← Chapters

ခေါင်းလျှော်ခြင်း (အပိုင်း ၂)

Vol. 1 Ch. 6

ခေါင်းလျှော်ခြင်း (အပိုင်း ၂)

Vol. 1 Ch. 6

ယခုဘဝရဲ့ မိဘနှစ်ပါး စကားပြောတာကို ခိုးနားထောင်ပြီးနောက် ယန်ကျွန်းဇဲရဲ့ရင်ထဲမှာ ရှင်းပြလို့မရတဲ့ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပါတယ်။ သူတို့အပေါ် မူလခံစားချက် မရှိခဲ့ပေမဲ့လည်း ချစ်ခင်မှုကိုတော့ ခံစားရပါတယ်။

ဒါပေမဲ့ မနေ့ညက တကယ်ပဲ အနားရမှုမရှိခဲ့ဘဲ စိတ်လှုပ်ရှားမှုတွေကို မခံစားရခင်မှာပဲ အိပ်ပျော်သွားခဲ့ပါတယ်။

သူနိုးလာတော့ ညဉ့်နက်နေပြီဖြစ်ပါတယ်။

ယန်ကျွန်းဇဲ အလန့်တကြား ထထိုင်ပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့ရှေ့က ကမ္ဘာကြီးက မှုန်ဝါးနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီအခါမှပဲ ယခုခန္ဓာကိုယ်က မျက်မှန်လိုအပ်တယ်ဆိုတာကို သတိရပြီး သူ့မျက်မှန်ကို လက်လှမ်းယူကာ အလျင်အမြန် တပ်လိုက်ပါတယ်။

ဖုန်းကိုကြည့်လိုက်တော့ မနက် ၁ နာရီ ၃ မိနစ် ရှိနေပါပြီ။

အခန်းအပြင်က အသံတွေကို နားစွင့်ကြည့်လိုက်တော့ ဘာသံမှမကြားရတာကြောင့် ယန်တာကော့နဲ့ လီမန်တို့ အိပ်ပျော်နေပြီလို့ ယူဆလိုက်ပါတယ်။

ကံကောင်းစွာနဲ့ပဲ မစ်ရှင်က ရှင်းရှင်းလင်းလင်းရှိပါတယ်။ သူလုပ်ရမှာက သန်းခေါင်ယံနောက်ပိုင်း ရေချိုးခန်းထဲမှာ တစ်ကြိမ်ခေါင်းလျှော်ဖို့ပဲလိုပါတယ်။

သန်းခေါင်ယံအချိန်အတိအကျမှာ လျှော်ရမယ်လို့ မဖော်ပြထားတာကြောင့် ၁၂ နာရီကျော်သွားရင်တောင် အနီရောင်ဝတ်စုံနဲ့ ကလေးမလေး ခေးအာ ရှိနေသရွေ့ ခေါင်းလျှော်တာ ပြီးစီးခဲ့ရင် မစ်ရှင်ပြီးစီးတယ်လို့ သတ်မှတ်မှာပဲဖြစ်ပါတယ်။

ယန်ကျွန်းဇဲက အိပ်ရာကနေ ခြေသံဖွဖွလေး ဆင်းလိုက်ပြီး အဝတ်အစားထဲက အပိုသော့ကို ထုတ်ယူကာ အိပ်ခန်းတံခါးကို ဖွဖွလေးဖွင့်ပြီး ခြေဖျားထောက်ကာ စင်္ကြန်လမ်းပေါ်သို့ ထွက်လာခဲ့ပါတယ်။

သူ မီးမဖွင့်ရဲပါဘူး၊ ဖုန်းရဲ့ မှိန်မှိန်လေးသာရတဲ့ အလင်းကိုသုံးပြီး သော့ကိုယူကာ ရေချိုးခန်းတံခါးသော့ပေါက်ထဲကို ဖြည်းဖြည်းချင်း ထည့်လိုက်ပါတယ်။

၅စက္ကန့်၊ ၆ စက္ကန့်လောက်ကြာတော့ အသံမထွက်စေဘဲ သော့ကို အပေါက်ထဲ အပြည့်ထည့်လိုက်နိုင်ပါတယ်။ ထို့နောက် ယန်ကျွန်းဇဲက သော့ခလောက်ကို ဖြည်းဖြည်းချင်းလှည့်ပြီး သော့ဖွင့်ဖို့ ပြင်ဆင်လိုက်ပါတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေပြီး ဧည့်ခန်းထဲက နာရီသံကလွဲရင် ဘာသံမှမရှိပါဘူး။

မှောင်မိုက်မှုက ရေလှိုင်းတစ်ခုလို ယန်ကျွန်းဇဲရဲ့အမြင်အာရုံကို လုံးဝဖုံးလွှမ်းဖို့ ခြိမ်းခြောက်နေပါတယ်။

ဖုန်းဆီက မှိန်တဲ့အလင်းကလည်း အမှောင်ထုကို မနည်းခုခံနေရပါတယ်။

သော့ကို နှစ်ပတ်လှည့်လိုက်တဲ့အခါ သော့ခလောက်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ အေးစက်စက်ခံစားမှုတစ်ခုက ယန်ကျွန်းဇဲရဲ့လက်ထဲသို့ ရောက်လာပါတယ်။ ဒါဟာ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်တာလား ဒါမှမဟုတ် အမှန်တကယ်ပဲ အေးနေတာလားဆိုတာကို သူ မသိပါ‌ဘူး။

ဒါပေမဲ့ ယန်ကျွန်းဇဲက ရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။

နောက်တစ်ပတ်လောက် ထပ်လှည့်လိုက်တာနဲ့ သော့ခလောက်ပွင့်သွားတဲ့အခါ ကလစ်ကနဲ အသံထွက်လာမှာကို သူ့မိဘတွေ နိုးသွားမှာ စိုးရိမ်နေမိပါတယ်။

ယန်ကျွန်းဇဲက အသက်ပြင်းပြင်းရှူပြီး သွားကိုတင်းတင်းကိုက်လိုက်ပါတယ်။

သော့ကို လှည့်ဖို့အားစိုက်လိုက်တာနဲ့ သူ့လျှာက မရည်ရွယ်ဘဲ ပါးစပ်အပေါ်ပိုင်းကို ဖိမိသွားပါတယ်။

ကလစ်!

သော့ပွင့်သွားပါပြီ။

ယန်ကျွန်းဇဲက တံခါးဝမှာ ရပ်ပြီး အုံ့မှိုင်းနေတဲ့လေကို ရှူထုတ်လိုက်ပါတယ်။

သူ သေချာနားထောင်ကြည့်တော့ သူ့မိဘတွေရဲ့ အိပ်ခန်းကနေ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။

နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူပြီး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်ပါတယ်။

တံခါးဖွင့်လိုက်တော့လည်း ဘာအသံမှ မထွက်ပါဘူး။

တံခါးဖွင့်ပြီးတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ယန်ကျွန်းဇဲက မီးခလုတ်ကိုရှာပြီး ချက်ချင်းဖွင့်လိုက်ပါတယ်။

ရေချိုးခန်းမီးဖွင့်လိုက်တာက ပိတ်ထားတဲ့ အိပ်ခန်းထဲမှာ အိပ်နေတဲ့ သူ့မိဘတွေကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ အလင်းရောင်က ရေချိုးခန်းအပြင်ဘက် စင်္ကြန်လမ်းရဲ့ နေရာလေးတစ်ခုကိုသာ လင်းစေပါတယ်။

ရေချိုးခန်းတံခါးဖွင့်တာနဲ့တင် ဒီလုပ်ငန်းစဉ်တစ်ခုလုံးက “Mission Impossible” ရိုက်ကူးနေရသလို ခံစားရပါတယ်။ ဒီအချိန်မှာတော့ ယန်ကျွန်းဇဲက Tom Cruise အဖြစ် ပြောင်းလဲသွားတယ်လို့ တကယ်ပဲ ထင်ယောင်ထင်မှားဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူက ချစ်ပ်ပြားကို ခိုးဖို့မဟုတ်ဘဲ လည်ပင်းရစ်ပြီး ခြေထောက်ကျိုးနေတဲ့ အနီရောင်ဝတ်စုံနဲ့ ကလေးမလေးကို ရင်ဆိုင်ဖို့အတွက် ဖြစ်နေပါတယ်။

မီးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ယန်ကျွန်းဇဲရဲ့ အကြည့်က ရေချိုးခန်းတစ်ခုလုံးကို လျှောက်ကြည့်လိုက်ပါတယ်။ သူ အနီရောင်ဝတ်စုံနဲ့ ကလေးမလေး ခေးအာ ရဲ့ပုံရိပ်ကို မတွေ့ပါဘူး။

သူ့ရဲ့နေရာကနေ တံခါးနောက်ကွယ်ကို မမြင်နိုင်တာကတော့ သေချာပါတယ်။

ရေချိုးခန်းထဲကို အပြည့်ဝင်ပြီးမှသာ ဖြစ်နိုင်တဲ့နေရာတွေအားလုံးကို လှမ်းကြည့်နိုင်ပြီး အနီရောင်ဝတ်စုံနဲ့ ကလေးမလေးက သူ့ရဲ့နောက်ကျောကို တိုက်ပြီး ထောင့်တစ်နေရာရာမှာ ရပ်နေလားဆိုတာကို သေချာစေမှာ ဖြစ်ပါတယ်။

ယန်ကျွန်းဇဲက အကုန်လုံးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တံခါးဝမှာရပ်ပြီး သူ့မိဘတွေရဲ့ အိပ်ခန်းကို တစ်ချက်ထပ်ကြည့်လိုက်ပါတယ်။ ဘာအသံမှမထွက်လာတာကြောင့် ယန်တာကော့နဲ့ လီမန်တို့က ကောင်းကောင်းအိပ်ပျော်နေတယ်ဆိုတာ သိသာနေပါတယ်။

သူ သူ့ရဲ့စိတ်ထဲကနေ အချိန်-ပာင်းလင်းပြင်လမ်းပြမြေပုံကို ဆွဲလိုက်တော့ မှိန်မှိန်လေး တောက်ပနေတဲ့ ဆုံမှတ်နှစ်ခုနှင့် သူတို့ကို ဆက်သွယ်ထားတဲ့ နောက်ပြန်ဆုတ် လိုင်းက သူ့မျက်စိရှေ့မှာ ပေါ်လာပါတယ်။

ဒါက အခွင့်အရေးတစ်ကြိမ်သာဖြစ်နိုင်တာမို့ ဒီ နောက်ပြန်ဆုတ်လိုင်းကို သူ ကောင်းကောင်းအသုံးချရပါမယ်။

ယန်ကျွန်းဇဲက နောက်ပြန်ဆုတ်လိုင်းဟာ ၅ မိနစ်ထက် မကျော်နိုင်ဘူး၊ [ခေါင်းလျှော်ခြင်း] တာဝန်ကို ၃ မိနစ်အတွင်းမှာ ပြီးစီးရမယ်ဆိုတာကို သိပါတယ်။

ဒါဆို သူက နောက်ပြန်ဆုတ်လိုင်းရဲ့စမှတ်ကို ရေချိုးခန်းထဲဝင်တဲ့အချိန်မှာ သတ်မှတ်ပြီး နောက်ဆုံးမှတ်ကို ၅ မိနစ်အကြာမှာ သတ်မှတ်နိုင်ပါတယ်။

သူ လျင်မြန်စွာလှုပ်ရှားပြီး ရေချိုးခန်းထဲဝင်တာနဲ့ အချိန်မဆွဲဘဲ ခေါင်းလျှော်တာကို ချက်ချင်းစပြီး ၃ မိနစ်အောက်မှာ ပြီးစီးမယ်ဆိုရင် နောက်ပြန်ဆုတ်လိုင်းရဲ့ စုစုပေါင်း ၅ မိနစ်ကို ကျော်လွန်သွားမှာ မဟုတ်ပါဘူး။

ဒီအချိန်အတွင်းမှာ တစ်ခုခုဖြစ်ခဲ့ရင် ယန်ကျွန်းဇဲက သူရဲ့ တစ်ခုတည်းသော အခွင့်အရေးကို နောက်ပြန်ဆုတ်လိုင်းလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

စိတ်ထဲမှာ အစီအစဉ်တစ်ခုလုံးကို တွေးပြီးနောက်မှာတော့ ယန်ကျွန်းဇဲက တံခါးရှေ့မှာ ရပ်ပြီး အသက်ပြင်းပြင်း အကြိမ်များစွာ ရှူလိုက်ပါတယ်။ သူက ဖုန်းမျက်နှာပြင်ကို ပွင့်နေအောင် ထားပြီး တိုင်မာ ကိုဖွင့်ကာ ၃ မိနစ်အကြာမှာ သတိပေးဖို့ သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ သူက ချက်ချင်း ရေတွက်မှု မစသေးဘဲ လက်ရှိအချိန်ကို နောက်ပြန်ဆုတ်လိုင်းလိုင်းရဲ့စမှတ်အဖြစ် စိတ်ထဲမှာ မှတ်သားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အချိန်-ပတ်လမ်းပြမြေပုံထဲက ပထမဆုံး ဆုံမှတ် က ချက်ချင်း ဆုံမှတ်မှိန်သွားခဲ့ပါတယ်။

စမှတ်ကို အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ပါပြီ။

အဲ့ဒီနောက် ယန်ကျွန်းဇဲက နောက်ပြန်ဆုတ်လိုင်းလိုင်းရဲ့ နောက်ဆုံးမှတ်ကို ၅ မိနစ်အကြာမှာ သတ်မှတ်ဖို့ စဉ်းစားလိုက်တဲ့အခါ အချိန်-ပတ်လမ်းပြမြေပုံထဲက ဒုတိယ ဆုံမှတ် ကလည်း ချက်ချင်း မှိန်သွားခဲ့ပါတယ်။

နောက်ဆုံးမှတ်ကို အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ပါပြီ။

“လာပြီ”

ယန်ကျွန်းဇဲ ရေချိုးခန်းထဲကို ဝင်လိုက်ပြီး တံခါးကို ဖွဖွလေး ပြန်ပိတ်လိုက်ပါတယ်။

တံခါးပိတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ သူက အလျင်အမြန်လှည့်လိုက်ပြီး ရေချိုးခန်းရဲ့ ထောင့်တိုင်း၊ တံခါးနောက်ကွယ်ကိုပါ စကန်ဖတ်ကြည့်လိုက်ပေမဲ့ ခေးအာ ရဲ့ အနီရောင်ပုံရိပ်ကို မတွေ့ခဲ့ပါဘူး။

ကလေးမလေးကို မမြင်ရပေမဲ့ ဒါက မစ်ရှင်ကို ဆက်လက်လုပ်ဆောင်ရာမှာ သက်ရောက်မှု မရှိပါဘူး။

ယန်ကျွန်းဇဲက ကြွေခွက်ရှေ့ကို ရွေ့ပြီး မှန်ကို မျက်နှာမူလိုက်ပါတယ်။

မှန်ထဲမှာတော့ မေးရိုးချွန်ချွန်မျက်နှာနဲ့ အနည်းငယ်ရှုပ်ပွနေတဲ့ ဆံပင်တွေ၊ မျက်မှန် ၃၀၀ ဒီဂရီကျော်လောက် တပ်ထားတဲ့သူကို တွေ့လိုက်ရပါတယ်။

သူ့ရဲ့မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်နေပြီး သူ့ရဲ့မျက်လုံးတွေကလည်း မှန်ထဲကနေ သူ့ရဲ့နောက်ကျောဘက်ကို တစ်ချက်တစ်ချက်ကြည့်နေခဲ့ပါတယ်။

မစိုးရိမ်ဘူးလို့ ပြောရင်တော့ မဖြစ်နိုင်ပါဘူး။ ပထမဆုံးအနေနဲ့ ယန်ကျွန်းဇဲက သူ့ရဲ့ချိန်ညှိထားတဲ့ဖုန်းကို မှန်အောက်မှာ ထားပြီး အချိန်ကို အလွယ်တကူကြည့်နိုင်အောင် သူ့ဘက်ကို စောင်းထားလိုက်ပါတယ်။

စုပ်ခွက်ထဲက အဖုံးကို ဖိပြီးပိတ်လိုက်ကာ ရေဖွင့်လိုက်ပါတယ်။

ရေနွေးထွက်လာတော့ လက်နဲ့ ရေအပူချိန်ကို စမ်းသပ်ကြည့်ပါတယ်။ ကြွေခွက်ရဲ့ ထက်ဝက်ကျော် ပြည့်သွားတော့မှ ရေပိုက်ခေါင်းကို ပိတ်လိုက်ပါတယ်။

ဖုန်းမျက်နှာပြင်ကို စစ်ဆေးပြီးနောက်မှာ သူက လက်ရှည်အင်္ကျီလက်ကို ပတ်လိုက်ပြီး လက်သုတ်ပုဝါနဲ့ ခေါင်းလျှော်ရည်ကို လွယ်ကူစွာ လှမ်းယူနိုင်တဲ့ နေရာမှာ ထားလိုက်ပါတယ်။ ထို့နောက် ယန်ကျွန်းဇဲက ဖုန်းပေါ်က ၃ မိနစ် ရေတွက်မှု တိုင်မာ ကို လက်ညှိုးနဲ့ ဖိလိုက်ပါတယ်။

ရေချိုးခန်းထဲဝင်ပြီး ဒီလုပ်ဆောင်ချက်တွေကို ပြီးစီးဖို့အတွက် သူ့မှာ ၁ မိနစ်တောင် မကြာခဲ့ပါဘူး။

ခေါင်းလျှော်တာကို တရားဝင် စတင်ပါပြီ။

ယန်ကျွန်းဇဲက ခေါင်းကို ရေထဲမှာ စိမ်ပြီး ဆံပင်ကို သေချာစိုအောင် လုပ်ပါတယ်။

သူ အလျင်စလိုလုပ်နေတာကြောင့် မတော်တဆ ရေတွေ သူ့မျက်လုံးထဲ ဝင်သွားပါတယ်။

သူက မျက်လုံးတွေကို အလိုလိုမှိတ်လိုက်မိပါတယ်။

အဲ့ဒီအချိန်မှာပဲ ယန်ကျွန်းဇဲက ရုတ်တရက် အေးစက်စက်ခံစားမှုကို ခံစားလိုက်ရပြီး ဒါဟာ ထင်ယောင်ထင်မှားဖြစ်တာလား ဒါမှမဟုတ် တစ်ခုခုလားဆိုတာ မသေချာတော့ပါဘူး။ ရေချိုးခန်းက အအေးခန်းအဖြစ် ပြောင်းသွားသလိုနဲ့ အပူချိန်ကလည်း သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။

“ဟ!”

သူ့ရဲ့နောက်ကနေ အရမ်းကို သိမ်မွေ့တဲ့ အသံတစ်ခုက ထွက်ပေါ်လာပါတယ်။

သူ့ရဲ့အာရုံကြောတွေက အချိန်တိုင်း တင်းမာနေတာကြောင့် ယန်ကျွန်းဇဲဟာ အမြဲတမ်း သတိရှိနေပြီး သူ့ရဲ့အာရုံတွေက ထူးထူးခြားခြား ထက်မြက်နေကာ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်။

တုန်ယင်သွားပြီး ယန်ကျွန်းဇဲက သူ့ရဲ့လက်သုတ်ပုဝါကို လှမ်းယူကာ မျက်လုံးတွေကို အမြန်သုတ်လိုက်ပါတယ်။ ဒါပေမဲ့ သူက ခေါင်းလျှော်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ ခေါင်းလျှော်တာနဲ့ မပတ်သက်တဲ့ လုပ်ရပ်တွေကို မလုပ်သင့်ဘူးဆိုတာကို သတိရလိုက်ပါတယ်။

မျက်လုံးကို သုတ်တာကတော့ လုပ်လို့ရပေမဲ့ သူ့ရဲ့နောက်ကို လှည့်ကြည့်ဖို့တော့ မရဲပါဘူး။ ခေါင်းလျှော်နေချိန်မှာ နောက်လှည့်ကြည့်တာက တာဝန်ရဲ့နယ်ပယ်ကို ကျော်လွန်သွားတာ သိသာနေပါတယ်။

ခေါင်းကို ငုံ့ထားတာကြောင့် သူက သူ့ရဲ့ခြေထောက်တွေအောက် မလှမ်းမကမ်းက ကြမ်းပြင်ကိုသာ တစ်ချက်ခိုးကြည့်နိုင်ပါတယ်။

ဘာမှမရှိပါဘူး။

ဒီအမြင်ကနေ ခေးအာ ရဲ့ အနီရောင်ပုံရိပ်ကို မမြင်ရပါဘူး။

ဒါပေမဲ့ အခန်းထဲက အေးစက်မှုကတော့ ပိုပြီးပြင်းထန်လာနေပါတယ်။

အချိန်ဖြုန်းလို့ မရဘူးလို့ ယန်ကျွန်းဇဲက သူ့ကိုယ်သူ သတိပေးပြီး ခေါင်းလျှော်ရည်ကို အမြန်ဖွင့်ပြီး သူ့လက်ထဲကို အနည်းငယ်ထည့်ကာ ဆံပင်ကို သုတ်လိမ်းလိုက်ပါတယ်။

မကြာခင်မှာပဲ အမြှုပ်တွေ အများကြီးထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ ဒီခေါင်းလျှော်ရည်က တန်ဖိုးကြီးပုံရတယ်လို့ သူ ချက်ချင်းသဘောပေါက်လိုက်ပါတယ်။

ဟာ၊ သူ အရမ်းများသွားပြီ။

All Chapters