အခန်း (၄၉၁-၄၉၃)
Vol. 10 Ch. 491-493
Chapter 491: ဘာအကြောင်းမှ မရှိပဲ စိတ်လှုပ်ရှားနေမိတယ်
ကျီလင်ရှို့ အသက်ပြင်းပြင်းတစ်ချက်ရှူရင်း လုလျန့်ဝေ၏လက်မောင်းကို နောက်တစ်ကြိမ်ဆွဲကိုင်လိုက်သည်။
“ဟုတ်ပါပြီ။ ငါ့အမှားပါ။ နင်ကဒီမှာ ပိုကြီးတဲ့လူပဲ။ အဲ့တာကြောင့် ငါပြောလိုက်တာကို အရမ်းစိတ်ထဲမထားပါနဲ့။ တကယ်တော့ ငါဒီနေ့ နင်တို့မင်္ဂလာပွဲအတွက် လက်ဖွဲ့၀ယ်ဖို့ ထွက်လာခဲ့တာ။ အရင်တုန်းက ငါတို့နှစ်ယောက်ဆက်ဆံရေး မကောင်းခဲ့ပေမယ့် အခုငါတို့လည်း ကြီးလာပြီလေ ပြီးတော့ နင်လဲလက်ထပ် တော့မှာပဲကို ဘာပဲဖြစ်ဖြစ် လက်ဖွဲ့ကတော့ ပေးရမှာပဲ။ ကံမကောင်းတာက ငါဒီနေ့ ပတ်ကြည့်ပြီးသွားပေမယ့် သင့်တော်တာ ရှာမတွေ့သေးဘူး။ အခုနင်နဲ့တွေ့တယ်ဆိုတော့ နင်ဘာလို့ ငါနဲ့အတူ လက်ဆောင်လိုက်မရွေးရမှာလဲ။”
သူမလေသံမှာ အလွန်ချိုသာနေရာ တစ်ဖက်သားကို သတိလျော့သွားစေနိုင် သည်။
လုလျန့်ဝေနှုတ်ခမ်းမဲ့သွားရသည်။ သူမသာ ငြင်းဆန်လိုက်လျှင် အတိတ်ကိုဖက်တွယ်နေ တဲ့ အကျင့်မကောင်းတဲ့သူဖြစ်သွားမှာပင်။
ထို့ကြောင့်သူမရိုးသားသည့်အမူအရာဖြင့် ကျီလင်ဟွေ့လက်ကိုပြန်ကိုင်လိုက်ရင်း ချိုသာစွာပြန်ပြောလိုက်သည်။
“နင့်အတွေးကို ငါအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အခုငါနင့်ကိုအဖော်မပြုပေးနိုင် သေးဘူး။ နင်ရွေးတဲ့ဘာလက်ဆောင်ကိုမဆို ငါသေချာပေါက် သဘောကျမှာပါ။ အဲ့တာကြောင့် နင်ပေးချင်တာကိုသာပေး”
ထိုသို့ပြောပြီးသည်နှင့် လက်ကိုလွှတ်ကာ ချူကျူနှင့်အတူ ဆေးဆိုင်သို့ တန်းတန်း မတ်မတ်ထွက်လာလိုက်သည်။
ကျီလင်ရှို့မျက်မှောင်ကြုတ်သွားရသည်။ အရင်ကဆို သူမဒီလောက်ရင်းနှီးပြလိုက်တာ နဲ့ လုလျန့်ဝေချက်ချင်း ပြိုလဲသွားမည်ဖြစ်သည်။
လုလျန့်ဝေ ထွက်သွားသည်ကိုကြည့်ရင်း သူမ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တွေ ဖြတ်ပြေးသွားသည်။
သူမ ဓားရိုးပေါ်သို့လက်တင်လိုက်ရင်း အရိပ်ထဲ၌ ပုန်းကွယ်နေသည့်လူကို အမူအရာ ပြရန်ပြင်လိုက်သည်။
ထိုအချိန်တွင် လုလျန့်ဝေနောက်ရှိ အမျိုးသမီးသက်တော်စောင့်မှာ ခေါင်းပြန်လှည့်လာကာ သူမအားကြည့်လာ သည်။
သူမအကြည့်ဟာ သာမန်နဲ့ကွဲလွဲစွာ စူးရှ အေးစက်နေပြီး သူမအား အကြောင်းမရှိပဲ စိတ်လှုပ်ရှားသွားစေသည်။
ထိုအခါမှ ချူကျူအကြည့်တွေကို ပြန်လည် ရုပ်သိမ်းလိုက်ကာ လုလျန့်ဝေနောက်မှ လိုက်ရင်း လမ်းကြားထဲမှဖြတ်ကာ ဆေးဆိုင်သို့ဦးတည်သွားလိုက်သည်။
ဟွာရှဆေးဆိုင်ဟာ လုလျန့်ဝေ လတ်တလော ကမှ ဖွင့်ထားသည့်ဆိုင်ဖြစ်သည်။ ထိုဆိုင်မှာ သိပ်မကြီးပေမယ့် သခင်မလင်းတာ၀န်ယူထား တာကြောင့် စီးပွားရေးတော့ အတော်လေး ကောင်းသည်။
သခင်မလင်း၏မှော်လက်ကိုသာ ကျေးဇူးတင် ရမည်။ လူနာအများစု သူတို့၏နာတာရှည် ရောဂါများပျောက်ကင်းသွားတာကြောင့် လူထုထံမှ ချီးကျူးခံလာရကာ သူမထံ ကုသရန်လာရောက်သည့်လူနာပိုများလာလေ သည်။
ထို့ကြောင့် ကျူးယွီမှ သခင်မလင်း သူမကို တွေ့ချင်သည်ဟု ပြောလာသည့်အချိန်တုန်း က သူမဘယ်လောက်အလုပ်ရှုပ်နေပါစေ ချက်ချင်းထွက်လာခဲ့တာဖြစ်သည်။
သူမသခင်မလေး၏ တည်ငြိမ်နေသော မျက်နှာကိုမြင်တော့ ချူကျူခဏလောက် တွေးဆကာ နောက်ဆုံး၌ပြောလိုက်သည်။
“သခင်မလေး အစောက ကျီသခင်မလေး တစ်ယောက်ထဲမဟုတ်ဘူး”
သူမပြောတာကိုကြားတော့ လုလျန့်ဝေ ခေါင်းသာညိတ်ပြလိုက်ကာ မအံ့ဩသွားပေ။
ထို့နောက် ခေါင်းလှည့် လိုက်ကာ အပြုံးတစ်ပွင့်ဖြင့် ရှင်းပြလိုက်သည်။
“ကျီသခင်မလေးက ဘယ်တော့မှ ငါ့ကိုမျက်လုံးချင်းဆုံမကြည့် ဘူး။ သူငါ့ကိုတွေ့တိုင်း ရန်စပြီး မခံချင်အောင်ပဲပြောတာ။ ငါတို့နောက်ဆုံး တွေ့တဲ့ချိန်က အတော်ကြာနေပြီဆိုတော့ သူ အရင်ကလိုမဟုတ်ပဲ ပြုမူနေတာကို မြင်လိုက် တာ ငါနည်းနည်းအံ့ဩသွားတယ်။ သူကတော့ သူ့ကိုယ်သူ ဖုံးထားနိုင်တယ်လို့ ထင်နေပေမယ့် သူငါ့ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ထမင်းလိုက်ကျွေးပြီး လက်ဆောင်ပေးချင်တယ်ဆိုထဲက သံသယ ၀င်ချင်စရာကောင်းနေပြီ”
“ပြီးတော့ သူ့အမူအရာတွေကို ကောင်းကောင်းထိန်းချုပ်ထားပြီး ငါနဲ့ တကယ်သင့်မြတ်ချင်နေတဲ့ပုံပေါ်တယ် ဆိုပေမယ့် မျက်လုံးတွေကိုတော့ လိမ်လို့ မရဘူးလေ။ သူငါ့ကိုကြည့်တဲ့ပုံက ရှုပ်ထွေး နေတယ်ဆိုပေမယ့် သိသိသာသာကို ကွဲနေတယ်။ သူငါ့ကိုမုန်းလို့ တကယ်ကြီး သတ်ချင်နေတာလည်း ဖြစ်နိုင်တယ်။ အရင်တုန်းက ငါ့ကိုနှုတ်နဲ့ပဲတိုက်ခိုက်တာ ဆိုပေမယ့် ငါ့အထင် တစ်ယောက်ယောက်က ဒီနေ့ သူ့ကိုတိုက်တွန်းလိုက်တာ ဖြစ်ရမယ်”
သူ့စိတ်ထဲ၌ ထင်နေသူတစ်ယောက်ရှိပေမယ့် ဘာသက်သေမှမရှိတာကြောင့် ထုတ်မပြောချင်ပေ။ ထို့အပြင် ကျီလင်ရှို့လည်း သူမကို အခုထိဘာမှအန္တရာယ်ပြုမလာသေးပေ။
ဒါပေမယ့် ဘယ်သူကများ ကျီလင်ရှို့ကို လူသတ်သမားအဖြစ် ဆန္ဒရှိရှိ ဆောင်ရွက် ပေးအောင်လုပ်နိုင်တာပါလိမ့်။ အဖြေကတော့ နေ့အလင်းရောင်လို ရှင်းလင်းနေသည် …
Chapter 492: ကျွန်မရှင့်ကို ဖက်လို့ရမလား
လုလျန့်ဝေ သူမဘယ်သူ့ကို သံသယရှိနေ သလဲဆိုတာကို ထုတ်မပြောလာသော်လည်း ချူကျူဟာနှေးကွေးသူမဟုတ်တာကြောင့် ချက်ချင်းပင် ချိတ်ဆက်မိသွားသည်။
သူမမျက်မှောင်ကြုတ်ကာ ပြောလာသည်။
“ကျွန်မကြားတာတော့ ကြင်ရာတော်နဲ့ သူ့ညီမနဲ့က အတော်လေးရင်းနှီးကြတယ်တဲ့။ ဖြစ်နိုင်တာ သူ…”
လုလျန့်ဝေ သူမအားအပြုံးတစ်ပွင့်ဖြင့် ဖြတ်ပြောလိုက်သည်။
“ကျူ၊ ငါတို့ဆီမှာ သက်သေမရှိဘူးလေ။ ငါတို့အထင်နဲ့ပဲ ဆုံးဖြတ်လို့မရဘူး”
သူမစကားနှင့်ကွဲလွဲစွာ မျက်ခုံးတွေဟာတော့ အနည်းငယ်တွန့်ချိုး နေ၏။
သူမ ကျီလင်းဟွေ့ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးတာဖြစ်ပေမယ့် သူမအတွက်တော့ ကျီလင်းဟွေ့ဟာ နုနယ်ပြီး အကြံသမားနှင့် မတူပေ။ သို့သော်လည်း ကျီလင်ရှို့အနေနဲ့ ဘာအကြောင်းမှမရှိပဲ အစောကလို လုပ်စရာ အကြောင်းမရှိပေ။ ပြီးတော့ ကျီလင်းဟွေ့ရဲ့ ညွှန်ကြားချက်အတိုင်းလုပ်တာမဟုတ်ပါဘူး လို့လည်း ယုံရခက်သည်။
ချူကျူ အနည်းငယ်တုံ့ဆိုင်းလျက်
“ဒါပေမယ့် ကျီသခင်မလေးက အစောက သခင်မလေးကိုအန္တရာယ်ပေးဖို့ ကြံစည်ထား ပုံပဲ။ ကျွန်မအထင်တော့ ဒီကိစ္စကို ဧကရာဇ်ဆီတင်ပြပြီး ဘာလုပ်ရမလဲမေးတာ ပိုကောင်းမယ်ထင်တယ်”
“အခုတော့ အဲ့တာကိုမေ့ထားလိုက်ပါဦး။ ဧကရာဇ်လည်း ဒီရက်တွေထဲ အလုပ်တွေရှုပ် နေမှာ။ အဲ့တာကြောင့် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ အနှောင့်အယှက် မပေးရအောင်”
ထိုသို့ပြောလာတော့ ချူကျူလည်း ထိုကိစ္စ ကို ခဏမေ့ထားရုံသာရှိတော့သည်။
ဒုတိယသခင်မလေးကလည်း မင်္ဂလာပွဲ အတွက် အလုပ်ရှုပ်နေတာဖြစ်သလို ဧကရာဇ် လည်း မင်္ဂလာပွဲအတွက်စီစဉ်ရသေးသည့် အပြင် နိုင်ငံရေးရာကိစ္စတွေလည်း စီမံရသေး ကာ အလုပ်ရှုပ်နေမှာပင်။
လုလျန့်ဝေ ဟွာရှဆေးဆိုင်သို့ရောက်တော့ သခင်မလင်း လူနာကြည့်ရင်း အလုပ်ရှုပ်နေတာ ကို တွေ့လိုက်ရသည်။
သူမ လုလျန့်ဝေ၀င်လာတာကိုမြင်တော့ သူမ၏အေးစက်သည့်အကြည့်တွေမှာ ချက်ချင်း နူးညံ့သွားတော့သည်။
လုလျန့်ဝေ သူမကိုမနှောင့်ယှက်တော့ပဲ ထိုအစား ခြံ၀န်းထဲသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
တစ်ခဏကြာပြီးနောက် သခင်မလင်းလည်း သူမနောက်လိုက်လာသည်။
လုလျန့်ဝေ သူမကိုကြည့်လိုက်ရာ သခင်မလင်း ၏မျက်၀န်းထဲမှ ချစ်မြတ်နိုးမှု အရိပ်အယောင်များကို မြင်လိုက်ရသည်။
သခင်မလင်းခေါင်းညိတ်ပြလိုက်သည်။ သူမမျက်နှာထက်တွင်တော့ ပုဝါပါးဖြင့် ဖုံးလွှမ်းထားဆဲဖြစ်ကာ မျက်လုံးတွေဟာ တော့ တောက်ပနေပြီး တည့်တည့်ကြည့်ရန် ပင် ခဲယဉ်းသည်။
“ဝေဝေ သန်ဘက်ခါဆိုရင် မင်းလည်း လက်ထပ်ရတော့မယ်။ ကျွန်မမှာ မင်းကို ပေးချင်တာတစ်ခုရှိတယ်”
သူမစိတ်ထဲမှ အတွေးတွေကို ဘေးချိတ်လိုက်ကာ သခင်မလင်းရှေ့တိုးလျက် သူမလက်ကို ဆွဲယူ လိုက်သည်။
ဒီနေ့ သူမကိုလက်ဆောင်ပေးချင်နေတဲ့သူ တွေ တော်တော်များတာပဲ။
လုလျန့်ဝေ မျက်ခုံးပင့်သွားကာ အနည်းငယ် လည်း အံ့ဩသွားရသည်။
ကျီလင်ရှို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေ တာကြောင့် သူမသူ့ကိုမယုံတာ သဘာ၀ပင် ဖြစ်သော်လည်း သခင်မလင်းကတော့…
“မြို့တော်ထဲက ဆင်ခြေဖုံးတစ်နေရာမှာ ကျွန်မအိမ်တစ်လုံးရှိတယ်။ မင်းအခုအားတယ်ဆိုရင် ကျွန်မနဲ့အတူ အဲ့ကို လိုက်ခဲ့ပြီး လက်ဆောင်လိုက်ယူပါလား”
ထို့နောက် ခဏတာရပ်တန့်သွားကာ ဆက်ပြောလာသည်။
“အဲ့တာကအရမ်းလေး တော့ မသယ်လာခဲ့ရဘူး။ မင်းမလိုက်နိုင်လဲ တစ်ယောက်ယောက်ကို ငါနဲ့အတူ လွှတ်လိုက် လို့ရပါတယ်”
လုလျန့်ဝေအံ့အားသင့်သွားရသည်။ ဘာလက်ဆောင်မို့လို့ပါလိမ့်။
သို့သော် သခင်မလင်း၏ ကြင်နာကာ ချစ်မြတ်နိုးဟန်အပြည့်ဖြစ်နေသော မျက်လုံး များကိုမြင်တော့ သူမနှလုံးသားအရည်ပျော် သွားရကာ သဘောတူဟန်ခေါင်းညိတ်ပြ လိုက်သည်။
သခင်မလင်း အားပါးတရပြုံးကာ အမေ တစ်ယောက်လိုအချစ်များပြည့်နေသော မျက်လုံးဖြင့်ကြည့်လာပြီး လက်မြှောက်ကာ သူမဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
လုလျန့်ဝေ ခဏတာကြောင်အသွားကာ ကြင်နာတတ်သောသခင်မလင်းကိုကြည့်ရင်း ရုတ်တရက်ပြောလိုက်၏။
သခင်မလင်းအနည်းငယ်ထိတ်လန့်သွားပေမယ့် နောက်တော့ သူမပျော်ရွှင်သွားရသည်။ လုလျန့်ဝေ မတုံ့ပြန်နိုင်ခင်မှာပဲ သူမလက်မောင်းတွေကိုဖွင့်ကာ လုလျန့်ဝေ အား ပွေ့ဖက်လိုက်သည်။
လုလျန့်ဝေကို ပွေ့ဖက်လိုက်ပြီးပြီးချင်းမှာပဲ သူမမျက်လုံးတွေစိုစွတ်လာရကာ ပုဝါပါး အောက်ရှိ သူမနှုတ်ခမ်းတွေဟာလည်း အနည်းငယ်တုန်ယင်လာရသည်။
သူမလက်မောင်းတွေထဲ၌ ပွေ့ဖက်ခံထားရ တာကြောင့် လုလျန့်ဝေ ထိုအရာတွေကို သတိမပြုလိုက်မပေ။ သခင်မလင်းရဲ့ပုံစံက ပိန်ပါးပြီး ချည့်နဲ့ပုံပေါ်ပေမယ့် သူမ၏ ပွေ့ဖက်မှု၌ နွေးထွေးမှုနဲ့ လုံခြုံမှုကို သူမ ခံစားရသည်။
လူအိုကြီးကို အသိပေးပြီးနောက် လုလျန့်ဝေနှင့် သခင်မလင်းတို့ မြို့တော်ဆင်ခြေဖုံးရှိအိမ်သို့ ထွက်လာခဲ့လိုက်ကြသည်။
Chapter 493: ငါတို့နှစ်ယောက်ထဲ အတူတူနေလို့ရတယ်
ရထားလုံးကိုမောင်းနှင်သူမှာ ချူကျူ ဖြစ်သည်။
မြို့တော်ဂိတ်တံခါးကိုဖြတ်ပြီးနောက် သူမ သခင်မလင်းညွှန်ပြသည့်အတိုင်း မောင်းလာ လိုက်ကာ အဓိကလမ်းမကြီးနှင့် ဝေးသထက် ဝေးလာသည်ကိုတွေ့လိုက်ရသည်။
ထိုအရာကိုသတိပြုမိတော့ ချူကျူ ချက်ချင်း သတိချပ်သွားရသည်။
သန်ဘက်ခါဆိုရင် သခင်မလေးရဲ့ လက်ထပ်ပွဲနေ့ပင်။ ဒီအချိန်မှာ မည်သို့သော် မတော်တဆမှ ဖြစ်လို့မရပေ။
သခင်မလင်း သခင်မလေးအပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာ သူမ မြင်နေရ တယ်ဆိုပေမယ့် ဒီလိုအခြေအနေမျိုးမှာ ဘယ်အရာမှဖြစ်လို့မရပေ။
ထိုသို့အတွေးဖြင့် သူမမြင်းဇက်ကြိုးကို ဆွဲကာရပ်လိုက်ပြီး ပြန်လှည့်ရန်ပြင်လိုက် သည်။ မြို့တော်ထဲပြန်ရောက်မှပဲ သူမ လုလျန့်ဝေကို စိတ်ကျေနပ်သည်အထိ တောင်းပန်လိုက်တော့မည်။
သို့သော် ထိုအချိန်တွင် သူမခေါင်းတွေ လေးလံလာကာ အမြင်အာရုံတွေ ဝေဝါးလာ ရသည်။
ထိုအခါမှ အနက်ရောင်၀တ်လူတစ်ယောက် သူမနေရာကို၀င်ယူလိုက်ကာ သူမအလုပ်ကို ဆက်လုပ်ရင်း ချူကျူကို လှည်းပေါ်မှ တွန်းချလိုက်သည်။
သို့သော် ထိုအနက်ရောင်၀တ်လူ မောင်းရန် ပြင်လိုက်ချိန်တွင် အရိပ်ကိုယ်ရံတော် တစ်အုပ်ပေါ်လာကာ လှည်းကို၀န်းရံလိုက် သည်။
အနက်ရောင်၀တ်လူ လှောင်ရယ်လိုက်မိသည် ။ ဧကရာဇ်က အမျိုးသမီးသက်တော်စောင့် အပြင် အရိပ်ကိုယ်ရံတော်တွေကိုပါ လုလျန့်ဝေကို ကာကွယ်ဖို့လွှတ်ထားလိမ့်မယ် လို့ မထင်ခဲ့ပေ။
သို့သော် သူ့မှာအရိပ်ကိုယ်ရံတော်တွေရှိနေ ရင်တောင် သူတို့ကလည်း ပြင်ဆင်ထားမှာ ပင်။
ရုတ်ခြည်းပင် သူလက်ညှိုးနှင့်လက်မကို သုံးကာ ဝီစီမှုတ်လိုက်ရာ ခဏအတွင်း အရိပ် ကိုယ်ရံတော်တွေနောက်မှ အနက်ရောင်၀တ် လူတစ်အုပ်ပေါ်လာခဲ့သည်။
သူတို့ကိုလျစ်လျူရှုလိုက်ကာ ဘာမှမဖြစ်ခဲ့ သလိုပင် အနက်ရောင်၀တ်လူ ဆက်မောင်း လာလိုက်သည်။
ဤတစ်ကြိမ်တွင် နှင်းပျံလွှားအိမ်တော်မှ သူတို့ရဲ့အတော်ဆုံးလုပ်ကြံသူတွေကို စေလွှတ်ခဲ့တာဖြစ်သည်။ အရိပ်ကိုယ်ရံတော် တွေဟာ သေချာလေ့ကျင့်ထားတယ်ဆိုသော် လည်း အိမ်တော်ရဲ့အတော်ဆုံးလူတွေကို ခဏအတွင်း အပြတ်ရှင်းနိုင်မှာတော့ မဟုတ်ပေ။
အနက်ရောင်၀တ်လူ သူ့နောက်မှ ထွက်ပေါ် လာသည့် ဝုန်းဒိုင်းကြဲကာ အနီရောင်မီးပွား များထွက်ပေါ်လာသည်ကိုတော့ သတိမပြု လိုက်မိပေ။
အနက်ရောင်၀တ်လူ လှည်းကိုသာ ရှေ့ဆက် မောင်းလာလိုက်သည်။
သိပ်မကြာခင်မှာပဲ လှည်း၏လိုက်ကာမှာ ပင့်မခံလိုက်ရကာ သခင်မလင်း ထိုအနက်ရောင် ၀တ်လူကို ပြောလိုက်သည်။
ထိုသို့ဖြေလိုက်ကာ ချက်ချင်း အရှိန်မြှင့်လိုက်ပြီး ယန်တိုင်းပြည်သို့ ဦးတည် ကာ အမြန်မောင်းနှင်လိုက်သည်။
သခင်မလင်း လှည်းထဲတွင် နောက်ကိုမီကာ ထိုင်ချလိုက်ပြီး ကူရှင်ပေါ်၌ လှဲနေသည့် မိန်းကလေးကို ချစ်မြတ်နိုးစွာ ကြည့်လိုက် သည်။
ထို့နောက် သူမဘေးမှ မြေခွေးသားမွေး ၀တ်ရုံကိုယူကာ သူမအပေါ်၌ ညင်သာစွာ လွှမ်းခြုံပေးလိုက်သည်။
ဤကလေးက အရမ်းသတိကြီးတော့ မေ့ဆေးက သူ့အပေါ်သက်ရောက်မှုမရှိပေ။ လုလျန့်ဝေ ဆေးခတ်ခံရတာကို သတိမပြုမိ ခင် သူမအမြန် မေ့ကြောကိုနှိပ်လိုက်ရတာ ဖြစ်သည်။
သူမလက်ဆန့်ကာ လုလျန့်ဝေနောက်ကျောကို ညင်သာစွာပွတ်သပ်ပေးရင်း သူမအသံမှာ လည်း နူးညံ့နေကာ
“ငါ့ကလေးလေး၊ ဒါတွေ အကုန် မင်းကောင်းဖို့အတွက်ပါကွယ်။ နန်းတော်ကမကောင်းဘူး။ မင်းက အရမ်း ဖြူစင်ပြီးကြင်နာတတ်လွန်းတယ်။ မင်းအနိုင်ကျင့်ခံရမှာကို မလိုချင်ဘူး…”
ထို့နောက် သူမမျက်လုံးတွေ ရေခဲတမျှ အေးစက်သွားကာ
“ယောကျာ်းတွေအကုန်လုံး အမှိုက်တွေချည်းပဲ။ အမေမင်းကို အဝေးကို ခေါ်သွားပေးမယ်။ ငါတို့နှစ်ယောက်ထဲ အတူနေလို့ရပြီ”
လုလျန့်ဝေဟာတော့ ငြိမ်သက်စွာ လှဲလျောင်း နေကာ အပြင်လောက၌ ဘာတွေဖြစ်နေသလဲ တစ်ခုမှမသိချေ။
ကျူးယွီ ညနေစောင်းသည်အထိ စောင့်ဆိုင်း နေပေမယ့် သူမသခင်မလေး၏ အရိပ် အယောင်ကိုမမြင်သဖြင့် သူမ စိတ်ပူလာရ သည်။
ထို့နောက် သူမ တစ်စက္ကန့်ပင် တုံ့ဆိုင်းမနေရဲ ပဲ အစေခံအနည်းငယ်ကိုခေါ်ကာ ဟွာရှ ဆေးဆိုင်သို့ ထွက်လာခဲ့လိုက်သည်။
သို့သော် သူမဆေးဆိုင်သို့ရောက်ချိန်ထိ သူမ လုလျန့်ဝေကို မမြင်မိပေ။ လူအိုကြီးထံမှ ကြားတာတော့ သခင်မလင်း လုလျန့်ဝေအတွက် လက်ဆောင်ပြင်ထားတာကြောင့် လုလျန့်ဝေ သူမနဲ့အတူ မြို့တော်ဆင်ခြေဖုံးဘက်သို့ လိုက်သွားသည်ဟု ကြားလိုက်ရသည်။
သူပြောတာကိုကြားတော့ ကျူးယွီ နှလုံးသား အေးစက်သွားရသည်။ အပြင်ဘက်ရှိ အမှောင်ထုကိုကြည့်ကာ သူမ အကြီးအကျယ် စိုးရိမ်ပူပန်လာရသည်။
အခုတလော သခင်မလေးနဲ့ သခင်မလင်းတို့ အတော်လေးရင်းနှီးလာကြတာဖြစ်သည်။ သခင်မလင်းက သခင်မလေးအပေါ် အလွန်ကောင်းကာ သခင်မလေးကလည်း သခင်မလင်းကို အလွန်နှစ်သက်ပြီး အကြီး တစ်ယောက်လို လေးစားလေသည်။