← Chapters

အခန်း (၄၈၂-၄၈၄)

Vol. 10 Ch. 482-484

အခန်း (၄၈၂-၄၈၄)

Vol. 10 Ch. 482-484

Chapter 482: အရှင်က အရက်အများကြီးသောက်ထားတဲ့ပုံ လာလုပ်နေတာပဲ

လုံယန် သူမထံချဉ်းကပ်လာကာ သူမအား သစ်ပင်နှင့်ဖိကပ်လိုက်သည်။ ထို့နောက် ပြုံးကာ

“ကိုယ်ကဘာကိုရည်ရည်ချက်ရှိရှိ လုပ်တာလဲ။”

လုလျန့်ဝေ ခပ်ဖွဖွလှောင်ရယ်လိုက်ကာ

“ကိုယ်ဘာလုပ်ထားလဲ ကိုယ့်ဘာသာသိမှာပေါ့၊ဟန်ဆောင်နေစရာ မလိုပါဘူး”

သူမက ကလေးငယ်လေးမဟုတ်ပေ။ ထိုအကွက်တွေကို မြင်လေ၏။

မင်းသမီးက သူ့ညွှန်ကြားချက်ကြောင့် ဒီသစ်ပင်အောက်ကို လှည့်ခေါ်ထုတ်လာခဲ့တာ ဖြစ်ရမည်။

ထိုသို့လုပ်ရခြင်းမှာ အရှင် လုလျန့်ဝေနှင့် တွေ့နိုင်ရန်အခွင့်အရေးဖန်တီးပေးခြင်းဖြစ်ပြီး ကျစ်အာရဲ့အခြေအနေကို မေးချင်လို့ မဟုတ်ပေ။

လုံယန် သူမမေးစေ့ကိုပင့်ရင်း နှုတ်ခမ်းထက် ညင်သာစွာနမ်းရှိုက်လိုက်ကာ အက်ရှရှအသံ ဖြင့်ပြောလာသည်။

“ကိုယ်တို့မတွေ့ရတာ ကြာနေပြီလေ၊ ကိုယ်မင်းကို လွမ်းနေတာ”

လုလျန့်ဝေနှလုံးတစ်ချက်ခုန်သွားကာ သူမ ခန္ဓာကိုယ်လဲ တောင့်ခဲသွားတော့သည်။

အချိန်အနည်းငယ်ကြာမှ သူမစကားပြန်ပြော နိုင်တော့သည်။

“နောက်ရက်နည်းနည်းနေရင်ပဲ လက်ထပ်ရတော့မှာကို…”

လက်ထပ်ပြီးရင် နေ့တိုင်းတွေ့နေ‌ရတော့မှာ လေ။ လွမ်းစရာဘာရှိလို့လဲ။

လုလျန့်ဝေ သူ့လုပ်ရပ်ကြောင့် အနည်းငယ် ထိတ်လန့်သွားကာ သူမတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခုခြားလိုက်ရင်း

“အရက်သောက်တာက ကျန်းမာရေး ထိခိုက်စေတယ်။ အရှင်လျှော့သောက်သင့် တယ်”

လုံယန် သူမမျက်နှာကို ပွတ်သပ်ရင်း ခပ်တိုးတိုးရယ်လိုက်သည်။

“ဒုတိယသခင်မလေးလုက သူများကို အပြစ်တင်နေရင်လည်း ချစ်ဖို့ကောင်းတာပဲ”

သူ့ထိတွေ့မှုကြောင့် လုလျန့်ဝေခန္ဓာကိုယ် တုန်ယင်သွားကာ

“အရှင်က အရက်အများကြီးသောက်ထားတဲ့ အရက်သမားလိုပြုမူနေတာပဲ။ အဲ့တာ လုံး၀ မကောင်းဘူးနော်”

လုံယန် ထိတ်လန့်သွားကာ သူမကို ပွေ့ဖက်လိုက်ရင်း

“အဲ့တာက ကိုယ်သူနဲ့ဆက်မသောက်ချင် တော့လို့။ သူက စသောက်လိုက်တာနဲ့ အရူး အမူးဖြစ်သွားတာ။ ကိုယ်သူ့ကြောင့်မူးသွားရင် ကိုယ့်ရဲ့ဝေဝေနဲ့ မတွေ့ရတော့ဘူးလေ”

လုလျန့်ဝေမျက်နှာနီမြန်းလာကာ ထိုအရာက သူမကိုပိုလို့လှသွားစေသည်။

‘အရှင်က အဲ့လိုအဓိပ္ပာယ်မရှိတာတွေကိုလဲ မထိန်းချုပ်ပဲပြောတာပဲ’ ဟု သူမတွေးလိုက်မိ သည်။

သို့သော် သူမဘာမှအတည်မပြုနိုင်ခင်မှာ သစ်ပင်ထံတစ်ခါထပ်တွန်းပို့ခံလိုက်ရပြန်သည်။ သူမအနီးတစ်ဝိုက်၌ လုံယန်၏ရနံ့ဖြင့် လွှမ်းခြုံသွားကာ ချက်ချင်းပင် အသိစိတ် လွတ်သွားတော့သည်။

လုလျန့်ဝေ မသောက်သော်လည်း မူးလာသလိုခံစားနေရသည်။

သူမကိုယ်သူမစိတ်ငြိမ်စေဖို့ လေအေးထဲ၌ ခနတာရပ်နေလိုက်ရသည်။

လုလျန့်ဝေ သူ့မျက်လုံးကို တည့်တည့်မကြည့်ရဲပေ။ သူမလက်ချောင်း တွေဟာ မသိစိတ်အလျောက် သူ့၀တ်ရုံလက် ကို ရစ်ပတ်‌ထားမိသည်။ သူမအနည်းငယ် ရှက်ရွံ့လာရသည်။

“အရှင်နဲ့ကျွန်မက အခုထိ လက်မထပ်ရသေးဘူးလေ။ ဒီလိုနှစ်ယောက် တည်း အတူရှိနေတာက သူများအတင်းပြော စရာဖြစ်လိမ့်မယ်”

လုံယန် ဘာမှထပ်မပြောလာပဲ သူမ ဆံပင် အဆင်တန်ဆာတွေကို ပြင်ပေးလာသည်။

“အင်း”

လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်သည်။ သူမလဲ သူ့၀တ်ရုံကို သပ်ရပ်သွားအောင် ပြင်ပေးလိုက်လေသည်။

လုလျန့်ဝေမျက်နှာရဲတောက်လာကာ သူ့ကို တစ်ချက်ကြည့်လျက် ထွက်ပြေးသွားတော့ သည်။

Chapter 483: အဲ့တာက ကျားရှေ့ကို သိုးပို့လိုက်သလိုပဲ

လုံယန် လက်နောက်ပစ်လျက်ရပ်နေရင်း သူမ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွား၏။

ဒီမိန်းကလေးကတော့

လုဟယ့်ထျန်းဟာတော့ ကျောက်စိမ်းခန်းမ အပြင်ဘက်၌ စိတ်ပူပန်စွာ စောင့်နေလေသည်။

လုထင်ချန်း မျက်လုံးတွေကိုပွတ်သပ်ရင်း ကူကယ်ရာမဲ့စွာ ပြောလာသည်။

“အဖေ, စိတ်ပူမနေပါနဲ့။ ဝေဝေက မင်းသမီးနဲ့ အတူ ရှိနေတာပဲကို ဘာမှမဖြစ်လောက်ပါဘူး”

အရက်မူးပြီးအသိမရှိတော့သည့် ရှင်းရန် မင်းသားကိုတွေးမိကာ သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။

ရှင်းရန်မင်းသားဟာ ခွက်တစ်ထောင်တောင် သောက်နိုင်သည်ဟု နာမည်ကြီးသော်လည်း လုထင်ချန်းကို ရှုံးသွားလေသည်။

သူ့အဖေက ဘာမှမဟုတ်တာကိုစိုးရိမ်နေ သည်ဟု သူခံစားရသည်။

ဝေဝေက နန်းတော်ထဲမှာပဲကို ဒီမှာ ဘာများ ဖြစ်နိုင်မှာလဲ။

အရှင်က သူမကိုဒီလောက်ဂရုစိုက်တာ ဘာမှအဖြစ်ခံမှာမဟုတ်ဘူး။

လုဟယ့်ထျန်း လုထင်ချန်းကို ဆတ်ခနဲကြည့် လိုက်ကာ သူ၏သာမန်ကာလျှံကာပုံကို မြင်တော့ ချက်ချင်းဒေါသထွက်သွားရသည်။

လုဟယ့်ထျန်းမှာ လုလျန့်ဝေ မင်းသမီးနှင့် အတူတူရှိနေတာကြောင့်ပဲ စိတ်ပူနေရတာ ဖြစ်သည်။

သူအစကတော့ များများစားစားမတွေးမိ ပေမယ့် ဝေဝေထွက်သွားပြီး ခဏကြာတော့ ညစာစားပွဲပြီးသွားတာတောင် သူမ ပြန်မရောက်လာသေးပေ။

အဲ့တာအပြင် အရှင်အစောကြီးထွက်သွား တာကို သူသတိပြုလိုက်မိသည်။

တကယ်လို့အဲ့တာက အရှင့်ရဲ့အစီအစဉ်သာ ဆို ဝေဝေက ကျားရှေ့သိုးငယ်လေးကို ပို့လိုက်သလိုပဲမဟုတ်ပါလား။

သူတို့နှစ်ဦးလုံးက ယောကျာ်းတွေဖြစ်တာ ကြောင့် ဧကရာဇ်ရဲ့စိတ်ထဲက ညစ်ညမ်း‌တဲ့ အတွေးတွေကို လုဟဲထျန်း သတိမပြုမိပဲ နေပါ့မလား။

သူ့ရဲ့ ရတနာလိုအဖိုးတန်သမီးလေး၊ သူနူးနူးညံ့ညံ့နဲ့ပျိုးထောင်ခဲ့ရတဲ့ အဖိုးတန်လေးကို ကျားစားသွားတော့မှာလေ…

“မင်းကသောက်ဖို့ပဲသိတယ်။ သောက်တာ အပြင် မင်းသိတာဘာရှိလဲ။ ညီမလုပ်တဲ့သူ ထွက်သွားတာကြာနေတာတောင် စိုးရိမ်ရကောင်းမှန်းမသိဘူး။ ပြောစမ်းပါဦး ငါကမင်းကိုဘယ်နေရာသွားသုံးစားရမှာလဲ။”

ထိုသို့ပြောပြီး လုထင်ချန်း၏ခါးထက်မှ ဓားဆွဲထုတ်လိုက်သည်။

လုထင်ချန်းမှာ ထိတ်လန့်သွားရသည်။ သူ၏ သာမန်ကာလျှံကာအပြုအမူမှာလည်း ပျောက်ကွယ်သွားကာ လုဟယ့်ထျန်းကို အမြန်တားမြစ်လိုက်ရသည်။

“မင်းညီမက အဲ့ခွေးကောင်ဆီက လှည့်စားခံလိုက်ရပြီ။ ငါသူ့ကို သွားသတ်ပစ်မယ်”

လုထင်ချန်း ချွေးအေးများစိမ့်ထွက်လာရ သည်။ သူအသံကိုနှိမ့်ချလိုက်ကာ

“အဖေ အဲ့တာ ဘုရင်ကိုသတ်မှုကျူးလွန်တာနော်။ ကျွန်တော်တို့ မျိုးဆက်ကိုးဆက် အသတ်ခံရလိမ့်မယ်”

“မင်းညီမက ဒုက္ခရောက်နေတာကို ငါသူ့ကို ကြောက်လိမ့်မယ်လို့ မင်းထင်နေတာလား။”

လုဟယ့်ထျန်း၏နဖူးထက်၌ သွေးကြောစိမ်း များထောင်ထနေကာ နဂါးနန်းဆောင်‌ဆီသို့ ဦးတည်လိုက်သည်။

ရုတ်တရက် လုထင်ချန်း ခေါင်းကိုက်လာရ သည်။ သို့သော် သူမနှေးနေရဲပဲ လုဟယ့်ထျန်းနောက် အမြန်ပြေးလိုက်ရလေ သည်။

သူဟာ နန်းတော်အစောင့်တာ၀န်ကျတာ ကြောင့် နန်းတော်ထဲသို့ လက်နက်ယူခွင့်ရှိ ‌သည်။ အရှင်နှင့်တွေ့သည့်အချိန်တွင်တောင် ဓားချစရာမလိုပေ။

အခုတော့ သူ့အဖေက ဧကရာဇ်ကိုသတ်ဖို့ ထိုဓားကိုဆွဲယူသွားလေပြီ…

ထိုအချိန်တွင် လုလျန့်ဝေ အမှောင်ထဲမှ ထွက်လာကာ သူ့အဖေနှင့်အစ်ကိုဖြစ်သူတို့ နဂါးနန်းဆောင်သို့ ဒေါသတကြီးဦးတည်နေ သည်ကိုမြင်တော့ ကြောင်သွားရသည်။ ထို့နောက် တစ်စုံတစ်ရာတွေးမိသွားကာ သူတို့နောက်မှ အမြန်ပြေးလိုက်တော့သည်။

လုထင်ချန်းမှာ ထိုအသံက သူကြားသမျှထဲ အလှဆုံးအသံဟုပင် တွေးလိုက်မိလေသည်။ သူ သူမထံသို့ပျော်ရွှင်စွာလှည့်ကြည့်ကာ သူ့ညီမလေးကိုမြင်မှ အဖေဖြစ်သူအား အော်လိုက်သည်။

သိပ်မကြာခင်မှာပဲ လုလျန့်ဝေ သူတို့နှစ်ဦးရှေ့၌ ပေါ်လာတော့သည်။ သူတို့ လုပ်နေသည်များကိုမြင်တော့ သူမ မေးလာသည်။

“ဘယ်သွားနေကြတာလဲဟင်။ နန်းတော်ထဲကမထွက်ရသေးဘူးလား။”

သူမ လုဟယ့်ထျန်းလက်ထဲရှိ ချွန်ထက် တောက်ပသည့်အရာကို မြင်လိုက်ရသည်။

သူမရှေ့သို့တစ်လှမ်းတိုးကာ လုဟယ့်ထျန်း လက်ထဲမှဓားကိုယူလိုက်ပြီး လုထင်ချနထံ ပြန်ပေးလိုက်ရင်း

လုထင်ချန်း ဓားကိုချက်ချင်း ဓားအိမ်ထဲ ပြန်ထည့်လိုက်ကာ ဒီတစ်ကြိမ်‌တွင်တော့ ဓားထပ်အလုမခံရစေရန် ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

သူ့အဖေက ကလေးလဲမဟုတ်ပဲနဲ့ ဘာလို့ အဲ့လောက်အလောတကြီးပြုမူရတာလဲ။

သူတော့လန့်ပြီးသေတော့မလို့!

Chapter 484: အဲ့လိုထပ်မကြုံချင် တော့ဘူး

ဝေဝေ အချိန်မီရောက်လာလို့ပေါ့ မဟုတ်ရင် သူ့အဖေတကယ်ကြီး အရှင့်ကို ဓားနဲ့သွားခုတ်လောက်တယ် ။

ဝေဝေမျက်နှာကြောင့် အရှင် သူ့အဖေကို အပြစ်မတင်လောက်ဘူးဆိုရင်တောင် နန်းတော်စိစစ်ရေးအဖွဲ့မှ အပြစ်ပေးခံရလောက်သည်။

သူ့အဖေက အရမ်းခေါင်းမာတာပဲ။

“နောက်ကျနေပြီ အိမ်ပြန်ကြစို့လေ”

လုလျန့်ဝေ လုဟယ့်ထျန်း၏မျက်နှာအား တစ်ချက်ကြည့်လိုက်သည်။ ဘယ်လောက်ပဲ အရိပ်အခြည်မကြည့်တတ်တဲ့သူပဲဖြစ်ဖြစ်တင် သူ့အဖေစိတ်အခြေအနေမကောင်းဘူးဆိုတာ တပ်အပ်ပြောနိုင်သည်။ သူမ မတတ်နိုင်စွာပဲ ထိုသို့ပြောရင်း သူ့လက်မောင်းကို ချိတ်ဆွဲလိုက်သည်။

လုဟယ့်ထျန်း လုလျန့်ဝေကို တိတ်တဆိတ် သာ ကြည့်လာသည်။ သူမဘာမှမဖြစ်တာကို မြင်မှ သူစိတ်သက်သာရာရစွာ သက်ပြင်းချ လိုက်သည်။

သို့သော် ထိုအရာမှာ သူ့သမီးထံမှ ရနံ့တစ်ခု ကို မရခင်အထိသာဖြစ်သည်။ ထိုရနံ့ဟာ သူမရနံ့မဟုတ်ပေမယ့် အဲ့အနံ့က ဆင်တူ…

သူတွေးကြည့်လိုက်တော့ ထိုရနံ့ကို ယခင်က ခပ်ဝေဝေရဖူးသည်‌ဆိုတာကို သတိရသွား သည်။

ဒီဟာက ဟိုကလေကချေကောင် ဧကရာဇ်ရဲ့ အနံ့မလား…

အခုထိလက်မထပ်ရသေးတာကို အဲ့ကလေကချေကောင် သူ့ရဲ့တန်ဖိုးထားရတဲ့ သမီးလေးကို ဘာလုပ်လိုက်တာလဲ။

လုဟယ့်ထျန်းအလွန်ဒေါသထွက်လာရကာ အသည်းထဲကပင် နာကျင်လာရသည်။

လုဟယ့်ထျန်း လက်သီးတင်းတင်းဆုပ်ထား ခြင်းကြောင့် တကျွတ်ကျွတ်မြည်သံကိုပါ လုလျန့်ဝေကြားနေရကာ ကြက်သီးများပင် ထလာရသည်။

ဒီအတိုင်းသာဆက်ကြာကြာနေရင် သူ နဂို အတိုင်းပြန်ဖြစ်မှာ မဟုတ်တော့ပေ။ လုလျန့်ဝေနှင့် လုထင်ချန်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကာ နှစ်ယောက်သား တစ်ပြိုင်တည်း လက်မောင်းတစ်ဖက် တစ်ချက်စီကိုကိုင်လိုက်ရင်း နန်းတော်ထဲမှ အမြန်ထွက်လာကြသည်။

နန်းတော်ထဲရှိ လူသူကင်းမဲ့သည့်တစ်နေရာ၌ ခြံ၀န်းထဲရှိအိမ်တစ်လုံးထဲတွင် အရိုးများ အဆစ်လွဲသွားသံကို ကြားနိုင်သည်။ ထို့နောက်တွင် အနည်းငယ်ကြက်သီးထချင် စရာကောင်းသည့် ခပ်အုပ်အုပ်အော်သံ တစ်ခုကို ကြားနိုင်လေသည်။

နွေးထွေးမှုဟူသည့်စိုးစင်းမျှမရှိသည့်အသံ တစ်သံထွက်ပေါ်လာ၏။

“သခင်လေးစီတုရဲ့ အရိုးတွေက အတော်လေးသန်မာတာပဲ။ အမှန်အတိုင်းပြောဖို့ဆန္ဒရှိနေသေးတယ်ဆိုရင် နောက်တစ်ချောင်းထပ်ချိုးပေးနိုင်တယ် နော်”

ထိုလူငယ်၏မျက်နှာထက်၌ ချွေးများဖြင့် ရွှဲနစ်နေလေသည်။ သူ့မျက်နှာမှာ အလွန် ဖြူဖျော့နေကာ ပုဝါပါးဖြင့်အမျိုးသမီးအား မုန်းတီးစွာစိုက်ကြည့်နေ၏။

ထိုအမျိုးသမီးဟာတော့ သူမလက်ထဲရှိ ဓားမြှောင်နှင့်ဆော့ကစားရင်း

ထိုသို့ပြောပြီး သူမအကြည့်တွေဟာ ထိုလူ၏ ခြေထောက်နှစ်ဖက်ထံရောက်သွားသည်။

စီတုရွှီ၏ဦးခေါင်းထက်မှ ပဲစေ့အရွယ်ရှိ ချွေးသီးချွေးပေါက်တဒီးဒီးကျလို့လာ သည်။

သူ့အသံဟာမာထန်နေပေမယ့် သူအရိုးထဲထိ အောင် ထိတ်လန့်နေတာဖြစ်သည်။

သူ့လက်နှစ်ဖက်လုံး အချိုးခံလိုက်ရပြီဖြစ်ရာ ထိုကဲ့သို့နာကျင်မှုမျိုး ထပ်မခံစားချင်တော့ ပေ။

“အိမ်တော်သခင်၊ ဘာလို့ဒီကိစ္စနဲ့ပက်သက်ပြီး ဒီလောက်ခေါင်းမာနေရတာလဲ။ ငါသိရသလောက်ဆိုရင် လုလျန့်ဝေနဲ့ မင်းကြား ဘာမှမှမရှိတာ”

သူ အံတင်းတင်းကြိတ်ကာ မုန်းတီးမှုအပြည့်ဖြင့် မေးလိုက်သည်။

ထိုအမျိုးသမီးမှာ နှင်းပျံလွှားအိမ်တော်သခင် ဖြစ်သည်။ စီတုရွှီက လုလျန့်ဝေကိုလုပ်ကြံ ဖို့ ငှါးရမ်းတဲ့တရားခံဆိုတာသိကတည်းက သူ့နောက်ကိုလိုက်နေခဲ့တာဖြစ်သည်။

အသက်ငယ်ငယ်ကလေးနဲ့ ဒီလောက် ဉာဏ်နီ ဉာဏ်နက်များလိမ့်မယ်လို့ သူမ ထင်မထားပေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မှ သူမသူ့ကိုဖမ်းမိခဲ့တာဖြစ်သည်။

သို့သော် စီတုရွှီမှာ ခေါင်းမာနေဆဲပင်။ သူမဘယ်လောက်ပဲသူ့ကိုနှိပ်စက်ပါစေ ထိုလုပ်ကြံမှုနောက်ကွယ်မှု စေခိုင်းသူအား ထုတ်ပြောမလာပေ။

သူမ ဘာမှထပ်မပြောတော့ချေ။ အေးစက် သည့်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ သူမလက်ထဲရှိဓားမြှောင်နှင့် ထိုးစိုက်လိုက် တော့သည်။

စီတုရွှီ၏ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာ၏။ သူ၏ညာဘက်ခြေသလုံး မှ သွေးတွေဖြာထွက်လာလေသည်။

“ရှင်လုပ်ရမှာက ကျွန်မမေးတာပြန်ဖြေဖို့ပဲ။ ကျွန်မကို ပြန်မေးခွန်းထုတ်ရမှာမဟုတ်ဘူး။”

အိမ်တော်သခင်၏အသံမှာ အရိုးထိတိုင် အောင် အေးစက်နေလေသည်။

“သတ္တိရှိရင် ငါ့ကိုသတ်လိုက်လေ။ သတ်လိုက်စမ်းပါ စုန်းမရဲ့”

အိမ်တော်သခင်ဟာတော့ မျက်တောင် တစ်ချက်ပင် မခတ်ချေ။ ထို့နောက် ဘေးရှိ လက်အောက်ငယ်သားဘက်သို့လှည့်ကာ

“သူကဘာမှထုတ်မပြောချင်ဘူးဆိုမှတော့ အပိုင်းပိုင်းဖြတ်ပြီး ခွေးစာကျွေးလိုက်”

ထိုနောက်လိုက်ငယ်သားမှာ တုံ့ဆိုင်းနေကာ

“ဒါ‌ပေမယ့်သူကမဟာမိတ်စီတုရဲ့သားလေ…”

All Chapters