← Chapters

အခန်း (၄၇၆-၄၇၈)

Vol. 10 Ch. 476-478

အခန်း (၄၇၆-၄၇၈)

Vol. 10 Ch. 476-478

အပိုင်း (၄၇၆)

လုံယန် သူ့ကိုယ်သူချုပ်တည်းထားခဲ့သည်။

“ အဖေ၊ သမီး မင်းသားလေးကို ကုပေးချင်တယ်”

လုလျန့်ဝေမှ သူ(မ)အဖေလက်မောင်းကို ရှေ့နောက် လှုပ်ယမ်းလိုက်သည်။

သူ့အသိစိတ်ကပ်လာပြီး လုဟယ့်ထျန်းလက်ကိုမြှောက်ကာ သူ(မ)ခေါင်းကိုပုတ်၍

“ ကောင်းပါပြီ၊ အဖေ မင်းနဲ့နေပေးမယ် “

“ ဟုတ်ကဲ့”

လုလျန့်ဝေခေါင်းငြိမ့်လိုက်သည်။

ကျောက်ချန် မတတ်နိုင်ဘဲ သူတို့ဘေးမှာတင် မျက်နှာကိုလက်ဖဝါးဖြင့်ရိုက်မိသည်။

မြို့စားမင်းကြီးက အရှင့်ရဲ့အစီအစဉ်တွေကို ဘယ်လိုဖျက်ရမလဲဆိုတာ ကောင်းကောင်းကြီးသိတာဘဲ။

သူ အခု အရှင်မင်းကြီးရဲ့မျက်နှာကိုပင် မကြည့်ရဲပေ။

လုံယန်သည် လုဟယ့်ထျန်းကို အေးစက်စွာကြည့်လိုက်ပေမဲ့ ဘာမှတော့ဆက်မပြောဘဲ လုလျန့်ဝေကိုသာပြောလိုက်သည်။

“ အထဲဝင်ရအောင်။ ကိုယ်မင်းကိုနောက်ကျ တော်ဝင်အစ်မတော်နဲ့မိတ်ဆက်ပေးမယ် “

“ ကောင်းပါပြီ “

လုလျန်ဝေခေါင်းငြိမ့်လိုက်ပြီး အနောက်ကလိုက်ဖို့ပြင်လိုက်ပြီးမှ တစ်ခုခုကိုတွေးမိပြီး အနောက်ပြန်လှည့်ကာ လုဟယ့်ထျန်းလက်ကိုဆွဲလိုက်သည်။

လုံယန်ရပ်လိုက်သည်။ အဖေနဲ့သမီး လက်အတူတွဲထားတာကိုကြည့်ပြီး နှုတ်ခမ်းအနည်းငယ်စူလိုက်သည်။

လျှို့ဝှက်နဂါးနန်းဆောင်ထဲဝင်လာတဲ့အခါမှ လုံယန် ဝမ်ယန်ကျင်ကို အောက်ချပေးလိုက်သည်။

ဝမ်ယန်ကျင်သည် သိသိသာသာပင် လုံယန်ကို ကြောက်နေပြီး အောက်ချပေးတာနဲ့ လုံချင်းကျီလက်မောင်းထဲပြေးပုန်းတော့သည်။

လုံချင်းကျီသည် သူ(မ)၏တုန်ရီနေသောသားလေးကိုဖက်ရင်း နှလုံးအောင့်လာသည်။

သူ(မ)မောင်တော်က သူ(မ)ကို ဘာမှမပြောဘဲ ရုတ်တရက် ကျီအယ်ကို ခေါ်ချီပြီး အပြင်ထွက်သွားခဲ့သည်။

ဒီတစ်လျှောက်လုံးတွင် သူ(မ)မောင်တော်သည် ကျီအယ်ကို တစ်ခါမှမချီဖူးပေ။ ဒီနေ့တွင်တော့ ဘာအကြောင်းကြောင့်လဲမသိပေမဲ့ သူက ကျီအယ်ကိုချီပြီး အပြင်ကိုလျှောက်ထွက်သွားကာ တားချိန်တောင် မရလိုက်ပေ။

သနားစရာကျီအယ်လေးက သူ့ခမည်းတော်သေဆုံးမှုကြောင့်လန့်ပြီး အကြီးအကျယ်ခံစားနေရပြီး သူ့ဦးရီးတော်က ခြောက်လန့်လိုက်မှုကြောင့် ပိုဆိုးသွားနိုင်သည်။

သူ(မ)ခေါင်းကိုငုံ့ပြီး လက်မောင်းထဲမှ သားလေးကိုကြည့်ပြီး မျက်ရည်ကျလုမတတ်ဖြစ်သွားသည်။

လုံချင်းကျီ သူ(မ)မောင်ကို စိတ်ထဲမှ ကျိန်ဆဲနေတုန်းမှာဘဲ သူ(မ)မျက်စိရှေ့တွင် ချည်ထိုးဖိနပ်လေးတစ်ရံပေါ်လာသည်။

သူ(မ)ရှေ့တွင်ကျက်သရေရှိစွာရပ်နေသော လှပသည့်ကောင်မလေးကိုကြည့်လိုက်သည်။

သူ(မ)စကားပြောဖို့ပြင်လိုက်ချိန်မှာဘဲ ထိုကောင်မလေးက အရိုအသေပေးလာသည်။

လုံချင်းကျီ အံ့ဩသွားပေမဲ့ ချက်ချင်းဘဲ သူ(မ)မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး လုလျန့်ဝေကို ပြန်ထရန်ကူဖို့ လက်လှမ်းလိုက်သည်။

လုံချင်းကျီက သူ(မ)ဘေးမှာရပ်နေတဲ့ လုံယန်ကိုကြည့်လိုက်ပြီး ပြုံးသည်။

လုလျန့်ဝေတစ်ခဏကြောင်သွားသည်။ အသိစိတ်ပြန်ကပ်လာတဲ့အခါ ပါးပြင်တို့က အနည်းငယ်နီရဲနေပြီး လုံယန်ကို ရှက်ကိုးရှက်ကန်းနှင့်လှမ်းကြည့်ပြီးနောက် အကြည့်ပြန်လွှဲလိုက်သည်။

လုံယန်၏မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်အပြုံးတစ်ခုဖြတ်ခနဲပေါ်သွားသည်။ လုဟယ့်ထျန်းလှမ်းမကြည့်ခင်မှာဘဲ လည်ချောင်းကိုရှင်းပြီး လုံချင်းကျီကိုပြောသည်။

လုံချင်းကျီသည် လုလျန့်ဝေကို အံ့ဩစွာကြည့်လိုက်သည်။

ဒီမိန်းကလေးက ငယ်ရွယ်ပြီး ချစ်စရာကောင်းသေးသည်။ အမှန်တိုင်းပြောရလျှင် ဒီလိုလှပနူးညံ့တဲ့မိန်းကလေးတစ်ယောက်က ဆေးပညာနှင့်ပတ်သက်ပြီးသိနားလည်လိမ့်မည်ဟု ထင်မထားပေ။ သူ(မ)မောင်ကပြောတဲ့အပြင် နန်းတွင်းသမားတော်တွေဟာလည်း ဘာဆက်လုပ်ရမလဲမသိဖြစ်နေတာကြောင့် အံ့ဩဖွယ်ဖြစ်လာဖို့မျှော်လင့်သည်။

ထိုအတွေးကြောင့် စိတ်ထဲမှသံသယတွေကိုဘေးဖယ်ပြီး လုလျန့်ဝေကိုပြောသည်။

“ အဲ့လိုဆို ကျီအယ်ကို ကြည့်ပေးပါဦး၊ ဒုတိယသခင်မလေး “

လုလျန့်ဝေခေါင်းငြိမ့်လိုက်သည်။ ကျီအယ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ အရမ်းကြီးမနီးမဝေးမှာထိုင်လိုက်ပြီး လက်မောင်းကို တတ်နိုင်သမျှ ဖွဖွလေးကိုင်ပြောသည်။

လုံချင်းကျီလက်မောင်းထဲမှ ဝမ်ယန်ကျင်သည် သူ(မ)ကို ကြည့်ရုံသာကြည်ပြီး လျစ်လျူရှုလိုက်သည်။ သူ့မိခင်၏လက်မောင်းထဲမှာသာ တိတ်တိတ်ကလေးလှဲနေပြီး အပြင်လောကမှ ဘာအသံတစ်ခုမှမကြားသလိုလေးနေနေပေသည်။

ထိုပုံစံကြောင့် လုလျန့်ဝေစိတ်ပျက်အားလျော့မသွားပေ။ သူ့ရဲ့သွေးခုန်နှုန်းကိုစမ်းကြည့်ချင်သော်လည်း လန့်သွားမှာစိုးတာကြောင့် ဘာမှမလုပ်ဘဲနေနေလိုက်သည်။

ထို့နောက် သူမသည် လက်ကိုင်ပဝါကိုထုတ်ပြီး နူးညံ့စွာပြောသည်။

“ ကျီအယ်လေး၊ အရင်က မျက်လှည့်မြင်ဖူးလား။ ဒီက မမက မျက်လှည့် လှည့်ကွက်တစ်ချို့ကိုသိတယ်။ လုပ်ပြမယ်၊ ဟုတ်ပြီလား “

လုံယန် မျက်ခုံးပင့်လိုက်ပြီး သူ(မ)ကိုယ်သူ(မ) မမလို့သုံးနှုန်းလိုက်တာကို ဒေါ်လေးလို့ ပြင်ပေးချင်ပေမဲ့ လုဟယ့်ထျန်းက ဒီမှာရှိနေတာကြောင့် သူ့ကိုယ်သူ ချုပ်တည်းထားခဲ့သည်။

အပိုင်း (၄၇၇)

ပြင်းထန်စွာတုန့်ပြန်သည်။

“ ကျောက်ချန်၊ ငါတို့အတွက် ရေနွေးကြမ်းယူခဲ့ “

လုံယန်မှ ကျောက်ချန်ကို အမိန့်ပေးလိုက်သည်။

ကျောက်ချန် ချက်ချင်း အပြင်ထွက်သွားသည်။

“ ထိုင်ပါဦး၊ မြို့စားမင်းကြီး “

လုံယန်သည် လုဟယ့်ထျန်းဘက်ကိုလှည့်ပြီး ပြောလိုက်သည်။နေရာမှာ လူတွေအများကြီးရှိနေတာကြောင့် လုံယန်က ဝေဝေ့ကို မကောင်းတာဘာမှမလုပ်ရဲတော့ဘူးဟုတွေးပြီး လုဟယ့်ထျန်းစိတ်လျှော့လိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး “

လုံယန်မှ လုဟယ့်ထျန်းကို ရေနွေးကြမ်းငှဲ့ပေးနေဆဲမှာဘဲ ခန်းမဆောင်ထဲမှ ရုတ်တရက်ဩဘာပေးသံတို့ကိုကြားလိုက်ရသည်။

သူတို့နှစ်ယောက်လှမ်းကြည့်တဲ့အခါ လုလျန့်ဝေလက်ထဲမှ ငှက်လေးထွက်လာတာကိုမြင်လိုက်သည်။ ထိုငှက်ကလေးကို အစောပိုင်းကတည်းက လက်ကိုင်ပဝါထဲမှာထည့်ထားတာဖြစ်သည်။

ကျောက်ချန်ကို စကားပြောနေရင်းဖြင့် လုံချင်းကျီလက်မောင်းထဲမှ ဝမ်ယန်ကျင်သည် သူ(မ)လက်ထဲမှ အဝါရောင်ငှက်ကလေးအား မျက်လုံးတစ်ဖက်ဖြင့်လှမ်းကြည့်နေတာကို သတိထားမိသည်။

ထို့ကြောင့် လုလျန့်ဝေမှ ငှက်ကလေးသို့ သူ့နားသို့တိုးပေးပြီးပြောသည်။

“ ကိုင်ကြည့်ချင်လား၊ ကျီအယ်။ ငှက်မွေးလေးတွေက အရမ်းနူးညံ့တာ။ ကိုင်လို့လည်းကောင်းတယ် “

ဝမ်ယန်ကျင်သည် အဝါရောင်ငှက်ကလေးကိုကြည့်နေရင်း သူ၏မျက်တောင်ရှည်တို့က တဖျတ်ဖျတ်ခတ်နေသည်။

လုလျန့်ဝေပြုံးပြီး သူ့ကိုအတင်းဖိအားမပေးဘဲ ငှက်ကိုကိုင်ထားသည့်လက်ကို အနည်းငယ်အားလျှော့လိုက်သည်။

လွတ်လပ်မှုရသွားတဲ့ငှက်လေးက အတောင်ပံကိုခတ်ပြီး အဝေးကို ပျံသန်းသွားသည်။

ဝမ်ယန်ကျင် အသက်ရှုရခက်လာပြီး သူ့မယ်တော်၏အင်္ကျီကို အတင်းဆွဲထားကာ အဝါရောင်ငှက်ကလေးပျံသွားသည့်လမ်းကြောင်းကို လိုက်ကြည့်နေသည်။

“ ငှက်တွေလည်း လူတွေလိုဘဲ လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်လေ။ အိမ်တော်ထဲမှာဘဲနေ့တိုင်းနေရင် မသက်မသာကြီးဖြစ်နေမှာပေါ့။ အဲ့တော့ ကိုယ့်ကိုယ်ကိုယ်လှောင်ပိတ်ပြီးမနေသင့်ဘူးလေ၊ ဟုတ်တယ်မလား “

ကျီအယ်၏ခေါင်းလေးကိုပွတ်ပေးပြီး အနားကိုတိုးလာသည်။

“ မမက မျက်လှည့် လှည့်ကွက်တွေ အများကြီးသိသေးတယ်။ နောက်တစ်ခါတွေ့ရင် လုပ်ပြမယ်၊ ဟုတ်ပြီလား “

ဝမ်ယန်ကျင်၏မျက်လုံးတို့က တစ်ခဏတောက်ပသွားပေမဲ့ စကားပြောမလာဘဲ လုလျန့်ဝေကို ငေးရုံသာငေးကြည့်နေသည်။

လုလျန့်ဝေမှ သူ့ကို နူးညံ့စွာပြုံးလိုက်ပြီး ထိုအခွင့်အရေးယူကာ လက်မှသွေးခုန်နှုန်းကိုစမ်းသပ်လိုက်သည်။

လုံချင်းကျီမှာ ဝမ်ယန်ကျင်၏မသိမသာပြောင်းလဲမှုတွေကြောင့် စိတ်လှုပ်ရှားနေမိသည်။

လုံချင်းကျီသည် သူ(မ)သားလေးကို လှန့်မိမှာစိုးရိမ်တဲ့စိတ်ကြောင့် ခံစားချက်တွေကို အတင်းချုပ်တည်းထားပေမဲ့ လုလျန့်ဝေကို မျှော်လင့်ချက်အပြည့်ဖြစ်နေတဲ့မျက်ဝန်းများဖြင့်ကြည့်နေခဲ့သည်။

ဝမ်ယန်ကျင်၏သွေးခုန်နှုန်းကို စမ်းသပ်ပြီးတဲ့နောက် လုလျန့်ဝေ ဘာစကားမှမပြောဘဲ ခေါင်းကိုသာ အသာအယာငြိမ့်ပြလိုက်သည်။

ထို့နောက် ထရပ်လိုက်ပြီး ကျောက်ချန်ကိုပြောလေသည်။

“ အထိန်းတော်ကျောက်၊ ကျေးဇူးပြုပြီး ကျွန်မကို စာရွက်တစ်ရွက်နဲ့ စုတ်တံတစ်ခုယူလာပေးပါ “

ကျောက်ချန်မှ ချက်ချင်း ပြေးကာ သွားရှာတော့သည်။ကျောက်ချန်မှ သူ(မ)အတွက်စုတ်တံနှင့်မင်ယူလာပေးတဲ့အခါ လုလျန့်ဝေသည် ဆေးအညွှန်းကိုရေးပေးပြီး လုံချင်းကျီကို ပေးလိုက်သည်။

“ အရင်ဆုံး ဒီဆေးညွှန်းအတိုင်းလုပ်ကြည့်ပါ။ ဆောင်ရန်၊ ရှောင်ရန်တွေကို အဲ့ထဲမှာ သေသေချာချာရှင်းရှင်းလင်းလင်း ရေးပေးထားပါတယ် “

လုံချင်းကျီ ခေါင်းငြိမ့်၍ ဆေးညွှန်းကို အမြန်ယူကာ သေချာခေါက်ပြီး သိမ်းလိုက်သည်။

လုံချင်းကျီသည် သူ(မ)လက်ကိုကိုင်ပြီး ခံစားချက်ပြည့်နေသည့်အသံဖြင့်ပြောသည်။

အစောပိုင်းတွင် လုံချင်းကျီသည် လုလျန့်ဝေ၏ဆေးပညာအရည်အချင်းကို သံသယဝင်ပြီး နောက်ဆုံးမျှော်လင့်ချက်အနေဖြင့်သာ ကျီအယ်ကို စစ်ဆေးခိုင်းလိုက်ခြင်းပေ။

လုလျန့်ဝေ၏အရည်အချင်းက ဘယ်လောက်ရှိလဲမသိသေးပေမဲ့ ကျီအယ်၏ပုံမှန်မဟုတ်တဲ့တုန့်ပြန်ပုံကိုကြည့်ခြင်းအားဖြင့် လုလျန့်ဝေက အတော်လေးထက်မြက်တဲ့သူဖြစ်ရမည်။

သူ(မ)၏မှိုင်တွေနေသောနှလုံးသားထဲမှ မျှော်လင့်ချက်ငွေရောင်ခြည်လေးသန်းလာသည်။

ရှန်းယန်မြို့ကိုရောက်ကတည်းက လုံရှောင်သည် ကျီအယ်ကို စစ်ဆေးကုသပေးရန် ဆေးပညာတွင် တစ်ဖက်ကမ်းခတ်တော်သောကျွမ်းကျင်သမားတော်များစွာကို စီစဉ်ပေးခဲ့သည်။

သို့ပေမဲ့ ကျီအယ်၏ခန္ဓာကိုယ်မှ မဟုတ်သည့်အတွက်ကြောင့် ထိုသမားတော်တွေက ရောဂါကိုရှာမရဖြစ်နေခဲ့ကြသည်။

ထို့အပြင် ကျီအယ်သည် သူစိမ်းတွေကို သဘောမကျပေ။ သူစိမ်းတစ်ယောက်ကပ်လာတိုင်း သူက ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်တာကြောင့် သမားတော်တွေက သူ့ကို သေချာမစစ်ပေးနိုင်ကြပေ။

သူတို့သားအမိ နန်းတော်ထဲရောက်လာတဲ့အခါမှာလည်း တော်လှပါချည်ရဲ့ဆိုသော နန်းတွင်းသမားတော်တို့ကလည်း အဖြေရှာမရကြပေ။

သူ(မ)သည် ကျီအယ်ကို ချက်ချင်းမကုဘဲ စိတ်ရှည်ရှည်ဖြင့် သူနဲ့အရင်စကားပြောပြီး သူ့အာရုံရဖို့အတွက် မျက်လှည့်ပြကွက်တို့ကိုတောင် လုပ်ပြခဲ့သေးသည်။

ဒုတိယသခင်မလေး၏ကုသမှုက တကယ်ကိုထူးခြားပေမဲ့ ငြင်းဆန်မရအောင် ထိရောက်မှုရှိသည်။

အပိုင်း (၄၇၈)

ဧကရာဇ်ကို အထင်သေးတယ်။

လုလျန့်ဝေပြုံးကာ ခေါင်းခါလိုက်သည်။

“ အရှင်မင်းသမီး စိတ်မရှိရင်၊ ကျွန်မကို ဝေဝေလို့ခေါ်လို့ရပါတယ် “

“ ဝေဝေ “

လုံချင်းကျီသည် သူ(မ)ကမ်းလှမ်းမှုကိုလက်ခံပြီး သူ(မ)နာမည်ကို ပြုံးလျက်ခေါ်လိုက်သည်

လုဟယ့်ထျန်း သူ့သမီးက ဒီလောက်လုပ်နိုင်စွမ်းရှိမည်ဟုထင်မထားပေ။ ပို၍ ထူးဆန်းတာက သူ့သမီးသည် မျက်လှည့်ပြကွက်တွေကိုတောင် လုပ်ဆောင်နိုင်သေးသည်။

သူ့ချစ်ရတဲ့သမီးလေးမှ ဒီလောက်လုပ်နိုင်မှန်း ဘာလို့ ဘယ်တုန်းကမှမသိခဲ့ရတာလဲ။

သို့ပေမဲ့ သူ(မ)သည် ဒီလိုမျိူး လုပ်ရည်ကိုင်ရည်ရှိစွာဖြင့် ကြီးပြင်းလာသည့်အတွက် ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်ယူမှုကို ခံစားမိသည်။

လုံယန်လည်း အံ့ဩသွားသည်။

သို့ပေမဲ့လည်း ဒီမိန်းကလေးမှာ ဒီလိုအရည်အချင်းမျိုးရှိတာကလည်း ဖြစ်နိုင်သည်ဟုထင်မိသည်။

သူ(မ)သည် အရာရာတွင် ထူးချွန်ပြီး သူ(မ)ဒီလိုမျက်လှည့်ပြကွက်တွေလုပ်နိုင်တဲ့အတွက် မထူးဆန်းပေ။

အမူအရာလေးတစ်ခုပင်ဖြစ်ပေမဲ့ တစ်လျှောက်လုံးပြုမူခဲ့သည့်တုန့်ပြန်မှုတို့နှင့်ယှဉ်ကြည့်ပါက တိုးတက်မှုရှိလာပြီဖြစ်သည်။

သူသည် လုလျန့်ဝေကို ကြင်နာစွာကြည့်ပြီး ထကာ သူ(မ)လက်ကို ကိုင်ချင်သည်။ သို့ပေမဲ့ လုဟယ့်ထျန်းက သူ့ထက်လျင်ပြီး လုလျန့်ဝေလက်မောင်းကိုဆွဲကာ သူ့ကိုနှုတ်ဆက်သည်။

“ အရှင်မင်းကြီး၊ ဝေဝေက မင်းသားလေးကို စစ်ဆေးပြီးပြီဆိုတော့ ကျွန်တော် သူ(မ)ကိုခေါ်ပြီး ကျောက်စိမ်းနှင်းစက်ခန်းမကို သွားနှင့်ပါမယ် “

လုံယန်လက်ကိုချထားပြီး လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်၍

“ နောက်ကျနေပြီဆိုတော့။ ကျွန်တော်လည်း သွားသင့်နေပြီ။ အတူတူသွားကြတာပေါ့ “

သူသည် လုလျန့်ဝေလက်အား ဆွဲချင်တဲ့စိတ်ကိုသည်းခံကာ လျှို့ဝှက်နဂါးနန်းဆောင်ထဲမှ ဦးဆောင်ထွက်လာလိုက်သည်။

လုဟယ့်ထျန်း မသာမယာမျက်မှောင်ကြုတ်လိုက်ပေမဲ့ ဧကရာဇ်ကို ပေါ်ပေါ်ထင်ထင်မဆန့်ကျင်ရဲပေ။ လုလျန့်ဝေလက်ကို စိတ်ဆိုးတကြီးဖြင့်ဆွဲပြီး လုံယန်နောက်မှလိုက်ထွက်လာသည်။

လုလျန့်ဝေ သူ(မ)အရှေ့မှ အရပ်ရှည်ရှည်၊ ပုခုံးပြင်ကျယ်ကျယ်နှင့် လမ်းလျှောက်နေသောသူကိုကြည့်ကာ နှုတ်ခမ်းကိုဆူလိုက်သည်။

လုထင်ချနသည် လုံယန်ကို အရင်ဦးညွတ်နှုတ်ဆက်လိုက်ပြီးနောက် လုလျန့်ဝေဆီလျှောက်လာလေသည်။

“ နည်းနည်းကြာပြီ။ အစ်ကိုတော် အခုကင်းလှည့်လာတာလား “

သူ့နှဖူးပေါ်မှ ချွေးတို့ကိုမြင်တဲ့အခါ လုလျန့်ဝေက အမြန်နားကပ်ပြီး လက်ကိုင်ပဝါကိုထုတ်လိုက်သည်။

ထိုစကားကြောင့် လုထင်ချန်းက သာမန်အတိုင်းခေါင်းငုံ့ပေးလိုက်သည်။

လုလျန့်ဝေသည် လုဟယ့်ထျန်းလက်ကိုလွှတ်ပြီး သူ(မ)အစ်ကိုရဲ့ပုခုံးပေါ်လက်တစ်ဖက်တင်ကာ ခြေဖျားထောက်ပြီး သူ့အတွက်ချွေးသုတ်ပေးသည်။

လုထင်ချနသည် သူ့ညီမ၏ဂရုစိုက်ပေးမှုကို ကြည်နူးနေရင်း သူ့ကို အကြည့်ဖြင့်ဓားမြောင်ပစ်နေသော မျက်လုံးနှစ်စုံကို ရုတ်တရက်ခံစားမိလိုက်သည်။

တစ်စုံက အရှေ့ဘက်ကလာပြီး တစ်စုံက ဘေးဘက်မှလာသည်။

ဘယ်သူ့အကြည့်တွေလဲဆိုတာ ကြည့်စရာတောင်မလိုပေ။

လုထင်ချန်း သူတို့ကို လျစ်လျူရှုရင်း နှုတ်ခမ်းတွေပင်တွန့်သွားရသည်။

ဝေဝေက သူ့ညီမလေ။ သူ့ညီမက သူ့အတွက်ချွေးသုတ်ပေးတာ ဘာဆန်းလို့လဲ။

ဘာလို့ ဧကရာဇ်နဲ့အဖေက အဲ့လောက်ဒေါသထွက်နေရတာလဲ။

ထိုအချိန်တွင် လုံယန်၏အသံသည် တည်ငြိမ်စွာထွက်လာသည်။

“ မြို့စားမင်းကြီး၊ ကျွန်တော့်အထင် ထင်ချန်းက အရမ်းကြီးမငယ်တော့ဘူးဆိုတော့ သူ့အတွက် မင်္ဂလာကာလကို ဆက်ပြီးအချိန်ဆွဲနေမယ်ဆို မသင့်လျော်ဘူးလို့ထင်တယ် “

“ အရှင်မင်းကြီးပြောတာ မှန်ကန်ပါတယ်။ ထင်ချန်းအတွက် မင်္ဂလာကိစ္စအတွက် ကျွန်တော်စီစဉ်နေပါတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ကျွန်တော်မျိုး လျန်မိသားစုရဲ့သမီးနဲ့တောင်မှ တွေ့ခဲ့ပါသေးတယ်။ ကျွန်တော့်အထင် သူ(မ)က အတော်လေးသင့်တော်တဲ့အမျိုးသမီးလေးပါ။ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ဒီမင်္ဂလာပွဲကို ချီးမြင့်ပေးပါ “

လုလျန့်ဝေသည် သူ(မ)အစ်ကိုကိုချွေးသုတ်ပေးနေရင်းတန်းလန်းကြီးရပ်သွားကာ သူ့ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

အသိစိတ်ကိုလျစ်လျူရှုပြီး လျန်မိသားစုရဲ့သမီးက ကောင်းမွန်တဲ့အမျိုးသမီးလို့ ဘယ်လိုများ ဖြစ်သလိုပြောနိုင်ရတာလဲ။ မိန်းကလေးလျန်က အဲ့လောက်ကောင်းရင် ဘာလို့ သူ့ဟာသူလက်မထပ်တာလဲ။

လုထင်ချန်း အသက်ကိုပြင်းပြင်းရှူပြီး လုလျန့်ဝေလက်ကိုဆွဲကာ မချိပြုံးပြုံးသည်။

“ အရှင်မင်းကြီးက ဟာသဉာဏ်ရှိတာဘဲ။ ကျွန်တော်မျိုးက အဲ့လောက်မအိုသေးပါဘူး။ နောက်ထပ်နှစ်နည်းနည်းလောက်ထပ်စောင့်ပြီးမှ လက်ထပ်လည်း နောက်မကျသေးပါဘူး “

သူတောင် ဒီအသက်အရွယ်ကြီးမှ လက်ထပ်မှာကို။ ဧကရာဇ်က ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။

သူ့စိတ်ထဲနှလုံးထဲမှ ဧကရာဇ်ကို အထင်သေးနေမိသည်။

All Chapters