← Chapters

ဗီဒီယို တည်းဖြတ်ခြင်း

Vol. 2 Ch. 26

ဗီဒီယို တည်းဖြတ်ခြင်း

Vol. 2 Ch. 26

ယန်ကျွင်းဇဲက အဖွားရန်၏ စွဲလမ်းမှုသည် ယူရှောင်ချန်းတစ်ယောက်တည်း အခန်း ၅၀၃ သို့ သွားရောက်ခြင်းဖြင့် ပျောက်ကွယ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထင်ရှားသည်မှာ ယူရှောင်ချန်းမှလွဲ၍ အဖွားရန်သည် အခြားမည်သည့်မိသားစုဝင်ကိုမျှ မြင်တွေ့လိုခြင်းမရှိပေ။

ခုနက ကလေးများ၏ စကားပြောဆိုမှုသည် ပြင်ပလူတစ်ယောက်ကိုပင် အဖွားရန်အပေါ် အေးစက်စက် လျစ်လျူရှုမှုကြောင့် ကျောချမ်းသွားစေခဲ့သည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း အဖွားအိုသည် သူမသေဆုံးမီက သူမ၏မြေး ယူရှောင်ချန်းကိုသာ ချစ်ခင်ခဲ့သည် မဖြစ်နိုင်ပေ။ အကြောင်းစုံကို မသိဘဲ ပြင်ပလူများအနေဖြင့် မှတ်ချက်ပေးရန် ခက်ခဲပါသည်။

ကျန်လူများက ယူရှောင်ချန်းနောက်သို့ အခန်း ၅၀၃ သို့ အလျင်အမြန် လိုက်ဝင်သွားကြသော်လည်း နှစ်မိနစ်ပင်မကြာမီ လူတိုင်းနီးပါး ပြန်ထွက်လာကြပြီး ယူရှောင်ချန်းနှင့် သူ၏မိခင်ကိုသာ အတွင်း၌ ချန်ထားခဲ့သည်။

အဖွားရန်၏ သမီး အတွင်း၌ ကျန်နေရခြင်းအကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ယူရှောင်ချန်းက အသည်းအသန် ငိုကြွေးနေပြီး ထွက်ခွာရန် ငြင်းဆန်နေသဖြင့် သူမသည် အိပ်ခန်းထဲတွင် သူ့နှင့်အတူ နေရတော့သည်။

နောက်ထပ် သုံးမိနစ်အကြာတွင် လုံခြုံရေးအရာရှိဝေသည် သူ၏ ဒုတိယစီးကရက်ကို လွှင့်ပစ်လိုက်ပြီး "ကဲ၊ အခင်းဖြစ်ပွားရာနေရာကို ပိတ်ရတော့မယ်။ အလောင်းကို စစ်ဆေးဖို့အတွက် ဆေးရုံကို ပို့ရမယ်။ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေကို ခင်ဗျားတို့ သားသမီးတွေက ကျခံရမှာဖြစ်ပြီး ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး။ အခု ဒီနေရာကနေ ထွက်သွားတော့" ဟု ပြောလိုက်သည်။

"ဟုတ်တယ်၊ အနံ့စထွက်လာပြီ၊ တကယ် နံစော်နေပြီ" လုံခြုံရေးအရာရှိပိုင်က အိပ်ခန်းထဲမှ ထွက်လာရင်း နှာခေါင်းကို ဖုံးကာ အတွင်းသို့ ညွှန်ပြလျက် "အလောင်းက ရုတ်တရက် အနံ့ထွက်လာပြီး ဆိုးဆိုးရွားရွား ပုပ်ပွနေပြီ" ဟု ပြောလိုက်သည်။

အွတ်!

ယူရှောင်ချန်း၏ မိခင်သည် အိပ်ခန်းထဲတွင် ချက်ချင်း အန်ချလိုက်ပြီးနောက် ယူရှောင်ချန်းကို အခန်း ၅၀၃ ထဲမှ မိုက်မဲစွာ ဆွဲထုတ်ကာ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

"ဟာ၊ ငါတို့ စောစောထွက်လာလို့ ကံကောင်းတာပဲ" အဖွားရန်၏ ဒုတိယသားက ဝန်ခံပြောဆိုလိုက်သည်။

"ထွက်သွား! ငါတို့ အကြောင်းကြားတာကို စောင့်!" လုံခြုံရေးအရာရှိဝေက ကျယ်လောင်စွာ ဆဲဆိုလိုက်ပြီး ထိုလူများကို နောက်တစ်ကြိမ် ကြည့်ချင်စိတ်ပင်မရှိတော့ပေ။

"ဖက်!" ကျန်းအဘိုးကြီးက မထီမဲ့မြင် ကြည့်ရင်း ထိုလူများနောက်သို့ တံတွေးထွေးလိုက်သည်။

"လာပါ၊ သတ္တိရှိတဲ့ ငါရဲ့ အထက်တန်းကျောင်းသားလေး၊ မင်းရဲ့မိဘတွေကို သွားပြောရအောင်။ မင်း ရဲစခန်းကို ငါတို့နဲ့အတူ လိုက်ပြီး ထွက်ဆိုချက်ပေးဖို့ လိုနိုင်တယ်" ဟု လုံခြုံရေးအရာရှိပိုင်က ယန်ကျွင်းဇဲကို ပြောလိုက်သည်။

အောက်ထပ်တွင် ယန်တာ့ကောနှင့် လီမန်တို့ ဇနီးမောင်နှံကို နှိုးပြီးနောက် သားဖြစ်သူ၏ ဖြစ်ရပ်အကြောင်းကို ကြားသောအခါ သူတို့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ယန်ကျွင်းဇဲ အဆင်ပြေနေပြီး ညသန်းခေါင်ယံတွင် လာခေါက်သော အဖွားရန်တွင် ဆိုးရွားသော ရည်ရွယ်ချက်များ မရှိပုံရသဖြင့် ကံကောင်းလှပေသည်။

ထို့နောက် ယန်တာ့ကောသည် သူ၏သားနှင့်အတူ ပြည်သူ့လုံခြုံရေးနှင့် တည်ငြိမ်ရေးဗျူရိုသို့ လိုက်ပါသွားခဲ့ပြီး ယန်ကျွင်းဇဲက အကြောင်းအရင်းနှင့် အကျိုးဆက်များကို ရှင်းပြခဲ့ကာ သူရိုက်ယူထားသော ဗီဒီယိုကိုလည်း ပေးအပ်ခဲ့သည်။

ဗီဒီယိုကို ကြည့်နေစဉ်တွင် လုံခြုံရေးအရာရှိများသာမက ယန်တာ့ကောကိုယ်တိုင်ပင် ချွေးစေးများ ပြန်လာခဲ့သည်။

ထွက်ခွာလာချိန်တွင် လုံခြုံရေးအရာရှိပိုင်က ယန်တာ့ကော၏ ပခုံးကို ပုတ်ကာ သက်ပြင်းချရင်း "မင်းရဲ့သားက သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုက်ညီတဲ့ ခေတ်ကောင်းမှာ မွေးဖွားလာတာပဲ။ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ၊ နတ်ဆိုးနှိမ်နင်းသူ မဖြစ်ဘူးဆိုရင် နှမြောစရာပဲ။ ငါမလိမ်ဘူး၊ ဗီဒီယိုကြည့်ရုံနဲ့ ငါ့ခြေထောက်တွေ တုန်နေပြီ" ဟု ပြောလိုက်သည်။

ယန်တာ့ကောက ငိုတာထက်ကို ဆိုးတဲ့ အောင့်သက်သက် အပြုံးကို ပြုံးလိုက်သည်။

လမ်းပေါ်တွင် ယန်တာ့ကောက မည်သည့်မေးခွန်းမှ မမေးခင် ယန်ကျွင်းဇဲက သူ့မျက်လုံးများကို စိုက်ကြည့်ပြီး ရိုးသားစွာပြောလိုက်သည်မှာ "အဖေ၊ ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီလိုလုပ်ခဲ့တာက အဖေ ညတိုင်း အနှောင့်အယှက် မဖြစ်ရအောင်၊ အဖေ အိပ်ယာက ထပြီး အအေးမိစရာမလိုအောင်ပဲ။ အဖေက အရင်ကတည်းက တော်တော် ပင်ပန်းနေပြီ" ဟူ၍ ဖြစ်သည်။

ယန်တာ့ကော အံ့အားသင့်သွားသည်။

"ကျွန်တော့်ရဲ့ ကောင်းသောရည်ရွယ်ချက်ကို အဖေ နားလည်တယ်မလား" ဟု ယန်ကျွင်းဇဲက ထပ်ပြောလိုက်သည်။

"မင်း သောက်ကလေး" ယန်တာ့ကော နောက်ဆုံးတွင် တုံ့ပြန်လိုက်ပြီး တစ်ဝက်ငိုတစ်ဝက်ရယ်ဖြင့် ယန်ကျွင်းဇဲ၏ ဆံပင်ကို ထိုးဖွလိုက်သည်။ "အန္တရာယ်များတယ်၊ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့" ဟု ပြောလိုက်သည်။

အိမ်ပြန်ရောက်သောအခါ နေ့အလင်းရောင် ကောင်းကောင်း ထွက်နေပြီဖြစ်သည်။ ယန်ကျွင်းဇဲသည် မနက်ခင်းပိုင်း ကျောင်းမသွားရရန်ကိုသာ တောင်းဆိုခဲ့ပြီး အိမ်တွင် အိပ်ရေးဝအောင် အိပ်ခဲ့သည်။ သူသည် နေ့လည်ပိုင်းတွင် ပုံမှန်အတိုင်း ကျောင်းသွားခဲ့သည်။

သူ့မိခင် လီမန်မှာ အလွန်စိုးရိမ်နေသည်။ သူမသည် မနက်ပိုင်းတွင် သန့်ရှင်းရေးလုပ်ရန် အစီအစဉ်ရှိခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် သူမ၏ညီမကောင်းတစ်ဦးကို သူမအစား လုပ်ပေးရန် စီစဉ်ခဲ့ပြီး ယန်ကျွင်းဇဲ နောက်ထပ် မတော်တဆမှု မဖြစ်စေရန် စိုးရိမ်သဖြင့် အိမ်တွင် စောင့်ကြည့်နေခဲ့သည်။

အဖွားရန်နှင့် ပတ်သက်သောကိစ္စ ပြီးဆုံးသွားပြီဖြစ်ပုံရပြီး သူမ၏သားသမီးများ သစ္စာရှိမရှိသည် ယန်ကျွင်းဇဲ၏ စိုးရိမ်စရာ မဟုတ်တော့ပေ။

သို့သော်လည်း သူသည် ယခုတစ်ကြိမ်တွင် အလွန်ကံကောင်းခဲ့သည်၊ အကြောင်းမှာ သူသည် အချိန်ပြန်ရစ်ခြင်းကို မသုံးခဲ့ရသောကြောင့် မည်သည့် မတူညီသောအတိုင်းအတာ စွမ်းအင်ကိုမျှ မသုံးစွဲခဲ့ရပေ။

နေ့လည်ပိုင်းတွင် ကျောင်းရောက်သောအခါ ကျိုးတာ့လီသည် ချက်ချင်း ယန်ကျွင်းဇဲထံသို့ ရောက်လာပြီး သူ့ကို စူးစိုက်စွာ ကြည့်ရှုစစ်ဆေးပြီးနောက် နောက်ဆုံးတွင် "မင်း လုပ်ခဲ့တာလား" ဟု မေးလိုက်သည်။

"ဟုတ်တယ်" ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်သည်။ "ပထမဆုံးအကြိမ် ထူးဆန်းတဲ့ သဘာဝလွန် ဗီဒီယိုကို မှတ်တမ်းတင်တာ၊ တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ဗီဒီယိုကို မင်းကို နောက်မှ ပြမယ်။

ဟုတ်သားပဲ၊ ငါတို့အတန်းထဲမှာ ဗီဒီယိုတည်းဖြတ်တတ်တဲ့သူ ရှိလားဆိုတာကို မင်းသိလား" ဟု မေးလိုက်သည်။

"ကျန်းရွိုက်ရှင်း" ဟု ကျိုးတာ့လီက မစဉ်းစားဘဲ ဖြေလိုက်သည်။

"ကောင်းလား၊ မကောင်းဘူးလား" ဟု ယန်ကျွင်းဇဲက မေးလိုက်သည်။

"ပေါင်ကျယ်က ကောင်းကောင်းလုပ်တယ်" ဟု ကျိုးတာ့လီက ထပ်မံ၍ မတော်တဆ ပြောလိုက်သည်။

"တစ်ခါတည်း အကုန်မဖြေနိုင်ဘူးလား"

"မင်းမေး၊ ငါဖြေ၊ ဘာပြဿနာရှိလဲ"

တာ့လီ၏ ထူးဆန်းသော တွေးခေါ်ပုံကို ရင်ဆိုင်ရသောအခါ ယန်ကျွင်းဇဲ စကားမပြောနိုင်ဖြစ်သွားသည်။

ပေါင်ကျယ်နှင့် ကျန်းရွိုက်ရှင်းတို့သည် စားပွဲတစ်လုံးတည်း ထိုင်ကာ ကောင်လေးနှစ်ယောက်ဘေးတွင် ထိုင်နေကြပြီး ကျိုးတာ့လီ၏ ပါးစပ်မှ သူတို့၏အမည်များကို မရေမရာကြားလိုက်ရသောအခါ သတိထားမိသွားကာ ယန်ကျွင်းဇဲနှင့် ကျိုးတာ့လီကို သံသယဖြင့် လှည့်ကြည့်လိုက်ကြသည်။

"ဒီလိုကိစ္စပါ" ဟု ယန်ကျွင်းဇဲက မိန်းကလေးသူငယ်ချင်းနှစ်ယောက်အား ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ "ကါ့မှာ ရိုက်ကူးပြီးသား တည်းဖြတ်ဖို့ လိုအပ်တဲ့ ဗီဒီယိုတစ်ခုရှိတယ်၊ ပြီးတော့ ကိုယ်ပိုင်အသံပါ ထည့်ဖို့လိုနိုင်တယ်။

နင်တို့ထဲမှာ ဘယ်သူ လုပ်တတ်လဲ"။

"ဘာဗီဒီယိုလဲ" ကျန်းရွိုက်ရှင်း၏ သတိထားမှု သိသိသာသာ မြင့်တက်လာပြီး ကျိုးတာ့လီကို ကြည့်ရင်း "ကျိုးတာ့လီရဲ့ selfie လား" ဟု မေးလိုက်သည်။

သူတို့၏ မျက်လုံးများတွင် ကျိုးတာ့လီကိုယ်တိုင် ဘယ်လိုကောင်းတဲ့ ဗီဒီယိုမျိုးကိုများ ရိုက်နိုင်မှာလဲ။ အများစုက သူ ကင်မရာရှေ့မှာ သူ့ကြွက်သားတွေ လှုပ်ပြတာမျိုး၊ သူ့ရဲ့ လက်မောင်းကြွက်သား နဲ့ လက်မောင်းရင်းနောက်ဘက်ကြွက်သား

စိုင် တွေကို ပြတာမျိုး၊ ပခုံးအိုးတွေနဲ့ တူလိုမျိုး ပုံစံ၊ ပြီးတော့ အော့နှလုံးနာစရာကောင်းတဲ့ တင်ပါးကြွက်သားကြီးတွေ...

ထိုမြင်ကွင်းကို စဉ်းစားရုံဖြင့် ကျန်းရွိုက်ရှင်း ပျို့အန်ချင်စိတ် ဖြစ်သွားခဲ့သည်။

အကြိမ်များစွာတွင် ကောင်လေးများသည် မိန်းကလေးများက ကြွက်သားကြီးကြီးနှင့် လူများကို ကြိုက်သည်ဟု ထင်မြင်ကြသဖြင့် gym သို့သွားကာ ကိုယ်ခန္ဓာကို တတ်နိုင်သမျှ သန်မာအောင် လေ့ကျင့်ကြသည်။

အမှန်တကယ်တွင်မူ ဆန့်ကျင်ဘက်ဖြစ်သည်၊

မိန်းကလေးများသည် ကြွက်သားအနည်းငယ်ရှိသော သို့မဟုတ် လုံးဝမရှိသော ကောင်လေးများကိုသာ ကြိုက်ကြပြီး သူတို့၏ ကိုယ်ခန္ဓာ အချိုးအစားကျပါက အဆင်ပြေသည်၊ တာ့လီလို မသိနားမလည်ဘဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသော အလွန်အကျွံ ကြွက်သားကြီးသောသူမျိုးကို မကြိုက်ကြပေ။

"ငါ ထူးဆန်းတာတွေ ကြုံခဲ့ရတုန်းက ကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယိုပါ" ဟု ယန်ကျွင်းဇဲက မိန်းကလေးများ၏ စိတ်ထဲမှ စိတ်ကူးယဉ်ပုံရိပ်များကို ချက်ချင်း ရပ်တန့်လိုက်သည်။

"အား၊ တကယ်လား!" ပေါင်ကျယ် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

ကျန်းရွိုက်ရှင်းသည် ခဏတာ အံ့ဩပြီးနောက် စိတ်ဝင်စားမှု ပြင်းပြစွာ ပြသခဲ့သည်။

"မကြောက်ဘူးလား" ဟု ယန်ကျွင်းဇဲက နားမလည်နိုင်စွာ မေးလိုက်သည်။

"ကြောက်တာပေါ့၊ ဘာလို့ မကြောက်ရမှာလဲ" ပေါင်ကျယ် ခေါင်းညိတ်လိုက်ပြီး "ဒါပေမဲ့ ဗီဒီယိုကြည့်ရုံသက်သက်ဆိုရင်တော့ ငါရဲ့ သိချင်စိတ်က ကြောက်ရွံ့မှုကို ကျော်လွန်သွားလိမ့်မယ်" ဟု ပြောလိုက်သည်။

"ငါလည်းပဲ" ကျန်းရွိုက်ရှင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး "'အမြင်ပွင့်' ဗီဒီယိုပလက်ဖောင်းမှာ ထူးဆန်းတဲ့ ဗီဒီယို ရာပေါင်းများစွာ ကြည့်ဖူးတယ်၊ အားလုံး အဆင်ပြေပုံရတယ်" ဟု ပြောလိုက်သည်။

"ထုတ်လိုက်ပါ၊ ငါ တည်းဖြတ်ပေးမယ်" ဟု ပေါင်ကျယ်က ပြောလိုက်သည်။

ထပ်မံနှောင့်နှေးခြင်းမရှိဘဲ မိန်းကလေးသည် သူမ၏ကျောပိုးအိတ်ကို ဖွင့်ကာ “စိတ်ကူယဉ်အတွေးများ” ကုမ္ပဏီမှ အလွန်ပါးလွှာသော laptop ကို ထုတ်ယူလိုက်ပြီး စနစ်ကို ကျွမ်းကျင်စွာ ဖွင့်တင်ကာ သူမ၏ အကောင့်သို့ လောဂ့်အင် ဝင်လိုက်ပြီး ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် "One Cutters" ဟုခေါ်သော ဗီဒီယို တည်းဖြတ်‌ ဆော့ဝဲလ်ကို ဖွင့်လိုက်သည်။

အတန်းမစခင်တွင် သူတို့သည် ယန်ကျွင်းဇဲ၏ ဖုန်းမှ ဗီဒီယိုကို export လုပ်ယူကာ "ညသန်းခေါင်တံခါးလာခေါက်သော အဖွားအို" ဗီဒီယိုကို ကွန်ပျူတာထဲသို့ အမြန်ကူးယူခဲ့ကြသည်။

သူတို့ လေးယောက်လုံး တိုးဝှေ့ပြီး ဗီဒီယိုကို အာရုံစိုက် ကြည့်ရှုခဲ့ကြသည်။

ဗီဒီယိုကို မြန်မြန်ဆန်ဆန် ဖွင့်နေပြီး ယန်ကျွင်းဇဲက ဘီးရှာဖွေခြင်းကဲ့သို့သော အပိုင်းများကို မြန်မြန်ကျော်လိုက်သည်။

ပြီးဆုံးပြီးနောက် ပေါင်ကျယ်နှင့် ကျန်းရွိုက်ရှင်းတို့ မျက်လုံးချင်းဆုံပြီး နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြသည်။ ဗီဒီယိုထဲမှ ကြောက်စရာများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသလို ခံစားရသည်။

"ငါ အခုမှ သဘောပေါက်တယ်..." ပေါင်ကျယ်က ယန်ကျွင်းဇဲကို လှည့်ကြည့်ရင်း "မင်းက ပိန်ပေမဲ့ သတ္တိရှိတယ်။ ညသန်းခေါင်မှာ တစ်ယောက်တည်း တံခါးဖွင့်ရဲတယ်။ ပြီးတော့ သူ့နောက်ကိုပါ လိုက်ဝင်ခဲ့သေးတယ်" ဟု ပြောလိုက်သည်။

"တည်းဖြတ်လို့ ရမလား၊ မရဘူးလား။

အခန်း ၅၀၃ ထဲရောက်ပြီးနောက် ပုံကို ပိုပြီး လင်းအောင်လုပ်ပေးပါ၊ ပြီးတော့ နောက်ကွယ်ကနေ ကိုယ်ပိုင်မှတ်ချက်တွေလည်း ထည့်ချင်တယ်" ဟု ယန်ကျွင်းဇဲက သူမ၏မှတ်ချက်များကို ဂရုမစိုက်ဘဲ သူ၏တောင်းဆိုချက်ကို တိုက်ရိုက် ပြောဆိုလိုက်သည်။

"ပြဿနာမရှိပါဘူး၊ ကျောင်းဆင်းပြီးရင် အတန်းထဲမှာပဲ လုပ်ပြီးမှ ပြန်ကြရအောင်" ဟု ပေါင်ကျယ်က ငြင်းဆန်ခြင်းမရှိပေ။

(“မျက်စိဖွင့်ပါ” ပလက်ဖောင်းကို “အမြင်ပွင့်”ပလက်ဖောင်းဟုပြောင်းလဲ

သုံးစွဲပါမည်)

All Chapters