အခန်း (၄၈၅-၄၈၇)
Vol. 10 Ch. 485-487
Chapter 485: အဲ့တာက သူ့ဂုဏ်သိက္ခာကို ကျဆင်းစေလိမ့်မယ်
ထိုအမျိုးသမီး၏မျက်လုံးများသည် သူ့အား စူးရှစွာကြည့်၍
“ငါ့ကိုနှစ်ခါထပ်ပြောရ အောင် မလုပ်နဲ့”
လက်အောက်ငယ်သားဖြစ်သူမှာ တသိမ့်သိမ့် တုန်သွားရသည်။
“ဟုတ်ကဲ့”
သူသည် ထိုအမျိုးသမီး၏ အခန်းထဲမှ ထွက်လာကာ ဟောလမ်းမ၌ ရပ်နေလိုက်သည်။ သူနှလုံးသားထဲတွင်တော့ နာကျင်စွာ ငိုကြွေးနေမိသည်။ သို့သော သူမအမူအရာမှာ တော့ လုံး၀မပြောင်းလဲပေ။
“ငါ… ငါပြောပြမယ်…”
ထိုအမျိုးသမီး၏အမူအရာကင်းမဲ့နေသော မျက်လုံးများမှာ အထဲမှထွက်လာသည့်အသံ ကိုကြားတော့ တုံ့ပြန်လာလေသည်။
သိပ်မကြာခင်၌ အခန်းထဲမှ လက်အောက် ငယ်သားဖြစ်သူထွက်လာ၏။
“အိမ်တော်သခင် စီတုရွှီ နောက်ဆုံးတော့ ထုတ်ပြောလာပါပြီ၊ နောက်ကွယ်က စေခိုင်းသူက ကြင်ရာတော်မယ်မယ် ကျီလင်းဟွေ့ပါ”
“အဲ့တာက ငါတို့ကြားကဆက်ဆံရေးကို ထိခိုက်စေမှာမဟုတ်ဘူး၊ အဲ့လူအိုကြီး စီတု ဆီမှာ သားတွေအများကြီးရှိတယ်။ ဒီတစ်ယောက်ကို သတိတောင်ရမှာ မဟုတ်ဘူး။ ဒီဆက်ဆံရေးကြောင့်နဲ့ ငါက ရေငုံနှုတ်ပိတ်နေပြီး ငါ့ရဲ့… ကိုသတ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ကို လွှတ်ပေးရ မှာလား။”
သူမ ထိုနေရာတွင်ရပ်လိုက်ကာ ဘာမှဆက်မပြောလာပေ။
လက်အောက်ငယ်သားဖြစ်သူမှာလည်း သူမ ရည်ရွယ်ချက်ကို နားလည်သွားကာ ဆက်မပြောတော့ချေ။
အိမ်တော်သခင်ဟာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတာဖြစ်သည်။ သူမစိတ်နဲ့သာ ဆိုရင် စီတုရွှီကို အခုထိအသက်ရှင်ခွင့်ပေး ထားတာကပင် သက်ညှာရာကျလွန်းနေလေ ပြီ။
ထိုအမျိုးသမီးလည်း ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။
ကျီလင်းဟွေ့ အိပ်မပျော်ပဲဖြစ်နေသည်။ သူမ မူးနောက်နောက်ဖြင့် မျက်လုံးဖွင့်လိုက်ချိန်၌ အိပ်ရာဘေးတွင်ရပ်နေသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမကျောရိုးတစ်လျှောက် ကြက်သီးထလာကာ ချက်ချင်း နိုးသွားတော့ သည်။
သူမအော်ခါနီးဆဲဆဲမှာပဲ အေးစက်ထက်ရှ သည့်ဓားတစ်လက် သူမလည်ပင်းထက် ကျရောက်လာသည်။
ကျီလင်းဟွေ့ သူမကိုယ်သူမ စိတ်တည်ငြိမ် အောင်လုပ်လိုက်ကာ အသံမထွက်ပဲနေလိုက် သည်။ အမှောင်ထဲ၌ သူမမျက်လုံးတွေဟာ အေးစက်သည့်မျက်လုံးတစ်စုံနှင့် မျက်လုံး ချင်းဆုံမိသွား၏။ ထိုမျက်၀န်းတစ်စုံဟာ လှပပေမယ့် အကြောင်းတစ်ချို့ကြောင့် ကြည့်လိုက်မိသူအား ကြောက်လန့်သွားစေ နိုင်လေသည်။
ရုတ်တရက်အနက်ရောင်၀တ်အမျိုးသမီး တစ်ချက်လှုပ်ရှားလိုက်ကာ သူမ၏ သွေးလွှတ်ကြောကိုဖိလိုက်တာကြောင့် ကျီလင်းဟွေ့ မလှုပ်ရှားနိုင်တော့ပေ။
အနက်ရောင်၀တ်အမျိုးသမီးမှာ ကျီလင်းဟွေ့ ၏မျက်လုံးတွေ ကြောက်လန့်မှုကြောင့် ပြူးကျယ်လာသည်ကိုကြည့်ရင်း ဓားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ကျီလင်းဟွေ့ကို နန်းဆောင်မှ သယ်ထုတ်လာ လိုက်သည်။
ဒီမိန်းမကို ချက်ချင်းသတ်လိုက်လျှင် လွယ်ကူလွန်းသည်။ သူမ ဤအမျိုးသမီးကို သေသည်ထက်ဆိုးတဲ့ကံကြမ္မာမျိုး ကြုံတွေ့ ရအောင်လုပ်မည်။
သူကများ သူမရဲ့… ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့… အဲ့အတွက် ပြန်ပေးဆပ် ရမယ်။
သူနဂါးနန်းဆောင်ဘက်မှ ကင်းလှည့်လာတုန်း ရုတ်တရက် အမှောင်ထဲ မှ အနက်ရောင်အရိပ်တစ်ခုဖြတ်ပြေးသွား ကာ နန်းတော်နံရံကို ကျော်တက်သွားတာကို တွေ့လိုက်ရလေသည်။
လုထင်ချန်း၏မျက်ခုံးတွေ တွန့်ချိုးသွားကာ ဓားဆွဲထုတ်လျက် နောက်မှလိုက်တော့သည်။
အနက်ရောင်၀တ်အမျိုးသမီးမှာ ရပ်တန့်မသွားပေ။ သူမနှင့် ထိုဓားနီးကပ် လာသည်ကိုအာရုံရချိန်တွင် နောက်ပြန်လှည့် မကြည့်ပဲ ၀တ်ရုံလက်ကိုဝှေ့ယမ်းလိုက်သည်။ သူမအနောက်ကို အားပြင်းသည့်ရိုက်ချက် တစ်ခုရိုက်ခတ်လာသည်။
သို့သော် တစ်ခနအကြာမှာပဲ သူမဦးခေါင်း ထက်မှ အနက်ရောင်ပုံရိပ်တစ်ခု ဖြတ်ပြေး သွားကာ သူမရှေ့၌ ဓားရှည်ကိုကိုင်ရင်း ပိတ်ရပ်လိုက်လေသည်။
“သူ့ကိုချလိုက်ရင် ငါမင်းကိုလွှတ်ပေးဖို့ စဉ်းစားပေးမယ်”
လုထင်ချန်း ကျီလင်းဟွေ့ကိုသယ်ထားသော အနက်ရောင် ၀တ်မိန်းကလေးကို ကြည့်လိုက်သည်။ သူ့အသံဟာလည်း သူမနီးပါးအေးစက်နေ သည်။
အနက်ရောင်၀တ်အမျိုးသမီးမှာ ထိုလူ သူမကိုပိတ်ရပ်လိုက်သည်ကိုမြင်တော့ အနည်းငယ် ထိတ်လန့်သွားလေသည်။ သူမတိုက်ကွက်ကို သူရှောင်တိမ်းနိုင်လိမ့် မည်ဟု မထင်ထားပေ။
ဒီနေ့ည ကောင်းကင်ထက်၌ လမထွက်ပေ။ ကြယ်အနည်းငယ်သာ တစ်စုတစ်စုစီ တည်ရှိ နေလေသည်။ သို့ပေမယ့် သူမ သူ့ရှေ့၌ မတ်တပ်ရပ်နေသောလူ၏မျက်နှာကို မြင်နေရသည်။
သူ၏သွယ်လျဖြောင့်တန်းသောပုံရိပ်မှာ ပြတ်သားဟန်ပေါ်ပြီး ထိုမျက်လုံးတွေက အထူးသဖြင့်….
အနက်ရောင်၀တ်အမျိုးသမီးမှာ ခနတာမျှ အသိစိတ်လွတ်သွားရသည်။ သူမမျက်နှာနား သို့ ဓားရောက်လာချိန်မှသာ သူမ အသိပြန် ၀င်လာလေသည်။
သူမလုထင်ချန်းကိုရှုပ်ထွေးနေသော အမူအရာဖြင့်ကြည့်လိုက်ကာ သူမလက်ဖဝါး မှ နဂိုအားပြင်းသောရိုက်ချက်မှာ အားလျော့ သွားရသည်။
“ဒီအမျိုးသမီးက ရက်စက်ပြီးကြောက်စရာ ကောင်းတယ်။ မင်းသူ့ကိုကယ်ရင် သေချာပေါက်နောင်တရလိမ့်မယ်”
လုထင်ချန်း လက်လျှော့ဟန်မပေါ်သည်ကို မြင်တော့ အနက်ရောင်၀တ်အမျိုးသမီးမှာ အနည်းငယ်ဒေါသထွက်လာရသလို သူမအသံဟာလည်း အေးစက်သွား၏။
လုထင်ချန်းအနေနဲ့ ကျီလင်းဟွေ့အပေါ် ဘာခံစားချက်မှမရှိသော်လည်း နန်းတော်အစောင့် ဖြစ်တဲ့သူ့တာ၀န်အရ ကျီလင်းဟွေ့ဟာ အရှင့်၏ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လေသည်။ ဒီနေ့ည သူဂျူတီချိန်ဖြစ်တာ ကြောင့် သူ့မျက်စိရှေ့မှာတင် ကိုယ်လုပ်တော် တစ်ယောက်ပြန်ပေးဆွဲခံလိုက်ရပါလျှင် သူ့ဂုဏ်သိက္ခာကို ကျဆင်းစေလိမ့်မည်ပင်။
Chapter -486: ဒီနှစ်ယောက်က နည်းနည်းတော့များနေပြီ
“မင်းကိုလွှတ်ပေးလိုက်မှသာ ငါနောင်တရမှာ”
လုထင်ချန်း ထိုအမျိုးသမီး ၏လမ်းကို ပိတ်ရပ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
အမျိုးသမီးဖြစ်သူမှာ အနည်းငယ် ဒေါသထွက်လာပြီး
“နင်က နင့်ရဲ့ အသုံးမကျတဲ့အဖေလိုပဲ”
လုထင်ချန်း တုန်လှုပ်သွားကာ
“မင်းက ငါ့အဖေကိုသိတယ်ပေ့ါ။”
“မသိဘူး”
အနက်ရောင်၀တ်အမျိုးသမီး၏ အသံမှာ ပိုလို့ပင်အေးစက်လာပြီး သူမအသံထဲမှ သူမဒေါသထွက်နေသည်ကိုပင် ခံစားမိနိုင်ပေသည်။
လုထင်ချန်း အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း သူ့လှုပ်ရှားမှုကိုတော့ မရပ်တန့်လိုက်ပေ။ တိုက်ကွက်တစ်ခုစီတိုင်းဟာ အားပြင်းပြီး ပြတ်သားလှသည်။ အနက်ရောင်၀တ် အမျိုးသမီးမှာ လူတစ်ယောက်ကိုသယ်ထား ရင်းတိုက်ခိုက်နေရသောကြောင့် အနည်းငယ် အရေးနိမ့်နေလေသည်။
“မင်း။ လူရှုပ်ကလေး။ မင်းဒီတိုင်း ခေါင်းမာမာနဲ့ဆက်တိုက်နေမယ်ဆိုရင် ငါသူ့ကိုသတ်ပစ်မှာနော်”
ကျီလင်းဟွေ့၏မျက်လုံးထဲ၌ ကြောက်လန့်မှု များဖြတ်ပြေးသွားရသည်။ သူမလည်ပင်း ထက်မှနာကျင်မှုဟာ သူမကိုအလွန်တရာ ခြောက်လှန့်စေရာ သူမခန္ဓာကိုယ်မှာလည်း အဆတ်မပြတ်တုန်ယင်လာရလေသည်။
ထိုအချိန်မှာပဲ ပုံရိပ်နှစ်ခု သူမတို့ထံ ဦးတည် လာလေသည်။
သူတို့ကိုမြင်လိုက်ချိန်၌ ကျီလင်းဟွေ့ အလွန်တရာပျော်ရွှင်သွားရသည်။
သူတို့ဟာ အရှင့်ဘေး၌အမှုထမ်းနေသည့် ကိုယ်ရံတော်နှစ်ယောက်ဖြစ်သည့် ချူကျီနှင့် ချူယိတို့ပင်။
“မင်းတို့အချိန်မီရောက်လာကြတာပဲ။ ဒီအရှက်မရှိတဲ့အရူးမကို ကူဖမ်းပေးကြပါဦး။”
ထိုနှစ်ဦးကို စကားပြောနေစဉ်မှာတောင် လုထင်ချန်း၏ မျက်လုံးတွေဟာ အနက်ရောင်၀တ် အမျိုးသမီးထံမှ လွှဲမသွားချေ။
ချူယိ သူ့ပုခုံးထက်သို့ဓားပြားရှည်ကို ပင့်မြှောက်လိုက်ကာ အနက်ရောင်၀တ် အမျိုးသမီးထံ၌ ဖမ်းချုပ်ခံထားရသော ကျီလင်းဟွေ့ကိုတစ်ချက်ကြည့်လိုက်သည်။
“နန်းတော်ကိုစောင့်ကြပ်တာက အမွေဆက်ခံသူလုရဲ့ တာ၀န်ဆိုပေမယ့် ကျွန်တော်တို့ရဲ့အဓိကတာ၀န်ကတော့ အရှင့် လုံခြုံရေးပါ”
သူဆိုလိုသည်မှာ သူ့ထံ၌ လုထင်ချန်းကို ကူညီလိုသည့် ရည်ရွယ်ချက်မရှိဟုပင်။
ချူကျီဟာတော့ သူ့ဓားကိုဖက်လျက်ပင် စကားတစ်ခွန်းမှ ၀င်မပြောလာချေ။
လုထင်ချန်း အသက်ပြင်းပြင်းရှူလိုက်ကာ ဘေး၌ ပွဲကြည့်သလိုရပ်ကြည့်နေသော လူနှစ်ဦးကိုကြည့်လိုက်မိသည်။
ထို့နောက် အနက်ရောင်၀တ်အမျိုးသမီးအား ပြင်းထန်သည့်တိုက်ကွက်ဖြင့် တိုက်တော့ သည်။
အနက်ရောင်၀တ်အမျိုးသမီး ဒေါသပေါက်ကွဲလာရသည်။ ဒီသောက်ကလေးကတော့။
သေရေးရှင်ရေးတမျှအခြေအနေဖြစ်နေ သောကြောင့် ကျီလင်းဟွေ့မှာ အလွန်ကြောက်ရွံ့လာကာ မျက်လုံးတွေ ပြာဝေသွားရသည်။ လုထင်ချန်း ရုတ်တရက် ရှေ့တက်လာကာ ကန်လိုက်ချိန်တွင် သူမ သေပြီဟုပင် ထင်လိုက်မိသည်။
ချူယိ ကောင်းကင်ထက်မှကြယ်တွေကို ချူကျီထံညွှန်ပြကာ ပြောလိုက်သည်။
ထို့နောက် သူလည်း ကောင်းကင်ကိုဆက်ကြည့်နေ လိုက်သည်။
သူတို့အနေနဲ့ အရှင့်ကိုကာကွယ်ဖို့ပဲ တာ၀န်ရှိ တာမှန်ပေမယ့် ကိုယ်လုပ်တော်တစ်ယောက် ကိုတော့ ဒီတိုင်းကြီးလျစ်လျူမရှုလိုက်သင့် ဘူးမလား။
လုထင်ချန်းလည်း သူမအားစစ်ဆေးရန် အနားရောက်မလာပဲ ထိုအစား အနက်ရောင် ၀တ်အမျိုးသမီးနှင့်သာ ဆက်လက်တိုက်ခိုက် နေ၏။ သို့သော် သူ့တိုက်ကွက်တွေမှာ ယခင် ကထက်ပိုမိုပြင်းထန်လာလေသည်။
အနက်ရောင်၀တ်အမျိုးသမီး ထိုအရာကို အမြန်ပဲသတိပြုမိသွားကာ လုထင်ချန်းအား တစ်ချက်ကြည့်လိုက်မိသည်။ ဒီကလေးအဲ့လောက်ကြီး ပေါကြောင်ကြောင် မနိုင်သင့်ဘူး။
ထို့နောက် လုထင်ချန်း၏ပုခုံးကို လှေကား ကျောက်တုံးအဖြစ်အသုံးချလျက် လေပေါ် သို့ခုန်လိုက်ကာ နန်းတော်မှထွက်သွားတော့ သည်။
ဤညသည် လုထင်ချန်း၏ ဂျူတီဖြစ်နေတာကြောင့် သူမ ဒီတစ်ညတော့ ကျီလင်းဟွေ့ကို လွှတ်ပေး လိုက်မည်။ သို့ပေမယ့် အချိန်မရွေး သူမ အသက်ကို ပြန်လာယူမှာပင်။
သူမထွက်သွားသည်ကိုမြင်တော့ လုထင်ချန်းလည်း နောက်ကလိုက်မဖမ်းတော့ပေ။ ထိုအစား နန်းတော်အစောင့်တွေကို ညွှန်ကြားလိုက် သည်။
“၀မ်ရှန်းနန်းဆောင်ကအစေခံတွေကို ကြင်ရာတော်ကို လာခေါ်ဖို့ပြောလိုက်။”
(T/N - ၀မ်ရှန်းနန်းဆောင်က ကျီလင်းဟွေ့ရဲ့ နန်းဆောင်ပါ)
ထို့နောက် သစ်ပင်အောက်၌ လဲကျနေသော ကျီလင်းဟွေ့ကို တစ်ချက်မှမကြည့်ပဲ ထွက်လာလိုက်သည်။ သူမ မသေသေးသရွေ့ ကိစ္စမရှိပေ။ တခြားကိစ္စတွေကတော့ သူနဲ့ မဆိုင်ပေ –
Chapter 487: အရှင်အခုတလော အရင်ကထက်ပိုပြီးစောစော အိပ်ယာ၀င်တယ်
ချူယိနှင့်ချူကျီတို့ ပွဲကြည့်ပြီးသည့်နောက် နဂါးနန်းဆောင်သို့ ပြန်လာလိုက်ကြသည်။ ကျီလင်းဟွေ့အခြေအနေကိုတော့ သူတို့ နည်းနည်းလေးမှ ဂရုမစိုက်ပါချေ။
လုထင်ချန်းသူတို့နောက်မှလိုက်လာရင်း မေးလိုက်သည်။
“အရှင်အိပ်ယာ၀င်သွားပြီလား။”
ချူကျီသူ့အားကြည့်ကာ အေးဆေးတည်ငြိမ်စွာဖြင့်
“အင်း”
လုထင်ချန်းမှာ သူ့အပြုအမူတွေနှင့် ပက်သက်ပြီးနေသားကျနေပြီဖြစ်ရာ စိတ်ထဲ မထားပေ။ သို့သော် သူနားမလည်စွာ မေးလိုက်မိသည်။
“အရှင် အခုတလော အရင်ကထက် ပိုစောစော အိပ်ယာ၀င်တာ လား”
ချူယိက လုထင်ချန်းပုခုံးပေါ် လက်တစ်ဖက် တင်လိုက်ပြီး
“အဲ့တာ အရှင်မကြာခင် လက်ထပ်တော့မှာမို့လို့လေ။ ကျန်းမာရေးကို သေချာဂရုစိုက်နေတာ။ နန်းတော်ထဲမှာ တောင် လျှောက်ပတ်မသွားတော့ဘူး”
ထိုသို့ပြောနေချိန်တွင် သူ့လေသံမှာ အနည်းငယ်မနာလိုနေဟန်ဖြင့် သူကိုယ်တိုင် ရော ဘယ်အချိန်များ လက်ထပ်ခွင့်ရနိုင်မလဲ ဟု တွေးတောနေမိသည်။
“မင်း အရှင့်ကိုကြည့်လိုက်ရင် ဇနီး တစ်ယောက်ရှိတာ ဘယ်လောက်ကောင်းလဲ ဆိုတာ နားလည်သွားလိမ့်မယ်။ အရှင်လဲ အရင်က အဲ့လိုငြင်းခဲ့တာပဲ ဒါပေမယ့် အခုတော့…”
လုထင်ချန်းသည် သူ့ပုခုံးထက်ရှိ ချူယိ့လက်အား ဖယ်ချလိုက်ကာ
ချူယိတစ်ချက်ထခုန်လိုက်မိပြီး အနည်းငယ်ကြောင်အလျက်
“ဘာလို့လဲ။ မင်းဖော်ကောင်လုပ်မလို့လား။”
လုထင်ချန်း ချူယိကြောင့် စိတ်အနှောင့် အယှက်အဖြစ်ခံမနေတော့ပဲ ချူကျီဘက် လှည့်ကာသာ မေးလိုက်တော့သည်။
“ကြင်ရာတော်က ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်သွားတာ။ ငါတို့အရှင့်ဆီ ပြန်တင်ပြသင့် တယ် မဟုတ်ဘူးလား။”
ချူကျီဟာတော့ ယခင်အတိုင်း ခပ်တန်းတန်း သာပြန်ဖြေလာသည်။
“သခင်က အအိပ်ဆတ်တယ်။ ဒီလိုကိစ္စသေးသေးလေး အတွက်နဲ့ သူ့ကိုနှောင့်ယှက်သင့်တယ်လို့ ထင်နေတာလား။”
လုထင်ချန်းခေါင်းညိတ်လျက် လက်သီးဆုပ် ကာ အရိုအသေးပေးလိုက်ရင်း
ထိုကိစ္စဟာ တကယ်လဲအသေးအမွှားသာ ဖြစ်လေသည်။ ကြင်ရာတော် သေသေ ရှင်ရှင် အရှင်ဂရုစိုက်မှာမဟုတ်ပေ။ သူ ဒီနေ့ည ဂျူတီကျလို့သာမဟုတ်ရင် ထိုအနက်ရောင် ၀တ်အမျိုးသမီးကို တားဆီးမိမှာ မဟုတ်ချေ။
ဝေဝေလက်ထပ်ပြီးလို့ နန်းတော်ထဲရောက်လာပါက ထိုအမျိုးသမီးတွေအကုန်လုံးက ဝေဝေရဲ့ရန်သူတွေဖြစ်လာမှာပင်။ လူတစ်ယောက်လျော့သွားတော့ ရန်သူ တစ်ယောက်လျော့တာပေါ့။
ကံမကောင်းစွာနဲ့ သူဒီနေ့ညဂျူတီကျနေပြီး သူ့မျက်စိရှေ့မှာတင် လူတစ်ယောက် ပြန်ပေးဆွဲခံရမည်ကို ကြည့်မနေနိုင်ချေ။
ထိုသို့တွေးမိပြီး သူစိတ်အချဉ်ပေါက်လာရ သည်။ အဲ့အနက်ရောင်၀တ်မိန်းကလေးက အချိန်ကောင်းကိုမသိဘူး။ သူ ညဂျူတီ မကျတဲ့အချိန်ကိုစောင့်ပြီး လာသင့်တာကို။
အဲ့တာအပြင် ဘာလို့ကြင်ရာတော်ကို ပြန်ပေးဆွဲရတာလဲ။ သူမက ကြင်ရာတော်ကို ဒီတိုင်းသတ်ပစ်လိုက်ရမှာ။ အဲ့တာဆို ကိစ္စက ရှင်းနေပြီ။
သူတို့သုံးယောက်သား ကြင်ရာတော် အကြောင်းဆက်မဆွေးနွေးတော့ပဲ လုံယန်ကို မနှောင့်ယှက်ဖို့ သဘောတူလိုက်ကြသည်။
ကျိလင်းဟွေ့ နေမကောင်းဘူးဟုကြားတော့ ကျိလင်ရှို့ နန်းတော်ထဲမှ သူ့အစ်မထံ အလည်ရောက်လာလေသည်။
အစ်မဖြစ်သူ အိပ်ယာထက်၌ ချည့်နဲ့စွာ လဲလျောင်းနေသည်ကိုမြင်တော့ သူမနှလုံးသားတင်းကျပ်သွားရသည်။
အမေဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါး သွားတာကြောင့် အစ်မဖြစ်သူမှာ ငယ်ငယ်ထဲက အမေနေရာမှတာ၀န်ယူစောင့်ရှောက် ပေးခဲ့တာဖြစ်သည်။ ကျီလင်းဟွေ့က သူမကို ရော ကျီရှို့ကိုရော ကောင်းမွန်စွာဆက်ဆံပေး တာကြောင့် သူမတို့အတွက်တော့ အမေ တစ်ယောက်လိုပင် အလွန်အရေးပါလှသည်။
သူမအစ်မ၏မျက်နှာ၌ ပတ်တီးများဖြင့် ပြည့်နှက်နေသည်ကိုမြင်တော့ သူမ နှလုံးသား လွန်စွာကိုက်ခဲသွားရသည်။ သူမ ရှောင်ရှလက်ထဲမှ ဆေးခွက်ကိုယူကာ အိပ်ယာဘေး၌ထိုင်လိုက်ရင်း သူမကိုယ်တိုင် ကျီလင်းဟွေ့ကို ဆေးတိုက်လိုက်သည်။
“အစ်မ၊ နေမြန်မြန်ပြန်ကောင်းအောင် ဆေးသောက်လိုက်နော်”
ကျီလင်းဟွေ့မှာ ထုံထိုင်းနေလေသည်။ ခန္ဓာကိုယ်မှနာကျင်မှုတင်မကပဲ စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုပါ ခံစားနေရသည်။
သူမလုပ်ကြံသူတစ်ယောက်ထံမှ ပြန်ပေးဆွဲ ခံလိုက်ရပြီး ဤမျှပြင်းထန်သော ဒဏ်ရာကို ခံစားနေရသော်လည်း အရှင်ကတော့ တစ်ခွန်းတပါဒမျှ ပြောမလာပေ။ ထိုအရာကပင် သူမကိုပိုလို့စိတ်ထိခိုက် စေသည်။
ဘာလို့လဲ။ အရှင်က ဘာလို့အမြဲသူမကို လှည့်မကြည့်ရတာလဲ။
သူမဒီလောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရ ထားတာကို…
ကျီလင်ရှို့ အစ်မဖြစ်သူအား ဆေးတိုက်နေ ရင်း ဘာမှသတိမထားမိပဲ ဒီတိုင်းမျိုချနေ တာကိုမြင်တော့ သူမစိတ်တိုဒေါသထွက်လာ ရသည်။ ကျိလင်းဟွေ့အား ဆေးတိုက်ပြီးချိန် ၌ သူမ ဒေါသတကြီးပြောလာသည်။
“ဘယ်သူက ညကြီးမင်းကြီးကို နန်းတော်ထဲ ဖောက်၀င်ပြီး အစ်မကိုပြန်ပေးဆွဲရဲလောက် တဲ့ထိ ရဲတင်းရတာလဲ။ နန်းတော်အစောင့်တွေ အကုန်သေနေကြတာလား။”
“မနေ့ညက ဆက်ခံသူသခင်လေးလု ညဂျူတီကျတာပါ။ ကြင်ရာတော်ကို သူ ကယ်ပေးခဲ့တာ”
ထိုစကားကိုကြားတော့ ကျီလင်ရှို့ ရပ်တန့် သွားပေမယ့် ခေါင်းမာစွာဆက်ပြောနေဆဲပင်
“သူတို့ကိုက အရည်အချင်းမပြည့်မီတာ။ မဟုတ်ရင် အစ်မဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာရမှာမဟုတ်ဘူး…