← Chapters

အခန်း (၅၃၀)

Vol. 36 Ch. 530

အခန်း (၅၃၀)

Vol. 36 Ch. 530

ချွင်…

ရွှမ်ယီ အနည်းငယ် ရယ်မောလိုက်ပြီး ဓားခုနှစ်ချောင်းအား လေထဲသို့ ပစ်တင်လိုက်သည်။

ထိုအခါ ကြက်သွေးရောင် ဓားရည်ရွယ်ချက်စွမ်းအား ထွက်ပေါ်လာပြီး ကောင်းကင်ဘုံ အတိဒုက္ခကို ဖြိုခွင်းပစ်လိုက်၏။

ထို့နောက် ပြန့်ကျဲသွားသော မိုးကြိုးလျှပ်စီးများအားလုံးကို ဓားခုနှစ်ချောင်းအား စုပ်ယူစေလိုက်သည်။

ဓားကိုယ်ထည်များအတွင်းသို့ အဆက်မပြတ်စီး၀င်လာနေသော တာအိုသဘောတရားများကြောင့် ၎င်းတို့ အတွင်းပိုင်းမှ တာအိုရုန်းများ ပိုမိုရှင်းလင်းပြတ်သားလာခဲ့ပြီး အချိန်မရွေး ပြောင်းလဲတော့မည့် အလား ထင်မှတ်ရ၏။

ရွှစ်… ရွှစ်…

ကြက်သွေးရောင်ဓားရိပ်များ အတိဒုက္ခမိုးတိမ်များအကြား လျင်မြန်စွာ ဖြတ်သန်းနေပြီး ထိပ်တိုက်တွေ့ဆုံမှု တစ်ခုပြီးတိုင်း ပြိုကွဲသွားသော မိုးကြိုး လျှပ်စီးများအား ဝါးမျိုနေခဲ့သည်။

ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ယခုအချိန်က ကောင်းကင်ဘုံ အတိဒုက္ခကျဆင်းနေသည့် အချိန်ဖြစ်ရာ များစွာသော ကန့်သတ်ချက်များရှိနေခဲ့ပြီး ပြင်ကလောကမှ နတ်အသိများ အတွင်းသို့ ထိုးဖောက်၀င်ရောက်နိုင်ခြင်းမရှိချေ။

သို့မဟုတ်လျှင် ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားရန် သေချာသည်။

ကောင်းကင်ဘုံ အတိဒုက္ခဆိုသည်မှာ ကျင့်ကြံသူများအတွက် အလွန်ကြီးမားသော အဟန့်အတားကြီးတစ်ခုဖြစ်၏။

ကောင်းကင်ဘုံ အတိဒုက္ခနှင့် ကြုံတွေစဉ် မတုန်လှုပ်သူ မည်မျှ ရှိလိမ့်မည်နည်း။

အပြည့်အ၀ ယုံကြည်မှု ရှိသည်အထိ ပြင်ဆင်ပြီးမှသာ ရင်ဆိုင်ရဲကြ၏။

မည်သူမှ လျူယန်ကဲ့သို့ ကောင်းကင်ဘုံ အတိဒုက္ခကို လက်လွတ်စပယ် ဖြစ်ပေါ်စေဝံ့မည်မဟုတ်ပေ။

သို့သော် သူတို့ရှေ့မှ မြင်ကွင်းကမည်သို့နည်း…?

မိုးကြိုးကပ်ဘေးက ရွှမ်ယီအား အန္တရာယ်မကြုံစေနိုင်ရုံသာမက ကိုယ်တိုင်ပင် သားကောင်ဖြစ်လာခဲ့သည်။

၎င်းက ရွမ်ယီကို ဘာမှမဖြစ်စေသည့်အပြင် ကိုယ့်ကိုယ်ကိုပင် ကာကွယ်နိုင်ခြင်းမရှိချေ။

ဘုန်း…

သတ်ဖြတ်ခြင်းဓား(၇)ချောင်းက အတိဒုက္ခ မိုးကြိုးများမည်မျှ ဝါးမြိုခဲ့ပြီးကြောင်း မသိရပေ။

ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင် ရုတ်တရက် တုန်ခါသွား၏။

ကောင်းကင်ထက်မှ ရွှမ်ယီ၏ ပုံရိပ်ကလည်း ရပ်တန့်သွားပြီး ကောင်းကင်နှင့် မြေပြင်အကြား ‌နောက်ထပ် မုန်တိုင်းတစ်ခု ရောက်ရှိလာသည်။

ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓား အစီအရင် အလယ်ဗဟိုနေရာမှနေ၍ ပြင်းထန်သော သတ်ဖြတ်ငွေ့ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

တခဏအတွင်း ဓားအစီအရင် ပတ်လည်၌ အလောင်းပုံကြီးများ ၊ သွေးမြစ်များ ဖြစ်ပေါ်လာခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော နောက်ထပ် မြင်ကွင်းအသစ်တစ်ခု ထွက်ပေါ်လာသည်။

ယင်းက မိုင်ထောင်ချီ ကျယ်ပြန့်သော သွေးမြစ်ကြီးအတွင်း အလောင်းများ မျောပါနေသော မြင်ကွင်းတစ်ခုဖြစ်၏။

“ သတ်ဖြတ်ခြင်းဓားပညာ…”

ရွှမ်ယီ၏ မျက်၀န်းအတွင်း အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

သူက တိုင်ရှုဓားခန္ဓာပိုင်ဆိုင်သူဖြစ်ပြီး ဓားတာအိုနှင့် ပတ်သက်သော ပါရမီ ၊ နားလည်နိုင်စွမ်းတို့၌ ဤကမ္ဘာကြီးတွင် ထိပ်ဆုံးဖြစ်၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုမြင်ကွင်းများက ပုံရိပ်ယောင်လိုလို ၊ အိမ်မက်လိုလိုဖြစ်နေသော်လည်း ထိုသို့မဟုတ်ဘဲ အမှန်တွင် ပညာရပ်တစ်ခုအား မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သူ သိနိုင်သည်။

နတ်တန်ခိုးစွမ်းရည်များမှာ သဘာ၀လွန် စွမ်းအားတစ်မျိုးဖြစ်၏။

၎င်းတို့အား ကျင့်ကြံရန် ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်မရှိသော်လည်း ‌ကျွမ်းကျင်ရန်အတွက်မူ ကန့်သတ်ချက်များစွာ ရှိပေသည်။

တာအိုအပေါ် နားလည်မှု မလုံလောက်ပါက နတ်တန်ခိုးစွမ်းရည်တစ်ခုအား ပိုင်ဆိုင်ထားလျှင်ပင် နားလည် တတ်ကျွမ်းရန် မဖြစ်နိုင်ပေ။

ကောင်းကင်ထက်တွင် ရွှမ်ယီ မျက်လုံးများ မှိတ်ထားပြီး နတ်အသိဖြင့် ပတ်၀န်းကျင်ကို ကြည့်ရှုနေခဲ့သည်။

ထို့နောက် တခဏအကြာတွင် မျက်လုံးများ ပြန်ဖွင့်လိုက်၏။

ထိုအခါ ကျယ်လောင်သော ဓားမြည်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

သတ်ဖြတ်ခြင်းဓား ခုနှစ်ချောင်းလုံး အဆင့်မြင့် တာအိုလက်နက်များအဖြစ်သို့ ချိုးဖျက်ရောက်ရှိသွားခြင်းဖြစ်၏။

ရွှစ်…

ရွှမ်ယီ ၎င်းတို့အနက်မှ တစ်ချောင်းဆွဲယူပြီး ရှေ့သို့ အလျားလိုက် ခုတ်ချလိုက်သည်။

ဘုန်း…

ထိုအခါ အနီရောင်အလင်းတစ်ခု ရှေ့သို့ပြေးထွက်သွားပြီး အတိဒုက္ခ မိုးတိမ်များအတွင်း ၀င်ရောက်သွားခဲ့သည်။

ချက်ချင်း အတိဒုက္ခမိုးတိမ်များ ပြိုကျ ပျက်စီးသွားကာ ယခင်တုန်းကထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကြောင်းသည့် မိုးကြိုးကြီးတစ်စင်း ဖြစ်ပေါ်လာ၏။

သို့သော် ၎င်းကလည်း ရွှမ်ယီ၏ ဓားချက်ထံတွင် အပိုင်းပိုင်းဖြတ်ခြင်းခံလိုက်ရပြီး ကောင်းကင်နှင့်မြေပြင်အကြား ၀င်ရောက် ပျောက်ကွယ်သွားကာ တာအို အလင်းများသာ ကျန်ရစ်ခဲ့၏။

ထိုအလင်းများကိုလည်း သတ်ဖြတ်ခြင်းဓား (၇)ချောင်းက ထပ်မံ ဝါးမြိုလိုက်ပြန်သည်။

မိုင်(၃၀၀၀)ကျယ်၀န်းသော အတိဒုက္ခ မိုးတိမ်များ ဖုံးလွှမ်းထားသည့် နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

အစောပိုင်းတွင် ပြန်လည် နိုးထလာခဲ့သော ကြောက်မက်ဖွယ် စိတ်ဆန္ဒကလည်း ရွှမ်ယီ၏ ဓားချက်ကြောင့် အံ့အား သင့်သွားဟန်တူသည်။

တခဏအကြာတွင် မိုင်(၃၀၀၀)ကျယ်၀န်းသော အတိဒုက္ခမိုးတိမ်များ ရုတ်တရက် တုန်ခါသွား၏။

“ ကောင်းကင်ဘုံ အတိဒုက္ခ မိုးတိမ်တွေက ကျုံ့သွားတာလား...?”

ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းကြောင့် တိုက်ပွဲကို စောင့်ကြည့်နေသူတိုင်း အံ့အားသင့်သွားကြသည်။

အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခ အတွင်းပိုင်းကိစ္စများနှင့် ပတ်သက်ပြီး နားလည်ထားသော မူဝူနှင့် ကျန်လူများပင် အနည်းငယ် တုန်လှုပ်သွားကြ၏။

“ မိုးကြိုးကပ်ဘေး ပထမအကျော့ကို သူ တကယ် အောင်မြင်သွားခဲ့တာလား….?”

မူဝူ မနေနိုင်ဘဲ ရေရွတ်မိလိုက်၏။

အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခဆိုသည်မှာ သာမန်ထက် ထူးခြားသော လူများအတွက် အထူးဆင်းသက်ခြင်းဖြစ်သည်။

မိုးကြိုးကပ်ဘေး၏ ပထမအကျော့ဖြစ်နေလျှင်တောင် အထွတ်အထိပ် ဆန်းကြယ်ပလ္လင်ပဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်သည်။

သို့သော် ရွှမ်ယီက လွတ်မြောက်သွားခဲ့သည်လော...?

“ သူ ဝှက်ဖဲတွေ သုံးနေတာပဲဖြစ်မယ်… မကြာခင် ငါတို့ တွေ့ရမှာပါ…”

ရုန်းရင်းဆန်ခတ်မှုများ၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာသော ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ဦးက မူဝူနှင့် မနီးမဝေးနေရာမှ တိုးညှင်းစွာ ပြောလိုက်သည်။

သူတို့ ပြောနေကြစဉ်တွင် အတွင်းသို့ကျုံ့၀င်သွားသော အတိဒုက္ခမိုးတိမ်များက မိုင်(၃၀၀)သာ ကျန်တော့၏။

ထိုအခါ တိုက်ခိုက်မှုများနှင့် မိုးကြိုးကပ်ဘေး၏ ဖျက်ဆီးမှူကြောင့် အပျက်အစီးပုံဘ၀သို့ ရောက်နေသော လျူယန် တော်၀င်မြို့တော်ကြီးကို မြင်လိုက်ရသည်။

“ အနီးကပ် သွားကြည့်ကြစို့…”

စပ်စုလိုစိတ်ပြင်းပြသူများ အပျက်အစီးများရှိရာသို့ သတိကြီးစွာ ချဉ်းကပ်သွားကြသည်။

သို့သော် အနားသို့ ရောက်လာလျှင် အပျက်အစီးများထံမှ အေးစက်သော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့ အသိစိတ်ပင်လယ်အတွင်း တိုး၀င်လာသည်ကို ခံစားလိုက်ရ၏။

“ ဘာကြီးလဲ…?”

ရှေ့တို့သွားသူများ အလန့်တကြား အော်ဟစ်ကာ နောက်သို့ ‌ဆုတ်လိုက်ကြသည်။

၎င်းတို့ မျက်လုံးမျအတွင်းမှ သွေးများလည်း စီးကျနေခဲ့၏။

သို့သော် ခြေလှမ်းအနည်းငယ်သာ ဆုတ်ခွာနိုင်ခဲ့ပြီး အားကုန်ကာ မြေပြင်ထက်သို့ လဲကျသွားကြသည်။

နောက်ဆက်တွဲရလဒ်မှာ ဓားစွမ်းအင်ကြောင့် ၎င်းတို့ အသိစိတ်ပင်လယ်များ ပြိုကွဲသွားခြင်းပင်။

“ ဘယ်‌လိုတောင် ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားလဲ…”

ထိုမြင်ကွင်းကို မြင်လိုက်ရသူများအနေဖြင့် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ရသည်။

အစပိုင်းတွင် နောက်မှ လိုက်ရန်ပြင်နေသူများ ရောက်နေရာ၌ ချက်ချင်းရပ်တန့်လိုက်ကြ၏။

အနည်းငယ်မျှ ရှေ့ဆက်မတိုးဝံ့တော့ချေ။

လျူယန်မြိုတော် အပျက်အစီးပုံကြီအား ကြောက်ရွံ့မှုများ ပြည့်နေသော မျက်၀န်းများဖြင့် ငေးကြည့်နေကြလေသည်။

အကြွင်းအကျန် ဓားစွမ်းအင်မျှလောက်က ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ အသိစိတ်ပင်လယ်ကို ဖျက်ဆီးရန် လုံလောက်သည်။

အတိဒုက္ခ မိုးတိမ်များအတွင်း ကြောက်မက်ဖွယ် ကိစ္စများ ဖြစ်ပျက်နေပြီလော...?

ထိုအတွေးက ရူးမိုက်လွန်းလှသည်။

တွေးမိသူတိုင်း ဆက်မတွေးရဲတော့ဘဲ ခေါင်းယမ်းလိုက်ကြ၏။

နက်နဲခြင်းအင်ပါယာဂိုဏ်း စတင်ပေါ်ပေါက်လာချိန်တွင် အင်အားစုပေါင်းများစွာတို့က ရွှမ်ယီ၏ ဓားရည်ရွယ်ချက်အဆင့်နှင့် ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

သို့သော် တိကျသော အဖြေကိုမူ မထုတ်နိုင်ခဲ့ဘဲ (၇) မှ (၈) ကြား၌သာ ရှိနိုင်သည်ဟု ကောက်ချက်ချခဲ့ကြ၏။

သူတို တိတိကျကျ အဖြေမထုတ်နိုင်ခြင်းမှာ နှိုင်းယှဉ်ကြည့်ရန် စံနှုန်း သတ်မှတ်ချက် မရှိသောကြောင့်ပင်။

All Chapters