← Chapters

အခန်း (၅၃၈)

Vol. 36 Ch. 538

အခန်း (၅၃၈)

Vol. 36 Ch. 538

သူတို့ သတိပေးစကား လှမ်းပြောတော့မည့်အချိန်တွင် အသစ်ရောက်လာသူ (၃)ယောက် နောက်ဘက်ရှိ လေဟာနယ် အက်ကွဲသွားကာ လှပသော မိန်းကလေးတစ်ဦး ထွက်ပေါ်လာ၏။

ယင်းက လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

ဘုရင်အဆင့် လူငယ်ကျင့်ကြံသူများ ထိုနေရာသို့ ချက်ချင်း ပျံသန်းသွားခဲ့ကြသော်လည်း လမ်းတစ်၀က်၌ ရပ်တန့်သွားခဲ့ကြ၏။

အနည်းငယ်မျှ ရှေ့ဆက်မတိုးဝံ့ကြချေ။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီက ထိုအသစ်ရောက်လာသော အဖွဲ့အား သိရှိနေပုံပေါ်သောကြောင့်ပင်။

ချက်ချင်း ထိုအဖွဲ့ထံသို့ ရောက်ရှိသွားလေသည်။

“ ဘုရင်ဝေ့ယွဲ့ ၊ ရှောင်ယွမ်… ဘယ်လို လုပ်ပြီး ဒီကို ရောက်လာကြတာလဲ…”

ထိုအသစ်ရောက်လာသူများက ရွှမ်ယီအား သတင်းအချက်အလက်များ ပြောပြရန်အတွက် ဝေ့နိုင်ငံမှ မနားတမ်း ပြေးလိုက်လာသော ဝေ့ဘုရင်တို့အဖွဲ့ ဖြစ်ပေသည်။

ဝေ့ယွမ်နှင့် အတူရောက်လာသူများက ဝေ့နိုင်ငံတော်တွင် ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်သဖြင့် ရှေ့ဆုံးမှ ရောက်ရှိလာခြင်းဖြစ်၏။

သို့သော် သူတို့နိုင်ငံ၌ မှော်ဆေးတာအို ၊ အစီအရင်တာအိုတွင် ထူးချွန်သူမရှိသလို အရမ်းလည်း မကြွယ်၀သည်ဖြစ်လေရာ အဆင့်မြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်များ မပိုင်ထားခဲ့ပေ။

ထို့ကြောင့် ရွှမ်ယီအား လိုက်မမှီဘဲ ယခုမှသာ ရောက်လာကြခြင်းဖြစ်၏။

ယခုတွင် ရွှမ်ယီက ရုတ်တရက် သူတို့ရှေ့သို့ ရောက်လာခဲ့ရာ အားလုံး အလွန်အံ့အားသင့်သွားကြလေသည်။

ဝေ့ယွမ်က အရင်ဦးဆုံး တုံ့ပြန်လိုက်၏။

ရွှမ်ယီကို မြင်လျှင် သူမ ချက်ချင်းဦးညွှတ်လိုက်ပြီး

“ ဆရာ မသိတာတွေရှိသေးလို့ ကျွန်မတို့ သတိပေးဖို့လိုက်လာတာ… ဒါပေမယ့် အခြေအနေက….”

ဝေ့ယွမ် စကားပြောနေစဉ် သူမ မျက်၀န်းများ ပျက်စီးနေသော လျူယန်မြို့တော်သို့ ရောက်ရှိသွားပြီ ရွှမ်ယီအား မည်သို့ ဆက်လက်ရှင်းပြရမှန်းမသိ ဖြစ်သွားလေသည်။

ကံကောင်းထောက်မစွာနှင့် ဝေ့ဘုရင် ပြန်လည် သတိ၀င်လာပြီး ရှေ့တိုးလာကာ ရွှမ်ယီအား ဦးညွှတ်လိုက်ရင်း

“ အခုပြောရမယ်ဆိုရင် တော်တော်လေး နောက်ကျနေပြီ… ဒါပေမယ့် ဂိုဏ်းချုပ်ရွှမ် သိထားဖို လိုတာမို့ ပြောပြပါမယ်…”

ဝေ့ယွဲ့က အဖွဲ့ထဲ၌ အသက်ကြီးဆုံးလူဖြစ်လေရာ သူတို့ရှေ့မှ အပျက်အစီးများက ရွှမ်ယီလက်ချက်ဖြစ်ကြောင်း ပြောနိုင်၏။

အတိအကျပြောရမည်ဆိုလျှင် အင်ပါယာ ရဲ့ချင်းစုန် ဖျက်ဆီးခဲ့ခြင်းဖြစ်ရမည်။

သို့သော် ၎င်းတို့အနက် မည်သူဖြစ်စေ နက်နဲခြင်းအင်ပါယာဂိုဏ်းက အရှေ့ပိုင်းတိုက်ကြီးရှိ မဟာဂိုဏ်းကြီးတစ်ခုနှင့် ပြသနာရှိသွားချေပြီ။

မကြာခင် ဖေးရှန့်ဂိုဏ်းမှ လူများရောက်ရှိလာနိုင်၏။

သို့သော် ဝေ့ယွဲ့မပြောရသေးမီ ရွှမ်ယီက

“ ဘုရင်ဝေ့က ဖေးရှန့်ဂိုဏ်းအကြောင်း ပြောချင်တာလား…?”

ထိုစကားကိုကြားလျှင် ဝေ့ယွဲ့ခါးသီးစွာပြုံးလိုက်၏။

ထို့နောက် ခေါင်းယမ်းလိုက်ပြီး

“ ဂိုဏ်းချုပ်ရွှမ်က ဒီကိစ္စကို သိတောင် သိနှင့်ပြီးပြီပဲ… ဒါပေမယ့် ဖေးရှန့်ဂိုဏ်းက မဟာဂိုဏ်းကြီးတစ်ခုဖြစ်တဲ့အလျောက် အဆင့်မြင့် ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ရှိတယ်ဆိုတာ မေ့ထားလို့မရဘူး…”

ဝေ့ယွဲ့က ပြောမည့်စကားလုံးများကို အသေအချာရွေးချယ်လိုက်ပြီး

“ ကျုပ်ကတော့ ဂိုဏ်းချုပ်ရွှမ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာ အင်ပါယာချင်းစုန့်နဲ့ သေချာလေး ဆွေးနွေးစေချင်တယ်…”

ထိုနောက် ခေါင်းမော့လိုက်ကာ သံသယမျက်၀န်းများဖြင့်

“ ဒါနဲ့ ကျုပ် အခုချိန်ထိ အင်ပါယာချင်းစုန့်ကို မမြင်မိသေးဘူး… သူ အကြွင်းအကျန်တွေ ရှာဖွေဖို့ သွားတာများလား…?”

ဝေ့ယွဲ့၏ အမေးကိုကြားလျှင် ရွှမ်ယီ ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်ပြီး

“ အကြီးအကဲချင်းစုန့်က ကျုပ်ကိုယ်စား မြင့်မြတ်ခြင်းညီလာခံ တက်ရောက်ဖို့ တောင်ပိုင်းကောင်းကင်တံခါးကိုသွားတယ်… ကြည့်ရတာ အခုချိန် ဂိုဏ်းကိုတောင် ပြန်မရောက်သေးဘူး…”

“ ဟမ်… အင်ပါယာ ချင်းစုန့်က ဒီမှာမရှိ‌ဘူးပေါ့…”

ဝေ့ယွဲ့ဘာမှမပြောရသေးမီ နောက်၌ ရပ်နေသော ကောင်းကင်ဘုရင်(၂)ယောက် ထိတ်လန့်တကြား အော်မိလိုက်ကြ၏။

ဝေ့ယွမ်ကလည်း သူမဆရာအား အံ့အားသင့်စွာ ကြည့်လိုက်ပြီး

“ ဖြစ်နိုင်တာက…?”

“ ဆရာ.. လျူယန်မင်းဆက်ကို ဆရာ တစ်ယောက်တည်း ဖျက်ဆီးပစ်ခဲ့တယ်ပေါ့…”

ထိုအခါ ရွှမ်ယီက သူမအား ပြုံးပြလိုက်ပြီး

“ လျူယန်မင်းဆက်ကို ဖျက်ဆီးတယ်လို့တော့ ပြောလို့မရဘူး… ငါက အင်ပါယာလျူယန် နဲ့ အကြီးအကဲတချို့ကို သတ်ခဲ့ယုံပါဘဲ…”

စကားဆုံးသည်နှင့် ရွှမ်ယီက နောက်တစ်၀က် အတည်တစ်၀က်နှင့်

“ ဒါပေမယ့် အင်ပါယာအဆင့်ကျင့်ကြံသူတွေအားလုံး ကျုပ်လက်ချက်နဲ့သေကုန်ကြပြီ… မကြာခင် နယ်မြေတစ်ခုလုံး ပြိုကွဲတော့မယ်… ဝေ့ဘုရင်… ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ဝေ့နိုင်ငံကို ဒီနေရာ ရွှေ့လာလို့ရတယ်…”

ထိုစကားကိုကြားလျှင့် ဝေ့ယွဲ့ ကြောက်အားလန့်အားနှင့် လက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်၏။

ဝေ့နိုင်ငံ၏ အလုံးစုံစွမ်းအားမှာ မမြင့်မားဘဲ သူက အစွမ်းထက်ဆုံးလူဖြစ်သည်။

လျူယန်မင်းဆက်က ဝေ့နိုင်ငံနှင့် ခြားနား၏။

၎င်းတို့က မိုင်ပေါင်း(၁၀)သန်းကို အုပ်ချုပ်ခဲ့သည်။

သို့ဖြစ်ရာ ဝေ့နိုင်ငံက ဤနယ်မြေကြီးကို ရွှမ်ယီ၏ အကာအကွယ်အောက်၌ သိမ်းပိုက်ခဲ့လျှင်ပင် ဆက်လက်ထိန်းထားနိုင်မည်မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီက ဤနေရာ၌ အချိန်အကြာကြီး ရှိနေနိုင်မည်မဟုတ်ပေ။

မကြာခင် ‌ပျက်စီးခြင်းနယ်မြေသို့ ပြန်သွားပေလိမ့်မည်။

ထိုအခါ တောင်ပိုင်းနယ်စပ်မှ ကျန်အင်အားစုကြီးများက ဝေ့နိုင်ငံအား တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုရဲလျှင်ပင် တတိတိနှင့် နယ်စပ်များကို ဖြည်းညှင်းစွာ ဝါးမြိုလာကြပေလိမ့်မည်။

နောက်ဆုံးတွင် ဝေ့နိုင်ငံ ထိန်းချုပ်နိုင်သောနယ်မြေက ယခင်တုန်းက ပိုင်ဆိုင်ခဲ့သော နယ်မြေထက် သိပ်ပြီး ကျယ်ပြန့်တော့မည်မဟုတ်ပေ။

ထို့အပြင် ဝေ့ယွဲ့နှလုံးသားထဲ၌ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုတစ်ခုရှိနေသေး၏။

လက်ရှိအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းက ဖေးရှန့်ဂိုဏ်းအား ထိပါးခဲ့ပြီး ထိုဖြစ်စဉ်တွင် သူတို့ ဝေ့နိုင်ငံက အရေးပါသော နေရာ၌ တည်ရှိနေသည်။

ဝေ့နိုင်ငံသာ သာမန်အတိုင်း မသိမသာဆက်လက်နေထိုင်မည်ဆိုလျှင် နက်နဲခြင်းအင်ပါယာဂိုဏ်းအပေါ် လက်စားချေလိုသည့် ဖေးရှန့်ဂိုဏ်းက သူတို့ အင်အားစုလေးအပေါ် အာရုံစိုက်လိမ့်မည်မဟုတ်ပေ။

သို့သော် သူတို့သာ လောဘကြီးပြီး လျူယန်မင်းဆက် ပိုင်နက်ကို ရယူမိပါက

လက်စားခြေရန်ရောက်လာသူများက ဝေ့နိုင်ငံအား လက်စားချေခြင်း ပထမခြေလှမ်းအဖြစ် အသုံးပြုနိုင်ချေရှိ၏။

ဝေ့ယွဲ့ ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်ခွန်းမျှ ထုတ်မပြောသော်လည်း ရွှမ်ယီကမူ ၎င်းအတွေးများကို နားလည်ပေသည်။

ယင်းက ဝေ့ယွဲ့ကို အပြစ်မဆိုသာချေ။

သတိရှိခြင်းဆိုသည်မှာ ဤရက်စက်သော ကမ္ဘာကြီး၌ အင်းအားစုငယ်လေးများ ဆက်လက်ရှင်သန်နိုင်ရန် အဓိကနည်းလမ်းဖြစ်ပေသည်။

ဝေ့နိုင်ငံသာ အရေးပါသော အခိုက်အတန့်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းနောက်ကျော ဓားနှင့် မထိုးသရွေ့ ကိစ္စမရှိချေ။

သို့သော် ဝေ့ယွဲ့၏ စကားများထဲတွင် ဖေးရှန့်ဂိုဏ်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို နားလည်သိရှိထားဟန်တူသည်။

ယင်းက ရွှမ်ယီအတွက် ကိစ္စကောင်းတစ်ခုဖြစ်၏။

ထို့ကြောင့် ချက်ချင်း

“ ဖေးရှန့်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဘယ်လိုလဲ…?”

ရွှမ်ယီ၏ မေးခွန်းကြောင့် ဝေ့ယွဲ့ တခဏမျှ ငြိမ်သက်သွား၏။

ဖေးရှန်းဂိုဏ်းက အရှေ့ပိုင်းတိုက်ကြီးရှိ မဟာဂိုဏ်းကြီးနှစ်ခုအနက် တစ်ခုဖြစ်ပြီး ၎င်းတို့ ပိုင်နက်က တောင်ပိုင်းနယ်စပ်နှင့် ကပ်လျက်တည်ရှိသည်။

သို့ဖြစ်ရာ ဖေးရှန့်ဂိုဏ်းမှ တပည့်များ အတွေ့အကြုံရာရှန်အတွင် တောင်ပိုင်း နယ်စပ်သို့ မကြာခဏ ရောက်လာတတ်၏။

မဟာဂိုဏ်းကြီးနှစ်ခုတွင် ကျန်တစ်ခုက အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။

ထို့ကြောင့် အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအနေဖြင့် ဖေးရှန့်ဂိုဏ်း၏ အခြေအနေကိုသာ ပို၍ ရင်းနှီးကြ၏။

အစပိုင်းတွင် ရွှမ်ယီ၏ မေးခွန်းကြောင့် ဝေ့ယွဲ့အံ့အားသင့်သွားခဲ့ရသည်။

သို့သော် သေချာစဉ်းစားကြည့်လိုက်ပြီးနောက် နားလည်သွားခဲ့၏။

All Chapters