← Chapters

#နဂါးလက်သည်းလား၊ ငါဒါကို ဖန်တီးခဲ့တာလေ#

Vol. 84 Ch. 1187

#နဂါးလက်သည်းလား၊ ငါဒါကို ဖန်တီးခဲ့တာလေ#

Vol. 84 Ch. 1187

တပ်မှူးလဲ့ရွှမ်းက လေ့ကျင့်ရေးစခန်း၌ သုံးရက်အတွင်း ရွေးချယ်ခံခဲ့ရပြီး နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်တွင် ၀င်ခဲ့သည်။ နောက်တစ်နှစ်တွင် သူသိုင်းပညာပြိုင်ပွဲတွင် ပါ၀င်ခဲ့ပြီး အနိုင်ယူခဲ့ကာ တပ်မှူးတစ်ယောက်ကို အောင်မြင်စွာ အနိုင်ယူရင်း ဂျူနီယာတပ်မှူးရာထူးကို ရလာခဲ့သည်။ 

သို့စေကာမူ ဟိုင်မုက နေ့တစ်၀က်အပြီးမှာပင် ရွေးချယ်ခံရခြင်းပင်။ သူသိုင်းပညာပြိုင်ပွဲတွင် ချက်ချင်းပါ၀င်ခဲ့ပြီး ပထမနေရာရှိ တပ်မှူးလဲ့ရွှမ်းကို စိန်ခေါ်ချင်ခဲ့သည်။ 

ထိုအချိန်က တပ်မှူးလဲ့ရွှမ်း မှတ်တမ်းသစ်တစ်ခုကို ရေးထိုးခဲ့သဖြင့် နတ်ဆိုးဘုရင်ပိုင်နက်၏ အထက်အဆင့်ပုဂ္ဂိုလ်များ၏ သတိထားခြင်းကို ခံခဲ့ရသည်။ 

အင်ပါယာအစောင့်တပ်ရှိ မဟာတပ်မှူးနှစ်ယောက်တွင်လည်း သူ့အပေါ်မြင့်မားသည့် မျှော်လင့်ချက်များရှိသည်။ တပ်မှူးများအနက်တစ်ယောက်က မိုလီနှင့်မိုကောတို့ ရပ်တည်နေသောနေရာဖြစ်သည့် လက်ထောက်သံတမန်ဖြစ်လာပေတော့မည်။ မိုလီ၏သေခြင်းတရားကြောင့် ဒီနေရာက လစ်လပ်နေသည်။ 

လဲ့ရွှမ်းက မဟာတပ်မှူး‌ရာထူးကို ရယူနိုင်ချေပိုများသည်။ 

ဟိုင်မုသာ လဲ့ရွှမ်းကို အနိုင်ယူပစ်ပါက လေထုကပြောင်းလဲသွားလောက်သည်။ 

ထိုအချိန်တွင် ဟိုင်မုက မဟာတပ်မှူးရာထူးအတွက် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။ 

ဒီအခိုက်အတန့်၌ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကလူတိုင်း မည်သည့်အသံမှ မထွက်ရဲဘဲ ပြိုင်ကွင်းကို စိုက်ကြည့်နေကြ၏။ သူတို့လေးနက်တင်းကျပ်သည့် လေထုကို အသက်ရှူမိသွားမည်ကိုပင် စိုးရိမ်သည့်အလား အသက်ရှူသံကိုလည်း တမင်တကာနိမ့်ထားကြသည်။ 

လဲ့ရွှမ်းကိုယ်ပေါ်က အော်ရာက အတက်အကျဖြစ်နေသည်။ ဖောင်းထွက်နေသည့် ကြွက်သားများဟူ၍ မရှိသော်လည်း သူ့၏သံမဏိကဲ့သို့ခန္ဓာက ကြီးမားသည့်ခွန်အားတစ်ခုကို ထုတ်ဖော်ပြသသည်။ ရလဒ်အဖြစ် ပတ်ပတ်လည်က လေဟာနယ်က ဖိသိပ်ခံရပုံရပြီး သူ့ခြေထောက်နံဘေးက မြေကြီးက ကွဲအက်နေသည်။ 

"ခေါင်းဆောင်လဲ့ရွှမ်းရဲ့ တုံတျင်နတ်ဆိုးကိုယ်ထည်ကျင့်စဉ်က ထပ်ပြီးတိုးတက်လာပြန်ပြီ၊ ငါတို့တပ်မှူးတွေက သူ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး"

မဟာတပ်မှူးပင်လျှင် အနည်းငယ်ခေါင်းညိတ်လိုက်မိသည်။ လဲ့ရွှမ်းက တကယ်တမ်းတွင်လည်း ရှားပါးသောပါရမီရှင်တစ်ဦးပင်။ သူက ဂျူနီယာတပ်မှူးကိုးဦးအတွင်း မဟာတပ်မှူးရာထူးကို ရယူရန်အတွက် အသင့်တော်လူလည်းဖြစ်သည်။ 

သို့စေကာမူ ပြောင်းလဲမှုတစ်ခုပေါ်လာသည်။ မဟာတပ်မှူး ပြိုင်ကွင်းထဲက ရှောင်ဟိုင်ကို ဝိရောဓိဖြစ်နေသည့်အမူအရာဖြင့် ကြည့်လိုက်၏။ 

သို့သော် ရှောင်ဟိုင်၏အမူအရာကို မြင်သောအခါ မဟာတပ်မှူးထိတ်လန့်သွားရသည်။ 

ထူးမခြားနားစွာရှိနေဆဲ။ ဂရုမစိုက်သည့်အသွင်ဟုသုံးပါက ပို၍သင့်တော်သည်။ 

ဒါကိုဖုံးကွယ်ထားသော်လည်း အပြည့်အ၀ ဖုံးကွယ်မထားနိုင်ပေ။ ရှောင်ဟိုင် မသိစိတ်ကနေ လွှမ်းမိုးနေပြီး ဘုရင်ဆန်သော အော်ရာကို ထုတ်လွှတ်သည်။ 

ဒီလူက ဘုရင်တစ်ပါးဖြစ်လာဖို့အတွက် မွေးဖွားလာသည့်အလားပင်။ 

ဒါက မွေးရာပါကျင့်ကြံနိုင်သည့် စိတ်နေအသွင်တစ်ခုမဟုတ်။ အဆင့်မြင့်ရာထူးတွင် အချိန်အတော်ကြာရှိခဲ့သည့် ဘုရင်တစ်ပါးသာလျှင် ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်ပေသည်။ 

သူ မိုထင်းအရင်ကပေးခဲ့သည့် သတင်းအချက်အလက်များကို တွေးမိသွားသည်။ 

ဒါက ဘယ်လိုလုပ် နတ်ဆိုးဘုရင်ပိုင်နက်၏ မိဘမဲ့သာမန်လူတစ်ယောက်၏ စိတ်နေသဘောထားမျိုး ဖြစ်နိုင်မည်နည်း။ 

ဒါကိုတွေးမိသောအခါ မဟာတပ်မှူး သူ့နောက်က ဒုတိယတပ်မှူးကို ညွှန်ကြားသည်။ 

"သွားပြီး ထပ်စုံစမ်းလိုက်....၊ မင်းကိုယ်တိုင်သွားပြီး ဟိုင်မုရဲ့နောက်ခံနဲ့ သူဘာတွေ့ကြုံတွေ့ခဲ့ရသလဲဆိုတာ စုံစမ်းလိုက်"

ဒါကိုကြားသောအခါ ဒုတိယတပ်မှူး၏ အမူအရာက အေးခဲသွား၏။ သူပဟေဠိဖြစ်နေသည့်တိုင် ထိုနေရာ၌ပျောက်ကွယ်သွားသည်။ 

အောက်ကစင်မြင့်တွင် နှစ်ဦးသားအကြား တိုက်ပွဲကစတင်သည်။ 

လဲ့ရွှမ်း သူ့ခွန်အားကိုဖုံးကွယ်ထားခြင်းမရှိပေ။ သူ့၏သံမဏိကဲ့သို့ခန္ဓာက ရုတ်တရက် တုန်ယင်လာပြီး အစားကျူးဆေးပြင်းဖိုတစ်ခု၏ ဟိန်းသံအလား အော်ဟစ်သံတစ်ခု ထွက်လာကာ သူ့နောက်လက်တစ်ဖက်က ရှောင်ဟိုင်ထံထိုးနှက်လိုက်၏။ 

လက်သီးအားစွမ်းအားက အဆုံးစွန်ထိ ဖိသိပ်သွားပြီး လေထဲတွင် ဆူပွက်နေသည်။ 

လေလှိုင်းများက အစားကျူးဆေးပြင်းဖိုထဲက ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်အဖြစ် ပြောင်းသွားပုံရပြီး ရှေ့သို့ တိုက်ခိုက်လာသည်။ ၎င်းကအော်ဟစ်ကာ ရှောင်ဟိုင်ထံ ခြေလက်များကို လှုပ်ရှားလာသည်။ 

လေထုက ရှောင်ဟိုင်ကိုယ်ပေါ်က အ၀တ်နက်များကို သယ်သွားသော်လည်း သူ့ခြေထောက်အစုံကမူ ထိုနေရာတွင် သံရိုက်ထားသည့်ပမာ ရှိနေသည်။ သူ့ကျောက ဖြောင်တန်းနေပြီး အမူအရာပြောင်းလဲခြင်းမရှိဘဲ သားရဲရိုင်း၏တိုက်ခိုက်မှုကို ကြည့်နေသည်။ 

သူကအမှန်တရားကို ပြောနေခြင်းပင်။ 

လဲ့ရွှမ်း၏ခွန်အားနှင့်ပင် ရှောင်ဟိုင်ကိုယ်ထဲက တိုက်ပွဲဆန္ဒကို နှိုးဆွနိုင်မည်မဟုတ်။ 

ထို့ကြောင့် သူတိုက်ခိုက်ရန်အတွက် ပဏာမခြေလှမ်းမလှမ်းခဲ့ပါ။ 

သားရဲရိုင်းရှေ့သို့ပြေး၀င်လာသောအခါ ရှောင်ဟိုင်လက်သီးတစ်ချက် ပစ်ခွင်းလိုက်၏။ 

လက်သီးချက်က တည်ငြိမ်နေပြီး မည်သည့်အော်ရာမှ မပါရှိပေ။ 

လူတိုင်း၏မျက်လုံးများက ဖြည်းဖြည်းချင်းပြူးကျယ်သွားကာ ဒီမြင်ကွင်းကို ကြည့်နေကြသည်။ 

သာမန်လက်သီးချက်တစ်ချက်က တုံတျင်သံမဏိခေါင်းက ထိုးနှက်သည်။ 

ဘန်း......!

ကျယ်လောင်သည့်အသံတစ်သံ ပဲ့တင်ထပ်သွား၏။ 

ပတ်ပတ်လည်က လေဟာနယ်က အပြင်းအထန်စတင်တုန်ခါလာသည်။

စင်မြင့်အောက်ကလူတစ်ချို့ကမူ ယိမ်းထိုးနေကြသည်။ 

လဲ့ရွှမ်း၏ တည်ငြိမ်နေသောအမူအရာက တဖြည်းဖြည်းနက်မှောင်သွားရသည်။ 

သားရဲရိုင်းလက်သီးက ချက်ချင်းကြေမွပြိုကွဲသွားရသည်။ 

အများကြီးစဉ်းစားမနေဘဲ လဲ့ရွှမ်း ရုတ်တရက် ကြမ်းပြင်ကိုတက်နင်းကာ ဒေါသတကြီးအော်ဟစ်ရင်း ရှောင်ဟိုင်ထံ ပြေး၀င်သွား၏။ 

တစ်ချိန်တည်းမှာပင် သူနောက်တစ်ဖက်ကို လက်သည်းအဖြစ် သိပ်သည်းထားပြီဖြစ်ပြီး ရှေ့သို့ဆန့်ထွက်လာသည့် ရှောင်ဟိုင်၏ လက်သီးချက်ကို ဖမ်းကိုင်လိုက်သည်။ 

ရှောင်ဟိုင်စိတ်၀င်တစားပြောသည်။ 

"ခင်ဗျားရဲ့ဒီလှုပ်ရှားမှုက အတော်လေး စိတ်၀င်စားစရာကောင်းသားပဲ၊ ကျွန်တော့်လက်မောင်းကို ချေမွအောင်လုပ်နိုင်မလားဆိုတာ ကြိုးစားကြည့်ပေါ့"

လဲ့ရွှမ်းနှာမှုတ်သည်။ 

"မင်းဆန္ဒအတိုင်းပါပဲ"

ဒီစာသားက ရိုးရှင်းစွာပင် မောက်မာနေသည်။ 

နတ်အင်ပါယာအဆင့်လက်နက်တစ်ခုပင်လျှင် တပ်မှူးလဲ့ရွှမ်း၏ နဂါးလက်သည်းကို ခံနိုင်ရည်ရှိမည်မဟုတ်။ ကိုယ်ခန္ဓာက ပိုအားကောင်းတော့ရော ဘာအရေးနည်း။ 

မဟာတပ်မှူးကလည်းထရပ်သည်။ သူ့အော်ရာက ထိုးထွက်လာပြီး ဒီမြင်ကွင်းကို လေးနက်စွာစိုက်ကြည့်ကာ ရှောင်ဟိုင်ကို အချိန်မရွေးကယ်တင်ရန် ပြင်ဆင်ထားသည်။ 

လူတိုင်းလှောင်ပြောင်လိုက်ကြစဉ် လဲ့ရွှမ်း၏ နဂါးလက်သည်းက ရှောင်ဟိုင်၏ လက်သီးကိုဖမ်းမိသည်။ 

သူရုတ်တရက်ခွန်အားကို အသုံးပြုသောအခါ လဲ့ရွှမ်းကြက်သေသေသွားရသည်။ 

သူလုံး၀ထိန်ချန်မထားခဲ့။ ဆန့်ကျင်ဘက်ပင် သူ့အကောင်းဆုံးအခြေအ‌နေကို ပြသခဲ့သည်။ 

သို့စေကာမူ နဂါးလက်သည်းက ရှောင်ဟိုင်လက်သီးကို ကုတ်ခြစ်သောအခါ နှစ်သိန်းနှင့်ချီ ပြုပြင်မွမ်းမံပြီး သံဖြစ်သည်အထိ သန့်စင်ထားသော ပင်လယ်နက်က အပိုင်းအစတစ်ခုကို ကုတ်ခြစ်မိသည့်အလား ခံစားလိုက်ရသည်။ ဒီနတ်ပစ္စည်းက နတ်သခင်အဆင့်က လက်နက်များ ထုလုပ်ရန်အတွက် အသုံးပြုသည့် အဓိကကိရိယာအလား လုံး၀တုန်ခါခြင်းမရှိပေ။ 

ရှောင်ဟိုင်အရေပြားပေါ်၌ ချိုင့်နေသည့် အရာလေးတစ်ခုပင်မရှိပါ။ 

"ဒါ....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" တိုင်တောင်တန်း သူ့ရှေ့တွင် ပြိုကျလာလျှင်ပင် အမြဲလိုလိုတည်ငြိမ်နေတတ်သည့် လဲ့ရွှမ်း၏ အမူအရာက ဒီတဒင်္ဂ၌ အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ သူ့မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားသည်။ 

အောက်ကလူများသာမက စင်မြင့်ပေါ်က တပ်မှူးများပင်လျှင် ကြက်သေသေနေကြ၏။ 

မဟာတပ်မှူးရေရွတ်သည်။ 

"ဒါဘယ်လိုရုပ်ခန္ဓာမျိုးလဲ....၊ သူ့စွမ်းအားတင်မဟုတ်ဘဲ ခွန်အားကလည်း အရမ်းမြင့်မားတယ်"

လဲ့ရွှမ်းရဲ့နဂါးလက်သည်းကို ထိပ်တိုက်ရင်ဆိုင်တာလား!

ဒီလိုဆိုပါက သူပင်လျှင် ရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်တော့။ 

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်ပြုံးရင်း ထိတ်လန့်နေသည့် လဲ့ရွှမ်းကို ကြည့်သည်။ 

"မဆိုးဘူး၊ ခင်ဗျားက တကယ်အထင်ကြီးစရာပဲ၊ ဒါပေမယ့်ကံဆိုးချင်တော့ ခင်ဗျားရဲ့ရုပ်ခန္ဓာက မသန်မာသေးဘူး"

လဲ့ရွှမ်း၏ အမူအရာကမည်းမှောင်သွားသည်။ 

သူကအခုငါ့ကိုထောက်တောင် ထောက်ပြနေပြီလား!

သူပြန်လည်ချေပတော့မည့်အချိန်တွင် ရှောင်ဟိုင်၏တခြားလက်တစ်ဖက်ကလည်း နဂါးလက်သည်းကို ဖန်တီးနေတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားရသည်။ ထို့နောက် လက်သည်းက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လဲ့ရွှမ်း၏ ဘယ်လက်ကို ကုတ်ခြစ်ပစ်သည်။ 

"အား......"

နာကျင်လှသည့်အော်ဟစ်သံတစ်သံ ထွက်လာပြီး ရှောင်ဟိုင် လဲ့ရွှမ်း၏ဘယ်လက်ကို ချေမွဖျက်ဆီးပစ်သည်။ 

"မင်းနဂါးလက်သည်းကို ဘယ်လိုသိတာလဲ"

ငါဘယ်လိုသိတာလဲ!

ရှောင်ဟိုင်ခပ်ရေးရေးပြုံးသည်။ 

မှတ်ဉာဏ်အပိုင်းအစများထဲကနေ ဒါက ငါတီထွင်ခဲ့တဲ့အရာတစ်ခုဖြစ်ပြီး နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကို ပေးခဲ့တာလေ၊ ဒီလိုဆိုရင် ငါဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလို့ ထင်လား!

သို့စေကာမူ ရှောင်ဟိုင်ဒါကို ကျယ်ကျယ်မပြောပါ။ 

မုဖူရှန်းသာဆိုပါက နဂါးလက်သည်းကိုပင် သုံးမည်မဟုတ်။ အခြေအ‌နေကိုသိသည့် တစ်ယောက်ယောက်ကသာ ဒါကိုမြင်ပါက သေချာပေါက် ထိုဦးတည်ချက်အတိုင်း တွေးတောကြမည်သာ။ 

"ဒီအရာကို တစ်ကြိမ်မြင်ပြီးတဲ့အခါကျရင် ခင်ဗျားသိလာမှာပဲ"

ရှောင်ဟိုင်ခပ်တည်တည်ပင် ဖြေလိုက်သည်။ 

ထို့နောက် သူထိတ်လန့်နေသည့် မဟာတပ်မှူးကို မော့ကြည့်ကာမေးသည်။ 

"မဟာတပ်မှူး၊ ဆက်လက်တိုက်ခိုက်နေစရာလိုမယ်လို့ ကျွန်တော်မထင်ဘူး၊ တပ်မှူးလဲ့ရွှမ်းရာထူးကို ကျွန်တော်ယူလို့ရပြီမလား'

လဲ့ရွှမ်း၏အမူအရာက ကြည့်ရဆိုးသွားသည်။ 

မဟာတပ်မှူး တုံ့ပြန်လာကာ ချောင်းဟန့်ရင်း ခေါင်းညိတ်သည်။ 

"စည်းမျဉ်းက စည်းမျဉ်းပဲ၊ မင်းတပ်မှူးလဲ့ရွှမ်းကို အနိုင်ယူလိုက်ပြီဆိုတော့ သူ့ရာထူးကို ယူလို့ရတယ်၊ ဒါပေမယ့် မင်းတပ်မှူးရာထူးကို ယူတဲ့အချိန်မှာ တပ်မှူးအဆင့်တာ၀န်တစ်ခုကို ပြီးမြောက်ဖို့လိုတယ်၊ အဲဒီနောက်မှ မင်းရဲ့လက်အောက်ငယ်သားတွေက တပ်မှူးတစ်ဦးအဖြစ် မင်းရဲ့အမိန့်ပေးနိုင်စွမ်းကို အသိအမှတ်ပြုကြမှာ"

အပိုင်း(1188) coming။ 

All Chapters