#တိတ်ဆိတ်ခြင်း#
Vol. 84 Ch. 1185
သုံးကွက်လား၊ ကောင်းလိုက်တာ!
ရှောင်ဟိုင်ပြုံးရင်းခေါင်းညိတ်သည်။
"ကောင်းပြီ"
မည်သို့ပင်ဆိုစေကာမူ ဒါက တစ်ကြိမ်တည်းနှင့် ပြီးသွားမည်သာ။
အထက်က တပ်မှူးလော့လင်း မိုထင်းကို အပြုံးဖြင့် လှမ်းကြည့်သည်။
"တပ်မှူးမိုထင်း၊ ငါတို့လူတွေ မင်းကို ဘယ်လိုကောင်းကောင်းဆက်ဆံသလဲဆိုတာ ကြည့်လိုက်ပါဦး"
တပ်မှူးမိုထင်းအံကြိတ်လိုက်၏။
"လော့လင်း၊ မင်းတိုက်ခိုက်ချင်တာလား"
"စည်းကမ်းကို ဂရုစိုက်ကြ" သူတို့နှစ်ယောက် နောက်ထပ်ပြဿာနာစဖြစ်နေတာကို မြင်ရသောအခါ မဟာတပ်မှူးအပြင်းအထန် ချောင်းဟန့်ရင်း အော်ဟစ်လိုက်သည်။
ယင်းနောက်တွင်သာ နှစ်ယောက်သား ဘေးတွင်နာခံစွာ ရပ်နေကြတော့သည်။
ဒီအခိုက်အတန့်၌ မဟာတပ်မှူး စင်မြင့်ကို စိုက်ကြည့်ကာ ခေါင်းညိတ်သည်။
"စတော့"
ကျားယွန် ရှောင်ဟိုင်ကို လက်ညိုးထိုးပြီး ကောက်ကျစ်စွာပြုံးသည်။
"မင်းလှုပ်ရှားတော့၊ မင်းမှာ လှုပ်ရှားဖို့ သုံးကွက်ရှိတယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားယွန် သူ့ရင်ဘတ်ကနေ သူပင်လျှင် မခံမရပ်နိုင်လောက်သည့် အားကြီးတစ်ခု ပျံ့လာတာကို ရုတ်တရက်ခံစားလိုက်ရသည်။ ရှောင်ဟိုင်မူလရပ်နေခဲ့သည့်နေရာကို ကြည့်လိုက်သောအခါ ဘယ်သူမှမရှိတော့တာကို သဘောပေါက်သွားသည်။ သူအောက်ငုံ့ကြည့်လိုက်သောအခါတွင်မူ ရင်ဘတ်ပေါ်ကျရောက်နေသည့် လက်သီးချက်ကို တွေ့လိုက်ရသည်။
ဒါကချက်ချင်းဆိုသလို အရမ်းမြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။
ကျားယွန်လွင့်စင်သွားရသည်။ သူစင်မြင့်ကနေ တိုက်ရိုက်လွင့်စင်သွားပြီး လူအုပ်စုရှိရာသို့ ကျသွားပြီး မေ့လဲသွားလေတော့သည်။
ဒီနေရာတစ်ခုလုံးတိတ်ဆိတ်သွား၏။ အပ်ကျသံကိုပင် ကြားနိုင်ပေသည်။
တစ်ယောက်ယောက်က သူတို့၏ အသံကြိုးများကို ညှစ်ထားသည့်အလား မည်သူမှ စကားမပြောကြပေ။
လေးလံသည့်အသက်ရှူသံများကိုသာ ကြားနေရသည်။
ဘာဖြစ်သွားတာလဲ!
ဘာလို့ ကျားယွန်လွင့်သွားရတာလဲ!
ဟိုင်မုက အသစ်၀င်လာသူမလား၊ သူက နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်မလား!
နတ်ဘုရင်နယ်ပယ်အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လက်သီးတစ်ချက်တည်းနှင့် သူဘယ်လိုလုပ် လွင့်စင်သွားအောင် လုင်နိုင်တာလဲ!
သုံးကွင်အကျော့ပေးခဲ့သည့်ကိစ္စကမူ ရှိနေသာသူတိုင်း၏ ဉာဏ်ရည်ကို အရမ်းစော်ကားလွန်းရာကျသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ဖွဲ့၀င်များဖြစ်နေသေးသလို နတ်ဆိုးဘုရင်ပိုင်နက်၏ လက်ရွေးစင်များဖြစ်နေသေးသည် မဟုတ်ပေလော။
နတ်ဗိုလ်ချုပ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို လက်သီးထိုးခွင့်ရလျှင်ပင် ဒီလိုထိခိုက်မှုမျိုးကို လုပ်နိုင်မည်မဟုတ်။
ကျားယွန် သူ့ရန်သူကို လျှော့တွက်မိခဲ့တာ ဖြစ်လောက်သော်လည်း ဒီလက်သီးချက်က ရှောင်ဟိုင်၏ တကယ့်အစစ်အမှန်ခွန်အားက ကျားယွန်ထက် သာလွန်နေတာကို ပြသနေသည်။
အောက်တွင် ဒီမြင်ကွင်းကို မြင်သောအခါ ကျင်းကျန်းထိတ်လန့်သွားပြီး သူ့မျက်လုံးများက မယုံနိုင်မှုဖြင့် ပြည့်နှက်သွားခဲ့၏။
သူ့ခွန်အားက ကျားယွန်နှင့်တန်းတူသာရှိသည်။ သူလုံး၀ရိုးသားစွာ ၀န်ခံရပါက ကျားယွန်ထက်ပင် သူအနည်းငယ်အားနည်းသည်။
သို့စေကာမူ ရှောင်ဟိုင်က ကျားယွန်ကို လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားအောင် လုပ်နိုင်သည်လား။
ပိုရယ်စရာကောင်းတာက ထိုအချိန်က ရှောင်ဟိုင်က အသစ်လေးတစ်ယောက်သာဖြစ်သဖြင့် စင်မြင့်ပေါ်၌ ရပ်ရန် အခွင့်အရေးမရှိဟု သူတွေးထင်ခဲ့ခြင်းပင်။
တပ်မှူးလော့လင်၏မျက်နှာပေါ်က အေးဆေးနေသည့်အပြုံးက စင်မြင့်ပေါ်၌ ရုတ်တရက်အေးခဲသွားရသည်။
အမြဲလိုလို ယခုလိုအခိုက်အတန့်မျိုးတွင် လော့လင်ကို လှောင်ပြောင်တတ်သည့် မိုထင်းပင်လျှင် ဆွံအကာ ကြက်သေသေနေလေသည်။
ရှောင်ဟိုင်ဒီလောက်ထိ အစွမ်းထက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
မဟာတပ်မှူး မေးစေ့ကိုပွတ်သပ်ရင်း ပြုံးသည်။
"မိုထင်း၊ ကြည့်ရတာ မင်းကမျိုးစေ့ကောင်းတစ်စေ့ကို လက်ခံခဲ့ပုံပဲ"
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်အတွင်း နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သောသူများက အများအပြားရှိသည်။
သို့စေကာမူ အတွင်းရေးတိုက်ပွဲတွင် တစ်ဦးဦးက နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်ပါက သူတို့က ပါရမီရှင်များကြားက ပါရမီရှင်များသာဖြစ်သည်။
လဲ့ရွှမ်းသာလျှင် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်တွင် ဒီအံ့ဖွယ်စွမ်းဆောင်မှုကို ပြီးမြောက်အောင်မြင်ခဲ့ပြီး တစ်ကြိမ်တည်းမှာပင် ဂျူနီယာတပ်မှူးဖြစ်လာခဲ့သည်။
မိုထင်းတုံ့ပြန်လာပြီး ခါးသီးစွာပြုံးသည်။
"မဟာတပ်မှူး၊ သူဒီလောက်ထိ တော်လိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားခဲ့ပါဘူး...."
သို့စေကာမူ ခါးသီးစွာပြုံးပြီးနောက် သူစိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။
နတ်ဗိုလ်ချုပ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ဒီလိုအဆင့်မျိုးကို ရောက်နိုင်ပါက နောက်ထပ်တစ်နှစ်၊ နှစ်နှစ်ခန့် ကျင့်ကြံပြီးနောက် သူနတ်ဘုရားနယ်ပယ်ကို ချိုးဖျက်ကာ ထိပ်ဆုံးကိုပင် ရောက်သွားနိုင်သည်။
လဲ့ရွှမ်း၏မျက်လုံးများက လင်း၀င်းသွား၏။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင် စင်မြင့်ပေါ်က ဆင်းလာပြီဖြစ်သည်။ ချူမင် သူ့ကိုချက်ချင်းတွယ်လိုက်ပြီး စကားပြောလာသည်။
"အစ်ကိုဟိုက်မု၊ ဒီတော့မင်းက အရမ်းအားကောင်းတာပေါ့၊ မင်းသိုင်းပညာပြိုင်ပွဲမှာ ချက်ချင်းပါ၀င်ရဲတာ အံ့ဩသင့်စရာမရှိတော့ပါဘူး"
"ဒါဆိုနောက်တစ်ကြိမ်ကျ....."
ချူမင်မပြီးသေးခင်မှာပင် ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။
"ပါးစပ်ပိတ်ထား"
ဒါကိုကြားသောအခါ ချူမင် မကျေမနပ်ခေါင်းညိတ်သည်။
"ကောင်းပါပြီ၊ ဒါဆိုအနားယူပါ၊ ငါသေချာပေါက် မင်းကိုမနှောင့်ယှက်ပါဘူး၊ မင်းနောက်တစ်ဆင့်မှာ ထပ်တိုက်ခိုက်ရဦးမှာမို့ ငါတိတ်တိတ်နေပေးပါမယ်၊ ငါဒီနေရာမှာ နောက်ထပ်စကားလုံးရာကျော်ကို ကျော်လိုက်ပါမယ်....."
ရှောင်ဟိုင်၏မျက်ခုံးများက မရပ်မနားတုန်ယင်နေသည်။ ရှောင်ဟိုင်၏ ရန်လိုမှုကို ခံစားမိသည့်အလား ချူမင် လက်နှစ်ဖက်နှင့် ပါးစပ်ကို ပိတ်ထားလိုက်သည်။
....
စင်မြင့်ထက်က ရုပ်ခန္ဓာတိုက်မိမှုများက မျှော်လင့်ထားသည့်အတိုင်းပင် စိတ်လှုပ်ရှားစရာကောင်းသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင် အနည်းငယ် ခေါင်းခါယမ်းသည်။
ဒီခွန်အားက အရင်ကထက်အများကြီး ပိုအားနည်းနေသည်။
ကြည့်ရသည်မှာ မိုဂျီ နတ်ဆိုးသခင်ဖြစ်လာပြီးနောက် အရာအားလုံးကို ကောင်းကောင်းမစီမံခဲ့ပုံရသည်။
နေ့တစ်၀က်အကြာတွင် ဒုတိယအဆင့်ကို စတက်သည်။
တစ်ယောက်က ပြိုင်ဘက်မရှိဘဲ အလိုလိုအနိုင်ရသွားသဖြင့် ဆယ့်လေးယောက်ကျန်ရှိခဲ့သည်။
ဒီအဆင့်တွင်လည်း မဲနှိုက်ဆုံးဖြတ်သည်။
ဒီတစ်ကြိမ်တွင် ရှောင်ဟိုင်၏ ပြိုင်ဘက်က လူတိုင်းက အနည်းငယ်ခေါင်းခါယမ်းသွားစေသည်။
သူကဒုတိယစခန်းက ပျန့်ရွှမ်ဖြစ်သည်။ သူက ဒီတစ်ကြိမ် ဂျူနီယာတပ်မှူးရာထူးအတွက် တိုက်ပွဲ၀င်ချင်သောသူတစ်ယောက်လည်းဖြစ်သည်။
သူ့ခွန်အားက နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကိုပင် ရောက်နေလေပြီ။
ရှောင်ဟိုင်နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူက ပျန့်ရွှမ်၏ပြိုင်ဘက်မဟုတ်သေး။
ရှောင်ဟိုင်စင်မြင့်ပေါ်တက်သွားငည်။
ပျန့်ရွှမ် လက်အစုံ၌ သံဆူးများပါသည့် လက်အိတ်တစ်စုံကို ၀တ်ဆင်ထားသည်။ သူရှောင်ဟိုင်ကို ကြည့်ကာ လေးနက်စွာပြောသည်။
"မင်းမဆိုးဘူးဘဲ၊ နောက်နှစ်အနည်းငယ်လောက် ကျင့်ကြံပြီးတဲ့အခါကျရင် ဂျူနီယာတပ်မှူးရာထူးအတွက်တောင် တိုက်ခိုက်နိုင်ပြီ"
"ဒါပေမယ့် ငါဒါကိုလေ့ကျင့်မှုတစ်ခုလို့ သဘောထားမှာမို့ ထိန်ချန်ထားမှာ မဟုတ်ဘူး"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
မဟာတပ်မှူးစတင်သောအခါ ပျန့်ရွှမ်တွင် သနားညှာတာမှုပြသရန် ရည်ရွယ်ချက်မရှိပေ။ သူလက်အစုံနှင့် သံလက်အိတ်ကို မြှောက်ကာ ရှောင်ဟိုင်ထံတိုး၀င်လာသည်။
လေလှိုင်းများက ရှောင်ဟိုင်အား တိုက်ခတ်နေသည်။
ဒါက လေတာအိုနိယာမမဟုတ်ဘဲ လေထဲ၌ ပျန့်ရွှမ်၏ ရုပ်ခွန်အားသက်ရောက်မှုကြောင့်ပင်။
အသံလှိုင်းများစွာက အောက်တွင် ဟစ်ကြွေးသံများကို တသီကြီးထွက်လာစေသည်။
"ပျန့်ရွှမ်ရဲ့ခွန်အားက အရင်ကထက် ပိုအားကောင်းလာတယ်"
"ဟမ်၊ ကြည့်ရတာ သူ့ရဲ့တစ်ဦးတည်းသောပြိုင်ဘက်က တပ်မှူးလဲ့ရွှမ်းစခန်းက အန်ချူပဲဖြစ်ပုံရတယ်"
"ဒီဟိုင်မု လက်သီးချက်တစ်ချက်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ အာမခံနိုင်သရွေ့ သူအင်ပါယာအစောင့်တွေကြားမှာ ကျော်ကြားလာလိမ့်မယ်"
လူတိုင်းစကားပြောနေစဉ် လေတိုးသံနှင့်အတူ ပျန့်ရွှမ်၏ အရိပ်က ရှောင်ဟိုင်ရှေ့တွင် ပေါ်လာသည်။
သူ့ကိုယ်ပေါ်က ကြွက်သားတိုင်းက ဖောင်းလာကြသည်။
ဘီလူးလေးတစ်ကောင်ပမာ ပေါက်ကွဲဖွယ်ရာစွမ်းအားက ရှောင်ဟိုင်၏မျက်နှာကို တိုက်ရိုက်တိုက်ခတ်ပစ်သည်။
လေလှိုင်းများက ရှောင်ဟိုင်၏မျက်နှာကို ဆန့်ကျင်တိုက်ခိုက်နေသည်။
သူ့အသားများပင် တုန်ယင်နေသော်လည်း သူ့အနူအရာနှင့် အကြည့်က ပြောင်းလဲသွားခြင်းမရှိ။
သူကလေးနက်ခြင်းလည်းမရှိသလို ကြောက်ရွှံ့ခြင်းလည်းမရှိဘဲ ဘာမှမဟုတ်သည့် အသွင်အပြင်မျိုးပင်။
ပျန့်ရွှမ်၏တိုက်ခိုက်မှုက သူ့အတွက် ဘာမှမဟုတ်သည့်အလား။
ပျန့်ရွှမ်အေးစက်စွာနှာခေါင်းရှုံ့ရင်း ညင်သာစွာ တစ်ချက်အော်ဟစ်လိုက်စဉ် သူ့လက်သီးက ပိုမြန်စွာနှင့်ပိုမိုပြင်းထန်စွာ လှုပ်ရှားသွား၏။
ဒီတဒင်္ဂမှာပင် ရှောင်ဟိုင်လှုပ်ရှားသည်။
သို့စေကာမူ မည်သူကမှ ရှောင်ဟိုင်၏ လှုပ်ရှားမှုကိုမမြင်ပါ။ ရုတ်ချည်းဆိုသလို သူ ပျန့်ရွှမ်၏ သံဆူးလက်အိတ်ကို လက်ဖဝါးနှင့် ဖမ်းကိုင်လိုက်သည်။
သံဆူးလက်အိတ်က ရှောင်ဟိုင်၏ လက်ဖဝါးကို မထိုးဖောက်သွားဘဲ ယင်းအစား အက်ကွဲသံများကိုကြားရပြီး ထူထဲသည့်သံဆူးများက အမှန်တကယ် ကြေမွသွားကြ၏။
ဒီမြင်ကွင်းကိုမြင်သောအခါ ပျန့်ရွှမ်ရပ်သွားပြီး မျက်လုံးပြူးလိုက်မိသည်။
ဒါက တစ်ဘက်လူပင် အလေးအနက်ထားရမည့် သူ့၏အားအပြည့်လက်သီးချက်ပင်။
ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
မြင်ကွင်းကထပ်မံတိတ်ဆိတ်သွားပြန်သည်။
သို့သော် ရှောင်ဟိုင်အချိန်ဆွဲရန် ဆန္ဒမရှိပေ။ သူလက်မြှောက်ကာ ပျန့်ရွှမ်၏ကိုယ်ကို မလိုက်ပြီးနောက် လက်သီးကိုဖမ်းပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဘန်း.....!
ကျယ်လောင်သည့်အသံနှင့်အတူ ပျန့်ရွှမ် စင်မြင့်နှင့်ရိုက်ဆောင့်မိပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထွက်သွား၏။
သို့စေကာမူ ရှောင်ဟိုင်သူ့ကို ဒီလိုအလွှတ်မပေးပေ။ ယင်းအစား သူထပ်ပြီးမကာ အလွယ်တကူပင် ပစ်ချလိုက်သည်။ ပျန့်ရွှမ်ခမျာ အမြောက်ဆံတစ်ခုပမာ စင်မြင့်ထဲကနေ လွင့်စင်သွားရသည်။
လူတိုင်း၏ထိတ်လန့်နေသည့် အကြည့်များကို လျစ်လျုရှုထားစဉ် တိုက်ပွဲဆန္ဒများက ရှောင်ဟိုင်၏မျက်လုံးများထဲတွင် အမှန်တကယ်ပေါ်လာသည်။ သူက စင်မြင့်ပေါ်က တပ်မှူးများကို ကြည့်ရင်းပြုံးသည်။
"ဒီလိုဆက်လုပ်နေတာက အချိန်ဖြုန်းလွန်းရာကျတယ်၊ ကျွန်တော့်မှာ တပ်မှူးတွေနဲ့ တိုက်ခိုက်ဖို့အတွက် ခွန်အားရှိတယ်လို့ ထင်တယ်၊ တိုက်ရိုက်တိုက်ခိုက်ကြရအောင်လေ"
အပိုင်း(1186) coming။