#သုတ်သင်ရှင်းလင်းခြင်း၊ ရှေးဟောင်းစစ်မြေပြင်မှ ထွက်ခွာခြင်း#
Vol. 84 Ch. 1178
သူမ၏အသက်ဓာတ် အလျင်အမြန်ကုန်ခမ်းနေတာကို အိုက်ရွှယ်ခံစားနေရသည်။ သူမ၏မျက်သူငယ်အိမ်များက ပြူးကျယ်သွားပြီး ခေါင်းငုံ့ကာ ဒန်တျန်ကို ထိုးဖောက်နေသည့်လျှပ်စီးလှံကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
ကြီးကြပ်ရေးဗိမာန်၏ ပါရမီရှင်တစ်ဦးတဖြစ်လဲ အဆင့်မြင့်ကြယ်နယ်မြေက ပါရမီရှင်များထက် သာလွန်နေသည့် တည်ရှိမှုတစ်ခုဖြစ်သော သူမက ဒီရှေးဟောင်းစစ်မြေပြင်တွင် အမှန်တကယ် သေသွားရလိမ့်မည်ဟု တစ်ခါမှ မတွေးတောခဲ့ပါ။
စုန့်စီ၏မျက်ခုံးများကလည်း ကျုံ့နေသည်။ သူလှည့်ကာ အေးစက်သည့်အမူအရာတစ်ခုရှိနေသော မုဖူရှန်းကိုလှည့်လိုက်သည်။ စုန့်စီခေါင်းမော့လိုက်စဉ် လက်ဖဝါးပေါ်၌ စီးဆင်းနေသည့် လျှပ်စီးစွမ်းအားကို မြင်ရသဖြင့် အထိတ်တလန့်ပြောသည်။
"မင်းတကယ်ပဲ ငါတို့ကြီးကြပ်ရေးဗိမာန်က တစ်ယောက်ယောက်ကို သိရဲတာလား၊ မင်းအကျိုးဆက်တွေက ဘာတွေလဲဆိုတာကိုရောသိလား"
ယဲ့ချိုးပိုင်တို့ဘက်တွင် စုန့်ရှောင်နှင့် ကျန်းချင်းလန်တို့ကလည်း မယုံနိုင်ဖြစ်နေကြသည်။
ကြီးကြပ်ရေးဗိမာန်က ကြားနေဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်လည်း တစ်ယောက်ယောက်သာ ကြီးကြပ်ရေးဗိမာန်ကို ဒေါသထွက်အောင် လုပ်ရဲပါက အဆုံးမဲ့အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။
ဒါကလည်း မည်သူမှ ကြီးကြပ်ရေးဗိမာန်ကို မစော်ကားရဲဘဲ အမြဲလိုလိုမျက်နှာသာပေးရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
ဒါက ကြီးကြပ်ရေးဗိမာန်၏ နည်းဗျူဟာလည်း ဖြစ်နိုင်လောက်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများတွင်မူ ဒါကိုမျှော်လင့်ထားသည့်အလား အေးဆေးနေသည့် အမူအရာများရှိသည်။
မုဖူရှန်းက အလွန်အမင်းသတိထားတတ်ပြီး သေခြင်းရှင်ခြင်းအခိုက်အတန့်မှာပင် သူ့အစစ်အမှန်ခွန်အားကို မဖော်ထုတ်သည်အထိ သတိထားတတ်သော်လည်း ဒါက မတူပါ။
မုဖူရှန်းရယ်မောသည်။
"အကျိုးဆက်တွေလား၊ သေချာပေါက်ငါတို့စဉ်းစားပြီးပြီပေါ့၊ ဒါပေမယ့် ငါတို့ ဗလာနတ္ထိပုံတူကို မင်းတို့ရဲ့ကြီးကြပ်ရေးဗိမာန်ကို သေချာပေါက်ပေးမှာ မဟုတ်ဘူး၊ ဒါက ငါတို့အတွက်လည်း အင်အတန်အရေးကြီးပါတယ်၊ ငါတို့ထွက်သွားတဲ့အခါကျရင် ကြီးကြပ်ရေးဗိမာန်ရဲ့ အမဲလိုက်ခြင်းကို သေချာပေါက်ခံရမှာပဲလေ"
"ဒီလိုဆိုမှတော့ မင်းတို့အားလုံးကို ဒီမှာဘာလို့ မထားခဲ့နိုင်ရမှာလဲ၊ ဒီလိုဆိုရင် ငါတို့ကြီးကြပ်ရေးဗိမာန်ခွန်အား အပိုင်းသေးသေးလေးတစ်ခုကို အတိုင်းအတာတစ်ခုအထိ အားနည်းအောင် လုပ်နိုင်မယ့်အပြင် မင်းတို့ ကြီးကြပ်ရေးဗိမာန်ကို ငါတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားအကြောင်း သတင်းအချက်အလက်ပေးတာကနေ တားဆီးနိုင်တယ်လေ၊ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်နေတာပဲမလား"
မုဖူရှန်းပြောသည့်အတိုင်းပင် ဒီလိုအခြေအနေမျိုးတွင် သူ့ပြိုင်ဘက်ကို ဘာခြေရာမှမကျန်ဘဲ သတ်ပစ်ရန်အတွက် သူတုံ့ဆိုင်ူနေမည်မဟုတ်။
ဒီကာလအတွင်း မုဖူရှန်း တခြားတစ်ဘက်ကို သတင်းပို့ခြင်း သို့မဟုတ် ထွက်ပြေးခြင်းကနေ တားဆီးရန်အတွက် အဆောင်မျိုးစုံကိုလည်း စီစဉ်ထားလေပြီ။
ကျန်းမု ကြည့်ရဆိုးသည့်အမူအရာဖြင့် ပြောသည်။
"မင်းငါတို့ကို ဒီနေရာမှာ ထာ၀ရထိန်းသိမ်းထားနိုင်မယ်လို့ထင်လား"
မုဖူရှန်း ကျန်းမုကိုကြည့်ရင်း တည်ငြိမ်စွာဆိုသည်။
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
ထို့နောက်သူလက်ကို ရုပ်သိမ်းလိုက်စဉ် လျှပ်စီးလှံက ပျောက်ကွယ်သွားသည်။
ဒီတဒင်္ဂမှာပင် အိုက်ရွှယ်၏အသက်ဓာတ်က လုံး၀ပျောက်ကွယ်သွား၏။ သူမမျက်လုံးလိမ့်ရင်း ကောင်းကင်ကနေ လွတ်လွတ်လပ်လပ် ကျသွားလေတော့သည်။
"မင်းတို့ငါ့ကိုနားမလည်လောက်ဘူးဆိုပေမယ့် အခုတဖြည်းဖြည်းနားလည်လာနိုင်မှာပါ၊ ဒါကိုမင်းတို့အတွက် ငရဲလောကကို နှုတ်ဆက်မှုတစ်ခုအဖြစ် မှတ်ယူလိုက်ပေါ့" မုဖူရှန်းပြောလိုက်စဉ် ပတ်၀န်းကျင်က အော်ရာဒိုင်းကို အားဖြည့်သည်။
သူ ကျန်းမုနှင့်စုန့်စီတို့ထံသို့ ချဉ်းကပ်သွားသောအခါ သူ့အော်ရာက စတင်ထိုးတက်လာသည်။
ကျန်းမုနှင့် စုန့်စီတို့ မုဖူရှန်းကို အထိတ်တလန့် ကြည့်လိုက်ကြ၏။
နတ်သခင်နယ်ပယ်တစ်၀က်အဆင့်!
နတ်သခင်နယ်ပယ်အစောပိုင်းအဆင့်...!
"မင်းဘယ်လိုလုပ် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ရတာလဲ" စုန့်စီအော်ဟစ်သည်။
ဒီအသက်အရွယ်နှင့် သူဘယ်လိုလုပ် နတ်သခင်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့လေသနည်း။
သူမိခင်၀မ်းဗိုက်ကတည်းက စတင်ကျင့်ကြံမည်ဆိုလျှင်ပင် ဒါကမဖြစ်နိုင်ပေ။
မုဖူရှန်း သူတို့နှစ်ယောက်ကို ကြည့်ရင်း လက်ကို အနည်းငယ်မြှောက်လိုက်၏။ ရှေးဟောင်းနတ်မိုးကြိုးငါးခုက သူ့ပတ်လည်၌ လှံငါးချောင်းအဖြစ် ပြောင်းလဲသွားသည်။ သူတည်ငြိမ်စွာပြောသည်။
"မင်းတို့မှာ ရှင်ကျန်ဖို့ အခွင့်အလမ်းမရှိဘူးလို့ ငါထင်ပေမယ့် ငါမင်းတို့ကို မေးချင်ပါသေးတယ်"
"ဒီဗလာနတ္ထိပုံတူနဲ့ ကြီးကြပ်ရေးဗိမာန်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ကျန်းမုနှာခေါင်းရှုံ့သည်။
"ငါတို့သေချာပေါက်သေရမယ်လို့ မင်းပြောပြီးပြီလေ၊ ဒီတော့ ငါမင်းကို ဘာလို့ ပြောပြရမှာလဲ"
မုဖူရှန်းခေါင်းညိတ်သည်။ လက်ချောင်းတစ်ချောင်းလှုပ်ရှားလိုက်စဉ် လှံသုံးစင်းက ကျန်းမုကို ထိုးစိုက်ပစ်သည်။
ကျန်းမုကလည်း သေခြင်းတရားကို ထိုင်စောင့်နေလိုပုံမပေါ်။ သူရွှေချပ်၀တ်ကို ဖန်တီးကာ ဒေါသတကြီးအော်ဟစ်သည်။ ထို့နောက် ရွှေလှံရှည်ကိုကိုင်ပြီး လှံသုံးစင်းထံ ပြေး၀င်သွားသည်။
လေပြင်းဟိန်းလာပြီး လေဆင်နှာမောင်းတစ်ခု ပေါ်လာခဲ့သည်။
အော်ရာက အတော်လေးကြောက်စရာကောင်းသည်။
သို့စေကာမူဒီမျှသာ။ အကြွင်းမဲ့စွမ်းအားအောက်တွင် ဒီအရာများက စိတ်ကူးယဉ်လှုပ်ရှားမှုများသာ။
လျှပ်စီးလှံသုံးချောင်းက လေဆင်နှာမောင်းကို ချက်ချင်းထိုးဖောက်သွား၏။ တစ်ချောင်းက ကျန်းမုနဖူးကို ထိုးဖောက်သွားပြီး ကျန်တစ်ချောင်းက ဒန်တျန်ထဲသို့ ၀င်သွားကာ ကျန်တစ်ချောင်းကမူ နှလုံးထဲသို့ ထိုးစိုက်သွားသည်။
သူ့အော်ရာကချက်ချင်းပျောက်ကွယ်သွားပြီး ကျန်းမု ကောင်းကင်ကနေ ကျလာသည်။
ဒါကိုမြင်သော် မုဖူရှန်း လက်ညိုးတစ်ချောင်းညွှတ်လိုက်သည်။
လျှပ်စီးလှံသုံးချောင်းက ကျန်းမု၏ကိုယ်ကို ထိုးဖောက်ကာပေါက်ကွဲသွား၏။
အဆုံးမဲ့မိုးကြိုးစွမ်းအားက ကျန်းမုကိုယ်ကို အပိုင်းပိုင်းအစစဆွဲဖြဲပစ်ပြီး အနယ်များပင် မကျန်ခဲ့။ သူကသေသည်ထက်ပိုဆိုးသည်။
မုဖူရှန်းစုန့်စီကို ကြည့်ရင်းခပ်ရေးရေးပြုံးသည်။
"ဘယ်လိုလဲ၊ မင်းငါ့ကိုပြောချင်လား"
စုန့်စီ၏မည်းမှောင်နေသည့်မျက်နှာက ချက်ချင်းဆိုသလို ရယ်မောလေတော့သည်။
သူအလွန်ကျယ်လောင်စွာနှင့် မောက်မာစွာ ရယ်မောသည်။
သူ့ဒန်တျန်က စတင်ကျယ်ပြန့်လာပြီး အော်ရာက အဓိကရုဏ်းဖြစ်လာသည်။
သူတစ်ခုခုပြောချင်နေပုံရသည်။
သို့စေကာမူ ကျန်ရှိနေသည့်လျှပ်စီးလှံနှစ်ချောင်းက သူ့ကိုတိုက်ရိုက်ပင်ထိုးသတ်ကာ သေဆုံးသွားစေပြီးနောက် ပေါက်ကွဲသွားစေသည်။ မုဖူရှန်းတစ်ဘက်လူကို ကိုယ့်ကိုကိုယ်ဖောက်ခွဲရန်အတွက်ပင် အခွင့်အရေးမပေးခဲ့။
ဒါကသူ့ကိုမနာကျင်စေရန် မြင့်မားသည့် အခွင့်အလမ်းတစ်ခုရှိတော့ရော ဘာအရေးနည်း။ သူ့ကိုတကယ်သက်ရောက်စေနိုင်သည့် နည်းလမ်းတစ်ချို့ရှိနေပါကရော၊ ဒီလိုဆိုပါက အကျိုးအမြတ်က ဆုံးရှုံးမှုအတွက် ကာမိတော့မည်မဟုတ်ပါ။
သူ့ဆရာပြောခဲ့သည့်အတိုင်းပင် သူတစ်ဘက်လူကို ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးတစ်ခုမှ ပေး၍မရပေ။
ဒီလိုနှင့် ကြီးကြပ်ရေးဗိမာန်က လူသုံးယောက်မှာ သေဆုံးသွားရသည်။
မုဖူရှန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြည့်လိုက်၏။
"နောက်ပိုင်း ကျွန်တော်တို့ထွက်သွားတဲ့အခါကျရင် အဲဒီနတ်သခင်နယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ဆီက ပုန်းနေဖို့ အကောင်းဆုံးကြိုးစားကြပါ၊ ပြီးရင် ဒီနေရာကနေ ထွက်သွားဖို့ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးကြ"
"သူတို့သေဆုံးမှုသတင်းက အတားအဆီးအောက်မှာပဲရှိသေးတော့ မြန်မြန်ပို့နိုင်မှာ မဟုတ်သေးလို့ ကျွန်တော်တို့မြန်မြန်လှုပ်ရှားဖို့လိုတယ်"
တစ်နည်းအားဖြင့် ကြီးကြပ်ရေးဗိမာန်ထဲက သူတို့၏ ဝိဉာဉ်တုံကင်များက တိုက်ရိုက်မပြိုကွဲသွားပေ။
အတားအဆီးက သူတို့ဝိဉာဥ်များနှင့် ပြင်ပကမ္ဘာ၏ ဆက်သွယ်မှုအားလုံးကို ယာယီဖြတ်တောက်ပစ်နိုင်သည်။
မထွက်သွားသေးခင် စုန့်ရှောင် သူတို့၏ သိုလှောင်လက်စွပ်ကို ယူချင်သည်။
ကြီးကြပ်ရေးဗိမာန်၏ ပါရမီရှင်များတဖြစ်လဲ သူတို့တွင် ပစ္စည်းကောင်းအများကြီး ရှိမည်သာ။
သို့စေကာမူ မုဖူရှန်းလှမ်းကြည့်ရင်း အော်ဟစ်သည်။
"ပြန်ချထားလိုက်"
စုန့်ရှောင်ကြက်သေသေသွားသည်။
မုဖူရှန်းစိုးရိမ်ပူပန်စွာပြောသည်။
"ဒီထဲမှာ သူတို့အနံ့ပါတဲ့အရာတစ်ခုခု ရှိလောက်တယ်၊ အချိန်ကျလာတဲ့အခါကျရင် ကြီးကြပ်ရေးဗိမာန်က ဒါကို ခြေရာခံနိုင်လောက်တယ်"
ဒါကိုကြားသော် စုန့်ရှောင် နာကျင်မှုကို သည်းခံရင်း ချန်ထားခဲ့ရုံသာ တတ်နိုင်သည်။
သူတို့အနည်းငယ် ရှေးဟောင်းစစ်မြေပြင်ကနေ အလျင်အမြန်ပြေးသွားကြ၏။
သူတို့ချောက်ထဲက ထွက်သွားသောအခါ ချောက်ကမ်းပါးနှစ်ဘက်စလုံးရှိ အရိုးစုများကို ဦးညွတ်ရန်လည်း မမေ့ခဲ့ကြပေ။
သူတို့နှစ်ယောက်ထွက်သွားသောအခါမှသာ အရိုးစုနှစ်ခုလှုပ်ရှားလာကြ၏။ သူတို့တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
"ကြည့်ရတာ သေမျိုးနယ်မြေအနာဂတ်က ဒီလူတွေလက်ထဲမှာ ရှိပုံပဲ"
"ဟင်း...၊ ငရဲနတ်ဆိုးဒေသပြန်လာတဲ့အခါကျရင် သူတို့ကြီးပြင်းလာနိုင်ဖို့ကိုပဲ ငါမျှော်လင့်ပါတယ်...."
....
သူတို့အင်ပါယာလျန်အပိုင်းကို ရောက်လာသောအခါ လျိုကျိယုက အားလုံးကို လာတွေ့သည်။
သူတို့သွားနေစဉ် အသေးစိတ်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ယဲ့ချိုးပိုင်တို့ရှင်းပြသည်။
လျိုကျိယုလေးနက်စွာ ခေါင်းညိတ်သည်။
"ဒီကိစ္စပြီးသွားတဲ့အခါကျရင် ကြီးကြပ်ရေးဗိမာန်က ပုံရိပ်နိမ့်ချထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ သူတို့ ဂိုဏ်းကြီးအသီးသီးရဲ့ အကြည့်အောက်မှာ သေချာပေါက်ထုတ်ဖော်ခံရလိမ့်မယ်၊ ဒီလိုဆိုမှတော့ ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု ကျန်းသေရှိလာလိမ့်မယ်"
"ငါသာမင်းတို့နဲ့အတူ ရှိနေမယ်ဆိုရင် အရမ်းသိသာလွန်းရာကျတယ်၊ ငါ့အကြောင်းကို သိတဲ့ ကြီးကြပ်ရေးဗိမာန်က လူတွေရှိသေးတော့ ငါအရင်အမှောင်ပိုင်နက်ကို ပြန်သွားမယ်"
ထို့နောက် သူမြေပုံတစ်ခုကို ထုတ်ယူပြီး လူတိုင်းကိုပေးသည်။
"မင်းတို့လိုက်ဖမ်းခံရရင် ဒီလမ်းကြောင်းအတိုင်း အမှောင်ပိုင်နက်ကို သွားနိုင်တယ်"
အမှောင်ပိုင်နက်ရဲ့ ပုန်းအောင်ရာနေရာက ဒီလိုထုတ်ဖော်ခံလိုက်ရတာလား!
ယဲ့ချိုးပိုင်ရယ်မောလိုက်မိသည်။
"အမှောင်ပိုင်နက်သခင်သာ ခင်ဗျားလုပ်ခဲ့တာကို သိမယ်ဆိုရင် အမှောင်ပိုင်နက်ကနေ သေချာပေါက် နှင်ထုတ်လောက်တယ်...."
လျိုကျိယုခါးသီးစွာပြုံးသည်။
"ဒါနဲ့ပတ်သက်ပြီး ငါဘာမှမလုပ်နိုင်ဘူး၊ ဒါ့အပြင် ဒါကမင်းတို့အတွက် ထွက်ပြေးဖို့ နည်းလမ်းတစ်ခု ချန်ထားပေးတာပဲလေ"
"မင်းတို့ကို တစ်ခုပြောပါရစေ၊ အနာဂတ်မှာ မင်းတို့ဦးလေးလျို အထီးကျန်ဆန်လာပြီး မင်းတို့ငါ့ကိုဂရုမစိုက်ဘူးဆိုရင်တော့ ငါမင်းတို့ကို အလွှတ်မပေးဘူး"
အပိုင်း(1179) coming။