← Chapters

အခန်း (၅၃၅)

Vol. 36 Ch. 535

အခန်း (၅၃၅)

Vol. 36 Ch. 535

“ နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်က ဒီလောက်ထိ အကြာကြီး ယှဉ်တိုက်နိုင်မယ်လို့ လုံး၀ထင်မထားခဲ့ဘူး….”

အစပိုင်းတွင် ရွှမ်ယီအား ချီးကျူးခဲ့ဖူးသော အင်ပါယာတစ်၀က်အဆင့်လူငယ် လေးစားမှုများ ပြည့်နှက်နေသော မျက်၀န်းများဖြင့် ရေရွတ်လိုက်သည်။

“ ဓားသမားဆိုတာ ဒီလိုမှပေါ့…”

ထိုလူငယ်အနီးတွင် ပုန်းကွယ်ခြင်းနဂါးဂိုဏ်းမှတပ်ဖွဲ့ကို ဦးဆောင်လာသော မူဝူ ရပ်နေခဲ့ပြီး လက်ရှိအချိန်တွင် စကားမပြောနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

အနီးကပ်ကြည့်လျှင် မူဝူ၏ ခန္ဓာကိုယ် တုန်ယင်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

ရွှမ်ယီ၏ စွမ်းအားပြသမှုက မူဝူအား အလွန်ကြောက်လန့်သွားစေခဲ့သည်။

သူ ဤနေရာသို့ တပ်ဖွဲ့ကြီးကို ဦးဆောင်လျက် ရောက်ရှိလာခဲ့ခြင်းမှာ ရွှမ်ယီ၏ ကျင့်ကြံဆင့်နှင့် ပတ်သက်ပြီး အထင်သေးခဲ့သောကြောင့်ပင်။

အကယ်၍ လက်ရှိအချိန်တွင် အစစ်အမှန် အန္တိမ အင်ပါယာအဆင့် ကျင့်ကြံသူရှိနေလျှင်ပင် ဤကိစ္စ၌ ၀င်စွက်ဖက်ရဲမည် မထင်ချေ။

မူဝူ ယခုမှ အလွန်ကြောက်ရွံ့လာခဲ့၏။

အကယ်၍ ရွှမ်ယီသာ ဤနေရာမှ ကိစ္စများဖြေရှင်းပြီးနောက် ပုန်းကွယ်ခြင်းနဂါးဂိုဏ်းသို့ ရောက်လာလျှင် မည်သို့လုပ်မည်နည်း။

ကောင်းကင်ထက်မှ ဓားတစ်စင်းကျဆင်းလာပြီး ဂိုဏ်းတစ်ခုလုံး အမှုန့်ဖြစ်သွားနိုင်သည်။

ပုန်းကွယ်ခြင်းနဂါးဂိုဏ်းမှ ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူ(၃)ယောက် ပေါင်းလိုက်မည်ဆိုလျှင်ပင် ယခု ရွှမ်ယီနှင့် ရင်ဆိုင်နေသော မိုးကြိုးဝိညာဉ်လောက် အစွမ်းထက်မည်မဟုတ်ပေ။

သို့ဖြစ်ရာ ရွှမ်ယီ အမှန်တကယ် ရောက်လာပါက သူတို့၌ ခုခံကာကွယ်ရန် နည်းလမ်းမရှိချေ။

“ လာဦး…”

မူဝူ နောက်လှည့်ပြီး သူနှင့်အတူ လိုက်ပါလာသော ပုန်းကွယ်ခြင်းနဂါးဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးအား လှမ်းခေါ်လိုက်၏။

“ မင်း… ဂိုဏ်းကို အမြန်ပြန်… ပြီးတော့ ဂိုဏ်းချုပ်ကို လက်ဆောင်ကြီးတစ်ခု စီစဉ်ပေးဖို့ပြော.. ပြီးရင် ဒီကိုပြန်သယ်လာခဲ့… တိုက်ပွဲပြီးတာနဲ့ ဂိုဏ်းချုပ်ရွှမ်ကို တောင်းပန်ခြင်းလက်ဆောင်အဖြစ်ပေးရမယ်…”

မူဝူထံ စေခိုင်းခံရသူက လက်ရှိပြသနာ၏ လေးနက်မှုကို ကောင်းစွာနားလည်ထားသည်။

ထို့ကြောင့် မူဝူစကားဆုံးသည်နှင့် ပုန်းကွယ်ခြင်းနဂါးဂိုဏ်းရှိရာသို့ ဦးတည်ပြီး ခြေကုန်သုတ်တော့၏။

ထိုလူအား စေလွှတ်လိုက်ပြီးနောက် မူဝူ အတန်ငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

တုန်လှုပ်နေသော နှလုံးသား အနည်းငယ်တည်ငြိမ်သွားပြီးနောက် လျှပ်စီးရေကန်ရှိရာသို့ တစ်ဖန်ပြန်ကြည့်လိုက်၏။

ထိုအခါ နဂိုက ပျက်စီးပြိုကွဲတော့မည့်ဟန်ဖြစ်နေသော မိုးကြိုးဝိဉာဉ် ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

ဂျစ်.. ဂျစ်..

ဂျိန်း…

ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သော လျှပ်စီးရေကန်အတွင်း မိုးခြိမ်းသံများ ပြန်လည်၍ သန္ဓေတည်လာပြန်သည်။

ထိုနေရာမှ ထွက်ပေါ်နေသော စွမ်းအားက ယခင် သန့်စင်ဝိညာဉ် အကြွင်းအကျန်ဖြစ်သော မိုးကြိုးဝိညာဉ် ထုတ်လွှတ်ခဲ့သည်ထက် ပို၍ ပြင်းထန်နေ၏။

“ ဘာတွေဖြစ်နေတာလဲ… မိုးကြိုးကပ်ဘေးက ပြီးဆုံးသွားသင့်ပြီမဟုတ်လား…? ဘာလို့ ရုတ်တရက် ပြန်လှုပ်ရှားလာတာလဲ…?”

မူဝူအပါအ၀င် ပတ်၀န်းကျင်မှ လူတိုင်း အလွန် အံ့အားသင့်သွားကြ၏။

သို့သော် လျှပ်စီးရေကန် အလယ်၌ရှိသော ရွှမ်ယီကမူ အနည်းငယ်မှ ဟန်ပျက်မသွားဘဲ သာမန်အတိုင်း တစ်ချက်ပြုံးလိုက်သည်။

“ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပဲ…”

သူက အရှေ့ပိုင်းတိုက်ကြီး၌ ဒဏ္ဍာရီဖြစ်သော တာအိုနယ်မြေများအကြောင်းမသိထားပေ။

သို့သော် တိုင်ရှုတာအိုနယ်မြေ လျှပ်စီးပင်လယ်အတွင်း အသွင်ပြောင်းနေစဉ် တိုင်ရှုဓားခန္ဓာပိုင်ဆိုင်သော ရွှမ်ယီအနေဖြင့် တိုင်ရှုတာအို နယ်မြေ အသွင်ပြောင်းနေခြင်း ဦးတည်ချက်ကို အစကတည်းကနားလည်ခဲ့၏။

၎င်းက နတ်ဘုရားအမှတ်အသားကို ဖွဲ့စည်းနေခြင်းပင်။

ထိုအချိန်တွင် သူကိုယ်တိုင်က အစစ်အမှန် စိတ်ဝိညာဉ် မိုးကြိုးကပ်ဘေး အလယ်ဗဟို၌ ရှိနေခဲ့၏။

ထို့ကြောင့် တိုင်ရှုတာအို နယ်မြေအတွင်း ဖွဲ့စည်းလာခဲ့သော နတ်ဘုရားအမှတ်အသားက အစစ်အမှန် စိတ်ဝိညာဉ် မိုးကြိုးကပ်ဘေးကိုလည်း ကောင်းချီပေးခဲ့သည်။

နောက်ဆုံးတွင် မိုးကြိုးကပ်ဘေး စတုတ္ထအကျော့ ကျဆင်းလာနိုင်ချေရှိ၏။

ဂျိန်း…

ယခင်တုန်းကထက် အဆပေါင်းများစွာ ပိုမိုထူထဲ တုတ်ခိုင်သည့် မိုးကြိုးတစ်စင်းကျဆင်းလာခဲ့ပြီး မိုးကြိုးဝိညာဉ်က ၎င်းအား လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

“ မင်း….. ကောင်းတယ်… အရမ်းကောင်းတယ်…”

မိုးကြိုးဝိညာဉ်ထံမှ စကားသံ ထွက်ပေါ်လာပြီး ထိုစကားသံက မိုးခြိမ်းသံများပဲ့တင်ထပ်မှုအောက်၌ အနှိုင်းမဲ့ ခံ့ညားထည်ဝါနေခဲ့သည်။

ဂျုန်း…

စကားဆုံးသည်နှင့် အစက ပျက်စီးလုနီးပါးဖြစ်နေခဲ့သော မိုးကြိုးဝိညာဉ်၏ ခန္ဓာက ပြန်လည်၍ ခိုင်မာလာသည်။

ထို့နောက် ၎င်းစပေါ်လာကတည်က ‌မှုန်းဝါးနေခဲ့သော မျက်နှာထက်၌ တောင်ပသော နတ်အလင်းများ ဖြစ်ပေါ်လာပြီး နတ်မျက်လုံးတစ်စုံ ပွင့်လာ၏။

ထို နတ်မျက်လုံး ပွင့်လာသည်နှင့် ပတ်၀န်းကျင်သို့ မိုးကြိုးလျှပ်စီး ရောင်ဝါ သန်းပေါင်းများစွာ ဖြာထွက်သွားခဲ့သည်။

“ ဟားဟားဟား… ရွှမ်ယီ… မင်းရဲ့ တာအိုနယ်မြေကြောင့် တစ်နေ့ မင်းသေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူးမလား...?”

အစပိုင်းတွင် မျှော်လင့်ချက်များပျောက်ဆုံးနေခဲ့သော လျူယန် နှလုံးသားထဲ၌ မျှော်လင့်ချက်များ ပြန်လည်ကိန်းအောင်းလာခဲ့ပြီး ၀မ်းသာအားရ အော်ဟစ်လိုက်၏။

ထို မိုးကြိုးဝိညာဉ်၏ စွမ်းအားက နဂိုကတည်းက အန္တိမအင်ပါယာအဆင့်နား ရောက်ရှိနေခဲ့သည်။

ယခုတွင် ရွှမ်ယီ၏ တာအိုနယ်မြေမှ ကောင်းချီးကြောင့် ထိုအတားအဆီးအား လုံး၀ချိုးဖျက်သွားခဲ့ချေပြီ။

သာမန် အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူရောက်လာလျှင်ပင် ၎င်းအား ယှဉ်နိုင်မည်ဟု တထစ်ချမပြောနိုင်ပေ။

ရွှမ်ယီက မည်မျှပင် ကောင်းကင်အား ဆန့်ကျင်နေပါစေ ထို မိုးကြိုးဝိညာဉ်ရှေ့တွင် သေဆုံးရတော့မည်။

သို့ဖြစ်ရာ လျူယန် အဘယ်မှာလျှင် မပျော်ဘဲ နေတော့မည်နည်း။

ဘုန်း...

လျူယန်အား စကားများကို အတည်ပြုလိုက်သည့်အလားပင်။

မိုးကြိုးဝိညာဉ်၏ မျက်လုံးများပွင့်လာပြီးနောက် ကြီးမားသော မိုးကြိုးတစ်စင်း ကောင်းကင်ထက်၌ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် ၎င်းက ယခင် မိုးကြိုးဝိညာဉ် ဆုပ်ကိုင်ထားခဲ့သော မိုးကြိုးနှင့် ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် စပ်ပုဆိန်တစ်ခု ဖြစ်ပေါ်လာ၏။

“ သေလိုက်တော့... ဟောဒီ စပ်ပုဆိန်အောက်မှာ မင်း နောင်တမရှိဘဲ သေနိုင်ပြီ...”

“ အဲ့တာ.. အဲ့တာ လူသားမျိုးနွယ်ရဲ့ ရှေးခေတ်က သူတော်စင်အဆင့် မြင့်မြတ်လက်နက် (၉)ခုထဲမှာပါ၀င်တဲ့ ပျက်စီးခြင်းမိုးကြိုး စပ်ပုဆိန်မဟုတ်လား...”

မိုးကြိုးစပ်ပုဆိန်ကြီး ဖြစ်ပေါ်လာသည့်အချိန်တွင် မူဝူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အထိတ်တလန့်အော်ဟစ်လိုက်သည်။

ပျက်စီးခြင်းမိုးကြိုး စပ်ပုဆိန်...

၎င်းက အမှန်တကယ်ကို မြင့်မြတ်သော သူတော်စင်အဆင့်လက်နက် တစ်ခုဖြစ်ခဲ့သည်။

ယခုအချိန်တွင် ၎င်းက သရုပ်သကန် ထင်ဟပ်ခြင်းမျှသာဖြစ်နေသော်လည်း မိုးကြိုးဝိညာဉ်၏ တွန်းအားပေးမှုအောက်၌ ကြောက်မက်ဖွယ်စွမ်းအားများ ထုတ်လွှတ်နေခဲ့၏။

၎င်းအား သူတော်စင်အဆင့်အောက်တွင် မည်သည့်အရာမှ ယှဉ်နိုင်မည်မထင်ပေ။

“ ပြီးသွားပြီ...”

ကျင့်ကြံသူတစ်ယောက်က တိုးညှင်းစွာ ရေရွတ်လိုက်၏။

“ ကျုပ်တို့လူသားမျိုးနွယ်က လျှမ်းလျှမ်းတောက် ပါရမီရှင်တစ်ဦးကို အလကားဆုံးရှုံးလိုက်ရတာ သိပ်နှမျောဖို့ ကောင်းတာပဲ...”

အသက်အရွယ်ကြီးရင့်သော ကျင့်ကြံသူများ စိတ်မကောင်းစွာ သက်ပြင်းချလိုက်ကြ၏။

အမျိုးမျိုးသော အင်အားစုများအကြားမှ ပြသနာလေးများက လူသားများနှင့် နတ်ဆိုးများအကြားမှ ပြသနာနှင့်ယှဉ်ပါက သိပ်ပြီးမပြောပလောက်ပေ။

‌အရှေ့ပိုင်းတိုက်ကြီး၌ လူသားမျိုးနွယ်အတွက် အဓိက ပြသနာမှာ နတ်ဆိုးများသာဖြစ်၏။

ငယ်ရွယ်စဉ်ကတည်းက တာအိုနယ်မြေကိုပိုင်ဆိုင်ထားသည့် အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဆုံးရှုံးရတော့မည်။

၎င်းက လူသားမျိုးနွယ်အတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်၏။

တစ်ဖက်တွင်မူ အင်ပါယာလျူယန်တစ်ယောက် မျက်ရည်များ ကျဆင်းလုမတတ် ရယ်မောနေခဲ့သည်။

သို့သော် လျှပ်စီးရေကန်အတွင်းရှိ ရွှမ်ယီ၏ အမူအရာကမူ သာမန်အတိုင်းရှိနေဆဲပင်။

မိုးကြိုးဝိညာဉ်နှင့် ပတ်သက်ပြီး အနည်းငယ်မျှ စိတ်မပူဟန်ရ၏။

မိုးကြိုးဝိညာဉ်လည်း ထိုအချင်းအရာကို သတိပြုမိပေသည်။

သူက အပိုစကားများ ပြောမနေတော့ဘဲ စပ်ပုဆိန်ကြီးအား တင်းကြပ်စွာ ဆုပ်ကိုင်လျက် သစ်ပင်တစ်ပင်အား အရင်းမှ ခုတ်ပိုင်းသကဲ့သို့ အားရပါးရ လွှမ်ယမ်းလိုက်၏။

စပ်ပုဆိန် ရွှမ်ယီ၏ ခန္ဓာကိုယ်အထက်သို့ ကျရောက်တော့မည်အချိန်တွင်

ရွှမ်ယီက လက်ထဲ၌ ကိုင်ထားသော သတ်ဖြတ်ခြင်းဓား (၇)ချောင်းကို ရုတ်တရက်မြှောက်တင်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။

“ မိုးကြိုးနဂါး ကောင်းကင်ဓား... လာစမ်း...”

ဂရား...

နဂါးဟိန်းသံတစ်ခုနှင့်အတွင် ရွှမ်ယီ လက်အတွင်းရှိ ဓားအသွားထက်၌ မိုးကြိုးများ ၀န်းရံနေသော နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ပြေးတက်သွား၏။

ထို့နောက် စပ်ပုဆိန်ကြီးနှင့် လေထဲ၌ ထိတွေ့သွားလေသည်။

All Chapters