← Chapters

#နတ်ဆိုးဘုရင်ပိုင်နက်သို့၀င်ခြင်း#

Vol. 84 Ch. 1180

#နတ်ဆိုးဘုရင်ပိုင်နက်သို့၀င်ခြင်း#

Vol. 84 Ch. 1180

နောက်ထပ်ရက်အနည်းငယ်အတွင်း နန်ကောင်းယင် စာရင်းပေါ်က လူများရှိသည့် ဂိုဏ်းများထံ သွားခဲ့သည်။ 

သို့စေကာမူ ယင်ယန်ဂိုဏ်းဖြစ်စေ၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းဖြစ်စေ၊ သို့မဟုတ် တခြားဂိုဏ်းများ၏ ပါရမီရှင်များဖြစ်စေ အားလုံး၏ ဝိဉာဉ်တုံကင်က ပြိုကွဲသွားခဲ့တာကို သူတွေ့ရှိသွားသည်။ 

ရှာဖွေမှုအပြီး ကြီးကြပ်ရေးဗိမာန်က လူသတ်အမိန့်တစ်ခု ထုတ်ပြန်သည်။ 

ဒါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို သူတို့အသက်ရှင်လျက် ဖမ်းမိနေသရွေ့ ကြီးကြပ်ရေးဗိမာန်၏ ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။ 

ဆုလာဘ်များက အောက်ပါအတိုင်းဖြစ်သည်။ နတ်သခင်အဆင့်ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုနှင့် နတ်သခင်အဆင့်လျှို့ဝှက်ပညာရပ်တစ်ခုတို့ပင်။ 

နတ်သခင်အဆင့်အရာနှစ်ခုကြောင့် နတ်သခင်အဆင့်ဂိုဏ်းတိုင်းက ဆွဲဆောင်ခံရသည်။ 

တစ်ခဏအကြာတွင် အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံသူတိုင်းနီးပါးက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ခြေရာကို စတင်ရှာဖွေကြလေတော့သည်။ 

တစ်ချိန်တည်းမှာပင် ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့ကလည်း ကြီးကြပ်ရေးဗိမာန်ကို လူသိရှင်ကြားထောက်ခံခဲ့ပြီး သူတို့ဂိုဏ်းများ၏ ပါရမီရှင်များကလည်း ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုခဲ့သည်။ 

တကယ်တမ်းတွင် ဒီကိစ္စအတွက် သူတို့ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား လိုက်လံဖမ်းဆီးမနေချင်ပါ။ 

ရှေးဟောင်းစစ်မြေပြင်ထဲကို ၀င်ပြီးနောက် ရှောင်ဟိုင်၏ခွန်အားက ထပ်မံတိုးတက်လာသည်ဟုသာ သူတို့ခံစားရသည်။ အရာများကို နောက်ထပ်အချိန်ဆွဲထား၍မရတော့။ ကြီးကြပ်ရေးဗိမာန်က လူသတ်အမိန့် ထုတ်ပြန်ပြီးနောက် နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက လိုက်ဖက်စွာပင် ဆောင်ရွက်သည်။ 

ဒါက ကြီးကြပ်ရေးဗိမာန်နှင့် နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်း ကျင့်ကြံသူများအား ပထမဆုံးအကြိမ် တစ်ချိန်တည်းတွင် လိုက်လံဖမ်းဆီးခြင်းပေတည်း။ 

ဒီအခိုက်အတန့်၌ အမှောင်ပိုင်နက်တွင်...!

"မင်းတို့က အပြင်မှာရန်ပွဲတစ်ခုကို ဖြစ်စေခဲ့တာပဲ" အမှောင်သခင်ရယ်မောရင်း လူသတ်အမိန့်ကို သူ့ရှေ့က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ပေးလိုက်သည်။ 

"အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံသူတွေက မင်းတို့ကို ရှာဖွေနေလောက်တယ်"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လူသတ်အမိန့်ကိုယူကာ တစ်ချက်ကြည့်ပြီးနောက် ဘေးသို့ဖယ်ထားလိုက်ကြ၏။ 

"ကူညီပေးတဲ့အတွက်ကျေးဇူးပါ၊ စီနီယာ"

အမှောင်သခင် လက်ဝှေ့ယမ်းသည်။ 

"ကြီးကြပ်သူတစ်ယောက်ယောက်ရဲ့ ဦးဆောင်မှုမပါဘဲ သူတို့အမှောင်ပိုင်နက်ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး၊ ဒီတော့ မင်းတို့ အလိုရှိသလောက်နေနိုင်ပါတယ်"

ဒီနေရာတွင် အမှောင်သခင် ဘေးတွင် ရပ်နေသည့် လျိုကျိယုကို ကြည့်ရင်း အပြုံးဖြင့်ပြောသည်။ 

"ဒါပေမယ့် မင်းတို့ရဲ့ဦးလေးလျိုကတော့ မင်းတို့ကို ကောင်းကောင်းဆက်ဆံတာပဲ၊ သူကအမှောင်ပိုင်နက်လမ်းကြောင်းကိုတောင် မင်းတို့ကို အလွယ်တကူပေးခဲ့တယ်"

လျိုကျိယု အကြိမ်ရေအနည်းငယ်ခန့် ချောင်းဟန့်ပြီးနောက် ခေါင်းလှည့်ကာ လေချွန်နေလေသည်။ 

"ငါမင်းတို့ကို အကြံဉာဏ်တစ်ချို့ပေးချင်တယ်" လျိုကျိယု၏ အသွင်အပြင်ကို ကြည့်ရင်း အမှောင်သခင်ငိုရမလား၊ ရယ်ရမလားမသိတော့ပါ။ သူ လျိုကျိယုကို လျစ်လျူရှုကာ ယဲ့ချိုးပိုင်တို့အား ကြည့်လိုက်၏။ 

"ဒီကာလအတောအတွင်း အမှောင်ပိုင်နက်မှာ ကောင်းကောင်းကျင့်ကြံပါ၊ ရေပန်းစားတာ ပျောက်ကွယ်သွားတာနဲ့ မင်းတို့လုပ်ချင်တာသွားလုပ်လို့ရပါပြီ"

"ကြီးကြပ်ရေးဗိမာန်က မင်းတို့ကို ရှာဖွေဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ငါပြောနိုင်တယ်"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"စီနီယာရဲ့ကြင်နာမှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ကိုင်တွယ်စရာတစ်ခု ရှိပါသေးတယ်၊ ကြီးကြပ်ရေးဗိမာန်ရဲ့ ခြေရာခံခြင်းကနေ ရှောင်ရှားဖို့အတွက် ကျွန်တော်တို့ အမှောင်ပိုင်နက်ကို အရင်လာခဲ့ကြတာပါ"

ဒါကိုကြားသောအခါ အမှောင်သခင်ခေါင်းညိတ်သည်။ 

"ဒီလိုဆိုမှတော့ ငါမင်းတို့ကို မတားတော့ပါဘူး"

ထို့နောက် အမှောင်သခင်ထရပ်ပြီး နောက်ထပ်စကားအနည်းငယ်ပြောရင်း ထွက်သွားလေတော့သည်။ 

အမှောင်သခင် လျိုကျိယုကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား အမှောင်ပိုင်နက်သို့ လမ်းကြောင်းကို ပေးလိုက်သည့်အပေါ် အပြစ်မတင်ပါ။ 

မည်သို့ပင်ဆိုစေကာမူ သူတို့က လုချန်ရှန်းတပည့်များဖြစ်နေသည် မဟုတ်ပေလော။ 

အမှောင်သခင်အတွက် သူက လုချန်ရှန်းနှင့် နီးစပ်လိုခြင်းပင်။ 

လျိုကျိယု ဒါကိုကောင်းကောင်းသိသဖြင့် မကြောက်မရွှံ့လုပ်ရဲခြင်းဖြစ်သည်။ 

လျိုကျိယု ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြည့်ရင်း သူတိုဘာလုပ်ကြမယ်ဆိုတာကို သိသည့်အပေါ် ရှောင်ဟိုင်ကို စာလိပ်တစ်လိပ်ပေးလိုက်သည်။ 

"ဒါကအခု နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ သတင်းအချက်အလက်ပဲ၊ အမှောင်ပိုင်နက်က သိထားသမျှကို မှတ်တမ်းတင်ထားတယ်"

ရှောင်ဟိုင်လှမ်းယူကာခေါင်းညိတ်သည်။ 

"ကျေးဇူးပါ၊ ဦးလေးလျို"

"ဒါကပြဿာနာမဟုတ်ပါဘူး၊ နတ်ဆိုးဘုရင်ပိုင်နက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ငါကိုယ်တိုင်စုံစမ်းခဲ့တာပါ" လျိုကျိယုလေးနက်စွာပြောသည်။ 

"ဒါပေမယ့် မင်းတို့အဲကိုသွားတဲ့အခါကျရင် ဂရုစိုက်ရမယ်၊ နတ်ဆိုးဘုရင်ပိုင်နက်မှာ ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းက သူလျှိုတွေအများကြီးပဲ၊ ကြီးကြပ်ရေးဗိမာန်ကို ပြောနေစရာတောင်မလိုဘူး၊ ကြီးကြပ်ရေးဗိမာန်ရဲ့ စစ်ဆေးသူတွေက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးမှာရှိတယ်"

"ဒါကြောင့်လည်း မင်းတို့ပုံရိပ်နိမ့်ချပြီး ကိုယ်ပိုင်လက္ခဏာတွေကို ဖုံးကွယ်ထားရမယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ မင်းတို့ထွက်သွားလို့ရပြီ၊ မင်းတို့တစ်ခုခုလိုရင် ငါ့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်"

ထိုသို့ပြောပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပြင်ဆင်ပြီး ထွက်ခွာရန်အတွက် အာကာသယာဉ်ပေါ် တက်လိုက်ကြ၏။ 

လုချန်ရှန်း၏ ရုပ်ဖျက်နည်းစနစ်ကြောင့် သူတို့၏အသွင်အပြင်များကလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။

အနည်းဆုံးတော့ သူတို့ခွန်အားအပြည့် မသုံးသရွေ့ ဘယ်သူမှ သူတို့ကို မှတ်မိမည်မဟုတ်။ 

......

တိမ်များက ဘက်ပေါင်းစုံသို့ ရွေ့လျားနေသည်။ 

အဆင့်မြင့်ကြယ်နယ်မြေတစ်ခြလုံးက ယဲ့ချိုးပိုင်နှင့် တခြားသူများ‌၏ ခြေရာများကို ရှာဖွေနေကြသည်။ 

စုန့်ရှောင် သတင်းကို ဟောင်တျန်းနတ်ဂိုဏ်းသို့ ပြန်ယူလာခဲ့သည်။ 

နတ်သခင်ဟောင်တျန်းမျက်မှောင်ကြုတ်သည်။ 

"ဗလာနတ္ထိပုံတူလား၊ ကြည့်ရတာ ကြီးကြပ်ရေးဗိမာန်မှာ ရည်မှန်းချက်ကြီးတစ်ခုရှိပုံပဲ"

"ဒါပေမယ့် ယဲ့ချိုးပိုင်တို့က ဗလာနတ္ထိပုံတူကို ရခဲ့တာဆိုတော့ ကြီးကြပ်ရေးဗိမာန်က ဒါကို အလွတ်မပေးလောက်ဘူး"

မဟာအကြီးအကဲခေါင်းညိတ်သည်။ 

"နတ်သခင်၊ ကျွန်တော်တို့ တခြားဂိုဏ်းတွေကို ဒီအကြောင်းကိုပြောသင့်လား၊ ဒီနည်းနဲ့ သူတို့ကို အာရုံလွှဲနိုင်တာပဲလေ"

ကြီးကြပ်ရေးဗိမာန်က သူတို့၏အစွယ်များကို ပြသခဲ့လေရာ ဒါက တခြားဂိုဏ်းများအား ကြောက်ရွှံ့စေလိမ့်မည်။ ဒါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်သည်။ 

နတ်သခင်ဟောင်တျန်း တစ်ခဏမျှ စဉ်းစားပြီးနောက်ပြောသည်။ 

"ဒီလိုလုပ်ကြရအောင်၊ ဒါပေမယ့် ငါတို့ဖုံးကွယ်ထားဖို့လိုတယ်၊ ငါတို့ တခြားအင်အားစုတွေကို အထူးသဖြင့် ကြီးကြပ်ရေးဗိမာန်ကို သတင်းဖြန့်တဲ့သူတွေက ငါတို့ဆိုတာကို သိခွင့်ပေးလို့မရဘူး"

"မဟုတ်ဘူးဆိုရင် တစ်ဘက်လူက ငါတို့က ယဲ့ချိုးပိုင်တို့နဲ့ ခွဲမရအောင် ဆက်နွှယ်နေတယ်ဆိုတာ သေချာပေါက်သိသွားလိမ့်မယ်၊ ဒီလိုဆိုရင် တစ်ဘက်က ငါတို့လှုပ်ရှားမှုတွေကို အချိန်တိုင်းအာရုံစိုက်လာလိမ့်မယ်၊ ယဲ့ချိုးပိုင်တို့ကို တိတ်တဆိတ် ကာကွယ်ပေးတာက အကျိုးမရှိဘူး"

မဟာအကြီးအကဲခေါင်းညိတ်သည်။ 

"ကျွန်တော်နားလည်ပါပြီ"

"ကောင်းပြီ၊ နတ်ဆိုးဘုရင်ပိုင်နက်ကို အရင်လူနည်းနည်းလွှတ်လိုက်ပါ၊... မင်းအရင်သွားလို့ရပြီ"

....

နတ်ဆိုးဘုရင်ပိုင်နက်!

နတ်ဆိုးဘုရင်ပိုင်နက်ကို တစ်နှစ်ပတ်လုံးတိမ်မည်းများ ဖုံးထားသဖြင့် ဒီကြယ်ပိုင်နက်ကို အတိမှောင်မိုက်စေသည်။ 

အာကာသယဉ်တစ်စီး လေထုကိုထိုးဖောက်ကာ ရောက်လာစဉ် သိပ်သည်းသည့်နတ်ဆိုးချီက သူတို့ထံ လိမ့်၀င်လာသည်။ 

ပိန်ပါးသည့်လူက အသက်ပြင်းပြင်းရှုရင်း သူ့မျက်နှာက လွမ်းဆွတ်မှုများနှင့် ပြည့်နှက်နေသည်။ 

"ဘယ်လိုလဲ၊ ဒီမှာဘာတွေပြောင်းလဲသွားလဲ"

ထိုလူသက်ပြင်းချသည်။ 

"ပြောင်းလဲမှုက အတော်လေးကြီးမားတယ်၊ ကျွန်တော့်မှတ်ဉာဏ်ထဲက နတ်ဆိုးဘုရင်ပိုင်နက်နဲ့ လုံး၀မတူတော့ဘူး"

သူတို့က ယဲ့ချိုးပိုင်တို့ပေတည်း။ 

"ဒါဆိုအခုဘာလုပ်ကြမလဲ" ဖန်ချန်းမေးသည်။ 

"ကျွန်တော်တို့ သူတို့အသိုက်ကိုတော့ တိုက်ရိုက်ပြေး၀င်သွားလို့မရဘူးမလား"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။ 

"ငါနေရာတစ်ခုအရင်ရှာရမယ်"

ထိုနေရာက သူ့မှတ်ဉာဏ်ထဲက သူ့ညီမလေးကို ထောင်ချထားသည့်နေရာပေတည်း။ 

"အဲဒီနေရာကို အထက်အဆင့်ပုဂ္ဂိုလ်တွေပဲ သိကြမယ်ထင်တယ်၊ ဒါကိုကျွန်တော့်အတွက် ထားခဲ့ပါ" ရှောင်ဟိုင် စာရွက်စာတမ်းများကို ကြည့်လိုက်၏။ 

"အစ်ကိုအစ်မတို့မှာ နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ သွေးကြောမရှိဘူး၊ နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အဆင့်မြင့်နေရာတွေကို ၀င်ချင်ရင် သွေးကြောရှိဖို့လိုတယ်၊ ဒီတော့ ပင်မမြို့နောက်က မြို့မှာ ကျွန်တော့်သတင်းတွေကို စောင့်နေကြပါ"

"နင်ဘာသွားလုပ်မလို့လဲ" ဟုန်ရင် ရှောင်ဟိုင်ကို စိုက်ကြည့်သည်။ 

ရှောင်ဟိုက် စာရွက်စာတမ်းများကို သိမ်းဆည်းပြီး အထဲက အချက်အလက်အားလုံးကို မှတ်သားလိုက်၏။ ထို့နောက် မြောက်ဘက်သို့ ကြည့်လိုက်သည်။ 

ထိုနေရာ၌ ကောင်းကင်ထိ ထိုးထွက်နေသည့် ရဲတိုက်နက်တစ်လုံးရှိသည်။ 

ရှောင်ဟိုင်၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး တည်ငြိမ်စွာပြောသည်။ 

"ကျွန်တော် အဆင့်မြင့်နေရာတွေကို ၀င်ဖို့အတွက် နည်းလမ်းတစ်ခုကိုစဉ်းစားနေတာ၊ တိုက်ဆိုင်စွာပဲ နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်က နတ်ဆိုးသခင်ရဲ့ တိုက်ရိုက်စစ်တပ်ဖြစ်နေတယ်၊ ကျွန်တော် နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်ထဲကို ၀င်နေသရွေ့ အဲဒီနေရာကို ချဉ်းကပ်နိုင်မယ်လို့ ယုံကြည်တယ်....."

အပိုင်း(1181) coming။ 

All Chapters