← Chapters

အခန်း (၅၃၄)

Vol. 36 Ch. 534

အခန်း (၅၃၄)

Vol. 36 Ch. 534

“ အဲ့ဒီ‌နယ်မြေက ဘယ်လိုကြီးလဲ… ဘာလို့ ထူးဆန်းတဲ့ ဖိအားတွေကို ခံစားမိနေပါလိမ့်…”

နောက်ဆုံးတွင် ရွှမ်ယီထုတ်လွှတ်ထားသော တိုင်ရှု တာအိုနယ်မြေ၏ ထူးခြားမှုကို သတိထားမိသွားပြီး လူတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ထိုလူထံမှ စကားများကြောင့် တိုင်ရှု တာအိုနယ်မြေမှ စွမ်းအားကို လူပေါင်းများစွာတို့ သတိပြုမိသွားကြ၏။

“ နတ်ဘုရားအမှတ်အသား… ဟုတ်တယ် အဲ့တာက ပုံစံကွဲပြားတဲ့ နတ်ဘုရားအမှတ်အသားပဲ…”

အင်ပါယာ တစ်၀က်အဆင့်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ထက်သို့ အာရုံစူးစိုက်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှုလျက် တုန်လှုပ်စွာ ပြောလိုက်သည်။

နတ်ဘုရားအမှတ်အသား…!

ယင်းက အင်ပါယာ အဆင့်နှင့် ဘုရင်အဆင့်တို့ကြားမှ အဓိက ခြားနားချက်ဖြစ်၏။

ဘုရင်အဆင့်တွင် အသိစိတ်ပင်လယ်အတွင်းတည်ဆောက်သော စိတ်ဝိညာဉ်ဒြပ်စင်များ၌ ကောင်းကင်နှင့် မြေပြင်အကြားမှ စိတ်ဝိညာဉ်စွမ်းအင်များပါ၀င်သည်။

နတ်ဘုရားအမှတ်အသားတွင်မူ စိတ်ဝိညာဉ်စွမ်းအင်နှင့် အခြေခံတူညီသော နတ်စွမ်းအား ပါ၀င်၏။

မှန်ပေသည်။

ယင်းက စိတ်ဝိညာဉ်စွမ်းအင်ထက် အဆင့်မြင့်မား၏။

ထို့အပြင် နတ်တန်ခိုးစွမ်းရည်များကို နတ်စွမ်းအားဖြင့်သာ အသက်သွင်းနိုင်သည်။

နတ်တန်ခိုးစွမ်းရည်၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး တိုက်ပွဲအတွင်း ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ဖာထေးပေးနိုင်သည်။

ယင်းက လူသားများအား ၎င်းတို့ထက် ရုပ်ပိုင်းဆိုင်ရာ အလွန်သန်မာသော နတ်ဆိုးများနှင့် ယှဉ်နိုင်စွမ်း ရှိစေခဲ့ခြင်းပင်။

အသေးစား နတ်တန်ခိုးစွမ်းရည်တစ်ခု ဖြစ်သော်ငြား ၎င်းအား အသက်သွင်းထားသ၍ ကောင်းကင် နှင့် မြေကြီးတို့နှင့် ပဲ့တင်ထပ်နေပေလိမ့်မည်။

တိုက်ခိုက်လိုက်ပါက ထွက်ပေါ်လာသည့် စွမ်းအားက အသုံးပြုသူ၏ ပင်ကိုယ်စွမ်းအား သက်သက်မဟုတ်တော့ပေ။

ကောင်းကင်နှင့် မြေကြီးကို လှုံ့ဆော်ပေးပြီး တာအို စွမ်းအားကို ယူငင်အသုံးပြုကာ ရန်သူများ ဖိနှိပ်ပစ်နိုင်သည်။

နတ်တန်ခိုးစွမ်းရည် အဆင့်မြင့်လေ ကောင်းကင်နှင့် မြေကြီးတို့နှင့် ပို၍ ပဲ့တင်ထပ်နိုင်လေဖြစ်ကာ အသုံးပြုနိုင်သော တာအိုစွမ်းအားများ ပိုမိုအားကောင်းလာပြီး ဖျက်ဆီးနိုင်စွမ်း ပို၍ မြင့်မားလေဖြစ်၏။

မှန်ပေသည်။

ယင်းက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။

တာအိုအရှင်သခင်အဆင့်သို့ မရောက်မီ အဆင့်(၇)ဆင့်၌ ကောင်းကင်ဘုံ အတိဒုက္ခ တစ်ကြိမ်ရင်ဆိုင်ကျော်ဖြတ်ပြီးတိုင်း မိမိ၏ ထာ၀ရ နတ်ဘုရားစင်မြင့်ထက်တွင် နတ်ဘုရားအမှတ်အသား တစ်ခု ရေထွင်းနိုင်မည်ဖြစ်ကာ နတ်တန်ခိုးစွမ်းရည်ကို အသုံးပြုနိုင်ပေလိမ့်မည်။

ကျင့်ကြံသူများ၏ အရည်အချင်းအပေါ်မူတည်ပြီး သန့်စင်နိုင်သည့် နတ်တန်ခိုးစွမ်းရည် အဆင့်က ကွဲပြားသွားနိုင်သည်။

သို့သော် အရေအတွက်ကမူ အကန့်အသတ်ဖြင့်သာရှိ၏။

မည်မျှ အစွမ်းထက်သော လူဖြစ်စေကာမူ (၇)ခုထက် ပိုမိုရေးထွင်းနိုင်မည်မဟုတ်ချေ။

သို့သော် ထိုသို့ဆိုတိုင်းလည်း (၇)ခုက ကန့်သက်ချက်ဖြစ်သည်ဟု ပြော၍မရပေ။

အဘယ်ကြောင့်ဆိုသော် နယ်မြေဆိုသော ချွင်းချက်တစ်ခုရှိနေသောကြောင့်ဖြစ်၏။

နယ်မြေတစ်ခု အလွန်အဆင့်မြင့်လာပါက တာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် တာအိုနယ်မြေက အဘယ်နည်း…?

ကောင်းကင်နှင့် မြေပြင်အကြားတွင် သာမန် ဥပဒေသများမဟုတ်ဘဲ အမြင့်ဆုံးသော ဥပဒေသများလည်း ရှိနေပြီး တာအိုနယ်မြေက ၎င်းတို့နှင့် ပဲ့တင်ထပ်နိုင်သည်။

တာအိုနယ်မြေကို ပိုင်ဆိုင်ထားခြင်းဖြင့် မိမိ၏ တိုက်ခိုက်နိုင်စွမ်း အလွန်တိုးလာရုံသာမက တူညီသော ကျင့်ကြံခြင်းအဆင့်မှ အဆင့်မှ နယ်မြေစွမ်းအား ပိုင်ဆိုင်ထားသူများထက်လည်း သာလွန်နေပေလိမ့်မည်။

တာအိုနယ်မြေကို အခြေခံ၍ နတ်ဘုရားအမှတ်အသားများကို ပုံတူပွားရန်ပင်ဖြစ်နိုင်သည်။

ပထမ ၊ ဒုတိယ နှင့် တတိယ အတိဒုက္ခ အဆင့်များကို အင်ပါယာအဆင့်၏ ပထမဆုံးအဆင့်အဖြစ် သတ်မှတ်ထားသည်။

သာမန်အတိုင်းဆိုလျှင် ထိုအဆင့်များအကြား ကွာခြားမှုက သေးငယ်သည်ဟု ထင်မှတ်ရ၏။

သို့သော် တကယ့်တိုက်ပွဲတွင်မူ ပထမ နှင့် ဒုတိယ အတိဒုက္ခအဆင့်ကျင့်ကြံသူတို့အကြားမှ ကွာဟချက်က အလွန်ကြီးမားလှသည်။

ထို့အပြင် တာအိုနယ်မြေကို နားလည်ထားသော ကျင့်ကြံသူများအနေဖြင့် ထိုအဆင့်များသို့ အလွယ်တကူ ရောက်ရှိနိုင်၏။

ကျင့်ကြံခြင်းခရီးစဉ်၏ လမ်းခုလတ်၌ မည်သည့် မတော်တဆမှုမှ မရှိပါက အထွတ်အထိပ် အင်ပါယာအဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားပေလိမ့်မည်။

ထိုအချိန်တွင် ၎င်းတို့ ကိုယ်ပိုင် နတ်ဘုရားအမှတ်အသား (၇)ခုအား အခြေခံလျက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော နတ်ဘုရားအမှတ်အသားများ ထပ်မံ ထည့်သွင်းနိုင်သည်။

ထို့အပြင် ၎င်းတို့က နဂိုကတည်းက အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းရှိသူများဖြစ်ကြပြီး တာအိုနယ်မြေ၏ ကောင်းချီပေးမှုအောက်တွင် တိုက်ခိုက်နိုင်စွမ်းက ထပ်မံ၍ မြင့်မားလာမည်ဖြစ်၏။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဖော်ပြရန် စကားလုံး တစ်လုံးတည်းသာရှိသည်။

ယင်းက ဒဏ္ဍာရီ ဟူသော စကားလုံးပင်။

“ အရှေ့ပိုင်းတိုက်ကြီးရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာတောင် တာအိုနယ်မြေကို နားလည်နိုင်ခဲ့တဲ့ ပါရမီရှင်တွေ အရမ်းကိုမှ နည်းလွန်းတယ်…”

အိုမင်းသော အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်၏။

သူ့စကားသံက ထိုင်းမှိုင်းနေခဲ့ပြီး ရွှမ်ယီပြသသော အရည်အချင်းများကြောင့် အလွန်ထုံကျင်နေဟန်တူသည်။

သို့သော် အရှေ့ပိုင်းတိုက်ကြီး တာအိုနယ်မြေကို နားလည်ခဲ့ကြသူတိုင်း ဆန်းကြယ်ပလ္လင်အဆင့်သို့ မရောက်မီ ခမ်းနားသော သမိုင်းမှတ်တမ်းများ ရေးထိုးနိုင်ခဲ့ကြသည်ချည်းသာ။

ပထမ တစ်ဦးက အန္တိမ အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

နောက်တစ်ယောက်ကမူ ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူကို သတ်နိုင်ခဲ့၏။

သို့သော် ယင်းက အရေးမကြီးချေ။

၎င်းတို့အားလုံး ဆန်းကြယ်ပလ္လင်အဆင့်သို့ ရောက်ရှိပြီးနောက် တာအိုနယ်မြေက ကြီးစွာ အသွင်ပြောင်းသွားခဲ့၏။

အဆင့်များကျော်ဖြတ်၍ တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူကို မရှုံးနိမ့်ဘဲ ယှဉ်တိုက်နိုင်စွမ်းရှိကြသည်။

၎င်းတို့အထဲမှ အစွမ်းထက်ဆုံးလူက အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ကာ မဟာဂိုဏ်းကြီးတစ်ခုမှ ဒုဂိုဏ်းချုပ်ကိုပင် လက်ရည်တူ ယှဉ်နိုင်ခဲ့၏။

ထိုပုဂ္ဂိုလ်၏ အမည်က ယနေ့ထိတိုင် အရှေ့ပိုင်းတိုက်ကြီး၌ ပျံ့နှံ့နေဆဲဖြစ်ကာ တောင်များ ၊ မြစ်များပင် ပြောင်းလဲသွားနိုင်သော်ငြား ၎င်း၏ တာအိုကမူ ဘယ်တော့မှ မပျောက်ကွယ်ဘဲ ဆက်လက် တည်တံ့နေခဲ့သည်။

ထိုလူက ယနေ့ခေတ် အရှေ့ပိုင်းတိုက်ကြီးရှိ ပျံသန်းခြင်းအင်မော်တယ် ဂိုဏ်းချုပ် အမြင့်မြတ်ဆုံးသော ပျံသန်းခြင်းအင်မော်တယ်ဖြစ်၏။

၎င်းတို့အနက်မှ နောက်ဆုံးလူက လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအကြာက နတ်ဘုရားမင်းဆက်တစ်ခု ဖန်တီးခဲ့ပြီး မြောက်ပိုင်းမြေရိုင်းလွင်ပြင်ကို ယခုအချိန်ထိ ဖိနှိပ်ထားဆဲပင်။

သို့သော် ထိုလူကမူ ကွယ်လွန်သွားခဲ့ချေပြီ။

သို့သော် ၎င်း၏ အမွေအနှစ်ကမူ ယနေ့ထိတိုင် ခိုင်ခိုင်မာမာတည်ရှိနေဆဲဖြစ်၏။

ထိုလူများအားလုံးကို အရှေ့ပိုင်းတိုက်ကြီး၌ ဒဏ္ဍာရီများအဖြစ် တင်စားထားခဲ့သည်။

ထို့အပြင် တာအိုနယ်မြေကို နားလည်နိုင်သူတိုင်း အံ့မခန်းအစွမ်းထက်သူများဖြစ်ကာ အနာဂါတ်တွင် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုအဖြစ် ဆက်လက် ကြီးထွားလာပေလိမ့်မည်။

“ ခင်ဗျားတို့ မေ့မနေကြနဲ့ဦး… ဂိုဏ်းချုပ်ရွှမ်က အရင်တုံးကပဲ ဒဏ္ဍာရီ မှတ်တမ်းတွေကို ချိုးဖျက်ခဲ့ပြီးပြီဆိုတာ…”

လူငယ်တစ်ဦးက ပင့်သက်ရှိုက်ရင်း စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်၏။

အံ့မခန်းထက်မြက်လွန်းလှသော ရွှမ်ယီနှင့် မျိုးဆက်တစ်ခုတည်းရှိနေခြင်းကြောင့် လူငယ်ကျင့်ကြံသူတိုင်း အလွန် ဖိအားများနေခဲ့ကြသည်။

လူတိုင်း သက်ပြင်းချနေကြစဉ်…

လျှပ်စီးရေကန်အတွင်း ရွှမ်ယီနှင့် မိုးကြိုးဝိညာဉ်တို့အကြားမှ တိုက်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ချေပြီ။

ဘုန်း…

လျှပ်စီးရေကဲထဲတွင် ရွှမ်ယီ၏ ခန္ဓာကိုယ်အား တိုင်ရှု တာအိုနယ်မြေက ၀န်းရံထားခဲ့ပြီး ၎င်းအထက်တွင် လျှပ်စီး မီးတောက်များ တောက်လောင်နေကာ နတ်အလင်းများလည် တစ်ဖျတ်ဖျတ်တောက်ပနေ၏။

တိုင်ရှု တာအိုနယ်မြေ ဗဟိုမှနေ၍ အလွန် ထက်မြိသော ကြက်သွေးရောင် ဓားအလင်းတစ်ခု ပြေးထွက်လာပြီး လျှပ်စီးရေကန်ကြီးအား ထပ်ပိုင်းဖြတ်ချလိုက်သည်။

လျှပ်စီးရေကန် ဗဟို၌ရှိနေသော မိုးကြိုးဝိညာဉ်ကမူ ရွှမ်ယီ၏ ပြင်းထန်သော ခုတ်ပိုင်းချက်ကြောင့် အဆက်မပြတ်တုန်ခါလာပြီး မကြာခင် ပြိုကွဲပျက်စီးသွားတော့မည့်ဟန် ဖြစ်လာ၏။

တစ်ဖက်တွင် အင်ပါယာလျူယန်က လျှပ်စီးရေကန်ရှိနေရာသို့ စူးနစ်စွာ စိုက်ကြည့်နေခဲ့သည်။

‌ပြောရမည်ဆိုလျှင် သူက သေလူဖြစ်နေချေပြီ။

သန့်ရှင်းဝိညာဉ် အကြွင်းအကျန်ပင် ရွှမ်ယီအား မတားဆီးနိုင်ပေ။

သူ့ ကံကြမ္မာက အတိအကျသတ်မှတ်ပြီးသား ဖြစ်သွားပြီဖြစ်၏။

All Chapters