ကျိုးတာ့လီ
Vol. 1 Ch. 4
အခုလက်ရှိအခြေအနေက တာဝန်နှစ်ခုကို ဆက်တိုက်လက်ခံရရှိပြီးနောက်မှာ ယန်ကျွန်းဇဲက အချိန်-ဟင်းလင်းပြင် မြေပုံစာအုပ်ပေါ်က အချိန်-ဟင်းလင်းပြင် အစိုင်အခဲနှစ်ခုကို မီးမှိန်မှိန်လေး လင်းစေနိုင်ခဲ့ပြီး ပထမဆုံး အချိန်ပြန်ဆုတ်တဲ့လိုင်းကို အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒီပြန်ဆုတ်တဲ့လိုင်းကနေတစ်ဆင့် သူက ၅ မိနစ်ထက် မပိုတဲ့ အချိန်နောက်ပြန်ဆုတ်ခြင်းကို ဖန်တီးနိုင်ပါတယ်။
ဟုတ်ပါတယ်။ ဒီအချိန်ပြန်ဆုတ်တဲ့လိုင်းက တည်ငြိမ်တဲ့ပုံမပေါ်တဲ့အတွက် တစ်ကြိမ်ပဲ အသုံးပြုပြီးနောက် လုံးဝငြိမ်းသွားနိုင်ပါတယ်။
တာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး သင့်လျော်တဲ့ မတူညီတဲ့အခြားတစ်ဖက်က စွမ်းအင်တွေကို ရရှိခဲ့ရင်ပဲ တည်ငြိမ်တဲ့ အချိန်-ဟင်းလင်းပြင်အစိုင်အခဲတွေကို မီးလင်းစေပြီး တည်ငြိမ်တဲ့ အချိန်ပြန်ဆုတ်တဲ့လိုင်းကို ရရှိနိုင်ပါလိမ့်မယ်။
မြေပုံစာအုပ်တစ်ခုလုံးက အစိုင်အခဲတွေအားလုံး မီးလင်းလာခဲ့ရင် သူလာခဲ့တဲ့ကမ္ဘာကို တစ်ဖန်ပြန်သွားနိုင်မလား။ ဒါမှမဟုတ် ဒီမြေပုံစာအုပ်ကို အသုံးပြုပြီး ထူးဆန်းတဲ့အဖြစ်အပျက်တွေကနေ သူ့ကိုယ်သူ ကာကွယ်နိုင်ရင် မြေပုံစာအုပ်တစ်ခုလုံး မီးလင်းလာတဲ့အခါ ပိုပြီးအံ့သြစရာကောင်းတဲ့ အရာတွေက သူ့ကို စောင့်ကြိုနေမလား။
အကယ်၍ အရာတွေက ယန်ကျွန်းဇဲ ခန့်မှန်းထားသလို တကယ်ဖြစ်လာခဲ့ရင်တော့ သူ ဒီတစ်ကြိမ်တည်းသောအခွင့်အရေးကို ဘယ်တာဝန်အရင်ဆုံး ပြီးမြောက်အောင် လုပ်ရမလဲဆိုတာကို ဂရုတစိုက်စဉ်းစားရပါလိမ့်မယ်။
ပထမဆုံးလှုံ့ဆော်ခဲ့တဲ့ တာဝန်က “ခေါင်းလျှော်ခြင်း” ဖြစ်ပြီး တာဝန်အဆင့်ကတော့ “စိတ်ပူပန်မှုဖြစ်စေခြင်း (အနိမ့်စား)”ပါ။ ဒုတိယတာဝန်ကတော့ “သန်းခေါင်ယံမှာ တံခါးခေါက်တဲ့ အဘွားအို” ဖြစ်ပြီး တာဝန်အဆင့်က “စိတ်ပူပန်မှုဖြစ်စေခြင်း (အလယ်အလတ်)” ပါ။
တကယ်တမ်းတော့ တာဝန်ဖော်ပြချက်တွေအရ “ခေါင်းလျှော်ခြင်း” က ပိုပြီးကြောက်စရာကောင်းသလို “သန်းခေါင်ယံမှာ တံခါးခေါက်တဲ့ အဘွားအို” ထက် အန္တရာယ်ပိုများပုံရပါတယ်။ ဒါပေမဲ့ တာဝန်အဆင့်အရတော့ “ခေါင်းလျှော်ခြင်း” ရဲ့အဆင့်က (အနိမ့်စား) ပဲရှိတဲ့အတွက် နောက်တစ်ခုထက် အန္တရာယ်ပိုမများဘူးဆိုတာက ထင်ရှားပါတယ်။
ဒီအချက်က ယန်ကျွန်းဇဲကို အတော်လေး ရှုပ်ထွေးစေပါတယ်။
ဒါပေမဲ့ တာဝန်ရဲ့လမ်းညွှန်ချက်တွေအရ “သန်းခေါင်ယံမှာ တံခါးခေါက်တဲ့ အဘွားအို” က အခုထိ မလှုံ့ဆော်ရသေးတဲ့ နောက်ထပ်တာဝန်ခွဲတွေရှိနေသေးတယ်လို့ ပြသနေပါတယ်။ အဆင့်အနည်းငယ် ပိုမြင့်တာက ဒီလိုအကြောင်းကြောင့်လားဆိုတာ သူ သိပ်မရှင်းပါဘူး။
ပထမဆုံး “ခေါင်းလျှော်ခြင်း” တာဝန်ကို ရွေးချယ်တာက ပိုပြီးစိတ်ချရမယ်လို့ ထင်ရပါတယ်။
ရွေးချယ်စရာတွေကို အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှာတော့ အိပ်ချင်စိတ်က သူ့ကို လွှမ်းမိုးလာခဲ့ပါတယ်။ ယန်ကျွန်းဇဲက စိတ်ကိုဆုံးဖြတ်လိုက်ပြီး မျက်လုံးတွေကို အမြန်မှိတ်ကာ အိပ်ပျော်သွားခဲ့ပါတယ်။
နောက်တစ်နေ့မနက်။
ယန်တာကော့က စောစောထပြီး ရေချိုးခန်းတံခါးကို ဖွင့်လိုက်ကာ အနီရောင်ဝတ်ထားတဲ့ ကောင်မလေး ပျောက်ကွယ်သွားပြီဆိုတာကို အတည်ပြုပြီးနောက်မှာပဲ ရေချိုးကာ စက်ရုံကို အလျင်စလိုထွက်သွားခဲ့ပါတယ်။
လီမန်လည်း စောစောထခဲ့ပါတယ်။ သန့်ရှင်းရေးကုမ္ပဏီမှာ မနက်ပိုင်းအချိန်ဇယားတွေက ပြည့်နေပြီး ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ မိသားစုနှစ်ခုရဲ့အိမ်တွေကို သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။
ယန်ကျွန်းဇဲအတွက် ခေါက်ဆွဲပြုတ်တစ်ပန်းကန် ပြုတ်ပေးပြီးနောက်မှာတော့ လီမန်က ယန်တာကော့ရဲ့နောက်ကနေ ထွက်သွားခဲ့ပါတယ်။
ယန်ကျွန်းဇဲက ခေါက်ဆွဲကို ခဏလေးအတွင်းမှာပဲ စားလိုက်ပြီး ဖုန်းကိုထုတ်ကာ ပုံမှန်ခေါ်ဆိုမှုမှတ်တမ်းတွေကို ကြည့်လိုက်ပါတယ်။ ကျိုးဟန်လို့ခေါ်တဲ့နာမည်က အကြိမ်ရေအများအပြားပါနေတာကို သတိထားမိပြီးနောက်မှာ သူက ကျိုးဟန်ရဲ့နံပါတ်ကို ခေါ်ဆိုလိုက်ပါတယ်။
မကြာခင်မှာပဲ လူငယ်တစ်ယောက်ရဲ့အသံက ဖုန်းထဲကနေ ထွက်ပေါ်လာပြီး “ဟဲလို၊ လေးစားရပါတဲ့ ကျွန်းဇဲလေး၊ မင်းအစောကြီး အဘိုးကို သတိရနေပြီလား” လို့ ပြောလိုက်ပါတယ်။
အချစ်ဆုံးသူငယ်ချင်း၊ ဒီအသံက ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ရပါလိမ့်မယ်။
ယန်ကျွန်းဇဲက သူမှန်အောင်ခန့်မှန်းခဲ့တယ်ဆိုတာ သိလိုက်ပြီး “ကျိုးဟန်၊ ငါတို့ ရပ်ကွက်အဝင်ဝကို လာခဲ့။ ငါတို့ကျောင်းကို အတူတူသွားကြမယ်” လို့ ပြောလိုက်ပါတယ်။
“မင်းငါ့ကို ဘာခေါ်လိုက်တာလဲ” ကျိုးဟန်က တစ်ဖက်ကနေ အံ့သြနေတဲ့ပုံနဲ့ ပြောလိုက်ပါတယ်။
“မင်းရဲ့အပိုစကားတွေအတွက် ငါ့မှာ အချိန်မရှိဘူး” ယန်ကျွန်းဇဲက သူ့အသံကို တမင်ခပ်လေးလေးပြောလိုက်ပြီး “မြန်မြန်လာဖို့ သတိရ။ မင်းရောက်ရင် ဖုန်းဆက်လိုက်၊ ပြီးရင် ငါဆင်းလာခဲ့မယ်” လို့ ပြောလိုက်ပါတယ်။
“ကောင်းပြီ၊ မင်းအရူးလေး တစ်ခုခုဆိုးဆိုးရွားရွားလုပ်ထားတာ ဖြစ်ရမယ်” ကျိုးဟန်က ခပ်ဟဟရယ်မောလိုက်ပြီး “စိတ်မပူပါနဲ့၊ ငါ၊ ကျိုးတာ့လီက မင်းရဲ့ခိုင်မာတဲ့ ညီအစ်ကိုကြီးပါ၊ ဘာပဲဖြစ်ဖြစ် မင်းဘေးမှာ ရပ်တည်ဖို့ အဆင်သင့်ပါပဲ” လို့ ပြောလိုက်ပါတယ်။
ဖုန်းချပြီးနောက်မှာ ယန်ကျွန်းဇဲက နည်းနည်းစဉ်းစားလိုက်ပြီး “ဒီေကာင်ရဲ့နာမည်ပြောင်က ကျိုးတာ့လီလား၊ ဒါမှမဟုတ် ခိုင်မာတဲ့ ညီအစ်ကိုကြီးလား” လို့ ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်ပါတယ်။
မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေမရှိတဲ့အတွက် ကျောင်းကဘယ်မှာလဲဆိုတာကို မသိတာကြောင့် ယန်ကျွန်းဇဲက ကျိုးဟန်ကို သူ့ကိုလာခေါ်ခိုင်းဖို့ အကြောင်းပြချက်နဲ့ ဒီနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ အတန်းဖော်တွေနဲ့ အပြန်အလှန်ဆက်သွယ်တာက အရင်လိုဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ယန်ကျွန်းဇဲက ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုပြီး နည်းနည်းရှုပ်ထွေးနေတဲ့ ကောင်လေးပုံရိပ်ကို ဖန်တီးကာ အရင်နဲ့ကွဲပြားတဲ့ အပြုအမူတွေ လုပ်ဖို့ ပြင်ဆင်လိုက်ပါတယ်။
“ပုံမှန်အားဖြင့် သူ့ကို ခိုင်မာတဲ့ ညီအစ်ကိုကြီးလို့ မခေါ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုမျိုး ခေါ်ဝေါ်ပုံက… မိန်းမဆန်တယ်” ယန်ကျွန်းဇဲက ထရပ်ပြီး သူ့မိဘတွေရဲ့ အိပ်ခန်းဘက်ကို ဦးတည်လိုက်ပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ယန်တာကော့က ရေချိုးခန်းသော့ကို ယူမသွားခဲ့ဘဲ ကုတင်ဘေးစားပွဲပေါ်မှာ ထားခဲ့ပါတယ်။
တူညီတဲ့သော့ (၃) ချောင်းရှိပြီး အားလုံးက သော့ချိတ်တစ်ခုတည်းမှာပါ။
ယန်ကျွန်းဇဲက အဲ့ဒီထဲက သော့တစ်ချောင်းကို ထုတ်လိုက်ပြီး သူ့အိပ်ခန်းသော့တစ်ချောင်းကို ဖယ်လိုက်ကာ အဲ့ဒီနေရာမှာ အစားထိုးလိုက်ပါတယ်။
သော့တွေက တူညီပြီး သော့ရဲ့ပုံစံကလည်း အနည်းငယ်ပဲ ကွာခြားပါတယ်။ သော့ရဲ့သွားတွေကို အနီးကပ်ကြည့်မှပဲ ပြောင်းလဲလိုက်တာကို သတိထားမိမှာပါ။
သော့တွေကို ပြောင်းပြီးနောက်မှာ ယန်ကျွန်းဇဲက ညဘက် “ခေါင်းလျှော်ခြင်း” တာဝန်ကို လုပ်ဆောင်ဖို့ ပြင်ဆင်ရင်း ဖယ်လိုက်တဲ့ ရေချိုးခန်းသော့ကို သူ့အနားမှာပဲ ထားလိုက်ပါတယ်။
ခဏလောက်စောင့်ပြီးနောက်မှာ သူ့ဖုန်းမြည်လာခဲ့ပါတယ်။ ကျိုးဟန်ရဲ့အသံက စပီကာဖုန်းကနေ ထွက်ပေါ်လာပြီး ရပ်ကွက်အဝင်ဝကို ရောက်ပြီလို့ ပြောပါတယ်။
ယန်ကျွန်းဇဲက သူ့ရဲ့လွယ်အိတ်ကိုယူပြီး အိမ်ကနေထွက်လာကာ နောက်မှာ တံခါးကို လော့ချပြီး အောက်ထပ်ကို ဦးတည်သွားခဲ့ပါတယ်။
သူတို့ရဲ့လူနေရပ်ကွက်နာမည်က FH ရပ်ကွက် ပါ။ အနည်းဆုံး အနှစ်လေးဆယ်လောက်သက်တမ်းရှိပြီဖြစ်တဲ့ အိမ်အိုကြီးတွေပါ။ အမြင့်ဆုံးအဆောက်အအုံက (၇) ထပ်ပဲရှိပြီး ယန်ကျွန်းဇဲက အထပ် (၅) ထပ်ပါတဲ့ အဆောက်အအုံအမှတ် (၇) မှာ နေပါတယ်။ သူ့အိမ်ကတော့ (၄) ထပ်မှာပါ။
သန်းခေါင်ယံမှာ တံခါးခေါက်တဲ့ အဘွားအိုဖြစ်တဲ့ ရန်အဘွားအိုကတော့ အထပ် (၅) မှာ နေပါတယ်။
ရပ်ကွက်အပြင်ကို မထွက်ခင်မှာ ယန်ကျွန်းဇဲက အထပ် (၅) ကို ပြန်လှည့်ကြည့်လိုက်ပါတယ်။ အဲ့ဒီမှာ မိသားစု (၄) စု နေထိုင်ပြီး ဘယ်အိမ်က ရန်အဘွားအိုရဲ့အိမ်လဲဆိုတာ သူ မသိပါဘူး။ ဒါပေမဲ့ အထပ် (၅) တစ်ခုလုံးက ထူးဆန်းစွာနဲ့ တိတ်ဆိတ်နေပြီး ဘယ်သူမှ ဝင်ထွက်တာမရှိတာကြောင့် မှုန်မှိုင်းနေတဲ့ လေထုကို ထုတ်လွှတ်နေပါတယ်။
ရပ်ကွက်အဝင်ဝမှာတော့ လွယ်အိတ်တစ်လုံးနဲ့ ကောင်လေးတစ်ယောက် ရပ်နေပါတယ်။ သူ့ကိုမြင်လိုက်တာနဲ့ ယန်ကျွန်းဇဲက ဒီကောင်လေးကို ဘာလို့ “ကျိုးတာ့လီ”လို့ နာမည်ပြောင် ပေးကြလဲဆိုတာ နားလည်လိုက်ပါပြီ။
ခန္ဓာကိုယ်အရွယ်အစားနဲ့ တွက်မယ်ဆိုရင် ကျိုးဟန်က သွယ်လျတဲ့ ယန်ကျွန်းဇဲ သုံးယောက်နဲ့ ညီမျှနေပါတယ်။ သူ့ရဲ့ကိုယ်လက်အင်္ဂါတွေကလည်း သံတူရွင်းတွေလိုပဲ တုတ်ခိုင်နေပါတယ်။
ဒီကောင်လေးက တိုက်ခိုက်ရေးသမားမိသားစုမှာ မွေးဖွားလာတာလားလို့ ယန်ကျွန်းဇဲ တွေးလိုက်ပါတယ်။
သို့သော်လည်း ဒီကမ္ဘာက ကမ္ဘာနဲ့မတူပေမဲ့ စွမ်းအားကြီးတဲ့ မြို့ပြတွေ ဒါမှမဟုတ် နတ်အသက်ရှည်ဖို့ လေ့ကျင့်တာတွေ ပါဝင်မနေဘူးဆိုတာကို ရက်အနည်းငယ်ကြာ သိကျွမ်းပြီးနောက် သူ သိခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့ အကြောင်းအရာတွေက ဒီလောက်အများကြီး မရှိပါဘူး။
ခုတော့ သရဲတစ္ဆေနှိမ်နင်းသူတွေကသာ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကိုင်တွယ်နိုင်ပါတယ်။ ဒါကြောင့် ကျိုးတာ့လီက နွားသိုးလိုပဲ သန်မာနေရင်တောင်မှ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ ကြုံလာရင် သူ အသုံးမဝင်ပါဘူး။
“မင်းရောက်လာပြီ။ မင်းဘာပြောချင်တာလဲ”
ကျိုးဟန်ရဲ့အသံက သူ့ခန္ဓာကိုယ်နဲ့ တစ်ဆက်တည်းပါပဲ။ သူ စကားပြောတဲ့အခါ အော်နေသလိုဖြစ်နေပြီး အနီးအနားက လမ်းသွားလမ်းလာတွေကို ရုတ်တရက်ထိတ်လန့်စေပြီး အံ့အားသင့်တဲ့အကြည့်တွေကို ဆွဲဆောင်နေပါတယ်။
ယန်ကျွန်းဇဲက ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ပြီး သူ့လက်ကိုဝှေ့ယမ်းကာ ကျိုးဟန်နဲ့လက်ချင်းချိတ်ပြီး ကျိုးဟန်က ဦးဆောင်နေသလိုမျိုး ရွှင်ထျန်း အထက်တန်းကျောင်းအမှတ် (၃) ကို ဦးတည်သွားခဲ့ပါတယ်။
ကျိုးဟန်က ဘတ်စ်ကားစီးဖို့ အကြံမပေးခဲ့သလို ယန်ကျွန်းဇဲကလည်း ဘာမှမပြောခဲ့ပါဘူး။ သူက အရင်ညက ရေချိုးခန်းထဲမှာ ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်ကို ဖော်ပြခဲ့ပါတယ်။ ကျိုးဟန်ကတော့ ရှုပ်ထွေးသွားခဲ့ပါတယ်။
“ထူးဆန်းတဲ့အဖြစ်အပျက်တွေအ
ကြောင်း ပြောရမယ်ဆိုရင် မင်းရဲ့ရပ်ကွက်က တကယ်ပဲ ဟောင်းနွမ်းနေပြီ၊ အဲ့ဒီအရာတွေဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေက အတော်လေးမြင့်ရမယ်။ ငါ့ရပ်ကွက်ကတော့ အိမ်တွေကို မနှစ်ကမှ အပ်တာ။ အိမ်တွေအားလုံး အိမ်သစ်တွေ၊ အားလုံးက ပျော်ရွှင်ချမ်းမြေ့ပြီး စည်ပင်ဝပြောတဲ့ခေတ်မှာ နေထိုင်ကြတာ၊ ထူးဆန်းတဲ့အရာတွေလည်း မရှိဘူး။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အများကြီးပိုပြီး လုံခြုံတယ်” လို့ ကျိုးဟန်က ပြောလိုက်ပါတယ်။
“ဒါပေမဲ့…” ကျိုးဟန်ရဲ့လေသံက ပြောင်းလဲသွားပြီး “ဒီဘက်ခေတ်မှာတော့ မင်းတကယ်မပြောနိုင်ဘူး။ “ရာစုသစ်”လူနေရပ်ကွက်ရဲ့ ရင်ပြင်မှာ အများသုံးအိမ်သာရှိတယ် မဟုတ်လား။ အဲ့ဒီမှာ နှစ်ပတ်ဆက်တိုက် ဘယ်သူမှ အိမ်သာကို သွားသုံးရဲခြင်း မရှိဘူးလို့ ငါပြောမယ်”လို့ ပြောလိုက်ပါတယ်။
“မင်းပြောတာက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာ မဟုတ်ဘူးလား” ယန်ကျွန်းဇဲက ရယ်စရာကောင်းတယ်လို့ ထင်မိပြီး “ဘာလို့လဲ” လို့ ပေါ့ပေါ့ပါးပါး မေးလိုက်ပါတယ်။
သူ ပြောနေရင်းမှာပဲ ခေါင်းမော့လိုက်တော့ ရွှင်ထျန်း အထက်တန်းကျောင်းအမှတ် (၃) ရဲ့ တံခါးကို မြင်လိုက်ရပါတယ်။
သူနေတဲ့ FH ရပ်ကွက်က ကျောင်းကနေ ဆယ်မိနစ်လောက်သာ ဝေးပါတယ်။ ဒီလောက်နီးတယ်ဆိုတာကို သိခဲ့ရင် ကျိုးဟန်ကို လာခေါ်ခိုင်းဖို့မလိုဘဲ လမ်းလျှောက်တာနဲ့ပဲ တွေ့နိုင်ခဲ့မှာပါ။
ကျိုးဟန်ကတော့ ယန်ကျွန်းဇဲရဲ့အမူအရာကို သတိမထားမိဘဲ ဆက်ပြောခဲ့ပါတယ်။ “အဲ့ဒီအများသုံးအိမ်သာမှာ အနီရောင်ဖိေဒါက်နပ်စီးထားတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်လို့ ပြောကြတယ်။ တစ်ယောက်ယောက်က အိမ်သာကိုသွားဖို့ ဝင်လိုက်တာနဲ့ အဲ့ဒီဖိနပ်အနီရောင်ရဲ့ တချောက်ချောက်အသံက စလာပြီး မကြာခင်မှာပဲ အိမ်သာခန်းရဲ့ အပြင်ဘက်ကို ရောက်လာတယ်တဲ့။ အတန်း (၆) က ဝမ်ရှိချောင်ကို မင်းသိလား၊ အဲ့ဒီဖက်တီးကောင်ကိုလေ”လို့ ပြောလိုက်ပါတယ်။
ယန်ကျွန်းဇဲက အဲ့ဒီလူကို လုံးဝမသိပေမဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။
“ဝမ်ရှိချောင်နဲ့ ငါက ရပ်ကွက်အတူတူပဲ။ အဲ့ဒီကောင်က ဒီစနေ၊ တနင်္ဂနွေမှာ ရင်ပြင်မှာ ဘတ်စကက်ဘော ကစားခဲ့ပြီး ဗိုက်နာလို့ အိမ်သာထဲကို ပြေးဝင်ခဲ့တယ်” ကျိုးဟန်က အသေးစိတ်ပြန်ပြောပြခဲ့ပါတယ်။ “နောက်ပိုင်းတော့ ဖက်တီးအပေါ့သွားနေတုန်းမှာ အနီရောင်ဖိနပ်တွေက ရောက်လာတယ်လို့ ငါကြားခဲ့ရတယ်။ အိမ်သာတံခါးအောက်က ကနေ မြင်ရတယ်၊ ဝမ်ရှိချောင် အပေါ့သွားနေတဲ့ အပြင်ဘက်မှာ ရပ်နေတာ” လို့ ပြောလိုက်ပါတယ်။
“သူတို့ပြောတာကတော့…” ကျိုးဟန်က ခဏရပ်လိုက်ပြီး သူ့မျက်နှာပေါ်မှာ လေးစားမှုတွေနဲ့အတူ အပေါ် ၄၅ ဒီဂရီထောင့်ကို မော့ကြည့်လိုက်ပါတယ်။ “ဖက်တီးက အရမ်းလန့်သွားတာကြောင့် အိမ်သာထဲမှာ ညာဘက်နဲ့ ဘယ်ဘက်ကို အညီအမျှ (၃) ပိုင်း ပိုင်းလိုက်တဲ့ ‘ဝမ်းဖြတ်တဲ့စွမ်းရည်’ ကို အတင်းအကျ အသုံးပြုခဲ့ရတယ်၊ ဖင်တောင်မသုတ်ဘဲ၊ နောက်ဆုံးတော့ ဘောင်းဘီကိုမနည်းဆွဲတင်ပြီး အိမ်သာနှစ်ခန်းကို ကျော်တက်ကာ ဆဲဆိုပြီး အိမ်သာကနေ အလျင်စလိုထွက်ပြေးခဲ့တယ်တဲ့။ အဲ့ဒီကောင် အိမ်ပြန်ရောက်တော့ ကုတင်ပေါ်ကနေ မထနိုင်တော့ဘူး။ သူ့အဖေကလည်း အတန်းပိုင်ဆီမှာ ဖျားနာခွင့် တိုင်ပြီးသား” လို့ ပြောလိုက်တယ်။