← Chapters

#နမူနာတစ်ခုပြုလုပ်ခြင်း#

Vol. 84 Ch. 1189

#နမူနာတစ်ခုပြုလုပ်ခြင်း#

Vol. 84 Ch. 1189

ရှောင်ဟိုင်က အစကတည်းက နတ်ဆိုးသခင်ဖြစ်သည်။ အားကောင်းသောသူကိုသာ လေးစားသည့် ဒီကြယ်စင်စုတွင် သူ့လက်အောက်ငယ်သားများကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူသိပါသည်။ 

ရှိနေသောလူ၃၆ယောက်လုံး ရှောင်ဟိုင်ထုတ်လွှတ်သည့်အော်ရာကို အာရုံခံမိပြီး သူ့ကို မော့ကြည့်လိုက်ကြစဉ် သူတို့ရှင်းပြ၍မရလာက်သော လေးစားမှုနှင့် ကြောက်ရွှံ့မှုကို ခံစားရသည်။ 

ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။ 

"မင်းတို့ငါပြောတာကို နားမထောင်ဘူးဆိုတာ ငါသိတယ်၊ သေချာတာပေါ့၊ မင်းတို့အမိန့်နာခံတာကိုလည်း ငါမလိုပါဘူး၊ ဒါပေမယ့် မနာခံတဲ့သူတွေကတော့ ငါ့စခန်းအောက်မှာ ဆက်နေလို့မရတော့တာပါပဲ"

"ဒါပေါ့၊ ငါ့စခန်းကနှင်ထုတ်ခံရပြီးရင် တခြားတပ်မှူးတွေကရော မင်းတို့ကို လိုလိုလားလားလက်ခံကြမယ်လို့ထင်လား"

အောက်တွင် အန်ချူကလည်း ‌လေးနက်သည့်အမူအရာဖြင့် ရပ်နေသည်။ 

သူအတော်လေးပါရမီရှိသော်လည်း လက်ခံရန်ဆန္ဒမရှိသည့်အတွက် စခန်းကနေ နှင်ထုတ်ခံရပါက တခြားတပ်မှူးများ သူ့ကို လက်ခံရန်ဟူသည် မဖြစ်နိုင်ပေ။ 

အင်ပါယာအစောင့်တပ်ထဲတွင် သူတို့ပါရမီရှိပြီးအားကောင်းသော သူများကို လိုအပ်သော်လည်း တပ်မှူးကို တစ်နေကုန်ဆန့်ကျင်နေတာထက် အမိန့်များကို လိုက်နာရန်လည်းလိုအပ်သည်။ 

ထိုအချိန်တွင် သူတို့ကို စောင့်ဆိုင်းနေသည့်ရလဒ်က နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်မှ ထွက်သွားရခြင်းပင်။ 

သို့စေကာမူ ၀မ်ယွမ်ပိုင်ဟုခေါ်သော လက်အောက်ငယ်သားတစ်ယောက်က လည်ပင်းကိုမော့လိုက်၏။ 

"ဒါဆိုမင်းမှာအစွမ်းရှိရင် ငါတို့အားလုံးကို နှင်ထုတ်လိုက်လေ၊ တပ်မှူးတစ်ယောက်အနေနဲ့ လူတိုင်းကို နှင်ထုတ်မယ်ဆိုရင် မင်းကို အထက်ပုဂ္ဂိုလ်တွေ သေချာပေါက်တာ၀န်ယူဖြေရှင်းမှာပဲ"

ဒါကိုကြားသော် တခြားသူတွေ အားလုံးခေါင်းညိတ်ကြသည်။ 

သို့စေကာမူ ရှောင်ဟိုင်မည်သည့်စကားမှ မဆိုဘဲ ယင်းအစား အန်ချူထံသို့ လျှောက်လာသည်။ 

"မင်းနဂါးလက်သည်းကို ပိုကျင့်ကြံလေလေ၊ မင်းရဲ့လက်ချောင်းနဲ့ လက်မောင်းတွေက ပိုနာကျင်ရလေလေမလား"

အန်ချူတစ်ခဏမျှ အေးခဲသွားပြီးနောက် အလျင်အမြန်ခေါင်းညိတ်သည်။ 

"ဟုတ်ပါတယ်"

လဲ့ရွှမ်းပင်လျှင် ကြက်သေသေသွားသည်။ 

သူ့တွက်လည်း ယခုလိုအခြေအနေမျိုးရှိခဲ့သည်။ သူ့လက်မောင်းပိုအားကောင်းလာစေရန်အတွက် သူတစ်နှစ်ပတ်လုံး ဆေးလုံးများကိုသုံးကာ ပြင်ဆင်ခဲ့ရသည်။ သို့စေသည့်တိုင် နဂါးလက်သည်းကို သူကြိုက်သလို မသုံးနိုင်သေးပါ။ 

"မင်းလည်းအရမ်းတော်ပါတယ်၊ နဂါးလက်သည်းကို မမှန်မကန်ကျင့်ကြံခြင်းကြောင့် ဖြစ်လာတဲ့ ပုန်းလျှိုနေတဲ့ရောဂါကို နှိမ်နင်းဖို့အတွက် မင်းဆေးလုံးတွေကို သုံးခဲ့ပေမယ့် အနာဂတ်မှာ ဒါကစုပုံလာပြီး ပေါက်ကွဲသွားလိမ့်မယ်"

"အဲဒီအချိန်ကျရင် မင်းလက်မောင်းကို လုံး၀ဆုံးရှုံးသွားရလိမ့်မယ်"

သူ့မရီဒျန်များက အာရုံကြောအထိ သေစေလောက်ပါသည်။ 

ဒါကိုနတ်ဆေးလုံးတစ်ချို့နှင့် ပြန်လည်တည်ဆောက်ခဲ့လျှင်ပင် အမြင့်ဆုံးအဆင့်ကို ပြန်ရောက်ရန်ဟူသည် မဖြစ်နိုင်ပေ။ ဒါက ရုပ်ခန္ဓာကျင့်ကြံသူများအတွက် သေစေလောက်သည့် အချက်ပေတည်း။ 

"မင်းဘယ်လိုသိတာလဲ" လဲ့ရွှမ်း၏ အမူအရာက လေးနက်သွား၏။ 

ဒါကို ဖန်တီးသူတစ်ယောက်အနေနဲ့ ငါဒါကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။ 

ရှောင်ဟိုင်တည်ငြိမ်စွာပင်ပြောသည်။ 

"တစ်ချက်တည်းနဲ့သိနိုင်တာပဲလေ" ထို့နောက် သူအန်ချုပ်ကို ကြည့်သည်။ 

"လုံး၀ကောင်းမွန်လာဖို့ဆိုတာက လွယ်ပါတယ်၊ နဂါးလက်သည်းကို နောက်နှစ်နှစ်အတွင်း မသုံးနဲ့၊ ပြီးတော့ မင်းလက်မောင်းကို မီးလျှံနက်ဆေးလုံးနဲ့သန့်စင်ပြီး လက်မောင်းထဲက ပုန်းလျှိုနေတဲ့ရောဂါကို လုံးဝထုတ်ပစ်ဖို့အတွက် မီးအဆိပ်ကိုသုံးပါ"

မီးလျှံနက်ဆေးလုံးက မီးတာအိုနိယာမကို ကျင့်ကြံသူများအတွက် ထိပ်တန်းအဆင့်ဆေးလုံးပင်။ သို့စေကာမူ တခြားသူများအတွက် အလွန်ပင်အဆိပ်ပြင်းသည်။ 

အဘယ်ကြောင့်ဆိုသော် အထဲတွင်ပါ၀င်သည့်မီးအဆိပ်က မီးတာအိုနိယာမကသာ ခံနိုင်သည့် အရာတစ်ခုဖြစ်နေသောကြောင့်ပင်။ 

"တိုက်ဆိုင်စွာပဲ ငါ့မှာတစ်လုံးရှိတယ်၊ ငါမှန်လားမှားလားဆိုတာ မင်းကြိုးစားကြည့်လို့ရတယ်" ရှောင်ဟိုင် ရွှံ့လုံးတစ်လုံးနှင့်တူသည့် ဆေးတစ်လုံးကို ပစ်ပေးလိုက်၏။ 

အန်ချူလှမ်းယူကာ လက်ဖဝါးပေါ် တင်လိုက်စဉ် သူ့လက်ဖဝါးထဲသို့ တိုး၀င်လာသည့် ပြင်းထန်သောမီးအဆိပ်ကို ခံစားရသည်။ 

"မင်းယုံချင်မှယုံပါ....."

အန်ချူ ရှောင်ဟိုင်ကို အထိတ်တလန့်ကြည့်လိုက်သည်။ ရှောင်ဟိုင်၏ ထူးမခြားနားသည့် အမူအရာကိုမြင်သောအခါ သူတွေးလိုက်မိသည်။ တစ်ဘက်လူက သူ့ကို ထောင်ချောက်ဆင်နေရန် မလိုပါ။ ဒါ့အပြင် သူက တခြားသူများကို အနိုင်ယူရန်အတွက် အသုံးပြုခဲ့သည့် စစ်တုရင်အပိုင်းအစတစ်ခုသာ။ သူကျရှုံးတာနှင့် ဟိုင်မုတွင် သူ့လက်အောက်ငယ်သားများ၏ ယုံကြည်မှုကို ရရှိရန်အတွက် အခွင့်အလမ်းရှိတော့မည်မဟုတ်။ 

ဒါကိုတွေးမိသောအခါ အန်ချူ လည်မြိုကိုရှင်းပြီးနောက် မီးလျှံနက်ဆေးလုံးကို ပါးစပ်ထဲပစ်ထည့်လိုက်၏။ 

ဒါက သူ့လည်မြိုထဲ လိမ့်၀င်သွားသောအခါ  သူ့ကိုယ်ထဲသို့ ၀င်သွားတာက ဆေးလုံးတစ်လုံးမဟုတ်ဘဲ လောင်ကျွမ်းနေသည့် မီးလုံးတစ်လုံးပမာ ခံစားလိုက်ရသည်။ 

ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။ 

"မီးအဆိပ်ကို လက်မောင်းထဲမှာ အတင်းတွန်းပို့လိုက်"

အန်ချူညွှန်ကြားချက်အတိုင်း လုပ်ဆောင်သည်။ 

သူ့မျက်နှာက အတော်လေးဖြူရော်နေပြီး ဘူးသီးစေ့အရွယ် ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။ 

သူ့လက်မောင်းတစ်ခုလုံးက မီးရှို့ခံရတော့တတ်ပင်။ 

ရှောင်ဟိုင်၏အဆိုနှင့်အတူ နေ့တစ်၀က်ခန့်ကြာသွားခဲ့သည်။ 

ယင်းနောက်တွင်သာ မီးလျှံနက်ဆေးလုံး၏ သက်ရောက်မှုများက တဖြည်းဖြည်းပျောက်ကွယ်သွားရသည်။ 

အန်ချူအသက်ပြင်းပြင်းရှုရင်း မြေပေါ် ဒူးတစ်၀က်ထောက်သွားသည်။ 

တစ်ယောက်ယောက် ဂရုတစိုက်မေးသည်။ 

"ဘယ်လိုလဲအန်ချူ၊ အဲဒါအလုပ်ဖြစ်လား"

သို့စေကာမူ အန်ချူ အလွန်အမင်းအံ့ဩသင့်နေရပြီး ထိုလူကို လျစ်လျူရှုကာ ယင်းအစား ရှောင်ဟိုင်ကို ကြည့်လိုက်၏။ 

"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် တပ်မှူးဟိုင်မု"

သူ့လက်မောင်းထဲက ပုန်းလျှိုနေသည့် ရောဂါက လုံး၀ပျောက်ကင်းမသွားသည့်တိုင် တိုးတက်လာတာကို သူခံစားရစည်။ 

အန်ချူ၏စကားလုံးများက ရှိနေသောသူတိုင်းကို ထိတ်လန့်သွားစေသည်။ 

ဒါကတပ်မှူးလဲ့ရွှမ်းပင်လျှင် မဖြေရှင်းနိုင်ခဲ့သည့်အရာတစ်ခုဖြစ်သည်။ 

ဒါ့အပြင် အန်ချူ၏အသံက ဟိုင်မုကို သူတို့၏ခေါင်းဆောင်အသစ်အဖြစ် ၀န်ခံလိုက်သည့်အသွင်။ 

ဒီအချိန်တွင် လဲ့ရွှမ်းကလည်းမေးသည်။ 

"တပ်မှူးဟိုင်မု၊ မီးလျှံနက်ဆေးလုံးထဲက မီးအဆိပ်ပမာဏကို ဘယ်လိုဖြေရှင်းရမလဲ"

ရှောင်ဟိုင်လှည့်ကာ တဲစခန်းရှေ့သို့ ပြန်သွားပြီး ထိုနေရာ၌ ငြိမ်ငြိမ်လေးရပ်ရင်း ပြန်ဖြေသည်။ 

"ဒါကအရမ်းလွယ်ပါတယ်၊ နဂါးလက်သည်းကို ကျင့်ကြံတဲ့အခါ ခွန်အားပမာဏအများအပြားကို ထုတ်လွှတ်ဖို့ လိုတယ်လေ၊ ဒီတော့ ပုန်းနေတဲ့ရောဂါက ထိတွေ့လာပြီးနောက်မှာ နဂါးလက်သည်းကို ကျင့်ကြံခြင်းက မီးအဆိပ်ကို ဖယ်ရှားနိုင်တယ်"

လဲ့ရွှမ်းဉာဏ်အလင်းရသွားပြီး အလျင်အမြန်ဦးညွတ်သည်။ 

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ၊ တပ်မှူးဟိုင်မု"

ရှောင်ဟိုင် လဲ့ရွှမ်းကို အံ့ဩသင့်တကြီးကြည့်သည်။ 

သူက သူ့ကိုအညံ့ခံရန်အတွက် ပြင်ဆင်ထားပုံရသည်။ 

မဟုတ်ပါက ယခုလိုမေးခွန်းမျိုးကို ကိုယ်တိုင်မေးပြီး သူ့ကို လူတိုင်းရှေ့တွင် လေးနက်စွာကျေးဇူးတင်နေစရာမလို။ 

လဲ့ရွှမ်း နဂါးလက်သည်းကို အချိန်အတော်ကြာကျင့်ကြံခဲ့သဖြင့် သူနဂါးလက်သည်းကို ကျင့်ကြံ‌သောအခါ ဘာဖြစ်လာမယ်ဆိုတာကို သိမည်သာ။ သူဒီမေးခွန်းကို မေးလာကတည်းက သူ့နှလုံးသားထဲတွင် အဖြေတစ်ခုရှိနေပြီဖြစ်သည်။ 

ဘာကြောင့်လဲဆိုတာ မသိသော်လည်း ရှောင်ဟိုင် ဒါကိုပျော်ပျော်ကြီးလက်ခံသည်။ 

ဒါကသူ့ကို အချိန်အများကြီးသက်သာနေသည်။ 

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်အချိန်မှန်ပြောလာသည်။ 

"ဒီမှာရှိနေတဲ့သူတိုင်း၊ မင်းတို့ဆက်နေချင်သရွေ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လမ်းညွှန်မှုတွေ လာတောင်းဆိုလို့ရတယ်၊ ငါဖြေရှင်းနိုင်သရွေ့ ဖြေရှင်းပေးမှာပါ"

"မလာခဲ့တဲ့သူတွေအတွက်တော့ သူတို့ဒီစခန်းမှာ နေချင်ကြသေးတယ်ဆိုရင် ဒီဆုလာဘ်အတွက် တာ၀န်ကိုပြီးမြောက်ပြီး တာ၀န်ရဲ့ပြီးမြောက်နှုန်းကို ဖလှယ်ရမယ်"

သူ့အသံကို တမင်တကာချဲ့ထားလေရာ စခန်းတဲထဲက လက်အောက်ခံသားတိုင်း ကြားကြသည်။ 

တစ်ခဏအကြာတွင် မလာခဲ့ကြသောလက်အောက်ငယ်သားများက ကြက်သေသေသွားကြပြီးနောက် တပ်မှူးတဲကို အလျင်အမြန်ပြေးလာကြ၏။ 

သူတို့ရောက်လာသောအခါ မယုံနိုင်စရာကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။ 

လဲ့ရွှမ်းနှင့် ချူမင်အပါအ၀င် လက်အောက်ငယ်သား၃၆ယောက်က ဒူးထောက်ရင်း ရှောင်ဟိုင်အား အော်ဟစ်လိုက်ကြသည်။ 

"ကြိုဆိုပါတယ်၊ တပ်မှူးဟိုင်မု"

အန်ချူနှင့် တပ်မှူးလဲ့ရွှမ်းတို့ကလည်း ဟိုင်မုကို အသိအမှတ်ပြုကြပြီး တပ်မှူးဟိုင်မုပြသခဲ့သည့် စွမ်းရည်ကိုပါ ပေါင်းစပ်လိုက်ပါက သူတို့သူ့ကို ‌နောက်ထပ် အနှောင့်အယှက်မပေးချင်ကြတော့ပါ။ 

ပြေးလာကြသည့်တခြားသူများကလည်း ထိတ်လန့်နေကြပြီး ဘာဖြစ်နေသလဲဆိုတာကို မသိကြတော့။ 

သူတို့ဟိုင်မုကို အသိအမှတ်မပြုဘူးလို့ ပြောခဲ့ကြတာမလား!

ဘယ်လောက်ကြာသေးလို့လဲ!

ဒါ့အပြင် တပ်မှူးလဲ့ရွှမ်းကိုယ်တိုင် ၀န်ခံခဲ့တာလား!

ရှိနေသောသူများ၏ ရှင်းလင်းချက်ကို ကြားပြီးနောက်တွင် သူတို့နောက်ဆုံးတော့ နားလည်သွားကြပြီး သူတို့၏ဂုဏ်မာနကို ထိန်းသိမ်းထားခဲ့သည့်အပေါ် နောင်တရကြသည်။ 

သူတို့ ကျင့်ကြံခြင်းအခွင့်အလမ်းကောင်းတစ်ခုကို လွတ်သွားသည်မဟုတ်ပေလော။ 

ဒီနေရာက ဘယ်သူက ပိုအားမကောင်းချင်မည်နည်း။ 

ရုတ်တရက် ရှောင်ဟိုင် ၀မ်ယွမ်ပိုင်ဘက်သို့လှည့်ပြီး အေးစက်စွာပြောသည်။ 

"သေချာတာပေါ့၊ မင်းလက်အောက်က သူတစ်ချို့ကို ငါ့ကို မလေးမစားလုပ်ဖို့ တိုက်တွန်းခဲ့တာမို့ ငါမင်းကိုမသတ်ဘူး၊ ဒါပေမယ့် မင်းမသေဘူးဆိုရင်တောင် အပြစ်ကနေ မလွတ်မြောက်နိုင်ဘူး၊ ဟိုင်မုတပ်စခန်းကနေ ထွက်သွားပါ"

၀မ်ယွမ်ပိုင်၏မျက်နှာက ဖြူရော်သွား၏။ 

ဒါကသူ့ကို နမူနာတစ်ခုပေးရန်ပင်။ 

သို့စေကာမူ သူ့ကိုဒီနေရာကနေ ထွက်ခိုင်းပြီး နတ်ဆိုးဘုရင်အင်ပါယာအစောင့်အဖြစ် သူ့အသက်မွေး၀မ်းကျောင်းကို ယခုလိုအဆုံးသတ်စေတာလား!

၀မ်ယွမ်ပိုင်အားကိုးရာမဲ့စွာ ထွက်သွားရုံသာ တတ်နိုင်သည်။ 

အချိန်တိုအတွင်းမှာပင် ရှောင်ဟိုင် တခြားလက်အောက်ငယ်သားများ၏ ယုံကြည်မှုကို ရရှိခဲ့သည်။ 

တခြားတစ်ဘက်တွင်......!

"သူ့ကိုယ်ပိုင်လက္ခဏာနဲ့ပတ်သက်ပြီး ပြဿာနာမရှိပါဘူး"

"မဟာတပ်မှူး၊ တကယ်ပြဿာနာမရှိပါဘူး"

အမှောင်ထဲတွင် မဟာတပ်မှူး မျက်လုံးကျဉ်းကာ အေးစက်စွာပြောသည်။ 

"ပြဿာနာမရှိဘူးဆိုရင် ဒါက အကြီးမားဆုံးပြဿာနာပဲ၊ တပ်မှူးဖြစ်လာပြီးနောက်မှာ တပ်မှူးဟိုင်မု သူ့ရဲ့ပထမဆုံးတာ၀န်ကို ပြီးမြောက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့"

အပိုင်း(1190) coming။ 

All Chapters