← Chapters

အခန်း (၄၇၃-၄၇၅)

Vol. 10 Ch. 473-475

အခန်း (၄၇၃-၄၇၅)

Vol. 10 Ch. 473-475

အပိုင်း (၄၇၃)

လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတယ်။

သူဖုန်းစားအိုသည် သခင်မလင်း၏မျက်နှာထား သိသိသာသာပြောင်းသွားတာကို စိတ်ထဲမထားပေ။

“ ဒီလမ်းပါ၊ သခင်မ “

သခင်မလင်းက ဘာတစ်ခွန်းမှထပ်မပြော သူ့နောက်လိုက်ကာ ခြံထဲသို့သွားလိုက်သည်။

…………………….

ချူးကျူသည် လုလျန့်ဝေအနောက်မှ လိုက်လာသည်။ သူမသည် တစ်ခုခုပြောချင်‌သော်လည်း တွန့်ဆုတ်နေခဲ့သည်။

အခုနက အမျိုးသမီးလင်းသည် သိသိသာသာကိုထူးဆန်းနေသည်။ ထို့အပြင် မျက်နှာကိုလည်း ဖုံးထားသည့်အပြင် သူ(မ)၏သရုပ်မှန်ကိုထုတ်မပြပေ။ ဒုတိယသခင်မလေးကို သူ(မ)ကို ခန့်လိုက်တာ မလောလွန်ဘူးလား။

ဒုတိယသခင်မလေးသည် အများသောအားဖြင့် စိုးရိမ်ကြောင့်ကြကင်းကင်းမနေတတ်ပေမဲ့ အမျိုးသမီးလင်းနဲ့ကျတော့ အတော်လေးသက်တောင့်သက်သာဖြစ်နေလေသည်။

“ ဒုတိယသခင်မလေး ...... “

ချူးကျူသည် ဆက်တိုက်တွေးနေပြီး အဆုံးမှာတော့ လုလျန့်ဝေကို ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။

လုလျန့်ဝေသည် စိတ်ကောင်းဝင်နေပေသည်။ သူမသည် ချူးကျူခေါ်သံကြောင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။

“ ဘာဖြစ်လို့လဲ “

“ အဲ့ဒီ အမျိုးသမီးလင်းက ကျွန်မတို့ မြင်ရတာထက်ပိုတာရှိနေလောက်တယ် “

လုလျန့်ဝေ ခေါင်းငြိမ့်သည်။

“ သိတယ်လေ “

“ သူ(မ)နဲ့ပတ်သက်ပြီး သံသယဝင်စရာတွေအများကြီးရှိတယ်။ သူ(မ)က ငါ့ကို တမင်ချဉ်းကပ်လာတဲ့ပုံဆိုပေမဲ့ ဘာကြောင့်မှန်းလဲမသိ ငါ့ကိုယ်ငါလည်း နားမလည်နိုင်ဘူး။ သူ(မ)ကိုခန့်ဖို့ ငြင်းလိုက်ရမှာကို မလိုလားနေဘူး။ သူ(မ)ငါ့ကို ကြည့်တဲ့အကြည့်ကြောင့်ထင်တယ်။ နူးညံ့ပြီးအချစ်တွေပြည့်နေတာ “

အကယ်၍ အမျိုးသမီးလင်းကသာ သူ(မ)နဲ့နီးကပ်လိုတာက မကောင်းတဲ့အကြောင်းပြချက်နဲ့သာဆို လုလျန့်ဝေကို အဲ့လောက် အကြင်နာပိုတဲ့အကြည့်နှင့်ကြည့်မှာမဟုတ်ပေ။

လူတစ်ယောက်က ဘယ်လောက်ဘဲသရုပ်ဆောင်ကောင်းနေပါစေ အဲ့လိုနူးညံ့တဲ့အကြည့်မျိုးနဲ့တော့ကြည့်နိုင်မည်မဟုတ်ပါ။

လုလျန့်ဝေသည် သူ(မ)ကို အမျိုးသမီးလင်းက ထိုသို့ကြည့်တဲ့အခါ သူ(မ)ကိုယ်သူ(မ) အမျိုးသမီးလင်း၏သမီးလို့ ခံစားလိုက်ရသည်။

အမျိုးသမီးလင်းသည် သူ(မ)၏သမီးကို မွေးပြီးကတည်းက ခွဲခွာခဲ့ရကာ လုလျန့်ဝေကိုတွေ့တဲ့အခါ သူ(မ)သမီးအသက်နဲ့သိပ်မကွာတာကြောင့် လုလျန်ဝေကို သူ(မ)သမီးအနေနဲ့စဉ်းစားပြီး ထိုအကြည့်ဖြင့်ကြည့်တာဖြစ်နိုင်သည်။

ချူးကျူသည် အတော်ကြာစဉ်းစားပြီးတဲ့နောက် အမျိုးသမီးလင်းနှင့်ပတ်သက်၍ အထူးဆန်းဆုံးအရာကို အမှတ်ရလိုက်သည်။

အမျိုးသမီးလင်းမှ ဒုတိယသခင်မလေးကိုကြည့်သည့်အကြည့်ဖြစ်သည်။ သူ(မ)မျက်လုံးထဲမှ အချစ်တွေလျှံထွက်မတတ်ကြည့်နေခဲ့တာဖြစ်သည်။

“ အမျိုးသမီးလင်းပြောပုံအရဆို သူ(မ)သမီးကိုမွေးပြီးမကြာခင်မှာဘဲ ခွဲနေခဲ့ရတဲ့အပြင် သူ(မ)ယောက်ျားကလည်း ဆုံးသွားပြီဆိုတော့ မိသားစုမကျန်တော့ဘူးလေ။ သူ(မ)သမီးကိုထပ်တွေ့ချင်ပေမဲ့ အကြောင်းပြချက် တစ်ချို့ကြောင့် မတွေ့ရဲဘူးတဲ့။ အမျိုးသမီးလင်းအဖြစ်က သနားစရာဘဲ “

“ လုံးဝတော့မယုံဘူး။ သူ(မ)က အမှန်အကန်မဟုတ်တာသိပေမဲ့ ဘာအရေးလဲ။ လူတိုင်းမှာတော့ ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိကြတာဘဲမလား။ တစ်ခြားသူကို မနှောင့်ယှက်သရွေ့အဆင်ပြေပါတယ် “

ချူးကျူက တိုးတိုးလေးသက်ပြင်းချလိုက်သည်။ ကြည့်ရတာ ဒုတိယသခင်မလေးက အမျိုးသမီးလင်းနဲ့ဆိုရင်ကို အထူးတလည်စိတ်လျှော့ထားတာဘဲ။

သို့ပေမဲ့ ချူးကျူက လုလျန့်ဝေကို ဆက်တိုက်သတိပေးနေခဲ့သည်။

“ အဲ့လောက်တော့ခန့်မှန်းထားပါတယ်။ စမ်းသပ်ပုံလေးမျိုးကို စစ်ဆေးတုန်းက အခွင့်အရေးယူပြီး သူ(မ)သွေးကြောကိုစမ်းကြည့်လိုက်တယ်။ သွေးခုန်နှုန်းက အားကောင်းပြီး အဆုံးထိခုန်နှုန်းအားပြင်းတယ်။ သာမန်အမျိုးသမီးတစ်ယောက်မှာရှိတဲ့သွေးခုန်နှုန်းမဟုတ်ဘူး။ ပြီးတော့ သူ(မ)က ဖုံးကွယ်မထားဘူးလေ။ အဲ့ကနေ သုံးသပ်ရမယ်ဆို သူ(မ)က လူဆိုးတော့မဟုတ်လောက်ဘူး။ သူ(မ)သာ ငါ့ကို အန္တရာယ်ပေးချင်ရင် ကိုယ်ခံပညာသုံးပြီးတိုက်ခိုက်မှာပေါ့။ ဘာလို့ နှိမ့်ချပြီး ငါတို့ဆေးဆိုင်မှာ သမားတော်လာလုပ်မှာလဲ “

“ စိတ်ပူတာမမှားပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီး ငါကိုက စိတ်အလိုလိုက်မိနေတာပါ “

“ မဟုတ်ပါဘူး။ သခင်မလေးက အဘက်ဘက်ကစဉ်းစားထားလို့ပါ။ အဲ့တာကြောင့် အမျိုးသမီးလင်းကို ခြွင်းချက်ထားတာပါ “

လုလျန့်ဝေ ထပ်ပြီးသက်ပြင်းချလိုက်သည်။ သူ(မ)၏လှပတဲ့မျက်လုံးတို့မှ အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။

“ ဟုတ်တယ်။ အမျိုးသမီးလင်းက ငါ့ကိုချဉ်းကပ်ချင်တဲ့အကြောင်းအရင်းကိုလည်းသိချင်တယ်။ ဒါပေမဲ့ အလောမကြီးပါဘူး။ ဒီဟာနဲ့ပတ်သက်တဲ့အကြောင်းပြချက်က တဖြည်းဖြည်းပေါ်လာလိမ့်မယ်။ သူ(မ)က တစ်ချိန်လုံးမျက်နှာကိုအုပ်ထားတော့ အရင်ကမြင်ဖူးလို့လားလို့တွေးနေတာ “

အပိုင်း (၄၇၄)

ဧကရာဇ်က သူ့ရဲ့မကောင်းတဲ့အကြံကို လက်လျှော့ဖို့ ငြင်းဆန်နေတယ်။

ချူးကျူအကြည့်က လုလျန့်ဝေမျက်နှာပေါ်က မျက်နှာဖုံးပေါ်ရောက်သွားသည်။

ဆေးဆိုင်ထဲမှထွက်လာပြီးတဲ့နောက် ဒုတိယသခင်မလေးက မျက်နှာဖုံးတပ်လိုက်ရသည်။

အမျိုးသမီးလင်းကလည်း မျက်နှာဖုံးတပ်ထားတာကို မှတ်မိတဲ့အခါ ချူးကျူက စစနောက်နောက်ပြောသည်။

“ အမျိုးသမီးလင်းကလည်း သခင်မလေးလို အလှလေးဖြစ်နေလို့နဲ့တူတယ်။ အဲ့တာကြောင့်မလို့ မျက်နှာဖုံးတပ်ရတာလေ “

လုလျန့်ဝေမှ သဘောတူခေါင်းငြိမ့်သည်။

“ အမျိုးသမီးလင်းက တကယ်ကိုလှပတဲ့အမျိုးသမီးဖြစ်မယ် “

မျက်နှာဖုံးအပြင်မှမြင်နေရသည့် ထိုမျက်လုံးလေးများဟာ တကယ်ကို နူးညံ့လှပသည်။

လပြက္ခဒိန်၏ ရှစ်လပိုင်းရှစ်ရက်မြောက်နေ့တွင် လုံချင်းကျီသည် ရှန်းယန်၏မင်းသားလုံရှောင် ပို့ဆောင်မှုကြောင့် တော်ဝင်နန်းတော်သို့ လုံခြုံစွာရောက်လာခဲ့သည်။

ခုနစ်ယောက်မြောက်မင်းသမီး တန့်ကျွယ်ဘုရင်ကိုလက်ထပ်တုန်းတွင် သူ(မ)သည် ကြီးကျယ်တဲ့ရှန်းတိုင်းပြည်ကြီး စစ်ပွဲအပြီးမှ ပြန်လည်ထူထောင်နိုင်စေရန် နှစ်အနည်းငယ်ကာကွယ်ပေးခဲ့သောကြောင့် တိုင်းပြည်တွင် ကြီးမားသောအကျိုးသက်ရောက်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် ဧကရာဇ်မှ သူ(မ)ကို မင်းသမီး နင်းအဖြစ် ဘွဲ့ထူးတပ်ပေးပြီး မင်းသမီးအဆောင်တစ်ခု ဆုပေးအပ်ခဲ့သည်။

မင်းသမီး နင်း ၏ ဂုဏ်ပုဒ်ကို ဂုဏ်ပြုရန် မင်းသမီး မြို့တော်သို့ ပြန်လာသည့် ဒုတိယမြောက်ရက်တွင် ဧကရာဇ်မှ အထူးသဖြင့် တရားဆောင်ဝန်ကြီးအားလုံးကို စားပွဲသို့ဖိတ်ပြီး ကြိုဆိုစေသည်။

လုလျန့်ဝေ ဒီတစ်ကြိမ်တွင် ငြင်းဆို၍မရတော့ပေ။ မင်းသမီးကြီး နင်း သည် လုံယန်၏အစ်မတော်ဖြစ်ပြီး ထိုအကြောင်းပြချက်တစ်ခုတည်းကပင် သူ(မ)ကို ထိုစားပွဲသို့တက်ရောက်ရန် လုံလောက်စေသည်။

မြို့စားမင်းကတော်ဟောင်းသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး ထိုကဲ့သို့ ပွဲတွေကိုလည်း မနှစ်သက်တာကြောင့် အကြောင်းပြပြီး နန်းတော်ထဲကိုမဝင်တော့ဘဲ လုလျန့်ဝေကိုခေါ်သွားဖို့ လုဟယ့်ထျန်းနှင့်သာ လွှတ်ထားလိုက်တော့သည်။

သူတို့သားအဖအိမ်တော်ဝင်ပေါက်မှ ထွက်လာတာနဲ့ လှည်းပေါ်တွင် ချူးယိကိုတွေ့လိုက်တာကြောင့် လုဟယ်ထျန်းမျက်နှာ သုန်မှုန်သွားသည်။

သူ့ဘာသူ ဝေဝေ့ကို နန်းတော်ဆီခေါ်လာနိုင်ပါတယ်။ ဧကရာဇ်က ဘာလို့ ဝင်ရှုပ်နေရတာလဲ။

မြို့စားမင်းကြီးအိမ်တော်မှာ လှည်းတွေမရှိဘူးများထင်နေလား။

လုံယန်လွှတ်လိုက်တဲ့ ချူးယိကိုကြည့်ပြီး မျက်နှာမသာမယာဖြစ်နေတဲ့ သူ(မ)အဖေကို လုလျန့်ဝေကြည့်လိုက်သည်။ ထို့နောက် သူ(မ)အဖေရဲ့လက်မောင်းကို လှုပ်ယမ်းပြီး ချစ်စရာကောင်းစွာပြောလိုက်သည်။

လုဟယ့်ထျန်းသည် မြင်းနှင့်သွားဖို့စီစဉ်ထားပေမဲ့ သူ့သမီးရဲ့ ချစ်စရာကောင်းမှုကို မလွန်ဆန်နိုင်တာကြောင့် နောက်ဆုံးမှာ သဘောတူလိုက်ရလေသည်။

ထိုမြင်ကွင်းကြောင့် ချူးယိက သူ(မ)ကိုကူညီပြီး လှည်းပေါ်တက်နိုင်ရန်လုပ်ပေးစဉ်မှာဘဲ လုဟယ့်ထျန်းက သူ့ကိုတွန်းထုတ်လိုက်ကာ မျက်စောင်းပင်ထိုးလိုက်သေးသည်။

ချူးယိသည် သူ့နှာခေါင်းကို ရှက်ကိုးရှက်ကန်းပွတ်လိုက်သည်။

မြို့စားမင်းကြီးက အတော်လေးကြောက်ဖို့ကောင်းနေသည်။ သူက ဒုတိယသခင်မလေးကို ကူညီပေးချင်ရုံဆိုပေမဲ့ သူက အတော်လေးကာကွယ်ခုခံပေးနေသည်။

ချူးယိ ဘာတစ်ခွန်းမှထပ်မပြောဘဲ ဘေးကိုသာကပ်ရပ်ပေးလိုက်သည်။ အဖေနှင့်သမီးလှည်းထဲရောက်သွားတဲ့အခါမှ ချူးယိမောင်းသူနေရာမှာပြန်တက်ကာ နန်းတော်ဆီသို့မောင်းနှင်သည်။

သူတို့သည် တော်ဝင်မိသားစုမြင်းလှည်းကိုစီးနေတာဖြစ်တာကြောင့် နန်းတော်ဝင်ပေါက်တွင် ဆင်းစရာမလိုဘဲ အထဲထိတိုက်ရိုက်မောင်းဝင်သွားခဲ့သည်။

တော်ဝင်မိသားစုမြင်းလှည်းဝင်လာတာကြောင့် လူတိုင်းက သွားရာလမ်းကိုရပ်ပြီး လှမ်းကြည့်ကြသည်။

သူတို့အားလုံးအရင်က အထင်သေးခဲ့တဲ့လုလျန့်ဝေက နောက်ဆုံးမှာ ဧကရာဇ်ရဲ့ကြင်နာမှုကိုရသွားမယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။

ဧကရာဇ်သည် မြို့စားမင်းကြီးအိမ်တော်မှ ဒုတိယသခင်မလေးလုကို ဧကရီအဖြစ်ကြေငြာလိုက်ကတည်းက သူ(မ)ကို လှောင်ရယ်ခဲ့ကြတဲ့သူတွေက ဆက်ပြီးအထင်မသေးရဲကြတော့ပေ။

လုလျန့်ဝေကိုတွေ့တဲ့အခါ သူ(မ)ကို စော်ကားတဲ့အပြုအမူလုပ်မိမှာစိုးတာကြောင့် တရိုတသေနှုတ်ဆက်ကြရသည်။

နန်းတော်ဝင်ပေါက်မှ ဆူညံမှုတွေကိုသတိမထားမိဘဲ လှည်းစီးရင်းဖြင့် လုလျန့်ဝေ လျှို့ဝှက်နဂါးနန်းတော်ဆောင်သို့ တန်းတန်းရောက်သွားခဲ့သည်။

“ ဒုတိယသခင်မလေး၊ နောက်ဆုံးတော့ ရောက်လာပြီ ........ “

လုလျန့်ဝေအနောက်မှ လုဟယ့်ထျန်းထွက်လာတာကိုမြင်တဲ့အခါ ကျောက်ချန်၏မျက်နှာပေါ်မှ စိတ်အားထက်သန်တက်ကြွမှုက စက္ကန့်ပိုင်းမျှအေးခဲသွားတော့သည်။

လုဟယ့်ထျန်း ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး လှည်းပေါ်မှခုန်ဆင်းကာ လုလျန့်ဝေဆင်းဖို့ကူပေးသည်။

လုဟယ့်ထျန်းသည် လျှို့ဝှက်နဂါးနန်းဆောင်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်သည်။

အဲ့ဒီလုံယန်ဆိုတဲ့အကောင်ကတော့ ဝေဝေ့ကို ဒီနေရာဆီ တိုက်ရိုက်ခေါ်လာဖို့ သူ့အစေခံ ခိုင်းရဲတယ်ပေါ့၊ ဟုတ်လား။ သူက မကောင်းတဲ့ရည်ရွယ်ချက်တွေကို လက်လျှော့ဖို့စိတ်ကူးမရှိဘူးဘဲ။

ဧကရာဇ်က ဝေဝေနဲ့နှစ်ယောက်တည်းရှိချင်နေပေမဲ့ သူအဲ့လိုအဖြစ်ခံမှာမဟုတ်ပေ။

“ ဝေဝေ၊ ကြိုဆိုစားပွဲက ကျောက်စိမ်းနှင်းစက်ခန်းမမှာလုပ်တာလေ။ အဲ့ဒီကိုသွားရအောင် “

ထိုသို့ပြောပြီး သာမန်အတိုင်း လုလျန့်ဝေလက်ကိုဆွဲကာ ထွက်သွားပြီးလုပ်သည်။

ထိုမြင်ကွင်းကြောင့် ကျောက်ချန်သည် လုဟယ့်ထျန်းအား ဝင်ရှုပ်နေခြင်းကြောင့် စိတ်ထဲမှကျိန်ဆဲလိုက်မိသည်။

အပိုင်း (၄၇၅)

သူ မထိန်းနိုင်တော့ရင် သူဘာလုပ်သင့်လဲ။

ဒုတိယသခင်မလေးသည် မင်္ဂလာပွဲအတွက်ပြင်ဆင်နေပြီဖြစ်တာတောင်မှ မြို့စားမင်းဟောင်းကတော်နှင့် မြို့စားမင်းကြီးတို့က သူ(မ)ကို သိမ်းငှက်တွေလို စောင့်ကြည့်နေတာကြောင့် အရှင်က ဒုတိယသခင်မလေးကို ရက်အတော်ကြာ မတွေ့နိုင်ဖြစ်နေခဲ့ရသည်။

အရှင်သည် နောက်ဆုံးမှာတော့ ကြိုဆိုစားပွဲလုပ်ရန် အကြောင်းပြချက်ရှာပြီး တရားဝန်ကြီးအမှုထမ်းတွေအကုန်လုံးကိုဖိတ်ကာ ဒုတိယသခင်မလေးကိုတွေ့နိုင်ဖို့ အကြောင်းဖန်ပေမဲ့ မြို့စားမင်းကြီးက ဝင်နှောင့်ယှက်နေသည်။ ဒါက အတော်လေးစိတ်တိုစရာကောင်းလှသည်။

‘ အရှင်မင်းကြီး၊ ကျွန်တော် မကူညီချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ မြို့စားမင်းကြီးက ကိုင်တွယ်ဖို့ မလွယ်ကူဘူး ‘

ဒုတိယသခင်မလေးလုကို မြို့စားမင်းကြီးက ဆွဲခေါ်သွားတော့မှာမြင်တဲ့အခါ ကျောက်ချန် အံတင်းပြီးတားလိုက်သည်။

“ မြို့စားမင်းကြီး၊ ခင်ဗျား လျှို့ဝှက်နဂါးနန်းဆောင်ကို ရောက်တုန်းရောက်ခိုက်ကို ဘာလို့ ခဏလောက်အထဲဝင်မထိုင်လဲ။ ပြီးတော့ ဒုတိယသခင်မလေးကလည်း လှည်းထဲမှာ အကြာကြီးထိုင်ခဲ့ရတာဆိုတော့ ရေဆာနေမှာဘဲ။ အထဲမှာ ကျွန်တော်ပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာတစ်ချို့ရှိပါတယ်။ ကျောက်စိမ်းနှင်းစက်ခန်းမကိုမသွားခင် သုံးဆောင်သွားပါ “

“ ကျောက်စိမ်းနှင်းစက်ခန်းမက မဝေးဘူး။ အဲ့မှာလည်း စားစရာတွေရှိတယ်။ အဲ့ဒီကိုဘဲ တိုက်ရိုက်သွားလိုက်ပါ့မယ်။ ဒုက္ခခံစရာမလိုပါဘူး၊ အထိန်းတော်ကျောက် “

လုဟယ့်ထျန်းသည် ကျောက်ချန်ကို ရေခဲတစ်မျှအေးစက်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ကျောက်ချန် အန္တရာယ်ရှိတဲ့လေထုအနေအထားကို ခံစားမိလိုက်သည်။

မြို့စားမင်းကြီးရဲ့လူသတ်တော့မယ်အရိပ်အယောင်က ပြင်းလွန်းနေသည်။ မြို့စားမင်းကြီးက မထိန်းနိုင်တော့ရင် သူဘာလုပ်ရမလဲ။

“ စိတ်ပူလွန်းနေပါပြီ၊ မြို့စားမင်းကြီး။ ဒုက္ခမဖြစ်ပါဘူး။ ကျွန်တော်ပြောသလိုဘဲ ကြိုပြင်ဆင်ထားတာမလို့ ရပါတယ် “

“ မလိုဘူးလို့ပြောနေတယ်လေ။ ကိုယ့်ဟာကိုယ်စားလိုက်ပါ၊ အထိန်းတော်ကျောင်း “

ကျောက်ချန် စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူ ဘာဆက်လုပ်ရမလဲမသိချိန်မှာဘဲ တည်ငြိမ်ပြီးဩဇာညောင်းတဲ့အသံကိုကြားလိုက်ရသည်။

ကျောက်ချန်သည် ထွက်လာသည့်သူကြောင့် စိတ်သက်သာရာ ရသွားသည်။ အခုတော့ အရှင်ရောက်လာပြီဆိုတော့ အခြေအနေက ဖြေရှင်းဖို့ လွယ်ကူသွားလိမ့်မည်။

မြို့စားမင်းကြီးက ဘယ်လောက်ဘဲ ကျိုးကြောင်းမဆီလျော်ပါစေ သရဖူကိုတော့လျစ်လျူမရှုရဲဘူးလေ၊ ဟုတ်တယ်မလား။

သေချာပေါက်ပင် လုဟယ့်ထျန်းသွားနေရာမှရပ်လိုက်ပြီး လှည့်ကာ လုံယန်ကို ဦးညွတ်လာသည်။

လုလျန့်ဝေကလည်း လုံယန်ကို အရိုအသေပေးလိုက်သည်။

လုံယန်က ခေါင်းကို နည်းနည်းမော့ပြီး လုလျန့်ဝေကို သဘောကျတဲ့အကြည့်ဖြင့်ကြည့်သည်။

လုလျန့်ဝေရပ်ပြီး လုံယန်လက်မောင်းကြားမှကောင်လေးကို သိချင်စိတ်ဖြင့်ကြည့်နေသည်။

လုဟယ့်ထျန်းလည်း ခါးပြန်မတ်ပြီး လုလျန်ြဝေအရှေ့မှာ ကာရပ်ကာ လုံယန်၏အကြည့် သူ(မ)ဆီရောက်မလာစေရန်လုပ်လိုက်သည်။

လုံယန်မှ သူ့ကိုကြည့်ပြီး စိတ်ထဲမှ နှာမှုတ်လိုက်သည်။ သူက ရက်အနည်းငယ်နေရင် ဝေဝေ့ကို လက်ထပ်ရတော့မှာလေ။ ဝေဝေ နန်းတော်ထဲကိုပြောင်းလာပြီးရင် လုဟယ့်ထျန်း သူ(မ)ကို သူ့အဝေးရောက်အောင်လုပ်နိုင်ပါဦးမလား။

ထိုအတွေးတွေကိုခဏဖယ်ပြီး လုံယန်မှ လေးနက်တဲ့မျက်နှာထားဖြင့်ပြောလိုက်သည်။

“ ဝေဝေ၊ ကျီအယ်ကို လာကြည့်ပေးပါဦး။ သူ နေမကောင်းဘူး “

ထိုစကားကြောင့် လုလျန့်ဝေက ရှေ့တိုးဖို့လုပ်တဲ့အခါ လုဟယ့်ထျန်းက ဆွဲထားသည်။

“ အရှင်မင်းကြီး၊ တကယ်လို့ မင်းသမီးရဲ့ကလေးက နေမကောင်းဘူးဆိုရင် ကုသဖို့ နန်းတွင်းသမားတော်တွေကိုခေါ်လိုက်ပါ။ ဝေဝေက သမားတော်မဟုတ်ပါဘူး။ လူနာတွေကိုကုသဖို့ ဘာမှမသိပါဘူး “

လုံယန် မျက်မှောင်ကြုတ်လိုက်ပေမဲ့ ချက်ချင်းပြန်လျှော့လိုက်သည်။

“ နန်းတွင်းသမားတော်တွေက ဘာဆက်လုပ်ရမလဲမသိဘူးဖြစ်နေကြတယ်။ ဝေဝေက ဆေးပညာစာအုပ်တွေအများကြီးဖတ်ဖူးတော့ တစ်ခုခုဖြေရှင်းဖို့သိနိုင်တယ်။ ဝေဝေ့ကို အထင်မသေးသင့်ပါဘူး၊ မြို့စားမင်းကြီး “

လုဟယ့်ထျန်း မျက်မှောင်ကြုတ်ပြီး သူ့ဘေးက သမီးကို တွန့်ဆုတ်ဆုတ်ကြည့်လိုက်သည်။

သူ့သမီးသည် ဒီတစ်လျှောက်လုံးဆေးပညာကိုလေ့လာနေကြောင်း သူသိသည်။ ပန်းရနံ့အဆောင်မှစာအုပ်အများစုကို နေဝင်ဆည်းဆာဆောင်သို့ရွှေ့ပြီး ကျိုချက်ဆေးမှ အစ ပေါင်းခံဆေးအဆုံးကုပေးသည့် ဆေးအခန်းလေးပင်ဖွင့်ထားသေးသည်။

ဝေဝေ အပြင်မှာပါ ဆေးခန်းဖွင့်ထားတာကလွဲပြီး သူ(မ)ဆေးပညာမှာ ဘယ်လောက်တော်မှန်း သူ မသိပေ။

သို့ပေမဲ့ သူ့တွင် ဝေဝေကျိုချက်ထားသော အဆိပ်ခံနိုင်ရည်ဆေးလုံးလေးတွေရှိလေသည်။

သူ မသိလိုက်ခင်မှာဘဲ ဝေဝေ့တွင် ဆေးပညာအရည်အချင်းတစ်ချို့ရှိနေပုံရသည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူ(မ)အမေကလည်း ထူးချွန်တဲ့ဆေးပညာအရည်အချင်းရှိတာဖြစ်တဲ့အတွက် သူ(မ)အမေဆီမှ လက်ခံရရှိထားတာဖြစ်နိုင်ပေသည်။

All Chapters