#နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်လေ့ကျင့်ရေးစခန်း#
Vol. 84 Ch. 1181
"မင်းတို့ကြားပြီးကြပြီလား၊ နတ်ဆိုးသခင်ကလည်း အခုသေမိန့်ပေးထားပြီတဲ့၊ နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်း သတ်မိန့်ထဲက လူတွေကို အတတ်နိုင်ဆုံး ကြိုးစားရှာဖွေရမယ်"
"ဟီးဟီး၊ အဲဒီလူတွေအတွက်ကြောင့်မဟုတ်ဘူး၊ ရှောင်ဟိုင်လို့ခေါ်တဲ့ လူအတွက်ကြောင့်ပဲ"
"အဲဒီလူက ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အရင်နတ်ဆိုးသခင်ပဲ......"
"ဟေး၊ စကားလုံးတွေကိုသတိထား၊ မင်းသေချင်နေတာလား"
"ဒီအကြောင်းအရာကို ထပ်မပြောနဲ့၊ တျန်ကျိရဲ့ခြေဖဝါးအောက်မှာ မျက်လုံးတွေနားတွေ နေရာတိုင်းမှာရှိတယ်၊ မင်းသေချင်တယ်ဆိုရင်လည်း ငါတို့ကို မင်းနဲ့အတူ မဆွဲချနဲ့"
"စကားမစပ် နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်လေ့ကျင့်ရေးစခန်းက လူတွေ စုဆောင်းနေတာမလား၊ ငါတို့သွားကြိုးစားကြည့်ကြရအောင်လေ"
"မေ့လိုက်တော့၊ ငါတို့သွေးကြောစင်ကြယ်မှုနဲ့ နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်ကို ၀င်ချင်သေးတာလား၊ ငါတို့က လေ့ကျင့်ရေးစခန်းအတွက်တောင် မထိုက်တန်ဘူး"
နတ်ဆိုးဘုရင်ပိုင်နက်၏ ပင်မမြို့ဖြစ်သည့် ငရဲသရဖူမြို့တွင် လူသွယ်လေးတစ်ယောက် စားသောက်ဆိုင်ထဲကနေ ဖြည်းဖြည်းချင်းထွက်လာသည်။ သူလူအုပ်ထဲသို့ ၀င်သွားပြီးနောက် နေရာတစ်နေရာသို့ တဖြည်းဖြည်းလျှောက်သွားသည်။
နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်ကို တိုက်ရိုက်၀င်၍မရပေ။
သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကသာ လေ့ကျင့်ရေးစခန်းကို၀င်နိုင်ပြီး လေ့ကျင့်ရေးစခန်း၏ စမ်းသပ်မှုမျိုးစုံနှင့် စစ်ဆေးမှုများကို အောင်မြင်နိုင်သည်။ အဆုံးတွင် လေ့ကျင့်ရေးစခန်းရှိ ရာချီသောလူများထဲမှ သုံးယောက်ကသာ နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်တွင် ပါ၀င်ရန်အတွက် ရွေးချယ်ခံရသည်။
သူတို့ နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်တွင် ပါ၀င်နိုင်သရွေ့ သူတို့မိသားစုတစ်ခုလုံးက နတ်ဆိုးဘုရင်ပိုင်နက်၏ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ဖြစ်လာကြပေလိမ့်မည်။ ဒါက သူတို့၏ကံကြမ္မာကို ပြောင်းလဲရန်အတွက် အခွင့်အလမ်းတစ်ခုပေတည်း။ ပါရမီရှိသောသူများက ဒီအခွင့်အရေးကို လက်မလွှတ်ကြပေ။
ထောင်ချီသောလူများ၏နောက်မှ ရှောင်ဟိုင် ခန်းမတစ်ခုရှေ့တွင် ရောက်လာသည်။
ခန်းမရှေ့က လူများနှင့်ပြည့်နှက်နေလေပြီ။
ရှောင်ဟိုင်အလှည့်ရောက်လာသောအခါ အနက်ရောင်ချပ်၀တ် ၀တ်ဆင်ထားသည့် အမူအရာကင်းမဲ့နေသော လူတစ်ယောက်က မော့မကြည့်ဘဲပြောသည်။
"မင်းလက်ကို ရှေ့ကကျောက်တုံးပေါ်တင်လိုက်"
ရှောင်ဟိုင်သူပြောသည့်အတိုင်းလုပ်သည်။
သူ့လက်ကိုကျောက်တုံးပေါ် တင်လိုက်သောအခါ တောက်ပသည့် သွေးအလင်းတစ်ခု ပွင့်လန်းလာသည်။
အနီးအနားကလူများမှာ မျက်လုံးများကိုပင် ဖုံးထားလိုက်ရသည်။
ကျန်သောသူများမှာ ပို၍ပင်ထိတ်လန့်သွားကြ၏။
"ဒီ....ဒီသွေးကြောက ဘယ်လောက်တောင် သိပ်သည်းတာလဲ၊ နှစ်တစ်ရာအတွင်း ဒီလောက်သိပ်သည်းတဲ့ သွေးကြောနဲ့ သူတစ်ယောက်မှ မပေါ်လာသေးဘူးမလား"
"သူက နတ်ဆိုးဘုရင်ပိုင်နက်က အထက်အဆင့်ပုဂ္ဂိုလ်တွေရဲ့ သားစဉ်မြေးဆက်တစ်ယောက်များလား၊ သူ့မှာသာ ဆက်ခံထားတဲ့သွေးကြောမရှိဘူးဆိုရင် ဒီအဆင့်ကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ"
အနက်ရောင်ချပ်၀တ်နှင့်လူပင်လျှင် ရုတ်တရက်မော့လာပြီး ရှောင်ဟိုင်ကို စိုက်ကြည့်သည်။
မှန်ပေသည်။ ဒီကျောက်တုံးက နတ်ဆိုးဘုရင်သွေးကြော၏ သိပ်သည်းမှုအကြောင်း စမ်းသပ်ရန်အတွက် အသုံးပြုခြင်းပင်။
သွေးကြောအဆင့်ပိုမြင့်လေလေ၊ သိပ်သည်းမှုပိုမြင့်လေလေဖြစ်ပြီး ထုတ်လွှတ်သည့်သွေးအလင်းက ပိုတောက်ပလေလေဖြစ်သည်။
ရှောင်ဟိုင် သူ့သွေးကြောကို မိုဂျီသူ့ရှေ့တွင် ယခုလေးတင်ပေါ်လာသည့်အလား ဖိနှိပ်ထားလေသည်။
"မင်းဘယ်သူလဲ" ချပ်၀တ်လူမေးသည်။
ရှောင်ဟိုင်တည်ငြိမ်စွာပင်ပြောသည်။
"ဟိုင်မု"
ဟိုင်မု!
နတ်ဆိုးဘုရင်ပိုင်နက်က အထက်အဆင့်ပုဂ္ဂိုလ်တွေကြားမှာ ဟိုင်ဆိုတဲ့မိသားစုနာမည်နှင့် တစ်ယောက်ယောက်ရှိလို့လား!
ချပ်၀တ်လူအချိန်အတော်ကြာ တွေးတောနေသော်လည်း ဘာတစ်ခုမှမစဉ်းစားနိုင်ပေ။
ရှောင်ဟိုင်မေးသည်။
"ကျွန်တော်အောင်ပြီလား"
"အာ၊ အင်း...အင်း" ချပ်၀တ်လူတုံ့ပြန်လာပြီး ရှောင်ဟိုင်ကို ပိုလေးစားစွာကြည့်ပြီး အလျင်အမြန်ပြောသည်။
"မင်းအခု၀င်လို့ရပါပြီ"
ရှောင်ဟိုင်ခေါင်းညိတ်ရင်း ထိတ်လန့်နေသည့် အကြည့်များအောက်ကနေ ခန်းမဆီသို့ ဖြတ်သန်းသွား၏။
သူမခန်းမထဲကိုရောက်လာသောအခါ အထဲက လူအရေအတွက်က အပြင်က လူထောင်ချီထက် သိသိသာသာပင်အများကြီးလျော့နည်းသွားသည်။
ဒီထဲတွင် လူဒါဇင်အနည်းငယ်သာရှိသည်။
သို့စေကာမူ လူတိုင်းက ရှောင်ဟိုင်ကို လျစ်လျုရှုရင်း ရှေ့သို့ လေးနက်သည့် အမူအရာဖြင့် ကြည့်နေကြ၏။
ထိုနေရာ၌ လူနှစ်ယောက်တိုက်ခိုက်နေကြသည်။ သူတို့၏အော်ရာများက အတော်လေးအားကောင်းသော်လည်း ရှောင်ဟိုင်၏ အာရုံစိုက်မှုနှင့် မထိုက်တန်သေးပါ။
များမကြာမီ တိုက်ပွဲပြီးသွားသည်။ အရပ်ရှည်ကာခွန်အားကြီးသောသူက အော်ဟစ်သည်။
"ကောင်းပြီ၊ ချူမင်ရှန်း၊ မင်းအခု လေ့ကျင့်ရေးစခန်းရဲ့ အဖွဲ့၀င်တစ်ယောက်ဖြစ်ပြီ"
ချူမင်ရှမ်းဟုခေါ်သော သူက အတော်လေးပျော်သွားသည်။ သူထိုလူအား အလျင်အမြန်ဦးညွတ်ရင်း သူ့နောက်သို့လျှောက်သွားသည်။
ထိုနေရာ၌ ရပ်နေသောသူအနည်းငယ်ရှိသည်။ သူတို့က တိုက်ပွဲကအနိုင်ရပြီး လေ့ကျင့်ရေးစခန်းထဲကို ၀င်နိုင်ခဲ့ကြသောသူများဆိုတာ ရှင်းနေသည်။
"နောက်ဘယ်သူလာမလဲ၊ အချိန်ဆွဲနေတာကိုရပ်ပြီး မြန်မြန်လှုပ်ရှားကြ"
ရုတ်တရက်ရှောင်ဟိုင်၏ပုံရိပ်က နေရာလွတ်ထဲတွင် ပေါ်လာသည်။
လူတိုင်းအံ့ဩသင့်သွားကြ၏။
မြန်လိုက်တာ!
သို့စေကာမူ ယင်းနောက်တွင် တစ်ယောက်ယောက် ရှောင်ဟိုင်၏ ဆန့်ကျင်ဘက်သို့ လာခဲ့သည်။
"ဒီလိုပိန်သွယ်အားနည်းတဲ့ခန္ဓာနဲ့ မင်းသွေးကြောစမ်းသပ်မှုကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ ငါတကယ်မသိဘူး" လူသန်ကြီးက လှောင်ပြောင်သည့်အသွင် ပြုံးသည်။
"မင်းရုပ်ခန္ဓာနဲ့ဆိုရင် ငါ့ကိုတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘာလို့ အမြန်ဆုံး အိမ်မပြန်သွားသေးတာလဲ"
ရှောင်ဟိုင်ဘာတစ်ခုမှမပြောပေ။
တစ်ဘက်လူက သူ့ကိုလျစ်လျူရှုနေတာကို မြင်ရသောအခါ လူသန်ကြီး၏ အမူအရာက ကြည့်ရဆိုးသွားသည်။
သူဘေးက လူရှည်ကြီးကိုမေးလိုက်၏။
"စီနီယာ၊ ကျွန်တော်တို့စလို့ရပြီလား"
ထိုလူကရှောင်ဟိုင်ကို ကြည့်လိုက်စဉ် ခေါင်းညိတ်ကြသဖြင့် ပြောလိုက်သည်။
"စလိုက်ကြရအောင်'
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လူသန်ကြီးပြုံးရင်း ကိုယ်ဟန်တစ်ခုယူကာ ရှောင်ဟိုင်ကို ထိုးနှက်ပစ်ချင်သည်။
"တစ်ချက်တည်းနဲ့ မင်းသေ.......!
သို့စေကာမူ သူစကားပြော၍မပြီးနိုင်သေးခင်မှာပင် ရှောင်ဟိုင်၏ပုံရိပ်က ရှိနေသော နေရာကနေ ပျောက်ကွယ်သွားလေပြီ။
လူတိုင်းလှမ်းကြည့်လိုက်သောအချိန်တွင် ရှောင်ဟိုင် လူသန်ကြီးကို ရင်ဘတ်အား လက်သီးထိုးလိုက်ပြီဖြစ်သည်။
လူသန်ကြီး၏ရင်ဘတ်က ချိုင့်သွားပြီး ပါးစပ်ကသွေးများ အလိုမတူဘဲ စီးကျလာသည်။ သူရှောင်ဟိုင်ကို အထိတ်တလန့်ကြည့်ရင်း ထစ်ငေါ့စွာပြောလိုက်၏။
"ဒါ....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထို့နောက် သူနောက်ကျကျသွားလေတော့သည်။
ဘန်း.....!
ကျသွားသည့်အသံနှင့်အတူ လူအုပ်စုကလည်း အံ့ဩသင့်သွားကြ၏။
"ဒီလူကအရမ်းမမြန်လွန်ဘူးလား၊ ငါ့မျက်လုံးတွေတောင် သူ့နောက်က မလိုက်နိုင်ဘူး"
"ငါအရိပ်တစ်ခုတောင် မတွေ့လိုက်ရဘူး၊ ဒါ့အပြင် သူ့ကိုယ်ခွန်အားကလည်း အရမ်းအစွမ်းထက်တယ်၊ သူတို့နယ်ပယ်တွေက အဆင့်တူမဟုတ်လောက်ဘူးထင်တယ်"
"ရွေးချယ်စရာမရှိဘူးလေ၊ လေ့ကျင့်ရေးစခန်းရဲ့ အကဲဖြတ်ချက်ကဒီလိုပဲ၊ ပြိုင်ဘက်ကို ရွေးချယ်ဖို့ဆိုတာက ကိုယ့်အပေါ် မူတည်တာပဲလေ၊ သူ့မှာ ဒီလိုကြိုတင်ခန့်မှန်းချက်မျိုးမရှိခဲ့တော့ ဒီလို ကြမ်းတမ်းတဲ့ ပြိုင်ဘက်ကို ရွေးချယ်မိတဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ပါဘူး"
"ဒီလိုပိန်သွယ်ပြီး မျောက်တစ်ကောင်လို ကိုယ်ခွန်အားရှိတဲ့သူရဲ့ ခွန်အားနဲ့အရှိန်က ဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ ဘယ်သူတွေးထင်မိမှာလဲ"
တခြားတစ်ဘက်တွင် လူရှည်ကြီး၏ မျက်လုံးများကလည်း လင်း၀င်းသွားပြီး ကျေနပ်စွာခေါင်းညိတ်သည်။
"အရမ်းကောင်းတယ်၊ နောက်ဆုံးတော့ မျိုးစေ့ကောင်းတစ်ခုရှိလာပြီ၊ ဟိုင်မု၊ မင်းအခုလာလို့ရပြီ"
ရှောင်ဟိုင် ခေါင်းညိတ်ပြီး လူရှည်ကြီးနောက်သို့လျှောက်သွားသည်။
သူနောက်သို့ရောက်သောအခါ ချူမင်ဘေးကနေ ပြောလိုက်သည်။
"ညီအစ်ကို၊ မင်းရဲ့နယ်ပယ်က နတ်ဗိုလ်ချုပ်နယ်ပယ်အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်ရမယ်၊ ဒီလိုခွန်အားမျိုးနဲ့ဆိုရင် မင်းလေ့ကျင့်ရေးစခန်းမှာ ထိပ်တန်းဆယ်ယောက်ထဲ၀င်နိုင်တယ်၊ အဲဒီအချိန်ကျရင် မင်းမှာထိပ်ဆုံးသုံးနေရာကို ရောက်ဖို့ အခွင့်အရေးတစ်ခုရှိလာနိုင်ပြီး နတ်ဆိုးဘုရင့်အင်ပါယာအစောင့်တပ်ထဲမှာ ၀င်နိုင်တယ်"
ရှောင်ဟိုင် ချူမင်ကို စိုက်ကြည့်လိုက်စဉ် သူ့ခန္ဓာက ဘယ်နယ်ပယ်လဲဆိုတာ တစ်ချက်တည်းနှင့်ပြောနိုင်သည်။
မှန်ပေသည်။ နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်ပေတည်း။
ရှောင်ဟိုင်သူ့ကို လျစ်လျူရှုထားတာကို မြင်ရသောအခါ ချူမင်ရှက်သည့်အသွင်၊ ဒေါသထွက်သည့်အသွင်မခံစားရဘဲ ဘေးကနေ မရပ်မနားစကားပြောနေသည်။
လေ့ကျင့်ရေးစခန်း၏ ရွေးချယ်မှုအဆုံးသတ်သွားသည့်အချိန်အထိ သူစကားပြောတာက မရပ်သေး။ လူရှည်ကြီးစကားပြောလာသောအခါမှသာ ပါးစပ်ပိတ်သွားသည်။
"ငါက လေ့ကျင့်ရေးစခန်းရဲ့ မန်နေဂျာမိုထင်းပဲ" မိုထင်း လေ့ကျင့်ရေးစခန်းသို့ ၀င်မည့်သူများအကြားတွင်ရပ်ပြီး ကျယ်လောင်စွာပြောသည်။
"မင်းတို့အားလုံးက နတ်ဆိုးဘုရင့်အင်ပါယာအစောင့်ဆိုတဲ့ ပန်းတိုင်တစ်ခုအတွက် ဒီကိုရောက်နေကြတယ်ဆိုတာ ငါသိပ်တယ်"
"ဒီတော့ မင်းတို့လေ့ကျင့်ရေးစခန်းရဲ့ အချိန်ကန့်သတ်ချက်ကလည်း တစ်လဆိုတာကို သိရမယ်၊ ဒီတစ်လအတွင်း လေ့ကျင့်ရေးစခန်းမှာ အထူးတာ၀န်တွေ အများကြီးရှိတယ်၊ မင်းတို့လုပ်ဖို့လိုတာက ဒီလမှာ အကောင်းဆုံးကြိုးစားဖို့ပဲ"
"မင်းတို့မှာအလားအလာနဲ့ ခွန်အားရှိတာကို ငါမြင်နိုင်သရွေ့ နောက်ဆုံးအကဲဖြတ်မှုတစ်ခုလုပ်ခွင့်ပေးမယ်"
တစ်နည်းအားဖြင့် တစ်လတာကာလအတွင်း မည်သူမဆို ကောင်းကောင်းလုပ်နိုင်သရွေ့ ရွေးချယ်ခံရမည်ဖြစ်သည်။
ဒါကသုံးရက်၊ သို့မဟုတ် တစ်ရက်မျှသာ ကြာလျှင်ပင် ဖြစ်နိုင်သည်။
အပိုင်း(1182) coming။