#သွေးအိုင်မီးလျှံ၊ နောက်ဆုံးစမ်းသပ်မှု#
Vol. 84 Ch. 1182
"ဟူး၊ အစ်ကိုဟိုင်မု၊ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်အဖွဲ့၀င်အဖြစ် ရွေးချယ်ခဲ့ရတဲ့ အမြန်ဆုံးသူကိုသိလား"
ရှောင်ဟိုင် ဘုတ်ပြားပေါ်က တာ၀န်များကို ကြည့်ရင်း သူ့ကိုလျစ်လျူရှုထားသည်။
ချူမင်မသက်မသာဖြစ်သလို မခံစားရဘဲ ပြန်ပြောလေသည်။
"အမြန်ဆုံးက သုံးရက်လေ၊ သူ့ကိုသုံးရက်အတွင်း ရွေးခဲ့တယ်၊ ဒါ့အပြင်အဲဒီလူက နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ရဲ့ ဂျူနီယာတပ်မှူးတစ်ယောက်ဖြစ်လာခဲ့တယ်"
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကို ဂျူနီယာတပ်မှူးကိုးဦးနှင့် တပ်မှူးနှစ်ဦးအဖြစ် ပိုင်းခြားထားသည်။
ဂျူနီယာတပ်မှူးဆိုလျှင်ပင် နတ်ဆိုးဘုရင်ပိုင်နက်၏ မဏ္ဍိုင်တစ်ခုဖြစ်နေလေပြီ။
"မင်းတာ၀န်တွေကိုကြည့်နေတာလား၊ ငါတို့အတူတူယူကြမလား"
"ဟမ်း၊ ဒီတာ၀န်ကမဆိုးဘူးဘဲ၊ နတ်ဘုရင်နယ်ပယ်တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လိုက်ဖမ်းတာလား၊ ဒီတာ၀န်နဲ့ ငါတို့ရဲ့တန်ဖိုးကို ဖြည်းဖြည်းချင်းပြလို့ရတယ်၊ ငါတို့ခွန်အားနဲ့ ဒါကိုသေချာပေါက် မြန်မြန်ပြီးမြောက်နိုင်တယ်"
"ဒီတာ၀န်က မလုံလောက်သေးဘူးလား၊ ဒါဆိုဒါကိုကြည့်ပါဦး"
ရှောင်ဟိုင်နောက်ဆုံးတော့ သည်းခံနိုင်စွမ်းမရှိတော့။ သူချူမင်ကို ဆွံအစွာကြည့်လိုက်၏။
"မင်းဘာလို့ဒီလောက်စကားများရတာလဲ"
"အာ" ချူမင်သူ့ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည်။
"အရမ်းများလို့လား၊ ငါတော့အဲလိုမထင်ဘူး၊ ပြောရရင် ငါက တိတ်ဆိတ်နေတတ်သူတစ်ယောက်ပါ"
ရှောင်ဟိုင် ချူမင်ကိုစိုက်ကြည့်သည်။
"မင်းမှာ တိတ်ဆိတ်နေတတ်တာနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာများ ရှိလား"
ချူမင်ခေါင်းကုတ်ကာ ရယ်မောသည်။
"ငါမင်းကိုပြောပါရစေ အစ်ကိုဟိုင်မု၊ တကယ်တော့ ငါက ငယ်ငယ်ကတည်းက စကားပြောရတာ မကြိုက်ဘူး"
ရှောင်ဟိုင် "......"
"ဒီတော့ အစ်ကိုဟိုင်မု၊ မင်းဘယ်တာ၀န်ကို လက်ခံချင်လဲ"
ရှောင်ဟိုင် ကြော်ငြာဘုတ်ပြားကို ကြည့်လိုက်၏။
သူ့တွင်အချိန်အများကြီးမရှိသဖြင့် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဂရုတစိုက်တွက်ချက်ရန် လိုအပ်သည်။ သူတတ်နိုင်သမျှ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ အာရုံကို အမြန်ဆုံးရရန် လိုအပါပြီး နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်တွင် အောင်မြင်စွာပါ၀င်ရန် လိုအပ်သည်။
သူ့တွင် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၏ ကိုယ်ပိုင်လက္ခဏာရှိနေသရွေ့ အနာဂတ်တွင် တခြားအရာများကို လုပ်နိုင်သည်။
သို့စေကာမူ ချူမင်ပြောသည့် အထူးတာ၀န်တွေထဲက တစ်ခုမှ မလုံလောက်ပါ။
ဒီတာ၀န်များက အခြေခံအားဖြင့် အများစုပါ၀င်ကြသည့်တာ၀န်များသာဖြစ်ပြီး မိုထင်းရှေ့တွင် တိုက်ရိုက်ပြသ၍မရနိုင်ပေ။
အရမ်းကောင်းပုံမပေါ်သော်လည်း အင်မတန်မှန်ကန်သည့် စာသားတစ်ကြောင်းရှိသည်။
သူတစ်ခုခုလုပ်နေတာကို သူများကိုမြင်အောင် ပြသရန်လိုအပ်သည်။
သူသာ တိတ်တဆိတ်ကြိုးစားလုပ်ကိုင်ပါက သူ့ကိုယ်သူထိတွေ့နိုင်မည့် အလားအလာကသာပိုမြင့်သည်။ သူ့စုဆောင်းမှုများ ရှိလာမည့်နေ့တစ်နေ့ ရှိလာနိုင်သော်လည်း ထိုနေ့က အထူးသဖြင့် တဖြည်းဖြည်းသာ လာပေလိမ့်မည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကြော်ငြာဘုတ်ကနေ တာ၀န်တစ်ခုကို ဖြုတ်ယူလိုက်၏။
ချူမင်သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်စဉ် သူ့အမူအရာကပြောင်းလဲသွားသည်။
"အစ်ကိုဟိုင်မု၊ မင်းဒီတာ၀န်ကို လက်ခံလို့ မရနိုင်ဘူး"
ချူမင် ရှောင်ဟိုင်ဘာကြောင့်လဲလို့ မေးတာကိုပင် စောင့်မနေဘဲ ရှင်းပြသည်။
"ဒီတာ၀န်က အရမ်းခက်ခဲတယ်၊ ပြီးတော့ ဒါကို....."
ဒီနေရာတွင် ချူမင်နှစ်ဦးတည်းသာ ကြားနိုင်သောအသံဖြင့် တိုးညင်းစွာပြောသည်။
"ဒါကအရင်နတ်ဆိုးသခင်တည်ဆောက်ခဲ့တာလေ၊ သွေးအိုင်မီးလျှံကို ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ဘူး"
သွေးအိုင်မီးလျှံက ရှောင်ဟိုင် နတ်ဆိုးသခင်ဖြစ်တုန်းက ချမှတ်ထားခဲ့သည့် စမ်းသပ်မှုတစ်ခုပင်။
မီးအဆိပ်ပမာဏအများအပြားကို သွေးအိုင်ထဲသို့ ပစ်ချခဲ့သည်။ ကိုယ်ခန္ဓာစွမ်းအားနှင့် ဒါကို ဖယ်ရှားနိုင်သရွေ့ ခြွင်းချက်တစ်ခု လုပ်နိုင်မည်ဖြစ်ကာ နတ်ဆိုးဘုရင်ပိုင်နက်၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ဒါက ရှောင်ဟိုင် သေမျိုးကမ္ဘာကနေ ပါရမီရှင်များကို ရှာဖွေသည့်နည်းလမ်းပေတည်း။
ကံဆိုးစွာပင် ခက်ခဲမှုကအတော်လေးမြင့်သည်။ ယနေ့ထိတိုင် မည်သည့်လူငယ်ကျင့်ကြံသူမှ ဒါကို ပြီးမြောက်အောင် မလုပ်နိုင်သေးပါ။
မျှော်လင့်မထားစွာပင် ဒီသွေးအိုင်မီးလျှံက နတ်ဆိုးဘုရင်အင်ပါယာအစောင့်များအတွက် စမ်းသပ်မှုတစ်ခုဖြစ်လာခဲ့သည်။
ရှောင်ဟိုင် ဒီတာ၀န်နှင့်အတူ မိုထင်းတဲဆီသို့ လျှောက်သွားတာကိုမြင်သောအခါ ချူမင်ကြက်သေသေသွားပြီးနောက် အလျင်အမြန်လိုက်သွားသည်။
သူအဆောင်စာရွက်ကို မိုထင်းအား ပေးလိုက်သည်နှင့် မိုထင်းကလည်းသူ့ကို အံ့ဩသင့်တကြီး ကြည့်လာပြီးနောက်ပြုံးသည်။
"လူငယ်တွေက သူတို့ဝါးနိုင်တာထက် ပိုမကိုက်သင့်ဘူး၊ မင်းဒီတာ၀န်အကြောင်းကို သိတယ်မလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒါဆို ဒီတာ၀န်ကိုပြီးမြောက်ဖို့အတွက် မင်းမှာယုံကြည်မှုရှိလား၊ သွေးအိုင်မီးလျှံထဲ ၀င်သွားတာနဲ့ မင်းမီးအဆိပ်ကို အောင်မြင်စွာ မဖယ်ရှားနိုင်ဘူးဆိုရင် သေဖို့အခွင့်အလမ်း ၉၀ရာခိုင်နှုန်းရှိတယ်"
ရှောင်ဟိုင်ပြောသည်။
"ကျန်တဲ့၁၀ရာခိုင်နှုန်းကို ကျွန်တော်ပိုင်ဆိုင်တယ်လေ"
မိုထင်းတစ်ခဏကြာ ကြက်သေသေနေပြီးနောက် ကျယ်လောင်စွာရယ်မောသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ မင်းကရဲရင့်ပြီး သတ္တိရှိသားပဲ၊ ဒါမှ ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ ကျင့်ကြံသူလေ"
"ဒီနှစ်တွေအတွင်း လယ်သူမှ ဒီတာ၀န်ကို ကြော်ငြာဘုတ်ကနေ မဖြုတ်ယူရဲကြဘူး၊ မင်းရဲ့သတ္တိနဲ့ မင်းမသေစေရဘူးဆိုတာ ငါအာမခံတယ်"
ရှောင်ဟိုင်ပြုံးသည်။
ဒါကတကယ်မလိုအပ်ပါ။
တစ်ယောက်ယောက် သွေးအိုင်မီးလျှံအထူးတာ၀န်ကို ဖြုတ်ယူလိုက်သည့်သတင်းက လေ့ကျင့်ရေးစခန်းတစ်ခုလုံးအတွင်း လျင်မြန်စွာပျံ့သွားသည်။ တာ၀န်များကို ဆောင်ရွက်ရန်အတွက် သွားခဲ့ကြသောသူများမှလွဲ၍ လူတိုင်းက ကြည့်ရှုရန်အတွက် သွေးအိုင်မီးလျှံကို လာကြသည်။
စေးကပ်သည့်သွေးအိုင်ထဲတွင် မီးနက်အဆိပ်လုံးများ မျောလွင့်နေကြ၏။
အနီးတွင် အသက်ရှူရုံမျှနှင့် သူတို့ကိုယ်ထဲ ကျူးကျော်လာသည့် မီးအဆိပ်ကို လူတိုင်းခံစားကြရသည်။
ဒါကအင်မတန်လွှမ်းမိုးနိုင်စွမ်းရှိသည်။
ထို့ကြောင့် လေ့ကျင့်ရေးစခန်းကလူများ အနီးကပ်မသွားရဲကြပေ။
ချူမင် ရှောင်ဟိုင်ဘေးတွင် ရပ်ကာ စကားပြောနေသည်။
"အစ်ကိုဟိုင်မု၊ ဒါကိုမေ့လိုက်ကြရအောင်၊ ဒီလောက်ထိ ကြိုးစားနေစရာမလိုပါဘူး၊ တခြားတာ၀န်တွေနဲ့လည်း မင်းခွန်အားကို ပြသလို့ရပါတယ်"
ရှောင်ဟိုင်မဖြေပေ။ လူတိုင်း၏ အကြည့်အောက်တွင် သူသွေးအိုင်ထဲသို့ ခုန်ဆင်းသွားသည်။
ရုတ်ချည်းဆိုသလို မီးအဆိပ်ပမာဏအများမပြားက ရှောင်ဟိုင်တစ်ကိုယ်လုံးပေါ်သို့ တွားတွားတက်လာကြစဉ် သူ့အ၀တ်အစားများက ချက်ချင်းလောင်ကျွမ်းသွားကြ၏။
လူတိုင်းထိတ်လန့်သွားသည်။
သွေးအိုင်မီးလျှံထဲကို ဘာပြင်ဆင်မှုမှမပါဘဲ ၀င်တာလား!
ဒီလူက ဦးနှောက်မရှိတာလား၊ ဒါမှမဟုတ် ယုံကြည်မှုရှိနေတာလား!
သို့စေကာမူ ဒီမီးအဆိပ်များက အစ်မဟွမ်ချင်း၏ နတ်ဖီးနစ်မီးတောက်ထက် ဘယ်လိုလုပ် အစွမ်းထက်နိုင်မည်နည်း။
နတ်ဖီးနစ်မီးတောက်ဖြင့် သန့်စင်ခြင်းကို ခံရပြီးနောက် ရှောင်ဟိုင်၏ခန္ဓာက တခြားမီးတောက်များကိုလည်း ခုခံနိုင်စွမ်းရှိလာပုံရသည်။
မီးအဆိပ်က သူ့ကိုယ်ထဲသို့ အရူးအမူး ကျူးကျော်သွားပင်လျှင် ရှောင်ဟိုင်ကိုယ်ထဲက သွေးကြောကြောင့် ဖိနှိပ်ခံရမည်သာ။
အမွေးတိုင်တစ်တိုင်စာခန့်အချိန် ကုန်ဆုံးသွားခဲ့သည်။
သွေးအိုင်ထဲက မီးအဆိပ်က ရှောင်ဟိုင်ကိုယ်ထဲ အဆက်မပြတ်ကျူးကျော်နေတာကို လူတိုင်းမြင်ရပြီး မီးအဆိပ်က ဖြည်းဖြည်းချင်းလျော့ကျလာသည်။
သို့စေကာမူ ရှောင်ဟိုင်၏ အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိ။ သူ့ခန္ဓာကပင် လုံး၀ထိခိုက်ခြင်းမရှိပါ။
ထိုစဉ်သူ့အမူအရာက ပြောင်းလဲသွား၏။
လူတိုင်း၏ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ရှောင်ဟိုင်ရက်တစ်၀က်အတွင်း မီးအဆိပ်အားလုံးကို စုပ်ယူပစ်သည်။
လူတိုင်း၏ပါးစပ်က ထိတ်လန့်မှုကြောင့် ပြူးကျယ်စွာ ပွင့်ဟနေသည်။
ချူမင်ကဲ့သို့ တိတ်ဆိတ်နေတတ်သောလူတစ်ယောက်ပင်လျှင် တစ်ခဏအကြာ စကားမပြောနိုင်လောက်သည်အထိ ထိတ်လန့်သွားခဲ့သည်။
ထိုစဉ် ရှောင်ဟိုင် ကြည်လင်သည့်သွေးအိုင်ကနေ ထွက်လာသောအခါ မိုထင်း အံ့ဩတကြီးရှေ့သို့ထွက်လာပြီး မေးသည်။
"မင်းဘယ်သူလဲ"
သတင်းအချက်အလက်မှတဆင့် ဟိုင်မု၏သွေးကြောက အတော်လေးထူးခြားသည်။
ဒီဖြစ်ရပ်အပြီးတွင် မိုထင်းမတွေးဘဲ မနေနိုင်တော့။
သူကဒီကို လာလေ့ကျင့်ပေးဖို့ ရောက်လာတဲ့ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တရားမ၀င်သားများလား!
"မင်းဘယ်လိုလုပ်လိုက်တာလဲ'
ရှောင်ဟိုင်အလွယ်တကူပင် ဆင်ခြေတစ်ခုပေးလိုက်သည်။
"ကျွန်တော့်သွေးကြောက မီးကို အထူးတလည်ခုခံနိုင်စွမ်းရှိတယ်"
မိုထင်းပဟေဠိဖြစ်နေသည့်တိုင် ဒါကို ယုံရန်အတွက်သာ ရွေးချယ်နိုင်ပေသည်။
မဟုတ်ပါက တခြားရှင်းလင်းချက်မရှိ။
"ကောင်းပြီ၊ မင်းပါရမီနဲ့ခွန်အားအရဆိုရင် တခြားတာ၀န်တွေကို ထိတွေ့ဖို့ မလိုတော့ပါဘူး" မိုထင်းပြုံးရင်း ရှောင်ဟိုင့်ပခုံးကို ပုတ်သည်။
"ဂုဏ်ယူပါတယ်၊ မင်းနောက်ဆုံးစမ်းသပ်မှုကို ရောက်သွားပါပြီ၊ မင်းဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သရွေ့ တရား၀င် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တစ်ယောက် ဖြစ်လာမယ်"
လူတိုင်းထိတ်လန့်သွားကြ၏။
ချူမင်ကပို၍ပင်အံ့ဩသင့်နေသည်။
"အစ်ကိုဟိုင်မု၊ အရမ်းကောင်းတယ်၊ မင်းစံချိန်ကို ချိုးဖျက်လိုက်တာပဲ၊ ရက်တစ်၀က်အတွင်းမှာ မင်းအရွေးခံလိုက်ရတယ်"
ရှောင်ဟိုင်မေးသည်။
"နောက်ဆုံးစမ်းသပ်မှုက ဘာလဲ"
"နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်က နတ်ဆိုးသခင်ရဲ့ တိုက်ရိုက်အမိန့်အောက်က စစ်တပ်ဆိုတော့ သူတို့ရဲ့သစ္စာခံမှုက သာလွန်နေဖို့လိုတယ်" မိုထင်းပြုံးသည်။
"မင်းရဲ့နောက်ဆုံးစမ်းသပ်မှုက ရိုးရှင်းပါတယ်၊ ဒါကငါ့ကို စိတ်ဝိဉာဉ်ရှာဖွေခွင့်ပေးဖို့နဲ့ မင်းရဲ့ဝိဉာဉ်တစွန်းတစကို ကမ်းလှမ်းပေးဖို့ပဲ"
"ဒါက နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်အပေါ် ရာနှုန်းပြည့်သစ္စာခံဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲ"
အပိုင်း(1183) coming။