← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 10 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 10 Ch. 463-465

Chapter 463: သူ့အကြည့်အောက် မှာ တသိမ့်သိမ့်တုန်ယင်သွား

ဘန်း ဘန်း ဘန်း!

လင်ချင်းယွမ်စကားဆုံးသည်နှင့် ရုတ်တရက် ချန်ကျူပင်း မြေကြီးနှင့်နဖူး သုံးကြိမ်တိုင်တိုင် ခပ်ပြင်းပြင်းဆောင့်လာသည်။ သူခေါင်းပြန် မော့လာချိန်၌ သွေးတွေစိုရွှဲနေခဲ့ပြီဖြစ်သည်။ ထို့နောက် လင်ချင်းယွမ်ကိုကြည့်ကာ မချိတင်ကဲဖြစ်ဟန်ဖြင့်ပြုံးလျက်

“ဒီလောက်ဆိုလုံလောက်ပြီလား။”

လင်ချင်းယွမ် သူ့အားဖတ်မရသောအမူအရာ ဖြင့်ကြည့်လာကာ နောက်ဆုံး၌ ဝိုးတဝါးပြော လာသည်။

“တကယ်လို့ဧကရာဇ်ကို ရှင့်မိသားစုကိုငဲ့ညှာပေးစေချင်တယ်ဆိုရင် ရှင်တရားခံမဟုတ်ပါဘူးဆိုတာကို ပြနိုင်ဖို့ သက်သေလိုတယ်”

ချန်ကျူပင်း ခနမျှစဉ်းစားကာ ပြောလာသည်။

“ငါတို့ကလေးတုန်းက ခဏခဏသွားတတ်တဲ့ နေရာကိုမှတ်မိလား။ အဲ့သစ်ပင်အောက်မှာ ငါသက်သေတွေမြှုပ်ထားတယ်။ မင်းငါ့အတွက် အဲ့တာကိုသွားရှာပြီး ဧကရာဇ် ကို ပေးပေးလို့ရမလား။”

သူမငယ်ငယ်တုန်းက ချန်နယ်စားအိမ်တော်၌ အချိန်ဖြုန်းရသည်ကို နှစ်သက်လေသည်။ ထိုအချိန်တုန်းက ချန်ကျူပင်းဟာလဲ သူမကို အလွန်ဂရုစိုက်ခဲ့လေသည်။ သူမတို့ မကြာခဏ တူတူပုန်းတမ်းအတူကစားကြပြီး ချန်ကျူပင်းဟာတော့ ထိုအပင်အောက်၌ ပုန်းရသည်ကိုနှစ်သက်၏။ သူမ သူ့ကို ရှာမတွေ့လျှင် ငိုလိမ့်မည်။ ထိုအခါမှသာ သူ ထိုအပင်အောက်မှထွက်လာတတ်သည်..

သို့သော် နောက်ပိုင်းကျ ချန်ကျူပင်းသူမကို ယခင်နှင့်မတူစွာ ဆက်ဆံလာခဲ့သည်။ သူမတို့နှစ်ဦးသာ စေ့စပ်မထားလျှင် သူမကို သူလုံး၀ဂရုစိုက်တော့မှာမဟုတ်ချေ။

ကောင်းမွန်တဲ့အချိန်တွေဟာ အကုန်မြန်လေ သည်။ ကြီးလာတဲ့အခါ လူတိုင်းက ငယ်ရွယ်စဉ်ကနှင့် အများကြီးကွဲပြားသွား တတ်လေသည်။

“ကောင်းပြီလေ၊ ငါအဲ့တာသွားယူပြီး အရှင့်ကို ပေးပေးမယ်”

သူမထွက်သွားသည်အထိ ချန်ကျူပင်း မြေကြီး ပေါ်၌ ဒူးထောက်နေဆဲပင်။ သူမထွက်ခွာသွား သည့်ပုံရိပ်ကိုကြည့်ရင်း သူရုတ်တရက် သတိပြုမိလာသည်။

သူမကသာ သူ့အပေါ်မှာ မည်သို့သောလှည့်စားမှုမှမရှိပဲ အမှန်အတိုင်း ဆက်ဆံပေးခဲ့သူဖြစ်သည်။ သို့သော် သူမ၏ ဖြူစင်သည့်ခံစားချက်တွေကို သူကိုယ်တိုင် သူ့လက်နှင့်ပင် သတ်ပစ်ခဲ့တာဖြစ်သည်။

သူသာ သူမကိုသတ်ဖို့မကြိုးစားမိခဲ့ရင် သူတို့ အခုဆို နီးကပ်နေလောက်မလား။ အရင်နေ့ရက်တွေလိုပဲ သူမ သူ့နောက်က တကောက်ကောက်လိုက်ပြီး ကျူပင်းကောလို့ ‌လိုက်ခေါ်နေလောက်မလား…

သိုသော် အချိန်တစ်ခုကြာပြီးနောက် သူ သူမ အပေါ် ပိုကာစိတ်မရှည်ဖြစ်လာခဲ့ရသည်။ သူမပျောက်ကွယ်သွားပြီး သူ့ကို ထပ်လာ မနှောင့်ယှက်ဖို့ ဆုတောင်းခဲ့မိသည်။

ချန်ကျူပင်း၏မျက်လုံးထောင့်မှ မျက်ရည် တစ်စက်စီးကျလာခဲ့သည်။

အကျဉ်းထောင်ထဲမှထွက်ခွာလာခဲ့ပြီးနောက် လင်ချင်းယွမ် ချန်နယ်စားအိမ်တော်သို့ တန်းမသွားခဲ့ပေ။

ချန်နယ်စားအိမ်တော်ကို အကျဉ်းချထား သည်ဖြစ်ရာ ဧကရာဇ်အမိန့်စာမပါပဲ သူမ ၀င်လို့မရနိုင်ပေ။

ထို့ကြောင့် တော်၀င်နယ်စားအိမ်တော်ကိုသာ လာလိုက်သည်။

သို့သော် လုလျန့်ဝေနန်းတော်မှပြန်မရောက် သေးဟု ကျူးယွီသူမကိုပြောလာ၏။

လင်ချင်းယွမ် သူမနှလုံးသားထဲရှိ သောကကို ဖိနှိပ်ကာ လုလျန်ဝေပြန်လာနေသည်ကို ထိုင်စောင့်နေရုံသာရှိတော့သည်။

ထိုအချိန်တွင် လုလျန့်ဝေက နန်းတော်ထဲမှ ထွက်လာဖို့ အဆင်သင့်ပြင်ပြီးနေပြီဖြစ်သည် ။ အဖြူရောင်လေးကို သူမလက်ထဲ၌ ပွေ့ဖက် ထားရင်း လုံယန့်ကိုနှုတ်ဆက်လိုက်သည်။

သူမလက်ထဲရှိကြောင်လေးကိုကြည့်ရင်း လုံယန်ခဏတာတိတ်ဆိတ်နေကာ

“မင်းဆေးဆိုင်ဖွင့်ဖို့ပြင်ဆင်ရင်း အလုပ်ရှုပ် နေတာမဟုတ်ဘူးလား။ ဒီကြောင်ကို နန်းတော်မှာပဲ ထားခဲ့လို့ရတာပဲ၊ ကျောက်ချန် မင်းအစာ သူ့ကိုစောင့်ရှောက်ထားပေးလိမ့် မယ်”

လုလျန့်ဝေ သူမလက်ထဲရှိကြောင်လေးကို ကြည့်ရင်း သူမဘေး၌ပြုံးလျက်ရပ်နေသည့် ကျောက်ချန်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ်တုံ့ဆိုင်းလျက်

“မဟုတ်တာ၊ ကျွန်တော်မျိုးလဲ ကြောင်လေးနဲ့ သံယောဇဉ်တွယ်နေပါပြီ။ ဒုတိယ သခင်မလေး ကျွန်တော့်ကိုအပ်ထားခဲ့လို့ ရပါတယ်။ ကျွန်တော့်သားလေးလို သဘောထားပြီး ပြုစုထားပေးပါ့မယ်”

သူ့စကားတွေနှင့်ကွဲလွဲစွာ သူ့နှလုံးသားထဲ တွင်တော့ အထွန့်တက်နေမိသည်။ သူ ကြောင်မွေးရတာလုံး၀မကြိုက်ပေမယ့် အရှင်က ဒီကြောင်ကိုမွေးဖို့ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ သူသာဘာမှမလုပ်လို့ ဒုတိယ သခင်မလေး ကြောင်ကိုခေါ်သွားရင် အရှင်က သူ့ကိုအပိုင်းပိုင်းဖြတ်ပစ်လိမ့်မည်။

ထိုသို့တွေးမိပြီး လုလျန့်ဝေ၏လက်ထဲမှ ကြောင်လေးကို ချစ်မြတ်နိုးစွာ ကြည့်လိုက် သည်။

ကြောင်လေးမှာ သူ့အကြည့်အောက်တွင် တသိမ့်သိမ့်တုန်ယင်သွားကာ သူ့ကိုယ်သူ လုလျန့်ဝေ၏ပွေ့ဖက်မှုထဲတွင် နစ်မြုပ်ထား လိုက်သည်။

လုလျန့်ဝေ ထိုအရာကိုသတိပြုမိသွားပြီး အနည်းငယ်ပဟေဠိဖြစ်သွားရသည်။ အခု ရာသီဥတုက တော်တော်လေးပူနေတာပါ သူအေးနေတာတော့မဖြစ်နိုင်လောက်ဘူး၊ ဟုတ်တယ်မလား။

ပြီးတော့ ကျောက်ချန် ဒီကြောင်လေးကိုမွေးဖို့ အရမ်းတက်ကြွလွန်းမနေဘူးလားလို့။ သူ့မှာ အဲ့လိုဝါသနာမျိုးရှိလို့လား။

Chapter 464: သူဘယ်လောက်ပဲ သူမကိုနေစေချင်ပါစေ သူ့နှလုံးသား ကိုသူပြန်ခိုးနေဖို့ပဲရှိတယ်

ထိုသို့တွေးမိပြီးနောက် လုံယန့်အနားတိုးကာ ခပ်တိုးတိုးပြောလိုက်မိသည်။

“အထိန်းကျောက်မှာ ထူးထူးဆန်းဆန်း ဝါသနာတွေဘာတွေတော့ မရှိပါဘူးနော်။”

ထိုမိန်းကလေး သူ့အနားတိုးလာသည်ကို ကြည့်ရင်း လုံယန့်မျက်လုံးထဲ၌ အပြုံးတစ်စ ဖြတ်ပြေးသွားရသည်။ သူမခါးကိုဆွဲဖက်ကာ နားနားကပ်ကာ ပြန်မေးလိုက်သည်။

“ဘယ်လိုမျိုးကိုပြောချင်တာလဲ။”

“ကြောင်လေးတွေကိုနှိပ်စက်တာလို ဝါသနာမျိုး အထိန်းတော်ကျောက်ဆီမှာ ရှိလား။”

လုလျန့်ဝေ၏နားရွက် အနည်းငယ် ယားယံသွားပေမယ့် သူမ သိပ်ဂရုမစိုက်မိပေ ။

“ကျောက်ချန်မှာ မကောင်းတဲ့ဘက်အခြမ်း ရှိပေမယ့် ကြောင်တွေကိုတော့ မနှိပ်စက် တတ်ပါဘူး။ သူ့ကိုမင်းအစား ကြောင်လေးကိုမွေးခိုင်းထားလို့ရပါတယ်။ မစိုးရိမ်ပါနဲ့”

သူပြောတာကိုကြားမှ လုလျန့်ဝေ စိတ်သက်သာရာရသွားသည်။

လုံယန်၏အာမခံချက်ကြောင့် အဖြူရောင် လေးကို အထိန်းတော်ကျောက် ကောင်းကောင်းဂရုစိုက်မည်ဟု သူမ ယုံကြည်လိုက်သည်။

လုလျန့်ဝေ ထိုမြင်ကွင်းကြောင့် ရင်ထဲထိ သွားရသည်။ ကျောက်ချန်၏ အဖြူရောင် လေးအပေါ် မူမမှန်သည့်အကြည့်တွေကို သူမ မကြိုက်ပေမယ့် အနည်းဆုံးတော့ အဖြူရောင်လေး မှန်မှန်ကန်ကန် ဂရုအစိုက်ခံ ရမည်ဖြစ်သည်။

သူမအကျဉ်းထောင်မှအပြန်တွင် ထိုကြောင်လေးကို တွေ့ခဲ့တာဖြစ်သည်။

ထိုအချိန်တုန်းက အဖြူရောင်လေးမှာ ညစ်ပတ်နေခဲ့ပြီး ဗိုက်ဆာနေတာကြောင့် ဖြစ်မည် ထိုနေရာတွင် မလှုပ်မယှက် လဲနေခဲ့ သည်။ ချူကျူ ထိုအကောင်လေးကို ခေါ်လာကာ ရေချိုးအစာကျွေးပြီးနောက် ၎င်းမှာ ပိုလို့တက်ကြွလာပုံပေါ်သည်။

ကြောင်လေးဟာ အလွန်ဉာဏ်ကောင်းလှ သည်။ လုလျန့်ဝေ သူ့ကိုမကြာခဏ အစာ‌ ကျွေးတာကြောင့်ဖြစ်မည် သူမအနားတွင် တော့ သက်တောင့်သက်သာရှိနေလေသည်။

သူမ ထိုကြောင်လေးကို ကျောက်ချန်ကို မပေးချင်ပေမယ့် လုံယန်ပြောတာမှန်သည် — သူမထံတွင် လုပ်စရာတွေအများကြီးရှိကာ ၎င်းကိုဂရုစိုက်ရန် အချိန်မရှိပေ။

ဆေးဆိုင်အတွက်စီစဉ်ရဦးမည့်အပြင် မင်္ဂလာပွဲအတွက်လည်း ပြင်ဆင်ရဦးမည်။

‌အဖြူရောင်လေးဟာတော့ ကျောက်ချန်၏ လက်မောင်းကြားထဲမှ သူမထံ တလက်လက် တောက်နေသောမျက်လုံးလေးများဖြင့် ငေးကြည့်နေလေသည်။

လုလျန့်ဝေ အဝေးသို့အတင်းအကျပ် အကြည့်လွှဲလိုက်ကာ လုံယန့်ကို ဘာမှမဖြစ်ဟန်ဖြင့်နှုတ်ဆက်ရန် ကြိုးစား လိုက်သည်။

“အရှင် နောက်ကျနေပြီဆိုတော့ ကျွန်မ တကယ်ပြန်ရတော့မယ်”

သူ့နှလုံးသားထဲမှ ၀မ်းနည်းမှု ကိုဖိနှိပ်ကာ လုံယန်သူမလက်ကိုဆွဲလျက် နဂါးနန်းဆောင်မှ ထွက်လာခဲ့လိုက်သည်။

သူနေ့တစ်၀က်လောက် အလုပ်မှလစ်လာ ပေမယ့် သူဘယ်လောက်ပဲ ဒီမိန်းကလေးကို နေစေချင်ပါစေ ဘာမှမတတ်နိုင်ပဲ သူ့နှလုံးသားကိုသာ သူမနှင့်အတူ ထည့်ပေး လိုက်ရသည်။ မဟုတ်ပါက သူက တကယ် ပျက်စီးနေတဲ့ဘုရင်တစ်ပါးဖြစ်သွားလိမ့်မည်။

ရုတ်တရက် ထိုမိန်းကလေး သူမအပေါ် ဘယ်လောက်တောင်လွှမ်းမိုးနေမိသည်ကို သူသတိထားမိသွားသည်။ ကံကောင်းစွာနဲ့ သူမက စိတ်နှလုံးဖြူစင်ပြီး ကြင်နာတတ် သည့်လူတစ်ယောက်ဖြစ်နေလို့သာပင်။ သူမသာ ရုံးတော်အရေးကိစ္စတွေမှာ ၀င်စွက်ဖက်ချင်လျှင် သူကလဲ သူမကို ခွင့်ပြုမိလောက်သည်။

သူတိတ်ဆိတ်သွားသည်ကိုမြင်တော့ လုလျန့်ဝေ သူ့လက်မောင်းကိုလှုပ်ယမ်းကာ မေးလိုက်သည်။

“ဘာလို့မျက်မှောင်ကြီး ကြုတ်ထားတာလဲ၊ တစ်ခုခုဖြစ်လို့လား။”

ထိုအခါမှ လုံယန်အသိပြန်၀င်လာကာ သူမကို ကြည့်လာသည်။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး။ မကြာခင် အစ်မတော် ရောက်လာတော့မှာဆိုတော့ ကျင်အာ လန့်သွားလောက်တယ်။ မင်းရဲ့ဆေးပညာနဲ့ သူ့ကိုကုပေးနိုင်လောက်မလားလို့”

လုလျန့်ဝေ သူ ဝမ်ယန်ကျင်၏အခြေအနေကို တစ်ခါပြောဖူးသည်ကို သတိရသွားသည်။ သူမမျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက် ၏။

“အရှင်ပြောပြတဲ့အတိုင်းဆို ကျင်အာက အဲ့အချိန်တုန်းကဖြစ်ပျက်ခဲ့တာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားရတာ။ သူ့အဖေရဲ့သေဆုံးမှုက သူ့ကိုအကြီးကြီး ထိတ်လန့်သွားစေတာကြောင့် အဲ့တာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူ အကြီးအကျယ် ထိခိုက်သွားစေခဲ့တာပဲ။ အချိန်ခဏလောက် တော့ သူပြန်သက်သာလာဦးမှာမဟုတ်ဘူး။ သူရောက်လာမှ ကျွန်မသူ့ကိုထပ်စမ်းသပ် ကြည့်လိုက်မယ်”

ဝမ်ယန်ကျင်၏အခြေအနေက စိတ်ရောဂါကု နှင့်ပြတာပိုသင့်လျော်ပေမယ့် ဒီခေတ်မှာ အဲ့လိုမျိုးမရှိတာကြောင့် သူမလဲ အရင်က စိတ်ပညာကိုလေ့လာဖူးတော့ ဝမ်ယန်ကျင် ကို ဘယ်လိုကုပေးလို့ရမလဲဆိုတာ ကြည့်ကြည့်လို့ရနိုင်သည်။

“မင်းပြောတာ မှန်တယ်။ ကျင်အာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုခံစားနေရတာ”

“အရှင်အရမ်းစိတ်ပူနေစရာမလိုပါဘူး။ စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာဆိုတော့ ကျင်အာကို သေချာလမ်းညွှန်ပေးလိုက်ရင် သူပြန်သက်သာလာမှာပါ”

Chapter 475: လုလျန့်ဝေ အဲ့တာကို မတောင့်ခံနိုင်ဘူး

လုံယန် သူ့ရဲ့ထိုတူလေးဖြစ်သူအပေါ် ကြီးကြီးမားမားခံစားချက်ရှိသည်တော့ မဟုတ်ပေမယ့် ထိုကလေးက သူ့အစ်မရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး သူ့အစ်မ အသက်သုံးဆယ်တုန်းက မွေးခဲ့တာဖြစ်သည်။ ထို့ကြောင့် သဘာ၀ အလျောက် ထိုကလေးအပေါ် သူဂရုစိုက်မိဆဲ ဖြစ်သည်။

သူ့အစ်မတော်က ခင်ပွန်းဖြစ်သူကိုလည်း ဆုံးရှုံးလိုက်ရပြီး တစ်ဦးတည်းသောသားက ပါ ထိုသို့ဖြစ်နေလျှင် သူမလုံး၀ ပြိုလဲသွားလိမ့် မည်။

“အင်း”

ထိုမိန်းကလေး သူ့ကိုလေသံချိုချို လေးဖြင့် နှစ်သိမ့်ပေးနေသည်ကို နားထောင် ရင်း လုံယန်၏အေးစက်နေသည့်နှလုံးသားမှာ နူးညံ့သွားရသည်။

ထိုလူ၏မျက်ခုံးတွေမတွန့်ချိုးနေတော့သည့် အပြင် ထိုပြဿနာကိုမပူပန်တော့သည်ကို မြင်တော့ လုလျန်ဝေ၏ မျက်လုံးတွေ ကွေးညွှတ်သွားကာ သူ့နှုတ်ခမ်းထောင့်စွန်း လေးကို လက်ညှိုးဖြင့်ထိုးလိုက်ရင်း

“အရှင်လည်း များများပြုံးပေးသင့်တယ်”

သူမလက်ချောင်းလေးဖြင့် သူ့နှုတ်ခမ်း ထောင့်စွန်းကိုထိတွေ့လာသည်မှာ သူ့နှလုံးသားကို ငှက်မွှေးလေးဖြင့် ထိတွေ့ သွားသလို ယားယံသွားကာ စိတ်လှုပ်ရှားလာ ရသည်။

လုံယန်၏မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်း သွားပြီး မဆိုင်းမတွပင် သူမကို သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းလိုက်၍ အက်ရှရှအသံဖြင့်ပြောလိုက်သည်။

သူ့လက်တွေထဲ၌ အချုပ်ခံလိုက်ရသော ကြောင့် လုလျန့်ဝေ ရုတ်ခြည်းရှက်သွေးဖြန်း သွားကာ မသိစိတ်အလျောက် ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်မိသည်။ ချူကျူနှင့်ကျောက်ချန်မှာ သူမတို့နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာပါသော်လည်း သူတို့ခေါင်းမော့ကြည့်မလာတာကြောင့် လုလျန့်ဝေ သက်ပြင်းတစ်ချက်ချလိုက်မိ သည်။

လုံယန် သူမလက်ချောင်းတွေကိုဆွဲကာ သူ့မရှေ့သို့ မြှောက်ပြလာသည်။

တစ်နေ့လုံးမျက်နှာကြီးတည်နေတာက အတော်လေးကြောက်စရာကောင်းသည်လေ။

“ကြည့်ရတာ ဒုတိယသခင်မလေးလုက ခြေတွေလက်တွေအကုန်လုံးကို ကိုယ့်အပေါ် မှီဖို့ သင်ထားတယ်ထင်တယ်”

သူမပြန်ချေပဖို့ပြင်နေတုန်းမှာ သူမလက်ညှိုး ၌ နွေးထွေးမှုတစ်ခုလွှမ်းခြုံသွားပြီး လက်ချောင်းထိပ်လေးတွေမှစကာ ထုံကျင် သွားရသည်။

သူမအေးခဲသွားကာ လှပသောမျက်၀န်း တစ်စုံမှာလည်း ပြူးကျယ်သွားလေသည်။

အချိန်တစ်ချို့ကြာမှ သူမနောက်ဆုံး၌ တုံ့ပြန် လိုက်နိုင်သည်။ သူမမျက်နှာနီရဲသွားရကာ သူမလက်ချောင်းကိုဆွဲထုတ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိသည်။

“ကျွန်မ လက်မဆေးထားဘူး ပိုးမွှားတွေ အများကြီး ရှိနေမှာပေါ့”

ချက်ချင်းပင် ဧကရာဇ်မှာ တောင့်ခဲသွားရ သည်။

လုလျန့်ဝေ၏နှုတ်ခမ်းထောင့်စွန်း၌ အပြုံးခပ်သေးသေးပေါ်လာကာ

“ကျွန်မ အဖြူရောင်လေးကိုလည်း ချီထားသေးတယ် သူ့အမွှေးတွေကိုလည်း လက်နဲ့ပွတ်သပ်ပေး ထားသေးတယ်”

လုံယန်ရပ်တန့်သွားကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“မင်းပိုးမွှားတွေလို့ ပြောလိုက် တာလား။ ပိုးမွှားကဘာလဲ။”

လုလျန့်ဝေ သူမလက်ကိုနောက်ကျောဘက် ပို့ကာ ၀တ်ရုံဖြင့်သုတ်လိုက်ပေမယ့် သူမ ခံစားနေရသည့်ထုံထိုင်းမှုမှာ သုတ်လိုက်ရုံဖြင့် ပျောက်မသွားသောကြောင့် တိတ်တဆိတ် ရှက်ရွံ့နေရသည်။

နေ့ခင်းကြောင်တောင်ကြီးကို သူကဘာလို့ ဒီလိုအပြုအမူမျိုးလုပ်ရတာလဲ။ တခြားသူတွေမြင်ရင် အမြင်မတော်ဖြစ်ကုန် မှာပေါ့။

သူအဲ့တာကိုတောင် ထည့်မစဉ်းစားဘူးလား။

ပြီးတော့လည်း ဧကရာဇ်တစ်ပါးအနေနဲ့ အဲ့လိုလုပ်တာ သူ့ဂုဏ်သိက္ခာကိုကျဆင်းစေ မှာ မကြောက်ဘူးလား။

သူမသူ့ကိုကြည့်ကာရှင်းပြလိုက်သည်။

“ပိုးမွှားတွေဆိုတာ ရောဂါကူးစေတာတွေ။ အကြမ်းအားဖြင့်ပြောရရင် သန့်ရှင်းမှု တစ်ရပ်ပဲ။ ဥပမာပြောရရင် ကျွန်မ အစောက လက်မဆေးထားတော့ ရှင် မဆင်မခြင်, မဆင်မခြင်… အဲ့လိုလုပ်ရင် အလွယ်တကူ ဖျားနာလိမ့်မယ်”

ထိုအကြောင်းက ရှင်းပြရခက်တာကြောင့် သူမ အကျဉ်းချုံးသာပြောပြလိုက်သည်။

သူမပြောတာကိုနားထောင်ပြီးနောက် လုံယန် ရုတ်တရက်သူမအနားချဉ်းကပ်လာကာ

လုလျန့်ဝေ သူ့မေးခွန်းတွေကို မတောင့်ခံနိုင် တော့ပေ။ သူမမျက်နှာနီမြန်းလာရကာ ကျယ်လောင်စွာအော်လိုက်မိသည်။

“ရှင်ကျွန်မလက်ကို မဆင်မခြင် ပါးစပ်ထဲ ထည့်လိုက်တယ်လေ”

လုံယန် သူမနောက်ကျောဘက်၌ဝှက်ထား သည့်လက်ကို အရှေ့သို့ဆွဲယူလိုက်ပြီး

လုလျန့်ဝေ အမြန် သူ့အချုပ်အနှောင်ထဲမှ ရုန်းထွက်လိုက်လေသည်။

“ပိုးမွှားတွေကို မမြင်ရဘူး ဒါပေမယ့် သူတို့က တကယ်ရှိ နေတာ အဲ့တာကြောင့် ခဏခဏလက်ဆေး ပေးရတယ်။ အစာစားတဲ့အခါလည်း လက်နဲ့ တိုက်ရိုက်ယူမစားရဘူး”

သူမအတည်ပေါက်သင်ခန်းစာပို့ချနေသည်ကိုကြည့်ရင်း လုံယန်၏ နှုတ်ခမ်းထောင့်စွန်း တွေ တွန့်ကွေးသွားကာ

လုလျန့်ဝေ သူ့ကိုတွန်းထုတ်လိုက်ကာ အကွာအဝေးတစ်ခုထားလိုက်ရင်း

“အရှင်နဲ့အဲ့အကြောင်းထပ်မပြောချင်တော့ ဘူး၊ အရှင်ပြန်သင့်ပြီထင်တယ်”

လုံယန် သူမစိတ်ဆိုးလာသည်ကိုမြင်တော့ ဆက်မစနောက်တော့ပဲ ၀တ်ရုံလက်ထဲမှ ပစ္စည်းတစ်ခုထုတ်ယူလိုက်ကာ သူမလက်ထဲ ထည့်ပေးလိုက်သည်။

“ဒါက ကိုယ့်ရဲ့ တော်၀င် တံဆိပ်ပြားပဲ။ ဒါကိုယူထားရင် နောက်ဆို နန်းတော်ထဲကို အခက်အခဲမရှိ၀င်ထွက်နိုင် လိမ့်မယ်”

လုလျန့်ဝေ သူမလက်ထက်အနည်းငယ် သေးငယ်သည့်တော်၀င်တံဆိပ်ပြားကို ကြည့်ကာ အနည်းငယ်အံ့အားသင့်သွားရ သည်။

“ကျွန်မအတွက်လား။ နန်းတော်ထဲ ၀င်ထွက်တာအပြင် ဒါနဲ့ တခြားဘယ်သွားလို့ ရသေးလဲ။”

Chapter 466: သူ့အိပ်ဆောင်မှာ သူမကဘာလုပ်ရမှာလဲ

သူမထိုသို့ပြုမူနေသည်ကိုမြင်တော့ လုံယန် သူမကို မစနောက်ပဲမနေနိုင်ချေ။ ထို့နောက် ရယ်လျက်ပြန်ဖြေလာ၏။

“လျှို့ဝှက်နန်းဆောင်နဲ့ ကိုယ့်အိပ်ဆောင်”

လုလျန့်ဝေ လုံယန်အားတစ်ချက်ကြည့်လိုက်သည်။ သူ့အိပ်ဆောင်မှာသူမကဘာလုပ်ရမှာလဲ။

လုံယန်ကတော့ အတည်ပေါက်ဆက်ပြောနေ ဆဲပင်။

“ဒါကတော်၀င်တံဆိပ်ပြားမို့လို့ အခြားတံဆိပ်ပြားတွေနဲ့မတူဘူး။ ဒီတံဆိပ်ပြားက ကိုယ့်ကိုကိုယ်စားပြုတယ်။ နန်းတော်ထဲကိုအကန့်အသတ်မရှိ၀င်ထွက်နိုင်သလို ဒီတံဆိပ်ပြားရှိရင် မင်းသွားချင်တဲ့ ဘယ်နေရာမဆိုသွားလို့ရတယ်”

ထိုသည်ကိုကြားတော့ လုလျန့်ဝေ အနည်းငယ်အံ့ဩသွားသည်။ အဲ့လိုဆို ဒီတံဆိပ်ပြားက အရမ်းအရေးကြီးတာပေါ့။

ဧကရာဇ်ကိုကိုယ်စားပြုတဲ့အထိ‌သာဆို စစ်တပ်ကိုတောင်ဆင့်ခေါ်နိုင်တယ်မလား။

သူမမှာသာ ပုန်ကန်လိုတဲ့ဆန္ဒရှိရင် ဒီတံဆိပ်ပြားကိုယူပြီး လုံယန်နေရာမှာ အစားထိုး…

လုလျန့်ဝေ ထိုကိစ္စကိုအလေးအနက်ထား တွေးမိသွားကာ တံဆိပ်ပြားကို သူ့ထံ ပြန်တွန်းပို့လိုက်ရင်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ဒါကအရမ်းအရေးကြီးတယ်၊ ကျွန်မကို ပေးထားလို့မရဘူးလေ၊ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ”

တစ်ရက်ရက်မှာ သူမသာဒါကိုပျောက်သွား ပြီး မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့သူသာ ဒါကိုရသွားရင် ဆိုးရွားသွားလိမ့်မည်။

“အဲ့လောက်စိုးရိမ်စရာမလိုပါဘူး။ ပျောက်သွားရင်တောင် ဘာမှမဖြစ်ဘူး”

“ပျောက်သွားရင်တောင် ဘာမှမဖြစ်ဘူးဆိုတာ ဘာကိုပြောတာလဲ။ ရှင့်တိုင်းပြည်‌ကိုသူများလုသွားရင်တောင် ဘာမှမဖြစ်ဘူးလို့ပြောချင်တာလား။”

သူမစကားကိုသူမပြန်တွေးမိကာ ကို့ရို့ကားယားနိုင်စွာ ထပ်ပေါင်းပြောလိုက် သည်။

လုံယန်ဟာလည်း ထိုစကားကိုအတည်မယူပါ ချေ။ ထိုအစား သူမကိုပွေ့ဖက်လိုက်ရင်း နူးညံ့စွာပြန်ဖြေလာသည်။

“မင်းကိုယ့်အနား မှာရှိနေသရွေ့ ကိုယ့်တိုင်းပြည်ကိုဆုံးရှုံးလိုက် ရရင်တောင် အဆင်ပြေတယ်”

ထိုသို့ပြောကာ သူမအိတ်လေးထဲသို့ တော်၀င် တံဆိပ်ပြားကိုထည့်ပေးလိုက်သည်။

သူမက တိုင်းပြည်ထက်တောင်ပိုအရေးကြီး တယ်လို့သူပြောနေတာလား။

သူမခေါင်းမော့ကာ သူ့ကိုကြောင်အစွာ ကြည့်လိုက်သည်။

သူကအလွန်အရပ်ရှည်၏။ သူမ သူ၏မေးစေ့ကိုသာမြင်ရလေသည်။

လုံယန်ခေါင်းငုံ့ကာ သူ့အားကြည့်နေသော မျက်လုံးပြူးပြူးလေးတွေကို ပြန်ကြည့်လိုက် သည်။ ထို့နောက် ခပ်တင်းတင်းပွေ့ဖက်ရင်း သူမ၏ပန်းရောင်သန်းနေသောနှုတ်ခမ်းလေး ကို ခပ်ဖွဖွနမ်းရှိုက်လိုက်ကာ သူမနောက်ကျောကို ခပ်ဖွဖွပုတ်၍

“ကောင်းပြီ၊ မင်းနန်းတော်ကထွက်တော့မလို့ မလား။ အဘွားစိတ်မပူရအောင် စောစောပြန်သင့်တယ်”

လုလျန့်ဝေခေါ်သံကိုကြားတော့ ချူကျူ ချက်ချင်းရှေ့တက်လာ၏။

လုလျန့်ဝေ လုံယန့်ထံပြန်လှည့်ကြည့်ချင်စိတ် ကို ချိုးနှိမ်ကာ ချူကျူ၏လက်ကိုဆွဲလျက် ပြေးထွက်လာလိုက်သည်။

လုံယန်ဟာတော့ ထိုနေရာမှာပဲရပ်နေရင်း သူမထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။ မိန်းကလေး၏မျက်နှာထက်ကအကြည့်ကို ပြန်သတိရသွားတော့ သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာ၏။

သူ့မျက်နှာထက်ရှိ ကြည်နူးနေသည့်အကြည့် ဟာရုတ်ခြည်းပျောက်ကွယ်သွားကာ ခြိမ်းခြောက်လိုသောအကြည့် အစား၀င်ရောက်လာသည်။

ကျီလင်းဟွေ့သည် ခေါင်းညွတ်လျက် သူ့ကို နှုတ်ဆက်လေသည်။

“အရှင့်ရဲ့ကြင်ရာတော် အရှင့်ကိုနှုတ်ခွန်းဆက်သပါတယ်”

ကျောက်ချန် အဖြူရောင်လေးကိုကိုင်ရင်း သူ့နောက်မှအမြန်လိုက်လာ၏။

“မင်းပဲ သားတစ်ယောက်လိုစောင့်ရှောက်မယ် လို့ သူ့ကိုကတိပေးခဲ့တာမဟုတ်ဘူးလား။သေချာပေါက် အဲ့လိုလုပ်ရမှာပေါ့”

သူထိုစကားတွေအား ဒုတိယသခင်မလေး ကြောင်လေးကို စိတ်ပူမနေရအောင် ပြောခဲ့တာဖြစ်သည်။ ဒါကို သူ့အရှင်က တကယ်ကြီးအတည်ယူလိုက်လေသည်။

ဘယ်သူကတိရစ္ဆာန်တစ်ကောင်ကို သားတစ်ယောက်လိုစောင့်ရှောက်လို့လဲ။

သူမရှေ့ကသခင်နှင့်အစေခံ၏စကာဝိုင်းကို နားထောင်ရင်း ကျီလင်းဟွေ့၏ လက်သည်း ဟာ အသားထဲစိုက်၀င်လာရသည်။

အမှန်တော့ သူမအစောထဲက ဒီနားရောက်နေ ခဲ့တာဖြစ်ပြီး အရှင်နဲ့လုလျန့်ဝေရဲ့ ရင်းနှီးတဲ့ အပြုအမူတွေကို အကုန်မြင်လိုက်ရသည်။

သူမနှလုံးသားထဲ၌ မနာလိုမှုမီးတောက် ကြီးမားလာကာ သူမကိုလောင်ကျွမ်းလု မတတ်ပင်။

လုလျန့်ဝေကိုဆို ချစ်မြတ်နိုးမှုအပြည့်နဲ့ ဆက်ဆံရုံသာမကာ သူမကိုတော်၀င်တံဆိပ်ပြားတောင် ပေးလိုက် သေးသည်။

လုလျန့်ဝေက ဘာလို့အဲ့လိုအရာတွေနဲ့ ထိုက်တန်နေရတာလဲ။

ကျီလင်းဟွေ့နှလုံးသားထဲ၌ မနာလိုမှုနှင့် အမုန်းတရားတို့ဖြင့် ပြည့်နှက်သွားရသည်။

နှင်းပျံလွှားအိမ်တော်တောင် လုလျန့်ဝေ နောက်လိုက်တာကို ရပ်ပစ်လိုက်သည်။

All Chapters