← Chapters

အခန်း (၄၉၉-၅၀၀)

Vol. 10 Ch. 499-500

အခန်း (၄၉၉-၅၀၀)

Vol. 10 Ch. 499-500

Chapter 499: အရှင် အခုအရမ်းပျော်နေတယ်

သူ့အဖေ၏လေသံထဲမှ ပျော်ရွှင်နေဟန်ကို ခံစားမိလိုက်တော့ လုလျန့်ဝေ မျက်မှောင် ကြုတ်လိုက်မိသည်။

သူ့အဖေတကယ်အဆင်ပြေတာရော ဟုတ်ရဲ့လား။

သခင်မလင်းရဲ့ဓားမြှောင် သူ့အဖေရဲ့ အကြောတွေဘာတွေကိုတော့ မထိမိပါဘူးနော်။

လုံယန် လုဟယ့်ထျန်းကို မြင်းပေါ်မှ ကူချပေး လိုက်ပြီး သခင်မလင်းအားကြည့်ကာ နောက်တော့ သူ့အနာဂတ်ယောက္ခထီးလောင်း ကို ပြန်ကြည့်လိုက်သည်။ သူခပ်ရေးရေးလေး တစ်စုံတစ်ရာကို ခန့်မှန်းမိလာသလိုပင်။

လုဟယ့်ထျန်း လုံယန်၏လက်ကို တွန်းမထုတ် မိစေရန် အတတ်နိုင်‌ဆုံးကြိုးစားလိုက်သည်။

လုံယန်သာ လုလျန့်ဝေကို အတင်းအကျပ် လက်မထပ်ချင်လျှင် လီဟွား ဒီလောက်ထိ စိတ်ဆိုးသွားပါ့မလား။

တစ်ဖက်မှာလည်း ထိုကိစ္စကြောင့်သာ လီဟွား လူလုံးထွက်ပြလာခြင်းဖြစ်လေသည် ။

ဤအချိန်၌ လုဟယ့်ထျန်း၏ ခံစားချက်များ မှာ ရှုပ်ထွေးနေ၏။

သခင်မလင်း လုလျန့်ဝေ၏လက်ကိုင်ဆုပ်ကိုင် လျက် သက်ပြင်းချကာ

“ဝေဝေ ငါမင်းကို တကယ်ပြန်ပေးဆွဲမလို့မဟုတ်ပါဘူး။ ငါမင်းကို အတူခေါ်ပြီး ထွက်ပြေးချင်ရုံပါ။ ဒီနေ့ကိစ္စအတွက် မင်းငါ့ကိုအပြစ်မတင်ဘူး မလား။”

လုလျန့်ဝေ ခေါင်းယမ်းပြလိုက်ကာ သခင်မလင်းအား နူးညံ့စွာကြည့်ရင်း

လုလျန့်ဝေ အသာခေါင်းယမ်းပြလိုက်ကာ အကြောင်းအရင်းကိုတော့ သူမပြောလိုစိတ် မရှိပေ။ ထို့နောက် လုံယန့်အားကြည့်ကာ

သူမအထင် သူမပြောလိုက်သည့်အသံက အလွန်တိုးတာ‌ကြောင့် ဘယ်သူမှမကြား လောက်ဟုပင်။ သို့သော် ဤနေရာ၌ရှိနေ သည့်လူများအားလုံးဟာ အတွင်းအားရှိ သည့်သူများဖြစ်တာကြောင့် သူမပြောလိုက် သည်ကို တစ်လုံးမကျန်ကြားလိုက်ရလေ သည်။

ပထမ‌ဆုံးသူမပြောလိုက်သည့်စကားကို ကြားချိန်၌ လုံယန်၏လက်သီးဆုပ် တင်းကျပ်သွားရပေမယ့် သခင်မလင်း အခုမှ ပေါ်လာသည်ကိုသာ ကျေးဇူးတင်မိတော့ သည်။ အရင်က ဝေဝေ အခြားသူတစ်ယောက်နှင့် ထွက်ပြေးချင် လောက်သည်အထိ သူ့ကိုကြောက်နေခဲ့သည် ဆိုတာကို သူမသိခဲ့ချေ။

သို့သော် သူမဆက်ပြောလာသည့်စကားကို ကြားတော့ သူ့စိတ်အခြေအနေချက်ချင်း ပြောင်းလဲသွားကာ ကောင်းကင်သို့ မြင့်တက် သည်အထိ ပျော်ရွှင်သွားရသည်။

သူထိုမိန်းကလေးကို ဆွဲဖက်လိုက်ချင်ပေမယ့် ဒီနေရာ၌ လူအများကြီးရှိနေတာကြောင့် သူ့နှလုံးသားထဲ၌သာ ချုပ်တည်းထားရန် တတ်နိုင်သည်။ သို့သော် သူ့နှုတ်ခမ်းထောင့်စွန်းတွေ ပင့်တက်နေသည်ကိုတော့ မရပ်တန့်နိုင်တော့ ပေ။

ဒီမိန်းကလေး။ သူမအတွက်နဲ့ တစ်ညလုံး မရပ်မနားပြေးလာရတာတန်ပေသည်။

ဝေဝေ သူမ၏ခံစားချက်ကို အမှန်အတိုင်း ပြောသည်မှာ အလွန်ရှားပါးလေသည်။

ထိုသို့ရှားပါးခြင်းကြောင့်ပဲ လုံယန် အလွန်ပျော်နေမိတာဖြစ်သည်။

သူမပျောက်သွားသောကြောင့် သူခံစားခဲ့ရ သော အမှောင်ထုကြီးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အလွန်စိတ်ကျေနပ်လာ ရသည်။ သခင်မလင်းပင်လျှင် အရင်ကလောက် အမြင်ကပ်စရာမကောင်းတော့ပေ။ လုဟယ့်ထျန်း သူ့လက်ကိုတွန်းထုတ်လိုက် တာကိုပင် သူစိတ်မကောင်းမဖြစ်တော့ချေ။

လုလျန့်ဝေ သူ့အကြည့်ကိုသတိထားမိတော့ သူမအနည်းငယ် သတိလက်လွတ်ဖြစ်သွားရ သည်။ အရှင်က လူအများရှေ့မှာတောင် သူ့အမူအရာတွေကို ပေါ်ပေါ်ထင်ထင်ထုတ်ပြ နေတုန်းပဲဟု သူမစိတ်ထဲ၌ ညည်းတွားလိုက် မိသည်။

သခင်မလင်း လုလျန့်ဝေ၏စကားကိုကြားတော့ သူမ စိတ်မအေးသွားရပဲ ထိုအစား လုံယန့်ကို သာ မကြည်မသာကြည့်လိုက်မိသည်။

“မင်းကအရမ်းငယ်သေးတော့ အမှားအမှန်ကို မခွဲခြားတတ်သေးဘူး။ ယောကျာ်းတစ်ယောက်ကို အပြင်ပန်းသဏ္ဍာန်ကိုပဲကြည့်ပြီး မဆုံးဖြတ်ရဘူး။ ရုပ်ရည်ကြည့်ကောင်းလေ လေ အကျင့်စရိုက်ဆိုးလေလေပဲ။ သူတို့ ယောကျာ်းတွေက စကားချိုချိုလေးတွေ ပြောရတာကြိုက်ကြတယ်။ အဲ့မိန်းကလေး သူတို့လက်ထဲရောက်လာပြီဆိုတာနဲ့ သူတို့က မင်းကိုနှစ်သက်တော့မှာမဟုတ်ဘူး။ ငါပြောတာကိုနားထောင်ပြီး ငါနဲ့လိုက်ခဲ့လိုက် ပါ။ ဒီခွေး… ထက်ပိုသာတဲ့ယောကျာ်းကို ငါရှာပေးမယ်။ ဒီလူလို့ပြောတာ။ ပြီးတော့ ငါကတိပေးတယ်။ ငါရွေးပေးတဲ့ယောကျာ်း သာဆို မင်းကိုဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”

လုံယန်၏မျက်လုံးတွေကျဉ်းမြောင်းသွားကာ သခင်မလင်းအား အန္တရာယ်အပြည့်နှင့် ကြည့်လိုက်သည်။

သူ အခုပဲသူမကိုသိပ်စိတ်မပျက်တော့ပေ မယ့် ယခုဆိုလျှင် သူ့ထံ၌ရှိသည့်ဖော်‌‌ရွေမှု များအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

လုဟယ့်ထျန်းသာ သခင်မလင်း၏စကားတွေ က သူ့ကိုရည်ရွယ်နေတယ်ဆိုတာသာ နားမလည်ခဲ့လျှင် သူလက်ခုပ်လက်ဝါးတီး ပေးနေလောက်ပြီ။

လီဟွားနဲ့သူနဲ့ အတွေးချင်းတူနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ချေ။

သူလည်းပဲ ထိုငရှုပ်ကလေး လုံယန်က သူ့သမီးနှင့်မသင့်တော်ဘူးဟု ထင်မိသည်။ လုံယန်ရဲ့ရုပ်ရည်ကတော့ အဆင်ပြေပေမယ့် သူ့သမီးအတွက်တော့ မသင့်လျော်ပေ။

ဝေဝေကိုပြန်ပေးဆွဲခဲ့တာ သူ့အမေဆိုတာသာ သူသိခဲ့ရင် သူဘယ်တော့မှလိုက်ဖမ်းမှာ မဟုတ်သလို လုံယန့်ကိုပင် တားဦးမှာဖြစ်သည်။

Chapter 500: အရှင်က ဘယ်တော့မှ ကျွန်မကိုသစ္စာဖောက်မှာ မဟုတ်ဘူး

ထိုသို့တွေးမိကာ လုဟယ့်ထျန်း ယူကျုံးမရဖြစ်သွားရသည်။

လုလျန့်ဝေမှာတော့ ရသည်။ သခင်မလင်း၏စကားတွေက အတော်လေးရှက်ရွံ့သွား အလွန်ပြတ်သား၏။ သူ့စကားတွေက သူ့အဖေကိုထိရုံတင်မကပဲ အရှင့်ကိုပါ ရည်ညွှန်းပြောသွားသေးသည်။

လုလျန့်ဝေ လုံယန်၏အမူအရာကို မကြည့်ရဲ တော့ချေ။

ဟူး

သခင်မလင်း စောစောပေါ်လာခဲ့ရင်လည်း ကောင်းသား။ အဲ့တာဆိုရင်တော့ သူမ သခင်မလင်းနဲ့ ပျော်ပျော်ကြီးလိုက်သွားမှာပင်။

ဒါပေမယ့် အခုကတော့…

လုလျန့်ဝေ လုံယန့်မျက်နှာထက်ရှိ စိတ်မကောင်းဖြစ်ကာ မှိုင်းညို့နေဟန်ကို မြင်တော့ သူမအမြန်သူ့အားပြုံးပြလိုက် သည်။

လုံယန် ခဏတော့အံ့ဩသွားပေမယ့် နောက်တော့ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားရသည်။

ထိုသို့နှင့်ပင် သခင်မလင်း၏ အရိုအသေမဲ့သော စကားများမှာ လုလျန့်ဝေ၏ အပြုံးတစ်ပွင့် ကြောင့် ပျောက်ကွယ်သွားတော့သည်။

“သခင်မလင်း ကျွန်မရှင့်သဘောထားကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အရှင်က လူကောင်းပါ။ သူဘယ်တော့မှ ကျွန်မအပေါ် သစ္စာဖောက်မှာမဟုတ်ဘူး”

လုံယန်၏နှုတ်ခမ်းထက်ရှိအပြုံးမှာ ပိုလို့ပင် ကြီးမားလာရသည်။

သေချာပေါက် သူထိုမိန်းကလေးကို သစ္စာဖောက်မှာမဟုတ်ပေ။ ဒီမိန်းကလေးက သူ့ကိုအရမ်းယုံလေသည်။

သခင်မလင်း၏မျက်နှာထက်၌ ဒေါသအရိပ် အယောင်များ ပေါ်ပေါက်လာရသည်။

“သူသစ္စာမဖောက်တော့ရော ဘာဖြစ်လဲ။ သူ့အသက်ဘယ်လောက်ကြာကြာနေနိုင်မှာ မို့လို့လဲ။ သူကမကြာခင်သေရတော့မယ့်လူ တစ်ယောက်ပဲကို။ သူ့ကိုအခုလက်ထပ်တာ လောက် ဘယ်ဟာမှမင်းကိုထိခိုက်စေမှာ မဟုတ်ဘူး။ သူနဲ့လက်ထပ်ပြီး မုဆိုးမဘ၀မှာ နေသွားချင်လို့လား”

သခင်မလင်း အလွန်ဒေါသူပုန်ထကာ ရှေ့နောက်မကြည့်ပဲ ပြောချလိုက်တော့သည်။

လုလျန့်ဝေကြောင်သွားပေမယ့် သခင်မလင်း ဘာကြောင့်ဒီကိစ္စကို ဒီလောက်ထိတားမြစ် နေရသလဲဆိုတာ သူမနားလည်သွားရသည်။

လုံယန်၏အမူအရာမဲမှောင်သွားပေမယ့် လုလျန့်ဝေ သူ့ထံလျှောက်လာသည်ကို မြင်တော့ သူ့မျက်နှာထက်ရှိအကြည့်မှာ အမြန်ပြောင်းလဲသွားတော့သည်။

လုလျန့်ဝေ ခေါင်းမော့ကာ သူ့ကိုကြည့်ရင်း သူ့လက်ကိုဆွဲလိုက်ကာ

“သခင်မလင်းကို အရှင့်သွေးခုန်နှုန်း စမ်းသပ်ခိုင်းလိုက်ပါလား။ အဲ့တာဆို သူလည်း အမှန်တရားကိုသိသွားလိမ့်မယ်”

သူ့အနေနဲ့ ဘယ်တုန်းကမှ တစ်စုံတစ်ယောက် ကို သက်သေပြရန်မလိုအပ်ခဲ့သလို သူကလဲ ဘယ်တုန်းကမှ ထိုအရာကို ဂရုမစိုက်ခဲ့ချေ။ ဒါပေမယ့် ဒီမိန်းကလေးက ချစ်စရာကောင်း အောင် တောင်းဆိုလာတော့ သူဘယ်လိုလုပ် ငြင်းနိုင်တော့မှာလဲ။

လုလျန့်ဝေ လုံယန်၏လက်ကိုဆုပ်ကိုင်ရင်း သခင်မလင်းထံ ဆွဲခေါ်သွားလိုက်သည်။

သခင်မလင်း လုံယန့်ကို အေးစက်စွာကြည့်လိုက် ပြီးနောက် သူ့သွေးကြောပေါ်သို့ လက်တင် လိုက်သည်။

ခဏအတွင်း သူမမျက်လုံးထဲ၌ ထိတ်လန့်မှု တစ်ခုဖြတ်ပြေးသွားကာ

သူ‌နှင်းကိုက်နာအဆိပ်နဲ့ခတ်ခံထားရတာဖြစ်ပြီး သူမအပြင်ဘယ်သူမှ ထိုအဆိပ်ကို မကုသနိုင်ပေ။ သို့သော် သူထိုအဆိပ်ကို ကုသပြီးရုံတင်မကပဲ သူ့ကျန်းမာရေးနှင့် ပက်သက်ပြီးလည်း ဘာပြဿနာမှမရှိချေ။ သူ့သွေးခုန်နှုန်းဟာ အလွန်သန်မာနေပြီး အတွင်းအားမှာလည်း အလွန်ပြင်းလေသည်။

သူမတို့တိုက်တုန်းက သူ့ကိုယ်သူ ကောင်းကောင်းကိုင်တွယ်နိုင်တာ အံ့ဩစရာ မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲမှအဆိပ် ပျောက်ကွယ်သွားပြီဖြစ်သောကြောင့်ပင်။

“အရှင့်ကို ကျွန်မ ကုပေးလိုက်တာလေ။ သမီး အမေ့ဆီက အမွေရထားတာ”

သခင်မလင်း သူမအဖေကို ဓားနှင့်ထိုးကာ ဒေါသထွက်ပြနေပေမယ့် ပျော်ရွှင်နေသည့် အရိပ်အယောင်ကိုလည်း မြင်လိုက်ရတာ ကြောင့် ထိုလူက သူမအ‌မေဖြစ်သည်မှာ သေချာသွားခဲ့ရခြင်းဖြစ်သည်။

ထိုသို့တွေးမိပြီး သူမမျက်နှာထက်၌ အပြုံးတစ်ပွင့်ပွင့်လန်းလာ၏။

သခင်မလင်းမှာတော့ ကြောင်တောင်တောင် ရပ်နေမိသည်။

ထိုအရာမှာ ဝေဝေက အရှင့်ရဲ့အဆိပ်ကို ကုသပေးလိုက်ခြင်းကြောင့် မဟုတ်သလို သူမထံမှအမွေဆက်ခံထားရခြင်းကြောင့်လဲ မဟုတ်ပဲ ဝေဝေ သူမကို အမေဟုခေါ်လိုက် သောကြောင့်ပင်။

သခင်မလင်းချက်ချင်းပင် မျက်ရည်များ စီးကျ လာကာ လုလျန့်ဝေအား တင်းကျပ်စွာ ဖက်လိုက်မိသည်။ သူမ တိတ်တဆိတ် ရှိုက်ငိုနေမိ၏။

သူ သမီးဖြစ်သူအပေါ် အများကြီးအကြွေး တင်နေခဲ့တာဖြစ်သည်။ ဒီနှစ်တွေ တစ်လျှောက်လုံး သူမအပြစ်ရှိစိတ်ခံစားနေခဲ့ ရတာဖြစ်ပြီး ကောင်းကောင်းလည်း စားမ၀င် သလို အိပ်လို့လည်းမပျော်ပေ။ ဝေဝေ အနိုင်ကျင့်ခံနေရမှာကို အမြဲစိတ်ပူနေခဲ့ရတာ ဖြစ်သည်။ သို့သော် ဘယ်တုန်းကမှ ဝေဝေကို ကာကွယ်ပေးဖို့ အခွင့်အရေးမရခဲ့ပေ။

ဝေဝေမွေးပြီးသိပ်မကြာခင်မှာပဲ သူမ ထွက်လာခဲ့တာဖြစ်ပြီး ထိုအရာတွေက သူမကို ဒီနှစ်တွေတစ်လျှောက် ညှင်းပန်း နှိပ်စက်နေခဲ့တာဖြစ်သည်။

သူမတို့ပြန်တွေ့တဲ့အခါ သမီးဖြစ်သူ သူမကို မုန်းတီးနေမှာကို သူမကြောက်နေခဲ့တာ ဖြစ်သည်။

ထိုကြောင့်ပဲ သူမသရုပ်မှန်ကို မဖော်ပြရဲသလို ဝေဝေက သူ့သမီးဖြစ်ကြောင်းကိုလည်း မပြောရဲခဲ့တာဖြစ်သည်။

ဒါပေမယ့် အခုတော့ သူ့သမီးလေးက ဘာတုံ့ဆိုင်းမှုမှမရှိပဲ သူ့ကိုအမေလို့ခေါ်လိုက် လေသည်။

ထိုအရာက သခင်မလင်းအား အလွန်တရာ လှုပ်ခတ်သွားလေသည်။

သူ့သမီးကဒီ‌လောက်နားလည်ပေးတတ်လိမ့် မယ်လို့ သူမဘယ်တုန်းကမှ မထင်ခဲ့ချေ။

ထို့ကြောင့်ပဲ ယခု သူမခါတိုင်းထက်ပိုပြီး အရှက်ရကာ လိပ်ပြာမလုံဖြစ်နေရသည်…

All Chapters