#အထက်ကသံသယ၊ လက်အောက်ခံဟောင်း#
Vol. 84 Ch. 1190
"နဂါးလက်သည်းကို ကျုပ်မြင်နိုင်ဖို့အတွက် အရင်ကျင့်ကြံပါ" ရှောင်ဟိုင် လဲ့ရွှမ်းကို တဲထဲတွင် ညွှန်ကြားသည်။
လဲ့ရွှမ်းတွင် သူ့ပုန်းလျှိုနေသည့်ရောဂါအား ကုသရန်အတွက် မရေမတွက်နိုင်လေုက်သည့် ရှားပါးဆေးလုံးများရှိသည်။ ဒါ့အပြင် နှစ်ကြာလာသောအခါ သူနဂါးလက်သည်းကို သုံးတာရှားသဖြင့် မီးလျှံနက်ဆေးလုံးသုံးလုံးကို ပုန်းလျိုနေသည့် ရောဂါကို အောင်မြင်စွာ ဖယ်ရှားရန်အတွက်သာ သုံးခဲ့သည်။
ယခုသူနဂါးလက်သည်းကို ကျင့်ကြပြီး မီးအဆိပ်ကို အတင်းထုတ်ပစ်ရန်သာ လိုတော့သည်။
လဲ့ရွှမ်း သူပြောသလိုလုပ်ခဲ့သည်။
နဂါးလက်သည်းက နဂါးချီအမျှင်စတစ်ခုကိုကျင့်ကြံသည်။ နဂါးချီက လွှမ်းမိုးနိုင်စွမ်းရှိပြီး သူ့လက်မောင်းထဲတွင် အဆက်မပြတ်လည်နေသည်။ သူနဂါးချီ၏ တည်နေရာကို ထိန်းချုပ်ပြီး မီးအဆိပ်များစုဆုံနေသည့် နေရာကို ပို့နေသရွေ့ အတင်းထုတ်ပစ်နိုင်မည်ဖြစ်သည်။
ရှောင်ဟိုင်လုပ်ရမှာက လဲ့ရွှမ်းကို နဂါးချီကို ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတာကို သိစေရန်ပင်။
နှစ်နာရီအကြာတွင် နဂါးချီက မီးအဆိပ်၏ အစိတ်အပိုင်းတစ်ခုကနေ ထွက်လာသည်။ လဲ့ရွှမ်းအသက်ပြင်းပြင်းရှုရင်း နဖူးက ချွေးအေးများကိုသုတ်ကာ အလျင်အမြန် လက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါ တပ်မှူး"
ရှောင်ဟိုင်ခေါင်းညိတ်ကာ စခန်းအပြင်ဘက်တွင်လေ့ကျင့်နေကြသည့် သူ့လက်အောက်ငယ်သားများကိုကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
ဒါက ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
သုံးရက်ကုန်ဆုံးသွားသည်။
ထိုတပ်မှူးတာ၀န်ဟုခေါ်သည့် အရာကို ယခုထိ မထုတ်ပြန်ရသေးပါ။
ရှောင်ဟိုင်၏အတွေးများကို မြင်နေသည့်အလား လဲ့ရွှမ်းကလည်း စိတ်ရှုပ်ထွေးစွာပြောသည်။
"ယုတ္တိတန်စွာပြောရရင် တပ်မှူးတာ၀န်ကို နောက်တစ်နေ့ဆိုတာနဲ့ ထုတ်ပြန်တယ်၊ ဒီလောက်ကြာနေတာကတော့ တကယ်ကို ပုံမှန်မဟုတ်ဘူး"
ကြည့်ရသည်မှာ သူ့ကိုသံသယ၀င်နေပုံရသည်။
ရှောင်ဟိုင်ကငတုံးမဟုတ်ပေ။ သူ့ခွန်အားကို ဖုံးပွယ်ထားခြင်းဖြစ်စေ၊ နဂါးလက်သည်းနှင့် ရင်းနှီးကျွမ်း၀င်မှုဖြစ်စေ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်က တစ်ဦးဦး၏ ကိုယ်ပိုင်လက္ခဏှနှင့် နောက်ခံအပေါ် အတော်လေးဆင်ခြင်တတ်သည်။ ထုတ်ပြန်သည့် အထူးတာ၀န်က အဓိကအားဖြင့် သစ္စာရှိမှုနှင့် စုံစမ်းစစ်ဆေးမှုအကြောင်း စမ်းသပ်ပေလိမ့်မည်။
မွန်းလွဲပိုင်းကို ရောက်လာစဉ် လေ့ကျင့်မှုအပြီးသတ်သွားသဖြင့် မဟာတပ်မှူးကိုယ်တိုင် တဲထဲသို့ရောက်လာသည်။
"တပ်မှူးဟိုင်မု၊ ကြည့်ရတာ မင်းလက်အောက်ငယ်သားတွေကို သင်ပေးရာမှာ အတော်လေးတော်ပုံပဲ၊ မင်းရဲ့ လက်အောက်ငယ်သားတွေကို ဒီလောက်မြန်မြန် နားထောင်ရအောင် လုပ်နိုင်တယ်" မဟာတပ်မှူးအပြုံးအတုဖြင့်ပြောသည်။
ရှောင်ဟိုင်လက်နှစ်ဖက်ဆုပ်သည်။
"ခင်ဗျားက ကျွန်တော့်ကိုချီးကျူးနေတာပဲ၊ တာ၀န်ကရောဘယ်လိုလဲ"
"မင်းလက်အောက်ငယ်သားတွေကို အမိန့်နာခံရအောင် လုပ်ပြီးပြီဆိုတော့ ဒီတာ၀န်အတွက် မင်း တပ်မှူးလဲ့ရွှမ်းကို ခေါ်သွားလို့မရတော့ဘူး"
လဲ့ရွှမ်းဘေးဘက်သို့ ကြည့်လိုက်ပြီး ပဟေဠိဖြစ်နေသည်။
ယေဘုယျအားဖြင့် တာ၀န်များက အုပ်စုလိုက်တာ၀န်များဆောင်ရွက်ရန်အတွက် လက်အောက်ငယ်သားများကို ခေါ်သွားရသည်။ ဒါကဘယ်လိုလုပ် ကိုယ်ရေးကိုယ်တာတာ၀န်တစ်ခု ဖြစ်လာရတာလဲ!
မဟာတပ်မှူး စာလိပ်တစ်ခုပစ်ပေးလိုက်၏။ ရှောင်ဟိုင်လှမ်းယူကာ ဖွင့်လိုက်သည်။
စာလိပ်ထဲတွင် ဇာတ်ကောင်တစ်ခုရှိသည်။
ဒါ့အပြင် ဒီလူက ရှောင်ဟိုင်၏ မှတ်ဉာဏ်အပိုင်းအစများထဲတွင် တစ်ခါပေါ်လာဖူးသည်။
သူက တစ်ခါတုန်းက နတ်ဆိုးဘုရင်ပိုင်နက်အတွက် အစီအရင်တစ်ခုကို ဖန်တီးပေးခဲ့သည့် ပင်မအစီအရင်ဆရာ ရှန်းယင်ပေတည်း။ သူ့ခွန်အားက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်သာ ဖြစ်သည့်နိုင် နတ်သခင်နယ်ပယ် တစ်၀က်အဆင့်အစီအရင်ကိုပင် ဖန်တီးနိုင်သည်။
တစ်ချို့အစီအရင်များက ရှန်းယင်ကိုယ်တိုင် ဦးဆောင်ရန်လိုအပ်သဖြင့် မိုဂျီသူ့ကို မသတ်ခဲ့ခြင်းပင်။
မဟာတပ်မှူး ရှောင်ဟိုင်၏အမူအရာကို စိုက်ကြည့်နေသည်။ ကံဆိုးစွာပင် ဘာအပြောင်းအလဲကိုမှ မတွေ့ရသဖြင့် သူဆက်ပြောသည်။
"တပ်မှူးဟိုင်မု၊ မင်းလုပ်ရမှာက နည်းနည်းခက်ခဲတယ်၊ ဒါကိုပြီးမြောက်ဖို့ နည်းလမ်းနှစ်ခုရှိတယ်၊ ပထမတစ်ခုက သူပြောခဲ့တဲ့ အစီအရင်ကို အသက်သွင်းမယ့် နည်းလမ်းကို ရဖို့ပဲ၊ ဒါအလုပ်မဖြစ်ဘူးဆိုရင် ဒုတိယနည်းလမ်းကိုသုံးပြီး သူ့ကို ချက်ချင်းသတ်ပစ်ပါ"
ဟမ်!
လဲ့ရွှမ်းသိချင်စိတ်ဖြင့်မေးသည်။
"အထက်ပုဂ္ဂိုလ်တွေက ရှန်းယင်ကို မသတ်ဖို့ပြောထားတာမလား၊ ဘာလို့အခု...."
မဟာတပ်မှူး လဲ့ရွှမ်းကို စိုက်ကြည့်ရင်း ရှင်းပြသည်။
"နတ်ဆိုးသခင်ရဲ့ သည်းခံနိုင်စွမ်းက လုံး၀ကုန်ခမ်းသွားပြီ၊ ဒါကြောင့် သူ့ကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်"
လဲ့ရွှမ်း၏မျက်လုံးများက အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူသက်ပြင်းချရုံသာ တတ်နိုင်သည်။
မဟာတပ်မှူး လဲ့ရွှမ်းကို ကြည့်ပြီး လေးနက်သည့်အမူအရာဖြင့် အော်ဟစ်သည်။
"မင်းဘယ်သူ့ကို လေးစားတယ်ဆိုတာ ငါသိတယ်၊ အပြင်လူတွေရှေ့မှာ ဒီလိုခံစားချက်တွေကိုမပြနဲ့၊ နားလည်လား"
လဲ့ရွှမ်းက အမိန့်ပေးရာတွင်ရော ပါရမီတွင်ပါ ရှားပါးသည့်ပါရမီရှင်ဖြစ်သည်။
မဟာတပ်မှူး သူ့ကိုဘာတစ်ခုမှ မဖြစ်လာစေချင်ပေ။
ရှောင်ဟိုင် လဲ့ရွှမ်းကို စိုက်ကြည့်လိုက်ပြီးနောက် စာလိပ်ကိုသိမ်းဆည်းကာ တမင်တကာပင်မေးသည်။
"ဒီလူက ဘယ်လောက်ထိအားကောင်းလဲ"
မဟာတပ်မှူးပြုံးသည်။
"သူလဲ့ရွှမ်းလောက်မတော်ဘူးဆိုတော့ သေချာပေါက် မင်းလောက်တော်မှာ်ဟုတ်ဘူး၊ ဒါပေမယ့် သူ့အစီအရင်နဲ့ပတ်သက်ပြီး မင်းသတိထားရမယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ထို့နောက်သူ လဲ့ရွှမ်းအားစိုက်ကြည့်သည်။
"ဒီကာလအတွင်း သူတို့ကိုဂရုစိုက်ပေးပါ၊ ကျုပ်ပြန်လာတာကို စောင့်နေပါ"
ထို့နောက် သူစာလိပ်ပေါ်က တည်နေရာရှိရာသို့ လျှောက်သွားသည်။
မဟာတပ်မှူး ရှောင်ဟိုင်၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း မျက်လုံးများ ကျဉ်းလိုက်မိသည်။ သို့စေကာမူ အချိန်အတော်ကြာသည့်တိုင် သူဘာတစ်ခုမှမပြောပါ။
မဟာတပ်မှူးက ဟိုင်မုကို ပုံမှန်မဟုတ်စွာ ဆက်ဆံနေသည်ဟု လဲ့ရွှမ်းခံစားနေရသော်လည်း သူဘာတစ်ခုမှ မတွေးတောနိုင်သဖြင့် လက်လျှော့ရုံသာ တတ်နိုင်သည်။
.....
နတ်ဆိုးဘုရင့်အဓိကမြို့အစွန်းက သစ်တောထဲရှိ ခြံ၀င်းလေးကို သစ်တောက ၀န်းရံထားသည်။ မိုးမခပင်များကို ခြံ၀င်းနံရံ၌ ပြောင်းပြန်ချိတ်ထားသည်။
ခြံ၀င်းလေးဘေးတွင် မည်သူမှမရှိဘဲ မီးခိုးခေါင်းတိုင်ကနေ မီးခိုးလုံးများသာ ထွက်နေသည်။
ခြံ၀င်းကအလွန်အမင်း တိတ်ဆိတ်လွန်းပြီး လေပြေလေညင်းက မိုးမခပင်များကို ဖြတ်သွားပြီး တဟူးဟူးမြည်ကာ နှလုံးသားကို တည်ငြိမ်စေသည်။
သို့စေကာမူ ဒီတိတ်ဆိတ်မှုနှင့်အတူ ခပ်ရေးရေးသတ်ဖြတ်ခြင်းဆန္ဒတစ်ခု တွဲဖက်လာခဲ့သည်။
ရှောင်ဟိုင်သစ်တောလမ်းကနေ လျှောက်လာသည်။ ကျောက်ဖြူလမ်းပေါ် လျှောက်လိုက်သည့်ခြေလှမ်းတိုင်းတွင် တစ်ခါတစ်ရံ သူတစ်ခဏမျရပ်ပြီး တစ်ခါတစ်ရံ လမ်းကြောင်းပြောင်းတတ်သည်။
ဒါကသာမန်လမ်းလျှောက်ခြင်းနှင့် မခြားနားသော်လည်း ရှောင်ဟိုင်၏လမ်းကြောင်းက သတ်ဖြတ်ခြင်းဆန္ဒအမျှင်စများကို ပြီးပြည့်စုံစွာ ရှောင်ရှားသွားခဲ့သည်။
သူဟာဖြောင့်တန်းစွာလျှောက်သွားပါက အနီး၀န်းကျင်က သတ်ဖြတ်ခြင်းအစီအရင်ထဲ ကျသွားရောက်သည်။
များမကြာမီ ခြံ၀င်းလေးကို တွေ့လိုက်ရသဖြင့် ရှောင်ဟိုင်ရှေ့တိုးပြီး တံခါးခေါက်လိုက်၏။
ဘုန်း.....ဘုန်း....!
ခြံ၀င်းတံခါးက အလိုလိုပွင့်သွားပြီး အထဲက အသံတစ်သံထွက်လာသည်။
"၀င်လာပါ"
ထိုအသံက ထိန်းချုပ်၍မရနိုင်သည့် အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေသည်။
ရှောင်ဟိုင်၀င်လာစဉ် မီးဖိုရှေ့က ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦးကိုတွေ့လိုက်ရသည်။ အိုးထဲကနေ အနံ့တစ်မျိုးထွက်လာသည်။
အဖိုးအို ရှောင်ဟိုင်ကို ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်သည်။
"ငါ့အစီအရင်ကို ပြီးပြည့်စုံစွာ ဘယ်လိုရှောင်ရှားရမလဲဆိုတာ သိတဲ့သူနှစ်ယောက်ပဲရှိတယ်၊ ပထမတစ်ယောက်က နတ်ဆိုးအကျဉ်းထောင်ထဲမှာဖြစ်ပြီး နောက်တစ်ယောက်ရဲ့ တည်နေရာကိုတော့ မသိရသေူဘူး၊ မင်းဘယ်သူလဲ"
ရှောင်ဟိုင်မဖြေဘဲ ယင်းအစားဘေးပတ်လည်သို့ ကြည့်လိုက်၏။
အဖိုးအိုလက်ဝှေ့ယမ်းပြသည်။
"အနားမှာ သူလျှိုတွေမရှိပါဘူး"
နတ်သခင်နယ်ပယ်တစ်၀က်အဆင့် အစီအရင်ကို တည်ဆောက်နိုင်သည့် အစီအရင်ဆရာတစ်ဦးအနေဖြင့် နတ်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက် မရောက်လာသရွေ့ ဘယ်လိုလုပ် သူ့မျက်စိနှင့်နားကို ရှောင်ရှားနိုင်မည်နည်း။ မည်သူက ရှန်းယင်၏တိုက်ခိုက်မှုကို ခံနိုင်မည်နည်း။
ထို့ကြောင့်လည်း မိုဂျီ သူမထွက်သွားနိုင်စေရန်အတွက် သစ်တောအပြင်ဘက်တွင် စောင့်ကြပ်ရန် လူများပို့ရုံသာ တတ်နိုင်သည်။
ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းညိတ်ပြီးနောက် သူ့အကြည့်က ဒီတဒင်္ဂမှာပင် ပြောင်းလဲသွားရသည်။
သွေးကြောစွမ်းအားအမျှင်စများနှင့် နတ်ဆိုးနက်ချီက သူ့ကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အဖိုးအို၏ မျက်သူငယ်များရုတ်တရက်ကျုံ့သွားပြီး ဒုတ်ဟူသော အသံနှင့်အတူ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်၏။ သူ့မျက်နှာက အပြုံးဖြင့် ပြည့်နှက်နေပြီး မျက်လုံးများက မျက်ရည်စများနှင့် စိုစွတ်နေကာ အော်ဟစ်လိုက်၏။
"လက်အောက်ငယ်သားရှန်းယင် နတ်ဆိုးအရှင်ကို ကြိုဆိုပါတယ်"
ရှောင်ဟိုင်အနည်းငယ် လက်မြှောက်လိုက်စဉ် နတ်ဆိုးချီက အဖိုးအိုကို မပေးသည်။ ထို့နောက်သူခေါင်းခါယမ်းသည်။
"ကျုပ်နတ်ဆိုးသခင်မဟုတ်သေးဘူး"
ဒါက ယခုမဟုတ်သေးခြင်းသာဖြစ်ပြီး အနာဂတ်တွင်ဖြစ်လာမည်ဟု ဆိုလိုနေခြင်းပင်။
ဒါကိုကြားသောအခါ ရှန်းယင် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်သွားရသည်။
"ကျွန်တော့်ဘ၀တစ်သက်တာမှာ ရှန်းယင်ခန္ဓာကို နတ်ဆိုးအရှင်အတွက် သုံးခွင့်ရတာက ဂုဏ်ယူစရာပါ"
"ဒါ့အပြင် အဲဒီမျိုးမစစ်မိုဂျီက နတ်ဆိုးအရှင်နေရာမှာထိုင်ဖို့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ"
ဒီနေရာတွင် ရှန်းယင်၏မျက်နှာက ဒေါသကြောင့်နီရဲသွားပြီး ဒေါသတကြီးအော်ဟစ်သည်။
"အတိတ်တုန်းကဆိုရင် ဘာလို့ကျွန်တော်တို့ရဲ့ နတ်ဆိုးဘုရင်ပိုင်နက်က တခြားသူတွေကို အညံ့ခံပြီး တခြားဂိုဏ်းတွေရဲ့ လက်ထောက်ဖြစ်လာနိုင်မှာလဲ၊ အခုတော့ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက နတ်ဆိုးဘုရင်ပိုင်နက်ကို လျှို့ဝှက်စွာ ထိန်းချုပ်နေတယ်၊ မျိုးမစစ်မိုဂျီနဲ့အတူ နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ ဂုဏ်ကျက်သရေနဲ့ ရည်မှန်းချက်တွေက ဖျက်ဆီးခံလိုက်ရပြီ"
လမ်းတစ်လျှောက်တွင် ရှောင်ဟိုင်ကလည်း ဒီပြဿာနာကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သူခေါင်းညိတ်သည်။
"သူကြာကြာထိုင်နိုင်မှာမဟုတ်ဘူး"
ရှန်းယင်ကျယ်လောင်စွာရယ်မောပြီး မေးသည်။
"လက်ရှိနတ်ဆိုးအရှင်ရဲ့ ကိုယ်ပိုင်လက္ခဏာကဘာလဲ"
ရှောင်ဟိုင်သူ့အစီအစဉ်ကိုရှင်းပြသည်။
ရှန်းယင် သဘောပေါက်သည့်အသွင် ခေါင်းညိတ်ပြီးနောက် လေးနက်စွာပြောသည်။
"ဒါဆို ကျေးဇူးပြုပြီး ကျွန်တော့်ကို သတ်လိုက်ပါ၊ နတ်ဆိုးအရှင်"
အပိုင်း(1191) coming။