← Chapters

#နန်ကောင်းယင် ဒေါသထွက်သည်#

Vol. 84 Ch. 1179

#နန်ကောင်းယင် ဒေါသထွက်သည်#

Vol. 84 Ch. 1179

ရက်တစ်၀က်အကြာတွင် ရှေးဟောင်းစစ်မြေပြင်အပြင်ဘက်၌ ကြီးကြပ်ရေးဗိမာန်၏ အခြေစိုက်စခန်းတွင် နန်ကောင်းယင် ရှေးဟောင်းစစ်မြေပြင်၏ ၀င်ပေါက်ကို ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။ 

"ငါဘာလို့တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာလဲ"

ဘေးတွင်ကျင့်ကြံနေသည့် ဟဲရှန်ကောမှာ သူ့နှလုံးသား အနည်းငယ်တင်းကြပ်သွားသည့်ပမာ ခံစားလိုက်ရသည်။ ထို့နောက် သူခပ်ရေးရေးပြုံးရင်းပြောသည်။ 

"ဘာလို့အများကြီးတွေးနေတာလဲ၊ ဒီတစ်ကြိမ်ပို့လိုက်တဲ့သူတွေထဲမှာ စုန့်စီဖြစ်ဖြစ်၊ အိုက်ရွှယ်ဖြစ်ဖြစ် သူတို့က ကြီးကြပ်ရေးဗိမာန်ရဲ့ ပါရမီရှင်တွေပဲလေ၊ ကျန်းမုကိုဆို ပြောနေစရာတောင်မလိုဘူး၊ သူတို့သုံးယောက်သာ စောင့်ကြပ်နေမယ်ဆိုရင် ဘယ်လိုလုပ် မတော်တဆဖြစ်လာနိုင်မှာလဲ"

"နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက အဲဒီပါရမီရှင်တွေတောင် သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး"

"ကျန်တဲ့သူတွေဆို ပြော‌စရာတောင်မလိုဘူး"

ဟဲရှန်ကော၏စကားလုံးများကို ကြားရသည့်တိုင် နန်ကောင်းယင်၏ အမူအရာက အနည်းငယ်မည်းမှောင်နေသည်။ 

"ဒါပေမယ့် အခုအချိန်ထိ သူတို့သတင်းပို့တာ ရက်အနည်းငယ်တောင်ရှိနေပြီ၊ ဒါ့အပြင် ကျန်းမု၊ စုန့်စီနဲ့ အိုက်ရွှယ်တို့ကလွဲပြီး ကျန်တဲ့သူတွေရဲ့ ဝိဉာဉ်တုံကင်က ပြိုကွဲသွားပြီးပြီ"

ကျန်းမုနှင့်ကျန်သောသူများက နန်ကောင်းယင်နှင့် ဆက်သွယ်နေတတ်ပြီး အနည်းဆုံးတော့ နှစ်ရက်အကြာတွင် သူတို့သတင်းပို့တတ်သည်။ 

"ရှေးဟောင်းစစ်မြေပြင်မှာ အမွေအနှစ်ဂူတွေအများကြီးရှိတယ်လေ၊ သူတို့အတွက် သတင်းပို့လွှတ်ခြင်းကို သီးသန့်ဖယ်ထားတဲ့ အထူးပတ်၀န်းကျင်တစ်ခုကို ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ" ဟဲရှန်ကောပြောသည်။ 

နန်ကောင်းယင်ခေါင်းခါယမ်းပြီးနောက် တပ်စခန်းထဲကနေ ထွက်လာသည်။ 

"မဟုတ်ဘူး၊ ဒီအစီအစဉ်က ငါတို့ရဲ့ ကြီးကြပ်ရေးဗိမာန်အတွက် အရမ်းအရေးပါတယ်၊ ဒါက ကြီးမားအောင်မြင်မှုနဲ့ ဆုတ်လျော့မှုကို တိုက်ရိုက်သက်ရောက်တယ်၊ ဘာအမှားမှရှိလို့မရဘူး"

ထို့နောက်သူ၀တ်စုံဖြူစစ်ဆေးသူတစ်ယောက်ကို ခေါ်ပြီးညွှန်ကြားသည်။ 

"ရှေးဟောင်းစစ်မြေပြင်အပြင်ဘက်မှာ အစီအရင်တစ်ခုချထားပြီး ထွက်လာတဲ့သူတိုင်းကို အဲမှာတားလိုက်ကြ"

ဟဲရှန်ကောကြောက်ရွှံ့သွား၏။ 

"ဒီလိုလုပ်စရာလိုလို့လား၊ ငါတို့က ဒီနေရာကို စောင့်ကြပ်နေမှတော့ ငါတို့နှစ်ယောက်က ထွက်လာတဲ့သူတိုင်းကို ကြိုတင်အာရုံခံနိုင်တာပဲလေ"

နန်ကောင်းယင်ရုတ်တရက်လှည့်ကာ ဟဲရှန်ကောကို တခြားမည်သည့်စကားမှမဆိုဘဲ တည့်တည့်စိုက်ကြည့်နေလေသည်။ 

ဟဲရှန်ကောထိတ်လန့်သွားကာရှင်းပြသည်။ 

"အရမ်းကြီးစိုးရိမ်စရာမလိုဘူးလို့ပဲ ငါထင်တာပါ၊ ငါတို့ဒီလိုလုပ်မယ်ဆိုရင် တခြားဂိုဏ်းတွေက သေချာပေါက် သံသယ ၀င်ကြလိမ့်မယ်၊ ပြီးတော့ ငါတို့ဗလာနတ္ထိပုံတူကို ရမယ်ဆိုရင်တောင် ပြင်ဆင်ဖို့အတွက် အချိန်နည်းနည်းလိုတယ်"

ဒါကိုကြားသောအခါ နန်ကောင်းယင်ခေါင်းညိတ်သည်။ 

"၀မ်းနည်းရဖွယ်အခြေအနေတစ်ခု ဖြစ်နိုင်ချေအတွက် ဘေးကင်းအောင် လုပ်ထားတာက ပိုကောင်းတယ်၊ ဒီအကြောင်းကို နောက်မှစဉ်းစားမယ်၊ ငါတို့လုပ်ရမှာက ဗလာနတ္ထိပုံတူကို ငါတို့ရတယ်ဆိုတာ သေချာစေဖို့ပဲ၊ ဟုတ်တယ်မလား၊ ခန်းမသခင်ဟဲ...."

ဒီနေရာတွင် ဟဲရှန်ကောခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ 

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့လုပ်ရပ်များကို နန်ကောင်းယင်ကို သံသယဖြစ်နေစေပြီ‌ဆိုတာ သူသိပါသည်။ 

သို့သော်ဒီအခိုက်အတန့်မှာပင် ယခုလေးတင် ညွှန်ကြားခံရသည့် ၀တ်စုံဖြူစစ်ဆေးသူတစ်ယောက် အလျင်အမြန်ပြန်ပြေးလာသည်။ သူ့မျက်နှာကဖြူရော်နေသည်။ 

"ခန်းမသခင်တို့၊ ဆိုးရွားတဲ့အရာတစ်ခုခု ဖြစ်ပျက်နေပြီ"

နန်ကောင်းယင် အလျင်အမြန်အကြည့်လွှဲလိုက်ပြီး ၀တ်စုံဖြူစစ်ဆေးသူကို လေးနက်စွာ စိုက်ကြည့်သည်။ 

"ငါ့ကိုမြန်မြန်ပြော"

"ကြီးကြပ်ရေးဗိမာန်က သတင်းတွေရပါတယ်၊ ကျန်းမု၊ အိုက်ရွှယ်နဲ့ စုန့်စီတို့ရဲ့ ဝိဉာဉ်တုံကင်တွေက ပြိုကွဲသွားပြီတဲ့"

သူတို့၏အမူအရာများက တစ်ချိန်တည်းတွင် ပြောင်းလဲသွားကြ၏။ 

ထို့နောက်တွင် နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်အော်ရာက ပေါက်ကွဲထွက်လာသည်။ 

နန်ကောင်းယင်၏နတ်အသိက ဒီနေရာတစ်ခုလုံးကို ဖြတ်သန်းသွား၏။ 

"လူတိုင်းကို သတိထားနေကြဖို့ပြောလိုက်၊ ရှေးဟောင်းစစ်မြေပြင်ထဲက တစ်ယောက်ယောက်ထွက်လာတာနဲ့ ချက်ချင်းတားဆီးလိုက်"

ဒီလိုပြောလာသောအခါ နန်ကောင်းယင်ကလည်း ထိတ်လန့်သွားခဲ့ရသည်။ 

မည်သူက ကျန်းမုနှင့် ကျန်သောသူများကို သတ်နိုင်လေသနည်း။ 

ဒါ့အပြင် တစ်ဘက်လူက ကြီးကြပ်ရေးဗိမာန်က လူများကိုပင် တိုက်ခိုက်ရဲသည်။ 

နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ ရှေးဟောင်းစစ်မြေပြင်ထဲသို့ ချက်ချင်းပြေးသွားကြပြီး ထွက်ပေါက်အား စိုက်ကြည့်လိုက်ကြ၏။ 

ရှေးဟောင်းစစ်မြေပြင်ထဲသို့ ၀င်ရန်နှင့်ထွက်ရန် အပေါက်တစ်ပေါက်တည်းသာရှိသည်။ 

သို့စေကာမူ တစ်ချို့လူများက ရှေးဟောင်းစစ်မြေပြင်ထွက်ပေါက်တွင် ပေါ်လာကြပြီဖြစ်သည်။ 

ဥပမာအားဖြင့် တုယွန်၊ ကျင်းဝူကျင်းနှင့် ကျိချန်းယောင်တို့ပေတည်း။ 

နန်ကောင်းယင် ကောင်းကင်ထက်တွင်ရပ်ပြီး သူတို့ကိုကြည့်လိုက်၏။ 

"မင်းတို့ငါတို့ကြီးကြပ်ရေးဗိမာန်ရဲ့ တပည့်တွေကို တွေ့ခဲ့လား"

ကျိချန်းယောင်ကြက်သေသေသွားသည်။ သူမဘေးကလူများကို ကြည့်ရင်း ခေါင်းခါယမ်းသည်။ 

"ကျွန်မသူတို့ကိုမြင်ခဲ့ပေမယ့် အဲဒီနောက် ဘယ်သွားခဲ့သလဲဆိုတာကိုတော့ မသိဘူး"

သူတို့ဖြေနေစဉ် တွေးနေမိကြသည်။ 

မည်သည့်အတွက်ကြောင့် နန်ကောင်းယင် ဒီမေးခွန်းကိုမေးပြီး ဒေါသထွက်နေပုံ ရလေသနည်း။ 

ကြီးကြပ်ရေးဗိမာန်ရဲ့တပည့်တွေ တစ်ခုခုဖြစ်ပျက်သွားခဲ့တာများလား!

ဘယ်သူက ကြီးကြပ်ရေးဗိမာန်ရဲ့ တပည့်တွေကို ထိရဲတာလဲ!

သို့စေကာမူ ကျိချန်းယောင်နှင့် ကျင်းဝူကျင်း တစ်ဦးကိုတစ်ဦး တိတ်တဆိတ်ကြည့်ရင်း တွေးလိုက်ကြသည်။ 

ကြီးကြပ်ရေးဗိမာန်၏တပည့်များကို တစ်ယောက်ယောက်ထိရဲပါက သူတို့က စီနီယာလု၏ တပည့်များသာဖြစ်ရပေမည်။ 

ဟဲရှန်ကောကလည်းမေးသည်။ 

"ဒါ‌ဆိုမင်းတို့ဘိုးဘေးအင်ပါယာနန်း‌တော်ကို သွားခဲ့ကြလား"

ဘိုးဘေးအင်ပါယာနန်းတော်!

အဲဒါကဘာလဲ!

သူတို့၏ပဟေဠိဖြစ်နေသည့် အမူအရာများကိုကြည့်ရင်း ဟဲရှန်ကော နန်ကောင်းယင်ကို ကြည့်လိုက်၏။ 

"ကြည့်ရတာသူတို့မသိပုံပဲ"

နန်ကောင်းကင် တိုက်ရိုက်ပင်ပြောသည်။ 

"မင်းတို့အားလုံး ဒီမှာနေကြ၊ တခြားသူတွေထွက်လာတဲ့အထိစောင့်ပြီး မထွက်သွားခင် ငါတို့ကို ရှာဖွေစစ်ဆေးခွင့်ပေး"

နန်ကောင်းယင် သူတို့ကိုအလွတ်ပေးရမည့်အစား မတော်တဆကြောင့် သတ်ပစ်မည်သာ။ 

သို့စေကာမူ ဒါကကျိချန်းယောင်နှင့် ကျန်သောသူများအတွက် အဆုံးစွန်သော စော်ကားမှုပေတည်း။ 

သူတို့၏အမူအရာများက တစ်ချိန်တည်းတွင် မည်းမှောင်သွားခဲ့ကြသည်။ 

တုယွန်ရှေ့တစ်လှမ်းတိုးပြီး နန်ကောင်းယင်ကို လေးနက်သည့်အမူအရာဖြင့် ကြည့်သည်။ 

"စီနီယာ၊ ဒါကမသင့်တော်ဘူးမလား၊ ကြီးကြပ်ရေးဗိမာန်မှာတောင် ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး"

နန်ကောင်းယင် တုယွန်ကို စိုက်ကြည့်ရင်းပြောသည်။ 

"ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက ကလေး၊ အားကောင်းတဲ့သူတွေက ဘုရင်တွေဆိုတာ မင်းသိသင့်တယ်၊ ခွန်အားအရာကွာဟချက်ကို ရင်ဆိုင်ရတဲ့အခါ မင်းခုခံနိုင်မယ်လို့ထင်လား၊ ဒါမှမဟုတ် ငါ့မှာလုပ်ပိုင်ခွင့်မရှိဘူးလို့ မင်းထင်လား"

တုယွန်ငြင်းဆိုချင်သော်လည်း သူ့အတွက် ငြင်းဆန်ချေပရန် နေရာမရှိပါ။ 

ကျိချန်းယောင် နက်မှောက်သည့်အမူအရာဖြင့်ပြောသည်။ 

"ကြီးကြပ်ရေးဗိမာန်က ဒီလိုအတင်းအကျပ် လုပ်နေမယ်ဆိုရင် အဆင့်မြင့်ကြယ်နယ်မြေက အဆင့်မြင့်ဂိုဏ်းတိုင်းနီးပါးကို စော်ကားလိုက်သလိုဖြစ်သွားလိမ့်မယ်၊ ကြီးကြပ်ရေးဗိမာန်က ဒီအတွက် ခုခံနိုင်စွမ်းရှိတယ်လို့ စီနီယာတွေးတယ်ဆိုရင်တော့ မဖြစ်နိုင်တာမဟုတ်ပါဘူး"

ရှေးဟောင်းစစ်မြေပြင်ထဲသို့ ၀င်ခဲ့သောပါရမီတိုင်းက အခြေခံအားဖြင့် ကြယ်ဒေသနှင့် အဆင့်မြင့်ဂိုဏ်းအသီးသီးမှ ပါရမီရှင်များဖြစ်ကြသည်။ 

ကိုယ်ခန္ဓာရှာဖွေခြင်းက ဒီပါရမီရှင်များအတွက် စော်ကားမှုသက်သက်မဟုတ်ဘဲ သူတို့နောက်ကွယ်ကဂိုဏ်း၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းလည်းဖြစ်သည်။ 

ထိုအချိန်တွင် ကြီးကြပ်ရေးဗိမာန်က အဆင့်မြင့်ကြယ်နယ်မြေရှိ အဆင့်မြင့်ဂိုဏ်းတိုင်း၏ သံသယနှင့် ဒေါသများကို ခံစားရပေလိမ့်မည်။ 

အရာများက ထိန်းချုပ်မှုက လွတ်ကင်းသွားမည်ဖြစ်သည်။ 

ဟဲရှန်ကော ဒေါသထွက်နေသည့် နန်ကောင်းယင်ကို ဆွဲယူကာ အပြုံးဖြင့်ပြောသည်။ 

"ငါတို့ဒီလိုဆိုလိုတာမဟုတ်ပါဘူး၊ ရှေးဟောင်းစစ်မြေပြင်ထဲကို မင်းတို့၀င်သွားကတည်းက မင်းတို့နတ်ပစ္စည်းတစ်ခု ရခဲ့တယ်ဆိုရင် ဒါက ကြီးကြပ်ရေးဗိမာန်ရဲ့ အပိုင်ဖြစ်ရမယ်လို့ ငါတို့တစ်ခါက ပြောဖူးတယ်လေ၊ ဒါက မင်းတို့ကို ရှေးဟောင်းစစ်မြေပြင်ကို ယူဆောင်လာရတဲ့ ငါတို့ရဲ့ တစ်ခုတည်းသော အခြေအနေပဲ"

ထို့နောက် ဗလာနတ္ထိပုံတူနှင့်တူသည့် သူပုံစံစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။ 

"မင်းတို့ဒီပစ္စည်းကိုရပြီး ငါတို့ကြီးကြပ်ရေးဗိမာန်ကို လက်လွှဲပေးနေသရွေ့ ငါတို့မင်းတို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာ မဟုတ်ပါဘူး"

ကျိချန်းယောင်တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ရှေးဟောင်းစစ်မြေပြင်အတားအဆီးထဲရှိ အပေါက်က‌နေ နောက်ထပ်လူအနည်းငယ် ထွက်လာကြသည်။ 

နန်ကောင်းယင် အလားတူမေးခွန်းကိုမေးသည်။ 

ထို့နောက်သူတို့ဆက်လက်စောင့်နေကြရသည်။ 

နောက်ထပ်ရက်တစ်၀က်ခန့်စောင့်ပြီးနောက် နန်ကောင်းယင် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးကို ညွှန်ကြားကာ အကျိုးကျေးဇူးတစ်ချို့ ကတိပေးပြီးနောက် ခြေရာများရှာဖွေရန်အတွက် အထဲသို့၀င်စေသည်။ ထိုသူကသူနှင့်အတူ ကြီးကြပ်ရေးဗိမာန်၏အော်ရာကို ရှာဖွေနိုင်သည့် နတ်ပစ္စည်းတစ်ခုကိုပါ ယူသွားခဲ့သည်။ 

သို့သော် တစ်ဘက်လူထွက်လာသောအခါ သူပြောသည်။ 

"လူတိုင်းကထွက်လာကြပြီ၊ စီနီယာပြောခဲ့တဲ့ ကျန်းမုနဲ့ကျန်တဲ့သူတွေရဲ့ အလောင်းကိုတော့ မတွေ့ခဲ့ပါဘူး....."

ဒါကိုကြားသောအခါ နန်ကောင်းယင်၏ မျက်နှာက ချက်ချင်းမည်းမှောင်သွားလေတော့သည်။ 

"စူးစမ်းရှာဖွေကြ"

ကြီးကြပ်ရေးဗိမာန်တွင် ၀င်သူများ၏ မှတ်တမ်းများရှိသဖြင့် ထွက်လာပြီဖြစ်သော လူများနှင့်အတူ သူတို့ရေတွက်၍ရသည်။ 

ရလဒ်ကိုသိရပြီးနောက်တွင် နန်ကောင်းယင် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။ 

"ယဲ့ချိုးပိုင်....." သူနာမည်ဆယ်ခုကျော် တစ်ဆက်တည်းပြောခဲ့သည်။ 

ထို့နောက်သူပြောသည်။

"ကြီးကြပ်ရေးဗိမာန်က စစ်ဆေးသူအားလုံးကို အသက်သွင်းပြီး သူတို့ကိုရှာဖွေကြ"

အပိုင်း(1180) coming။ 

ng။ 

All Chapters