သတ္တမမြောက်နေ့
Vol. 6 Ch. 83
အိမ်ကို တစ်ခါထပ်ရှာဖွေပြီး သတိပြန်လည်လာတဲ့ လင်းလင်းနဲ့ စူမူယောင်တို့ကို မေးမြန်းပြီးနောက် အငြိုးကြီးအဘွားရန်ရဲ့ ဝိညာဉ်ခွဲထွက်မှု အကြွင်းအကျန်တွေ ထပ်မရှိတော့ဘူးဆိုတာ သေချာသွားလေသည်။
ကျန်းရှောင်မိုက သံလိုက်ဓားကို အသုံးပြုပြီး စွမ်းအင်နယ်ပယ်တစ်ခု ထုတ်လွှင့်ကာ ထပ်မံရှာဖွေပြီးနောက် သူမနဲ့ ယန်ကျွင်းဇဲ ပထမထပ်ကို ပြန်ဆင်းသွားကြလေသည်။
သူတို့ အိမ်ထဲဝင်ပြီး တံခါးပိတ်လိုက်ကြသည်။
ကျန်းရှောင်မိုက “အဘွားရန်ကို ရှင်းပြီးသွားပြီ၊ ဒါပေမဲ့ စိတ်ချရအောင် မနက်ဖြန်မွန်းလွဲပိုင်းအထိ မင်းနဲ့အတူ ငါ ဆက်နေဦးမယ်” လို့ ပြောလိုက်သည်။
“ပြီးတော့ ငါတို့ အတူတူ ထွက်သွားကြမလား၊ ဒါမှမဟုတ်…”
ယန်ကျွင်းဇဲ စကားမဆုံးခင်မှာပဲ ကျန်းရှောင်မိုက “ငါ အရင်ထွက်သွားပြီး စည်းတံဆိပ်ခတ်ထားတဲ့မြို့ကို လေယာဉ်နဲ့သွားရမယ်။ ငါ လက်မှတ်ကို ခုနစ်ရက်ကြိုတင်ဝယ်ထားတယ်” လို့ ထပ်ပြောလိုက်လေသည်။
“ကောင်းပြီ၊ ဒီရက်ပိုင်း မင်း အများကြီး ပင်ပန်းခဲ့ပြီ” ယန်ကျွင်းဇဲ ခေါင်းညိတ်လိုက်သည်။
ရိုးရိုးသားသားပြောရရင် သူက “အချိန်ပြန်ရစ်ခြင်း” ကို လေးနာရီခြားတစ်ခါ ပုံမှန်ဖွင့်ထားခဲ့တာဖြစ်ပြီး အခုချိန်ထိ ပိတ်ဖို့ မရဲသေးပေ။
ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်အထိ စောင့်ကြည့်ကြတာပေါ့။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူ့ရင်ထဲမှာ ဖိစီးနေတဲ့ ဖိအားတွေ တဖြည်းဖြည်း လျော့ပါးသွားလေသည်။ ကုတင်ပေါ်မှာ လှဲလျောင်းရင်း ယန်ကျွင်းဇဲ မကြာခင် အိပ်ပျော်သွားလေသည်။
မနက်မိုးလင်းတော့ ကျန်းရှောင်မိုတောင် နည်းနည်း အိပ်ရာထနောက်ကျပြီး သူ့လိုပဲ အချိန်တူနီးပါး ထသည်။
တစ်လျှောက်လုံး ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ယောက် လမ်းထောင့်က စားသောက်ဆိုင်တစ်ဆိုင်မှာ အပြင်ထွက်စားကြသည်။ ဒါပေမဲ့ ယန်ကျွင်းဇဲက ကျန်းရှောင်မိုရဲ့ အကြံဉာဏ်ကို နားထောင်ပြီး အောင်ပွဲခံဖို့ ရှန်ပိန် မဖွင့်ခဲ့ပေ။
ပြီးတော့ အလုပ်မသွားတဲ့ စူမူယောင်နဲ့ လင်းလင်းတို့အတွက် အစားအသောက်တွေ ယူသွားခဲ့သည်။ ဒီနှစ်ယောက်က လင်းတုန်းလိုပဲ ဝိညာဉ်ခွဲထွက်မှုရဲ့ ဒဏ်ခံခဲ့ရတာကြောင့် စိတ်ဓာတ်တွေ နည်းနည်းကျနေပေမယ့် နှစ်ရက်လောက်နားလိုက်ရင် မြန်မြန်ပြန်ကောင်းလာမှာပါ။
မွန်းလွဲပိုင်းမှာ ယန်ကျွင်းဇဲနဲ့ ကျန်းရှောင်မိုတို့ လင်းတုန်းဆီကို ထပ်မံသွားကြည့်သည်။
လင်းတုန်းက ကောင်းနေပါပြီ၊ အငြိုးကြီးအဘွားရန်ကြောင့် အရမ်းကြောက်လန့်နေတာကြောင့် နည်းနည်း စိတ်ရှုပ်ထွေးနေပုံရသည်။
လမ်းထောင့်က အဖိုးလီတောင် သူ့ကို အထူးဂရုစိုက်ဖို့ ရောက်လာခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ
ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးကို အချိန်နဲ့သာ ကုစားနိုင်လေသည်။
ညစာစားပြီးနောက် ယန်ကျွင်းဇဲက လမ်းလျှောက်ထွက်ဖို့ အကြံပေးသည်။
ကျန်းရှောင်မိုက ငြင်းဆန်ခြင်းမရှိပါချေ။
သူတို့နှစ်ယောက် ရောခ့်မြို့ရဲ့ လမ်းတွေတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်သွားကြသည်။
ခဏလောက် လျှောက်ပြီးနောက် ယန်ကျွင်းဇဲက “ဒီဖြစ်ရပ်ပြီးတော့ ငါ ထိုးဖောက်ဝင်ရောက်တာနဲ့ ဝိညာဉ်ခွဲထုတ်တာတွေဟာ သဘာဝလွန်ဖြစ်ရပ်တွေရဲ့ အဓိက ကျွမ်းကျင်မှုနှစ်ခုလိုပါပဲလို့ ခံစားရတယ်” လို့ ပြောလိုက်လေသည်။
ကျန်းရှောင်မိုက ခေါင်းခါလိုက်သည်။ “လေလွင့် ဝိညာဉ်တွေအတွက်တော့ ထိုးဖောက်ဝင်ရောက်တာနဲ့ ဝိညာဉ်ခွဲထုတ်တာတွေက ကလေးကစားစရာပါပဲ၊ နားလည်ရလွယ်တယ်။ ဒါပေမဲ့ အဘွားရန်က ရုပ်ထုညာဉ်အတစ်ပိုင်းဆင့် ရောက်နေတာကြောင့် သူ့ရဲ့ဝိညာဉ်ခွဲထုတ်တာတွေက အရမ်းပြင်းထန်ပြီး သူ့ရဲ့ ထိုးဖောက်ဝင်ရောက်မှုတွေကမမျှော်လင့်ဘဲ တခါတလေ အရမ်းထူးဆန်းနေတယ်”
ယန်ကျွင်းဇဲ ရယ်လိုက်မိသည်။
“ဘယ်လောက်ပဲ ထူးဆန်းနေပါစေ၊ မင်းရဲ့ရှေ့မှာတော့ အကုန် ပေါ်ကုန်တာပါပဲ။ မနေ့က စုမူယောင်နဲ့ ပတ်သက်ပြီးလည်း ဒီလိုပဲလေ။ မင်းသာ ငါ့ကို မဆွဲထားရင် ငါ တော်ကြာ….”
ကျန်းရှောင်မိုက “ဒါက လေ့ကျင့်မှုနဲ့ အတွေ့အကြုံတွေ စုဆောင်းဖို့ လိုသည်။ မင်း အကြိမ်များများ ကြုံရလေ၊ မင်း တုံ့ပြန်မှု ပိုမြန်လေပဲ” လို့ ပြောလိုက် လေသည်။
ယန်ကျွင်းဇဲ ခေါင်းညိတ်လိုက်မိသည်။
ဒီအချိန်မှာ သူတို့နှစ်ယောက်က လမ်းဟောင်းရဲ့ အဆုံးပိုင်းနားကို ရောက်နေပြီဖြစ်ပြီး အဲဒီနေရာက ယန်ကျွင်းဇဲ “ကြိုးဆွဲချသေဆုံးသူ” တာဝန်ကို လမ်းဟောင်း ၃၉ မှာ နောက်ဆုံးအကြိမ် တွေ့ရှိခဲ့တဲ့ နေရာပါပဲ။
ယန်ကျွင်းဇဲက မလှမ်းမကမ်းက လွတ်နေတဲ့ အဆောက်အအုံဟောင်းတစ်ခုကို မော့ကြည့်လိုက်မိသည်။
ဒီနေရာမှာ ကိုယ့်ဘာသာ ဆောက်ထားတဲ့ အိမ်တွေ အများကြီးရှိပြီး ဒီအဆောက်အအုံကလည်း ကိုယ့်ဘာသာ ဆောက်ထားပုံရသည်။ သုံးထပ်ရှိပြီး အပြင်ဘက်တံခါးပြားတွေက ကျိုးပဲ့နေပြီ။ ပျက်စီးနေတဲ့ တံခါးပြားတွေကနေ အိမ်ရဲ့ မှောင်မိုက်တဲ့ အတွင်းပိုင်းကို မြင်နေရသည်။
“သွားကြရအောင်၊ ဒီလမ်းကနေ” ကျန်းရှောင်မိုက နောက်လမ်းတစ်ခုကို လက်ညှိုးထိုးပြသည်။
ယန်ကျွင်းဇဲက မနေနိုင်ဘဲ “ဒါ မင်းအရင်က ပြောဖူးတဲ့ ထူးဆန်းတာတွေ ပူးကပ်နေတဲ့နေရာ မဟုတ်လား။ အခု ကြုံကြိုက်တုန်း ဘာလို့ တစ်ခါတည်းမရှင်းတာလဲ” လို့ မေးလိုက်သည်။
ကျန်းရှောင်မိုက “လူတွေကို ပုံမှန်အတိုင်း မနေထိုင်နိုင်အောင် တားဆီးထားတဲ့ ထူးဆန်းတာမှန်သမျှကို နတ်ဆိုးနှိမ်နင်းသူတွေဆီ သတင်းပို့ထားပြီး စောင့်ဆိုင်းစာရင်းထဲမှာ ပါနေပြီ။ အရေးပေါ်အခြေအနေမဟုတ်ရင် စည်းမျဉ်းအရ ငါ ဝင်ရောက်လို့မရဘူး။
ဘယ်သူမှ သတင်းမပို့သေးဘူးဆိုရင် အဲဒီထူးဆန်းမှုက အန္တရာယ်မရှိဘူးလို့ အဓိပ္ပာယ်ရတယ်၊ ငါ လှုပ်ရှားဖို့ မလိုဘူး” လို့ ပြန်ပြောသည်။
“မင်း မျက်စိအောက်တင် ဖြစ်နေတာကို ထိုင်ကြည့်နေရမှာလား” ယန်ကျွင်းဇဲက မရှင်းလင်းသေးပေ။
“ဒီကမ္ဘာမှာ ထူးဆန်းတာတွေက လွန်ခဲ့တဲ့ နှစ်ဝက်ကျော်လောက်က ရုတ်တရက် ပေါ်လာတယ်၊ ငါတို့အဖွဲ့လည်း အဲဒီတုန်းကမှ စဖွဲ့ခဲ့တာ။ ဒါကြောင့်မို့ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ အများကြီး ကြုံနေရတုန်းပဲ” ကျန်းရှောင်မိုက ဝေးကွာတဲ့ အိမ်ကို မော့ကြည့်လိုက်သည်။ “ငါတို့မှာ ကိုယ်ပိုင် လုပ်ငန်းလည်ပတ်မှု စည်းမျဉ်းတွေရှိတယ်။ အဲဒါတွေထဲမှာ ထူးဆန်းတာတွေက ဧရိယာကို သက်ရောက်မှုရှိတဲ့ သံလိုက်စက်ကွင်းတွေ ဖန်တီးနိုင်တယ်ဆိုတာလည်း ပါဝင်တယ်၊ ဒါကလည်း လွယ်လွယ်ကူကူ ပြောင်းလို့မရတဲ့ စည်းမျဉ်းတစ်ခုပဲ”
“ငါ နားမလည်ဘူး” ယန်ကျွင်းဇဲ ခေါင်းခါမိသည်။
“အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့ ထူးဆန်းမှုတစ်ခုက ချက်ချင်းဖြေရှင်းဖို့ မလိုအပ်တဲ့ အခြေအနေမှာရှိနေပြီး မင်းက အဲဒါကို ရှင်းလိုက်မယ်ဆိုရင် အခြားသော ထူးဆန်းမှုတွေရဲ့ တူညီတဲ့ ဧရိယာအတွင်းက သံလိုက်စက်ကွင်းတွေက… ပိုပြီး အားကောင်းလာနိုင်တယ် ဒါမှမဟုတ် မသိတဲ့ ပြောင်းလဲမှုတစ်မျိုး ဖြစ်လာနိုင်တယ်”
ယန်ကျွင်းဇဲ ခဏတာ ကြောင်သွားသည်။ ဒါက “ထူးဆန်းတဲ့ ဖြစ်ရပ်များကို သိမြင်ခြင်း” က အရင်က ပြောခဲ့တဲ့ ဖြစ်ရပ်တစ်ခုရဲ့ အဆင့်က အချိန်ကြာလာတာနဲ့အမျှ ဖြစ်နိုင်ခြေရှိစွာ တိုးလာနိုင်တယ်ဆိုတာ မဟုတ်လား။
နတ်ဆိုးနှိမ်နင်းသူတွေက လွယ်လွယ်ကူကူ မဟုတ်ဘူးဆိုတာ ဒီလောက်တော့ သူတို့လည်း သေချာနားလည်ထားပုံရသည်။
သူတို့နှစ်ယောက် စကားပြောရင်း ရောခ့် နောက်ဖေးလမ်း ၁၁၄ နားကို ရောက်လာကြသည်။
ဒါက ယန်ကျွင်းဇဲက ဒုတိယမြောက် တာဝန်ရဲ့ လင်းမိသားစု ခြံဝင်းကို တွေ့ရှိခဲ့တဲ့ နေရာပါပဲ။
သူက ကျန်းရှောင်မိုရဲ့ တုံ့ပြန်မှုကို ကြည့်ဖို့ ခေါင်းကို နည်းနည်းစောင်းကြည့်လိုက်ပေမယ့် သူမက ပစ်ထားပုံရတဲ့ ခြံဝင်းကို တစ်ချက်ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်တဲ့အခါ ဘာမှမပြောတော့တာကို တွေ့လိုက်ရသည်။
ဟုတ် ပေသည်၊ ယန်ကျွင်းဇဲ ကိုယ်တိုင်လည်း အဲဒါကို ထုတ်မပြောပါချေ၊ ဒါမှ သူ့လျှို့ဝှက်ချက်တွေ ပေါ်မသွားမှာပေါ့။
သူက ဟောင်းနွမ်းနေတဲ့ ခြံဝင်းကို ခဏတာ စူးစမ်းကြည့်လိုက်သည်။ ပတ်လည်နံရံတွေက မပျက်စီးဘဲ ရှိနေပေမယ့် နွယ်ပင်တွေနဲ့ ပေါင်းပင်တွေ အုပ်နေသည်။ အနီးနားက အိမ်တွေအားလုံးမှာ “ဖျက်သိမ်း” ဆိုတဲ့ စာလုံးကို ရေးထားပေမယ့် ဘာအကြောင်းကြောင့်မှန်းမသိဘဲ အဲဒါတွေကို မထိဘဲ ထားသည်။
ဒီလိုဖြစ်လာတော့ အနီးနားမှာ ဘယ်သူမှ မနေတော့ပေ။
“ဒီနေရာက တော်တော်ဝေးတယ်လို့ ခံစားရတယ်” ယန်ကျွင်းဇဲက တမင်တကာ မှတ်ချက်ပေးလိုက်သည်။
“အင်း၊ သွားကြရအောင်၊ ငါတို့နေရာကို ပြန်ကြမယ်” ကျန်းရှောင်မိုက အသေးစိတ်မပြောဘဲ ပြန်ဖြေသည်။
သူတို့ ငှားထားတဲ့ အခန်းကို ပြန်ရောက်တော့ လင်းတုန်းကို နှုတ်ဆက်ပြီး နောက်နေ့မှာ ပြောင်းရွေ့ဖို့ ဆုံးဖြတ်လိုက်ကြလေသည်။
လင်းတုန်းက ချက်ချင်းသဘောတူပေမယ့် သူက ခုတင်ပေါ်မှာပဲ စိတ်ပျက်အားငယ်စွာ လှဲလျောင်းနေတုန်းပဲ။
သူ့ကို ဒီလိုမြင်ရတော့ ယန်ကျွင်းဇဲ နည်းနည်း စိတ်မကောင်းဖြစ်သွားသည်။ သူ့ရောက်လာတာသာ မဟုတ်ရင် လင်းတုန်းက ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ပေ။
ဒါပေမဲ့ ကံကောင်းစွာနဲ့ ဒီအပြစ်မဲ့သူတွေ အသက်မဆုံးရှုံးခဲ့ကြပေ။
“ဒီည အပြင်က ဆိုဖာမှာ အိပ်မယ်။ ဒါက ငါတို့ရဲ့ နောက်ဆုံးနေ့ဖြစ်လို့ မင်း ကုတင်ပေါ်မှာ ကောင်းကောင်းအိပ်လိုက်ပါ” ယန်ကျွင်းဇဲက ကျန်းရှောင်မိုကို ပြောလိုက်လေသည်။
ကျန်းရှောင်မို ဘာမှမပြောဘဲ မကြာခင်မှာပဲ ယန်ကျွင်းဇဲက သူ့အိပ်ရာခင်းတွေကို အပြင်ကို ရွှေ့ပြီး ဆိုဖာပေါ် ပစ်တင်လိုက်သည်။
အိပ်ချိန်ရောက်တော့ သူတို့ ကိုယ်ပိုင်အခန်းတွေက မီးတွေကို ပိတ်လိုက်ကြသည်။
ပြတင်းပေါက်တွေကနေ လရောင်တွေ ဝင်လာပြီး ခဏတာ နှစ်ယောက်လုံး မအိပ်ပျော်သေးပေ။
နောက်ဆုံးတော့ ကျန်းရှောင်မိုရဲ့ အသံက ရောက်လာသည်– “မင်းက ကိုယ်ခံအားကောင်းတယ်။ တစ်ချိန်ချိန်ကျရင် ငါတို့ဆီကို စမ်းသပ်ဖို့ လာလို့ရတယ်။ မင်းက ထူးချွန်တဲ့ နတ်ဆိုးနှိမ်နင်းသူ ဖြစ်နိုင်တယ်၊ ဒါကြောင့် မဖြုန်းတီးပါနဲ့”
“နောက်မှ ပြောကြတာပေါ့” ဒီတစ်ခါတော့ ယန်ကျွင်းဇဲကတစ်ခါတည်းမငြင်းဆိုပေ။
သူ နတ်ဆိုးနှိမ်နင်းသူ မဖြစ်နိုင်ဘူးဆိုရင်တောင် အနာဂတ်မှာ သူတို့နဲ့ ပတ်သက်ပြီး ဖြေရှင်းစရာ အခွင့်အလမ်းတွေ အများကြီး ရှိဦးမယ်လို့ ခံစားရမိသည်။ ဒါက ရှောင်လွှဲလို့မရတဲ့ အရာပဲ။
ခဏတာ စကားပြောပြီးနောက် ယန်ကျွင်းဇဲ ဘယ်တုန်းက အိပ်ပျော်သွားလဲ မသိချေ။
သူ ဆိုဖာပေါ် လှဲလျောင်းနေတုန်း အခန်းထဲကနေ မှောင်မိုက်တဲ့ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ချဉ်းကပ်လာတာကို မှိန်မှိန်လေး သတိထားမိသည်။ အဲဒါက ကျန်းရှောင်မိုနဲ့ နည်းနည်းဆင်တူပေမယ့် မဟုတ်ပေ။
သူ မျက်လုံးဖွင့်လို့မရပေ၊ လုံးဝ မလှုပ်ရှားနိုင်ပေ၊ ရုတ်တရက် အိပ်မက်ဆိုးမက်သလိုမျိုးဖြစ်ပြီး သတိကတော့ ကြည်လင်နေပေမယ့် ခန္ဓာကိုယ်က တောင့်တင်းနေသည်။
ပုံရိပ်က နီးလာပြီး သူ့ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေသည်။
ယန်ကျွင်းဇဲချွေးစေးတွေစီးကျလာတာကို ခံစားရမိသည်။ သူ မျက်လုံးဖွင့်ဖို့ အားကုန်ရုန်းကန်သည်။စိတ်ပျက်အား
ငယ်စွာ ကြိုးစားမှုတွေကြောင့် သူ့ခန္ဓာကိုယ်နည်းနည်းတုန်ယင်သွား လေသည်။
ပုံရိပ်က လှုပ်ရှားပြီး ငုံ့လိုက်ကာ သူ့မျက်နှာနားကို ကပ်လာသည်။
အဲဒီအချိန်မှာ ယန်ကျွင်းဇဲ ရုတ်တရက် မျက်လုံးအဝိုင်းသားဖွင့်လိုက်တော့ အရေးအကြောင်းတွေနဲ့ ဖယောင်းရုပ်လို ညှိုးခြောက်နေတဲ့ ပါးပြင်တစ်ဖက်ကို မြင်လိုက်ရလေသည်။
သူ ဒီမျက်နှာကို ကောင်းကောင်းသိတယ်။
အငြိုးကြီးအဘွားရန်!
ဟား…
ယန်ကျွင်းဇဲ ဆိုဖာပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်သည်။ သူ့နဖူးမှာ ချွေးအေးတွေ ရွှဲနေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမယ့် ဘာမှမရှိပေ။
အိပ်မက်! ဒါ အိပ်မက်သက်သက်ပဲလား။
“ပြင်းထန်တဲ့ သံလိုက်စက်ကွင်း ထူးဆန်းမှုကြောင့် သေလုနီးပါးကနေ လွတ်မြောက်လာပြီးနောက် ခဏတာ လှည့်ဖြားမှုတွေနဲ့ အမြင်မှားမှုတွေ ခံစားရတာ ပုံမှန်ပဲ။ ဒါကို လျစ်လျူရှုလိုက်ပါ၊ ပျောက်သွားပါလိမ့်မယ်” ကျန်းရှောင်မိုရဲ့ တည်ငြိမ်တဲ့ အသံက အိပ်ခန်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာသည်၊ အဲဒါက သူမအတွက် အကျွမ်းတဝင်ရှိတဲ့ ကိစ္စလိုမျိုးပါပဲ။