အခန်း (၄၇၀-၄၇၂)
Vol. 10 Ch. 470-472
Chapter 470: သူမ ဘယ်လောက်ပဲ မပျော်မရွှင်ဖြစ်နေပါစေ သည်းခံ ထားရမယ်
အမျိုးသမီးချန်ရပ်တန့်သွားကာ မယ်တော်ကြီး၏စကားနောက်ကွယ်က အဓိပ္ပာယ်ကို သူမ နားလည်သွားသည်။
မဒမ်ကျန်း သိထားတာအတော်များသည်မှာ မှန်လေသည်။ သူမ သေသွားရင် ကိစ္စတွေ အကုန်ရှင်းသွားလိမ့်မည်။ ထိုအရာကပဲ မပြောသင့်တဲ့ကိစ္စတွေ ပြောမထွက်လာအောင် တားဆီးပေးလိမ့်မည်။
ဒီနှစ်တွေတစ်လျှောက်လုံး မဒမ်လင်…
မယ်တော်ကြီးရှောင်ကျင်း ရုတ်တရက် ထရပ် ကာ ပြတင်းပေါက်နားလျှောက်သွားလိုက် သည်။ ထို့နောက် အပြင်ကိုကြည့်ရင်း ပြောလာသည်။
“ဒီကိစ္စက အဲ့လောက် မရှည်လောက်ဘူး…”
သူမစကားတွေထဲ၌ စိတ်လှုပ်ရှားနေဟန် ဝိုးတဝါးပါနေသည်။
အမျိုးသမီးချန်၏နှလုံး တစ်ချက် တုန်လှုပ် သွားရသည်။
သူမပြောတာမှန်လေသည်။ အခုတော့ ကိစ္စတွေမရှည်တော့ပေ။ နှင်းကိုက်နာက ကုလို့မရပေမယ့် မဒမ်လင်ကတော့…
အဲ့တာအပြင် မဒမ်လင်သေသွားတာလဲ ကြာနေပြီဖြစ်သည်။ ဧကရာဇ်ခန္ဓာကိုယ်ထဲက အဆိပ်က အများဆုံးဒီနှစ်ကုန်လောက်ထိပဲ အသက်ရှင်နိုင်သည်…
အမျိုးသမီးချန် အတွေးတစ်ခုပေါ်လာကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မဒမ်ကျန်းအကြောင်း ကျွန်မတို့ အိမ်ရှေ့စံဆီ သတင်းပို့သင့်လား။”
ရှောင်ကျင်းပြန်လှည့်လာ၏။ သူမမျက်လုံး တွေဟာ အမျိုးသမီးချန်အား ပျင်းရိစွာ ကြည့်လျက်
“မလိုဘူး။ သူသေသွားရင် အကုန်ဖြေရှင်းပြီးသွားလိမ့်မယ်လို့ ငါပြောလိုက်တယ်လေ”
အမျိုးသမီးချန် ထိတ်လန့်သွားကာ ခေါင်းပြန်ငုံ့လိုက်သည်။
“မဒမ်ကျန်းက ထွက်သွားတော့မယ်ဆိုတော့ ငါတို့သူ့ကိုလိုက်နှုတ်ဆက်ရမှာပေါ့”
အမျိုးသမီးချန်ထွက်သွားပြီးနောက် မယ်တော်ကြီးပုတီးဆက်စိပ်နေလိုက်သည်။
အချိန်တွေအလျင်အမြန်ကုန်ဆုံးလာလိုက် သည်မှာ ရှစ်လပိုင်းထဲရောက်လာလေသည်။ ဧကရာဇ်နှင့်ဧကရီလက်ထပ်ပွဲရောက်ဖို့ လ၀က်မျှသာလိုတော့သည်။
နန်းတော်ထဲတွင်ပင် ရှုပ်ယှက်ခတ်နေသည် မဟုတ်ပဲ တော်၀င်နယ်စားအိမ်တော်၌လည်း အလုပ်ရှုပ်နေကြလေသည်။
ဒီတစ်လျှောက်လုံး လုလျန်ဝေမှာ နယ်စားကတော်ကြီးထံမှ အိမ်ထဲတွင်သာ အပိတ်ခံထားရပြီး ဘယ်မှသွားခွင့်မရှိပေ။
သူမလက်ထပ်ပြီးသည်နှင့် ဧကရီဖြစ်လာမှာ ဖြစ်သည်။ အခြားသော အာဏာရှိအိမ်တော် တွေနှင့်ကွဲပြားစွာ သူမလက်ထပ်သည့်အချိန် ၌ ကိုယ်တိုင်ပန်းထိုးရန်မလိုချေ။ ထိုသို့ဆိုလျှင်တောင် လုလျန်ဝေတွင် နားချိန် ရှိမနေပါချေ။
ဒီနှစ်တွေတစ်လျှောက် ကျွေ့ဟွားဘုရားကျောင်း၌သာနေခဲ့သော မယ်တော်ကြီးမှာ အလွန်အတွေ့အကြုံရှိသော အပျိုတော်တစ်ဦးကိုလွှတ်ကာ လုလျန့်ဝေ အား နန်းတော်စည်းမျဉ်းတွေနှင့် ထုံးတမ်း ဓလေ့တွေ သင်ပြခိုင်းလိုက်သည်။
သူမဘယ်လောက်ပဲ မပျော်မရွှင်ဖြစ်နေပါစေ လုလျန့်ဝေမှာ သည်းခံနေရသည်။
ထိုသည်မှာ နန်းတော်ထဲ၀င်မည့်မိန်းကလေး တိုင်း လုပ်ဆောင်ရသည့်ထုံးတမ်းဓလေ့ပင် ဖြစ်သည်။
သူမထိုအရာတွေသင်ရတာစိတ်မရှည်ပေမယ့် နန်းတွင်းအပျိုတော်သင်သမျှကို တစ်ခါတည်းနှင့် မှတ်သားနိုင်ဆဲဖြစ်သည်။
နန်းတွင်းအပျိုတော်မှာ လုလျန့်ဝေကို အပြစ်ရှာချင်လျှင်တောင် မရှာနိုင်ဖြစ်နေရ သည်။
လုလျန့်ဝေ ဒီနေ့အတွက် ဓလေ့ထုံးတမ်း သင်ခန်းစာပြီးသွားတော့ သူမအခန်းထဲ ခြေချရုံရှိသေး ကျူးယွီပြေး၀င်လာ၏။
“သခင်မလေး၊ ကျွန်မတို့ သမားတော်ငှါးထား တဲ့ေကြညာစာကို တစ်ယောက်ယောက် ဖြုတ်သွားတယ်”
သူမ နည်းနည်းဝေးတဲ့တစ်နေရာမှာ ဆေးခန်း ဖွင့်ထားတာဖြစ်သည်။ သူမတို့အခုမှ နာမည်ယူနေတုန်းရှိသေးသည်ဖြစ်ရာ ကြေညာစာကပ်ထားရင်တောင် ဘယ်သူမှ လာစစ်ဆေးမှာမဟုတ်သေးပေ။ နောက်ဆုံး တော့ ထိုကြေညာစာကို ဒီနေ့တစ်ယောက် ယောက်လာဖြုတ်သွားလေပြီ။
“ကြေညာစာဖြုတ်သွားတဲ့လူ ဆေးခန်းကို လာသေးလား။”
“သခင်မလေး၊ ကျွန်မက ဘယ်လိုလုပ်ဆေးပညာကိုသိမှာလဲ။ စီနီယာနဲ့ တခြားသူတွေကလည်း မသိကြဘူး။ ဒါပေမယ့် မဒမ်က ဆေးဆိုင်ထဲမှာရှိသမျှ ပစ္စည်းအကုန်လုံးကိုသိနေတယ်။ အဲ့တာကြောင့် ကျွန်မအထင် သူဆေးပညာ တတ်မယ်ထင်တယ်”
လုလျန့်ဝေ ထိုလူကို သူမကိုယ်တိုင်သွားတွေ့ ရန် ဆုံးဖြတ်လိုက်သည်။
ဆေးဆိုင်အတွက် သမားတော်တစ်ယောက် ငှါးတာက စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့် စီနီယာနဲ့ ကျန်တဲ့သူတွေနဲ့ချည်းပဲ ဆေးဆိုင်ဖွင့်လို့မဖြစ်ပေ။
သူမ ထိုဆေးဆိုင်ကို အမြတ်ရဖို့ဖွင့်တာ မဟုတ်ပေမယ့် ဈေး၀ယ်သူက သမားတော် ခေါ်ပေးဖို့ပြောလာရင် စီနီယာနဲ့အခြားသူတွေ ပျာယာခတ်သွားလို့မဖြစ်ပေ။
လုလျန့်ဝေ ဆေးဆိုင်သို့ရောက်တော့ အသက်ကြီးကြီးလူတစ်ယောက်ဟာ ဇာပုဝါဖုံးထားသည့်အမျိုးသမီးတစ်ဦးနှင့် စကားပြောနေ၏။
လုလျန့်ဝေ၀င်သွားချိန်၌ သူတို့စကားပြောနေ တာရပ်သွားကာ တစ်ပြိုင်တည်း သူမကို လှည့်ကြည့်လာသည်။
အပိုင်း (၄၇၁)
မူမမှန်သောဖော်ရွေမှု။
ထိုအမျိုးသမီးသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားသည်။ လုလျန်ဝေ လျှောက်ဝင်လာတာတွေ့တဲ့အခါ သူ(မ)မျက်ဝန်းထဲတွင် နွေးထွေးတဲ့အကြည့်တစ်ခု ချက်ချင်းပေါ်လာသည်။
လုလျန့်ဝေသည် ဆိုင်ထဲတွင် အပြင်သူမရှိတာကြောင့် ဆိုင်ကိုလာတဲ့အခါ တကူးတက မျက်နှာဖုံးတပ်မထားပေ။
သူ(မ)ဝင်လာတာနဲ့ တစ်ဖက်အမျိုးသမီးမှ သူ(မ)အပေါ် ဖော်ဖော်ရွေရွေကြည့်သည့်အကြည့်ကို ခံစားမိသည်။
လုလျန့်ဝေ အံ့ဩသွားပြီး ထိုအမျိုးသမီးကို အလိုလိုအကဲခတ်မိသည်။
ထိုအမျိုးသမီးသည် မျက်နှာဖုံးအလွှာကာထားခြင်းကြောင့် သူ(မ)၏အသက်အရွယ်အပိုင်းအခြားကို ခန့်မှန်းရန်ခက်နေသည်။ သို့ပေမဲ့ ကာမထားသည့် သူ(မ)မျက်လုံးများသည် ပြောစရာမရှိအောင်ပင် လှပလှသည်။
သို့ပေမဲ့ ထိုမျက်ဝန်းတွေသည် သနားစရာကောင်းသည့်ဘဝအတွေ့အကြုံကိုပြသနေသော အေးစက်စက်အငွေ့အသက်တို့ကိုလည်း ထုတ်လွှတ်နေသည်။ ပြီးတော့ ထိုမျက်ဝန်းတွေကို ကြည့်ရပုံအရ သူ(မ)တွင် အတိတ်တစ်ခုရှိခဲ့မည့်ပုံပေါ်သည်။
သူ(မ)သည် လုလျန့်ဝေကိုကြည့်သည့်အခါ မူလအေးစက်ကာခပ်တန်းတန်းဖြစ်နေသည့်အကြည့်မှ မူမမှန်သည့်နူးညံ့နွေးထွေးမှုတို့ပြည့်နှက်သွားသည်။
လုလျန့်ဝေသည် ထိုအမျိုးသမီး၏နွေးထွေးဖော်ရွေတဲ့အကြည့်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအမျိုးသမီးက ထရပ်ပြီး လုလျန့်ဝေနားကိုတိုးလာသည်။ သူ(မ)ပုံစံကို လုလျန့်ဝေကို ဖက်ချင်နေသည့်ပုံပေါ်သည်။ သူ(မ)ခေါင်းကိုတစ်ခဏမော့လိုက်ပေမဲ့ စည်းကျော်မှာစိုးရိမ်သည့်ပုံစံနှင့် ချက်ချင်းခေါင်းကို ငုံ့ချလိုက်သည်။ လုလျန့်ဝေနှင့် နှစ်လှမ်းလောက်အကွာတွင်ရပ်လိုက်ပြီး ရှေ့ဆက်မတိုးပေမဲ့ သူ(မ)မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။
သူ(မ)လုလျန့်ဝေကို ကြည့်သည့်အကြည့်တို့တွင် စိတ်လှုပ်ရှားနှင့်အတူ နူးညံ့မှုတို့ကို ပြသနေသည်။
လုလျန့်ဝေသည် ထိုအမျိုးသမီးမှ သူ(မ)ကိုကြည့်နေပုံမှာ အတော်လေးထူးဆန်းသည်ဟု ခံစားရသည်။
ထိုအချိန်မှာဘဲ သူဖုန်းစားအိုအကြီးအကဲက ထလာပြီး သူတို့ကို အချင်းချင်းမိတ်ဆက်ပေးသည်။
“ ဒုတိယသခင်မလေး၊ ဒါက အမျိုးသမီး လင်း ပါ။ သူ(မ)က ကျွန်တော်တို့ သမားတော်ရှာတဲ့စာကို ယူသွားတဲ့သူပါ။ ကျွန်တော်တို့ ဆေးဆိုင်မှာ အလုပ်လုပ်ချင်ပါတယ်တဲ့။ အမျိုးသမီး လင်း၊ ဒါက ကျွန်တော်တို့ ဆိုင်ပိုင်ရှင်ပါ “
လုလျန့်ဝေသည် ထိုအမျိုးသမီးဆီကို လက်လှမ်းလိုက်သည်။
မိန်းကလေး လင်းသည် သူ(မ)ဆီသို့တိုးလာသော နူးညံ့သည်လက်လေးကိုကြည့်ရင်း စိတ်လှုပ်ရှားလာပြီး မျက်နှာနီရဲလာသည်။
လက်နှစ်ဖက်လုံးလှမ်းပြီး လုလျန့်ဝေ၏ လက်ဖဝါးကိုအသာအယာဆုပ်ကိုင်လိုက်သည်။ သူ(မ)ဖုံးကွယ်ဖို့ကြိုးစားပါသော်လည်း အသံက အနည်းငယ်တုန်ယင်နေသည်။
လုလျန့်ဝေမျက်နှာပေါ်မှ အပြုံးသည် အနည်းငယ်တောင့်သွားသည်။ ဒါဟာ သူတို့ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ မိန်းကလေးလင်းက ဖော်ရွေလွန်းမနေဘူးလား။
လုလျန့်ဝေ လက်ကိုအနည်းငယ်ရုန်းလိုက်တာကို အမျိုးသမီး လင်းက သတိထားမိတာကြောင့် လုလျန့်ဝေလက်ကို အမြန်လွှတ်ပေးလိုက်သည်။ အမျိုးသမီး လင်းက အနည်းငယ်စိတ်ပူသွားပုံရသည်။
“ တောင်းပန်ပါတယ် ...... ကျွန်မ ..... ကျွန်မ စိတ်လှုပ်ရှားသွားလို့ပါ။ ဒီက သခင်မလေးက ကျွန်မသမီးနဲ့အတော်လေးရုပ်တူလို့ပါ ....... “
“ ဟုတ်တယ်၊ သူ(မ)ကိုမွေးပြီး သိပ်မကြာခင်မှာဘဲ ထွက်သွားခဲ့တာ “
ထိုစကားကိုကြားမှ လုလျန့်ဝေ သဘောပေါက်သွားတော့သည်။
အမျိုးသမီးလင်းက ဒီလိုပြုမူတာ မထူးဆန်းတော့ပါဘူး။ သူ(မ)သမီးကို သတိရနေတာဖြစ်မယ်။
“ အမျိုးသမီးလင်း၊ ရှင် ကျွန်မတို့ဆေးဆိုင်မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတာလား “
အမျိုးသမီးလင်းမှ သူ(မ)အတွေးတွေကို စုစည်းလိုက်သည်။ သို့ပေမဲ့ လုလျန့်ဝေကိုတော့ နူးညံ့ကြင်နာစွာပင်ကြည့်သည်။
အပိုင်း (၄၇၂)
သူ(မ)အဲ့တာနဲ့ပတ်သက်ပြီး သေချာတဲ့ခံစားချက်ရလိုက်တယ်။
လုလျန့်ဝေသည် ပထမဆုံးအနေဖြင့် အမျိုးသမီးလင်းကို နှုတ်အမေးတွေဖြင့်မေးသည့်အခါ အမျိုးသမီးလင်းက လွယ်ကူစွာဖြင့်ဖြေနိုင်ခဲ့သည်။
ထို့နောက် လုလျန့်ဝေမှ စမ်းသပ်နည်းလေးမျိုးဖြစ်သည့် အကြည့်၊ အကြား၊ အမေး၊ သွေးကြောစမ်းသပ်ခြင်းတို့ကို စစ်ဆေးသည့်အခါတွင်လည်း သူ(မ)က အခက်အခဲမရှိဖြေနိုင်သည်။ အမျိုးသမီးလင်းသည် အဘက်ဘက်မှ အကောင်းဆုံးလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် လုလျန့်ဝေ အလွန်အံ့ဩသွားသည်။
အမျိုးသမီးလင်းကဲ့သို့ နူးညံ့သိမ်မွေ့တဲ့သူတစ်ယောက်က ဆေးပညာမှာ ဒီလောက်ထူးချွန်ထက်မြက်လိမ့်မည်ဟု လုလျန့်ဝေထင်မထားပေ။
အမျိုးသမီးလင်း၏ဆေးပညာရပ်ပိုင်းတွင် ပြဿနာမရှိတာကြောင့် လုလျန့်ဝေမှ သူ(မ)ကို သမားတော်ကျင့်ဝတ်ဆိုင်ရာနှင့်ပတ်သက်ပြီး ဆက်စစ်ဆေးသည်။
အမျိုးသမီးလင်းသည် ဆေးပညာရပ်ပိုင်းနှင့် သမားတော်ကျင့်ဝတ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်းနှစ်ခုလုံးကို အောင်မြင်သွားခဲ့တာကြောင့် လုလျန့်ဝေ အံ့ဩရုံသာမက အတော်လေးလည်းပျော်ရွှင်သွားခဲ့သည်။
ဆေးဆိုင်တစ်ခုတွင် ဆေးပညာရောကျင့်ဝတ်ပါကောင်းတဲ့သူတစ်ယောက်ကို ရဖို့အတွက် အတော်လေးခဲယဉ်းသည်။
လုလျန့်ဝေသည် အမျိုးသမီးလင်း၏လက်ရှိနေထိုင်မှုအကြောင်းများကို မေးပြီးတဲ့နောက် သူ(မ)နှင့် အလုပ်စာချုပ်ချုပ်ဆိုခဲ့သည်။
“ အမျိုးသမီးလင်း၊ ရှင့်မှာနေစရာမရှိဘူးဆိုရင် ဆေးဆိုင်မှာနေလို့ရပါတယ်။ ဆေးခန်းအနောက်မှာ အခန်းလွတ်တွေရှိပါတယ် “
“ ကျွန်မကို အဲ့လိုတရိုတသေပြောဖို့မလိုပါဘူး၊ အမျိုးသမီးလင်း။ ကျွန်မတို့ဆိုင်က နောက်ဆို ရှင့်အပေါ်ကို မှီခိုရမှာပါ “
လုလျန့်ဝေ နန်းတော်ထဲသို့ပြောင်းနေရတာနှင့်တစ်ပြိုင်တည်း ဒီနေရာဖို့ ဂရုစိုက်ဖို့အချိန်ရှိတော့မှာမဟုတ်ပေ။
အမျိုးသမီးလင်းက သူ(မ)ကို နူးညံ့စွာကြည့်လိုက်သည်။
“ မပူပါနဲ့၊ သခင်မလေး။ ဒီဆေးခန်းကို ရှင့်အစား ကောင်းကောင်းဂရုစိုက်ထားပေးပါ့မယ် “
“ ကောင်းပါပြီ။ ရှင်နဲ့ လူကြီးမင်းနဲ့ အတူတူ ဒီနေရာကို စီမံလိုက်ပါ။ ကျွန်မအတွက်စိုးရိမ်စရာမရှိပါဘူး။ အို၊ ဒါနဲ့ အမျိုးသမီးလင်း၊ ရှင်စိတ်မရှိဘူးဆိုရင် ကျွန်မကို နာမည်ဘဲခေါ်လို့ရပါတယ် “
အမျိုးသမီးနှင့်ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခုရှိနေပေမဲ့ သူ(မ)အပေါ်ကို လုလျန့်ဝေ စိတ်ရှုပ်ခြင်း၊ သို့မဟုတ် မနှစ်သက်ခြင်းတို့ မခံစားရပေ။
အမျိုးသမီးလင်းသည် အတော်လေးကြင်နာတတ်သည်ဟုပင် ခံစားရသည်။ ဒါကြောင့် သူ(မ)ကြည့်တဲ့အခါမှာလည်း စိတ်မရှုပ်တော့ပေ။
အမျိုးသမီးလင်းသည် သူ(မ)မျက်ဝန်းထဲမှ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
လုလျန့်ဝေမှ အမျိုးသမီးလင်းကို ပြုံးကြည့်လိုက်သည်။
သူ(မ)နာမည်ကို အပြင်လူတစ်ယောက်က သိသွားမှာနှင့် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မှာကို လုလျန့်ဝေ မစိုးရိမ်ပေ။
အမျိုးသမီးလင်းက သူ(မ)ကို အန္တရာယ်ပေးလိမ့်မည်မဟုတ်ဘူးဆိုသည့်ခံစားချက်မျိုးရနေသည်။
ဘာကြောင့်အဲ့လိုခံစားရလဲမသိပေ။ သူ(မ)သည် အများသောအားဖြင့် ခံစားချက်နောက်လိုက်တတ်တဲ့သူမဟုတ်ပေမဲ့ အမျိုးသမီးလင်းနှင့်ပတ်သက်လာလျှင် သေချာတဲ့ခံစားချက်ရနေတာကြောင့် စိတ်ထဲကအတိုင်းသာလုပ်လိုက်သည်။
အမျိုးသမီးလင်းက ထိုအခွင့်အရေးယူပြီး လုလျန့်ဝေလက်ကို ကိုင်လိုက်ကာ မသိမသာတုန်ယင်နေသည့်အသံဖြင့်ခေါ်လိုက်သည်။
အမျိုးသမီးလင်းသည် သူ(မ)အရှေ့ကမိန်းကလေးကို ရင်ခွင်ထဲဆွဲမသွင်းမိစေဖို့ ခံစားချက်ကို အတော်လေးဖိနှိပ်လိုက်ရသည်။ အမျိုးသမီးလင်းက ပြုံးလျက်ပြောသည်။
“ စိတ်မရှိရင်၊ ဒေါ်လေးလင်းလို့ခေါ်လို့ရပါတယ်။ အမျိုးသမီးလင်းလို့မခေါ်ပါနဲ့၊ သူစိမ်းတွေလို့ခံစားရတယ် “
သူ(မ)ကို ဒေါ်လေးလင်းလို့ခေါ်ပါက သူတို့အချင်းချင်းပိုရင်းနှီးလာပေမည်။
လုလျန့်ဝေကလည်း တည့်တိုးဆန်စွာဖြင့် သူ(မ)ကိုချက်ချင်းခေါ်လိုက်သည်။
အမျိုးသမီးလင်းက ပြန်ဖြေရင်း ခေါင်းကိုမော့ကာ လုလျန့်ဝေ၏ခေါင်းကို ညင်ညင်သာသာလေးပွတ်လိုက်သည်။
လုလျန့်ဝေက မငြင်းပေ။ သူ(မ)က အမျိုးသမီးလင်းရဲ့လက်ကို ကိုင်ပြီးပြောသည်။
“ နောက်ကျနေပြီ။ ကျွန်မ အခုပြန်တော့မယ်။ ဒေါ်လေးလင်း၊ ဒီနေ့ည ဒီမှာဘဲနေလိုက်ပါလား။ တစ်ခုခုလိုအပ်တာရှိရင် လူကြီးမင်းကိုပြောလို့ရပါတယ် “
“ မပူပါနဲ့၊ အားမနာတမ်းပြောလိုက်ပါ့မယ်။ ဝေဝေကရော ဒီလိုအချိန်ကြီး အိမ်ကို လမ်းလျှောက်ပြန်လို့ဖြစ်ပါ့မလား။ လိုက်ပို့ပေးရမလား “
လုလျန့်ဝေက ရယ်ပြီး ခေါင်းခါလိုက်သည်။ သူ(မ)ဘေးက ချူးကျူကိုညွှန်ပြပြီး ပြောသည်။
“ ကျွန်မကို သူ(မ)က ကာကွယ်ပေးနေတာပါ။ အဆင်ပြေတယ်။ ဒေါ်လေးလင်းလည်း ဒီနေ့ပင်ပန်းနေလောက်မှာဘဲ။ ဆိုင်မှာလည်း ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့။ ညကျ စောစောအနားယူလိုက်ပါ “
ထို့နောက် လုလျန့်ဝေက သူဖုန်းစားလူကြီးမင်းဘက်ကိုလှည့်လိုက်သည်။
“ လူကြီးမင်း၊ ဒေါ်လေးလင်းနေဖို့အတွက် စီစဉ်ဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာဘဲ “
“ နားလည်ပါတယ်။ အိမ်တော်ကို အမြန်ပြန်သင့်ပါပြီ၊ ဒုတိယသခင်မလေး “
ဒေါ်လေးလင်းက လုလျန့်ဝေကို အပြင်ထိလိုက်ပို့ပေးကာ လုလျန့်ဝေ အဝေးရောက်တဲ့အထိရပ်ကြည့်နေခဲ့သည်။ အနောက်သို့ပြန်မလှည့်ဘဲ ထိုနေရာမှာဘဲ မလှုပ်မယှက်ရပ်နေသည်။
သူဖုန်းစားအိုက ထိုမြင်ကွင်းကြောင့် စိတ်မကောင်းစွာဖြင့် သက်ပြင်းချသည်။
သနားစရာသခင်မလင်း။ ဒီလိုအချိန်မှာတောင်မှ သူ(မ)ခံစားချက်ကို ချုပ်တည်းထားရတယ်။
“ သခင်မလင်း၊ အနောက်ခြံထဲမှာ အခန်းလွတ်တွေရှိပါသေးတယ်။ ကျွန်တော့်နောက်ကလိုက်ပြီး သင့်တော်တဲ့အခန်းရွေးလို့ရပါတယ် “
သူဖုန်းစားအိုက အကြာကြီးစောင့်ပေးပြီးတဲ့နောက် ပြောလိုက်သည်။
သခင်မလင်း၏မျက်ဝန်းထဲမှ နူးညံ့သည့်အကြည့်တို့က လုံးဝပျောက်သွားပြီး သူ့ကို ခံစားချက်မရှိသည့်အကြည့်ဖြင့်ကြည့်သည်။
“ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “