အခန်း (၅၃၉)
Vol. 36 Ch. 539
ရွှမ်ယီ စတင်ထွက်ပေါ်လာကတည်းက ၎င်းနှင့် ပတ်သက်သော ကောလဟာလ မျိုးစုံ တောင်ပိုင်းနယ်မြေတစ်ခွင်လုံး ပျံ့နှံ့နေခဲ့သည်။
သူက လူတိုင်းပါးစပ်ဖျား၌ ရေပန်းစားဆုံးလူ ဖြစ်နေခဲ့၏။
ကောလဟာလများထဲတွင် ရွှမ်ယီက လျှို့ဝှက်ဂိုဏ်းကြီးတစ်ခုတွင် မွေးဖွားလာသူဖြစ်ပြီး ထိုဂိုဏ်း၌ အလွန်အရေးပါသူလည်း ဖြစ်သည်။
သို့သော် ရွှမ်ယီ မွေးဖွားရာအချိန်က ကောင်းကင်နှင့် မြေပြင်အကြားမှ စိတ်ဝိညာဉ်စွမ်းအင်များ အလွန်ပါးလျကာ တာအို ဥပဒေသ စည်းမျဉ်းများကလည်း ထင်ရှားခြင်းမရှိချေ။
ပါရမီရှင်များ မွေးဖွားရန် အချိန်ကောင်းမဟုတ်ပေ။
ထို့ကြောင့် ယခုမှ ပြင်ပသို့ထွက်လာခြင်းဖြစ်ပြီး အပြင်လောကနှင့် မရင်းနှီးချေ။
ယခု ဝေ့ယွဲ့စဉ်းစားကြည့်လိုက်ရာ ထိုကောလဟာလက အတန်ငယ် ယုံချင်စရာကောင်းနေ၏။
ရွှမ်ယီကမူ သူနှင့် ပတ်သက်သော ကောလဟလများအကြောင်း တစ်ခုမှမသိချေ။
ထို့ကြောင့် ဝေ့ယွဲ့ တစ်စုံတစ်ခုအား နားလည်သလို လုပ်နေခြင်းက သူ့မျက်လုံးထဲ အလွန်ထူးဆန်းနေ၏။
“ ကြည့်ရတာ ဘုရင်ဝေ့မှာ ပြောလို့မရတဲ့ ကိစ္စတစ်ချို့ ရှိနေတယ်နဲ့တူတယ်…”
ရွှမ်ယီ၏ မေးခွန်းကြောင့် ဝေ့ယွဲ့ ပြန်လည် သတိ၀င်လာခဲ့ပြီး လက်ကို ကပျာကလျာဝှေ့ယမ်းလိုက်ကာ
“ အဲ့လိုမဟုတ်ပါဘူး.. ဒီအဘိုးကြီးက မင်းကို ဘယ်လိုရှင်းပြရင်ကောင်းမလဲ စဉ်းစားနေတာ…”
“ ကောင်းပြီ အခုပြောပြတော့မယ်… ဂရုတစိုက်နားထောင်ပေးပါ…”
မဟာဂိုဏ်းကြီးများက သာမန်အင်အားစုများနှင့် ခြားနားသည်။
ဂိုဏ်းချုပ်တိုင်း၏ ကျင့်ကြံခြင်းက အလွန်နက်ရှိုင်းကာ သက်တမ်းကလည်း အလွန်ရှည်လျား၏။
တစ်ယောက်ချင်းစီတိုင်းက နှစ်ပေါင်း (၁)သန်းကျော် နေထိုင်ခဲ့ကြပေသည်။
ဥပမာပေးရမည်ဆိုလျှင် လက်ရှိ ဖေးရှန့်ဂိုဏ်းချုပ်က ဂိုဏ်းကို နှစ်ပေါင်း (၉၃၀၀၀၀)ကြာ တာ၀န်ယူထားခဲ့၏။
ဂိုဏ်း၏ အဓိကရာထူးဖြစ်သော ဂိုဏ်းချုပ်နေရာက မကြာခဏ ပြောင်းလဲလေ့မရှိသော်လည်း ဖေးရှန့်ဂိုဏ်းမှ တပည့်ခေါင်းဆောင်နေရာကမူ နှစ်သိန်းဂဏန်းကြာတိုင်း ပြောင်းလဲလေ့ရှိသည်။
ပြောရမည်ဆိုလျှင် မဟာဂိုဏ်းကြီးများ၌ အကြီးအကဲများအပြင် အထူးရာထူးတစ်ခုရှိ၏။
၎င်းက တပည့်ခေါင်းဆောင် ဟူ၍ ဖြစ်သည်။
ထို တပည့်ခေါင်းဆောင် နေရာကို ပိုင်ဆိုင်ထားသူ တာအိုအရှင်သခင်အဆင့်သို့ ရောက်သွားသည်နှင့် အကြီးအကဲအဖြစ်သို့ တိုက်ရိုက် အဆင့်တိုးမြှင့် ခံရပေလိမ့်မည်။
၎င်း၏ လုပ်ပိုင်ခွင့် အာဏာများက သာမန်ဂိုဏ်းများ၌ ဒုဂိုဏ်းချုပ်ရာထူးနှင့် ဆင်တူသည်။
တစ်ဂိုဏ်းလုံး၌ ဂိုဏ်းချုပ်တစ်ယောက်တည်း အောက်၌ ရှိကာ လူတိုင်းအထက်တွင် ဖြစ်သည်ဟု ဆိုနိုင်သည်။
ရွှမ်ယီ၏အမြင်တွင် ထို တပည့်ခေါင်းဆောင်ဟူသော ရာထူးက တခြားသော မြင့်မြတ်နယ်မြေများရှိ မြင့်မြတ်သားတော်နှင့် ဆင်တူကာ မဟာဂိုဏ်းကြီးများ၌ သီးသန်အသုံးပြုသော အမည်တစ်ခုသာ ဖြစ်၏။
ထို့အပြင် ခေတ်အဆက်ဆက်ရှိ မဟာဂိုဏ်းကြီးများမှ တပည့်ခေါင်းဆောင် ဆိုသော လူများက အလွန်ထူးချွန်သူများဖြစ်ကြကာ ခေတ်တစ်ခေတ်၌ နှစ်ယောက်ရှိရန် မလွယ်ကူသော ပါရမီရှင်များဖြစ်ကြသည်။
၎င်းတို့အနက် တချို့မှာ အင်ပါယာန္ဓာအဆင့်ကို ကျော်လွန်နေသည့် တာအိုခန္ဓာများကိုပင် ပိုင်ဆိုင်ထားကြ၏။
တာအိုခန္ဓာပိုင်ဆိုင်သူများက တာအိုအရိုးတစ်ခုဖြင့် မွေးဖွားလာကြကာ ၎င်းထံမှ အမွေဆက်ခံပြီး ကောင်းကင်နှင့် မြေပြင်အကြား သဘာ၀အတိုင်းဖြစ်ပေါ်လာသည့် တာအိုအဆင့် ကျင့်စဉ်ကိုလေ့ကျင့်နိုင်ကြသည်။
ထို တာအိုအရိုးများ၌ ပါ၀င်သော ကျင့်စဉ်တစ်ခုချင်းစီက ကျင့်ကြံသူများကို တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိစေနိုင်၏။
သို့သော် တာအိုခန္ဓာက အလွန်ကောင်းမွန်သည် မှန်သော်လည်း ရွှမ်ယီ၏ တိုင်ရှုဓားခန္ဓာနှင့်ယှဉ်ပါက ကြီးမားသော ကွာဟချက်ရှိနေဆဲပင်။
မှန်ပေသည်။
ရွှမ်ယီပိုင်ဆိုင်ထားသော တိုင်ရှုဓားခန္ဓာက စိတ်ဝိညာဉ် ခန္ဓာကိုယ်များအကြား အမြင့်ဆုံးနေရာ၌ ရှိသော ခန္ဓာတစ်ခု ဖြစ်၏။
ထို့ကြောင့် တာအိုခန္ဓာများနှင့် ပတ်သက်ပြီး ရွှမ်ယီ သိပ်ပြီး ဂရုစိုက်ခြင်းမရှိချေ။
သို့သော် ဝေ့ယွဲ့က ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်အလေးအနက်ထားနေသည်ကို မြင်လျှင် ရွှမ်ယီက
“ အဲ့တာက တာအိုခန္ဓာတစ်ခု သက်သက်ပါပဲ… တိတိကျကျပြောရမယ်ဆိုရင် ဝေ့ယွမ်ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်ခန္ဓာက အဲ့ဒီ တာအိုခန္ဓာတွေထက်တောင် ရှားသေးတယ်… ဘာလို့ ဒီလောက်တောင် စိတ်ပူနေတာလဲ…”
ရွှမ်ယီက စကားကိုကြားလျှင် သူ့ ပုံစံက လွန်လွန်ကဲကဲဖြစ်သွားကြောင်း ဝေ့ယွဲ့သတိထားပြီးသွားပြီး ရှိုက်ကြီးတငင်ပြုံးကာ ခေါင်းယမ်းလိုက်ရင်း
“ ဂိုဏ်းချုပ်ရွှမ် ပြောတာ မှန်တော့မှန်ပါတယ်… ဒါပေမယ် နောက်ဆုံးကျတော့ အဲ့နှစ်ခုက လုံး၀ ခြားနားတယ်လေ…”
ဝေ့ယွဲ့စိတ်ထဲတွင် နက်နဲခြင်းအင်ပါယာဂိုဏ်းက ဖေးရှန့်ဂိုဏ်းကို မယှဉ်နိုင်ဟု တိုက်ရိုက်ပြောချင်နေခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ ဝေ့နိုင်ငံက နက်နဲခြင်းအင်ပါယာဂိုဏ်း လက်အောက်ခံပမာ ဖြစ်နေခဲ့ပြီဖြစ်ပြီး တစ်မိသားစုတည်းဟု ဆိုလျှင်လည်း မမှားချေ။
သို့ဖြစ်ရာ နားလည်မှု လွဲစေနိုင်သည့် စကားမျိုးမပြောတော့ဘဲ
“ ဖေးရှန့်ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်မှာ တာအိုခန္ဓာမရှိပေမယ့် အရမ်းကောင်းမွန်တဲ့ ခန္ဓာတစ်ခုပိုင်ဆိုင်ထားတယ်…”
….
လက်ရှိအချိန်တွင် ဖေးရှန့်ဂိုဏ်း၌ အကြီးအကဲ (၁၃)ဦးရှိပြီး အားလုံး တာအိုအရှင်သခင်အဆင့်၌ ဖြစ်ကြ၏။
၎င်းတို့အနက်မှ တစ်ယောက်က လျူယန်၏ ပါရမီကို သဘောကျနှစ်ခြိုက်ခဲ့သည်။
ထိုလူက ဖေးရှန့်ဂိုဏ်း အကြီးအကဲများအကြား အဆင့်(၇)နေရာ၌ ရပ်တည်နေသူဖြစ်ကာ အားလုံးထဲတွင် အသက်အငယ်ဆုံးလည်းဖြစ်၏။
“ အဲ့ဒီလူက ဖေးရှန့်ဂိုဏ်း အကြီးအကဲတွေထဲက တစ်ယောက်ပဲ… ပြောရမယ်ဆိုရင် သူက အကြီးအကဲတွေ ထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် တာအိုအရှင်သခင်အဆင့်သို့ ရောက်တာနဲ့ အဆင့်(၅)ဆင့်ကို ဆက်တိုက် ကျော်ဖြတ်ပြီး အဆင့်(၇) နေရာကို သိမ်းပိုက်နိုင်ခဲ့တယ်… ဂိုဏ်းချုပ်ရွှမ်… သူနဲ့ ရင်ဆိုင်ရတဲ့အခါ လုံး၀ မပေါ့ဆမိပါစေနဲ့… သတိကြီးကြီးထားပါ…”
ဝေ့ယွဲ့၏ အဆိုအရ ဖေးရှန့်ဂိုဏ်းမှ သတ္တမအကြီးအကဲဖြစ်သော ချီလင်းတန်ဆိုသူက လျူယန်၏ နောက်ခံဖြစ်သည်။
ထို့အပြင် ထိုလူက အရှေ့ပိုင်းတိုက်ကြီးရှိ အလွန်ရှေးကျသော မိသားစုကြီးတစ်ခုဖြစ်သည့် ချီမိသားစုမှ ဆင်းသက်လာသူဖြစ်ကာ မိသားစုတစ်လုံး၌ အလွန်အရေးပေးခံရသူလည်းဖြစ်သည်။
သူက ဖေးရှန့်ဂိုဏ်းသို့ ၀င်ရောက်ပြီးနောက် မရေမတွက်နိုင်သော ပြိုင်ဘက်များကို အနိုင်ယူပြီး အဆက်မပြတ်တက်လာခဲ့ကာ နောက်ဆုံးတွင် အကြီးအကဲနေရာကို အရယူနိုင်ခဲ့၏။
သူ့တွင် အင်ပါယာခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းမရှိသော်လည်း သူ၏ ရုပ်ခန္ဓာက အင်ပါယာအဆင့်ထက်ပင် အနည်းငယ်ပိုသန်မာပေသည်။
၎င်းထံတွင် ရှေးဟောင်း နတ်သားရဲ လေးကောင်အနက် တစ်ကောင်ဖြစ်သော နဂါးစိမ်း သွေးမျိုးဆက် အစိတ်အပိုင်း အနည်းငယ်ကို ပိုင်ဆိုင်ထား၏။
ချီမိသားစုဆိုသည်မှာ ရှေးဦးခေတ်ကတည်းက အမွေဆက်ခံလာခဲ့သော မိသားစုကြီးတစ်ခုဖြစ်ကာ ထိုအချိန်တုန်းက လူသားမျိုးနွယ်အကြား အလွန်ကျော်ကြားသည့် နဂါးမိသားစုများထဲမှ တစ်ခုဖြစ်သည်။
ရှေးဦးခေတ်တွင် လူသားမျိုးနွယ် အလွန်ကျဆင်းလာခဲ့ပြီး နတ်ဆိုးသားရဲများက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ကမ္ဘာကြီးကို အုပ်စိုးနေခဲ့သည်။
ထိုအချိန်ကို အမှောင်ခေတ်ဟု ခေါ်ဆိုခဲ့ပြီး နတ်သားရဲ လေးကောင် မွေးဖွားလာချိန်လည်းဖြစ်၏။
လူသားမျိုးနွယ်မှ သူတော်စင်များက လူသားမျိုးနွယ် မပျက်စီးစေရန်အတွက် ထို နတ်သားရဲများနှင့် ပူးပေါင်းခဲ့ကြသည်။
ထို နတ်သားရဲလေးကောင်က လူသားမျိုးနွယ်မှ စိတ်ကြိုက် မိသားစု တစ်ခု ရွေးချယ်ကာ ၎င်းတို့ မြင့်မြတ် ပညာရပ်များကို လက်ဆင့်ကမ်းပေးခဲ့၏။
ဤသည်မှာ လူသားများ အင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံကြသော နတ်တန်ခိုးစွမ်းရည်များ၏ ကနဦးပုံစံဖြစ်ပေသည်။
ထို မွေးရာပါ မြင့်မြတ် ပညာရပ်များ အမွေဆက်ခံခွင့်ရခဲ့သော မိသားစုကြီးများက သူတော်စင်များနှင့် ပေါင်းစပ်ခဲ့ကြကာ ထိုအချိန်တုံးက လူသားများအကြား နတ်မိသားစုများအဖြစ် အလွန်လေးစား ခံခဲ့ရ၏။
နတ်သားရဲလေးကောင်က ထိုနတ်မိသားစုများအပြင် တခြားသော မိသားစုများကိုလည်း ရွေးချယ်ခဲ့ကြသေးသည်။
၎င်းတို့က နတ်သားရဲများ တိုက်ခိုက်စဉ်တွင် ဘယ် ညာ ရံကာ အစောင့်များအဖြစ် တာ၀န် ထမ်းရွက်ခဲ့ကြရသည်။
၎င်းတို့က မွေးရာပါ မြင့်မြတ်ပညာရပ်များကို အမွေဆက်ခံခွင့်မရခဲ့ကြသော်လည်း နတ်သားရဲ (၄)ကောင်ထံမှ သွေးအဆီအနှစ်တစ်စက်ကို လက်ခံရရှိခဲ့ကြ၏။
ဤသို့ဖြင့် ၎င်းကို အသုံးပြုကာ တာအိုအရှင်သခင်အဆင့်မှ သူတော်စင်တစ်၀က်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ကြသည်။