← Chapters

အခန်း (၄၆၆-၄၆၉)

Vol. 10 Ch. 466-469

အခန်း (၄၆၆-၄၆၉)

Vol. 10 Ch. 466-469

Chapter 466: သူ့အိပ်ဆောင်မှာ သူမကဘာလုပ်ရမှာလဲ

သူမထိုသို့ပြုမူနေသည်ကိုမြင်တော့ လုံယန် သူမကို မစနောက်ပဲမနေနိုင်ချေ။ ထို့နောက် ရယ်လျက်ပြန်ဖြေလာ၏။

“လျှို့ဝှက်နန်းဆောင်နဲ့ ကိုယ့်အိပ်ဆောင်”

လုလျန့်ဝေ လုံယန်အားတစ်ချက်ကြည့်လိုက်သည်။ သူ့အိပ်ဆောင်မှာသူမကဘာလုပ်ရမှာလဲ။

လုံယန်ကတော့ အတည်ပေါက်ဆက်ပြောနေ ဆဲပင်။

“ဒါကတော်၀င်တံဆိပ်ပြားမို့လို့ အခြားတံဆိပ်ပြားတွေနဲ့မတူဘူး။ ဒီတံဆိပ်ပြားက ကိုယ့်ကိုကိုယ်စားပြုတယ်။ နန်းတော်ထဲကိုအကန့်အသတ်မရှိ၀င်ထွက်နိုင်သလို ဒီတံဆိပ်ပြားရှိရင် မင်းသွားချင်တဲ့ ဘယ်နေရာမဆိုသွားလို့ရတယ်”

ထိုသည်ကိုကြားတော့ လုလျန့်ဝေ အနည်းငယ်အံ့ဩသွားသည်။ အဲ့လိုဆို ဒီတံဆိပ်ပြားက အရမ်းအရေးကြီးတာပေါ့။

ဧကရာဇ်ကိုကိုယ်စားပြုတဲ့အထိ‌သာဆို စစ်တပ်ကိုတောင်ဆင့်ခေါ်နိုင်တယ်မလား။

သူမမှာသာ ပုန်ကန်လိုတဲ့ဆန္ဒရှိရင် ဒီတံဆိပ်ပြားကိုယူပြီး လုံယန်နေရာမှာ အစားထိုး…

လုလျန့်ဝေ ထိုကိစ္စကိုအလေးအနက်ထား တွေးမိသွားကာ တံဆိပ်ပြားကို သူ့ထံ ပြန်တွန်းပို့လိုက်ရင်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ဒါကအရမ်းအရေးကြီးတယ်၊ ကျွန်မကို ပေးထားလို့မရဘူးလေ၊ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ”

တစ်ရက်ရက်မှာ သူမသာဒါကိုပျောက်သွား ပြီး မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့သူသာ ဒါကိုရသွားရင် ဆိုးရွားသွားလိမ့်မည်။

“အဲ့လောက်စိုးရိမ်စရာမလိုပါဘူး။ ပျောက်သွားရင်တောင် ဘာမှမဖြစ်ဘူး”

“ပျောက်သွားရင်တောင် ဘာမှမဖြစ်ဘူးဆိုတာ ဘာကိုပြောတာလဲ။ ရှင့်တိုင်းပြည်‌ကိုသူများလုသွားရင်တောင် ဘာမှမဖြစ်ဘူးလို့ပြောချင်တာလား။”

သူမစကားကိုသူမပြန်တွေးမိကာ ကို့ရို့ကားယားနိုင်စွာ ထပ်ပေါင်းပြောလိုက် သည်။

လုံယန်ဟာလည်း ထိုစကားကိုအတည်မယူပါ ချေ။ ထိုအစား သူမကိုပွေ့ဖက်လိုက်ရင်း နူးညံ့စွာပြန်ဖြေလာသည်။

“မင်းကိုယ့်အနား မှာရှိနေသရွေ့ ကိုယ့်တိုင်းပြည်ကိုဆုံးရှုံးလိုက် ရရင်တောင် အဆင်ပြေတယ်”

ထိုသို့ပြောကာ သူမအိတ်လေးထဲသို့ တော်၀င် တံဆိပ်ပြားကိုထည့်ပေးလိုက်သည်။

သူမက တိုင်းပြည်ထက်တောင်ပိုအရေးကြီး တယ်လို့သူပြောနေတာလား။

သူမခေါင်းမော့ကာ သူ့ကိုကြောင်အစွာ ကြည့်လိုက်သည်။

သူကအလွန်အရပ်ရှည်၏။ သူမ သူ၏မေးစေ့ကိုသာမြင်ရလေသည်။

လုံယန်ခေါင်းငုံ့ကာ သူ့အားကြည့်နေသော မျက်လုံးပြူးပြူးလေးတွေကို ပြန်ကြည့်လိုက် သည်။ ထို့နောက် ခပ်တင်းတင်းပွေ့ဖက်ရင်း သူမ၏ပန်းရောင်သန်းနေသောနှုတ်ခမ်းလေး ကို ခပ်ဖွဖွနမ်းရှိုက်လိုက်ကာ သူမနောက်ကျောကို ခပ်ဖွဖွပုတ်၍

“ကောင်းပြီ၊ မင်းနန်းတော်ကထွက်တော့မလို့ မလား။ အဘွားစိတ်မပူရအောင် စောစောပြန်သင့်တယ်”

လုလျန့်ဝေခေါ်သံကိုကြားတော့ ချူကျူ ချက်ချင်းရှေ့တက်လာ၏။

လုလျန့်ဝေ လုံယန့်ထံပြန်လှည့်ကြည့်ချင်စိတ် ကို ချိုးနှိမ်ကာ ချူကျူ၏လက်ကိုဆွဲလျက် ပြေးထွက်လာလိုက်သည်။

လုံယန်ဟာတော့ ထိုနေရာမှာပဲရပ်နေရင်း သူမထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။ မိန်းကလေး၏မျက်နှာထက်ကအကြည့်ကို ပြန်သတိရသွားတော့ သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာ၏။

သူ့မျက်နှာထက်ရှိ ကြည်နူးနေသည့်အကြည့် ဟာရုတ်ခြည်းပျောက်ကွယ်သွားကာ ခြိမ်းခြောက်လိုသောအကြည့် အစား၀င်ရောက်လာသည်။

ကျီလင်းဟွေ့သည် ခေါင်းညွတ်လျက် သူ့ကို နှုတ်ဆက်လေသည်။

“အရှင့်ရဲ့ကြင်ရာတော် အရှင့်ကိုနှုတ်ခွန်းဆက်သပါတယ်”

ကျောက်ချန် အဖြူရောင်လေးကိုကိုင်ရင်း သူ့နောက်မှအမြန်လိုက်လာ၏။

“မင်းပဲ သားတစ်ယောက်လိုစောင့်ရှောက်မယ် လို့ သူ့ကိုကတိပေးခဲ့တာမဟုတ်ဘူးလား။သေချာပေါက် အဲ့လိုလုပ်ရမှာပေါ့”

သူထိုစကားတွေအား ဒုတိယသခင်မလေး ကြောင်လေးကို စိတ်ပူမနေရအောင် ပြောခဲ့တာဖြစ်သည်။ ဒါကို သူ့အရှင်က တကယ်ကြီးအတည်ယူလိုက်လေသည်။

ဘယ်သူကတိရစ္ဆာန်တစ်ကောင်ကို သားတစ်ယောက်လိုစောင့်ရှောက်လို့လဲ။

သူမရှေ့ကသခင်နှင့်အစေခံ၏စကာဝိုင်းကို နားထောင်ရင်း ကျီလင်းဟွေ့၏ လက်သည်း ဟာ အသားထဲစိုက်၀င်လာရသည်။

အမှန်တော့ သူမအစောထဲက ဒီနားရောက်နေ ခဲ့တာဖြစ်ပြီး အရှင်နဲ့လုလျန့်ဝေရဲ့ ရင်းနှီးတဲ့ အပြုအမူတွေကို အကုန်မြင်လိုက်ရသည်။

သူမနှလုံးသားထဲ၌ မနာလိုမှုမီးတောက် ကြီးမားလာကာ သူမကိုလောင်ကျွမ်းလု မတတ်ပင်။

လုလျန့်ဝေကိုဆို ချစ်မြတ်နိုးမှုအပြည့်နဲ့ ဆက်ဆံရုံသာမကာ သူမကိုတော်၀င်တံဆိပ်ပြားတောင် ပေးလိုက် သေးသည်။

လုလျန့်ဝေက ဘာလို့အဲ့လိုအရာတွေနဲ့ ထိုက်တန်နေရတာလဲ။

ကျီလင်းဟွေ့နှလုံးသားထဲ၌ မနာလိုမှုနှင့် အမုန်းတရားတို့ဖြင့် ပြည့်နှက်သွားရသည်။

နှင်းပျံလွှားအိမ်တော်တောင် လုလျန့်ဝေ နောက်လိုက်တာကို ရပ်ပစ်လိုက်သည်။

Chapter 467: သူမအသက်လောက် ရှိတယ်‌ဆိုရင်တောင် ထိုက်တန်ပါတယ်

သူမ စီတုကိုမေးကြည့်ချင်ပေမယ့် သူ့ထံမှ ဘာသတင်းမှမကြားရပေ။ ထိုနေရာ၌ ဘယ်လိုအခြေအနေရှိသလဲ သူမ သိချင်မိသည်။

နှင်းပျံလွှားအိမ်တော်က လုပ်ကြံသူတွေ ဒီလောက်အများကြီးဆုံးရှုံးထားရတာတောင် ဒီလိုကိစ္စမျိုးကို လက်ခံသေးတယ်လား။ သူတို့တစ်ခုခု‌ဖြစ်ခဲ့တာဖြစ်ရမည်။

ထိုသို့တွေးမိပြီး သူမ ရှောင်ရှကိုမေးလိုက် သည်။

“လင်ရှို့ ဒီတစ်လောဘယ်တွေသွား သေးလဲ။”

“တတိယသခင်မလေးက သူ့ကိုယ်ခံပညာ လေ့ကျင့်ဖော်သူငယ်ချင်းတွေဆီ အလည်သွားပါတယ်”

ကျီလင်းဟွေ့ မျက်မှောင်ကြုတ်လိုက်မိကာ သူမလက်ထဲရှိလက်ကိုင်ပုဝါကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ သူမ ကျီလင်ရှို့ကို လုလျန့်ဝေကို ပြဿနာတက် စေရန် စီစဉ်ထားပေမယ့် အခုတော့…

သို့သော် ဒုတိယအစ်ကိုတော်က အခုလက်ထပ်လိုက်ပြီဆိုတော့ ထိုအရာက ကိစ္စမရှိတော့ချေ။

…

သူမနှုတ်ခမ်းထက်၌ အေးစက်စက်အပြုံး တစ်ပွင့်ပေါ်ပေါက်လာ၏။

နန်းတော်ထဲမှထွက်လာပြီးနောက် လုလျန့်ဝေ နယ်စားအိမ်တော်သို့တန်းပြန်လာလိုက်သည်။ သူမနေ၀င်ချိန်ခြံ၀န်းထဲသို့ ခြေချရုံရှိသေး လင်ချင်းယွမ်ထံမှ ဆွဲခေါ်ခံလိုက်လေရသည်။

လုံယန် သူမကိုတော်၀င်တံဆိပ်ပြားပေးခဲ့တာ တိုက်ဆိုင်တာပဲဖြစ်ရမည်။ လုလျန့်ဝေ လက်ထဲရှိတော်၀င်တံဆိပ်ပြားကိုမြင်တော့ ချန်နယ်စားအိမ်တော်မှအစောင့်တွေ ချက်ချင်း သူတို့ကို၀င်ခွင့်ပြုလိုက်သည်။

လင်ချင်းယွမ် ချန်နယ်စားအိမ်တော်မှ လမ်းတွေကိုကောင်းစွာသိလေသည်။ ထို့ကြောင့် လုလျန့်ဝေအား သစ်ပင်ကြီး အောက်သို့ လွယ်လွယ်ကူကူပင် လမ်းညွှန် လိုက်နိုင်သည်။

“ချန်ကျူပင်းက ဘယ်နားကိုတူးကြည့်ရမှာလဲ ဆိုတာ ပြောလိုက်သေးလား။”

လင်ချင်းယွမ် သူမအတွေးတွေကို ပြန်လည် စုစည်းလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် ဂေါ်ပြားတစ်ခုကို ယူကာ သူမညွှန်ပြလိုက်သည့်နေရာကို စတူး တော့သည်။

သိပ်ကြာကြာမတူးလိုက်ရခင်မှာပဲ သေတ္တာ တစ်ခုကို သူမတို့တွေ့လိုက်ရသည်။

လင်ချင်းယွမ် ချွေးသုတ်လိုက်ပြီးနောက် ထိုသေတ္တာကို လုလျန့်ဝေထံ ကမ်းပေးလာ သည်။

“အဲ့ထဲမှာစာရင်းစာအုပ်ရှိတယ်လို့ ချန်ကျူပင်း ပြောတယ်။ လုယွင်ရွှမ်း သူ့ကိုညွှန်ကြားသမျှ ကို သူအဲ့ထဲမှာရေးထားတယ်တဲ့”

လုလျန့်ဝေ သေတ္တာလှပ်ကြည့်လိုက်တော့ အထဲ၌ တကယ်ပဲစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

သူမထိုစာအုပ်ထဲကအကြောင်းအရာတွေကို ဖတ်ကြည့်လိုက်တော့ လုယွင်ရွှမ်း ညွှန်ကြား သမျှကို မှတ်တမ်းတင်ထားသည်ကို မြင်လိုက်ရသည်။ စာရင်းထဲ၌ ဘယ်အရာရှိ က ဘယ်လိုတံစိုးလက်ဆောင်ကို လက်ခံ ထားတယ်ဆိုတာပါပါ၏။

သူမရုတ်တရက် ချန်ကျူပင်းထိုသို့မှတ်ထားတာ ထူးဆန်းသည်ဟုတွေးလိုက်မိသည်။

သူလုယွင်ရွှမ်းကို အရမ်းကြိုက်တာမဟုတ် ဘူးလား။ သူဒီလိုဟာမျိုးကိုသိမ်းထားတာက လုယွင်ရွှမ်းကိုပါ ငြိစွန်းစေမည်ဆိုသည်ကို သူ မသိဘူးလား။

သူဘာလို့ထိုသို့လုပ်သလဲဆိုတာကိုတော့ ချန်ကျူပင်းသာသိပေလိမ့်မည်။

ထိုသို့ပြောကာ လုလျန့်ဝေ သေတ္တာ ကိုပြန်ပိတ်လိုက်သည်။

ထိုအချိန်၌ ချူကျူ ရုတ်တရက်ထအော်လာ၏။ ထို့နောက် ဓားကို ဆွဲထုတ်ကာ လုလျန့်ဝေရှေ့၌ ပိတ်ရပ်လိုက် သည်။

လုလျန့်ဝေ ထိုအခါမှသာ အနက်ရောင်၀တ် လူတစ်ယောက် ခြံဝန်းထဲ၌ရှိနေသည်ကို မြင်လိုက်ရသည်။

အနက်ရောင်ဝတ်လူဟာ လင်ချင်းယွမ်ကို ဓားစာခံအဖြစ်ဖမ်းထားရင်း လုလျန့်ဝေ လက်ထဲမှသေတ္တာကိုကြည့်ကာ ပြောလာ၏။

သူ့လက်ထဲရှိဓားမြှောင်ဖြင့် လင်ချင်းယွမ်၏ လည်ပင်းထံထောက်ထားရင်းထိုသို့ပြောလာ သည်။ လင်ချင်းယွမ်၏မျက်နှာမှာ နာကျင်မှု ကြောင့် ဖြူဖျော့လာ၏။

သူမအသက်‌ဆုံးရှုံးရလျှင်တောင် လုယွင်ရွှမ်းကို ဒုက္ခပေးနိုင်လျှင် အ‌ဆင်ပြေ သည်။

လုလျန့်ဝေ သူမရည်ရွယ်ချက်ကို နားလည် ပေမယ့် လျစ်လျူရှုလိုက်သည်။ သူမလက်ထဲရှိသေတ္တာကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ အနက်ရောင်၀တ် လူကို အေးစက်စွာပြောလိုက်သည်။

“ရှင်သိပ်လိုချင်နေရင်တော့ ကျွန်မဒါကို ပေးလိုက်လို့ရပါတယ်။ ဒါပေမယ့် သူ့ကို အရင်လွှတ်ပေးရမယ်”

အနက်ရောင်၀တ်လူမှ အေးစက်စက်ပြန်ပြော လာသည်။

“အဲ့တာကို ငါ့ဆီအရင်ပစ်လိုက် ငါသူ့ကိုလွှတ်ပေးမယ်”

လုလျန့်ဝေ လှောင်ရယ်လိုက်ကာ

“ကျွန်မက ရှင့်ကိုဘာလို့ယုံရမှာလဲ။”

Chapter 468: ဧကရာဇ်ရဲ့ ရှင့်‌အပေါ်ထားတဲ့အချစ်

“သူ့အသက်က ငါ့လက်ထဲမှာရှိနေတာနော်။ မင်းတို့ငါ့ကိုယုံရမှာပဲ”

အနက်ရောင်၀တ်လူက တုံ့ဆိုင်းမှုမရှိပဲ သူ့လက်ထဲရှိဓားမြှောင်ကို လင်ချင်းယွမ်လည်ပင်းအားဖိလိုက်ရင်း ပြောလာသည်။ သူမလည်ပင်းမှ သွေးတွေ ပိုမိုစိမ့်ထွက်လာကာ အင်္ကျီအရှေ့ခြမ်း တစ်ခြမ်းလုံးနီရဲသွားတော့သည်။

လုလျန့်ဝေမျက်မှောင်ကြုတ်လိုက်ကာ သူမလက်ထဲရှိသေတ္တာကို တုံ့ဆိုင်းမရှိစွာ ဘေးသို့တွန်းထုတ်လိုက်သည်။

ထိုအရာကိုမြင်တော့ အနက်ရောင်၀တ်လူ လင်ချင်းယွမ်ကို အဝေးသို့တွန်းထုတ်ကာ သေတ္တာကိုပြေးယူလေသည်။

တစ်ချိန်ထဲမှာပဲ ချူကျူလည်း လှုပ်ရှားလာ လေသည်။ နှစ်ယောက်သားတစ်ပြိုင်တည်း သေတ္တာဆီအပြေးသွားကြသည်။

လုလျန့်ဝေဟာတော့ လင်ချင်းယွမ်ကိုဆွဲကာ ပြေးတော့သည်။

ချူကျူသေတ္တာရတာမရတာ ကိစ္စမရှိပေ။ သူမ လုပ်နိုင်သည်က ချူကျူကို နောက်ထပ် အပိုပြဿနာတွေ ‌မပေးဖို့ပေ။

သူမစိတ်ပူတာက အနက်ရောင်၀တ်လူ ပြန်လှည့်လာပြီး သူမနဲ့လင်ချင်းယွမ်ကို ချူကျူအားခြိမ်းခြောက်ဖို့ အသုံးချမှာကိုပင်။

သူမတို့ထိုသေတ္တာကို ပြန်မရလိုက်လျှင်တောင် ကိစ္စမရှိပါချေ။

အများဆုံးမှ လုယွင်ရွှမ်းကို လုံရန် ပြစ်ဒဏ် မချမှတ်နိုင်ရုံသာရှိသည်။

သူမတို့နှစ်ဦး ချန်နယ်စားအိမ်တော်မှ အမြန် ထွက်ခဲ့လိုက်ကြသည်။ လုလျန့်ဝေ အစောင့် တွေထံအပြေးသွားကာ အထဲ၌ကျန်ခဲ့သည့် ချူကျူကို ကယ်ပေးရန်သွားပြောလိုက်သည် ။

လင်ချင်းယွမ်မှာတော့ အလွန်တရာ စိတ်မကောင်းဖြစ်နေပုံပေါ်ကာ လုလျန့်ဝေ အား တောင်းပန်လိုဟန်ဖြင့်ပြောလာသည်။

ချူကျူဟာတော့ တနုံ့နုံ့တွေးနေဆဲပင်။ သူမ တိတ်ဆိတ်နေကာ ဘာတစ်ခွန်းမှ ၀င်‌မပြောလာပေ။

“ကိစ္စမရှိပါဘူး။ အဲ့လူက ငါတို့၀င်လာထဲက အမှောင်ထဲမှာပုန်းနေတာဖြစ်ရမယ်။ ငါတို့ သေတ္တာရှာနေတာမြင်တော့ လာလုသွားတာ။ ငါတို့လဲကြိုပြင်ဆင်ထားတာမှ မဟုတ်တာ ဘယ်သူမှမထိခိုက်သွားရင်ပဲ တော်ပါပြီ”

လင်ချင်းယွမ်၏မျက်နှာမှာတော့ ဖြူဖျော့နေ ဆဲဖြစ်ကာ လက်ကိုလှည့်နေရင်း နေမထိ ထိုင်မသာဖြစ်နေပုံပေါ်သည်။

လင်ချင်းယွမ်၏နှုတ်ခမ်းတွေလှုပ်ရှားလာကာ အနည်းငယ်တောင့်တင်းနေဟန်ဖြင့် ပြောလာသည်။

“နောက်ကွယ်က ကြိုးကိုင်သူ က ချန်ကျူပင်းတစ်ယောက်ထဲမဟုတ်ဘူး ဆိုတာကို ကျွန်မတို့သက်သေမပြနိုင်ရင် တခြားချန်နယ်စားမိသားစု၀င်တွေအကုန် အသတ်ခံရလိမ့်မယ်”

လုလျန့်ဝေ ဘာပြောရမလဲမသိတော့ချေ။

အရင်ခေတ်က အပြစ်ပေးပုံက အရမ်း ဖိနှိပ် ညှင်းပန်းလွန်းရာကျလွန်းသည်။ လူတစ်ယောက် ပြစ်မှုကျူးလွန်မိတာနဲ့ သူ့တစ်မိသားစုလုံး ပြင်းပြင်းထန်ထန် အပြစ် ပေးခံရလိမ့်မည်။ ထိုအရာကို မျိုးဆက် ကိုးဆက်အပြစ်ပေးခြင်းဟု ခေါ်လေသည်။

လင်ချင်းယွမ် သူမကိုကြည့်ရင်း ဆက်ပြော ရမည်ကို တုံ့ဆိုင်းနေဟန်ပေါ်သည်။

“ချန်ကျူပင်းကို ဘေးမှာထားတာက မှားနေတယ်ဆိုပေမယ့် ချန်နယ်စားက ကျွန်မ အပေါ်မှာ တကယ်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာ။ ကျွန်မတို့မိသားစုနှစ်ခု ကလည်း မျိုးဆက်တော်တော်များများ ရင်းနှီးခဲ့ကြတာ…”

လုလျန့်ဝေ သူမထိုကိစ္စကို ခေါင်းမခံသင့်ဘူး ဆိုတာကိုသိသည်။ သူမ လင်ချင်းယွမ်၏ လက်ကိုပုတ်ပေးလိုက်ကာ

“ရှင်ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်မ ကူညီနိုင်တဲ့အရာမဟုတ်ဘူး”

“မဟုတ်ဘူး။ ဧကရာဇ်ရဲ့ရှင့်အပေါ်ထားတဲ့အချစ်နဲ့ဆို ရှင်သာ…”

လုလျန့်ဝေ သူမစကားကို ချက်ချင်းဖြတ်ပြောလိုက်သည်။

“အရှင် ကျွန်မအပေါ် ကောင်းကောင်းဆက်ဆံ တယ်ဆိုရင်တောင် သူ့ဆုံးဖြတ်ချက်ကို ကျွန်မ၀င်မစွက်ဖက်နိုင်ဘူး။ အကယ်လို့ အဲ့လိုလုပ်နိုင်ခဲ့ရင်တောင် ကျွန်မ ဘယ်တော့မှ အဲ့လိုလုပ်မှာမဟုတ်ဘူး။ ရှင်အဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာမှထပ်မပြောပါနဲ့တော့”

ထိုသို့ပြောကာ သူမချူကျူနှင့်အတူ ထွက်လာခဲ့လိုက်သည်။

ထိုသည်ကိုမြင်တော့ လင်ချင်းယွမ် စိတ်ပူသွားကာ အနည်းငယ်လဲ အရှက်ရသွား သည်။ ထို့ကြောင့် နောက်မှလိုက်ကာ လှမ်းခေါ်လိုက်သည်။

လင်ချင်းယွမ်လည်း သူမနောက်လိုက်မီလာ ကာ သူမလက်ကိုလှမ်းဆွဲရင်း ဟောဟဲလိုက် လျက်ပြောလာ၏။

“စိတ်မဆိုးပါနဲ့၊ ကျွန်မလဲ ကြံရာမရဖြစ်သွားလို့ပါ အတည်မယူပါနဲ့”

သူမကိုယ်တိုင်လဲ သူမရဲ့တောင်းဆိုချက်က အရမ်းများသွားသည်ကိုသိသည်။

ထိုသို့တွေးမိပြီး သူမ လုလျန့်ဝေအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။

“ကောင်းပါပြီ၊ ကျွန်မနားလည်ပါတယ်။ ရှင်လဲ စိတ်မပူပါနဲ့တော့၊ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး”

လင်ချင်းယွမ် စိတ်မချမ်းမြေ့စွာ ခေါင်းညိတ် ပြလာသည်။

လင်ချင်းယွမ်၏ပုံစံကိုမြင်တော့ လုလျန့်ဝေ သူမကိုနှစ်သိမ့်ပေးလိုက်သည်။

“အရှင်လဲ ဒီကိစ္စကိုသေချာဆုံးဖြတ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ နယ်စားချန်ဒီကိစ္စမှာ ဘာမှ မပက်သက်တာသေချာရင် အရှင်က ဒီကိစ္စကို မျှမျှတတဆုံးဖြတ်ပေးမှာပါ၊ ရှင်ထင်ထားသလို အခြေအနေမဆိုးလောက် ပါဘူး။ ချန်နယ်စားမိသားစုလည်း အကုန်လုံး တော့မလွတ်လောက်ပေမယ့် အနည်း‌ဆုံး သေတဲ့အထိတော့ မဖြစ်လောက်ပါဘူး”

Chapter -469: အဲ့တာက ဧကရာဇ်ကို အသိပေးသလိုဖြစ်သွား လိမ့်မယ်

ထိုစကားကြားတော့ လင်ချင်းယွမ်၏ မျက်လုံးတွေတောက်ပသွားကာ

“အင်း ‌နင်ပြောတာမှန်တယ်”

လုလျန့်ဝေ သူမကိုထပ်မဆူနေတော့ပဲ ဆက်ပြောလိုက်သည်။

“ငါပြောတဲ့ ချန်နယ်စားမိသားစု၀င်တွေထဲမှာ ချန်ကျူပင်း တော့မပါဘူးနော်၊ ချန်ကျူပင်းက ခိုင်းစေခဲ့တာ မဟုတ်ပေမယ့် သူပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့တာ။ အချိန်ကျလာရင် သူကတော့ ကွပ်မျက်ခံရမှာပဲ နင်အဲ့တာ အတွက်တော့ ပြင်ဆင်ထားမှရမယ်”

လင်ချင်းယွမ်၏မျက်လုံးထဲမှ အလင်းရောင် မှေးမှိန်သွားကာ ခေါင်းညိတ်လိုက်ကာ

“ငါနားလည်ပါတယ်။ သူလဲအဲ့တာနဲ့ ထိုက်တန်ပါတယ်၊ ဘယ်သူ့ကိုမှ အပြစ်တင် နေစရာမလိုပါဘူး”

လုလျန့်ဝေ သူမကိုထပ်မနှစ်သိမ့်တော့ပေ။

သူမကိုယ်တိုင်အသိ၀င်ဖို့လိုသည်။ မဟုတ်ရင် သူတို့ဘယ်လောက်ကြိုးစားခဲ့ပါစေ သူတို့ ဖြတ်သန်းခဲ့ရတာကို ဘယ်သူမှပြောပြချင်မှာ မဟုတ်ပေ။

အနက်ရောင်၀တ်လူထံမှ သေတ္တာကို မယ်တော်ကြီးရှောင်ကျင်းလက်ခံလိုက်သည်။ သူမဖွင့်ကြည့်လိုက်ပြီး

အမျိုးသမီးချန် သူမထံမှ ထိုသေတ္တာကိုယူကာ သူမရှေ့မှာပဲ ထိုစာအုပ် ကို မီးရှို့လိုက်သည်။

လုယွင်ရွှမ်းတစ်ယောက်ကို ဆုံးရှုံးရတာက ပြဿနာမရှိပေ။ ဒါပေမယ့် လုယွင်ရွှမ်းက အခု ချီအာနဲ့ဆက်စပ်နေပြီဖြစ်သည်။ လုယွင်ရွှမ်းဆီမှာ တစ်ခုခုဖြစ်ရင် ချီအာလည်း ပြဿနာဖြစ်ပေလိမ့်မည်။ အဲ့တာကြောင့် သူမ လုယွင်ရွှမ်းကို ကာကွယ် ပေးနေရတာဖြစ်သည်။

“မင်းသမီး၊ သူမကို အသက်ရှင်လျက် ထားချင်ပါသေးလား”

အနက်ရောင်၀တ်လူ မှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မေးလာ၏။

ထိုလူက သူမ၏သက်တော်စောင့်ဖြစ်သည်။ အမျိုးသမီးချန်လိုပင် သူမနှင့်အချိန် အတော်ကြာအတူရှိခဲ့သူလည်းဖြစ်သည်။

“ဧကရာဇ် သူ့အတွက်လျှို့ဝှက်သက်တော် စောင့် ထားပေးထားတယ်လို့ မင်းမပြောခဲ့ဖူး လား။ ငါတို့တစ်ခုခုလုပ်လိုက်ရင် ဧကရာဇ်ကို သတိပေးသလိုဖြစ်သွားလိမ့်မယ်။ အဲ့တာက ငါတို့ကိုပြဿနာပဲ‌ဖြစ်စေမှာ မေ့လိုက်တော့။ အခုတော့လွှတ်ထားပေးလိုက်ဦးမယ်”

ရုတ်တရက် သူမတစ်ခုကိုသတိရသွားကာ အကြည့်တွေစူးရှသွား၏။ ထို့နောက် အမျိုးသမီးချန်ဘက်လှည့်ကာ ပြောလိုက် သည်။

“အခုတော့ ငါတို့ လုလျန့်ဝေ ကို ဘာမှလုပ်လို့မရသေးပေမယ့် သူ့အတွက် ပြဿနာတော့ရှာပေးလို့ရတယ်။ အနည်းဆုံး တော့ သူ မပိုင်တာကို လာရှုပ်နေတာ ရပ်သွားစေတာပေါ့”

သိပ်မကြာခင်ပဲ အမျိုးသမီးချန် ပြန်ရောက်လာသည်။

မယ်‌တော်ကြီး မျက်လုံးပွင့်လာကာ သူမကိုကြည့်လျက်

“ဘာလဲ။ ဘာဖြစ်လို့လဲ။”

အမျိုးသမီးချန်၏မျက်နှာထက်၌ ထူးဆန်း နေသည့်အမူအရာဖြင့် ပြန်ဖြေလာသည်။

“မဒမ်ကျန်း အတော်လေးဖျားနေပါတယ်။ ကြည့်ရတာ ကြာကြာမနေရတော့ဘူးထင်တယ်”

“ဘုရားကျောင်းက သီလရှင်တွေပြောတာတော့ သူဖျားနေတာ ကြာပြီတဲ့။ သူတို့ သမားတော်ပင့်ပေးခဲ့ပေ မယ့် အခြေအနေကောင်းမလာဘူးတဲ့။ မဒမ်ကျန်းအခြေအနေကို ကျွန်မလဲ မြင်လာခဲ့တယ်။ ကြာကြာနေရတော့မယ် မထင်ဘူး”

မယ်တော်ကြီးရှောင်ကျင်းလည်း ပုတီးပြန်စိပ် ရင်း ထိုအကြောင်းကိုတွေးတောနေလိုက် သည်။

“ငါသူနဲ့တွေ့တုန်းက မဒမ်ကျန်း အကောင်းကြီးရှိပါသေးတယ်။ ဘယ်လိုဖြစ်ပြီး ဒီလောက်ဖျားသွားရတာလဲ။”

“ကျွန်မကြားတာတော့ သူဒီကိုအပို့ခံလိုက်ရ တော့ အစာငတ်ခံဆန္ဒပြခဲ့တယ်တဲ့။ ခဏကြာ တော့ သူအဲ့တာကိုရပ်လိုက်ပေမယ့် သူမ ကျန်းမာရေးကအဆင်ပြေနေရာကနေ ရုတ်တရက် နေမကောင်းဖြစ်တော့တာပဲတဲ့”

“ကြည့်ရတာ မဒမ်ကျန်း နေမကောင်း ဖြစ်တာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး”

အမျိုးသမီးချန်မျက်မှောင်ကြုတ်လိုက်ကာ

All Chapters