#ရှောင်ဟိုင်၊ ကျွန်တော်တပ်မှူးလဲ့ရွှမ်းကို စိန်ခေါ်ချင်တယ်#
Vol. 84 Ch. 1186
သိုင်းပညာပြိုင်ပွဲအနိုင်ရသူတွင် အထူးအခွင့်အရေးတစ်ခုရှိသည်။
ဒါကဂျူနီယာတပ်မှူးတစ်ယောက်ကို စိန်ခေါ်နိုင်ခြင်းပင်။ စိန်ခေါ်မှုက အောင်မြင်ပါက ထိုသူ၏နေရာကို အောင်မြင်စွာ အစားထိုးနိုင်ပေလိမ့်မည်။
အရင်က လဲ့ရွှမ်း သိုင်းပညာပြိုင်ပွဲတွင် အနိုင်ရပြီးနောက် တတိယနေရာရှိ တပ်မှူးကို စိန်ခေါ်ခဲ့ပြီး အောင်မြင်စွာ အနိုင်ရခဲ့သည်။
ဒါက ထိုအချိန်က နတ်ဆိုးဘုရင်ပိုင်နက်အတွင်း ကြီးမားသည့်ဆူပူအုံကြွမှုတစ်ခုကိုလည်း ဖြစ်သွားစေခဲ့ကာ မရေမတွက်နိုင်လောက်သော လူများက်ု ထိတ်လန့်သွားစေသည်။
ရှောင်ဟိုင်၏စကားလုံးများကို အတော်လေးမောက်မာသည်ဟု ဆိုနိုင်သည်။
နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားနှင့် တပ်မှူးတစ်ယောက်ကို စိန်ခေါ်ချင်တာလား၊ သူမိုထင်းကို စိန်ခေါ်မယ်ဆိုရင်တောင် အနိုင်ရဖို့ဆိုတာက မဖြစ်နိုင်ဘူးမလား!
စင်မြင့်ပေါ်က မဟာတပ်မှူး သူ့စကားလုံးများကို ကြားပြီးနောက် ရှောင်ဟိုင်ကို စိတ်၀င်တစားကြည့်သည်။
"ဟိုင်မု၊ မင်းက လေ့ကျင့်ရေးစခန်းကို ကျော်ဖြတ်ပြီးတာနဲ့ တပ်မှူးကို စိန်ခေါ်ချင်တဲ့ ပထမဆုံးလူပဲ"
ရှောင်ဟိုင်မေးသည်။
"ဒါကိုဆန့်ကျင်နေတဲ့ စည်းမျဥ်းတစ်ခုခုများရှိလား"
"သေချာပေါက်မရှိဘူးပေါ့" မဟာတပ်မှူးရယ်မောကာပြောသည်။
"ဆန့်ကျင်ဘက်အနေနဲ့ ငါမင်းကိုအတော်လေး သဘောကျတယ်၊ ငါတို့နတ်ဆိုးဘုရင်ပိုင်နက်က လူတွေမှာ ဒီလိုသတ္တိမျိုးရှိဖို့လိုတာ၊ ဒါပေမယ့် စည်းမျဉ်းတစ်ခုရှိတယ်၊ တပ်မှူးကို စိန်ခေါ်ဖို့အတွက် မင်းသိုင်းပညာပြိုင်ပွဲမှာ နိုင်ဖို့လိုတယ်"
ဒါကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်ကာ စင်ပေါ်ကဆင်းသွားသည်။
ချူမင်စကားပြောရန်ပြင်လိုက်စဉ် ရှောင်ဟိုင်လှည့်ကြည့်လိုက်သောအခါ ချူမင် အလျင်အမြန်ပါးစပ်ပိတ်လိုက်ရသည်။
သူရှောင်ဟိုင်၏ လွင့်ပစ်ခြင်းကို ခံရမှာကို ကြောက်နေသည်။ ဒါကအရမ်းကြမ်းတမ်းလွန်းသည်။
ယင်းနောက်တွင် တိုက်ပွဲအရှိန်က မြင့်လာပုံရသည်။
လေးနာရီအတွင်း အားလုံးပြီးသွားသည်။
တပ်မှူးလဲ့ရွှမ်း၏ လပ်အောက်ငယ်သားဖြစ်သည့် အန်ချူက သူ့ပြိုင်ဘက်ကို ပြိုင်ဘက်ကင်းနည်းလမ်းတစ်ခုဖြင့် အနိုင်ယူပစ်ခဲ့သည်။
မူလလင်း၀င်းနေသည့်ကောင်းကင်က တဖြည်းဖြည်းစတင်နက်မှောင်လာသည်။
မဟာတပ်မှူး အန်ချူ၏အောင်ပွဲကို ကြေညာပြီးနောက် အန်ချူမဆင်းသွားဘဲ ယင်းအစား မဟာတပ်မှူးကို ဦးညွတ်သည်။
"မဟာတပ်မှူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကိုယ့်ပြိုင်ဘက်ကို ကိုယ်ရွေးချယ်ခွင့်ပေးပါ"
အန်ချူဘာလုပ်တော့မယ်ဆိုတာကို သိပုံရသည့်အလား မဟာတပ်မှူးအပြုံးဖြင့် ခေါင်းညိတ်သည်။
ခွင့်ပြုချက်ရပြီးနောက် အန်ချူခေါင်းငုံ့ကာ စင်မြင့်အောက်က ရှောင်ဟိုင်ကိုကြည့်ပြီး အေးစက်စွာပြောသည်။
"မင်းတပ်မှူးကို စိန်ခေါ်ချင်နေတာမလား၊ ဒီလိုဆိုရင် ငါတို့တိုက်ရိုက်တိုက်ခိုက်လှည့်၊ ငါ့ကို အနိုင်ယူနိုင်မှ မင်းမှာ တပ်မှူးကို စိန်ခေါ်ဖို့ အရည်အချင်းရှိမယ်"
မည်သူကမှ ရှောင်ဟိုင်ကို နောက်ထပ်အထင်မသေးရဲကြတော့။
သူက အန်ချူနောက်ဒုတိယကျသည့် ပျန့်ရွန်ကိုပင် ချေမှုန်းပစ်ခဲ့သည်မဟုတ်ပေလော။ သူ့ကို အန်ချူနှင့် နှိုင်းယှဉ်ရန်ပင် အရည်အချင်းပြည့်မီနေလေပြီ။
ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ စင်ပေါ်သို့ တိုက်ရိုက်တက်သွားသည်။
သူတို့နှစ်ယောက်စလုံးက ပေါက်ကရပြောနေရတာကို သဘောကျသူများမဟုတ်ပါ။
အစကတည်းကပင် ရှောင်ဟိုင် တစ်ဘက်လူထံ တည့်တည့်၀င်သွားသည်။
အန်ချူလုံး၀သတိမပေါ့လျှော့ရဲပေ။ တစ်ဘက်လူ၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက်နိမ့်သည့်အတွက်ကြောင့်နှင့် သူထိန်ချန်ထားခြင်းမရှိပေ။
သူတိုက်ခိုက်သောအခါ အားအကောင်းဆုံးသတ်ဖြတ်ခြင်းလှုပ်ရှားမှုကို အသုံးပြုသည်။
သူ့လက်ချောင်းများက ရုတ်တရက် ထူးဆန်းသည့်နည်းလမ်းတစ်ခုဖြင့် လက်သည်းတစ်ခုကို ဖန်တီးသည်။ သူ့လက်ညိုးနှင့် လယ်ခလယ်များက အတူတကွရှိနေပြီး လက်ညိုးနှင့် လက်သန်းက အတူတူရှိနေသည်။ နှစ်ဘက်စလုံးက တစ်ချိန်တည်းတွင်ကွေးညွတ်ကာ ရှောင်ဟိုင်အား ဖမ်းကိုင်လိုက်၏။
လက်သည်းအလယ်တွင် အာကာသက အမှန်တကယ်ပင် ဆုတ်ဖြဲခံရသည့်အလား စတင်ခံစားလာရသည်။
သိသာထင်ရှားသည့် ပုံပျက်မှုတစ်ခုက ဆုတ်ဖြဲခံလိုက်ရသည့်အလား ပေါ်လာသည်။
လေစီးကြောင်းများကလည်း ပုံသဏ္ဍာန်များမဖြစ် ဖမ်းဆုပ်ခံရပြီး ပိုးမျှင်စများအဖြစ် ပြောင်းလဲသွားသည်။
"နဂါးလက်သည်း" အောက်ကလူများ ထိတ်လန့်သွားရက၏။
"အိုက်ရွှယ် နတ်အင်ပါယာအဆင့် လက်နက်တစ်ခုကို ချေမှုန်းပစ်ဖို့အတွက် ဒီလှုပ်ရှားမှုကို သုံးခဲ့တယ်လို့ ငါကြားခဲ့တယ်"
"နောက်ဆုံးဂျူနီယာတပ်မှူးလေးယောက်ကတောင် အိုက်ရွှယ်ရဲ့တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲကြမှာမဟုတ်ဘူး"
"ဟိုင်မု ဒါကိုကျိန်းသေပေါက် ရှောင်လိမ့်မယ်"
သို့စေကာမူ လူတိုင်းရှောင်ဟိုင်ကို ကြည့်သောအခါ သူတို့ဆွံအသွားရသည်။ ဒီလူက တိုး၀င်ဖို့ကိုပဲသိတာလား!
ရှောင်ဟိုင်လက်သီးကိုမြှောက်ရင်း အန်ချူ၏ နဂါးလက်သည်းကို ထိုးနှက်ပစ်သည်။
ထိပ်တိုက်ရင်ဆိုင်ခြင်း!
စင်မြင့်ပေါ်၌ မိုထင်းလက်သီးကျစ်ကျစ်ဆုပ်ရင်း ရှောင်ဟိုင်အတွက် ချွေးအေးများပင် စီးကျနေခဲ့သည်။
ရှောင်ဟိုင်သာ အန်ချူ၏နဂါးလက်သည်းနှင့် အမှန်တကယ်ထိမှန်သွားပါက သူမသေဘူးဆိုလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။
ဂျုန်း.......!
စင်မြင့်ပေါ်၌ လေစီးကြောင်းက အရူးအမူးထိုးတက်နေသည်။ လူတိုင်း၏အကြည့်အောက်တွင် နဂါးလက်သည်းက သာမန်လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသည်။
သို့စေကာမူ သူတို့စိတ်ကူးထားသည့် မြင်ကွင်းက မပေါ်လာခဲ့ပေ။
နဂါးလက်သည်းကြောင့် ရှောင်ဟိုင်၏ လက်သည်းက ချေမှုန်းမခံရပေ။
သူတို့နှစ်ယောက်က တန်းတူညီမျှခြင်းပင်မရှိပါ။
ယင်းအစား အန်ချူ၏လက်ချောင်းများက ရှောင်ဟိုင်၏လက်သီးချက်ကြောင့် ကျိုးပဲ့သွားရပြီး သူ့လက်မောင်းပင်လျှင် ပုံမှန်မဟုတ်စွာကွေးကာ လွင့်စင်သွားရသည်။
နောက်ထပ်လက်သီးတစ်ချက်!
လူတိုင်း၏မျက်လုံးများက တစ်နေ့လုံး မျက်တောင်ပင် ခတ်ပုံမပေါ်ဘဲ ဒီမြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်နေခဲ့ကြ၏။
မင်းလက်သီးတစ်ချက်တည်းနဲ့ တပ်မှူးအဆင့်အောက်မှာ နံပါတ်တစ်လို့ လူသိများတဲ့ အန်ချူကိုတောင် အနိုင်ယူနိုင်တာလား!
အစ်ကိုရေ၊ မင်းဟန်လုပ်နေတာလား!
ဘယ်နတ်ဗိုလ်ချုပ်နယ်ပယ်က ဒီအဆင့်ကို ရောက်နိုင်လို့လဲ!
စင်မြင့်ပေါ်၌ ဂျူနီယာတပ်မှူးများအပြင် မဟာတပ်မှူးပါ ဆွံအသွားလေတော့သည်။
ရှောင်ဟိုင် အပေါ်သို့မော့ကြည့်ပြီး မေးသည်။
"အခုကျွန်တော် တပ်မှူးကိုစိန်ခေါ်နိုင်ပြီလား"
ယင်းနောက်တွင်သာ မဟာတပ်မှူးတုံ့ပြန်လာပြီး ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ မင်းဘယ်သူ့ကို စိန်ခေါ်ချင်လဲ"
လူတိုင်းက ရှောင်ဟိုင် လော့လင်ကို ရွေးချယ်လိမ့်မည်ဟု ထင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူက မိုထင်းစခန်းကဖြစ်လေရာ သူ့အတွက် ရွေးချယ်စရာမရှိပါ။ ဒီကိစ္စတွင် သူ့အတွက် နောက်ဆုတ်ရန်ဆိုတာကလည်း မဖြစ်နိုင်လေရာ ဒုတိယနောက်ဆုံးလူဖြစ်သည့် လော့လင်ကိုသာ ရွေးပေလိမ့်မည်။
စင်မြင့်ပေါ်၌ တပ်မှူးလော့လင်မှာ ရှေ့တစ်လှမ်းတိုးပြီး စိန်ခေါ်မှုကို လက်ခံရန်အတွက်ပင် အဆင်သင့်ဖြစ်နေသည်။
"ဒါဆိုရင်တော့ တပ်မှူးလဲ့ရွှမ်းကို စိန်ခေါ်တာပေါ့"
"....."
သူတို့တိတ်ဆိတ်သွားကြပြန်သည်။
လူအများစုက နားကြားမှားသွားသည့်အလားပင် ထင်မိကာ နားများကို ပွတ်နေကြ၏။
မိုထင်းပင်လျှင် အော်ဟစ်လိုက်သည်။
"မင်း၊ ကောင်စုတ်လေး၊ မင်းနည်းနည်း မောက်မာလွန်းမနေဘူးလား၊ တပ်မှူးလဲ့ရွှမ်းက နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ၊ မင်းသေချင်နေတာလား"
လဲ့ရွှမ်းမျက်လုံးကျဉ်းလိုက်ပြီး ရှောင်ဟိုင်ကို ကြည့်သည်။
"ဟိုင်မု၊ မင်းခွန်အားကို ဖုံးကွယ်ထားတယ်မလား"
နယ်ပယ်နှစ်ခုမြင့်သလို ပြိုင်ဘက်ကလည်း ပါရမီရှင်ကဲ့သို့ဖြစ်တည်မှုမျိုးဖြစ်သည်။
သူသာငတုံးမဟုတ်ပါက ခွန်အားကို ဖုံးကွယ်ထားပေလိမ့်မည်။
ရှောင်ဟိုင်ခေါင်းညိတ်လိုက်စဉ် သူ့၏ နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် ရုပ်ခွန်အားက ပေါက်ကွဲထွက်လာသည်။
ဒါကိုမြင်သောအခါ လူတိုင်းဆွံအသွားကြ၏။
သူဒီလောက်ကြမ်းတမ်းနေတာ အံ့ဩသင့်စရာမရှိတော့ပါဘူး!
မုထင်း နဖူးကိုရိုက်လိုက်မိသည်။
လဲ့ရွှမ်းခေါင်းညိတ်သည်။
"မင်းဘာကြောင့် မင်းခွန်အားကို ဖုံးကွယ်ထားရသလဲဆိုတာ ငါမသိပေမယ့် မင်းမှာ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်း ရှိရင်တော့ ငါတို့တိုက်ခိုက်လို့ရတယ်"
ရှောင်ဟိုင်ပြောသည်။
"ဒီအတွက်စိတ်ပူနေစရာမလိုပါဘူး"
ဒါကိုကြားသောအခါ လဲ့ရွှမ်း၏အမူအရာက တည်ငြိမ်နေသည်။ သူခုန်ချပြီး ရှောင်ဟိုင်ရှေ့သို့ ဆင်းလာသည်။
"မင်းကအပေါ်တက်ဖို့ စိတ်အားထက်သန်လွန်းပုံပဲ" လဲ့ရွှမ်း ရှောင်ဟိုင်ကို ထိုးဖောက်မြင်ချင်သည့်အလား စိုက်ကြည့်နေသည်။
ဒါ့အပြင် ရှောင်ဟိုင်က သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကဲ့သို့ ထိခိုက်လွယ်သည့် နေရာမျိုးတွင် သူတို့သံသယရှိကြသည်မှာ သဘာ၀သာ။
သို့စေကာမူ ရှောင်ဟိုင်ပခုံးတွန့်သည်။
"ခွန်အားရှိတယ်ဆိုရင် ဘာလို့အပေါ်တက်ဖို့ မတွေးနိုင်ရမှာလဲ၊ မြင့်မားတဲ့နေရာကို ရောက်မှ အရင်းအမြစ်တွေကို ပိုခံစားနိုင်မှာလေ"
ဒီအကြောင်းပြချက်က နည်းနည်းမဖြစ်နိုင်ဘူးဟု ထင်ရသော်လည်း တကယ်တမ်းတွင် ယုံကြည်ထိုက်ပေသည်။
လဲ့ရွှမ်းခေါင်းညိတ်သည်။
"ဒါဆိုတိုက်ခိုက်ပါ၊ မင်းမှာ ငါ့ကိုတက်နင်းဖို့ ခွန်အားရှိတယ်ဆိုရင် ဒါကမဖြစ်နိုင်တာ မဟုတ်ပါဘူး"
လေထုက ပူပြင်းနေသည်။
မည်သူမှ အသံမထွက်ရဲ။
သူတို့စင်မြင့်ကိုသာ စိုက်ကြည့်နေခဲ့သည်။
သူတို့နှစ်ယောက်စလုံးက စမ်းသပ်ရေးစခန်း၏စံချိန်ကို ချိုးဖျက်ခဲ့ကြပြီး ပါရမီရှင်များဖြစ်သည်။
သို့စေကာမူ လဲ့ရွှမ်းကကြီးပြင်းခဲ့ပြီဖြစ်ကာ ဟိုင်မုက ကြီးပြင်နေဆဲပင်။
ရှောင်ဟိုင်၏အရင်တိုက်ပွဲရလဒ်များကို သတိရပြီးနောက်တွင် နယ်ပယ်ခြားနားချက်တစ်ခုရှိသော်လည်း မည်သူကမှ ရှောင်ဟိုင် တပ်မှူးလဲ့ရွှမ်းကို အနိုင်မယူနိုင်ဟု မတွေးတောရဲကြတော့။ ယင်းအစား ရှောင်ဟိုင်တွင် ဒီအခွင့်အလမ်းတကယ်ရှိသည်ဟု သူတို့ခံစားမိကြသည်။
မဟာတပ်မှူးကလည်း ဒီအခိုက်အတန့်မှာပင် စင်မြင့်ပေါ်ကနေ ထရပ်လိုက်ပြီးနောက် ငုံ့ကြည့်ကာ လေးနက်စွာမေးသည်။
"မင်းတို့အဆင်သင့်ဖြစ်ပြီလား"
နှစ်ဦးစလုံးခေါင်းညိတ်သည်။
"တစ်ဘက်ဘက်က ဘာမှမလုပ်နိုင်တော့ဘူးလို့ ခံစားမိတာနဲ့ ငါ၀င်စွက်ဖက်လာမယ်၊ နားလည်လား"
သူတို့နှစ်ယောက်စလုံးက ပါရမီရှင်တစ်သန်းထဲက တစ်ယောက်ဖြစ်ကြသည်။
တစ်ယောက်ယောက်ကို ဆုံးရှုံးခြင်းက နတ်ဆိုးဘုရင်အင်ပါယာအစောင့်တက်အတွက် ထိုးနှက်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
အပိုင်း(1187) coming။