← Chapters

အိမ်ဟောင်းထဲက အမျိုးသမီး (အပိုင်း ၁)

Vol. 6 Ch. 84

အိမ်ဟောင်းထဲက အမျိုးသမီး (အပိုင်း ၁)

Vol. 6 Ch. 84

ယန်ကျွင်းဇဲ အိပ်ချင်စိတ် လုံးဝပျောက်သွားတာကြောင့် သူရိုးရှင်းစွာ ထလိုက်ပြီး ရေတစ်ခွက်ငှဲ့ကာ ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။

သူ ကျန်းရှောင်မိုကို ပြန်မတုံ့ပြန်ခဲ့ပေ။

ကျန်းရှောင်မိုဟာ တော်တော်ထူးခြားတဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးကိုပဲ ရင်ဆိုင်ရပါစေ ထူးထူးခြားခြား တည်ငြိမ်နေတာကြောင့် ကြယ်သုံးပွင့် နတ်ဆိုးနှိမ်နင်းသူတစ်ယောက်ရဲ့ တည်ငြိမ်မှုကို အမြင့်ဆုံးအထိ ဆောင်ကြဉ်းနိုင်ခဲ့တယ်လို့ ပြောလို့ရသည်။

ဒါ့အပြင် သူမက အတွေ့အကြုံလည်း ရှိသည်။

လတ်တလော အိပ်မက်က အရမ်းကို တကယ်လိုပဲ ခံစားရသည်၊ အငြိုးကြီးအဘွားရန် သူ့ရှေ့မှာ တကယ်ရပ်နေသလိုမျိုးပဲ။

ပြီးတော့ ကျန်းရှောင်မိုက အပြင်ကို ထွက်မလာဘဲနဲ့တောင် ယန်ကျွင်းဇဲ ဘာဖြစ်ခဲ့လဲဆိုတာ သိနေတာကြောင့် သူ ဒီအမျိုးသမီးကို ထပ်ပြီး လေးစားမှုအသစ်တစ်ခု ပေးမိပြန်သည်။

သို့သော် ဒီအချိန်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကနေ သူ အရေးကြီးတဲ့အရာတစ်ခုကို ပြန်မမှတ်မိနိုင်သေးပေဆိုတဲ့ ခံစားချက်က ယန်ကျွင်းဇဲရဲ့ ရင်ထဲမှာ ပြန်ပြည့်လာပြန်သည်။

သူ ရေကို တစိမ့်စိမ့်သောက်ရင်း သူ့မှတ်ဉာဏ်ကို ဖိအားပေးနေသည်၊ ဘယ်အရေးကြီးတဲ့အရာကို သူ မေ့သွားမှန်း နားမလည်နိုင်ဖြစ်နေသည်။

ဒါပေမဲ့ အချိန်အတော်ကြာအောင် ပြန်သတိရဖို့ ကြိုးစားပြီးနောက် သူက လုံးဝရှုပ်ထွေးနေတုန်းပဲ၊ သူ့ရင်ထဲမှာ မသက်မသာခံစားမှုတစ်ခု၊ ရှင်းပြမရတဲ့ ထိတ်လန့်မှုတစ်ခုပဲ ကျန်နေခဲ့သည်။

ရေကုန်တော့ သူ ဆိုဖာပေါ်မှာပဲ ထိုင်နေရင်း မသိလိုက်ဘဲ အိပ်ပျော်သွားသည်။

နောက်နေ့ မွန်းလွဲပိုင်းမှာ ကျန်းရှောင်မိုက သူ့ခရီးဆောင်အိတ်ကို ပြင်ဆင်ပြီး ယန်ကျွင်းဇဲကို သူ့ဖုန်းနံပါတ် ပေးခဲ့ကာ သူ့ထက်အရင် ထွက်ခွာသွားသည်။

ယန်ကျွင်းဇဲက အပေါ်ထပ်က လင်းလင်းနဲ့ စုမူယောင်တို့နဲ့ နောက်ဆုံးအကြိမ် ညစာစားတာလို့ အကြောင်းပြပြီး နောက်နေ့မှ ထွက်မယ်လို့ ကျန်းရှောင်မိုကို ပြောလိုက်သည်။

သူ့အတွက် တာဝန်နှစ်ခု ကျန်နေသေးသည်၊ အချိန်ဟင်းလင်းပြင်မြေပုံ ကို လင်းစေဖို့ အခွင့်အလမ်းတွေ - သူ ဖြုန်းတီးလို့ မဖြစ်ပေ။

ဒါကြောင့် ကျန်းရှောင်မို ထွက်သွားပြီးနောက် သူ ပထမဆုံး လင်းတုန်းဆီသွားပြီး သူ့အခန်းကို နှစ်ရက် ထပ်ငှားလိုက်သည်။

ပြီးတော့ သူ ဘွန်း စူပါမားကတ်ကို သွားပြီး အားပြန်သွင်းနိုင်တဲ့ ဓာတ်မီးနှစ်လုံးနဲ့ မီးခိုးရောင် မျက်နှာဖုံးတစ်ထည် ဝယ်လိုက်ပြီး အခန်းကို ပြန်ရောက်တော့ ဓာတ်မီးတွေကို ဆက်တိုက် အားသွင်းထားလိုက်သည်။

စူပါမားကတ်ပိုင်ရှင်ရဲ့ မိတ်ဆက်ပေးချက်အရ အားအပြည့်သွင်းပြီးတာနဲ့ ဓာတ်မီးတွေက နာရီဝက်ခန့် အလင်းပေးနိုင်လေသည်။

"ကြိုးဆွဲချခံရတဲ့မိန်းမ" တာဝန်ကို စူးစမ်းတာက တစ်နာရီခွဲလောက် ကြာမှာ မဟုတ်ပေ၊ အထူးသဖြင့် သူ့မှာ ဒုတိယဓာတ်မီး တစ်လုံးရှိသေးသည်ဆိုတော့။

ဟုတ်‌ပေသည်၊ ယန်ကျွင်းဇဲက တာဝန်နှစ်ခုလုံးကို တစ်ပြိုင်တည်း ပြီးမြောက်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပေ၊ ဒီညမှာ "ကြိုးဆွဲချခံရတဲ့မိန်းမ" ကို ဖြေရှင်းပြီး နောက်ညမှာတော့ "လက်ကိုင်ပဝါချပါ" တာဝန်ကို ပြီးမြောက်ဖို့ လင်းမိသားစုခြံဝင်းကို သွားဖို့ စီစဉ်ထားလေသည်။

ညဘက်မှာ လုပ်ဆောင်ရတဲ့ အကြောင်းရင်းက ရိုးရှင်းလေသည်– အမှောင်ထုရဲ့ အကူအညီနဲ့သာ သူ မမြင်မတွေ့နိုင်အောင် ရှောင်ရှားနိုင်သည်။ နေ့ခင်းဘက် ကြိုးစားမယ်ဆိုရင် လူတစ်ယောက်တည်း မြင်သွားတာနဲ့ တာဝန်ပျက်စီးနိုင်သည်။

လင်းလင်းနဲ့ စူမူယောင်တို့နဲ့အတူ သူ့ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဟော့ပေါ့ ကို ပျော်ပျော်ပါးပါး စားသောက်ပြီးနောက် ယန်ကျွင်းဇဲရော ကျန်းရှောင်မိုရော အဲ့ဒီညက တကယ်ဘာတွေဖြစ်ခဲ့လဲဆိုတာ မပြောခဲ့ကြပေ၊ အဲ့ဒီစုံတွဲက သူတို့အချိန်မီ မရောက်လာခဲ့ရင် ပျက်စီးသွားလောက်ပြီလို့ ယုံကြည်ပြီး ကျေးဇူးတင်နေတုန်းပဲ။

ယန်ကျွင်းဇဲက အများကြီး မပြောချင်ပေ၊ အဲ့ဒီစုံတွဲနဲ့ ညစာစားတာကို ပျော်ရွှင်ခဲ့ပေမဲ့ အရက်သောက်ဖို့ မရဲပေ၊ လင်းလင်းကလည်း သူ့ရဲ့ နုနယ်ပျိုမြစ်တဲ့ရုပ်ရည်ကို မြင်တော့ သူ့ကို အရက်သောက်ဖို့ မတိုက်တွန်းခဲ့ပေ။

ညကိုးနာရီလောက်မှာ စုဝေးမှုက ခွဲခွာသွားပြီး ကျေးဇူးတင်စကားပြောပြီးနောက် ယန်ကျွင်းဇဲက အောက်ထပ်ကို ပြန်သွားသည်။

သူ ဓာတ်မီးတွေကို စစ်ဆေးကြည့်တော့ နှစ်လုံးစလုံး အားပြည့်နေပြီ။

အခုတော့ သူ လုပ်ဆောင်ဖို့အတွက် ညနက်သန်းခေါင်ကို စောင့်နေရုံပဲ။

ဆယ့်တစ်နာရီခွဲလောက်မှာတော့ ရောခ့်မြို့ရဲ့ လမ်းတွေပေါ်မှာ လူတစ်ယောက်ကိုတောင်မှ မြင်ဖို့ ခက်ခဲနေပေပြီ။

ယန်ကျွင်းဇဲက အနက်ရောင် ကုတ်အင်္ကျီ ဝတ်လိုက်သည်၊ မီးခိုးရောင် မျက်နှာဖုံးတပ်လိုက်သည်၊ ပြီးတော့ သူ့မိုဘိုင်းဖုန်းနဲ့ ဓာတ်မီးနှစ်လုံးကို လက်ထဲမှာ ကိုင်ပြီး အပြင်ထွက်လာသည်။

သူက သူ့ဖုန်းကို ကြိုတင် အသံပိတ် ထာလိုက်းသည်။

လမ်းပေါ်လျှောက်လာတော့ အိမ်တစ်လုံးနှစ်လုံးမှာပဲ မီးထွန်းထားတာကို မြင်ရသည်၊ အပေါ်ထပ်က လင်းလင်းနဲ့ စူမူယောင်တောင် အိပ်ပျော်နေကြပြီ။

သူ လမ်းဟောင်းနံပါတ် ၃၉ ကို အမြန်ရောက်လာသည်။

မော့ကြည့်လိုက်တော့ နေ့ခင်းဘက်ကအတိုင်းပဲ– တံခါးက စုတ်ပြဲနေပေမဲ့ အပြင်နံရံတွေကတော့ ခိုင်ခံ့နေတုန်းပဲ။ အဝင်ဝမှာ ပင့်ကူအိမ်ကြီးတွေ ရှိနေတာက လူသားတွေ ထိတွေ့မှုမရှိတာ ကြာပြီဆိုတာ ရှင်းရှင်းလင်းလင်းပြနေသည်။

ယန်ကျွင်းဇဲက နံရံထောင့်မှာ ရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်၊ ဘယ်သူမှ မရှိဘူးဆိုတာ သေချာတော့မှ လှည့်ပြီး နံပါတ် ၃၉ ရဲ့ လှေကားထစ်တွေကို တက်သွားလိုက်သည်။

ကျောက်နဲ့လုပ်ထားတဲ့ လှေကားထစ်တွေက ခြေဖဝါးအောက်မှာ တည်ငြိမ်နေသည်။

ခြေလှမ်းအနည်းငယ်နဲ့ သူ တံခါးဝကို ရောက်လာသည်။ သော့ဖွင့်ဖို့ မလိုဘဲ ကျိုးပဲ့နေတဲ့ တံခါးဘောင်ကို ကျော်ဖြတ်ပြီး ဝင်လိုက်သည်။

အတွင်းရောက်တာနဲ့ ယန်ကျွင်းဇဲက ခေါင်းလှည့်ပြီး လမ်းဘက်ကို တံခါးဘောင်ကနေ ချောင်းကြည့်သည်၊ လမ်းသွားလမ်းလာတွေကို ကြည့်ရှုစစ်ဆေးလိုက်သည်။

လူတစ်ယောက်တောင်မှ မရှိချေ၊ တိတ်ဆိတ်နေသည်။

သူလှည့်ပြီး ဓာတ်မီးဖွင့်သည်၊ အလင်းကို မှိန်စေသည်၊ ပြီးတော့ အိမ်ထဲကို လျှောက်သွားသည်။

ကျေးလက်မှာ ဆောက်ထားတဲ့ အိမ်အိုတွေမှာ ရှေ့ခန်းကို ဆိုင်ခန်းအဖြစ် သုံးဖို့ ဒီဇိုင်းထုတ်ထားတတ်သည်။ အဲ့ဒီအခန်းက များသောအားဖြင့် လွတ်နေပြီး ခုံအနည်းငယ်ပဲ လေသည်၊ တခြားပရိဘောဂတွေ မရှိပေ။

ယန်ကျွင်းဇဲ ဒီအခန်းလွတ်ကို အမြန်ဖြတ်သွားသည်၊ မှိုနံ့တွေ လေထဲမှာ ပျံ့လွင့်နေသည်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူ မျက်နှာဖုံးတပ်ထားတာကြောင့် နေရောင်ခြည်မရတဲ့နေရာဆိုတော့ လေထုအရည်အသွေး ဆိုးဝါးမယ်ဆိုတာ ကြိုတင်မှန်းဆထားပြီးသား။

သူ နေ့ခင်းဘက် အပြင်ကနေ အဆောက်အအုံကို တိုင်းတာခဲ့ပြီးသား၊ ဒါက သုံးထပ်ရှိတဲ့ ကိုယ်တိုင်ဆောက်ထားတဲ့ အိမ်အိုကြီးဖြစ်ပြီး အပြင်နံရံရဲ့ နေရာများစွာမှာ အခွံတွေ လန်နေပြီ။

အပေါ်တက်တဲ့ လှေကားကလည်း တော်တော်ကျဉ်းသည်။ ယန်ကျွင်းဇဲ လှေကားအောက်ခြေကို ရောက်ပြီး ဓာတ်မီးကို အပေါ်ထိုးလိုက်တော့ မှော်ပင်တွေ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။

အတွင်းပိုင်းက အရမ်းစိုစွတ်နေတာ ရှင်းရှင်းလင်းလင်းပဲ။

ဒါပေမဲ့ ပိုနီးကပ်စွာ ကြည့်လိုက်တော့ လှေကားထောင့်မှာ အောက်ဘက်ကို ဆက်သွယ်ထားတာလည်း တွေ့ရသည်။

ဆိုလိုတာက အဆောက်အအုံမှာ မြေအောက်ခန်းတစ်ခု ရှိသည်။

ခဏလောက် ရပ်နေရင်း ယန်ကျွင်းဇဲက အပေါ်တက်ရမလား အောက်ဆင်းရမလား စဉ်းစားနေမိသည်။

တာဝန်အကျဉ်းချုပ်မှာ ယဲကျဲနန် ကြိုးဆွဲချခဲ့တဲ့ အမျိုးသမီးက အိမ်ရဲ့ မျက်နှာကြက်တန်း အောက်မှာ လှုပ်ယမ်းနေဆဲလို့ အရိပ်အမြွက် ပြောထားပေမဲ့ ဘယ်အထပ်မှာလဲဆိုတာ မဖော်ပြထားတာကြောင့် ယန်ကျွင်းဇဲအတွက် ပြဿနာဖြစ်နေလေသည်။

သူက သူ့ဓာတ်မီးကို မြေအောက်ခန်းဘက်ကို ထိုးလိုက်သည်၊ အတွင်းပိုင်းက ပိုမှောင်နေပုံရသည်၊ အပေါ်ထပ်ထက် မလင်းပေ။ အနည်းဆုံး ဒုတိယထပ်နဲ့ အပေါ်မှာတော့ လရောင်အနည်းငယ် ဝင်နိုင်တာကြောင့် မြေအောက်ခန်းထက် အများကြီး ပိုကောင်းသည်။

"တစ်ယောက်တည်း ကြိုးဆွဲချချင်ရင် ဘယ်နေရာကို ရွေးချယ်တတ်သလဲ"

ယန်ကျွင်းဇဲက လှေကားအဝင်ဝမှာ ရပ်နေရင်း တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစားနေသည်၊ ပတ်ဝန်းကျင်ကနေ ဘာအသံမှ ထွက်မလာပေ။

သူက သေချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ထဲကို ဝင်ရောက်ကြည့်ဖို့ ကြိုးစားသည်– လူမသိသူမသိ သေချင်ပြီး မကယ်တင်ခံရချင်ပေဆိုရင် လူတွေ သိပ်မသွားတဲ့နေရာကို ရွေးမှာ သေချာသည်။

ဒါဆို မြေအောက်ခန်းက ပိုသင့်တော်ပုံရသည်။

ဒုတိယထပ်ကို ဓာတ်မီးနဲ့ ခဏလောက်ထိုးကြည့်ပြီးနောက် ယန်ကျွင်းဇဲက အပေါ်တက်ဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး မြေအောက်ခန်းကို တန်းသွားဖို့ ဆုံးဖြတ်လိုက်သည်။

မျှော်လင့်ထားတဲ့အတိုင်း မြေအောက်ခန်းကို ဆင်းတဲ့ လှေကားထစ်တွေက ပိုပြီး ချောပြီး စိုစွတ်နေသည်၊ ခြေအောက်မှာ ရေညှိစိမ်းတွေ ထူထဲစွာ ဖုံးအုပ်နေသည်။ ပြီးတော့ ဒီကိုယ်တိုင်ဆောက်ထားတဲ့ အိမ်တွေက ငွေကုန်သက်သာအောင် မြေအောက်ခန်းလှေကားတွေမှာ လက်ရန်းတောင် မပါချေ။

ယန်ကျွင်းဇဲက လက်တစ်ဖက်နဲ့ နံရံကို အားပြုပြီး အစွန်းရောက် ဂရုတစိုက်နဲ့ တစ်လှမ်းချင်းဆင်းသွားရသည်။

သူ နောက်ပြန်ဆင်းပြီး မှောက်ရက်‌ချော်မလဲချင်ဘူးဆိုရင် လုံခြုံစွာ ဆင်းဖို့ အချိန်ယူတာက သေချာပေါက် ပိုကောင်းတဲ့ နည်းလမ်းဖြစ်ပေသည်။

ဒါကြောင့် သူ လှေကားဆင်းတဲ့အခါ လုံးဝအသံ မထွက်ခဲ့ချေ။

သူ မြေအောက်ခန်းကို တစ်ဝက်လောက် ရောက်တော့ အပေါ်ထပ်ကနေ ထူးဆန်းတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

အဲ့ဒီအသံက ကြိုးတစ်ချောင်းကို အဆုံးအထိ ဆွဲဆန့်ထားသလိုမျိုးပဲ – ညဥ့်ရဲ့ တိတ်ဆိတ်မှုထဲမှာ ထူးခြားတဲ့ ဆူညံသံ တစ်ခု ထွက်ပေါ်လာသည်။

ယန်ကျွင်းဇဲ ထိတ်လန့်သွားသည်၊ "ငါ မှားခန့်မှန်းမိတာလား။ အမျိုးသမီးက မြေအောက်ခန်းမှာ ကြိုးဆွဲချထားတာ မဟုတ်ဘဲ အပေါ်ထပ်မှာလား"

သို့သော် သူရပ်နေတဲ့နေရာကနေ အသံက အပေါ်ထပ်က လာတာကိုပဲ မှိန်ပြပြ ခန့်မှန်းနိုင်သည်၊ ဒုတိယထပ်လား တတိယထပ်လားတော့ မသိပေ။

သူ တစ်ခါတည်း တက်ကြည့်သင့်လား။

ယန်ကျွင်းဇဲ ခဏတာ တွေဝေသွားပြီးနောက် မလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ မြေအောက်ခန်းလှေကားရဲ့ တစ်ဝက်လောက်အထိ ရောက်နေပြီဆိုတော့ အပေါ်တက်မသွားခင် အရင်ဆုံး ဒီနေရာကို စစ်ဆေးတာက နောက်မကျသေးပေ။

သူ လှေကားကို ဆက်ဆင်းတော့မယ့်အချိန်မှာ ယန်ကျွင်းဇဲ ရုတ်တရက် ရပ်တန့်သွားသည်။

ဘာလို့လဲဆိုတော့ သူ အပေါ်ထပ်က အသံကြားတော့ အလိုအလျောက် ဓာတ်မီးကို အပေါ်ထိုးလိုက်မိလို့ပဲ။

ပြီးတော့ အဲ့ဒီအချိန်မှာ သူ့ဓာတ်မီးက အပေါ်ကနေရာကနေ အခုမှ ရွေ့သွားခဲ့ခြင်းဖြစ်လေသည်။

ဒါပေမဲ့ အလင်းရောင် ရုတ်တရက် ပျောက်ကွယ်သွားတဲ့ ခဏတာလေးအတွင်းမှာ သူ ပထမထပ်ရဲ့ ထောင့်မှာ ခြေထောက်တစ်စုံကို မြင်လိုက်ရသည် – အဖြူရောင် အမျိုးသမီးဖိနပ်စီးထားတဲ့ ခြေထောက်တစ်စုံ။ ခြေထောက်ဘေးမှာ လက်ညှိုးလောက် အထူရှိတဲ့ ကြိုးတစ်ချောင်း ချိတ်ဆွဲထားလေသည်။

All Chapters