← Chapters

#သေဟန်ဆောင်သည့်စုန့်စီ၊ အိုက်ရွှယ်၏သေခြင်းတရား!

Vol. 84 Ch. 1177

#သေဟန်ဆောင်သည့်စုန့်စီ၊ အိုက်ရွှယ်၏သေခြင်းတရား!

Vol. 84 Ch. 1177

ဗလာနတ္ထိပုံတူထဲတွင် ဆယ်နှစ်က အပြင်ပကမ္ဘာတွင် ဆယ်ရက်သာကြာမြင့်သည်။ 

ကျန်းမုနှင့်ကျန်သောသူများက တစ်ဘက်လူကို ရှေးဟောင်းစစ်မြေပြင်ကနေ ဗလာနတ္ထိပုံတူအား ထုတ်ယူသွားခွင့်ပေးမည်မဟုတ်။ ရှေးဟောင်းစစ်မြေပြင်အပြင်ဘက်တွင် စောင့်ကြပ်နေသည့် ကြီးကြပ်ရေးဗိမာန်က လူများရှိသော်လည်း သူတို့ဒါကိုအရင်ရသွားရန်ဟူသည်မဖြစ်နိုင်ပေ။ 

သို့စေကာမူ ကျန်းမုနှင့်ကျန်သောသူများ ဗလာနတ္ထိပုံတူကို ကြီးကြပ်ရေးဗိမာန်သို့ ယူဆောင်လာခြင်းနှင့် သူတို့ယူဆောင်လာခြင်းက မတူညီသည့်အရာနှစ်ခုဖြစ်သည်။ 

ထို့ကြောင့် ကျန်းမုနှင့် ကျန်သောသူများ ဒီနေရာတွင် တိုက်ခိုက်လိုခြင်းပေတည်း။ 

ယဲ့ချိုးပိုင်တို့ ချောက်ကမ်းပါးထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သွေးနတ်ဆိုးဝိဉာဉ်ချိုးဖျက်အစီအရင်က အလိုအလျောက် အသက်၀င်သွားသည်။ 

ပတ်၀န်းကျင်ကလေဟာနယ်က ပုံပျက်နေသည်။ ရှေ့နှင့်နောက်မှ ကြောက်စရာကောင်းသည့် သွေးလှိုင်းများက ယဲ့ချိုးပိုင်တို့ထံ လှိမ့်၀င်လာသည်။ 

"နတ်သခင်အဆင့်အစီအရင်လား" ဖန်ချန်း တစ်ချက်ကြည့်ရုံနှင့် ဒီအစီအရင်၏ နက်ရှိုင်းမှုကို ပြောနိုင်သဖြင့် သူ့အမူအရာက အနည်းငယ်လေးနက်သွားရသည်။ 

စုန့်ရှောင်၏အမူအရာကလည်း ကြည့်ရဆိုးနေသည်။ 

"ကြီးကြပ်ရေးဗိမာန်က ဒီလူတွေက ဒီအစီအရင်ကို အဆင့်နိမ့်ကြယ်နယ်မြေကို ကျုးကျော်ချင်တဲ့ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းဆီမှာ တစ်ခါသုံးဖူးတယ်"

"အဆုံးမှာဘာဖြစ်သွားလဲ" ကျန်းချင်းလန်မေးသည်။ 

သူမဒီသတင်းကို မကြားခဲ့သဖြင့် ဒါက လျှို့ဝှက်ချက်တစ်ခုဖြစ်လောက်သည်။ နှင်းခဲဂိုဏ်းက ဒီလိုသတင်းမျိုးနှင့် ထိတွေ့ရန် အရည်အချင်းမပြည့်မီခြင်းပင်။ 

စုန့်ရှောင် နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။ 

"အဲဒီနောက်မှာ ပထမတန်းစားဂိုဏ်းက ဒီကမ္ဘာထဲကနေ လုံး၀ပျောက်ကွယ်သွားခဲ့ရတယ်၊ လက်ရှိသွေးနက်ပင်လယ်က သွေးနတ်ဆိုးဝိဉာဉ်ချိုးဖျက်အစီအရင်ကို အသက်သွင်းလို့ ဖြစ်လာရတာပဲ"

သွေးနက်ပင်လယ်!

ကျန်းချင်းလန်ရော မုဇီရှင်းပါ ထိတ်လန့်သွားကြ၏။ 

အဲဒီသွေးပင်လယ်ကြီးက တကယ်တော့ ကြီးကြပ်ရေးဗိမာန်ရဲ့လုပ်ရပ်လား!

များသောအားဖြင့် လူများက ဒါက သဘာ၀အတိုင်းပေါ်လာသည်ဟုသာ တွေူထင်ကြသည်။ 

"ဒါပေမယ့် ကျန်းမုနဲ့တခြားသူတွေက သွေးနတ်ဆိုးဝိဉာဉ်ချိုးဖျက်အစီအရင်ရဲ့ စွမ်းအားအပြည့်ကို သေချာပေါက် မထုတ်လွှတ်နိုင်ပါဘူး" စုန့်ရှောင် နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်အော်ရာကို ထုတ်လွှတ်ရင်း လေးနက်စွာပြောသည်။ 

"ဒီလိုဆိုရင်တောင် ငါတို့အတွက် ချိုးဖျက်ဖို့ ခက်ခဲလောက်တယ်...."

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက စုန့်ရှောင်စကားကို နားထောင်ကြပုံမပေါ်။ 

ယဲ့ချိုးပိုင် ဖန်ချန်းကိုကြည့်သည်။ 

"ဂျူနီယာညီလေးဖန်၊ မင်းဒီအစီအရင်ရဲ့ ဗဟိုချက်ကို ရှာနိုင်လား"

ဖန်ချန်းကမူ ဘယ်ဘက်က ကျောက်နံရံထိပ်ကိုသာ လက်ညိုးထိုးပြသည်။ 

"မီတာတစ်ထောင်အမြင့်က သွေးပင်လယ်နောက်မှာ ထိုးထွက်နေတဲ့ကျောက်တုံးတစ်တုံးရှိတယ်၊ အဲဒါကိုဖျက်ဆီးလိုက်ရုံပဲ"

ရှာဖို့ ဒီလောက်ထိလွယ်တာလား!

စုန့်ရှောင်ရော ကျန်းချင်းလန်ပါ ကြက်သေသေသွားကြ၏။ 

သို့စေကာမူ ဒါကပုံမှန်သာ။ အရင်ဖန်ချန်းသာဆိုပါက သူအလွယ်တကူ မရှာတွေ့လောက်ပေ။ 

သို့သော် ဗလာနတ္ထိပုံတူထဲက ဆယ်နှစ်တာအတွင်း အစီအရင်စွမ်းအား တိုးလာခဲ့သည်သာမက အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ၏ ဝိဉာဉ်အသိနှင့် ဖွံ့ဖြိုးမှုကိုပါ တိုးမြှင့်ပေးခဲ့သည်။ 

ဒါကဖန်ချန်းကို ယခုလိုအစီအရင်များကို ဖော်ထုတ်ရာ၌ ကြီးမားသည့် တိုးတက်မှုတစ်ခုကို ဖြစ်လာစေသည်။ 

"ဒါဆိုငါ့အတွက်ချန်ထားလိုက်" ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ပြုံးလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းစဉ် သူ့ရှေ့တွင် ရှေးဟောင်းရွှေဓားအိမ်ပေါ်လာသည်။ 

လက်ချောင်းတစ်ချောင်းနှင့်အတူ ဓားသေတ္တာက ဘေးနှစ်ဘက်ကနေပွင့်လာပြီး ဓားငါးချောင်းက တစ်ချိန်တည်းမှာပင် ပျံသန်းသွားကြ၏။ 

ယဲ့ချိုးပိုင် လက်ဖဝါးနှစ်ခုကို အတူတကွ ဖိနှိပ်လိုက်သောအခါ ဓားငါးချောင်းက ချက်ချင်းပေါင်းစပ်သွားကြသည်။ 

ဓားနတ်ဘုရားဓားဆန္ဒနှင့် ဓားဝိဉာဉ်တို့က အထဲတွင် ပေါင်းစပ်နေသည်။ ဓားထိပ်က ကြီးမားသည့်အလင်းတစ်ခုကို သယ်ဆောင်ထားပြီး အထက်က သွေးပင်လယ်ကို ထိုးဖောက်ပစ်သည်။ 

"ဓားသေတ္တာ၊ ဓားကိုထိန်းချုပ်ပါ၊ ဓားကို ပေါင်းစပ်ပါ"

ယဲ့ချိုးပိုင် နတ်အင်ပါယာနယ်ပယ်နောက်ပိုင်းအဆင့်ကို ရောက်ပြီးနောက် ဒီဓားက ပို၍ပင်ထက်ရှလာသည်။ 

ဂျုန်း....ဂျုန်း.....ဂျုန်း......!

သွေးပင်လယ်က စီးဆင်းသွားသည်။ လူတိုင်း၏အကြည့်အောက်တွင် ဓားငါးချောင်းက အမှန်တကယ် ရပ်တန့်ရန်အတွက် ရည်ရွယ်ချက်မရှိဘဲ ပေါင်းပင်ခြောက်များပမာ တိုက်ရိုက်ထိုးဖောက်ပစ်သည်။ 

ယဲ့ချိုးပိုင်၏ထိန်းချုပ်မှုအောက်တွင် ဖန်ချန်းပြောခဲ့သည့် ထိုးထွက်နေသာကျောက်တုံးကို သူအလျင်အမြန်ရှာတွေ့သွား၏။ 

၎င်းနောက် ဓားငါးချောင်းကို ထိန်းချုပ်ကာ ဖြတ်တောက်လိုက်သည်။ 

ခရက်ခ်.....!

ထိုးထွက်နေသည့် ကျောက်တုံးက ချက်ချင်းပြိုကျသွား၏။ 

ရုတ်ချည်းဆိုသလို ပတ်၀န်းကျင်က အစီအရင်အော်ရာက ဒီရေလိုနောက်ဆုတ်သွားပြီး သွေးလှိုင်းကလည်း လူတိုင်းဆီ ရောက်လုနီးပါးအချိန်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရသည်။ 

၎င်းက စွမ်းအားမဲ့သွေးအိုင်တစ်ခုအဖြစ် မြေပေါ်ပြန့်ကြဲသွားပြီးနောက် ဒီမြေကြီးထဲသို့ ပေါင်းစပ်သွားသည်။ 

သို့စေကာမူ သွေးနတ်ဆိုးဝိဉာဉ်ချိုးဖျက်အစီအရင်ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် ပုံရိပ်တစ်ခု တစ်ချိန်တည်းတွင် ပြေးထွက်လာပြီး ကြည့်ရှုနေသည့် ယဲ့ချိုးပိုင်ကို တိုက်ခိုက်သည်။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေလှံရှည်၊ မီးနဂါးနှင့် အဇူရာပုံရိပ်တို့က နိဗ္ဗာန်စက်လုံးနှစ်ခုနှင့်အတူ ဟုန်ရင်ထံ တိုး၀င်သွား၏။ 

ဒါကိုမြင်သောအခါ ဟုန်ရင်ချက်ချင်းနီးပါးတုံ့ပြန်သည်။ သူမညာခြေကိုမြှောက်ရင်း မြေကြီးကို တက်ဆောင့်ပစ်သည်။ 

ထို့နောက်လက်ထဲတွင် ပြန်လည်မွေးဖွားခြင်းလှံကိုကိုင်ပြီး တိုက်ခိုက်မှုသုံးခုစလုံးကို တစ်ချိန်တည်းတွင် တိုက်ခိုက်သည်။ 

အင်ပါယာမှတ်တမ်းရဲ့ စတုတ္ထလှုပ်ရှားမှု၊ ကောင်းကင်ပြိုကွဲ"

လှံနှင့် တိုက်ခိုက်မှုသုံးခုက တစ်ချိန်တည်းမှာပင် စုဆုံတိုက်မိသွားကြ၏။ 

သို့စေကာမူ ဟုန်ရင် တိုက်ခိုက်မှုသုံးခုကို ခံရသောအခါ နောက်တစ်လှမ်းသာ ဆုတ်လိုက်ရပြီး သူမ၏ကိုယ်ခန္ဓာက တည်ငြိမ်သွားသည်။ 

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရင်းနှီးနေသည့်အမျိိုးသားတစ်ဦး၏ အသံထွက်လာခဲ့သည်။ 

ဟုန်ရင်ခုခံနေသည့်ကာလအတွင်း ယဲ့ချိုးပိုင်တို့၏ တန်ပြန်တိုက်ခိုက်မှုကလည်း ရောက်လာခဲ့သည်။ 

ထိုးထွက်နေသည့်ဓားဆန္ဒ၊ ကောင်းကင်ဘုံစစ်သားများ၏စွမ်းအားနှင့် အာကာသကို ပုံပျက်စေသည့် ဗိုလ်ချုပ်များ၊ ကြယ်ကြွေခြင်း......!

ဒါကိုမြင်သော် သူတို့သုံးယောက် အလျင်အမြန် နောက်ဆုတ်ချင်ကြသည်။ 

သို့သော် မုဖူရှန်းသူတို့နောက်တွင် ပေါ်လာပြီး လက်ထဲက ကျောက်တိုင်လေးရှစ်လုံးကို ပစ်လိုက်၏။ တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်က လေထဲတွင် ကျယ်ပြန့်သွားသည်။ ဒီကျဉ်းမြောင်းသည့်ချောက်ထဲတွင် ဒါက သူတို့သုံးယောက်ဆုတ်ခွာနေတာကို လုံး၀တားဆီးထားသည်။ 

သူတို့သုံးယောက် ဒါကိုမြင်သောအခါ သူတို့၏အမူအရာများက ပြောင်းလဲသွားကြပြီး မူလတိုက်ခိုက်ခြင်းများက အကာအကွယ်အဖြစ်သာ ပြောင်းသွားကြရသည်။ 

သူတို့ လူတိုင်း၏တိုက်ခိုက်မှုကို အတင်းကာကွယ်ခုခံနေကြသည်။ 

ဂျုန်း......!

အားမျိုးစုံက အတူတကွရောထွေးသွားပြီး ဒီချောက်ထဲတွင် ပေါက်ကွဲမှုတစ်ခုကို ဖြစ်လာစေသည်။ 

မီးခိုးနှင့်ဖုန်များက ဘက်ပေါင်းစုံသို့ မြင့်တက်သွားကာ အချိန်အတော်ကြာပြီးမှသာ ပျောက်ကွယ်သွားလေတော့သည်။ 

ဒါက အော်ရာအနည်းငယ်ကျဆင်းနေသည့် စိတ်မချမ်းမြေ့ဖွယ်ရာပုံရိပ်သုံးခုကိုလည်း ဖော်ပြသည်။ 

ရှီရှန်းလှမ်းကြည့်လိုက်သောအခါ အံ့ဩသင့်တကြီးမေးလိုက်၏။ 

"စုန့်စီ၊ မင်းဘာလို့အသက်ရှင်နေသေးတာလဲ"

သူတို့က ကျန်းမု၊ အိုက်ရွှယ်နှင့် စုန့်စီတို့ဖြစ်သည်။ 

စုန့်စီ၏ အမူအရာက အနည်းငယ် ကြည့်ရဆိုးနေသည်။ 

သူ့အရင်က 'သေဆုံးမှု'က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန်အတွက်သာဖြစ်သည်။ 

ကျန်းမုသာရှိနေပါက သူ့ကိုယှဉ်နိုင်သောသူတစ်ဦးမှရှိမည်မဟုတ်။ 

သို့စေကာမူ ကျန်းမုကျရှုံးသွားပါကလည်း သူအမှောင်ထဲကနေ အံ့ဩသင့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုကို ဖန်တီးနိုင်သည်။ အနည်းဆုံးဒါက အာမခံချက်တစ်ခုပေတည်း။ 

သို့သော်််ဆယ်ရက်လေးအတွင်းမှာပင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ စုပေါင်းစွမ်းအားက အများကြီးတိုးတက်လာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ 

စု့န်စီ အတိဆွံအနေသည်။ 

အမှန်ပြောရပါက ယဲ့ချိုးပိုင်တို့သာ အရင်ခွန်အားကို ထိန်းသိမ်းထားနိုင်ပါက ဒီတိုက်ခိုက်မှုက အောင်မြင်နိုင်ချေပိုများသည်။ 

သွေးနတ်ဆိုးဝိဉာဉ်ချိုးဖျက်အစီအရင်ကိုယ်တိုင်က ငါးစာသာဖြစ်သည်။ တကယ့်သတ်ဖြတ်ခြင်းလှုပ်ရှားမှုက အစီအရင်ကို ချိုးဖျက်ပြီးနောက် တစ်ဖက်လူကို ချုံခိုတိုက်ခိုက်ရန်ပင်။ 

ကြီးကြပ်ရေးဗိမာန်၏ အစီအစဉ်က ပြီးပြည့်စုံသည်ဟု ဆို၍ရသည်။ 

အစက စုန့်စီ တခြားသူများ၏အာရုံကို ဆွဲဆောင်ခဲ့ပြီး ပုံရိပ်တစ်ခုဖန်တီးကာ သူတို့ကို သေသွားခဲ့သည်ဟုပင် ထင်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ ကျန်းမု၏ အကာ်ကွယ်လည်းဖြစ်နိုင်သည်။ 

ထို့ကြောင့် သူသေဟန်ဆောင်ခဲ့သည်။ 

ယခုတွင်မူ ချောင်းမြောင်းတိုက်ခိုက်ခြင်းပင်။ 

ဒါတွေအားလုံးက ချိတ်ဆက်ထားသည်။ 

သို့စေကာမူ ဒီချိတ်ဆက်ထားသည့် အစီအစဉ်ကို ယဲ့ချိုးပိုင်တို့က သူတို့၏ခွန်အားနှင့်ပင် ချိုးဖျက်ခဲ့သည်။ 

ယခုဒီအကြောင်းပြောနေတာက အဓိပ္ပာယ်မရှိတော့။ 

စုန့်စီ၏ အမူအရာက အတော်လေးကြည့်ရဆိုးနေပြီး ယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်၏။ 

"အရာအားလုံးက ဒီအတိုင်းအတာအထိ တိုးတက်လာလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး"

"ဒါပေမယ့် မင်းတို့ဗလာနတ္ထိပုံတူကို ငါတို့ကို အခုမပေးဘူးဆိုရင်တောင် ရှေးဟောင်းစစ်မြေပြင်ထဲက မယူသွားနိုင်ဘူး၊ နားလည်လား"

ဖူး.....!

ဒီတဒင်္ဂ၌ အိုက်ရွှယ်၏မျက်နှာက တောင့်တင်းသွား၏။ 

ကျန်းမုနှင့် စုန့်စီတို့၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် လျှပ်စီးကနေ သိပ်သည်းထားသည့် လှံတစ်စင်းက သူမ၏ဒန်တျန်ကို အမှန်တကယ် ထိုးဖောက်သွားခဲ့သည်။ 

သူမ၏အသက်ဓာတ်နှင့်အော်ရာက လျင်မြန်စွာ ကုန်ခမ်းနေသည်။ 

အပိုင်း(1178) coming။ 

All Chapters