည့်ပြီး လုလျန့်ဝေ အနည်းငယ်တွန့်ဆုတ်သွားသည်။
သူ(မ)နောက်နေတာလား။ ဒုတိယသခင်မလေးက နန်းတော်ထဲရောက်နေတယ်လို့ကြားကြားချင်း အရှင်က သူ့အလုပ်တွေအားလုံးကိုဘေးဖယ်ပြီး နဂါးနန်းတော်ဆောင်ထဲမှာ အကြာကြီးစောင့်နေခဲ့တာဖြစ်သည်။ သူသာ သခင်မလေးကို ခေါ်မလာနိုင်ခဲ့ပါက အရှင့်ရဲ့ ကြောက်စရာကောင်းတဲ့ဒေါသကို သူခံနိုင်မည်မဟုတ်ပါ။
ထိုအတွေးကြောင့် ကျောက်ချန်၏မျက်နှာရှုံ့တွသွားပြီး ငိုမတတ်အမူအရာဖြစ်သွားသည်။
သူ(မ)၏အသနားခံမှုကိုရဖို့ အသည်းအသန်ကြိုးစားနေတာကိုတွေ့တဲ့အခါ လုလျန့်ဝေ အနည်းငယ် မသက်မသာ သက်ပြင်းချလိုက်သည်။
ထင်ထားတဲ့အတိုင်းဘဲ ဒုတိယသခင်မလေးက အမှန်တကယ်ကိုတွေးပေးတတ်တာဘဲ။
ကျောက်ချန်ချက်ချင်းပြုံးလိုက်ပြီး လုလျန့်ဝေကို လက်ကမ်းပေးလိုက်သည်။
“ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ၊ ဒုတိယသခင်မလေး “
မကြာခင်မှာဘဲ လုလျန့်ဝေမှ ကြောင်လေးကိုပိုက်ထားလျက် နဂါးနန်းတော်ထဲကိုဝင်လာတဲ့အခါ သေချာပေါက်ပင် လုံယန်က သူ(မ)ကိုစောင့်နေခဲ့သည်။
လုံယန်ထရပ်ပြီး လုလျန့်ဝေဆီသို့လျှောက်လာပြီး သူ(မ)လက်ကိုဆွဲကာ နူးညံ့စွာမေးသည်။
လုံယန်သည် သူ(မ)လှုပ်ရှားမှုကိုသတိထားမိပြီး သူ၏ကျယ်ပြန့်သောလက်ဖဝါးကြီးကို သူ(မ)နှဖူးပေါ်သို့တင်လိုက်သည်။
“ နေမကောင်းတာမဟုတ်ပါဘူး။ ရှင်မေးတဲ့မေးခွန်းတွေထဲက ဘယ်ဟာကိုအရင်ဖြေရမလဲဆိုတာ မသိတော့လို့ “
သူ၏ချောမောတဲ့မျက်နှာကိုကြည့်ကာ လုလျန့်ဝေမထိန်းနိုင်ဘဲ စနောက်တော့သည်။
“ မဟုတ်ပါဘူး။ အခု ဒီအတိုင်း ကျွန်မ အဖေကို သတိရသွားလို့ပါ၊ အရှင်မင်းကြီး “
သူ(မ)၏ရဲတင်းသောမှတ်ချက်က လုံယန်ကိုအတော်ကြာအံ့ဩသွားစေပြီး သူအသိစိတ်ပြန်ကပ်လာချိန်မှာတော့ သူ့မျက်လုံးအိမ်ကို အန္တရာယ်အငွေ့အသက်အပြည့်ဖြင့်ကျဉ်းလိုက်သည်။
လုလျန့်ဝေ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြုံးလိုက်သည်။
လုံယန် မျက်လုံးမှေးကာကြည့်လိုက်သည်။ ရုတ်တရက် လုံယန်သည် လုလျန့်ဝေကို ချိုင်းအောက်မှ မ’ချီလိုက်သည် ခြေထောက်နဲ့မြေကြီးလွတ်သွားစေသည်။
လုလျန့်ဝေ လန့်သွားပြီး သူ(မ)လက်မောင်းကို လုံယန်လည်ပင်းမှာ တင်းကျပ်စွာဖက်ထားလိုက်သည်။
အဲ့ဒီနောက် လက်လှမ်းပြီး လက်မောင်းကိုတို့ကာ ပြောသည်။
လုလျန့်ဝေ ခြေထောက်နှင့်မြေကြီးထိမှ စိတ်သက်သာရာရသွားသည်။
အသက်ရှူထုတ်လိုက်ကာ လှည့်ပြီး ထိုင်ခုံပေါ်တွင်ထိုင်သည်။
ဧကရာဇ်ကြီးက မျက်နှာထားတင်းရင် အရမ်းကြောက်စရာကောင်းတာဘဲ။