တိဝူ၏ ယုံကြည်ချက်
Vol. 018 Ch. 1784
သိပ်မကြာခင်၌ အသိပညာများ ဖြန့်ဝေပေးခဲ့သော ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရက်စက်ကြမ်းကြုတ်ပြီး မိစ္ဆာဆန်သည့် နေရာ ဖြစ်သွားကြောင်း ရွှေရောင်နတ်ပြည်ထောင်က ကြေညာချက်တစ်ခု ထုတ်ခဲ့သည်။ သူတို့သည် အထက်ကောင်းကင်ဘုံ၏ အတွင်းရေးတွင် ဝင်စွက်ဖက်ခဲ့ပြီး အထက်ကောင်းကင်ဘုံအတွင်း မဟာမိတ်ကို အကြိမ်ပေါင်းများစွာ နှောင့်ယှက်ကာ ရှီလင်နတ်မြို့တော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး အပြစ်မဲ့သူများကိုပင် သတ်ဖြတ်ခဲ့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကျင့်ကြံသူများကို လမ်းညွှန်ပေးရန် မထိုက်တန်တော့ပေ။
သည်အချိန်အတော်အတွင်း အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော နတ်နန်းတော်က မရေမတွက်နိုင်သည့် လူများစွာ၏ ယုံကြည်မှုကို ရခဲ့သည်။ သို့သော် နတ်နန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်၏ ပြစ်မှုကို လျစ်လျူရှု နှုတ်ဆိတ်နေရုံသာမက သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ရီဖူရှင်းကိုလည်း နတ်နန်းတော်တွင် ကျင့်ကြံခွင့် ပေးထားသည်က မကောင်းမှုပြုသူကို အားပေးအားမြှောက် ပြုရာရောက်နေသည်။
ရွှေရောင်နတ်ပြည်ထောင်၏ ကြေညာချက်က အထက်ကောင်းကင်ဘုံတောက်လျှောက် ပျံ့နှံသွားသည်။ တစ်ခွန်းတည်းဖြင့် သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို သူတို့၏ အင်အားကို ကိုးစားလျက် အထက်ကောင်းကင်ဘုံတွင် အနိုင်ကျင့် ကျူးကျော်နေသည်ဟု စွပ်စွဲခဲ့သည်။
တစ်ဖက်တွင်မူ ရှန့်ရှောင်းနတ်နန်းတော်က အထက်ကောင်းကင်ပုံကို သစ္စာဖောက်ခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်နှင့်အတူ ပူးပေါင်းနေပြီဖြစ်သည်။ သူတို့က အထက်ကောင်းကင်ဘုံတစ်ခုလုံးကို ပြောင်းပြန်လှန်ပြီး အင်အားစုများကို စိုးမိုးရန် ရည်ရွယ်ထားသည်။ သူတို့သည် သန့်စင်မြင့်မြတ်နယ်မြေ၏ ဂုဏ်သတင်းနှင့် မထိုက်တန်တော့ပေ။
အနည်းဆုံး စဉ်းစားဆင်ခြင်ပြီးနောက် ထို အငြင်းပွားမှုက ယုတ္တိမတန်ပေ။ ဆိုရလျှင် ရွှေရောင်နတ်ပြည်ထောင်သည် လွန်ခဲ့သည့် ရက်ပိုင်းကပင် လီနတ်ဓားမိသားစုကို သုတ်သင်ခဲ့သည်။ တခြားလူများအဖို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝေဖန်သည်က ကျိုးကြောင်းသင့်၏။ ရွှေရောင်နတ်ပြည်ထောင်အတွက်မူ ယင်းသည် အိုးက ရေနွေးကရားကို မည်းသည်ဟု ခေါ်ခြင်းနှင့် တူနေပေသည်။
အဆုံးတွင်မူ ယင်းက ရွှေရောင်နတ်ပြည်ထောင်နှင့် နတ်နန်းတော်ကြားရှိ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်သည်။ ရွှေရောင်နတ်ပြည်ထောင်က ထိုကြေညာချက်ကို ထုတ်ထားခြင်းမှာ နောင်တွင် နတ်နန်းတော်ကို တိုက်ခိုက်ရာတွင် ဆင်ခြေတစ်ခု ရှိရန်ဖြစ်သည်။
ရှီလင်နတ်မြို့တော် ပျက်စီးခြင်းအတွက်မူ ရွှေရောင်နတ်ပြည်တောင်က လုံး၀ ဂရုမစိုက်သည်မှာ သေချာ၏။
ထိုအဖြစ်အပျက်ပြီးနောက် အထက်ကောင်းကင်ဘုံထဲရှိ အခြေအနေက ပိုမတည်မငြိမ်ဖြစ်လာသည်။ ထိပ်တန်း အင်အားစုကြီးနှစ်ခု၏ အခြေအတင်ဖြစ်မှုက အထက်ကောင်းကင်ဘုံ၏ ရေမြေအနေအထားကို အပြည့်အ၀ ပြောင်းလဲပစ်လိုက်သည်။ ယခုတွင် နတ်နန်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်က အထက်ကောင်းကင်ဘုံ၏ အုပ်စိုးမှုအတွက် ပြိုင်ဆိုင်နေကြတော့သည်။
ထို့အပြင် နှစ်ဖက်လုံးကို တခြားသောအင်အားစုများက ထောက်ပံ့ပေးနေ၏။
နတ်နန်းတော်ကို ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် သူ၏ မဟာမိတ်များက ထောက်ပံ့ပေးနေသည်။ ထို့အပြင် ရွှေရောင်နတ်ပြည်ထောင်အား အပြင်ဘုံမှ အင်အားစုများက ထောက်ပံ့ထားသည်။
ထိုစဉ် ရွှေရောင်နတ်ပြည်ထောင်ရှိ ရှေးနန်းတော်တွင် လူတစ်စုက ဆွေးနွေးနေသည်။ ရွှေရောင်နတ်ပြည်ထောင်၏ အုပ်ချုပ်သူ ကိုက်ထန်နှင့် သူ၏ အစ်ကိုကြီး ကိုက်ချိန်တို့က အဖွဲ့ထဲ ရှိနေသည်။ ယင်းက အဆင့်မြင့်စည်းဝေးပွဲတစ်ခုဆိုတာ သိသာနေသည်။
ထို့အပြင် အဖွဲ့ထဲရှိ ကျန်သည့်သူများက ကိုက်ထန်နှင့် ကိုက်ချိန်ထက် အရေးပါမှု မလျော့ပေ။
“ရှီလင် နတ်မြို့တော်မှာ ဖြစ်ခဲ့တာကို မင်းတို့ ကြားပြီးပြီပဲ။ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံကနေ ငါတို့ဆီ လက်ဆန့်ပြီးနေပြီ။ ရွှေရောင်နတ်ပြည်ထောင်နဲ့ပဲ နတ်နန်းတော်ကို အနိုင်မယူနိုင်ဘူး။ ဒါကြောင့် မင်းတို့ရဲ့ အကူအညီလိုနေတယ်” ကိုက်ထန်က အခန်းကို ဝေ့ဝိုက်ကြည့်ပြီး ပြောလိုက်သည်။
နန်းတော်တွင်းရှိ ကျင့်ကြံသူများအားလုံးသည် မည်သည့်စွမ်းအင်မှ မထုတ်လွှတ်သည့်တိုင် အားလုံးက သန်မာကြပေသည်။
သူတို့က ကောင်းကင်ဒေသတွင်းရှိ အင်အားစုများမှ လာခြင်းဖြစ်သည်။
ကောင်းကင်ဒေသအပြင်ဘက်မှ ကျန်သည့် ထိပ်တန်းအင်အားစုများလည်း လေဟာနယ်ဘုံကို ဝင်ခဲ့သော်ငြား ကိုက်ထန်သည် မဟာအင်ပါယာ၏ လက်အောက်ငယ်သား တစ်ဦးဖြစ်ပြီး သူတို့နှင့် မပူးပေါင်းနိုင်ပေ။ သူက မဟာအင်ပါယာအား လေးစားမှုရှိရန်လိုသည်။
ထိုက်ချူတော်ဝင်မြေမှ ကိုယ်စားလှယ်များလည်း အဖွဲ့ထဲတွင် ရှိသည်။ ထိုက်ချူတော်ဝင်မြေမှ ဝတ်ရုံဖြူ အဘိုးအိုက အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ကိုက်ထန်၏ တောင်းဆိုချက်ကို ကြားပြီးနောက် အတွေးထဲ နစ်နေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ အင်အားနှင့် စိမ်းသက်သူ မရှိပေ။ ထိုက်ချူတော်ဝင်မြေမှ လူများသည် ကျောင်းတော်တွင် ရှိစဉ်က အံ့မခန်း ကျင့်ကြံသူများစွာနှင့် တွေ့ဖူးသည်။ ထို့ကြောင့် ရွှေရောင်နတ်ပြည်ထောင်သည် သူတို့ဘာသာ နတ်နန်းတော်ကို အနိုင်မယူနိုင်မှန်း ဝတ်ရုံဖြူအဘိုးအိုက သိပြီးသား ဖြစ်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် သူ၏ မဟာမိတ်များက ရွှေရောင်နတ်ပြည်ထောင် ခြိမ်းခြောက်နိုင်စွမ်း မရှိလောက်အောင် သန်မာလွန်းနေသည်။
ထို့ကြောင့် ရွှေရောင်နတ်ပြည်ထောင်ပြောနေပုံက စစ်ကူပို့ပေးရန် ထိုက်ချူ တော်ဝင်မြေကို တောင်းဆိုနေခြင်း ဖြစ်၏။
ကောင်းကင်ဒေသထဲရှိ ထိပ်တန်းအင်အားစု တစ်ခုအနေဖြင့် ထိုက်ချူတော်ဝင်မြေသည် လေဟာနယ်ဘုံ၌ အဖွဲ့လေးတစ်ဖွဲ့သာ တပ်ဖြန့်ထားသည်။ သူတို့၏ ပင်မအင်အားစုက ကောင်းကင်ဒေသထဲတွင် ရှိနေဆဲ ဖြစ်သည်။
ကိုက်ထန်က သူတို့ကို တပ်ဖွဲ့များ ပိုလွှတ်ပေးရန် တိုက်တွန်းနေသည်မှာ သိသာနေချေသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ သူတို့ရဲ့ မဟာမိတ်က အခု အင်အား ဘယ်လောက်ရှိလဲ” တစ်စုံတစ်ဦးက မေးလိုက်သည်။
“အင်ပါယာအတုအဆင့်အဆင့်ထဲမှာ လူတချို့တော့ ရှိတယ်” ကိုက်ထန်က ပြောသည်။
“အင်ပါယာအတုအဆင့်တဲ့လား” ထိုက်ချူတော်ဝင်မြေမှ ဝတ်ရုံဖြူ အဘိုးအိုက နှာမှုတ်ကာ “အင်ပါယာအတုအဆင့်ဆိုတာမျိုး မရှိဘူး၊ မဟာလမ်းစဉ်မှာ အနာအဆာ ရှိတဲ့သူတွေက အမြင့်ဆုံး စွမ်းအားကို ဘယ်တော့မှ မရနိုင်ဘူး၊ ရန်ဟောင်အဆင့်ကို သူတို့ အဆင့်ချိုးဖျက်တက်တယ်လို့ ပြောတာက အယောင်ဆောင်တာသက်သက်ပဲ။ ဒါကို မှန်ကန်အောင် ပြင်နိုင်ဖို့ သူတို့မှာ အခွင့်အရေး မရှိဘူး။ ပြီးတော့ သူတို့က အင်ပါယာလို့ခေါ်ရလောက်အောင် အရည်အချင်း မရှိကြဘူး၊ သူတို့ကို အင်ပါယာအတုလို့ ခေါ်တာနဲ့တင် ချဲ့ကားခေါ်ရာ ရောက်နေပြီ”
“ဒါက အခေါ်အဝေါ်ပုံစံတစ်ခုပါပဲ၊ လောကကြီးထဲမှာ ကျင့်ကြံသူ ဘယ်လောက်များများကများ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးတစ်ခု အဖြစ် ကျန်ရစ်နိုင်မှာလဲ၊ လူအများစုက သူတို့ရဲ့ အကန့်အသတ်ကို ရောက်သွားမှာ” ကိုက်ထန်က ဆက်ပြောသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ လုပ်နိုင်စွမ်းအကြောင်း ပိုပြောရကြအောင်” ကိုက်ချိန်က သူ့နှုတ်ခမ်းကို ပွတ်သပ်ပြီး ဘေးကနေ ပြောလိုက်သည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အရှင်ထိုက်ရွှမ်ရှိတယ်။ နတ်နန်းတော်မှာ အကြီးအကဲကျင့်ကြံသူတစ်ယောက် ရှိတယ်။ ဒါပေမဲ့ ကျုပ်သိသလောက်တော့ နောက်ကွယ်မှာ အဆင့်တူနောက်တစ်ယောက် ရှိသေးတယ်။ ဒါ့အပြင် သူတို့ရဲ့ မဟာမိတ်တွေထဲမှာ သောမျိုးနွယ်စု၊ ယောင်ယွဲ့ကလန်၊ ရှောင်ကလန်၊ နန်ထျန်း နတ်ပြည်ထောင်မှာ အရှင်ထိုက်ရွှမ်လို အကြီးအကဲကျင့်ကြံသူတွေကိုယ်စီ ရှိကြတယ်။ အထူးသဖြင့် အင်ပါယာနန်က အစွမ်းထက်တယ်။ ဒီကိစ္စမှာ သူ ကိုယ်တိုင် ဝင်ပါမလားတော့ ကျုပ် သေချာမသိဘူး။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်” ကိုက်ချိန်က တွက်ချက်လိုက်၏။
သူတို့က အဖျက်စွမ်းအားမြောက်မြားစွာ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ ဖြစ်သည်။
အရှင်ထိုက်ရွှမ်တစ်ဦးတည်းဖြင့် ရှီလင်နတ်မြို့တော်၏ လျိုမိစ္ဆာအိုကြီးကို ယခင်ရက်ကပင် သတ်ဖြတ်ခဲ့လေသည်။
“သူတို့မှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိနေတယ်။ ဒါတောင် ရွှေရောင်နတ်ပြည်ထောင်မှာ ကျုပ်အစ်ကိုနဲ့ ကျုပ်ပဲ ရှိတာ။ ဒါကြောင့် ခင်ဗျားတို့ကိုပဲ အားကိုးရတော့မှာပဲ” ကိုက်ထန်က ရုတ်တရက်ကြီး နှိမ့်ချရိုကျိုးစွာ ပြောလိုက်သည်။ သူသည် မတူညီသည့် အခါသမယတွင် ကွဲပြားသည့် လေသံ အသုံးပြုရမည်မှန်း သိနေသည်။
အခန်းထဲရှိ ကျင့်ကြံသူများက အတန်ငယ် တိတ်ဆိတ်သွားတော့သည်။ ထိုက်ချူတော်ဝင်မြေက အခြေအနေကို ဘဝင်မကျပေ။ ကောင်းကင်ဒေသ၏ တော်ဝင်မြေအနေဖြင့် သူတို့သည် ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံသူများစွာကို လေ့ကျင့်ပေးခဲ့သည်။ အရေမတွက်နိုင်သည့် လူပေါင်းများစွာက ထိုက်ချူတော်ဝင်မြေတွင် လေ့လာခွင့်ရရန် တောင်းပန်တိုးလျှိုးခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် အောက်ဘုံတွင် ခြေကုပ်ရယူနိုင်ရန် ရုန်းကန်ခဲ့ရပြီး သိပ်မကြာခင်ကပင် ဆုံးရှုံးနစ်နာမှုကြီးကို ခံစားခဲ့ရသည်။
သူတို့အမြင်တွင် အောက်ဘုံ၌ ကျောင်းတော် ဖန်တီးခြင်းအတွက် ထိုက်ချူတော်ဝင်မြေကို လူအများက ကျေးဇူးတင်သင့်၏။
နောက်ဆုံး ကြိုးပမ်းမှု ကျရှုံးပြီးနောက် သူတို့သည် ကောင်းကင်အာဏာစက်ဘုံမှ ထွက်ခွာခဲ့ရသည်။ သူတို့ အထက်ကောင်းကင်ဘုံသို့ ရောက်လာကတည်းက ဆိုးယုတ်သော ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူတို့၏ အစီအစဉ်ကို ပျက်စီးစေ၏။
သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်နား မသီနိုင်ခဲ့ပေ။
သို့သော် အောက်ဘုံတွင် လုံခြုံစိတ်ချရသည့် နေရာ မရခဲ့လျှင် သူတို့ မည်သည့်မျက်နှာဖြင့် ပြန်သွားရမည်နည်း။
“ခင်ဗျားတို့တွေ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ရင် ဒီကိစ္စက ခင်ဗျားတို့အတွက် ပြီးသွားပြီ၊ တခြားနည်းလမ်း ကျုပ် စဉ်းစားမယ်” ကိုက်ချိန်က ပြောသည်။
သူတို့ လက်လျှော့သင့်လား။
သူတို့ အထက်ကောင်းကင်ဘုံကို အကြောင်းပြချက်တစ်ခုကြောင့် ရွေးခဲ့တာ ဖြစ်သည်။ အခုအချိန် သူတို့ အထက်ကောင်းကင်ဘုံထဲမှ ထွက်သွားနိုင်ပါ့မလား။
ထိုက်ချူတော်ဝင်မြေက အခက်တွေ့သည့် အခြေအနေတွင် ရှိနေသည်။ သူတို့က ကောင်းကင်အာဏာစက်ဘုံမှ အထက်ကောင်းကင်ဘုံသို့ လာခဲ့သည်။ သူတို့ မည်ကဲ့သို့ ပြန်သွားနိုင်မည်နည်း။
“ဒီအကြောင်းကို ငါတို့ သေချာလေး စဉ်းစားပါရစေအုံး” ဝတ်ရုံဖြူ အဘိုးအိုက ပြောသည်။
ကိုက်ချိန်နှင့် ကိုက်ထန်က ခေါင်းညိတ်ကာ “ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ရီဖူရှင်းက ဒီလောက်မောက်မာပြီး ပြဿနာ ရှာတတ်တဲ့သူပဲ။ သူက ကျုပ်တို့ကိစ္စထဲ လာရှုပ်နေတာ။ ကောင်းကင်အာဏာစက်ဘုံကို ထိန်းချုပ်ပြီးတဲ့နောက် အထက်ကောင်းကင်ဘုံကို သူ ထိန်းချုပ်ချင်တဲ့ပုံပဲ။ ရည်မှန်းချက်ကြီးလိုက်တဲ့လူ”
မကြာမီ၌ အခန်းထဲရှိ လူများက အသီးသအီး ထွက်သွားတော့သည်။ ကိုက်ချိန်နှင့် ကိုက်ထန်က စိတ်ကျေနပ်ပုံမပေါ်ပေ။
သူတို့က မဟာမိတ်ဟု အမည်ခံထားသော်ငြား သူတို့အားလုံး၏ စိတ်ထဲတွင် ကွဲပြားသည့် ကိစ္စများ ရှိသည်။
“ဒီလူတွေက စိတ်ပါလက်ပါ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ရင် ကောင်းကင်အာဏာစက်ကျောင်းတော်က အကူအညီဘယ်လောက်ရရ အရေးမကြီးတော့ဘူး” ကိုက်ချိန်က တည်ငြိမ်သည့် လေသံဖြင့်ပြောသည်။ သူသည် ကောင်းကင်ဒေသမှ ပြန်လာခဲ့ပြီး ထိုနေရာမှ အင်အားစုများကို ကောင်းကောင်း နားလည်သည်။
သူ၏ ပန်းတိုင်က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ကောင်းကင်ဒေသမှ အဖွဲ့များအကြား ပြဿနာတစ်ခု မွှေပေးရန် ဖြစ်သည်။
ဆိုရလျှင် ရီဖူရှင်း၏ လူသိများသော ပါရမီများနှင့် လွှမ်းမိုးမှုအရ ပြဿာနာ မကြီးခင် သူ့ကို တားရမှာပဲ ဖြစ်သည်။ ရွှေရောင်နတ်ပြည်ထောင်သည် ရှီလင်နတ်မြို့တော်၏ အမှားမှ သင်ယူရန် လိုအပ်သည်။
…
နတ်နန်းတော်ကလည်း ပြင်ဆင်မှုများ လုပ်နေသည်။ အထက်ကောင်းကင်ဘုံတစ်ခုလုံးက ယခုဆို ပေါက်ကွက်လုမတတ် ဖြစ်နေသည်။
ကျန်သည့်ဘုံများက ကျင့်ကြံသူများကလည်း ယခုအချိန်တွင် အထက်ကောင်းကင်ဘုံကို ရောက်လာကြသည်။
ချက်ချင်းဘုံ နေမင်းဘုံရှိ နေမင်းနန်းတော်နှင့် ရှန်ကလန်က နတ်နန်းတော်သို့ ကျင့်ကြံသူများ ပို့လာသည်။
နေမင်းဘုံကို နေမင်းနန်းတော်က အုပ်ချုပ်နေစဉ် ကျန်သည့် အင်အားစုများက သူတို့ကို ၀တ္တရားကျေပွန်စွာ နာခံသည်။ နေမင်းဘုံတွင်းရှိ အခြေအနေက တည်ငြိမ်ပြီးဖြစ်ရာ သူတို့က တခြားဘုံများကို စတင်မျက်စိကျလာတော့သည်။
အထက်ကောင်းကင်ဘုံက အတော်လေး သက်ဝင်လှုပ်ရှားပြီး ပွဲစဉ်များနေပုံရသည်။
ထိုစဉ် ကျင့်ကြံသူတစ်ဖွဲ့က နေမင်းနတ်ငှက်များကို စီးလာကြသည်။ သူတို့ထဲတွင် တော်ဝင်ဆန်သော အငွေ့အသက်ဖြင့် ခံ့ညားသည့် လူငယ်တစ်ဦးက လက်နောက်ပစ်ကာ ရပ်နေသည်။ သူက နတ်မီးတောက်များ လွှမ်းလျက် တောက်ပသည့် အလင်း ပေးစွမ်းသည်။
ထိုလူငယ်၏ အမည်ကား တိ၀ူဖြစ်သည်။
သို့သော် တိ၀ူသည် ယခင်ကထက် ပိုသန်မာလာသည်။ သူသည် နေ၏ နတ်အလင်း ပက်ဖြန်းမှုကို ကျော်လျက် သူ့ခွန်အား၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့် တိ၀ူသည် အထက်ကောင်းကင်ဘုံတလျှောက် စီးနင်းလာရာတွင် ထောင်လွှားပြီး အထင်သေးရိပ်တစ်ခု ရှိနေသည်။
“နတ်နန်းတော်ရဲ့ ဘိုးဘေးနတ်မြေထဲမှာ နတ်ပစ္စည်းတွေ တကယ်ရှိတာလား” တိ၀ူက မေးသည်။
“ရှိတာပေါ့” နေမင်းနတ်နန်းတော်၏ စီနီယာကျင့်ကြံသူက ပြောသည်။ “ငါတို့ နေမင်းနတ်နန်းတော်က လျှို့ဝှက်နယ်မြေလိုပဲလေ၊ ရွှေရောင် နတ်ပြည်ထောင်က အဲဒါကြောင့်မို့ နတ်နန်းတော်ကို တိုက်ခိုက်ချင်နေတာပေါ့”
“ဘယ်လိုပဲဖြစ်ဖြစ် အခု ရီဖူရှင်းက နတ်နန်းတော်မှာ ကျင့်ကြံနေတာ၊ သူက အထက်ကောင်းကင်ဘုံထဲက လူတော်တော်များများကို ခြောက်လှန့်ခဲ့ပြီးပြီ”
“ရီဖူရှင်း” တိ၀ူက ရေရွတ်ပြောလိုက်သည်။ ဤရက်ပိုင်းအတွင်း ထို နာမည်ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည်။
“တိ၀ူ… သန့်စင်ခြင်းက မင်းရဲ့ အရည်အချင်းကို တိုးမြင့်စေသည်။ နေမင်းရဲ့ နတ်အလင်းကလည်း ပိုတောက်ပလာတယ်၊ မင်း အခု ရီဖူရှင်းကို အနိုင်ယူနိုင်လောက်ပြီ” နေမင်းနတ်နန်းတော်မှ အကြီးအကဲက ပြောသည်။
“မင်းမှာ အခွင့်အရေးရှိရင် နတ်နန်းတော်ရဲ့ ဘိုးဘေးနယ်မြေကနေ နတ်ပစ္စည်း ယူလိုက်၊ အဲဒါက ကျင့်ကြံတာအတွက် အကျိုးရှိလောက်မှာ”
တိ၀ူ၏ စူးရှသော မျက်ဝန်းထဲမှ နေမင်းနတ်အလင်းတန်းတစ်ခု ပေါ်လာသည်။ သူသည် ယခင်ကနှင့် မတူတော့ပေ။ အတိတ်တုန်းကမူ သူ ရီဖူရှင်းနှင့် မယှဉ်နိုင်ခဲ့မှန်း ဝန်ခံရပေမည်။ သို့သော် ယခုအချိန်တွင် ရီဖူရှင်းကို အနိုင်ယူနိုင်သည်ဟု ယုံကြည်ချက် ရှိနေပြီဖြစ်သည်။ သူ အမှန်တကယ် ပြောင်းလဲသွားချေပြီ။
လေဟာနယ်ဘုံတွင် ကသောင်းကနင်း ဖြစ်ပြီးသွားချိန်တွင် ကောင်းကင်ဒေသထဲရှိ နေမင်းနတ်ဘုရားတောင်တွင် ကျင့်ကြံပြီး အထက်လောကသို့ သွားရန် စီစဉ်ခဲ့သည်။
သူက ဤနေရာတွင် နေထိုင်မှာ မဟုတ်ပေ။ ရီဖူရှင်း လေဟာနယ်ဘုံသို့ တက်လှမ်းနိုင်ပါ့မလားဆိုတာ သူ သိချင်သည်။
***