← Chapters

အခန်း (၅၂၈)

Vol. 36 Ch. 528

အခန်း (၅၂၈)

Vol. 36 Ch. 528

လျူယန်က မိုးကြိုးများ ဖုံးလွှမ်းနေသော ကောင်းကင်အထက်၌ ပျံဝဲနေခဲ့သည်။

တဖက်တွင် မိုးကောင်းကင် အတိဒုက္ခ စက်ကွင်း ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့သူများပင်လျှင် မိုးကြိုးကပ်ဘေးထံမှ ဖိအားကြောင့် အသိစိတ်ပင်လယ် များပင် ကွဲအက်တော့မည့်အလား ခံစားနေကြရ၏။

သို့သော် ရွှမ်ယီက တိမ်ပင်လယ်အထက်၌ တည်ငြိမ်စွာ ရပ်နေဆဲပင်။

သူ၏ မျက်၀န်းများက ရေကန်တစ်ခုအလား ငြိမ်သက်နေဆဲဖြစ်ပြီး မိုးကြိုးကပ်ဘေးအား အနည်းငယ်မျှ ဂရုမစိုက်ဟန်ရသည်။

“ အန္တိမ အင်ပါယာအဆင့် အတိဒုက္ခက ပြင်းထန်လွန်းလိုက်တာ… ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် မိုးကြိုးတစ်ချက်လောက်နဲ့ ဇာတ်သိမ်းသွားနိုင်တယ်…ဒါတောင် ဂိုဏ်းချုပ်ရွှမ်က အခုထိ တည်ငြိမ်နေတုံးပဲ… ကြည့်ရတာ ဝှက်ဖဲတစ်ခုခုကျန်သေးတယ်ထင်တယ်…”

ဘုန်း…

လူအများဆွေးနွေးနေကြစဉ် အဝေးတစ်နေရာမှ စစ်ရထား သံများ ထွက်ပေါ်လာသည်။

ခရမ်းရွှေရောင် စစ်ရထားတစ်စင်း မိုးကုပ်စက်ဝိုင်းအစွန်းမှ ထွက်ပေါ်လာပြီး စစ်မြေပြင်သို့ ဦးတည် မောင်းနှင်သွား၏။

၎င်းအထက်တွင် ခရမ်းရောင်၀တ်စုံနှင့် လူတစ်ဦးရှိနေခဲ့ပြီး ဦးခေါင်းထက်တွင် သရဖူတစ်ခု ဆင်မြန်းထားကာ ခါး၌ ကျောက်စိမ်းခါးပတ်တစ်ခုရှိနေသည်။

“ ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်ပဲ…”

“ နေဦး.. အဲ့တာ ပုန်းကွယ်ခြင်း နဂါးဂိုဏ်းရဲ့ ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူ (၃)ယောက်ထဲက တစ်ယောက် မဟုတ်လား… ဒီတိုက်ပွဲက ပုန်းကွယ်ခြင်း နဂါးဂိုဏ်းကိုတောင် လှုပ်နှိုးလိုက်ပြီပဲ…”

ပုန်းကွယ်ခြင်း နဂါးဂိုဏ်းက လျူယန် မင်းဆက်နှင့် နီးစပ်သောနေရာတွင် တည်ရှိပြီး ရန်သူထက် မိတ်ဆွေဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ထို့အပြင် ဆန်းကြယ်ပလ္လင့်အဆင့် ကျင့်ကြံသူတစ်ယောက်တည်း ရောက်လာခြင်းမဟုတ်ချေ။ သူ့နောက်တွင် ပုန်းကွယ်ခြင်း နဂါးဂိုဏ်းမှ ကျင့်ကြံသူ(၃၀၀၀)က သတ်ဖြတ်ခြင်းအစီအရင်တစ်ခု ဖွဲ့စည်းလျက် လိုက်ပါလာသည်။

၎င်းတို့က ရွှမ်ယီနှင့် လျူယန်တို့အကြား ၀င်ရောက်လာ၏။

ရည်ရွယ်ချက်က ထင်ရှားနေသည်။

“ ပုန်းကွယ်ခြင်းနဂါးဂိုဏ်းက ဒီကိစ္စမှာ ၀င်ပါချင်လို့လား…?”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် မေးလိုက်သည်။

ယခုအချိန်တွင် ရွှမ်ယီက အဆင့်(၉) ဓားရည်ရွယ်ချက်ကို အကန့်အသတ်ထိ မြှင့်တင်ထား၏။

ဤသို့ဖြင့် မျက်၀န်းများက ဓားရည်ရွယ်ချက် စွမ်းအားများနှင့် အလွန် စူးရှ တောက်ပနေခဲ့သည်။

၎င်းက ပုန်းကွယ်ခြင်းနဂါးမင်းဆက်မှ အင်ပါယာ မူဝူ၏ အသိစိတ်ပင်လယ်အား တုန်ခါသွားစေပြီး မျက်လုံးခြင်း ဆုံမကြည့်ရဲ ဖြစ်သွားစေ၏။

သူက ချက်ချင်း လက်ယှက်လိုက်ပြီး

“ အဲ့လို မစွက်ဖက်ရဲပါဘူး… ငါက မင်းတို့ နှစ်ယောက်အကြား ဖျန်ဖြေပေးချင်ရုံပါ…”

“ ဖျန်ဖြေပေးချင်တယ်ပေါ့… ဟုတ်လား…?”

ရွှမ်ယီက မဆိုစလောက်ကလေးပြုံးလိုက်ပြီး မူဝူကို တစ်ချက်ကြည့်ကာ ၎င်းအနောက်မှ ကျင့်ကြံသူ (၃၀၀၀)ကို ကြည့်လိုက်သည်။

“ ကျုပ်ဆီက ဓားတစ်ချက်ကို ခင်ဗျားတို့ ပုန်းကွယ်ခြင်းနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် (၃၀၀၀)က တားဆီးနိုင်မယ်လို့ ထင်နေတာလား…?”

မူဝူ မသက်မသာဖြင့် ပြုံးလိုက်ပြီး ခေါင်းငုံ့လိုက်ကာ

“ ဂိုဏ်းချုပ်ရွှမ်… မင်းရဲ့ နက်နဲခြင်း အင်ပါယာဂိုဏ်းက မဟာပျက်စီးခြင်းနယ်မြေမှာ နံပါတ်(၁) မြင့်မြတ်နယ်မြေတစ်ခုပါ… ငါ့အနေနဲ့ ဘယ်လိုလုပ်ပြီး မောက်မာရဲမှာလဲ… ဒါပေမယ့် လျူယန်က မိုးကြိုးကပ်ဘေးကို စတင်လိုက်ပြီးပြီ… မင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး လျူယန်ကို တိုက်ခိုက်ဖို့က သိပ်ပြီး မလွယ်ဘူးနော်…”

မူဝူ ရှင်းပြလိုက်၏။

အဝေး‌တစ်နေရာမှ တိုက်ပွဲအား လေ့လာကြည့်ရှုနေသော လူများ၏ မျက်၀န်းများထဲ၌ နားလည်မှု အရိပ်အယောင်များဖြစ်ပေါ်လာသည်။

“ သူက ကြိုတင်ပြင်ဆင်လာတာပဲ…”

လူတိုင်းအမြင်အတွင် ရွှမ်ယီက အဆင့်(၆) အန္တိမအင်ပါယာအဆင့် မိုးကြိုးကပ်ဘေးအား ကြောက်ကို ကြောက်ရမည်။

သို့သော် အမှတ်တွင် ရွှမ်ယီအား လုံး၀ ချောင်ပိတ်မိစေခဲ့ခြင်းတော့မရှိချေ။

လျူယန်၏ အစီအရင်အတွင်း၌ လျှို့ဝှက်လမ်းကြောင်း တစ်ခု ရှိနေခဲ့ပြီး ရွှမ်ယီသာ ထွက်သွားလိုပါက မိုးကြိုးကပ်ဘေးက အမှီလိုက်နိုင်မည်မဟုတ်ပေ။

ယခုအချိန်တွင် လျူယန်က မိုးကြိုးကပ်ဘေးအား ရွှမ်ယီထံသို့ လွှဲပြောင်း စေလွှတ်လိုက်သော်လည်း ၎င်း အရှိန်က နှေးကွေးလွန်းလှသည်။

မူဝူနှင့် ပွဲကြည့်ပရိတ်သတ်များအတွက် ရွှမ်ယီက မရင့်ကျက်သေးသော လူငယ် တစ်ယောက်သာဖြစ်၏။

စွန့်စားလိုစိတ်အပြည့်ရှိသော အရွယ်ဖြစ်သဖြင့် ဘာကိုမှ ဂရုမစိုက်ဘဲ အန္တရာယ်အတွင်း သက်ဆင်းနိုင်ချေများသည်။

နောက်ဆုံးတွင် အရှုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ယင်းက လျူယန်မင်းဆက်၏ မိတ်ဆွေဟု သတ်မှတ်နိုင်‌သော ပုန်းကွယ်ခြင်းနဂါးဂိုဏ်း မမြင်ချင်ဆုံးသောအရာဖြစ်သည်။

ဤသို့ဖြင့် မူဝူ အမြင်တွင် ယခုအချိန်က ၀င်ရောက်ရန် အချိန်ကောင်းဖြစ်၏။

ပုန်းကွယ်ခြင်း နဂါးဂိုဏ်းတွင် တချို့အရာများကို အဝေးမှ ထောက်လှမ်းနိုင်သော အစီအရင်တစ်ခုရှိသည်။

ဤသို့ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရွှမ်ယီအား အခွင့်အရေးပေးသည့်အလား စကားပြောရန် ထွက်ပေါ်လာခြင်းဖြစ်၏။

ရွှမ်ယီအား နောက်ဆုတ်ရန် ဖြောင်းဖျခဲ့ပြီးနောက် အင်ပါယာလျူယန်လည်း မိုးကြိုးကပ်ဘေးအား အဆင်ပြေစွာ ကျော်ဖြတ်နိုင်လိမ့်မည်။

ဤသို့ဖြင့် လျူယန်မင်းဆက်အနေဖြင့် သူတို့ ပုန်းကွယ်ခြင်းနဂါးဂိုဏ်းအပေါ် အလွန်ကြီးမားသော ကျေးဇူးကြွေးတင်သွားမည်ဖြစ်၏။

ပွဲကြည့်ပရိတ်သတ်များအနေဖြင့် အစပိုင်းတွင် နားမလည်ခဲ့ကြသော်လည်း ယခုအတွင် မူဝူ၏ အတွေးများကို နားလည်သွားချေပြီ။

နားမလည်သူများအနေဖြင့်လည်း နားလည်သူများ၏ မှတ်ချက်များ တီးတိုးစကားများကြောင့် နားလည်သွားခဲ့ကြပြီး ခေါင်းယမ်းလိုက်ကြသည်။

အင်းအားစုကြီးများကတော့ အင်အားစုကြီးများသာဖြစ်၏။

၎င်းတို့က နှစ်သန်းပေါင်းများစွာကြာအောင် တည်ရှိနေခဲ့သော အစစ်အမှန် မြင့်မြတ်နယ်မြေကြီးများနှင့် ယှဉ်နိုင်ခြင်းမရှိသော်လည်း စဉ်းစားပုံများကမူ သာမန်ထက် ထူးကဲလှသည်။

ရွှမ်ယီက သန်မာသည်မှန်သော်လည်း လူငယ်တစ်ယောက်သာဖြစ်သေး၏။

ကောင်းကင်ထက်တွင်

ရွှမ်ယီ၏ မျက်၀န်းများ မှေးကျဉ်းသွားပြီး သူ့အား ဂါ၀ရပြုနေသကဲ့သို့ ခေါင့်ငုံ့ထားသော မူဝူအား ကြည့်လိုက်သည်။

“ ဒီ မိုးကြိုးကပ်ဘေးကို ကျုပ် တကယ်ပဲ ဂရုစိုက်နေမယ်လို့ ခင်ဗျား ထင်နေတာလား…?”

ရွှမ်ယီ လှောင်ပြုံးလိုက်၏။

မူဝူ ရောက်ရှိလာကတည်းက ၎င်း၏ အကြံအစည်များကို သူ ရိပ်စားမိခဲ့သော်လည်း တစ်ခွန်းမှ ပြောခဲ့ခြင်းမရှိချေ။

ထို ပုန်းကွယ်နဂါးဂိုဏ်းမှလူများ၏ လှည့်ကွက်များကို ကြည့်ချင်နေခဲ့သောကြောင့်ပင်။

အကယ်၍ မူဝူသာ တိုက်ပွဲ၌ ကြား၀င်လာပါက ပုန်းကွယ်ခြင်းနဂါးဂိုဏ်းကိုလည်း ဖျက်ဆီးရန် သူ ၀န်လေးနေမည်မဟုတ်ပေ။

သို့သော် အနှီ မူဝူဆိုသော လူက အကြံအစည်များနှင့် ပြည့်နှက်နေသော မြေခွေးအိုကြီးဖြစ်နေ၏။ အစမှ အဆုံးထိ အလွန်နှိမ့်ချသော သဘောထားကို လက်ကိုင်ထားခဲ့သည်။

ထိုလူနှင့် ရှုပ်မနေချင်တော့သဖြင့် လက်ထဲမှ ဓားရှည်ဖြင့် မူဝူ၏ ပုခုံးကို အသာအယာတို့လိုက်သည်။

ရုတ်တရက် မူဝူ တစ်ကိုယ်လုံးမှ ကြွက်သားများ တင်းကြပ်သွား၏။

ဓားရှည် ပုခုံးထက်သို့ ရောက်လာသော အခိုက်တွင် ရှေးဟောင်းသားရဲကြီးတစ်ကောင် သူ့ကို စိုက်ကြည့်နေသည့်အလား ခံစားလိုက်ရသည်။

အနည်းငယ်မျှ လှုပ်ရှားဝံ့ခြင်းမရှိတော့ချေ။

သို့မဟုတ်ပါက သူ့ရှေ့မှ နွေးထွေး ကြင်နာဟန်ရသော လူငယ်က တစ်ချက်တည်းဖြင့် သတ်ဖြတ်တော့မည်ပုံ ပေါ်သည်။

“ ဂလု…”

မူဝူ တံတွေး တစ်လုပ် မြိုချမိလိုက်၏။

နောက်ဆုံးတွင် သူ့ရှေ့မှလူငယ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်သွားချေပြီ။

ကံကောင်းထောက်မစွာနှင့် ရွှမ်ယီ၏ ဓားက သူ့ပုခုံထက်၌ ငြိမ်သက်စွာ ရှိနေခဲ့ပြီး အနည်းငယ်မျှ လှုပ်ရှားမှုမရှိခဲ့ချေ။

မူဝူ၏ နှလုံးသားအတွင်း မေးခွန်းများပြည့်နှက်သွားခဲ့ပြီး မသိစိတ်မရ မော့ကြည့်မိလိုက်လျှင် ပြုံးယောင်ယောင်ရှိနေသော ရွှမ်ယီ၏ မျက်၀န်းများကို မြင်လိုက်ရသည်။

“ ဂိုဏ်းချုပ်ရွှမ်… ဒါက…”

မူဝူ ထိတ်လန့်မှုများကို မြိုသိပ်ရင်း မေးရန်ပြင်လိုက်၏။

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်ပြီး ဓားအား ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်သည်။

စကားသံက တည်ငြိမ်နေခဲ့သော်လည်း မူဝူ၏ နားအတွင်း မိုးခြိမ်းသံတစ်ခုအလားပင်။

“ အန္တိမ အင်ပါယာအဆင့် မိုးကြိုးကပ်ဘေးတစ်ခုက ကျုပ်ကို တကယ်ပဲ ကြောက်လန့်စေမယ်လို့ ခင်ဗျား ထင်နေတာလား…?”

စကားဆုံးသည်နှင့် လူတိုင်း ထိတ်လန့်သွားစေရန် လုံလောက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရွှမ်ယီက ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်ဖြင့် မိမိခန္ဓာကိုယ်အား ကာကွယ်လျက် ရှေ့သို့ တစ်လှမ်းတိုးကာ မိုကောင်းကင် အတိဒုက္ခစက်ကွင်းအတွင်းသို့ တိုး၀င်လိုက်၏။

ဂျိန်း…

All Chapters