အခန်း (၄၆၀-၄၆၂)
Vol. 10 Ch. 460-462
အပိုင်း (၄၆၀)
သူတောင် အဲ့လိုမျိုးတစ်ခါမှ မကြုံရသေးဖူး။
လုံယန်သည် သူ(မ)ဘေးတွင်ထိုင်ပြီး ဖက်ဖို့ပြင်ချိန်မှာဘဲ လုလျန့်ဝေက သူ့လက်မောင်းကို လှမ်းဆွဲပြီးပြောသည်။
“ ကြောင်လေးတွေကြိုက်တတ်လား၊အရှင်မင်းကြီး”
လုံယန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
“ ဘာလို့မေးတာလဲ “
လုလျန့်ဝေမှ လေးလေးနက်နက်ပြောသည်။
“ အရင်ဖြေပါ “
လုံယန်သည် ဖြေရန်အတွက် အတော်ကြာ သေချာစဉ်းစားလိုက်ပြီးကာမှ ပြန်ဖြေသည်။
“ မုန်းတော့ မမုန်းပါဘူး “
ထိုစကားကိုကြားမှ လုလျန့်ဝေ သက်ပြင်းချပြီး အပြင်ဘက်ကိုလှမ်းအော်ပြောလိုက်သည်။
လုံယန်လှမ်းကြည့်လိုက်တဲ့အခါ ချူးကျူမှ ကြောင်ဖြူလေးကိုပိုက်ပြီး ဝင်လာတာကို တွေ့သည်။
လုလျန့်ဝေက ချက်ချင်းလက်လှမ်းပြီး ပွေ့ချီလိုက်သည်။
လုံယန်သည် သူ(မ)ရင်ခွင်ထဲတွင်ခွေခေါက်နေသည့်ကြောင်လေးကိုကြည့်ပြီး မျက်မှောင်ကြုတ်လာသည်။
လုလျန်ဝေမှ သူ့လက်ကိုဆွဲပြီး ကြောင်လေးပေါ်တင်ပေးလိုက်သည်။
သို့ပေမဲ့ ဤကောင်မလေး၏ တောက်ပပြီးချစ်စရာကောင်းသည့်မျက်လုံးရွဲလေးတွေကိုတွေ့တဲ့အခါ သူ့စိတ်ထဲမှအတွေးတွေက ချက်ချင်းအရည်ပျော်ကျသွားတော့သည်။
သူ့အသံက နွေးထွေးနေပေမဲ့ ကြောင်လေးကိုကြည့်နေတဲ့အကြည့်ကတော့ ခြိမ်းခြောက်အန္တရာယ်ပြုတော့မည့်ပုံပေါ်နေသည်။
သူတောင်မှ သူ(မ)လက်မောင်းကြားမှာနေရတဲ့ခံစားချက်ကို မသိသေးတာတောင် ဒီသတ္တဝါလေးကတော့ သူ့ကိုကျော်တက်သွားလေပြီဖြစ်သည်။
“ ရပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် မဟုတ်လည်း ကျွန်မမှာလုပ်စရာအများကြီးမရှိပါဘူး “
လုံယန် ရပ်လိုက်သည်။ သူတို့လက်ထပ်ပြီးပါက သူ(မ)ကို မြန်မြန်ကလေးယူဖို့နားချရမည်ဟု ခံစားလိုက်ရသည်။ မဟုတ်ပါက ဒီသတ္တဝါလေးကိုဘဲ အရေးပေးနေလိမ့်မည်။
လုလျန့်ဝေသည် ကြောင်လေး၏ခေါင်းပေါ်မှ လုံယန်၏လက်ကိုဖယ်လိုက်သည်။
လုလျန့်ဝေသည် လုံယန်၏မျက်လုံးကိုစိုက်ကြည့်ပြီး ခံစားချက်တွေကိုလိမ်ညာနေသလားဟု ရှာကြည့်သော်လည်း သူ့မျက်ဝန်းတွေက နက်နဲလွန်းတာကြောင့် ဘာမှရှာမတွေ့ပေ။
သူ(မ)ကြည့်နေတုန်းမှာဘဲ လက်မောင်းကြားထဲမှ ရုတ်တရက်နေရာလွတ်သွားကြောင်း ခံစားလိုက်ရသည်။ ကြောင်လေးဆီမှ တအီအီအသံကိုဘေးခပ်လှမ်းလှမ်းနေရာမှကြားလိုက်ရကာ သူ(မ)ခန္ဓာကိုယ်တစ်ခုလုံးကတော့ အပေါ်မှဖိခံလိုက်ရတော့သည်။
လတ်ဆတ်ကာစိတ်ကြည်နူးစရာကောင်းသည့်အနံ့တစ်ခုက သူ(မ)အပေါ်တွင်ဖြတ်ပြေးနေပြီး သူ(မ)ကိုအနည်းငယ်ရိပ်ခနဲဖြစ်စေသည်။
ပုခုံးပေါ်မှ အေးမြမှုကြောင့် အသိစိတ်ပြန်ကပ်လာပြီး လုံယန်ကိုတွန်းထုတ်ဖို့လုပ်နေတုန်းမှာဘဲ သူက သူ(မ)အင်္ကျီိတို့ကို သေချာပြန်ပြင်ပေးနေလေသည်။
လုလျန့်ဝေ ထိုင်လိုက်ကာ စိတ်ဆိုးမှုကြောင့် ပါးတို့နီရဲနေသည်။ပါးစပ်နားမှအပူဓာတ်က သူ(မ)ကို မသက်မသာဖြစ်စေသည်။လုံယန်အသက်ရှုနှုန်းက အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။ သူ(မ)ရဲ့လက်နုနုကို ကိုင်ပြီး စူးရှတဲ့အသံဖြင့်မေးသည်။
“ ရေနည်းနည်းသောက်မယ် “
သူ(မ)အသံသည် နူးညံ့အားနည်းနေသည်။
လုံယန်သည် ရုတ်တရက်ငေးငိုင်ပြီး သူ(မ)ကို မျက်ဝန်းနက်ကြီးများဖြင့်အတော်ကြာကြည့်နေပြီးမှ ရေခပ်ပေးဖို့ထရပ်လိုက်သည်။
သူထွက်သွားမှ လုလျန့်ဝေ ဟူးခနဲ သက်ပြင်းချလိုက်သည်။
သူ့စိတ်ထဲမှဖုံးကွယ်ထားသောဆန္ဒတွေကို ခံစားလို့ရသည်။
လုံယန်မှ သူ(မ)ကို လက်မောင်းကြားထဲဆွဲဖက်လိုက်သည်။
လုလျန့်ဝေ ခေါင်းသည် သူ့ရင်ဘတ်ဖြင့် ထိကပ်ထားခံရပြီး သူ့တည်ငြိမ်တဲ့နှလုံးခုန်သံကိုကြားတဲ့အခါ သူ(မ)နှလုံးသားလည်း ရုတ်တရက်အရည်ပျော်သွားသလိုခံစားရသည်။
လုံယန်ပြုံးကာ သူ(မ)ဆံပင်တွေကို ပွတ်လိုက်ပြီး သူ(မ)လက်ကိုဆွဲကိုင်လိုက်သည်။
သူ(မ)လက်ကိုဆွဲပြီး အပြင်သို့တည်ငြိမ်စွာထွက်လာသည်။
တံခါးအပြင်တွင် ကျောက်ချန်နှင့် ချူးကျူတို့အတူရပ်နေပြီး ကြောင်လေးနှင့်ဆော့နေကြသည်။
လုလျန့်ဝေသည် ထိုမြင်ကွင်းကိုမြင်မှ စိတ်ချသွားတော့သည်။
သူ(မ)သည် ကြောင်လေးပျောက်သွားပြီဟုထင်ခဲ့တာဖြစ်သည်။
လုံယန်မှ ကျောက်ချန်ကို အေးစက်စွာကြည့်လိုက်သည်။
ကျောက်ချန်သည် ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ သူ့အရှင်သခင်မှ ခြိမ်းခြောက်သည့်အကြည့်ဖြင့်ကြည့်နေတာကြောင့် ချွေးအေးတွေထွက်လာတော့သည်။
ဘာဖြစ်တာလဲ။ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အရှင်မင်းကြီးက သူ့ကိုအဲ့လိုသတ်တော့မလိုကြည့်နေတာလဲ။
Chapter 461: သွေးတစ်ပွက်အန်ထွက်
လုံယန် သူ့အကြည့်ကိုပြန်လည်ရုပ်သိမ်းလိုက် ကာ လုလျန့်ဝေကို လျှို့ဝှက်နန်းဆောင်မှခေါ်ထုတ်လာလိုက်သည်။
“ကျူ, စားစရာတစ်ခုလောက်ပေးပါဦး”
လုလျန့်ဝေခေါင်းလှည့်ကာ အမြန်ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
နောက်ဆုံး၌ လုလျန့်ဝေ လုံယန်နောက်လိုက် ကာ နန်းတော်ထဲမှထွက်လာခဲ့လေသည်။
…
လျှို့ဝှက်အစောင့်တွေက ချန်ကျူပင်းကို အကျဉ်းထောင်ထဲပြန်ပစ်ထည့်လိုက်သည်။
ထိုအမျိုးသမီး ကြောင်လေးကိုကန်နေသည့် မြင်ကွင်းမှာ သူ့မျက်လုံးထဲမှမထွက်သွားခဲ့ပေ။
ကြောင်လေးကဘာမှမလုပ်ပေမယ့် လုယွင်ရွှမ်းက ကြောင်လေးကိုသတ်ချင်နေတယ်။
ချန်ကျူပင်း မျက်လုံးတွေကိုမှိတ်ချလိုက်သည်။ သူ့နှလုံးသားထဲရှိနောင်တတရားတွေဟာ သူ့ကိုအဆုံးထိဆွဲချနေ၏။
ဟိုးအရင်နှစ်တွေတုန်းက သူချစ်ရတဲ့ကြောင်လေးသေသွားတော့ သူမ၀မ်းပန်းတနည်း ငိုကြွေးနေတာကို သူ မြင်ခဲ့ရသည်။
ထိုအချိန်တုန်းက သူ့လိုပဲသူမလဲ ကြောင်တွေ ကိုချစ်တတ်တယ်လို့ ထင်ခဲ့တာဖြစ်သည်။
အစောက အရှေ့ဘက်နန်းဆောင်မှာတုန်းက သူမခြေထောက်တွေနဲ့ ကြောင်လေးကို မညှာမတာကန်ကျောက်နေတာကိုကြည့်ရရင် လုယွင်ရွှမ်းကကြောင်တွေကို လုံး၀မချစ်ပါချေ။
သာမန်လူတစ်ယောက်အနေနဲ့ ကြောင်တွေကို မချစ်ဖူးဆိုရင်တောင် အဲ့လိုရက်စက်တဲ့အရာ မျိုးကိုတော့ လုပ်မှာမဟုတ်ပေ။
လူတစ်ယောက်က ဘယ်လိုမျိုး ကြောင်လေး သေမှာကြောက်လို့ငိုကြွေးနေသံကို နားထောင်ရက်ရတာလဲ။
သူ အရင်နှစ်တွေတုန်းက လုယွင်ရွှမ်းကို နားလည်ခဲ့တာရောဟုတ်ရဲ့လား။
တကယ်တော့ လုယွင်ရွှမ်းက သူထင်ခဲ့သလို စေတနာထက်သန်တဲ့မိန်းကလေးမျိုး မဟုတ်ပဲ အဲ့တာနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ လား။
လင်ချင်းယွမ်သည် အကျဉ်းထောင်အပြင်ဘက်၌ ရပ်နေရင်း ချန်ကျူပင်းကိုသရော်လျက်ကြည့်နေခဲ့ သည်။
“ရှင်မြင်ပြီမလား။ အဲ့တာက ရှင့်ရဲ့ မြင့်မြတ်ပြီး ပြီးပြည့်စုံတဲ့လုယွင်ရွှမ်းပဲလေ”
သူမအသံကိုကြားပြီးနောက် ချန်ကျူပင်း၏ နှလုံးသားထဲ၌ ခံစားချက်တွေ ရောနှောနေ ၏။
“ရှင်နောင်တရနေပြီမလား ချန်ကျူပင်း။ ရှင့်ရဲ့ မိုက်မဲမှုကြောင့် အခုတော့ရှင်တစ်မိသားစုလုံး ကို ထောင်ထဲဆွဲချမိပြီလေ”
ချန်ကျူပင်း လက်သီးခပ်တင်းတင်းဆုပ်လိုက်မိ ကာ သူ့လည်ချောင်းထဲ၌ သတ္တုအရသာကို ခံစားလိုက်မိသည်။ သူ့အဖေ၏ဒေါသတကြီး အကြည့်ကိုပြန်မြင်ယောင်လာပြီး သွေးတစ်ပွက်အန်ထုတ်လိုက်မိသည်။
ထိုအခြင်းအရာကိုမြင်တော့ လင်ချင်းယွမ် သနားမနေပဲ အေးစက်စွာသာပြောလာသည်။
“ဒါပေမယ့် ရှင့်ကိုနှလုံးသားမရှိတဲ့လူလို့ ထင်ခဲ့တာ။ ရှင့်မိသားစု၀င်တွေ ရှင့်မျက်စိရှေ့ မှာသေသွားတာတောင် မျက်တောင်တစ်ချက် ခတ်မှာမဟုတ်ဘူးလို့လေ”
နောက်ထပ်သွေးတစ်ပွက်ထပ်အန်ပြီးနောက် ချန်ကျူပင်း မျက်လုံးတွေကို ပိတ်ချလိုက်ကာ အချိန်အတော်ကြာအောင် စကားပြောမလာ တော့ပေ။
သူ သေလူတစ်ယောက်လိုလှဲလျောင်းနေတာကိုကြည့်ရင်း လုယွင်ရွှမ်း၏ပုံစံအမှန်ကို သူမြင်ပြီးသွားပြီဆိုတာ လင်ချင်းယွမ် သိလိုက်သည်။
သူမစိတ်ကျေနပ်သွားရသလို ထိုကဲ့သို့သော လူကို တစ်ချိန်ကသူမ ချစ်ခဲ့ဖူးသည်ကို တွေးမိတော့ ချန်ကျူပင်းကို ရွံရှာလာရသည်။
တကယ်တော့ ချန်ကျူပင်းကလည်း အရူးတစ်ယောက်သာပင်။ လုယွင်ရွှမ်းထံမှ အရူးလုပ်ခံခဲ့ရတာကို သူဘယ်တော့မှသိမှာ မဟုတ်ပေ။
ထို့နောက် ချန်ကျူပင်းကို တစ်ချက်မှ လှည့်မကြည့်ပဲ သူမလှည့်ထွက်လာလိုက် သည်။
“တောင်းပန်ပါတယ်”
လင်ချင်းယွမ်၏နှုတ်ခမ်းထောင့်စွန်းတွေ မဲ့ကျသွားပေမယ့် သူမဘာတစ်ခွန်းမှ ပြောမလာပေ။ သူမထွက်သွားရန်ပြင်နေချိန် မှာ ချန်ကျူပင်းထပ်ပြောလာ၏။
“တကယ်လို့ လုယွင်ရွှမ်းလည်း ဒီကိစ္စတွေမှာပါတယ် ဆိုတာ ငါသက်သေပြနိုင်ရင် ဧကရာဇ် ငါ့မိသားစုကို ခွင့်လွှတ်ပေးမှာလား။”
ထိုအခါမှ လင်ချင်းယွမ်ပြန်လှည့်ကြည့်လာ သည်။
“နောက်ဆုံးတော့ ရှင်အသိ၀င်လာပြီပဲ”
ချန်ကျူပင်း နံရံကိုမှီလျက်ထိုင်နေရင်း သူ့မျက်နှာဟာတော့ ဖြူဖပ်ဖြူလျော်ဖြင့်ပင်။
“ငါသေရလဲကိစ္စမရှိဘူး။ ဒါပေမယ့် ငါ့မိသားစုကို ဒီအရှုပ်ထုပ်ထဲဆွဲသွင်းခဲ့မိ တယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ဧကရာဇ်ကို စကားလေးပြန်ပါးပေးပါ”
လင်ချင်းယွမ် နှာတစ်ချက်မှုတ်လိုက်ကာ
“ရှင်ကကျွန်မကို အထင်ကြီးနေတာပဲ၊ ကျွန်မလိုလူက ဧကရာဇ်ကို တွေ့ချင်တိုင်း တွေ့ခွင့်ရမယ်ထင်နေတာလား။”
“မင်းကတော့မတွေ့နိုင်ပေမယ့် လုလျန့်ဝေ ကတော့ရတယ်လေ”
ချန်ကျူပင်းအမှောင်ထဲ၌ ထိုင်ကာ သူမကိုတိတ်တဆိတ်ကြည့်နေခဲ့ သည်။
လင်ချင်းယွမ် ရပ်တန့်သွားကာ
“သူတွေ့နိုင်တာတော့ ဟုတ်ပေမယ့် သူကဘာလို့ရှင့်ကိုကူညီမှာလဲ။ ရှင့်သူ့ကို သတ်ပစ်ဖို့ နှစ်ကြိမ်သုံးကြိမ်လောက် ကြိုးစားခဲ့ဖူးတယ်လေ”
Chapter 462: ပိုပြီးနှိမ့်နှိမ့်ချချ ပြုမူသင့်တယ်
ချန်ကျူပင်း ဆွံ့အသွားရသည်။
ဒီနေ့အထိ သူလုလျန်ဝေ သေသွားဖို့ကို စက္ကန့်နဲ့အမျှဆုတောင်းနေခဲ့တာပင်။
သူဘာမှပြန်မပြောလာနိုင်သည်ကိုမြင်တော့ လင်ချင်းယွမ် လှောင်ရယ်ကာပြောလာသည်။
“ရှင်လုလျန့်ဝေကို ကြောင်တစ်ကောင် အတွက်နဲ့ ဒီလောက်နှစ်တွေအကြာကြီး အငြှိုးထားခဲ့ပေမယ့် လုယွင်ရွှမ်းကမှ သူ့ကို တကယ်သတ်ခဲ့ပြီး သူမအပေါ်အပြစ်ပုံချခဲ့ တယ်ဆိုတာ ရှင်တွေးရောတွေးကြည့်ခဲ့ဖူး လား။”
ချန်ကျူပင်း မျက်မှောင်ကြုတ်လိုက်ကာ
“ဒါပေမယ့် ငါကြောင်ကိုရှာတွေ့တဲ့အချိန် သူအဲ့မှာရှိနေခဲ့တာလေ”
“အဲ့တာနဲ့ပဲ လုလျန့်ဝေက ကြောင်ကိုသတ်ပါ တယ်လို့ ရှင်ယူဆလိုက်ရောပေ့ါ။”
ချန်ကျူပင်းမျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန်တုန်းက သူ့ကြောင်လေးကို နေရာအနှံ့လိုက်ရှာခဲ့ပေမယ့် သူရှာလို့တွေ့တဲ့ အချိန်မှာ ကြောင်လေး သေလုနီးပါးဖြစ်နေ ပြီး လုလျန့်ဝေ ထိုနေရာမှာရှိနေခဲ့တာပင်။
သူမ ကြောင်လေးကိုသတ်ခဲ့တာမဟုတ်ဘူး လား။
“ဒါနဲ့မေးရဦးမယ်၊ ကြောင်လေးတစ်ကောင် သေလို့ငိုတာနဲ့ပဲ လုယွင်ရွှမ်းက ကြင်နာတတ် တဲ့လူဖြစ်သွားရောပေါ့။”
ချန်ကျူပင်း သူ၏အက်ကွဲနေသည့်နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခက်ခက်ခဲခဲပြောလာသည်
“ငါကြောင်လေးကိုရှာတွေ့တော့ သူ အသက်ရှူ နေသေးတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ သူသေသွားခဲ့တယ်။ ငါလုယွင်ရွှမ်းနဲ့တွေ့တဲ့ အချိန်မှာ ကြောင်လေးကိုမြှုပ်ဖို့နေရာလိုက် ရှာနေခဲ့တာ။ ကြောင်လေးကိုမြင်တော့ သူတောင်ငါနဲ့အတူမြေမြှုပ်ဖို့လိုက်ခဲ့ပေးသေး တယ်”
“လုယွင်ရွှမ်းကို အဲ့နေရာမှာတွေ့တာ တိုက်ဆိုင်တာမဟုတ်လောက်ဘူးလို့ရော တွေးမိခဲ့ဖူးလား။ ကမ္ဘာပေါ်မှာ တိုက်ဆိုင်တာ အဲ့လောက်တောင်များတယ်လား။”
ကြောင်အလျက်ပင် ချန်ကျူပင်း သူငယ်စဉ်က လုယွင်ရွှမ်းကို တွေ့ခဲ့သည့်အချိန်ကို ပြန်စဉ်းစားလိုက်သည်။
လုယွင်ရွှမ်းကြောင်လေးအတွက် ၀မ်းပန်း တနည်းငိုကြွေးနေခဲ့တာကြောင့် သူမက ကြင်နာတတ်တဲ့သူတစ်ယောက်ပဲလို့ တွေးမိပြီး အဲ့နောက်ပိုင်းမှာ သူမနဲ့ မကြာခဏ အဆက်အသွယ်ရှိခဲ့တာပင်။
ဒါပေမယ့် အဲ့တွေ့ဆုံမှုက တိုက်ဆိုင်တာ မဟုတ်ရင် လုယွင်ရွှမ်းကြိုတင်ကြံစည်ထား တာများလား။
သူမကအဲ့လောက်အသက်ငယ်ငယ်လေးကတည်းက အကြံသမားတစ်ယောက် ဖြစ်နေခဲ့ပြီလား။
အဲ့ကြောင်လေးက သူ့အတွက် ဘယ်လောက် တောင်အရေးပါတယ်ဆိုတာ သူမသိတာ ကြောင့် တမင်သက်သက် အဲ့အချိန်တုန်းက သူ့ရှေ့မှာပေါ်လာတာဖြစ်ရမည်။
သူအတွေးထဲနစ်မြုပ်နေသည်ကိုမြင်တော့ သူတစ်ခုခုကိုသတိထားမိသွားပြီဆိုတာကို လင်ချင်းယွမ်ရိပ်မိလိုက်ကာ ပိုလို့ပင် အထင်သေးလာရသည်။
သူကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေက နောင်တရနေပါပြီဆိုတာနဲ့တင် ခွင့်လွှတ်လို့ ရတဲ့ကိစ္စမျိုးမဟုတ်ပေ။
သူမထွက်သွားတော့မည်ကိုမြင်တော့ ချန်ရွှီဖျင် အလျင်စလိုပြောလာ၏။
“လင်ချင်းယွမ်၊ တကယ်တော့ ငါတို့ နှစ်ယောက်က အတူကြီးလာကြတာပဲလေ။ ငါ့ကိုကူပြီး ဧကရာဇ်ကို စကားလေးပါးပေးလို့ ရမလား။”
“ရှင်ကျွန်မကိုသတ်ဖို့လုပ်တုန်းက ကျွန်မတို့အတူကြီးပြင်းလာတယ်ဆိုတာကို ထည့်စဉ်းစားခဲ့ဖူးလား။ အခုမှ အဲ့စကားကို လာပြောရဲသေးတယ်နော်။”
ချန်ကျူပင်း စိတ်ဓာတ်ကျသွားရသည်။ တကယ်တော့ လင်ချင်းယွမ် သူ့လျှို့ဝှက်ချက်ကို သိသွားတဲ့အချိန်တုန်းက သူမကိုသတ်ပစ်ဖို့ သူလုံး၀တွန့်ဆုတ်မနေခဲ့ ချေ။
“လုလျန့်ဝေသာ ကျွန်မသေသွားပြီဆိုပြီး သေဆုံးမှုအတုလုပ်ပြီး မကယ်ခဲ့ရင် အခုဆို ကျွန်မသေနေလောက်ပြီ။ ရှင်ဘယ်တုန်းကမှ ကျွန်မကို သက်ညှာဖို့မတွေးခဲ့ဖူးပဲနဲ့ ကျွန်မက ဘာလို့ရှင့်ကိုကူညီရမှာလဲ။”
ချန်ကျူပင်းလက်သီးတင်းတင်းဆုပ်လိုက်မိ သည်။ သူ့မိသားစု၀င်တွေရဲ့အသက်ကို စဉ်းစားလိုက်မိတော့ အဆုံး၌အံတင်းတင်း ကြိတ်ကာ ဒူးထောက်ချလိုက်သည်။
သူမပြောတာကိုကြားတော့ ချန်ကျူပင်း အနည်းငယ်တုံ့ဆိုင်းသွားရသည်။
“ရှင်ကျွန်မကို တောင်းဆိုချင်တယ်ဆိုရင်လဲ ဒီထက်ပိုပြီးနှိမ့်နှိမ့်ချချပြုမူသင့်တယ်။ ကျွန်မ စိတ်ကျေနပ်အောင်လုပ်နိုင်ခဲ့ရင် ရှင်တောင်းဆိုတာကို လက်ခံပေးမယ်”