← Chapters

အခန်း (၄၉၄-၄၉၆)

Vol. 10 Ch. 494-496

အခန်း (၄၉၄-၄၉၆)

Vol. 10 Ch. 494-496

Chapter 494: သူမရဲ့သေသွားရင် တောင် သူမအမှားကို‌ပြေလည်စေမှာ မဟုတ်ဘူး

ဒါပေမယ့် သခင်မလင်းက သခင်မလေး သတိလွတ်သွားချိန်မှာ မကောင်းတဲ့ ရည်ရွယ်ချက်ထားနေခဲ့တာပဲ…

ကျူးယွီ၏နှလုံးသားနစ်မြုပ်သွားရကာ ဆက်မတွေးရဲတော့ပေ။

“စီနီယာ၊ မြို့တော်ဆင်ခြေဖုံးက သခင်မလင်းရဲ့ အိမ်ဘယ်နားမှာရှိလဲသိလား။”

လူအိုကြီးခေါင်းယမ်းပြလိုက်ကာ

“ငါလဲမသိဘူး”

သူသက်ပြင်းသာချလိုက်မိ သည်။ သူတကယ်ကိုမသိတာပင်။

ဒါပေမယ့် အခု ဒုတိယသခင်မလေး သခင်မလင်းဆီမှာ ပြန်ပေးဆွဲခံလိုက်ရပြီ။

လူအိုကြီး မသိမသာမျက်မှောင်ကြုတ်လိုက်မိ သည်။

ကျူးယွီ ဒေါသတကြီးခြေဆောင့်လိုက်မိကာ

“ရှင်ဘာလို့ သခင်မလေးကို သခင်မလင်းနဲ့ လွှတ်လိုက်ရတာလဲ။”

“သခင်မလင်းက သခင်မလေးကို ကောင်းကောင်းဆက်ဆံပြီး သခင်မလေးက လည်း အဲ့လိုပဲဆိုတော့၊ ပြီးတော့ သခင်မလေးကလိုက်သွားမယ်ပြောနေတာ လေ ငါကဘယ်လိုလုပ်သွားတားရမှာလဲ။”

သူပြောတာလဲမှန်ပေမယ့် ကျူးယွီ စိတ်တို နေဆဲပင်။ သို့သော် ယခုအချိန်က သူ့ကို လက်ညှိုးထိုးအပြစ်တင်နေရမည့်အချိန် မဟုတ်ပေ။ သူမ တော်၀င်မြို့စားအိမ်တော် သို့ အမြန်ပြန်ကာ လုလျန့်ဝေ မြို့တော် ဆင်ခြေဖုံးဘက်ထွက်သွားသည့်အကြောင်း ကို လုဟယ့်ထျန်းကိုပြောပြလိုက်သည်။

လုဟယ့်ထျန်း အခုမှပြန်ရောက်ခါစရှိသေး သည် လုလျန့်ဝေ သခင်မလင်းဟုခေါ်သည့်လူ နှင့် ထွက်သွားသည့်သတင်းကိုကြားလိုက် ရတော့ သူအမြန်ပြေးထွက်လာရပြန်သည်။

“ဒါက နင်သခင်မလေးကို ဂရုစိုက်တယ်ဆို တာလား။ သူစိမ်းတစ်ယောက်ကတောင် သူ့ကိုအပြင်ခေါ်သွားတယ်ပေါ့။ နင်ဘယ်နေရာ အသုံး၀င်သေးလဲ။”

ကျူးယွီဒူးထောက်ချလိုက်ကာ ငိုကြွေးနေမိ တော့သည်။

သခင်မလင်းက သခင်မလေးကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာနဲ့ပဲ သူဘယ်လိုလုပ် သတိလက်လွတ်ဖြစ်မိသွား ရတာလဲ။

မြို့စားကတော်ဟောင်းကြီးမှာလည်း အလွန်စိတ်ပူ နေပေမယ့် စဉ်းစားချင့်ချိန်နိုင်ဆဲဖြစ်ကာ တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်ဖြင့် လုဟယ့်ထျန်းကို ပြောလိုက်သည်။

“အခုမှလန့်နေလို့ ဘာမှမထူးဘူး။ အရေးကြီးတာက အခုချက်ချင်း လူလွှတ်ပြီး ကလေးကိုလိုက်ရှာရမယ်။ ငါတို့ထင်သလို ဆိုးရွားတာမျိုးမဟုတ်တာလဲ ဖြစ်နိုင်တယ်”

သူမစကားတွေနှင့်ကွဲလွဲစွာ သူမလက်ထဲတွင် တော့ ပုတီးကိုင်လျက် စိပ်နေမိသည်။

ဝေဝေ ဘာမှဖြစ်လို့မဖြစ်ဘူး။

လုဟယ့်ထျန်း အသိစိတ်ကိုပြန်လည်စုစည်း လိုက်ကာ အိမ်တော်ရှိ ‌အစောင့်တွေကိုခေါ် ပြီး ရှာရန်ထွက်သွားတော့သည်။

သူမြင်းပေါ်မတက်ရသေးခင် မြို့စားကတော်ဟောင်းကြီးမှ အလျင်စလို သတိပေးလာ၏။

“ဝေဝေပျောက်နေတယ်ဆို တဲ့ သတင်းမပြန့်စေနဲ့နော်။ အရင်ဆုံး ဘာမှ မပြောသေးပဲ တိတ်တဆိတ်ရှာကြည့်ရ အောင်”

မိန်းကလေးတစ်ယောက်ရဲ့ဂုဏ်သတင်းက အရာအားလုံးထက် အရေးကြီးသည်။ အဲ့တာ အပြင် ဝေဝေက မကြာခင်လက်ထပ်ရတော့ မည်ဖြစ်ကာ သူမပျောက်နေသည့်သတင်း သာ ပြန့်သွားပါလျှင် ဘာမှမဖြစ်ခဲ့လျှင်တောင် သူမဂုဏ်သတင်း တော့ ထိခိုက်သွားလိမ့်မည်။

လုဟယ့်ထျန်း စိတ်ဖိစီးနေသော်လည်း သူသည်လည်း စဉ်းစားချင့်ချိန်တတ်သော လူတစ်ယောက်ဖြစ်တာကြောင့် ထိုအရာကို နားလည်လေသည်။

သူ၏ချောမောသည့်မျက်နှာမှာ မဲမှောင်နေပြီး သဘောတူကြောင်း အတိုချုံးပြန်ဖြေလိုက် ကာ မြို့တော်ထဲမှ အလျင်စလိုထွက်လာ လိုက်သည်။

သူတို့အဝေးသို့‌တိုး၀င်ပျောက်ကွယ်သွား သည်ကိုကြည့်ရင်း မြို့စားကတော်ဟောင်းစိတ်အေး သွားကာ ကျူးယွီအားပြောလိုက်သည်။

“ငိုမနေပဲထတော့။ အဲ့သခင်မလင်းဆိုတဲ့သူ ဘယ်ကရောက်လာတာလဲဆိုတာ ငါ့ကို ပြောပြ။ ဘာလို့ဝေဝေက သူ့ကို အဲ့လောက် ယုံနေရတာလဲ။”

ကျူးယွီမျက်ရည်တွေကို သုတ်လိုက်ကာ ကပျာကယာထရပ်လိုက်ရင်း သခင်မလင်း အကြောင်းရှင်းပြလိုက်သည်။

“... ကျွန်မကြားတာတော့ သူ့ခင်ပွန်း ဆုံးပါး သွားတာ နှစ်အတော်ကြာနေပြီတဲ့။ သူ့သမီး မွေးပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် အခွဲခံလိုက်ရတာကြောင့် သခင်မလေးကို မြင်တော့ သူ့သမီးလေးကိုတွေ့ရသလို ခံစားရလို့တဲ့။ ပြီးတော့ သခင်မလင်း သခင်မလေးကိုကြည့်တဲ့အကြည့်ကအစ အရမ်းနူးညံ့တော့ သခင်မလေးကို အန္တရာယ် ပေးလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူက ဆေးပညာမှာလည်း‌ တော်ပေမယ့် မိန်းကလေးဆိုတော့ သူ့ပညာကို အသုံးချနိုင် တဲ့နေရာမရှိဘူးဖြစ်နေတာ။ အဲ့အချိန်မှာ ဆေးဆိုင်ဖွင့်ထားပြီး သမားတော်ငှါးတဲ့ ကြေညာစာကိုတွေ့တော့ သူအလုပ်လာ လျှောက်ခဲ့တာ”

“သူ့ကိုစစ်ဆေးပြီးသွားတော့ သခင်မလေးလဲ အလုပ်ခန့်ဖို့ဆုံးဖြတ်ခဲ့လိုက်တာ။ သခင်မလေးရဲ့စီးပွားရေးကလည်း သခင်မလင်း ကြောင့်ပဲ တိုးတက်လာခဲ့တာ။ ဒါပေမယ့် ဒီနေ့ ရုတ်တရက်ကြီး သခင်‌မလေးကို အရေးတကြီးပြောစရာရှိတယ်ဆိုတော့ သခင်မလေးထွက်သွားတာ။ သခင်မလင်း သခင်မလေးကို မြို့တော်ထဲကနေ ခေါ်ထုတ် သွားမယ်လို့ ကျူးယွီမထင်ခဲ့မိဘူး..”

သခင်မလေးအဆင်ပြေဖို့ ဆုတောင်းရုံသာ ရှိတော့သည်။ မဟုတ်လျှင် သူမသေရင် တောင် ထိုအပြစ်ကျေမှာမဟုတ်ပေ။

သူမပြောတာကိုကြားပြီးနောက် မြို့စား ကတော်ဟောင်းကြီးမျက်မှောင်ကြုတ်သွားကာ စိုးရိမ်တကြီးမေးလာသည်။

“သခင်မလင်း အသက်ကဘယ်လောက်ရှိပြီလဲ။ ပြီးတော့ ဘယ်လိုပုံစံရှိလဲ။”

Chapter 495: လုံယန်၏သောက

သခင်မလင်း၏ပုံပန်းသဏ္ဍာန်ကို ပြန်စဉ်းစားရင်း ကျူးယွီပြန်ဖြေလိုက်သည်။

“သခင်မလင်းက အမြဲပုဝါအုပ်ထားတာ။ အဲ့တာကြောင့် အသက်ဘယ်လောက်ရှိပြီလဲ တော့ မသိဘူး။ ဒါပေမယ့် ပုံစံက သခင်မလေးလို သွယ်သွယ်လေးပဲ။ အရပ်လည်း အတူတူလောက်ပဲ”

မြို့စားကတော်ဟောင်းကြီး ခဏတာမျှ ကြောင်သွား ကာ ကျူးယွီအား မျက်နှာထားတင်းတင်းဖြင့် ကြည့်လာသည်။

“သူ့မျက်နှာမှာ ပုဝါအုပ်ထား ပြီး နင့်မမလေးနဲ့ပုံစံတူပဲဆိုတော့ ဆေးပညာ မှာရော တော်တာလား။”

“ဟုတ်ကဲ့”

ကျူးယွီ စိတ်တထင့်ထင့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

မြို့စားကတော်ဟောင်းကြီး အန်တီလန်ကို ကြည့်ကာ ပါးစပ်ဟလာပေမယ့် ဘာမှတော့ ပြောမလာပေ။

သူမဘာပြောချင်နေသလဲဆိုတာ အန်တီလန် သိပေမယ့် ထိုအရာမှာ သူမ၏ထင်ကြေးသာ ဖြစ်ပြီး ထိုသခင်မလင်းဆိုသူကို သူမမျက်လုံး နှင့် တပ်အပ်မြင်မှသာ သူမ ယုံနိုင်မည် ဖြစ်သည်။

“မြို့တော်ဆင်ခြေဖုံးက လူတစ်ယောက်ကို ရှာဖိုပ အရမ်းကြီးလွန်းတယ်။ ဧကရာဇ်ကို အမြန်သတင်းပို့ဖို့ပြင်”

အရိပ်ကိုယ်ရံတော်မီးရှုးမီးပန်း ပစ်လွှတ်လိုက်ကတည်းက သူသိခဲ့တာဖြစ် သည်။

ထိုအရိပ်ကိုယ်ရံတော်တွေမှာ လုလျန့်ဝေကို ကာကွယ်ရန် သူအထူးစေလွှတ်ထားတာ ဖြစ်ပြီး မီးပန်းပစ်လွှတ်လိုက်ခြင်းဟာ ဝေဝေ အန္တရာယ်ကျနေပြီဟု ဆိုလိုတာဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးရာကိစ္စအားလုံးကို လွှင့်ပစ်ကာ ချူကျီနဲ့ ချူယိတို့ကိုခေါ်၍ မြို့တော် ဆင်ခြေဖုံးသို့ တစ်ဟုန်ထိုးပြေးလာခဲ့သည်။

လုံယန်၏နက်ရှိုင်းသောအသံမှာ ပေါက်ကွဲထွက်လာကာ ပတ်ပတ်လည်ကို အေးစက်ပြီးဖောက်ထွင်းနိုင်သည့်အကြည့် ဖြင့် ကြည့်လိုက်ပေမယ့် လုလျန့်ဝေ၏ အရိပ်အယောင်ကိုမမြင်တော့ သူ့နှလုံးသား ချက်ချင်းနစ်မြုပ်သွားရသည်။

ချူကျူလည်း ပြန်နိုးလာပြီဖြစ်ကာ အရိပ် ကိုယ်ရံတော်များ၏ အကူအညီဖြင့် အရှေ့တက်လာကာ ဒူးထောက်ချလိုက် သည်။ သူမမျက်နှာထက်တွင်လည်း သွေးများဖြင့်ပေကျံနေ၏။

“သခင်၊ သခင်မလေးက ပြန်ပေးဆွဲခံလိုက်ရတာပါ။ သူမကိုမကာကွယ်နိုင်တဲ့အတွက် ကျွန်မကို အပြစ်ပေးတော်မူပါ”

သူမစကားကိုကြားပြီးနောက် လုံယန်၏ မျက်လုံးမှာ ကြမ်းတမ်းလာကာ

ထိုအချိန်က ချူကျူ သတိမေ့နေတာကြောင့် သခင်မလင်း လုလျန့်ဝေကို ဘယ်ဘက်ခေါ် သွားသလဲဆိုတာ သူမ မသိလိုက်တာကြောင့်

“ခေါ်သွားတာက သခင်မလင်းပါ။ သူမက ဆေးဆိုင်မှာအလုပ်လုပ်ပါတယ်”

အခြားအရိပ်ကိုယ်ရံတော်တစ်ယောက်က လည်း ချက်ချင်းထပ်ပေါင်းပြောလာသည်။

‌ထို့နောက် စကားတစ်ခွန်းမှမပြောတော့ပဲ မြင်းဇက်ကြိုးကိုဆွဲကာ အရိပ်ကိုယ်ရံတော် ညွှန်ပြသည့်ဘက်ကို ထွက်လာလိုက်သည်။

ချူယိနှင့်ချူကျီတို့ သူ့ကိုတားဆီးလိုက်ချင် ပေမယ့် သူထွက်သွားပြီဖြစ်သည်ကို မြင်လိုက်ရတော့ ဒဏ်ရာရမထားသည့် အရိပ် ကိုယ်ရံတော်တွေကို ခေါ်ကာ နောက်မှ အမြန် ပြေးလိုက်ရတော့သည်။

သိပ်မကြာခင်မှာပဲ လုဟယ့်ထျန်းလည်း ထိုနေရာသို့ သူ့လူတွေနှင့်အတူ ရောက်လာ လေသည်။ ချူကျူအား အခြေအနေ မေးမြန်းပြီးသည်နှင့် သူလည်း အရှေ့ဘက် သို့ ထွက်လာလိုက်သည်။

ချူကျူ မေ့ဆေးထိုးခံထားရတာကြောင့် အရိပ်ကိုယ်ရံတော်တွေ သူမကို ရေဖြင့်ပက် နှိုးခဲ့တာဖြစ်ရာ သူမခန္ဓာကိုယ်ထက်၌ မေ့ဆေး လက်ကျန်များကျန်ရှိနေသေးခြင်း ကြောင့် အားနည်းသလိုဖြစ်နေဆဲပင်။

သူမမျက်စိရှေ့မှာတင် လုလျန့်ဝေ ပြန်ပေးဆွဲ ခံလိုက်ရတာဖြစ်သောကြောင့် သူမကိုယ်ကို အပြစ်ရှိစိတ်ခံစားနေရသည်။

လုထင်ချန်းရောက်လာကာ သူမကို မြင်တော့ သူမဓားဆွဲထုတ်ကာ လက်မောင်းကအဝတ်ကို လှီးနေတာဖြစ်သည်။ ထို့နောက် ဒဏ်ရာကို ခပ်တင်းတင်းချည်လိုက်ရင်း မြင်းပေါ်တက်လိုက်သည်။

လုထင်ချန်း မျက်မှောင်ကြုတ်လိုက်မိပေမယ့် ဝေဝေက ပြန်ပေးဆွဲခံလိုက်ရသည်ဖြစ်ရာ သူ့မှာ တခြားသူတွေကို ဂရုစိုက်နေဖို့ အချိန် မရှိပေ။ ထို့ကြောင့် ဘာမှမပြောတော့ပဲ ချူကျူနှင့်အတူ အရှေ့အရပ်သို့ မြင်းကို နှင်လာလိုက်သည်။

ထိပ်ဆုံးမှမောင်းနှင်နေသူ၏မျက်နှာထက်၌ မဲမှောင်နေသောအမူအရာရှိနေပြီး သူ့နှုတ်ခမ်းတွေဟာ တင်းကျပ်စွာ စေ့ပိတ် ထားကာ သူ့မျက်လုံးထဲ၌ ပြင်းထန်သော မိုးကြိုးမုန်တိုင်း တိုက်ခတ်နေသည်။

သူ့နောက်‌တွင်တော့ ချူယိနှင့်ချူကျီတို့ အရိပ် ကိုယ်ရံတော်များကို ဦးဆောင်ကာ အနီးကပ် လိုက်ပါလာလေသည်။ မြင်းကို အရှိန်အပြင်း ဆုံး‌နှင်နေသော လူကိုကြည့်ကာ သူတို့နှစ်ဦး စိုးရိမ်လာရသည်။

သူတို့သခင်မလင်းကို အချိန်မီအမီလိုက်နိုင်ပါ စေဟုသာ ဆုတောင်းရတော့မည်။

အရှင် သခင်မလေးလုနဲ့သူ့ရဲ့ မင်္ဂလာပွဲကို အလွန်မျှော်လင့်ထားတာဖြစ်သည်။

သို့သော် ဤမျှ အရေးကြီးသည့် အခြေအနေ မှာ သခင်မလေးလုက ပြန်ပေးဆွဲခံလိုက်ရ သည်။ အရှင်ဘယ်လောက်ဒေါသထွက်နေ မလဲဆိုတာ သူတို့စိတ်ကူးကြည့်နိုင်သည်။

ဒုတိယသခင်မလေးလု အန္တရာယ်ကင်းဖို့သာ သူတို့ဆုတောင်းနိုင်တော့သည်။

“အမြန်သွား”

(T/N - မြင်းကိုပြောနေတာပါနော်)

Chapter 496: လုံယန် vs ဝေဝေ အမေ

ရထားလုံးဟာ ချိုင့်ပေါသောလမ်းတစ် လျှောက် တစ်ဟုန်ထိုးမောင်းနှင်သွားသည်။

လုလျန့်ဝေ နောက်တစ်နေ့မနက်မှ အသိ၀င်လာ၏။

သူမနိုးလာချိန်၌ ရထားလုံးလည်း ရပ်တန့် သွားပြီဖြစ်သည်။ သူမ၏လေးလံနေသည့် ဦးခေါင်းကိုပွတ်သပ်ရင်း ထထိုင်လိုက်ရာ ရင်းနှီးနေသောအမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။

“ရှင်ကဘယ်သူလဲ။ ဘာလို့ကျွန်မလမ်းကို ပိတ်ထားရတာလဲ။”

လုလျန့်ဝေမျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအသံက သခင်မလင်း၏အသံပေ။

သူမနဖူးကိုနှိပ်နယ်ရင်း သူမ သွေးလွှတ်ကြော အပိတ်မခံရခင် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြန်စဉ်းစားလိုက်သည်။

ထိုအချိန်က သခင်မလင်း၏ထူးခြားနေသော အမူအရာကို သူမသတိထားကာ မေ့ဆေးရနံ့ ရလိုက်ပြီး ‌ဘာတွေဖြစ်နေသလဲဆိုတာကို သတိထားမိသွားတော့ သခင်မလင်း သူမသွေးကြောကိုပိတ်လိုက်ကာ သတိမေ့ သွားအောင်လုပ်ခဲ့တာဖြစ်သည်။

သို့သော် ယခုထိတိုင်အောင် သခင်မလင်း သူမကို ပြန်ပေးဆွဲခဲ့သည်ဆိုတာကို မယုံကြည်နိုင်သေးပေ။

ဒီမတိုင်ခင်က သခင်မလင်းမှာ ပြန်ပေးဆွဲနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိခဲ့တာကို ဘာလို့ သူမမင်္ဂလာပွဲနီးမှ ပြန်ပေးဆွဲရတာလဲ။

သူမနှလုံးသားထဲ၌ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

လုံယန်နှင့်အဖွဲ့ တစ်ညလုံးမအိပ်မနေခရီးနှင် လာပြီးနောက် သခင်မလင်း၏ရထားလုံးကို လိုက်မီခဲ့သည်။

သူတို့ သခင်မလင်း၏ရထားလုံးကို အမြန်ကျော်တက်ကာ ရှေ့၌ပိတ်ရပ်လိုက်၏။

နှစ်ဦးနှစ်ဖက် တစ်ယောက်ကို‌တစ်ယောက် စိုက်ကြည့်နေကြသည်။

သခင်မလင်း၏စကားဆုံးပြီးနောက် လုံယန်၏ နှုတ်ခမ်းပါးထက်၌ အေးစက်ကာ ရက်စက် သည့်အပြုံးတစ်ပွင့်ပေါ်ပေါက်လာလေသည်။ သူ့အသံဟာခြိမ်းခြောက်မှုအပြည့်ဖြစ်နေပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ပြောလာသည်။

“မင်းမသေချင်သေးရင် အခုချက်ချင်း သူမကို ဒီကိုလွှဲလိုက်။”

ထိုသည်ကိုမြင်သော် သခင်မလင်း သူ့အား ခေါင်းစခြေအဆုံးကြည့်လိုက်မိသည်။

သူမနှင့်ဆန့်ကျင်ဘက်တွင်ရပ်နေသောလူမှာ နှင်းများဖြင့်စိုစွတ်နေပြီး – တစ်ညလုံး မအိပ်မနေခရီးနှင်လာခဲ့ပုံပေါ်သည်။

အရိုးထဲထိအောင်အေးခဲနေပါသော်လည်း သူ၏တော်၀င်ဆန်သောအရှိန်အဝါမှာ အနည်းငယ်ပင် မလျော့ပါးသွားချေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏မျက်၀န်းထဲ၌ ဖုံးကွယ်မရသော သတ်ဖြတ်လိုစိတ်တွေကို အတိုင်းသားမြင်နေရသည်။

သခင်မလင်းရပ်တန့်သွားကာ သူ၏ သာမန်ထက်ထူးခြားသော ချောမောသည့် ရုပ်ရည်ကြောင့် သူ၏သရုပ်မှန်ကို သူမ ခန့်မှန်းမိလိုက်သည်။

သူမငယ်ငယ်တုန်းက ထိုလူကို တစ်ကြိမ် တွေ့ဖူးသည်။ ထိုအချိန်တုန်းက အခုလက်ရှိ နှင့်ကွာခြားစွာ အလွန်ငယ်သေးသည်။

အခုတောင် သူ့အသက်သုံးဆယ်လောက် ရှိပြီထင်သည်။ သူ့ရုပ်ရည်ကငယ်ရွယ်နေ သော်လည်း အသက်ကတော့မငယ်တော့ပေ။ ဒါပေမယ့် မိန်းမငယ်လေးတစ်ယောက်ကို လိုက်ရဲတဲ့အထိ ရိုင်းစိုင်းအတင့်ရဲတဲ့ အပြုအမူကိုတော့ လုပ်ဝံ့သေးသည်။ သူတခြားဘယ်သူ့ကိုလိုက်လိုက် သူမကိစ္စ မဟုတ်ပေမယ့် အဲ့တာကသူ့သမီးဆိုလျှင် တော့ သူမ လက်မခံနိုင်ပေ။

နိုင်ငံ့အရေးကိစ္စတွေနဲ့ အချိန်ကုန်မနေပဲနဲ့။ သူမဓားကိုဆွဲကာ သူ့ထံဦးတည်လိုက်သည်။

ချူယိ အော်လိုက်မိသည်။ ရွံစရာကောင်းတဲ့စုန်းမ ‌တစ်ယောက် ဒုတိယသခင်မလေးလုကို ပြန်ပေးဆွဲသွားတာပဲ ကျေးဇူးတင်ရမည်။ သူတို့အလွန်စိတ်ပူခဲ့ရကာ သခင်လဲ စိတ်ဖိစီး နေခဲ့တာပင်။

ထို့ကြောင့် သူဓားကိုဆွဲကိုင်ကာ သူမထံ ခုန်၀င်လိုက်သည်။

“ဒုတိယသခင်မလေးကို လိမ်လိမ်မာမာနဲ့ပြန်လွှဲပေးလိုက်ပါ။ အဲ့တာဆို ငါ့သခင်က မင်းအသက်ကိုတော့ ချမ်းသာပေးလိမ့်မယ်။”

ရထားလုံးထက်၌ထိုင်နေသည့် အနက်ရောင် ၀တ်လူ ထရပ်ကာဖြတ်ပြောရင်း သူ့ဓားရှည် ကိုဆွဲလျက် ရှေ့တက်လာလိုက်သည်။

သူတို့၏လက်နက်နှစ်ခုထိခတ်သွားကာ နားကွဲစေလောက်သည့်အသံထွက်ပေါ်လာ သည်။

ချူကျီလည်း သူ့ဓားကိုကိုင်ဆွဲရင်း သခင်မလင်း ထံ ဦးတည်လိုက်သည်။

သခင်မလင်း ချူကျီနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက် သူမ၏အထင်သေးသော အမူအရာမှေးမှိန်လာကာ သူမ တိတ်တဆိတ် မှင်သက်သွားရသည်။

လုံယန် မြင်းပေါ်၌သာ ထိုင်နေဆဲဖြစ်ကာ သူ့မျက်လုံးတွေဟာ ရထားလုံးထံ၌သာ ကျောက်ချထားသည်။ ချူကျီ သခင်မလင်းကို အဝေးသို့မြှားခေါ်သွားသည်ကိုမြင်တော့ သူ ရထားလုံးပေါ် အမြန်ခုန်တက်လိုက်သည်။

သို့သော် ထိုအချိန်တွင် သခင်မလင်း ချူကျီကို လက်ဝါးဖြင်တစ်ချက်ရိုက်ထုတ်လိုက်ကာ အမြန်ပြန်လှည့်လာပြီး ရထားလုံးကို ပိတ်ရပ် လိုက်ကာ ဓားကိုလွှဲယမ်းရင်း လုံယန့်ထံ ဦးတည်လိုက်သည်။

“မင်းသူမကိုခေါ်သွားချင်ရင် ငါ့ဓားကို အရင်ကျော်ဖြတ်ရမယ်”

“မင်းကလည်း မငယ်တော့ဘူးလေ။ ဒီလောက်ငယ်တဲ့ကလေးတစ်ယောက်ကို ခေါ်သွားချင်နေတာ ဘယ်လိုတောင် အရေထူ ရတာလဲ။ အကြံတစ်ခုပေးမယ်။ မင်းအဲ့အတွေးကို လက်လျှော့လိုက်ရင် ငါအတိတ်ကကိစ္စတွေကို အကုန်မေ့ပစ်ပေး မယ်… မဟုတ်ရင်တော့ မင်းလဲဒီနေ့ ဒီနေရာမှာ သေရလိမ့်မယ်။”

All Chapters