အခန်း (၄၇၉-၄၈၁)
Vol. 10 Ch. 479-481
အပိုင်း (၄၇၉)
ပုခတ်မလွှဲရသေးဘူးဆိုရင် အုတ်ဂူတူးသင့်နေပြီ။
လုံယန်နှင့် လုဟယ့်ထျန်းတို့သည် အချင်းချင်းသဘောတူအကြည့်ချင်းဖလှယ်လိုက်ပြီးနောက် စကားဝိုင်းကိုရပ်လိုက်သည်။
လုထင်ချန်းက လေထုအနေအထားကို အကဲခတ်တတ်တာကြောင့် သူတို့က သူ့ကို ခက်ခဲအောင်မလုပ်တော့ဖို့ဆုံးဖြတ်လိုက်ကြတော့သည်။
လုလျန့်ဝေကတော့ ခမည်းခမက်တွေကြား အချိတ်အဆက်မိမိနဲ့ပူးပေါင်းပြီး လုထင်ချန်းကိုခြိမ်းခြောက်နေသည်ကို သတိမထားမိပေ။
လုလျန့်ဝေသည် လျန်မိသားစုမှ သမီးအကြောင်းကိုမသိတာကြောင့် သူ(မ)အဖေပြောတဲ့စကားကိုကြားတဲ့အခါ စိတ်ဝင်တစားဖြင့်မေးသည်။
“ အဖေ၊ လျန်မိသားစုကသမီးက အဲ့လောက်ကောင်းမွန်တဲ့သူမလို့လား။ အဲ့လိုဆိုရင် အဘွားကိုပြောပြီး အဲ့ဒီမိန်းကလေးနဲ့ အစ်ကိုတော်နဲ့ မိသားစုနှစ်ဖက်တွေ့ကြည့်ဖို့ စီစဉ်ခိုင်းလိုက်မယ်လေ “
လုထင်ချန်း “ ..................... “
ဒီကောင်မလေးကတော့ သူ့အတွက် ပိုဆိုးအောင်လုပ်နေတာလား။
လုံယန်ကတော့ သူ(မ)ကို ဘာမှမပြောဘဲကြည့်ပြီး ပြုံးရုံသာပြုံးသည်။
လုဟယ့်ထျန်းမှ စဉ်းစားချင်ယောင်ဆောင်လိုက်ပြီး လုလျန့်ဝေကို ပြန်ဖြေသည်။
“ ကောင်းပြီ၊ အဖေတို့ပြန်ရောက်ရင် သမီးအဘွားနဲ့တိုင်ပင်လိုက်မယ် “
ထိုသို့ပြောပြီးနောက် လုဟယ့်ထျန်းသက်ပြင်းချလိုက်သည်။
“ မင်းအစ်ကိုက ငယ်တော့မှာမဟုတ်ဘူး။ မင်္ဂလာကိစ္စကို နှောင့်နှေးနေမယ်ဆိုရင် သူများကလေးပုခတ်သွားလွှဲပေးနေရလိမ့်မယ် “
လုထင်ချန်းအကျယ်ကြီးအော်ရယ်မိမတတ်ဖြစ်သွားသည်။ ရယ်ချင်စိတ်ကိုထိန်းထားတာကြောင့် မျက်နှာတစ်ခုလုံးနီရဲလာလေသည်။
လုလျန့်ဝေလည်း တုံးအတဲ့သူမဟုတ်တာကြောင့် သူ(မ)အဖေ၏စကားလုံးများသည် လုံယန်ကို တမင်သက်သက်ထေ့ငေါ့ပြီး ရည်ရွယ်ပြောမှန်း သိလိုက်သည်။
ထို့ကြောင့် လုံယန်စိတ်ဆိုးမှာကို စိုးရိမ်ပြီး သူ့ဆီကို မြန်မြန်အကြည့်လွှဲလာ မျက်လုံးမှိတ်တုတ်မှိတ်တုတ်လေးလုပ်နေသည်။
လုံယန် ရုတ်တရက်လန့်သွားပေမဲ့ သူ၏တလိမ့်လိမ့်တက်လာတဲ့ဒေါသတို့က အလျင်အမြန်ပျောက်သွားပြီး အပြုံးမျက်လုံးတို့ဖြစ်လာသည်။
လုဟယ့်ထျန်းခေါင်းလှည့်လိုက်တဲ့အခါ သူတို့နှစ်ဦးရဲ့ချိတ်ဆက်မှုကို မျက်မြင်တွေ့လိုက်ရပြီး ပေါက်ကွဲထွက်မတတ်ဖြစ်သွားရသည်။
လုံယန်၊ မကောင်းတဲ့ဧကရာဇ်။သူ့ရှေ့မှာတင် သူ့သမီးကို မြှူဆွယ်ရဲတာက အတော်လေးဒေါသထွက်စရာကောင်းသည်။ ရဲတင်းလွန်းလှသည်။
“ မဟုတ်သေးပါဘူး၊ မြို့စားမင်းကြီးရဲ့။ သူ ပုခတ်မလွှဲရသေးဘူးဆိုရင် အုတ်ဂူတူးသင့်တာမဟုတ်ဘူးလား “
လုံယန်သူ့ကိုကြည့်ပြီး သူ့မျက်နှာပေါ်တွင် ခြောက်လှန့်သည့်အပြုံးပေါ်လာသည်။
လုဟယ့်ထျန်း ဒေါသကြောင့် နဖူးမှသွေးကြောတွေပင်ထောင်လာသည်။
သူ့လက်သီးကိုတင်းတင်းဆုပ်လိုက်တာကြောင့် လက်ဆစ်တို့ တကျွတ်ကျွတ်မြည်သွားသည်။
ဧကရာဇ်သည် သူ့အဖေကို စိတ်ဆွပေးလိုက်တာမြင်တာကြောင့် လုထင်ချန်း သူ့အဖေ တစ်ခုခုကိုစိတ်ပိုင်းဖြတ်ပြီးလုပ်လိုက်မှာစိုးရိမ်ကာ လုလျန့်ဝေကို မြန်မြန်တို့လိုက်သည်။
ထိုအခါမှ လုလျန့်ဝေ အသိစိတ်ပြန်ကပ်လာပြီး လုဟယ့်ထျန်းလက်မောင်းကိုလှုပ်ကာ နူးညံ့စွာပြောသည်။
လုလျန့်ဝေသည်လည်း စိတ်သက်သာရာရသွားပြီး အသက်ရှူထုတ်လိုက်ကာ ထပ်ပြီး စိတ်လွတ်ကိုယ်လွတ် လျှောက်မကြည့်ရဲတော့ပေ။
ထိုအချိန်တွင် ပထမကိုယ်လုပ်တော်၊ ဒုတိယကိုယ်လုပ်တော်နှင့် တတိယကိုယ်လုပ်တော်တို့က သူတို့ရှိရာကိုဦးတည်လာပြီး လုံယန်ကို အဝေးမှ ဦးညွတ်နှုတ်ဆက်သည်။
သူတို့ကို တစ်ချက်တောင်မကြည့်ဘဲ လုံယန်ပြောပြီးနောက် ကျောက်စိမ်းနှင်းစက်ခန်းမသို့ဦးတည်သွားသည်။
ကိုယ်လုပ်တော်သုံးယောက်သည် အမြန်ဘေးဖယ်ပြီးနောက် လုံယန်အရင်သွားတာကိုစောင့်ကာ ပြီးမှ ခပ်ဝေးဝေးအနောက်မှ လိုက်လာခဲ့သည်။
သူတို့ကျောက်စိမ်းနှင်းစက်ခန်းမသို့ရောက်လာတဲ့အခါ လုံချီ၊ လုယွင်ရွှမ်း၊ ချန်ချူးယွီတို့နှင့်တွေ့လိုက်ရသည်။
လုံယန်ကို နှုတ်ဆက်ပြီးနောက် လုံချီနှင့်လုယွင်ရွှမ်းတို့က လုဟယ့်ထျန်းဆီကိုလျှောက်သွားလေသည်။
လုယွင်ရွှမ်းက ရှေ့တက်လာပြီး လုဟယ့်ထျန်းလက်ကို တယုတယဆွဲချင်ပေမဲ့ လုဟယ့်ထျန်းက သူ(မ)ကို တားလိုက်သည်။
သူက လက်သီးဆုပ်ကို လက်ဖဝါးကပ်ပြီး အရိုအသေပေးသည်။
“ အဖေ၊ ကျွန်မကို ဒီလိုကြီး အရိုအသေပေးစရာမလိုပါဘူး “
လုလျန့်ဝေက သူ(မ)နှုတ်ဆက်တာကို ခေါင်းငြိမ့်လိုက်သည်။
လုယွင်ရွှမ်း သူ(မ)ပဝါကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
လုံချီအကြည့်တို့က လုလျန့်ဝေဆီ ခေါင်းအစခြေအဆုံး ရောက်နေပေသည်။
သူ့ထူးဆန်းတဲ့အကြည့်ကြောင့် လုလျန့်ဝေ မထိန်းနိုင်ဘဲ နှာချေမိလိုက်သည်။
ထို့နောက် သူ(မ)လက်မောင်းကို ပွတ်ကာ တစ်ကိုယ်လုံးအေးစိမ့်တက်လာတော့သည်။
ဒီအိမ်ရှေ့စံမင်းသားက မဖွယ်မရာတွေလာကြည့်နေတာ ဘာဖြစ်ချင်နေတာလဲ။
သူ(မ)နှာချေလိုက်တာကြောင့် လုဟယ့်ထျန်း၊ လုထင်ချန်းနှင့် လုံယန်တို့သုံးယောက်လုံးက ချက်ချင်း သူတို့ဝတ်ရုံတွေကို ချွတ်လိုက်ကြသည်။
လုဟယ့်ထျန်းသည် လုလျန့်ဝေနှင့်အနီးဆုံးမှာရှိသော်လည်း သူ့ဝတ်ရုံကို ချွတ်ပြီး လုလျန့်ဝေကို ဝတ်ပေးမည့်အချိန်မှာဘဲ လုံယန်က သူ့ထက်ခြေတစ်လှမ်းဦးသွားသည်။ လက်ထဲမှာ ဝတ်ရုံကရှိနေတာကြောင့် သူက လုလျန့်ဝေအနောက်ကိုသွားပြီး သူ(မ)ပုခုံးကနေ ဝတ်ဆင်ပေးလိုက်သည်။
အပိုင်း (၄၈၀)
တိတိကျကျပြမရသော အာဏာပြမှု။
သူ(မ)အနားတွင် ကြည်လင်သာယာစရာကောင်းသည့် အနံ့တစ်ခုကဖုံးလွှမ်းသွားသည်။ လန့်သွားပြီး ကြည့်လိုက်တဲ့အခါ လုလျန့်ဝေ သူ၏နက်ရှိုင်းခန့်မှန်းမရသောအကြည့်ကိုသာတွေ့လိုက်ရသည်။ ဝတ်ရုံခြုံပေးတာကို ငြင်းဆိုချင်ပေမဲ့ သူ၏သွယ်လျတဲ့လက်တို့က ကြိုးကို တင်းကျပ်ကျပ်ချည်ပေးနေပြီဖြစ်သည်။
“ ဆောင်းဦးတောင်ရောက်လာပြီဆိုတော့ ညတွေမှာ အချမ်းပိုတယ်။ အအေးမမိစေနဲ့ “
သူ့အသံသည် နူးညံ့နေသော်လည်း တိတိကျကျပြလို့မရသည့် အာဏာပေးသံပါနေလေသည်။
“ ဟုတ်ကဲ့ပါ “
လုလျန့်ဝေ သူ(မ)၏ငြင်းဆန်ချင်သောစကားတွေကိုမြိုသိပ်ပြီး နာခံစွာခေါင်းငြိမ့်လိုက်သည်။
“ လိမ္မာတယ် “
လုံယန် သူ(မ)ကို ကျေနပ်တဲ့အကြည့်ဖြင့်ကြည့်ကာ လက်ကိုမြှောက်ပြီး ခေါင်းကိုပွတ်လိုက်သည်။
လုလျန့်ဝေ၏ထူထဲနက်မှောင်သောမျက်တောင်တို့က တဖျတ်ဖျတ်ခတ်သွားရသည်။
လုံယန် သူ့လက်ကိုပြန်ရုတ်ပြီး သူ(မ)ကိုကြည့်ကာ ခန်းဝထဲသို့ တွန့်ဆုတ်စွာဖြင့် နောက်ပြန်လှည့်ဝင်သွားသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းက ချက်ချင်းခေါင်းငုံ့လိုက်ကြပေမဲ့ သူတို့စိတ်ထဲမှာတော့ အံ့ဩမှုတွေပြည့်နှက်သွားသည်။
ဧကရာဇ်က လုလျန့်ဝေကို နည်းနည်းလေး ဂရုအစိုက်လွန်မနေဘူးလား။
သူ(မ)နှာချေရုံလေးတင်ကို ဧကရာဇ်က တကယ်ကြီး သူ့ဝတ်ရုံကိုချွတ်ပြီး သူကိုယ်တိုင်ဝတ်ပေးလိုက်တယ်။
လုယွင်ရွှမ်းနှင့် ချန်ချူးယွီတို့က ရောပြွန်းနေတဲ့ခံစားချက်တို့ကို ခံစားနေရသည်။
ရောပြွန်းနေတဲ့ခံစားချက်တို့အပြင် မနာလိုအားကျမှုကပိုပေသည်။
ဘယ်လောက်ရယ်စရာကောင်းလဲ။ လုလျန့်ဝေက နှာချေရုံလေးကို သူတို့က ဘာလို့အဲ့လောက် ကာကွယ်ပေးချင်နေကြရတာလဲ။
အဲ့ဒီအောက်ခြေလွတ်လုလျန့်ဝေက လူတွေကို အတော်ဖြားယောင်းနိုင်တာဘဲ။ သူ(မ)အဖေနဲ့အစ်ကိုကို ဖြားယောင်းတာမလုံလောက်လို့ ဧကရာဇ်ကိုပါပြုစားထားတာဖြစ်ရမယ်။
ထိုအတွေးရုတ်တရက်ဝင်လာတဲ့အခါ လုယွင်ရွှမ်း လုံချီကိုချက်ချင်းလှမ်းကြည့်လိုက်ပေမဲ့ ထိုသူကခေါင်းကိုသာငုံ့ထားပြီး တစ်ခုခုကိုတွေးနေပုံရသည်။
အနည်းဆုံးတော့ အိမ်ရှေ့စံမင်းသားက အဲ့ဒီအရူးလုလျန့်ဝေပြုစားတာကို မခံရဘူးဆိုရင် လုံလောက်ပါပြီ။
သူ့ဦးရီးတော်သည် လုလျန့်ဝေကို ပေါ်ပေါ်ထင်ထင်ဂရုစိုက်ပေးနိုင်ပြီး သူ(မ)နဲ့နီးကပ်နေနိုင်တာကြောင့်ဖြစ်သည်။
ထိုကောင်မလေး၏နှုတ်ခမ်းပေါ်မှ အပြုံးဖျော့ဖျော့က သူ့ကို ငေးကြည့်မိအောင် ဖမ်းစားသွားသည်။
‘ မင်းက အဲ့လောက်ဘဲလား၊ လုလျန့်ဝေ။ ဦးရီးတော်က အဲ့လိုလေးလုပ်ပေးတာနဲ့တင် လွယ်လွယ်ကူကူပါသွားတာဘဲလား ‘
သူ စိတ်တိုနေမိသည်။ဘယ်လောက်တောင်ပြောင်းလဲလွယ်ပြီး မရိုးသားတဲ့မိန်းမလဲ။သူ(မ)က သူ့ကို အရမ်းကြိုက်ခဲ့ပေမဲ့ အခုတော့ အချစ်သစ်တစ်ယောက်ကို ရှာတွေ့သွားပြီပေါ့။လုံချီလက်သီးဆုပ်လိုက်သည်။ချန်ချူးယွီသည် လုလျန့်ဝေကို အနည်းငယ်အားကျသည့်အကြည့်ဖြင့်ကြည့်နေသည်။ ထို့နောက် ခေါင်းလှည့်လာတဲ့အခါ အနားမှာရှိသော လုယွင်ရွှမ်း၏ထိန်းချုပ်လို့တောင်မရတဲ့ မနာလိုနေသည့်မျက်နှာကိုတွေ့လိုက်ရတဲ့အခါ သူမကျေနပ်သွားရသည်။
ကွေ့ဖေး၊ ရှုဖေးနှင့် သဲ့ဖေးတို့သည်လည်း ခံစားချက်ပေါင်းစုံရနေသည်။ ရှုဖေးနှင့် သဲ့ဖေးတို့က အထူးသဖြင့် မနာလိုနေတာသိသာသည်။ဘေးမှာ မျက်လုံးပေါင်းများစွာ ကြည့်ခံနေရပေမဲ့ ဧကရာဇ်က လုလျန့်ဝေကို အသေးငယ်ဆုံးကိစ္စလေးကအစ အထူးတလည်ဂရုစိုက်ပေးဖို့ ဝန်မလေးပေ။
ဘယ်သူမှ ခံစားနိုင်မှာမဟုတ်သည့် ဂုဏ်ယူမှုတစ်ခုဖြစ်သော သူ့လက်တွေနဲ့ကိုယ်တိုင် လုလျန့်ဝေကို ဝတ်ရုံခြုံပေးသည်။မနာလိုစွာဖြင့် ကြည့်နေရရင်း သူတို့သုံးဦး ရှုံးနိမ့်မှုကိုလည်း တစ်ပါတည်းခံစားရသည်။သူတို့သည် တိုက်ပွဲမဝင်ရသေးခင်မှာတင် ရှုံးနိမ့်နေပြီးဖြစ်ပြီး တစ်ဖက်သူက အရာအားလုံးကို ပေါ့ပေါ့ပါးပါးဖြင့် သိမ်းယူနေတာကို ထိုင်ကြည့်နေကြရသည်။
လုဟယ့်ထျန်းသည် လုလျန့်ဝေကိုယ်ပေါ်မှ ဝတ်ရုံကို မျက်စိစူးသည်ဟု တွေးနေသည်။တစ်ဖက်မှာတော့ လုထင်ချန်းက မချိမဆန့်ပြုံးလိုက်သည်။ ဧကရာဇ်က တကယ်ကိုမြန်ပြီး သူတို့ထက် ခြေတစ်လှမ်းသာအောင်လုပ်သွားတာဘဲ။သူ့ဝတ်ရုံကို လက်ဖျံပေါ်သာတင်လိုက်တော့သည်။ကျောက်စိမ်းနှင်းစက်ထဲကို သူတို့ဝင်သွားပြီး သက်ဆိုင်ရာထိုင်ခုံများတွင် ဝင်ထိုင်လိုက်သည်။
လုလျန့်ဝေသည် ခန်းမထဲဝင်လာတာနှင့် လူတိုင်း၏အာရုံကိုဖမ်းစားလိုက်နိုင်သည်။မျက်လုံးအားလုံးက သူ(မ)ဆီရောက်နေပြီး သူ(မ)ခြုံထားသည့်ဝတ်ရုံကို ကြည့်နေကြကာ သူတို့အကြည့်တွေက ထူးခြားသွားသည်။ဝတ်ရုံသည် အနက်ရောင်ဖြစ်ပြီး ရွှေရောင်ကိုးလက်သည်းနဂါးပျံကို ချည်ထိုးထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ဧကရာဇ်၏ဝတ်ရုံမှန်းသိနိုင်ပေသည်။
လူအုပ်ကြီးသည် လုလျန့်ဝေပေါ်မှာ ဧကရာဇ်၏ဝတ်ရုံကိုတွေ့တာကြောင့် အံ့ဩကုန်ကြသည်။ဘာတွေဖြစ်နေတာလဲ။ဧကရာဇ်က ဒုတိယသခင်မလေးလုကို အလိုလိုက်တာ နည်းနည်းလေးပိုမနေဘူးလား။
သူတို့က တရားဝင်မထိမ်းမြားရသေးတာတောင်မှ ဒီလောက်ထိ တန်ဖိုးထားနေပေသည်။ သူ(မ)သာ နန်းတော်ထဲရောက်လာပြီး ဧကရီဖြစ်လာပါက သူ(မ)အာဏာကို ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။
Chapter 481: ကိုယ်တော် မသောက်နိုင်ဘူး
လူတိုင်းမှာ လုလျန့်ဝေကို ပိုပြီးမျက်နှာလိုမျက်နှာရလုပ်လာကြသည်။
ဧကရာဇ်ရဲ့လုလျန့်ဝေအပေါ်ထားတဲ့အချစ်ကို ကြည့်ရင် တကယ်လို့သူမသာ အနာဂတ်မှာ ဆက်ခံသူမွေးဖွားပေးနိုင်ခဲ့လျှင် သေချာပေါက်ကို…
ထိုအတွေးကိုတွေးမိလိုက်ကာ လူတိုင်း အိမ်ရှေ့စံ နေရာ၌ထိုင်နေသူကို ကြည့်လိုက်မိကြသည်။
လုလျန့်ဝေသာ ဆက်ခံသူမွေးနိုင်ခဲ့လျှင် အိမ်ရှေ့စံနေရာပြောင်းလဲသွားနိုင်သည်။
သိပ်မကြာခင်မှာ လုံချင်းကျီ ရှန်းရန်မင်းသား လုံရှောင်းနဲ့အတူရောက်လာလေသည်။
သူ့ကိုဤနေရာ၌တွေ့လိုက်ရသည်ကို လုလျန့်ဝေ မအံ့ဩမိပါ။
သူမ သူ့ကိုထျန်းကျိုးတောင်တွင် တွေ့ကတည်းက သူ့ရဲ့သရုပ်မှန်ကို သိပြီးသား ဖြစ်တာကြောင့် နန်းတွင်းညစာစားပွဲ၌ သူပေါ်လာသည်ကို သိပ်မအံ့ဩပေ။
ဤညစာစားပွဲဟာ နဂိုက တော်၀င်မင်းသမီး အတွက်ပြင်ဆင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ညစာစားပွဲမစတင်ခင် ကျောက်ချန်သည် တော်၀င်မင်းသမီးအကြောင်း ဖတ်ပြလေသည်။
စားပွဲတွေရောက်လာချိန်၌ လုလျန့်ဝေလဲ စတင်စားသောက်တော့သည်။
လုံယန်ဟာတော့ ဝိုင်ခွက်ကိုက်လျက် ထိုင်နေလေသည်။ သူ၏နက်ရှိုင်းသည့် မျက်၀န်းတွေဟာ ထူးခြားပုံပေါ်နေပေမယ့် တကယ်တော့ လုလျန့်ဝေအပေါ်မှာသာ တသမတ်တည်းရှိနေတာဖြစ်သည်။
ထိုမိန်းကလေးဟာ ဘာမှမလုပ်ပဲနဲ့တောင် သူ့အာရုံအားလုံးကိုဖမ်းစားထားသည်။ သူမ ရိုးရိုးရှင်းရှင်းစားသောက်နေသည်ကို ကြည့်ရတာကပင် ပျော်စရာကောင်းနေသည်။
သူဝိုင်ခွက်ကိုကိုင်ရင်း လုံယန်ထံမြှောက်ပြကာ ပြောလာသည်။
“ညီဆယ့်တစ် မင်းက ကိုယ်တော့်ထက် ပိုသောက်နိုင်တာပဲ၊ ကိုယ်တော်က သိပ်မသောက်နိုင်တော့ မင်းကိုအဖော်မပြု ပေးနိုင်လောက်ဘူး။ ထင်ချန်းကိုပဲ အဖော်ပြု ခိုင်းလိုက်ပါ သူကမင်းလောက်သောက်နိုင် တယ်။ မင်းတို့နှစ်ယောက် ပြိုင်သောက်လို့ တောင်ရတယ်”
နာမည်အခေါ်ခံလိုက်ရသည့် လုထင်ချန်းမှာတော့ ရွေးချယ်စရာမရှိပဲ ဝိုင်ခွက်ကိုင်လျက်ထကာ
သူ့အကိုတော် လုထင်ချန်းနဲ့သူ့ကို တူတူသောက်ခိုင်းလိမ့်မယ်လို့ လုံရှောင်း မထင်ခဲ့ပေ။ အကိုတော် အရက်အရမ်းသောက်နိုင်တယ်ဆိုတာ သူမှတ်မိပါသေးတယ်။ ‘သူမသောက်နိုင်ဘူး လို့ ဘာလို့ပြောရတာလဲ။’
သူ့နှလုံးသားထဲရှိသံသယတွေကို ချိုးနှိမ်လိုက်ကာ လုထင်ချန်းထံ ခွက်မြှောက် လိုက်ရင်း
ညစာစားပွဲပြီးဆုံးခါနီး၌ လုံချင်းကျီ လုလျန့်ဝေထံလျှောက်လာကာ
“ဝေဝေ ကျစ်အာအခြေအနေနဲ့ပက်သက်ပြီး ပြောချင်လို့၊ အခုပြောရင် မင်းအဆင်ပြေရဲ့လား။”
လုလျန့်ဝေ အဆင်ပြေပေမယ့် လုဟယ့်ထျန်း အားကြည့်ကာ
လုဟယ့်ထျန်း လုံယန်ကိုကြည့်မရပေမယ့် လုံချင်းကျီအပေါ်တော့ ဘာသဘောထားမှ မရှိရာ ခေါင်းညိတ်ပြလိုက်ရင်း
“သွားလေ, အဖေဒီမှာပဲစောင့်နေမယ်၊ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့”
လုံချင်းကျီ ထိုစကားကြားတော့ အနည်းငယ် စိတ်ပြေလျော့သွားပေမယ့် အပြင်ပန်းမှာ တော့ အမူအရာမဲ့လျက်ပင်။ သူမ လုလျန့်ဝေ အားလက်ဆွဲလျက် ကျောက်စိမ်းခန်းမမှ ထွက်လာလိုက်သည်။
လုံချင်းကျီ သူမအား ကျစ်အာ အခြေအနေကို လာမေးတာဖြစ်ကြောင်း သိတာကြောင့် သူမ ရှာတွေ့ထားသမျှကို ပြောပြလိုက်သည်။
“... ကျစ်အာမှာ တကယ်ပြဿာနာ ကြီးကြီး မားမားမရှိပါဘူး။ သူက အဲ့မတော်တဆမှုက ရုန်းမထွက်နိုင်သေးတာ။ အဲ့အချိန်က ကိစ္စက သူ့စိတ်ထဲမှာသက်ရောက်မှုတော်တော်ကြီး တယ်။ ပြီးတော့ ငယ်လဲငယ်သေးတော့ အချိန်ကြာလာလို့ သူ့စိတ်အခြေအနေ အဆင်ပြေလာရင် ပြန်ကောင်းလာပါလိမ့်မယ် ကျွန်မညွှန်းထားတဲ့ဆေးတွေကို သေချာ တိုက်ပေးပါ။ အဲ့တာတွေက စိတ်နှလုံး အေးချမ်းတည်ငြိမ်စေတယ်”
လုံချင်းကျီ ခေါင်းညိတ်ပြလိုက်ကာ သူမလက်ကိုဆုပ်ကိုင်လိုက်ရင်း
လုံချင်းကျီ တစ်ခုခုထပ်ပြောမလို့ပြင်နေစဉ်မှာ ရုတ်တရက် သစ်ပင်နောက်မှ လူတစ်ယောက် ထွက်လာသည်။
“မင်းတို့စကားပြောလိုက်ဦး။ အစ်မ ကျစ်အာကိုအရင်ပြန်ကြည့်လိုက်ဦးမယ်”
လုလျန့်ဝေ သူမကိုဟန့်တားရန်ပြင်လိုက် ပေမယ့် သူမ ထွက်သွားပြီဖြစ်သည်။
သူမ သစ်ပင်နောက်မှထွက်လာသူအား လှည့်ကြည့်လိုက်တော့ ချက်ချင်း နားလည်သွားရသည်။
“ရှင်တမင်သက်သက်လုပ်တာမလား။”