← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 10 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 10 Ch. 497-498

Chapter 497: လုံယန်ရဲ့ နှုတ်ခမ်း တွေ ခပ်တင်းတင်းစေ့ထားပြီး မပျော်ရွှင်တာကို ဖုံးကွယ်ထားတယ်

လုံယန် လုလျန့်ဝေ ပြန်ပေးဆွဲခံလိုက်ရသည် ဟု သိလိုက်ရချိန်၌ သူအလွန်ဒေါသထွက်ကာ စိတ်ပူသွားရသည်။ သူမကို ပြန်ပေးဆွဲတဲ့ ဘယ်သူ့ကိုမဆို သူအပိုင်းပိုင်းခုတ်ထစ်ပစ်မှာ ပင်။

သို့သော် သခင်မလင်းက ထိုသို့လာပြောနေသောကြောင့် လုံယန့်မျက်လုံးထံမှ သတ်ဖြတ်လို စိတ်တွေ ပိုမိုလောင်ကျွမ်းလာရသည်။ သူ့ခါးထက်မှ ဓားရှည်ဟာ ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရကာ သခင်မလင်း၏ခေါင်းကို ဖြတ်ပစ်ရန် အင်အားအပြည့်နှင့် ဦးတည်လာလေ သည်။

သခင်မလင်း အလွန်အမင်းအန္တရာယ်ရှိနေပြီ ဖြစ်ကြောင်း အချိန်မီ သတိထားမိလိုက် သည်။

သူမရပ်နေသည်နေရာမှ အမြန်ဖယ်ရှားလိုက် ကာ ထိုကပ်ဘေးမှ ကပ်သီလေး ရှောင်လွှဲ လိုက်နိုင်သည်။

သို့သော် သူမတုံ့ပြန်မှုကမြန်သည်မှာ မှန်သော်လည်း သူမ၀တ်စုံ၏ထောင့်စွန်း၌ အကြီးကြီးပြဲသွားလေသည်။

သခင်မလင်း ‌ဒေါသထွက်သွားကာ သူမလက်ထဲ မှ ထက်ရှသောဓားဖြင့် အရှေ့သို့တစ်ဟုန်ထိုး တက်ကာ လုံယန်၏နှလုံးကိုထိုးဖောက်ပြီး ဤနေရာမှာတင် သူ့ဘ၀ကိုအဆုံးသတ်ပေး ရန် ပြင်လိုက်သည်။

လုလျန့်ဝေ ရထားလုံးအပြင်ဘက်မှ တိုက်ခိုက်နေသံတွေကိုကြားနေရကာ သူမ မျက်နှာထက်ရှ်ိ မျက်မှောင်ကြုတ်ထားမှုက ပိုလို့ပင် တင်းကျပ်လာသည်။

အစောက သူမ လုံယန်၏အသံကို ကြားလိုက် ရသည်။ သူမအတွက်နဲ့ သူကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ…

သူမနှလုံးသားထဲ၌ ခံစားချက်တွေ ရှုပ်ထွေး နေပေမယ့် တစ်ချိန်ထဲမှာပဲ‌ နွေးထွေးမှုကို လည်း ခံစားလိုက်ရသည်။

ရထားလုံးအပြင်ဘက်ရှိတိုက်ပွဲမှာ အလွန် ပြင်းထန်နေသည်ဖြစ်ရာ လိုက်ကာစကို ပင့်တင်ရင်း သူမအပြင်ကိုထွက်လာလိုက် သည်။ သူမမျက်စိရှေ့၌ တိုက်ခိုက်နေသည် ကိုမြင်တော့ သူမအော်ချလိုက်တော့သည်။

ချူယိ ပျော်ရွှင်စွာ ခေါ်လိုက်ကာ သူ့ရှေ့ရှိအနက်ရောင်၀တ်လူကို ဓားဖြင့်ရိုက်လိုက်ရင်း ရထားလုံးအပေါက်၀၌ ရှိနေသည့် လုလျန့်ဝေထံ ပြေးလာလိုက်သည်။

သိပ်မဝေးသည့်တစ်နေရာတွင် သခင်မလင်းနှင့် တိုက်ပွဲ၀င်နေသည့် လုံယန်လည်း သူမအား တစ်ချက်လှည့်ကြည့်လာသည်။ ထို့နောက် သခင်မလင်းကို ကန်ထုတ်လိုက်ကာ ရထားလုံး ထံ အပြေးသွားလိုက်သည်။

လုံယန်ဟာတော့ နောက်ပင်ပြန်လှည့်မကြည့်ပဲ ၀တ်ရုံလက်ကိုသာ ခါယမ်းလိုက်ရာ ပြင်းထန် သည့်လေအားမှာ သခင်မလင်း၏ဦးတည်ရာ အတိုင်း ရိုက်ခတ်လာသည်။

ထိုအချိန်မှာပဲ မြင်းခွာသံကြားလိုက်ရကာ လုဟဲထျန်းလည်း သူ့လူတွေနှင့်အတူ ရောက်လာသည်။

လုလျန့်ဝေ သခင်မလင်းထံမှ ပြန်ပေးဆွဲခံလိုက် ရသော်လည်း သခင်မလင်း တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားချိန်၌ သူမ သူ့ကိုစိုးရိမ်မိသွား ရသည်။ အထူးသဖြင့် အနက်ရောင်၀တ်လူ သူမနာမည်ကို အော်ခေါ်လိုက်ချိန်ပင်။ သူမ သခင်မလင်း ဘာမှမဖြစ်စေဖို့သာ ဆုတောင်းမိ သည်။

သူ့အဖေ သခင်မလင်းကိုဖမ်းလိုက်သည်ကို မြင်မှသာ သူမ စိတ်အေးသွားရတော့သည်။ ထို့နောက် လုံယန်၏လက်ကိုဆွဲကာ တိုက်တွန်း လိုက်သည်။

သူမျက်မှောင်ကြုတ်သွားရကာ အနည်းငယ် လည်း စိတ်မကောင်းဖြစ်သွားရသည်။ ဒီလို ဖြစ်လာမယ်မှန်းသိရင် အစောထဲက သခင်မလင်းကို သူသတ်ပစ်ခဲ့ပါတယ်။

ထိုလူက ဝေဝေအပေါ် အန္တရာယ်ပေးလိုစိတ် မရှိမှန်းသိတာကြောင့် သူမကိုလွတ်ပေးလိုက် သည်။ အဲ့တာအပြင် ဘာကြောင့်ဝေဝေကို ပြန်ပေးဆွဲရသလဲဆိုသည့် အကြောင်းအရင်း ကိုမေးရဦးမည်။

အခု သူမကဝေဝေရဲ့အာရုံတွေကို သိမ်းပိုက် သွားပြန်တော့ သူ့ကိုပိုလို့ပင် မပျော်မရွှင် ဖြစ်သွားစေသည်။

သူထိုသို့ပြန်ဖြေလိုက်ကာ သူမ ခါးကိုဖက်ရင်း မြင်းပေါ်တက်လိုက်သည်။

လုလျန့်ဝေမှာ သတိပေးမှုမရှိပဲ ရုတ်တရက် ကြီး သူ့လက်မောင်းထဲဆွဲခေါ်ခံလိုက်ရတာ ကြောင့် ခဏတာကြောင်အသွားတော့သည်။ သို့သော် သူမအခုသခင်မလင်းကို ပိုစိတ်ပူနေ သဖြင့် ထိုအကြောင်းကို လျစ်လျူရှု ထားလိုက်သည်။ ထိုအစား သူ့ကိုပင် တိုက်တွန်းလိုက်သေးသည်။

လုံယန် အနည်းငယ်ဒေါသထွက်သွားရကာ သူမခါးတစ်ဝိုက်ရှိ သူ့လက်ကို ပိုလို့ တင်းကျပ်လိုက်သည် …

Chapter 498: သူ့အင်္ကျီ အရှေ့ခြမ်း ကို အနီရောင်ခြယ်လိုက်တယ်

လုဟယ့်ထျန်း၏လှုပ်ရှားမှုမှာ ဖျတ်လတ် နေဆဲဖြစ်ကာ သခင်မလင်းကို ဖမ်းပြီးနောက် မြင်းပေါ်၌ အနောက်သို့ အနည်းငယ်ဆုတ်ကာ ထိုင်လိုက်သည်။

“ဝေဝေ, သမီး…”

သူခေါင်းငုံ့လိုက်ကာ သူ့သမီး၏အခြေအနေကို စစ်ဆေးကြည့် လိုက်ပေမယ့် သူ့စကားပင်မဆုံးသေးခင်မှာ ပါးတစ်ချက်ရိုက်ခံလိုက်ရသည်။

လုဟယ့်ထျန်း ပါးပြင်ထက်မှ နာကျင်မှုကြောင့် ထိတ်လန့်သွားရသည်။

နောက်တော့သူသိလိုက်ရတာက သူကြည့်နေ သည့်သူမှာ အေးစက်သောအကြည့်တစ်စုံဖြင့် အမျိုးသမီးတစ်ဦးဖြစ်နေတာကိုပင်။

သူချက်ချင်းပင် ကြောင်အသွားရသည်။

ဒီမျက်၀န်းတစ်စုံကို အရမ်းရင်းနှီးနေတယ်။

သူ သူမကိုညင်သာစွာထိရန်ပြင် လိုက်ပေမယ့် သခင်မလင်း သူ့ရင်ဘတ်ကို လက်ဖြင့်ထုရိုက်လာသည်။

လုဟယ့်ထျန်းလည်း ထိုသို့ရိုက်လာလိမ့်မည် ဟု မထင်ထားခဲ့ပေ။ သခင်မလင်း အတွင်းအား ထည့်ကာ ရိုက်နေတာကြောင့် လုဟယ့်ထျန်း အားသွေးအန်သည်အထိ ဖြစ်သွားစေခဲ့သည်။

သခင်မလင်း သူ့ရှေ့ရှိရင်းနှီးနေသောမျက်နှာကို မြင်တော့ ဒေါသထွက်လာရသည်။ သူမ မျက်လုံးထဲမှ အဆိပ်တွေထွက်လာကာ သူ့အား အပိုင်းပိုင်းကိုက်ဖြတ်ပစ်ချင်နေဟန် ဖြင့်

ထို့နောက် အသက်ပြင်းပြင်းရှူကာ ထိုလူ့နှလုံး အား ဓားဖြင့်ထိုးစိုက်ချင်စိတ်ကို ထိန်းလိုက် သည်။

ထိုသို့ဆိုလျှင်တောင် သူမ သူ့ကိုထပ်မကြည့် တော့ပေ။ ဘာတွေဖြစ်သွားသလဲဆိုတာကို လုဟယ့်ထျန်း သတိပြုမိချိန်၌ သူမ မြင်းပေါ်မှ ဆင်းသွားပြီဖြစ်သည်။

သူမစကားတွေကိုနားထောင်ပြီးနောက် လုဟယ့်ထျန်း မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူထိုနေရာ၌သာ ထိုင်နေကာ တောင့်ခဲနေလျက် အတွေးထဲ၌ နစ်မြုပ်နေတော့သည်။

၀မ်ဟေး သူ့သခင်မြို့စားကြီး သူစိမ်းမိန်းကလေးတစ်ယောက်ထံမှ ပါးရိုက်ခံလိုက်ရကာ ဝိဉာဉ်လွင့်သွားသည့် ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေသည်ကိုမြင်တော့ သူအမြန်ရှေ့တက် ကာ စိုးရိမ်တကြီးခေါ်လိုက်မိသည်။

“မြို့စားကြီး။”

လုဟယ့်ထျန်း ချက်ချင်းအသိပြန်၀င်လာကာ ထွက်သွားရန်ပြင်နေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ သို့သော် ရုတ်တရက် မြင်းကိုရှေ့သို့မောင်းနှင်လိုက်ကာ ထိုအမျိုး သမီးအား မြင်းပေါ်သို့ ပြန်ဆွဲတင်လိုက်သည်။

လုဟယ့်ထျန်း သူ့လက်မောင်းထဲ၌ ရုန်းကန် နေသည့်အမျိုးသမီးကိုကြည့်လိုက်ကာ တုန်ယင်နေသည့်လက်အစုံဖြင့် သူမမျက်နှာ ထက်က ပုဝါကိုဆွဲဖြုတ်ရန်ပြင်လိုက်သည်။

သခင်မလင်းမှာ မမျှော်လင့်ပဲ မြင်းပေါ်သို့ ပြန်ဆွဲတင်ခံလိုကရသည်။ ထိုလူ သူမ မျက်နှာထက်မှ ပုဝါကိုဆွဲချွတ်ရန်ပြင်နေ သည်ကိုမြင်တော့ သူမစိတ်တိုသွားကာ

“လူယုတ်မာကောင်။ နင့်ရဲ့ညစ်ပတ်တဲ့လက် တွေနဲ့ ငါ့ကိုထိရဲသေးတယ်ပေါ့။”

သူမမျက်လုံးထဲရှိအမုန်းတရားတွေဟာ ချွန်ထက်သည့်ရေခဲပန်းဆွဲများနှင့်တူကာ လုဟယ့်ထျန်း၏နှလုံးသားအား ထိုးစိုက်လာ သည်။ ထိုအရာဟာအေးစက်ကာ မချိတင်ကဲ ဖြစ်စေသည်။

“လီဟွား…”

သူမျက်မှောင်ကြုတ်လိုက်မိ သည်။ သူ့မျက်လုံးတွေဟာတော့ မှိန်ဖျော့နေ ပြီး သူ့လက်တွေလဲအေးခဲသွားရကာ အဆုံး၌ သူတစ်လက်မပင် မလှုပ်ရှားရဲတော့ပေ။

သခင်မလင်း ရုတ်တရက် ဓားမြှောင်တစ်ချောင်း ဆွဲထုတ်ကာ သူ့ရင်ဘတ်ကိုထိုးစိုက်လိုက် သည်။

“သေလိုက်တော့။”

လုဟယ့်ထျန်းဟာတော့ တစ်ချက်မှတွန့်မသွားပဲ ထိုနေရာ၌သာ ထိုင်နေမြဲဖြစ်သည်။ လှုပ်လဲမလှုပ်သလို ရှောင်လဲမရှောင်ပေ။ သူ့မျက်လုံးထဲတွင် တော့ နာကျင်သည့်အရိပ်အယောင်တစ်ချို့ ရှိနေသည်။

“ဒီလိုလုပ်လိုက်တာ မင်းဒေါသကို ပြေလျော့စေမယ်ဆိုရင် ငါ့ကိုသတ်လိုက်လဲ ရတယ်…”

လတ်ဆတ်သည့်သွေးတွေ သူ့ရင်ဘတ်မှ စီးကျလာကာ ခဏအတွင်း သူ့အ၀တ်အစား တွေနီရဲသွားတော့သည်။

သခင်မလင်း အကြည့်လွှဲလိုက်ပေမယ့် အဆုံး၌ ဓားကို ထပ်မထိုးသွင်းတော့ပဲ ရပ်တန့်လိုက် သည်။

လုလျန့်ဝေနှင့်အတူ လုံယန်ရောက်လာချိန်၌ လုဟယ့်ထျန်း၏အင်္ကျီအရှေ့တစ်ခြမ်းလုံး နီရဲနေတာကိုတွေ့လိုက်ရသည်။ လုလျန့်ဝေ အလွန်ထိတ်လန့်သွားကာ အော်ဟစ်လိုက်မိ သည်။

“အဖေ..”

သူမချက်ချင်းမြင်းပေါ်မှခုန်ဆင်းလိုက်ရာ အလွန်မြန်သဖြင့် လုံယန်တောင် ဆွဲလို့ မမီလိုက်ပေ။

လုံယန်လည်းပဲ ထိတ်လန့်သွားပြီး မြင်းပေါ်မှ အမြန်ခုန်ဆင်းလိုက်ကာ လုလျန့်ဝေအား မတ်တပ်ရပ်နိုင်စေရန် ကူညီပေးလိုက်ပြီး မျက်မှောင်ကြုတ်ကာ သူမကိုဆူမည့်အချိန် တွင် သူအလွန်စိတ်ပူကာထိတ်လန့်နေသည် ကိုမြင်တော့ မဆူရက်တော့ပေ။

လုလျန့်ဝေ လုဟယ့်ထျန်း၏မြင်းဆီသို့ အပြေးသွားလိုက်ကာ ခေါင်းမော့လျက် သခင်မလင်းကိုကြည့်လိုက်ပေမယ့် သခင်မလင်း၏ မျက်၀န်းထဲရှိမျက်ရည်စများကို မြင်တော့ သူမအပြစ်တင်စကားတစ်ခွန်းပင် မဆိုနိုင်တော့ချေ။

သခင်မလင်းလည်း မြင်းပေါ်မှခုန်ဆင်းလာ လိုက်သည်။ သူမအတင်းအားယူပြုံးလိုက် ကာ ‌လွန်စွာဖျော့တော့နေသည့် သမီးဖြစ်သူကိုချော့မော့လိုက်သည်။

“စိတ်မပူပါနဲ့၊ သူမသေပါဘူး”

ထိုသို့ပြောပြီး ကြွေပုလင်းတစ်ခုကိုထုတ်ကာ လုဟယ့်ထျန်းထံ ပစ်ပေးလိုက်သည်။ ထိုအချိန်တွင်တော့ သူမလေသံမှာ ချက်ချင်း‌ အေးစက်သွားကာ ခပ်တောင့်တောင့်ဖြင့်

“ရှင့်မျက်နှာပေါ်ကအကြည့်က ဘာဖြစ်နေတာလဲ။”

လုဟယ့်ထျန်းလည်း သူရလိုက်တဲ့ဒဏ်ရာက ပြင်းထန်မှန်းသိသည်။ သို့သော် သေစေလောက်တဲ့အထိတော့ မဟုတ်ချေ။

ထိုအမျိုးသမီးလေးမှ စိတ်မရှည်သည့်လေသံ ဖြင့် ဆေးပုလင်းပစ်ပေးလာသည်ကိုမြင် တော့ သူ့မျက်နှာထက်၌ အံ့ဩ‌သည့်အပြုံး တစ်ပွင့်ပေါ်ပေါက်လာရသည်။

လီဟွား သူ့ကိုတကယ်မသေစေချင်ဘူး မလား။

လုဟယ့်ထျန်း သူ့လက်ထဲရှိဆေးပုလင်းကို ရတနာတစ်ပါးကဲ့သို့ ဂရုတစိုက်ကိုင်တွယ်နေ ကာ သူ့မျက်နှာထက်ရှိအပြုံးခပ်ကြီးကြီးမှာ ပဟေဠိဖြစ်စရာပင်။

လုလျန့်ဝေ သူ့လက်ကိုစိုးရိမ်တကြီး ဆုပ်ကိုင်ရင်း

“အဖေ အဆင်ပြေရဲ့လား။”

လုဟယ့်ထျန်း သူမခေါင်းကိုပွတ်သပ်ပေးရင်း မြင်းဘေး၌ရပ်နေသည့် သမီးဖြစ်သူကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်း တွေ အပေါ်သို့ကွေးတက်သွားတော့၏။

“အဖေအဆင်ပြေပါတယ်..”

All Chapters