← Chapters

စတုတ္ထမြောက်နေ့

Vol. 6 Ch. 80

စတုတ္ထမြောက်နေ့

Vol. 6 Ch. 80

ကျန်းရှောင်မိုနဲ့အတူ လှုပ်ရှားမယ့်အချိန်ကို သန်းခေါင်ကျော်ဖို့ စီစဉ်ပြီးနောက် ယန်ကျွင်းဇဲနဲ့ ကျန်းရှောင်မိုတို့ နှစ်ယောက်စလုံး ကုတင်ရဲ့ ကိုယ့်ဘက်ခြမ်းစီမှာ ထိုင်နေကြသည်။

ကျန်းရှောင်မိုက ထုံးစံအတိုင်း သူ့စမတ်ဖုန်းကို လျှောက်ကြည့်နေပြီး ယန်ကျွင်းဇဲကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အဓိက မှတ်သားစရာတွေကို စာအုပ်လှန်ကြည့်ပြီး ပြန်လေ့လာနေသည်။

ဆယ့်တစ်နာရီကျော်ကျော်လောက်မှာ အိပ်ငိုက်စိတ်က လွှမ်းမိုးလာတာကြောင့် ယန်ကျွင်းဇဲက စာအုပ်ကို ဘာမှမစဉ်းစားဘဲ ပစ်ချလိုက်ပြီး ချက်ချင်း အိပ်ပျော်သွားသည်။

တစ်နာရီအကြာမှာတော့...

ကုတင်ရဲ့ ဘယ်ဘက်ခြမ်းမှာ ထိုင်နေတဲ့ ကျန်းရှောင်မိုက သူ့ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး သူ့လက်ဘေးမှာ ချထားတဲ့ သံလိုက်ဓားကို ကောက်ယူကာ သားရေဓားအိမ်ထဲကနေ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

အိပ်ပျော်နေတဲ့ ယန်ကျွင်းဇဲကို တစ်ချက်ကြည့်ပြီးနောက် သူ့ပခုံးကို တွန်းကာ ပြောလိုက်သည် "ငါ အခု ဘေးအိမ်ကို သွားတော့မယ်၊ ဆယ်မိနစ်တောင် မကြာဘဲ ပြန်ရောက်မှာပါ။ ငါမရှိတုန်း "သဘာဝလွန်တားဆီးရေး" ကို ဖွင့်ထားပါ၊ ဘယ်မှမသွားနဲ့၊ ပြီးတော့ ဒီအခန်းထဲကနေ လုံးဝမထွက်နဲ့"

ယန်ကျွင်းဇဲ မျက်လုံးဖွင့်လိုက်ပြီး အနက်ရောင်ဘူးကို ရင်ဘတ်ပေါ်တင်၊ လက်နှစ်ဖက်နဲ့အုပ်ပြီး ခေါင်းညိတ်ပြသည်။

မီးကပွင့်နေသည်၊ "သဘာဝလွန်တားဆီးရေး" လည်း လက်ထဲမှာရှိသည်၊ နောက်ပြီး “အချိန်ပြန်ရစ်ခြင်” စွမ်းရည်ထူးလည်း ရှိတာကြောင့် သူ သိပ်မစိုးရိမ်တော့ပေ။

သံလိုက်ဓားကို လက်ထဲကိုင်ပြီး ကျန်းရှောင်မိုက ထရပ်ကာ ထွက်သွားသည်။

သူမက အပြင်ခန်းတံခါးကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်တာကို နားထောင်နေရင်း တိတ်ဆိတ်သွားသည်။

ယန်ကျွင်းဇဲ ကုတင်ပေါ်က မဆင်းဘဲ အဲဒီအတိုင်း လဲလျောင်းနေပြီး ကျန်းရှောင်မို ပြန်လာတာကို စောင့်နေသည်။

ရော့ခ့်က အဓိက ကားလမ်းမကြီးတွေနဲ့ ဝေးတာကြောင့် ကားသံတွေ မကြားရပေ၊ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး တစ်ခါတစ်ရံ ခွေးဟောင်သံကလွဲလို့ တခြားဆူညံသံတွေ ဘာမှမကြားရပေ။

ခုမှ နိုးလာတာကြောင့် ယန်ကျွင်းဇဲက အိပ်ချင်မူးတူးဖြစ်နေသေးပေမယ့် ဒီအချိန်မှာတော့ ထပ်အိပ်ရဲတော့ပေ။

သူ မျက်လုံးကို အတင်းဖွင့်ထားပြီး ညဘက်စားပွဲပေါ်က သူ့မျက်မှန်ကို မထိဘဲ ညစ်ပတ်နေတဲ့ မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ ညဘက်စားပွဲပေါ်မှာ ရေတစ်ဝက်ကျန်သေးတဲ့ ဖန်ခွက်ရှိတာ သတိရပြီး အခုတော့ အိပ်မပျော်အောင် သောက်ချင်လာသည်။

ဒါပေမဲ့ သူ လှုပ်ရှားဖို့ ပျင်းနေတာကြောင့် ရေ သောက်ချင်တယ်လို့ စဉ်းစားနေရင်း အချိန်တွေ ကုန်ဆုံးနေသည်။

အဲ့ဒီအချိန်မှာ ယန်ကျွင်းဇဲ မျက်လုံးတွေ မှေးစပြုနေတာကို သတိမထားမိဘဲ ရုတ်တရက် အပြင်ခန်းထဲကနေ လူတစ်ယောက် ဝင်လာတာကို ခံစားလိုက်ရသည်။ ခြေလှမ်းသံတွေက ပေါ့ပါးနေသည်၊ သူ့ကို နိုးသွားမှာ ကြောက်သလိုမျိုးပဲ။

ပုံရိပ်က ကုတင်ရဲ့ ဘယ်ဘက်ခြမ်းကို လျှောက်လာပြီး တက်အိပ်လိုက်သည်။ ဘာလှုပ်ရှားမှုမှ မရှိတော့ပေ။

"ဒီလောက်မြန်မြန် ပြန်လာတာလား" ယန်ကျွင်းဇဲက တီးတိုးရေရွတ်သည် "ဘာဖြစ်တာလဲ"

သူလည်း လဲလျောင်းနေတယ်၊အလယ်မှာ စောင်ထူကြီးတွေ ခြားနေတာကြောင့် ကျန်းရှောင်မို လဲလျောင်းနေတာကို မြင်ဖို့ဆိုရင် ထိုင်ပြီး ကြည့်မှပဲ မြင်ရမှာ။

နောက်တစ်ယောက်က ပြန်မဖြေပေ။

ယန်ကျွင်းဇဲရဲ့ သတိက ချက်ချင်း ကြည်လင်လာပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်၊ စိတ်မသက်မသာခံစားမှုက သူ့ရင်ထဲ တိုးဝင်လာသည်။

ဒီလူက ကျန်းရှောင်မိုလား။

ကျန်းရှောင်မိုက အရပ် ၁၇၀ စင်တီမီတာလောက်ရှိသည်။ သူ မျက်မှန်မပါဘဲ လဲလျောင်းနေတာတောင် ခုနက ဝင်လာတဲ့ ပုံရိပ်က သိပ်မမြင့်သလိုပဲ!

အဲ့ဒီအတွေးနဲ့ ယန်ကျွင်းဇဲ တစ်ကိုယ်လုံး ချွေး‌စေးတွေ စီးကျလာသည်။

နောက်ထပ် မစဉ်းစားတော့ဘဲ သူ ဖက်ထားတဲ့ Strangeness Interferer ကို ချက်ချင်း ဖွင့်လိုက်သည်။

တကယ်လို့ တိုက်ပွဲလိုချင်တယ်ဆိုရင် အသက်ဆုံးရှုံးတာထက် စာရင် ပိုကောင်းတာပေါ့!

သူ့ဘေးက ကုတင်ပေါ်ကနေ ဘာလှုပ်ရှားမှုမှ မရှိသေးပေ၊ ဒါပေမဲ့ ယန်ကျွင်းဇဲက တစ်ယောက်ယောက် ဝင်လာပြီး ကုတင်ရဲ့ ဘယ်ဘက်ခြမ်းမှာ လဲလျောင်းနေသည်လို့ သေချာနေသည်။

"ကြည့်ရမလား၊ သေချာအောင် လုပ်ရမလား"

ယန်ကျွင်းဇဲ အတွင်းစိတ်ကနေ တွေဝေနေသည်။ စိတ်ကူးပေါက်ရာ စိုးရိမ်နေတာထက် ကြည့်ပြီး စိတ်ပူပန်မှုတွေကို လျှော့ချတာ ပိုကောင်းမယ်လို့ တွေးလိုက်မိသည်။

အဲ့ဒီအတွေးနဲ့ လက်ကို ညဘက်စားပွဲဆီ လှမ်းလိုက်သည်။ မီးပွင့်နေတာကြောင့် သူ့မျက်မှန်တပ်ထားတဲ့ အမြင်က နည်းနည်းဝေဝါးနေပေမယ့် သူ့မျက်မှန်ကို ချက်ချင်း ဆွဲယူပြီး တပ်လိုက်သည်။

သူ့အမြင်အာရုံက ချက်ချင်း ပိုကြည်လင်လာသည်။ ယန်ကျွင်းဇဲက Interferer ကို ကိုင်ထားရင်း ခေါင်းကို အနည်းငယ်မြှောက်လိုက်ပြီး ကုတင်ကြီးအလယ်က စောင်ထူကြီးပေါ်ကနေ ကျန်းရှောင်မိုဘက်ကို ချောင်းကြည့်လိုက်သည်။

သူ့မျက်စိအမြင်မှာ ကုတင်ပေါ်မှာ ပုံရိပ်တစ်ခု လဲလျောင်းနေတာ တွေ့ရသည်၊ ဒါပေမဲ့ အဲဒါ ကျန်းရှောင်မို မဟုတ်ပေ။

သူ တွေ့လိုက်ရတာက ဖယောင်းရောင်အသားအရေ၊ နက်ရှိုင်းတဲ့ အရေးအကြောင်းတွေ၊ ရင်းနှီးတဲ့ ဆားနဲ့ငရုတ်ကောင်းရောင် ဆံပင်တိုတို၊ ရင်းနှီးတဲ့ ပေါ့ပါးတဲ့ ချည်ဂျာကင်၊ ပြီးတော့ ရင်းနှီးတဲ့ အညိုရောင်ချည်ဖိနပ်တွေနဲ့ ပြည့်နှက်နေတဲ့ အဘွားအိုတစ်ယောက်။

အဘွားအိုက ဘေးတစောင်း လဲလျောင်းနေသည်။ တစ်ချိန်တည်းမှာပဲ ကုတင်ရဲ့ ဟိုဘက်ခြမ်းကနေ တစ်ယောက်ယောက်က ချောင်းကြည့်လာသည်၊ သူ့မျက်လုံးတွေလည်း ပွင့်နေပြီး တစ်ဝက်တစ်ပျက်ပဲ ပေါ်နေတဲ့ ယန်ကျွင်းဇဲကို တည့်တည့်စိုက်ကြည့်နေသည်။

သူ့ရဲ့ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရတာကြောင့် ယန်ကျွင်းဇဲက တုန်ခါသွားပြီး သူ့ကိုယ်တစ်ကိုယ်လုံး ချက်ချင်း အေးစက်သွားသလို ခံစားရသည်။

သူ အသက်ပြင်းပြင်း မရှူရဲတော့ဘဲ ပထမဆုံး အဆင်မပြေတဲ့ ပြုံးပြုံးလေး တစ်ချက်ပြုံးပြီး ဖြည်းဖြည်းချင်း ပြန်လဲလျောင်းလိုက်သည်။ ကုတင်အလယ်က ထူထဲတဲ့ စောင်က သက်ရှိနဲ့ သရဲကြားက အမြင်ကို ပိတ်ဆို့ထားသည်။

ယန်ကျွင်းဇဲ သူ့ရင်ခုန်သံက ဗုံတီးနေသလိုမျိုး ခံစားရပြီး Supernatural Interferer ကို ရင်ခွင်ထဲ ဖက်ထားရင်း သူ့ကိုယ်ကို ကုတင်စွန်းဆီ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ ခြေထောက်တစ်ဖက်က အောက်က ကြမ်းပြင်ကို ထိမိနေပြီး သရဲကို အသိမပေးဘဲ ကုတင်ပေါ်ကနေ ထပြီး ထွက်သွားဖို့ ပြင်ဆင်နေသည်။

အဲ့ဒီအချိန်မှာ ကုတင်ဘေးကနေ တရှပ်ရှပ်အသံ ကြားလိုက်ရပြီး သူတို့ကို ခြားထားတဲ့ စောင်က လှုပ်ခါသွားသည်။ ဆံပင်ဖြူစပြုနေတဲ့ ခေါင်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည် — အငြိုးကြီးအဘွားအိုရဲ့ မျက်လုံးတွေ ပေါ်လာပြီး ယန်ကျွင်းဇဲ ကုတင်ပေါ်က ဆင်းနေတာကို ဆက်စိုက်ကြည့်နေတုန်းပဲ။

ယန်ကျွင်းဇဲ ခေါင်းမွေးတွေ ထောင်သွားပြီး ကုတင်ပေါ်ကနေ အမြန်ဆင်းကာ ခြေနှစ်ဖက်လုံး ကြမ်းပြင်ပေါ် ခုန်ချလိုက်ပြီး ကုတင်စွန်းကနေ ဝေးရာကို ရောက်သွားသည်။

သူ့နောက်ကို လှည့်ကြည့်လိုက်တော့ အငြိုးကြီးအဘွားအိုက သူ့ခန္ဓာကိုယ်သေးသေးလေးက အရုပ်သေးလေးလို ထူးဆန်းစွာ ခြေဖျားထောက်ပြီး စောင်ပေါ်ကနေ သူ့ဘက်ခြမ်းကို ရောက်လာဖို့ လုပ်နေသည်။

သူ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲ လွင့်မျောနေတုန်းပဲ၊ တစ်ယောက်ယောက်က သယ်လာသလိုမျိုးပဲ။ သူ ကုတင်ပေါ်က ဆင်းလာပြီး ဘာအမူအရာမှမရှိဘဲ "သဘာဝလွန်တားဆီးရေး" ကို ကိုင်ထားတဲ့ ယန်ကျွင်းဇဲရဲ့နောက်ကို လိုက်လာသည်။

ဒီအချိန်မှာ ယန်ကျွင်းဇဲက ရှင်းရှင်းလင်းလင်း သိနေပြီ၊ သူ "သဘာဝလွန်တားဆီးရေး" ကို ကိုင်ထားတာသာ မဟုတ်ရင် အငြိုးကြီးအဘွားအိုက ကုတင်ပေါ်ရောက်တာနဲ့ သူ့ပေါ်ကို ခုန်အုပ်မှာပဲ။

သူမ... အခုလောလောဆယ် သူ့ကို ချဉ်းကပ်ဖို့ တွေဝေနေသည်။

ဒါပေမဲ့ ချဉ်းကပ်ရဲတာ မဟုတ်ဘူးဆိုတာ ထွက်သွားတာကို မဆိုလိုဘူး။

အငြိုးကြီးအဘွားအိုက သူ့နောက်ကနေ ထက်ကြပ်မကွာ လိုက်နေပြီး တစ်ပေခွဲလောက် အကွာအဝေးကို ထိန်းထားသည်။

တစ်ယောက်က လူ၊ တစ်ယောက်က ထူးဆန်းမှု၊ တစ်ယောက်က ဆုတ်ခွာ၊ တစ်ယောက်က ရှေ့တိုး၊ သူတို့ အတွင်းခန်းကနေ အပြင်ခန်းကို ရွှေ့လျားလာကြသည်။

အခန်းနှစ်ခန်းလုံးမှာ မီးပွင့်နေသည်။ ယန်ကျွင်းဇဲ သူ့လက်ဖဝါးထဲမှာ “တားဆီးရေးဘူး” ကို ဆုပ်ကိုင်ထားတာ ချွေးစေးတွေ စိုနေတာ ခံစားရပြီး မကြာခင် အပြင်ခန်းတံခါးဝကို ပြန်ရောက်လာပြီး ပြတင်းပေါက်နားမှာ ရပ်နေသည်။

အငြိုးကြီးအဘွားအိုက ဘာအမူအရာမှမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် လိုက်လာသည်။

"ငါ... ငါ အခု အကျယ်ကြီး အော်တော့မယ်၊ မင်း ဂရုမစိုက်ဘူးမလား" ယန်ကျွင်းဇဲ ခဏစဉ်းစားပြီး အားစိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

ဟိုဘက်က ဘာတုံ့ပြန်မှုမှ မရှိသေးဘဲ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေတုန်းပဲ။

ငါ ထွက်သွားနိုင်မလား။ ကျန်းရှောင်မို မကြာခင် ပြန်မလာရင် တားဆီးရေးဘူး က ကြာကြာ ခံတော့မှာ မဟုတ်ဘူး ထင်ရသည်။

ယန်ကျွင်းဇဲ သူ့စိတ်ထဲမှာ ဆင်ခြင်နေသည်။

အခု အငြိုးကြီးအဘွားအို သူ့ဘက်ကို ရောက်လာတာ သိပြီဆိုတော့ ဘေးအိမ်မှာက ဆန့်ကျင်ဘက်အနေနဲ့ အန္တရာယ် နည်းသွားပြီ။ ဒီမှာ ကြာကြာနေတာထက် ဘေးအိမ်ကို ပြေးပြီး ကျန်းရှောင်မိုကို ရှာတာ ပိုကောင်းမယ်။

အဲ့ဒီအတွေးနဲ့ ယန်ကျွင်းဇဲ သူ့နောက်က တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်သည်။

အငြိုးကြီးအဘွားအိုရဲ့ ပါးစပ်ထောင့်စွန်းတွေ ရုတ်တရက် တုန်ခါသွားပြီး သူ့ပါးစပ်က ကွဲထွက်သွားသည်။

အဲ့ဒီအချိန်မှာပဲ ယန်ကျွင်းဇဲက တံခါးလက်ကိုင်ကို လျှင်မြန်စွာ လှည့်လိုက်တာ ခံစားရပြီး အပြင်ဘက်ကနေ အားတစ်ခုနဲ့ တံခါးကို တွန်းဖွင့်လိုက်သည်။

သူ့ရဲ့ လျှင်မြန်တဲ့ တုံ့ပြန်မှုသာ မရှိခဲ့ရင် သူက အငြိုးကြီးအဘွားအိုရဲ့ ရင်ခွင်ထဲကို တိုက်မိတော့မလို ဖြစ်သွားမှာဖြစ်သည်။

တံခါးအပြင်ဘက်ကနေ ဓားတိုတစ်လက် ထိုးဝင်လာပြီး အငြိုးကြီးအဘွားအိုကို တည့်တည့်ချိန်ထားသည်။

ကျန်းရှောင်မို ရောက်လာပြီ။

သံလိုက်ဓားက အငြိုးကြီးအဘွားအိုကို ထိုးမိတော့မယ့်အချိန်မှာ အဘွားအိုရဲ့ ခန္ဓာကိုယ်က ရုတ်တရက် လေ‌ပြေတစ်ချက်လို ဖြစ်သွားပြီး ရုတ်တရက် ဆုတ်ခွာသွားသည်။

သံလိုက်ဓားက ထွက်လာတဲ့ သံလိုက်စက်ကွင်းက အပြင်ခန်းတစ်ခုလုံးကို လျှင်မြန်စွာ ပြည့်နှက်သွားပြီး နေရာအားလုံးကို ပိတ်မိသွားသည်။

လေထဲမှာ လွင့်မျောနေပုံရတဲ့ အငြိုးကြီးအဘွားအိုက အခုတော့ ရွှံ့ထဲမှာ နစ်နေသလိုမျိုး လှုပ်ရှားဖို့ ရုန်းကန်နေရသည်။

ဓားက သူ့ရင်ဘတ်ကို ထိုးသွင်းလိုက်သည်။

အဘွားအိုက ပါးစပ်ဖွင့်ပြီး နားကွဲမတတ် အော်ဟစ်လိုက်သည်။ ဘုံး၊ ဘုံး၊ အပြင်ခန်းနဲ့ အတွင်းခန်း နှစ်ခုလုံးက မီးတွေ ပျက်သွားသည်၊ လျှပ်စစ်ဝိုင်ယာကြိုးတွေတောင် မီးပွားတွေ ထွက်လာပြီး အခန်းက ချက်ချင်း မှောင်မိုက်သွားသည်။

ယန်ကျွင်းဇဲ“သဘာဝလွန်တားဆီးရေး

ဘူး”ကို ကိုင်ထားတုန်းပဲ၊ မလှုပ်မယှက် ရပ်နေပြီး သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို နားစွင့်နေမိသည်။

စက္ကန့်အနည်းငယ်အကြာမှာ ကလစ်ခနဲ အသံကြားလိုက်ရပြီး အေးစက်နေတဲ့ လက်တစ်ဖက်က သူ့လက်ဖဝါးနောက်ဘက်ကို ရုတ်တရက် ထိမိလိုက်သည်။

ယန်ကျွင်းဇဲ လန့်သွားပြီး သူ့လက်ထဲက “တားဆီးရေးဘူး” ကို လွှဲလိုက်တာနဲ့ ထိုးမိတော့မလို ဖြစ်သွားသည်။

"ငါပါ" ကျန်းရှောင်မိုရဲ့ အသံထွက်ပေါ်လာသည်။

ယန်ကျွင်းဇဲ ချက်ချင်း ရပ်တန့်လိုက်သည်။

"ဟာကွာ! နောက်တစ်ခါ အသံနည်းနည်း နှေးနှေးပြောပါကွာ၊ မဟုတ်ရင် ငါ့ရဲ့ မူလစွမ်းအင်တွေ မင်းပေါ် အကုန် ပစ်မိတော့မလို့”ဟုပြော

လိုက်မိလေသည်။

All Chapters