← Chapters

အခန်း (၄၈၈-၄၉၀)

Vol. 10 Ch. 488--490

အခန်း (၄၈၈-၄၉၀)

Vol. 10 Ch. 488--490

Chapter 488: လုလျန့်ဝေ စည်းကျော်လာပြီ

ရှောင်ရှခေါင်းငုံ့သွားကာ ဘာမှထပ်မပြောတော့ပေမယ့် ဆက်ခံသူ သခင်လေးလုက ကြင်ရာတော်ကိုကယ်ပေး ခဲ့တာပဲကိုဟု တွေးနေမိသည်။

မဟုတ်ရင် သူမကံကောင်းပြီး ပြန်ပေးဆွဲမှုမှ လွတ်လာရင်တော့ သူမဂုဏ်သတင်းတော့ လုံး၀ပျက်စီးသွားမှာပင်။

တကယ်တော့ သူမညလယ်ကြီးပြန်ပေးဆွဲခံ ရသည့်သတင်းမှာ နန်းတော်တစ်ခွင်ပြန့်နေပြီ ဖြစ်လေသည်။

ကျီလင်ရှို့‌ ကပြောလိုက်သည်။

“နန်းတော်ကိုတင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတာကို အဲ့ကလေကချေက ဘယ်လိုလုပ်ပြန်ပေးဆွဲဖို့ ၀င်လာနိုင်ရတာလဲ။ ပြီးတော့ အစ်မက လူတိုင်းအပေါ် ဖော်ဖော်ရွေရွေရှိတာကို ဘယ်သူကများ ထိခိုက်အောင်လုပ်ချင်ရတာလဲ။”

ကျီလင်းဟွေ့ ကျီလင်ရှို့ကိုကြည့်၍ နားထင်ကိုနှိပ်ရင်းပြောလာသည်။

“ငါလဲမသိဘူး။ ဒါပေမယ့် ပြန်ပေးဆွဲတဲ့သူက မိန်းကလေးပဲ”

ထိုသို့ကြားတော့ ကျီလင်ရှို့ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ သိသလောက်ဆို အစ်မဖြစ်သူက ကြင်နာတတ်ပြီး ဘယ်သူ့အပေါ်မှာမှ အပြစ်ပြုမိတာမျိုးမရှိပေ။ သူမအစ်မ ပြန်ပေးဆွဲခံရတာရဲ့နောက်ကွယ်မှာ တစ်ခုခု ‌ရှိရမည်။

အဲ့လူက နန်းတော်အစောင့်တွေကို ဘယ်လို ရှောင်ကွင်းပြီး သူမအစ်မရဲ့နန်းဆောင်ကို တန်းတန်းမတ်မတ်လာနိုင်ရတာလဲ။

ကျီလင်ရှို့ သူမကိုပြန်လှည့်ကြည့်လိုက်ရာ သူမလက်ကောက်ဝတ်ထက်ရှိ ကျောက်စိမ်း လက်ကောက်ကို ချက်ချင်းသတိပြုမိသွား သည်။

နန်း‌တော်ထဲမှာ သူမအစ်မကိုအန္တရာယ် ပြုချင်တဲ့သူက လုလျန့်ဝေကလွဲပြီး ဘယ်သူမှမရှိနိုင်ချေ။

လုလျန့်ဝေ အရင်က သူ့အစ်မရဲ့ လက်ကောက်ကို လုယူဖူးသည်။ သူ့အစ်မကို ခြိမ်းခြောက်ရန် ဧကရီဆိုသည့် ဂုဏ်ပုဒ်ကိုပင် အသုံးပြုခဲ့သေးသည်။ သူမအစ်မမှာလဲ ဘာမှမတတ်နိုင်ပဲ လုလျန့်ဝေကို လက်ကောက်ပေးလိုက်ရသည်။ သူမတို့ အဖေသာ လက်ကောက်ကိုပြန်‌မတွေ့ခဲ့ရင် လုလျန့်ဝေ သူမတို့ကို တစ်သက်လုံး အဲ့လက်ကောက်ပြန်ပေးမှာမဟုတ်ပေ။

ဒီအကြောင်းကို အရင်က အစ်မဖြစ်သူ တစ်ခါပြောပြဖူးသည်။ သို့သော် ကျီလင်ရှို့ သာ အတင်းအကျပ်မမေးခဲ့ပါလျှင် သူမစရိုက်အရ ထိုအကြောင်းကို လုံး၀ ပြောပြမည်မဟုတ်ပေ။

သူ့အစ်မဟာ လူတစ်ယောက် သူမကို သွားကျွတ်တဲ့အထိရိုက်လိုက်ရင်တောင် သွေးတွေကိုပြန်မျိုချလိုက်မည့်သူမျိုးဖြစ် ပေမယ့် မကျေနပ်သည့်စကားတော့ တစ်ခွန်းမှဟလာမည်မဟုတ်ပေ။

လုလျန့်ဝေပြောင်းလဲသွားပြီး အရင်နဲ့မတူ တော့ဘူးလို့ သူမ ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ လုလျန့်ဝေရဲ့ ဟန်ဆောင် နိုင်စွမ်းသာ ပြောင်းလဲသွားတာဖြစ်သည်။

နန်းတော်ထဲမ၀င်ကတည်းက လုလျန့်ဝေက သူ့အစ်မကို အမုန်းကြီးမုန်းနေခဲ့တာဖြစ်သည် ။ လုလျန့်ဝေများ တရား၀င်နန်းတော်ထဲ ၀င်လာရင် သူ့အစ်မဘယ်လိုများ နေရပါ့မလဲ။

လုလျန့်ဝေ ဘာလို့သူမအစ်မကို ပစ်မှတ် ထားနေသလဲဆိုတာ သူမ သိသည်။

သူ့အစ်မဟာ မောင်းမဆောင်ထဲက အသက် အငယ်ဆုံးကိုယ်လုပ်တော်ဖြစ်ပြီး ဒီနှစ်မှ ၁၉ နှစ်သာရှိသေးကာ လုလျန့်ဝေထက် နှစ်အနည်းငယ်သာကြီးသည်။ ဆယ်နှစ်ကျော်ကြီးသည့် အခြားကြင်ရာတော် နှစ်ယောက်လိုမဟုတ်ချေ။

ထို့ကြောင်ပဲ သူ့အစ်မဟာ လုလျန့်ဝေအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေခဲ့တာပင်။ သူမလမ်းမှာ သူ့အစ်မပိတ်နေမှာကို လုလျန့်ဝေ ကြောက်နေတာဖြစ်ရမည်။

ဒီလောက်အစောင့်တင်းကြပ်တဲ့ နန်းတော်ထဲ ကိုတောင် အဲ့လူက သူ့အစ်မကို ပြန်ပေးဆွဲဖို့ ၀င်လာနိုင်တာ မအံ့ဩတော့ပါဘူး။

ကိုယ်လုပ်တော်တစ်ယောက်သာ မောင်းမဆောင်ကနေ ပြန်ပေးဆွဲခံလိုက်ရပြီး အဲ့သတင်းပြန့်သွားရင် သူမဂုဏ်သတင်း ကျဆင်းသွားလိမ့်မည်။

လုထင်ချန်း သူ့အစ်မကို အချိန်မီ ကယ်ပေးခဲ့လေသည်။

လုထင်ချန်းသာ လုလျန့်ဝေကိုကူညီပြီး သူ့အစ်မကိုပြန်ပေးဆွဲနိုင်အောင်လုပ်ပြီး ဂုဏ်သတင်းဖျက်ဆီးချင်လျှင် ဘာလို့ ကူညီပေးခဲ့မှာလဲ။

ကျီလင်းဟွေ့လဲ ကျီလင်ရှို့၏အတွေးထဲက သံသယများကို ခန့်မှန်းမိလေသည်။ သူမ မရည်ရွယ်ပဲပြောလိုက်မိဟန် ဟန်ဆောင် ပြောလိုက်၏။

“မနေ့ညကကိစ္စအတွက် ဆက်ခံသူသခင်လေးလုနဲ့ ချူယိ၊ ချူကျီတို့ကိုပဲ ကျေးဇူးတင်ရမှာ။ သူတို့သာ အမြန်လာမကူညီပေးရင် ငါတော့ ..”

“ဘာလဲ။ လုထင်ချန်းတင်မဟုတ်ပဲ အဲ့နေရာမှာ ချူယိနဲ့ချူကျီတို့လဲ ရှိနေခဲ့တာလား။”

သူမအတွေးကို သံသ၀င်နေခဲ့မိတာဖြစ်ပြီး လုထင်ချန်းနှင့်လုလျန့်ဝေတို့ကို အထင်လွဲမိ သွားတာပင်။ တကယ်တမ်း သူတို့သာ ဒီကိစ္စကိုစီစဉ်ခဲ့တာဆိုရင် နောက်ဆုံးအချိန် အထိ ထိုလုပ်ကြံသူကို တားဆီးပေးနေမှာ မဟုတ်ပေ။

ဒါပေမယ့် ချူယိနဲ့ချူကျီသာ အဲ့နေရာမှာ ရှိနေခဲ့တာဆိုရင်တော့ တစ်မျိုးပြောင်းသွား ပြီဖြစ်သည် –

Chapter 489: သူ့အပေါ်သနားမိတယ်

လုထင်ချန်းက နန်းတော်မြင်းတပ်ရဲ့တပ်မှူး ဖြစ်ပြီး ချူယိနဲ့ချူကျီတို့က ကိုယ်ခံပညာ အတော်လေးထူးချွန်တယ်လို့ ကျီလင်ရှို့ ကြားဖူးသည်။ အကယ်လို့ လုထင်ချန်းသာ အဲ့နေရာမှာ လုပ်ကြံသူကိုလွှတ်ပေးလိုက်ရင် ချူယိနှင့်ချူကျီတို့ တန်းရိပ်မိသွားနိုင်သည်။

အဲ့တာကြောင့် အစီအစဉ်ပြောင်းပြီး သူ့အစ်မကိုကယ်ခဲ့တာဖြစ်ရမည်။ ထိုသို့ တွေးမိပြီး ကျီလင်ရှို့နှလုံးသားထဲ၌ အမုန်း တရားများဖြင့် ပြည့်နှက်သွားရသည်။ လုထင်ချန်းက အရမ်းဉာဏ်နီဉာဏ်နက်များ တာပဲ။

တစ်ချိန်ထဲမှာပဲ ထိုအချိန်တုန်းက ချူယိနှင့် ချူကျီရှိခဲ့တာကြောင့် စိတ်သက်သာရာရ လိုက်သည်။ မဟုတ်လျှင် သူ့အစ်မတော့ ကံဆိုးသွားလောက်သည်။

ဒီကိစ္စနဲ့ပက်သက်ပြီးအဆိုး‌ဆုံးကတော့ လုမောင်နှမတွေက စိတ်တူကိုယ်ပါဖြစ်နေ တာပဲ။ ဒါတော့သိပ်လွန်သွားပြီ။

သူတို့အတွက်ကံမကောင်းတာ‌ကတော့ သူတို့ကို အခြားသူတွေရှာတွေ့မသွားစေချင် ရင် ဒီလိုလုပ်ရပ်မျိုးမလုပ်ခဲ့သင့်ဘူး။

သူတို့ကတော့ သူတို့အစီအစဉ်ကို အရမ်း ပြီးပြည့်စုံနေပြီလို့ထင်ခဲ့မှာပေါ့။ ဒါပေမယ့် ကျီလင်ရှို့ကတော့ သူတို့လှည့်ကွက်တွေကို မြင်နေရတယ်လေ။ သူတို့လိုချင်တဲ့အတိုင်း ဖြစ်အောင် သူမကဘာလို့ခွင့်ပြုထားရမှာလဲ။

သူမအမြန်‌ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ကျီလင်ရှို့ ကျီလင်းဟွေ့၏ပုခုံးကိုဆုပ်ကိုင် လိုက်ကာ ကတိပေးလိုက်သည်။

“အစ်မ ဘာမှစိတ်မပူပဲ ကိုယ့်ကိုယ်ကိုသာ သေချာ ဂရုစိုက်။ အစ်မခံစားခဲ့ရတာတွေအတွက် သေချာပေါက်တရားမျှတမှုရစေရမယ်”

သူမစကားကိုကြားတော့ ကျီလင်းဟွေ့ သူမ လက်ကိုအမြန်ဆုပ်ကိုင်လိုက်ကာ စိတ်ပူပန် စွာဖြင့်

“နင်ဘာလုပ်မလို့လဲ။ နင်ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ။ ငါ့ကိစ္စတွေ မှာ ၀င်ပါစရာမလိုပါဘူး”

“နင်ကငါ့အစ်‌မလေ။ ငါမှဂရုမစိုက်ရင် ဘယ်သူလာဂရုစိုက်ပေးမှာလဲ။”

“ရှို့အာ ငါပြောတာကို နားထောင်ပါ။ ငါတို့ဆန့်ကျင်လို့မရတဲ့လူတွေ ရှိတယ်။ ပြီးသွားတဲ့ကိစ္စတွေကို ဒီတိုင်းပဲ ထားလိုက်တာပိုကောင်းတယ်”

ကျီလင်ရှို့က သဘောမတူဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။

“နင်ကငါ့အစ်မလေ။ နင်တခြားသူတွေ ဆီက အနိုင်ကျင့်ခံရပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေတာကို ငါကဒီတိုင်းရပ်ကြည့် နေရမှာလား။ အဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ် အနှောင့်အယှက်အဖြစ်မခံနဲ့တော့။ ဒဏ်ရာတွေကိုသာ ကောင်းကောင်းဂရုစိုက်။ ငါဘာလုပ်ရမယ်‌ဆိုတာကို ငါသိတယ်”

ထိုသို့ပြောကာ သူမ ကျီလင်းဟွေ့ကို တွန်းဖယ် လိုက်ရင်း ၀မ်ရှန်းနန်းဆောင်မှ ထွက်လာခဲ့လိုက်သည်။

သူမထွက်သွားပြီးတဲ့နောက် ကျီလင်းဟွေ့ ဟန်ဆောင်နေသည်ကိုရပ်လိုက်ကာ အစောက သိုဝှက်ထားသည့်အမူအရာများ ပေါ်လာတော့သည်။

ကုတင်တိုင်ကို ‌အေးစက်စက်အမူအရာနှင့် မှီချလိုက်သည်။ သူမမှာသာ ရွေးချယ်စရာ ရှိခဲ့မယ်ဆိုရင် သူ့ညီမဖြစ်သူကို အသုံးမချ ချင်ခဲ့ပေ။ သို့သော်လည်း သူမမှာ ရွေးချယ်စရာ မရှိခဲ့ပေ။

လုလျန့်ဝေ နန်းတော်ထဲ၀င်လာတော့မည် ဖြစ်ကာ သူမလဲ ယခုထိ စစ်တုရွှီနှင့် ဆက်သွယ်လို့မရသေးပေ။

ဤအချိန်ဟာ နန်းတော်ထဲခိုး၀င်ပြီး သူမကို လုပ်ကြံဖို့အချိန်ကောင်းဖြစ်သည်။ ထို့ကြောင့် ဤအချက်ကိုအသုံးချပြီး ကျီလင်ရှို့ကို လုလျန့်ဝေထံ ဦးတည်ချက်ပြောင်းသွားစေ ရန် လုပ်လိုက်ခြင်းဖြစ်သည်။

သူ့ညီမက သူ့ကိုအရမ်းချစ်တာကြောင့် လုလျန့်ဝေကို ပြဿနာရှာမည်မှာ မလွဲဧကန် ပင်။

သူမနှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့်ပေါ်လာ ခဲ့သည်။ ထိုအပြုံးကိုမြင်တော့ ရှောင်ရှ ချက်ချင်းခေါင်းငုံ့လိုက်မိသည်။

ဒီနေ့ဟာ လပြက္ခဒိန်အရ ရှစ်လပိုင်း ၁၅ရက်နေ့ဖြစ်ပြီး ရှန်ပြည်ထောင်၏ ဆောင်းဦးလယ်ပွဲတော်ဖြစ်သလို ဧကရာဇ်နှင့် ဧကရီတို့၏ လက်ဆက်ပွဲနေ့လည်းဖြစ်သည်။

လုလျန့်ဝေမှာ ဤရက်တွေအတွင်း ဓလေ့ ထုံးတမ်းသင်ခန်းစာ သင်ရလိုက်၊ မင်္ဂလာ၀တ်စုံ စမ်း၀တ်ကြည့်ရလိုက်နဲ့ အလုပ်ရှုပ်‌နေခဲ့တာဖြစ်သည်။ လျှောက်သွား နေရတာများတာကြောင့် သူမခြေထောက် တွေဆို မြေကြီးကိုထိရုံသာထိနေရသည်။

တော်၀င်နယ်စားအိမ်တော်တစ်ခုလုံး ပျားပန်း ခတ်အလုပ်ရှုပ်နေချိန်၌ ရုတ်တရက် ကျူးယွီ အပြင်ဘက်မှပြေး၀င်လာကာ လုလျန့်ဝေအား ပြောလာသည်။

“သခင်မလေး၊ မဒမ်လင်းက သခင်မလေးမှာ အချိန်ရှိရင် ဆေးဆိုင်ကိုလာပေးဖို့ စာပို့လိုက် ပါတယ်”

လုလျန့်ဝေအနည်းငယ်အံ့အားသင့်သွားရ သည်။ ဒီတစ်ကြိမ် မဒမ်လင်း သူမကို ဘာကြောင့်တွေ့ချင်ရသလဲဆိုတာ သူမ မသိချေ။

သို့သော် ထိုကြင်နာတတ်သည့်အမျိုးသမီးကို တွေးမိတော့ လုလျန့်ဝေ တုံ့ဆိုင်းမနေတော့ပဲ ဆေးဆိုင်သို့သွားရန် ပြင်လိုက်သည်။

သူမ မမျှော်လင့်ထားတာကတော့ သူမ ဆေးဆိုင်ကိုရောက်ချိန်မှာ ကျီလင်ရှို့နဲ့ ထိပ်တိုက်တိုးလိမ့်မည်ဟုပင်။

ထို့ကြောင့်ပဲ သူမနဲ့တွေ့တော့ တိုတိုတုတ်တုတ်သာ ခေါင်းညိတ်ပြကာ ထွက်သွားရန်ပြင်လိုက်သည်။

ထိုအရာကိုမြင်တော့ ကျီလင်ရှို့ မျက်မှောင် ကြုတ်သွားကာ အော်လိုက်သည်။

လုလျန့်ဝေ၏ အေးစက်သည့်အမူအရာကို မြင်တော့ ကျီလင်ရှို့ အနည်းငယ်ထိတ်လန့် သွားရသည်။

သူမ အဝေး၌ရပ်နေရင်း လုလျန့်ဝေကို အကဲဖြတ်နေလိုက်သည်။

အကြောင်းတစ်ခုကြောင့် သူမယခုမြင်နေရ သောလုလျန့်ဝေမှာ ထိုစက်ဆုပ်ဖွယ်ကောင်း သောလုပ်ရပ်ကိုလုပ်မည့်လူဟု သူမ မထင်မိပေ။

သို့သော် နေမကောင်းဖြစ်နေသည့် အစ်မ ဖြစ်သူကို တွေးမိတော့ ကျီလင်ရှို့ သူမအတွက် မတရားသလိုခံစားလိုက်ရသည်။

Chapter 490: ဧကရီတစ်ပါးအနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးသင့်တယ်

သူ့အစ်မဒီလောက်အခြေအနေဆိုးနေတာ လုလျန့်ဝေက တရားခံမဟုတ်ရင် ဘယ်သူက တရားခံလဲ။

ထိုသို့တွေးမိပြီး သူမနှလုံးသားထဲက သံသယ တွေကို ချိုးနှိမ်လိုက်ရင်း လုလျန့်ဝေထံ အပြေးသွားရင်း သူမလက်မောင်းကို ဆွဲဖက် လိုက်သည်။

“လုလျန့်ဝေ သန်ဘက်ခါကျရင် နင်နဲ့ဧကရာဇ်နဲ့လက်ထပ်ပွဲမလား ဂုဏ်ပြုပါတယ်နော်”

လုလျန့်ဝေ သူမလက်ကို တိတ်တဆိတ် ပြန်လည်ရုပ်သိမ်းလိုက်ကာ

“ကျေးဇူး”

ကျှလင်ရှို့ သူမအမူအရာကိုကြည့်ပြီးနောက် ခေါင်းငုံ့လိုက်ရင်း

“ငါအရင်က နင့်အပေါ် ပစ်မှတ်ထားခဲ့မိတာတွေအပေါ် အခုထိ စိတ်ဆိုးနေတုန်းလား။”

လုလျန့်ဝေ ပြန်မဖြေခဲ့ပေ။

ကျီလင်ရှို့က သက်ပြင်းချလိုက်ပြီး

“ငါအရမ်း ဆိုးခဲ့တာငါသိပါတယ်။ ဒါပေမယ့် အဲ့တုန်းက နင့်အကျင့်စရိုက်နဲ့ဆို နင့်ကိုသဘောကျဖို့ ဆိုတာကလဲ မဖြစ်နိုင်ဘူးလေ”

“ဒါဆို ငါနင့်ကိုမေးပါဦးမယ် ကျီသခင်မလေး ငါနင့်လမ်းမှာ ၀င်ရှုပ်ခဲ့ မိလို့လား။ ငါ့အကျင့်စရိုက်က သဘောကျချင်စရာကောင်းဘူးဆိုရင်တောင် တစ်ချိန်လုံး ငါ့ကိုလိုက်နှောင့်ယှက်နေရမယ် လို့ နင့်ကိုဘယ်သူကပြောလိုက်လဲ။”

သူမ၏ဖောက်ထွင်းမြင်နိုင်သည့်အမြင်ကြောင့် ကျီလင်ရှို့ ထိတ်လန့်သွားပေမယ့် အပြစ်ကင်းစင်သည့်အပြုံးဖြင့် လက်ဝှေ့ယမ်းပြလိုက်ရင်း

“အဲ့လိုမဖြစ်ဖို့ ငါလဲမျှော်လင့်ပါတယ် ။ သခင်မလေးကျီ အိမ်ပြန်လိုက်တာ ပိုကောင်းမယ်။ ကျွန်မမှာလုပ်စရာရှိသေးလို့ ကြာကြာစကားပြောဖို့အချိန်မရှိဘူး”

“နင်အခုအလုပ်ရှုပ်နေမှန်း ငါသိပါတယ်။ ဒါပေမယ့် ငါတို့တစ်ယောက်နဲ့ တစ်ယောက်ဆုံဖို့ဆိုတာ ရှားတယ်လေ။ ငါ့ကိုထမင်းတစ်နပ်လောက် လိုက်မကျွေးချင် ဘူးလား။”

လုလျန့်ဝေ အရေးမစိုက်စွာဖြင့် လက်ပြန်ရုတ် လိုက်သည်။

“ဟင့်အင်း၊ ထမင်းအတူစားရလောက်တဲ့ထိ ကျွန်မတို့မရင်းနှီးကြဘူးလေ”

“နင်မကြာခင် ဧကရီဖြစ်တော့မှာကို ငါသိပါတယ်။ အဲ့တာကြောင့် ငါ့ကို အထင်သေးတယ်ဆိုတာလည်း ပုံမှန်ပါပဲ။ အရင်တုန်းက ငါမှားခဲ့ပေမယ့် ငါဒီနေ့ နင့်ကိုတောင်းပန်ဖို့ လာခဲ့တာ။ နင်အဲ့တာကို လက်ခံဖို့ဆန္ဒမရှိဘူးလား။ နောက်ဆို နင်က ဧကရီဖြစ်တော့မှာလေ။ ဧကရီတစ်ပါးအနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးသင့် တယ်”

ကျိမိသားစုမှ ထိုမိန်းကလေးဟာ အမြဲတမ်း ဇီဇာကြောင်ပြီး သူမကိုတွေ့တိုင်း ဆန့်ကျင် နေတာဖြစ်သည်။ သူမအတိတ်ကလုပ်ရပ် တွေအပေါ် တကယ်နောင်တရပြီး တောင်းပန် ချင်နေသည်ဟု လုလျန့်ဝေတော့ မထင်ပေ။

“နင်တောင်းပန်ပန် မပန်ပန် ငါဂရုမစိုက်ဘူး။ ဘာလို့ဆို ငါ့မျက်လုံးထဲမှာ နင်ကသူစိမ်းတစ်ယောက်ထက် မပိုဘူး။ နင့်ကိုယ်နင် အထင်ကြီးလွန်းပြီး ငါ့ကို သင်ခန်းစာလာပေးလို့ရတယ်လို့ ထင်မနေနဲ့”

သူမ၏ပွင့်လင်းသောစကားဟာ ကျီလင်ရှို့ ကိုဒေါကန်သွားစေလေသည်။

သူမလုလျန့်ဝေအားကြည့်ကာ ဒေါသတကြီး ပြောလာ၏။

“လုလျန့်ဝေ နင်ငါတောင်းပန် တာကို လက်မခံချင်ရင်တောင် ဒီလို ပြောစရာလား။”

“ဘာလို့လဲ။ နင်ပဲငါ့ကို သဘောကြီးကြီးနဲ့ ခွင့်လွှတ်ပေး ရမယ်ဆိုပြီး လာပြောနေတာမဟုတ်ဘူးလား ကျီမမ‌လေးရဲ့။ ငါ‌နည်းနည်းပဲပြောရသေး တာကို နင်ကဒေါသထွက်နေပြီလား။ ပြီးတော့ နင်ငါ့ကိုတောင်းပန်ချင်တယ်လဲ ပြောသေးတယ် အခုထိ နင့်ဆီက တောင်းပန် စကားတစ်ခွန်းမှမကြားရသေးဘူး။ ရိုးသားတယ်ဆိုတာ ဘာမှန်းမသိရင် ကျွန်မကို လာမတောင်းပန်ခင် ကျီမမလေး အဲ့တာကိုအရင်ပြန်သွားသင်သင့်တယ်”

ကျီလင်ရှို့မှာ ဆွံ့အသွားရကာ ဒေါသထွက် လာရပေမယ့် သူမကို ပြန်တုံ့ပြန်နိုင်မည့် စကားရှာမတွေ့ချေ။

အဲ့တာအပြင် သူမ ဒီနေ့တမင်သက်သက် ဒီနေရာကိုလာခဲ့တာဖြစ်ပြီး လုပ်စရာ အစီအစဉ်တွေရှိသေးသည်။ သူမ သူနဲ့ အခု ရန်မဖြစ်နိုင်သေးပေ…

All Chapters