#တပ်မှူးကိုးဦးက တစ်ယောက်ယောက်ကို လုယူကြခြင်း#
Vol. 84 Ch. 1183
စိတ်ဝိဉာဉ်ရှာဖွေပြီး ဝိဉာဉ်အမျှင်စတစ်ခုကို ယူဆောင်ခြင်း!
ဒါကသူ့အသက်ကို တစ်ဘက်လူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်နှင့်ညီမျှသည်။
သို့စေကာမူ ဒါကလည်း ရှောင်ဟိုင် အရင်က ချမှတ်ခဲ့သည့်စည်းမျဉ်းတစ်ခုဖြစ်သည်။
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကို နတ်ဆိုးသခင်ပိုင်ဆိုင်သဖြင့် သူတို့၏ သစ္စာစောင့်သိမှုက ရာနှုန်းပြည့်ရန် လိုအပ်သည်မဟုတ်ပေလော။
သို့စေကာမူ ၀င်ရန်အတွက် ဒီအခြေအနေရပ်များက အတော်လေးကြမ်းတမ်းသော်လည်း အပြန်ရလဒ်များက ယှဉ်၍မရလောက်အောင် ရက်ရောလှသည်။
ဒါကလည်း နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူများ ယခုလိုကြမ်းတမ်းသည့် အခြေအနေရပ်များတွင်ပင် ၀င်ရန်အတွက် တိုက်ခိုက်နေရသေးသည့် အကြောင်းရင်းဖြစ်သည်။
ရှောင်ဟိုင် ဒီစည်းမျဉ်းကို ကောင်းကောင်းသိသဖြင့် ဘယ်လိုလုပ်မပြင်ဆင်ထားဘဲ နေမည်နည်း။
သူခေါင်းညိတ်ရင်း တုံ့ဆိုင်းမနေဘဲ ပြောသည်။
"သေချာတာပေါ့၊ စကြရအောင်"
ရှောင်ဟိုင်၏အသွင်အပြင်အပေါ် မုထင်း အင်မတန်ကျေနပ်သွားသည်။ သူခေါင်းညိတ်ကာ နှင်တံတစ်ခုကို ထုတ်ယူလိုက်၏။
"စိတ်ဝိဉာဉ်ရှာဖွေရေးနှင်တံက စိတ်ဝိဉာဥ်ရှာဖွေခြင်းဖြစ်စဉ်အတွင်း မင်းဝိဉာဉ်ကို မထိခိုက်စေရဘူးဆိုတာ အာမခံနိုင်ပါတယ်"
ထို့နောက် လူတိုင်း၏ မနာလိုအားကျနေသည့် အကြည့်များအောက်တွင် မိုထင်း နှင်တံကိုလွှဲယမ်းရင်း ရှောင်ဟိုင်နဖူးသို့ ညွှန်ထားလိုက်သည်။
နှင်တံအထက်က သလင်းနက်က ချက်ချင်းဆိုသလို ဝိဉာဉ်စွမ်းအားအမျှင်စများကို ထုတ်လွှတ်ပြီး ရှောင်ဟိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်ကျူးကျော်သွား၏။
သို့စေကာမူ မိုထင်းစိတ်ထဲတွင် ပေါ်လာသည့်မြင်ကွင်းများက မှတ်ဉာဏ်အပိုင်းအစများမဟုတ်ဘဲ အစားထိုးထားသည့်အရာများပင်။
မုဖူရှန်း၏နည်းလမ်း၊ တစ်နည်းအားဖြင့် သူ့ဆရာ လုချန်ရှန်းက ကြိုတင်ပြင်ဆင်ထားသည်ဟု ဆို၍ရသည်။
ဝိဉာဉ်မတော်တဆရှာဖွေခံရခြင်းကနေ ကာကွယ်တားဆီးရန်အတွက် လုချန်ရှန်း သူ့တပည့်များ၏ အသိစိတ်ပင်လယ်ထဲသို့ ဝိဉာဉ်စွမ်းအားစီးကြောင်းတစ်ခုစီ ထည့်သွင်းခဲ့သည်။ ဒီဝိဉာဉ်စွမ်းအားက တခြားဆက်စပ်မှုမရှိသည့် မှတ်ဉာဏ်များနှင့် အများဆုံးပြည့်နှက်နေသည်။
မုဖူရှန်းအတွက်မူ သူမှတ်ဉာဏ်များကို ဖြတ်တောက်ကာ ရှောင်ဟိုင်၏မှတ်ဉာဏ်များထဲသို့ ငယ်ရွယ်စဉ်ကတည်းက နတ်ဆိုးဘုရင်ပိုင်နက်တွင် နေခဲ့သည့်မှတ်ဉာဏ်များအား ထည့်သွင်းခဲ့သည်။
ဒါက အပြစ်အနာအဆာကင်းမဲ့စွာပင် ပြီးစီးသွားခဲ့သည်။
များမကြာမီ မိုထင်း နှင်တံကို သိမ်းဆည်းပြီးနောက် အနည်းငယ်ခေါင်းညိတ်သည်။
"အရမ်းကောင်းတယ်၊ ပြီးတော့ မင်းဝိဉာဉ်အမျှင်စတစ်ခုကို လက်လွှဲပေးပါ"
ဒီနေရာတွင် မိုထင်းလက်ကိုဆန့်ထုတ်ပြီး ရှောင်ဟိုင်ခေါင်းပေါ်တင်ကာ ပြုပြင်မွမ်းမံထားသည့် ဝိဉာဉ်အမျှင်စတစ်ခုကို ဆွဲထုတ်လိုက်၏။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မိုထင်းပြုံးကာ ရှောင်ဟိုင့်ပခုံးကိုပုတ်သည်။
"ကောင်းပြီ၊ ဟိုင်မု၊ ငါအခုမင်းကို နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကို အစီရင်ခံတင်ပြဖို့အတွက် အခုခေါ်သွားပေးမယ်" ဒီနေရာတွင် မိုထင်းတခြားသူများကို ကြည့်ပြီးနောက် အော်ဟစ်သည်။
"တာ၀န်ကိုဆက်လက်ပြီးစီးအောင်လုပ်ကြ၊ နေရာနှစ်နေရာပဲ ကျန်တော့တယ်"
ထို့နောက် ရှောင်ဟိုင်ကိုခေါ်ပြီး သူနတ်ဆိုးဘုရင်ပိုင်နက်ရှိ အဓိကမြို့၏မြောက်ဘက်သို့ လျှောက်သွားလေတော့သည်။
သူတို့နှစ်ယောက်ထွက်သွားတာကို ကြည့်ရင်း ချူမင်စိတ်လှုပ်ရှားစွာပြောသည်။
"ငါမင်းကိုသေချာပေါက် အမီလိုက်လာမှာပါ၊ ပြီးတော့အနာဂတ်မှာ အစ်ကိုဟိုင်မုက ငါ့ရဲ့အစ်ကိုကောင်းတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ငါကြွားဝါလို့ရတယ်လေ"
ရှောင်ဟိုင်သာဒါကိုကြားပါက သေချာပေါက် ဆွံအသွားလောက်ပေသည်။
.....
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်က နတ်ဆိုးသခင်၏အမိန့်ကို အချိန်မရွေး နားထောင်ရမည်ဖြစ်လေရာ သူတို့၏တပ်စခန်းက နတ်ဆိုးဘုရင်ပိုင်နက်၏ အဓိကမြို့တွင်တည်ရှိသည်။
လမ်းတစ်လျှောက်တွင် မိုထင်းက ရှောင်ဟိုင်ကို နတ်ဆိုးဘုရင်အင်ပါယာအစောင့်များနှင့်ပတ်သက်၍ မှတ်စုများလုပ်ထားနိုင်ရန်အတွက် အရာများစွာကို ပြောပြနေသည်။
"မင်းမှတ်မိလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
စည်းမျဉ်းများက အများကြီးမပြောင်းလဲသွားခဲ့ပေ။
"ကောင်းပြီ၊ ဒါပါပဲ" သူတို့စကားပြောနေစဉ် သစ်ပင်နက်များနှင့် ပြည့်နှက်နေသည့် ထူထဲသိပ်သည်းသော တောအုပ်တစ်ခုအပြင်ဘက်ကို ရောက်လာကြသည်။
သူတို့ရှေ့တွင် အနက်ရောင်ချပ်၀တ်နှင့် လူနှစ်ယောက်က လက်ထဲတွင်လှံများကိုင်ကာ ရပ်နေကြ၏။
သူတို့နှစ်ယောက်၏ကျောဘက်တွင် အတောင်ပံများရှိသည်။
မိုထင်းလျှောက်လာတာကို မြင်သောအခါ အစောင့်နှစ်ယောက် ရိုသေလေးစားစွာ ရပ်လိုက်ကြသည်။
"တပ်မှူးမို"
မိုထင်းက နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်မှ ဂျူနီယာတပ်မှူးများအနက်တစ်ဦးဖြစ်သည်။
မိုထင်းခေါင်းညိတ်ပြီး ရှောင်ဟိုင်ကို တောအုပ်နက်ထဲသို့ ခေါ်ဆောင်သွား၏။ သူတို့လျှောက်သွားနေစဉ် မိုထင်းပြောသည်။
"နတ်ဆိုးဘုရင်အင်ပါယာအစောင့်တွေကို တပ်မှူးလေးကိုးယောက်အဖြစ် ခွဲထားတယ်ဆိုတာ မင်းသိမှာပါ၊ မင်းအင်ပါယာအစောင့်အဖြစ် ၀င်ပြီးတာနဲ့ ရွက်ဖျင်တဲမှာ ပါ၀င်ဖို့အတွက် တပ်မှူးတစ်ယောက်ရွေးလို့ရတယ်၊ ဒါကမင်းအပေါ်မူတည်တယ် ဆိုပေမယ့် မင်းငါ့ရွက်ဖျင်တဲမှာ ၀င်နိုင်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ"
"သေချာတာပေါ့" မိုထင်းမသက်မသာပြုံးလိုက်၏။
"ငါ့ရွက်ဖျင်တဲက ဂျူနီယာတပ်မှူးကိုးယောက်ထဲမှာ အားအနည်းဆုံးပဲ၊ ငါရနိုင်တဲ့ အရင်းအမြစ်တွေကလည်း အကန့်အသတ်ရှိတယ်"
ဒါကိုကြားသောအခါ ရှောင်ဟိုင်ချက်ချင်းပြောသည်။
"ကျွန်တော်၀င်မယ်"
"ဟမ်"
ဒီလောက်သိသာထင်ရှားနေတာတောင် မင်းငါ့ရွက်ဖျင်တဲထဲကို ၀င်ချင်သေးတာလား!
သွေးအိုင်မီးလျှံကို ဖြတ်နိုင်ခဲ့သည့် ရှောင်ဟိုင်၏ လုပ်ဆောင်ချက်နှင့်ဆိုပါက တခြား ဂျူနီယာတပ်မှူးများက သူ့အတွက် သေချာပေါက် တိုက်ခိုက်ကြပေလိမ့်မည်။
"မင်းသေချာလား" မိုထင်းမေးသည်။
ရှောင်ဟိုင်လေးနက်စွာခေါင်းညိတ်သည်။
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ထဲတွင် ခွန်အားကို လေးစားတာကိုသူသိသည်။ လတိုင်းတွင် သိုင်းပညာပြိုင်ပွဲတစ်ခုစီရှိသည်။
ရှောင်ဟိုင်သာ အားအနည်းဆုံးရွက်ဖျင်တဲကနေ ပထမရယူနိုင်ပါက သူအာရုံစူးစိုက်မှု ပိုရလာပေလိမ့်မည်။
ဒီနည်းနှင့် သူ့ပုံရိပ်ကို သူအလျင်အမြန် တိုးတက်လာအောင် လုပ်၍ရနိုင်သည်။
မိုထင်းရယ်မောသည်။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့ မင်းကျင့်ကြံခြင်းအဆင့်တိုးလာတဲ့အခါကျရင် အနာဂတ်မှာ ငါတို့ရွက်ဖျင်တဲက သိုင်းပညာပြိုင်ပွဲမှာ ငါတို့အဆင့်ကို သေချာပေါက် တိုးမြှင့်နိုင်မှာပါ"
"ဒါပေမယ့် ကျွန်တော့်မှာအခြေအနေတစ်ခုရှိတယ်"
တခြားတစ်ယောက်သာဆိုပါက မိုထင်း သေသည်အထိ ရိုက်နှက်ပစ်မည်သာ။ သို့စေကာမူ ရှောင်ဟိုင်၏ပါရမီနှင့်ခွန်အားက သူ့ကိုဒီလိုလုပ်ခွင့်မပေးပေ။
မိုထင်းရယ်မောသည်။
"လွတ်လွတ်လပ်လပ်ပြောပါ၊ ငါတို့ရွက်ဖျင်တဲထဲက ဖြစ်နေသရွေ့ မင်းအသုံးပြုလို့ရတယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကျွန်တော်ဒီပြိုင်ပွဲမှာ ၀င်ပြိုင်ချင်တယ်"
ဒါက.....!
သိုင်းပညာပြိုင်ပွဲစတင်ရန်အတွက် ခုနှစ်ရက်သာကျန်တော့သည်။
မိုထင်းတစ်ခဏမျှ ကြက်သေသေနေပြီးနောက် ပြတ်သားစွာခေါင်းခါယမ်းသည်။
"မဖြစ်နိုင်ဘူး၊ မင်းကအရမ်းပါရမီရှိရင်တောင် ဟိုင်မု၊ ပြိုင်ပွဲမှာ ပေါ်လာတတ်တဲ့ အနိမ့်ဆုံးလူက နတ်ဘုရင်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်နေပြီ၊ အထူးသဖြင့် ဒီတစ်ကြိမ်ပြိုင်ပွဲက ကြီးမားတယ်၊ အဲဒီထဲကနှစ်ယောက်က နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကိုတောင် ရောက်နေကြပြီး တပ်မှူးလေးရာထူးအတွက် တိုက်ခိုက်ချင်ကြတယ်"
"စိတ်လျှော့ထားပြီးကျင့်ကြံပါ၊ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ငါမင်းအတွက် စင်မြင့်ပေါ်ကို သွားနိုင်ဖို့ စီစဉ်ပေးနိုင်တယ်"
ရှောင်ဟိုင်ယခုထုတ်ဖော်ပြသခဲ့သည့် နယ်ပယ်က နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။
သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ကျွန်တော်လည်း ဂျူနီယာတပ်မှူးရာထူးအတွက် တိုက်ခိုက်ချင်တာ"
မိုထင်းထိတ်လန့်သွား၏။
သို့စေကာမူ ဒီအကြောင်းပြန်တွေးပြီးနောက်တွင် သူအလွန်အမင်းလေးနက်စွာ မေးသည်။
"မင်းသေချာလား"
"သေချာပါတယ်"
မိုထင်းတစ်ခဏမျှ တွေးလိုက်ပြီးနောက် အားကိုးရာမဲ့စွာ လက်ခံရန်သာ တတ်နိုင်တော့သည်။
"ကောင်းပြီ၊ ဒါကိုလေ့ကျင့်မှုတစ်ခုအဖြစ် မှတ်ယူလိုက်ပေါ့၊ ငါမင်းကို နေရာတစ်နေရာပေးမယ်၊ အချိန်ကျလာတဲ့အခါကျရင် ပြိုင်ဘက်တွေကို မင်းကိုမသတ်ဖို့ ငါပြောလိုက်မယ်"
ရှောင်ဟိုင်ရယ်မောကာ တခြားဘာတစ်ခုမှ မပြောတော့ပါ။
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၏ အတွင်းပိုင်းတွင် ရွက်ဖျင်တဲကို နေရာကိုးနေရာပိုင်းခြားထားသည်။
သူတို့ မိုထင်းရှိသည့်ရွက်ဖျင်တဲကို ရောက်လာသောအခါ အင်ပါယာအစောင့်တစ်ချို့ ရှေ့တိုးလာကြပြီး လေးစားစွာ ဦးညွတ်ကြသည်။
ထို့နောက် သူတို့ ရှောင်ဟိုင်အားကြည့်ပြီး မိုထင်းကို သိချင်စိတ်ဖြင့်မေးသည်။
"တပ်မှူး၊ ဒါကျွန်တော်တို့ရဲ့ ညီလေးအသစ်လား"
"မဟုတ်သေးပါဘူး၊ လေ့ကျင့်ရေးစခန်းကို ဒီနေ့မှ တရား၀င်ဖွင့်လှစ်မှာမလား"
မိုထင်းပြုံးကာ ရှင်းပြရန်ပြင်လိုက်၏။
သို့စေကာမူ သူဘာတစ်ခုမှ မပြောနိုင်သေးခင်မှာပင် အလွန်အမင်းအားကောင်းသည့် အော်ရာရှစ်ခုဆင်းသက်လာခဲ့သည်။
ရွှေရောင်ချပ်၀တ်ကို၀တ်ဆင်ထားကြသည့် လူရှစ်ယောက် မိုထင်းရှေ့တွင် တစ်ချိန်တည်းမှာပင် ပေါ်လာကြ၏။
"ဘာဖြစ်နေတာလဲ၊ ဘာလို့တခြားတပ်မှူးရှစ်ယောက်က ဒီမှာစုစည်းနေကြတာလဲ"
"တစ်ခုခုဖြစ်ပျက်ခဲ့လို့လား"
မိုထင်းနှာခေါင်းရှုံ့သည်။ တစ်ဘက်လူက ဘာကြောင့် ဒီကိုရောက်နေရသလဲဆိုတာ သူသိပါသည်။ အဖြေကိုသိသည့်တိုင် သူမေးလိုက်သေးသည်။
"တပ်မှူးတို့၊ ဘာလို့ဒီကိုရောက်နေကြတာလဲ"
တပ်မှုးတစ်ယောက်က မိုထင်းကိုလျစ်လျူရှုကာ ယင်းအစား ရှောင်ဟိုင်ကို ကြည့်လိုက်၏။
"မင်းက ဟိုင်မုမလား၊ ဒီလိုဆိုရင်ရော၊ မိုထင်းမင်းကို ကတိပေးထားတဲ့ အကျိုးအမြတ်ရဲ့နှစ်ဆကို ငါပေးမယ်"
"အဲဒါနဲ့ဘာလုပ်လို့ရတာလဲ၊ မင်းအဆင့်က မိုထင်းထက် အရမ်းကြီးအားမကောင်းသေးပါဘူး၊ ငါနဲ့အတူလာစမ်းပါကွာ"
"ငါမင်းကိုဒီမှာ ပျိုးထောင်ဖို့ကိုပဲ အာရုံစိုက်ပေးမယ်" နောက်ထပ်တပ်မှူးတစ်ယောက်ပြောသည်။
မိုထင်း၏လက်အောက်ငယ်သားများ ကြက်သေသေသွားကြ၏။ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့သူတို့ဒီကောင်လေးအသစ်ကို လုနေကြတာလဲ!
ဒီအခိုက်အတန့်မှာပင် အေးစက်သော အမူအရာနှင့်တပ်မှူးပြောလာသည်။
"ငါနဲ့လာခဲ့၊ ငါမင်းကိုတစ်နှစ်အတွင်း ဂျူနီယာတပ်မှူးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးမယ်"
ဒီလူစကားပြောလာတာကို မြင်ရသောအခါ လူတိုင်းပို၍ပင် ထိတ်လန့်သွားကြ၏။
လူတွေကို ချည်နှောင်ရတာကို အမြဲလိုလို အထင်အမြင်သေး ရွံရှာစက်ဆုပ်တတ်တဲ့ တပ်မှူး လဲ့ရွှမ်းကတောင် ကိုယ်တိုင် သူ့ကို စပြီး ချည်နှောင်လာတာလား!
ဒီလူကဘယ်ကနေလာတာလဲ!
အပိုင်း(1184) comi