အိမ်ဟောင်းထဲက အမျိုးသမီး (အပိုင်း ၃)
Vol. 6 Ch. 86
ယဲကျဲနန်ရဲ့ ဝိညာဉ်ကို တစ်ချက်မြင်လိုက်ရတဲ့ အချိန်မှာပဲ ယန်ကျွင်းဇဲက သူ့အကြည့်ကို ချက်ချင်း လွှဲလိုက်ပြီး သူမကို စိုက်ကြည့်တာကို ရပ်လိုက်လေသည်။
ယင်ယန်ကျွမ်းကျင်သူ လင်းယီရှန်ရဲ့ အကြံဉာဏ်ကို သူ တိတိကျကျ မှတ်မိနေသည်၊ အဲ့ဒီအမျိုးသမီးရဲ့ မျက်နှာကို၊ အထူးသဖြင့် သူမရဲ့လျှာကို မစိုက်ကြည့်မိစေဖို့။
သေဆုံးပြီးနောက် ယဲကျဲနန်က သူမရဲ့ ပုံပန်းသဏ္ဌာန်အပေါ်အလွန်စိတ်ကျေနပ်မှုမရှိခဲ့ပုံရသည်၊ ဒါကြောင့် သူမကို စိုက်ကြည့်တာက တားမြစ်ထားတဲ့အရာ ဖြစ်လာတာ ဖြစ်နိုင်လေသည်။
တစ်ချက်သာ လှမ်းကြည့်ခဲ့ပြီး သူ့အကြည့်ကို အမြန်လွှဲလိုက်ပေမယ့် ယန်ကျွင်းဇဲက အဲ့ဒီအမျိုးသမီးရဲ့ မျက်နှာကို မပီမပြင် မြင်လိုက်ရသေးသည်၊ အထူးသဖြင့် သူမရဲ့ နှုတ်ခမ်းနားက ဧရိယာက တော်တော်ထင်ရှားနေသည်။
ပျော့ပျောင်းပြီး လျော့ရဲနေတဲ့ အရာတစ်ခုက သူမရဲ့ နှုတ်ခမ်းကနေ မေးစေ့အထိ တွဲလောင်းကျနေသည်၊ ဒါက သူမရဲ့ ရှည်လျားနေတဲ့လျှာ ဖြစ်တာ သေချ နေပေသည်။
"ငါ ဘယ်လိုဆင်းရမှာလဲ" ယန်ကျွင်းဇဲက သူ့စိတ်ထဲမှာ အမြန်တွေးတောနေသည်။
အခု ယဲကျဲနန်က တံခါးဝကို လှုပ်ရှားခြင်းမရှိဘဲ ပိတ်ဆို့ထားသည်၊ သူမရဲ့ ဟန်ပန်က အလွန်ပုံမှန်မဟုတ်ပေ၊ ပခုံးတွေက မညီညာဘဲ ရှင်းပြလို့မရတဲ့ ကြောက်မက်ဖွယ်ကောင်းမှုတစ်ခုကို ဖော်ပြနေသည်၊ တဖြည်းဖြည်းနဲ့ ခေါင်းတလားထားရှိရာ အခန်းထဲမှာ အေးစိမ့်တဲ့ လေထုက တိုး၍တိုး၍ ပြည့်လာသည်။
လူတစ်ယောက်နဲ့ထူးဆန်းတဲ့အရာတစ်ခုက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေသည်။
ခဏအကြာမှာ ယန်ကျွင်းဇဲက နောက်ဆုံးတော့ စကားပြောလိုက်သည်၊ "မင်း... စကားပြောတတ်လား?"
ယဲကျဲနန်က ခေါင်းကို စောင်းပြီး မော့ကြည့်လိုက်သည်၊ ပြီးတော့ သူမရဲ့ ပါးစပ်ကနေ အသံတွေ တစ်စွန်းတစ်စ ထွက်လာလေသည်။
ယန်ကျွင်းဇဲက ထိတ်လန့်သွားပြီး နောက်မှ သဘောပေါက်သွားသည်၊ ဒါက ကျိန်ဆဲတဲ့အသံဖြစ်နေပုံရသည်၊ "မင်းကို တီးလိုက်မယ်" လို့ ပြောလိုက်သလိုမျိုး။
သူမကို ယဉ်ကျေးစွာ
မေးခွန်းမေးခဲ့ခြင်းဖြစ်ရာ ဘာလို့ ချက်ချင်း စပြီး ကျိန်ဆဲတာလဲ။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ သူ နားလည်သွားသည်၊ "ကုလားမ၊ သူ့ပါးစပ်ထဲမှာ ကြီးမားတဲ့လျှာကြီးနဲ့ ဆိုတော့ သူ သေချာပေါက် ကောင်းကောင်း စကားပြောနိုင်မှာ မဟုတ်ဘူး"။
သူ့မေးခွန်းက ယဲကျဲနန်ကို ဒေါသထွက်စေခဲ့သည်၊ သူမ ကျိန်ဆဲပြီးနောက် သူမရဲ့လျှာက ရုတ်တရက် အမြန်ဆန့်ထွက်လာပြီး ယန်ကျွင်းဇဲရဲ့ လည်ပင်းဘက်ကို တန်းတန်းမတ်မတ်လာပတ်လေတော့
သည်။
အချိန်ပြန်ရစ်!
ယန်ကျွင်းဇဲက သူ့ကိုယ်သူ ပထမထပ်ရဲ့ လှေကားအဝင်ဝမှာ ပြန်ရောက်နေတာကို တွေ့လိုက်ရလေသည်။
သူက လေးနာရီဆက်တိုက် အချိန်ပြန်ရစ်ခြင်းကိုထိန်းသိမ်းထား
သည်၊ ဒီအချိန်မှာ သူက အမှတ် ၃၉ အိမ်ထဲကို ဝင်ရောက်ပြီး ပထမထပ်ရဲ့ လှေကားအဝင်ဝမှာ ရပ်နေတဲ့ အချိန်ကို ပြန်ရောက်သွားလေသည်။
အခုအချိန်ထိ ယဲကျဲနန်ရဲ့ ဝိညာဉ်က မပေါ်လာသေးပေ၊ ဒါပေမဲ့ "လျှာ" နဲ့ ပတ်သက်တဲ့ တာဝန်ကလည်း မစတင်သေးပေ။
ခေါင်းတလားထဲက စာရွက်ပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို ကြိုတင်သိထားတာကြောင့် ယန်ကျွင်းဇဲမှာ အစီအစဉ်တစ်ခု ရှိနှင့်ပြီးဖြစ်သည်။
သူ ချက်ချင်းပဲ တတိယထပ်ကို ဦးတည်ပြီး လှေကားကို တက်လိုက် လေသည်။
လမ်းတစ်လျှောက်လုံး သတိထားနေပေမယ့် ယဲကျဲနန်ရဲ့ အရိပ်အယောင်ကို မမြင်ရပေ။
သူ့ရဲ့ယခင်အကြိမ်က အချိန်ဇယားအရဆိုရင် သူက မြေအောက်ခန်းကို ဆင်းတဲ့ လှေကားရဲ့ အလယ်လောက်မှာ ရှိနေ လာက်သေးသည်၊ မကြာခင်မှာပဲ ယဲကျဲနန်ရဲ့ အဖြူရောင်ဖိနပ်တွေကို သိပ်မဝေးတဲ့နေရာမှာ မြင်ရတော့မည်။
ဒါကြောင့် ဒီအချိန်မှာ အဲ့ဒီအမျိုးသမီးက တတိယထပ်မှာ မရှိသင့်ပေ။ သူ မြန်မြန်ဆန်ဆန် ရွေ့လျားပြီး "လျှာ" တာဝန်ကို စတင်လိုက်တာနဲ့ မြေအောက်ခန်းကို ချက်ချင်းသွားပြီး ခန္ဓာကိုယ်ကို ရှာနိုင်ပေမည်။
သူက ခေါင်းတလားတစ်ခုတည်းရှိတဲ့ အခန်းထဲကို အမြန်ဝင်လာသည်၊ အဖုံးက တစ်ဖက်ကို ရွှေ့ထားတုန်းပဲ။ ယန်ကျွင်းဇဲက အနီးကပ်သွားပြီး စက္ကူကို အတွင်းထဲကနေ ထုတ်ယူဖို့ လက်လှမ်းလိုက်လေသည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ သူထိတ်လန့်တကြားနဲ့ ကြက်သေသေသွားမိသည် - ယဲကျဲနန်က ခေါင်းတလားထဲမှာ လှဲနေမယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
အဲ့ဒီအမျိုးသမီးက ဖြူဖျော့တဲ့မျက်နှာ၊ ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့၊ မျက်လုံးတွေကို အနည်းငယ် မှိတ်ထားပြီး အဲ့ဒီလျှာကလည်း ပါးစပ်ထဲကနေ ထွက်နေတုန်းပဲ၊ နှုတ်ခမ်းထောင့်မှာ ရှိနေသည်။ စက္ကူက သူမရဲ့ ခန္ဓာကိုယ်အောက်မှာ ဖုံးကွယ်နေပြီး ထောင့်စွန်းလေးတစ်ခုသာ မြင်နေရသည်။
ယန်ကျွင်းဇဲက ခေါင်းတလားထဲက ယဲကျဲနန်က သူမရဲ့ဝိညာဉ်လား ဒါမှမဟုတ် သူမရဲ့ ခန္ဓာကိုယ်လားဆိုတာ မဆုံးဖြတ်နိုင်သေးပေ၊ ဒါပေမဲ့ ဒီလောက်ကြာအောင် သေနေတဲ့သူက အခုဆို ပုပ်သိုးနေလောက်ပြီဖြစ်ပြီး ခုလို ပုံစံမျိုး သေချာပေါက် ဖြစ်နေမှာ မဟုတ်ပေ။
ဒါက ယန်ကျွင်းဇဲရဲ့ စိတ်ထဲမှာ တွေးနေတဲ့ မေးခွန်းလည်း ဖြစ်သည်၊ ဘာလို့လဲဆိုတော့ "လျှာ" တာဝန်က ယဲကျဲနန်ရဲ့ လျှာကို သူမရဲ့ ပါးစပ်ထဲကို ပြန်ထည့်ဖို့ လိုအပ်တာကြောင့် အနည်းဆုံးတော့ အဲ့ဒီအရာက ပျော့ပြောင်းနေရမည်။ အကယ်၍ ပုပ်သိုးနေပြီဆိုရင် သူ ဘယ်လို ပြန်ထည့်နိုင်မလဲ။
ထို့အပြင် အခန်းထဲက လေထုက စိုစွတ်နေတာကြောင့် ခန္ဓာကိုယ် ပုပ်သိုးနိုင်ခြေက သိသိသာသာ တိုးလာသည်။
ဒီမေးခွန်းက သူ တကယ်တမ်း ယဲကျဲနန်ရဲ့ ခန္ဓာကိုယ်ကို မမြင်မချင်း ဆက်ရှိနေမည်ဖြစ်သည်။
အခုဆို ခေါင်းတလားထဲမှာ ယဲကျဲနန်ရဲ့ ဝိညာဉ်သာ လှဲနေပုံရသည်။
ယန်ကျွင်းဇဲက အသက်ပြင်းပြင်းတစ်ချက် ရှူပြီး သူမရဲ့ ခန္ဓာကိုယ်အောက်မှာ တစ်စိတ်တစ်ပိုင်း ဖုံးအုပ်နေတဲ့ စက္ကူကို လှမ်းကြည့်လိုက်မိသည်၊ထောင့်စွန်းလေးတစ်ခုသာ မြင်နေရသည်။ စက္ကူက လုံးဝဖိနှိပ်ထားခြင်းမရှိဘဲ ခန္ဓာကိုယ်နဲ့ ဖုံးထားရုံသာ ဖြစ်ပုံရလေသည်။
ဒီအချက်ကို စဉ်းစားပြီး သူက သူ့ရဲ့ အသက်ရှူနှုန်းကို နှေးလိုက်ပြီး သူ့လက်ကို ခေါင်းတလားထဲကို ဂရုတစိုက် လှမ်းလိုက်သည်၊ တစ်ချိန်လုံးမှာ သူက အိပ်ပျော်နေပုံရတဲ့ ယဲကျဲနန်ကို အကြည့်မလွှဲဘဲ ကြည့်နေသည်။
တကယ်တော့ ယဲကျဲနန်ရဲ့ မျက်နှာသွင်ပြင်က အရုပ်ဆိုးတာ မဟုတ်ပေ၊ အနည်းဆုံးတော့ ပျမ်းမျှအဆင့်ထက်တော့ မြင့်သည်၊ ဒါပေမဲ့ အပြင်ကို ထွက်နေတဲ့ အဲ့ဒီလျှာရှည်ကြီးက သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံပန်းသဏ္ဌာန်တစ်ခုလုံးကို တော်တော်လေး လျှော့ချပစ်လိုက်သည်။
ယင်ယန်ကျွမ်းကျင်သူ လင်းယီရှန်က စာရွက်ပေါ်မှာ ရေးထားတာက "ယဲကျဲနန်ရဲ့ ဝိညာဉ်နဲ့ အကြည့်ချင်းမဆုံမိစေနဲ့၊ ပြီးတော့ သူမရဲ့ လျှာကို မကြည့်မိစေနဲ့" ဆိုတာ၊ ဒါက ယဲကျဲနန်က သူမရဲ့ မျက်လုံးတွေ ဖွင့်ထားတယ်ဆိုတဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်သည်၊ ဒါပေမဲ့ အခုတော့ အဲ့ဒီအမျိုးသမီးရဲ့ မျက်လုံးတွေက တင်းတင်းမှိတ်ထားပြီး သူမက "နိုးထ" မလာသေးသလိုမျိုး။
ဒီအချိန်မှာ သူမကို ကြည့်တာက ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်ပုံရသည်။
စက္ကူရဲ့ထောင့်စွန်းကို ဆွဲကိုင်ပြီး ယန်ကျွင်းဇဲက ညင်သာစွာ ဆွဲလိုက်သည်၊ စက္ကူက ရွေ့သွားသည်၊ တကယ်ပဲ လျော့ရဲနေသည်!
သူက ချက်ချင်းပဲ အားပိုထည့်လိုက်မိသည်၊ သူ့လက်ချောင်းတွေက ယဲကျဲနန်ရဲ့ ဝတ်စုံဖြူနဲ့ အကြိမ်အနည်းငယ် ထိမိသွားသည်၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ စက္ကူကို တစ်စစီ ဖြည်းဖြည်းချင်း ဆွဲထုတ်နိုင်ခဲ့သည်။
သူ သက်ပြင်းချလိုက်ပြီး နောက်ဆုံးမှာတော့ စက္ကူကို သူ့လက်ထဲ အပြည့်အဝ ဆွဲကိုင်လိုက်သည်။
တာဝန်သတိပေးချက်တစ်ခု ပေါ်လာသည်၊ "တာဝန်ခွဲ [လျှာ] စတင်ပြီ"။
ယန်ကျွင်းဇဲက မဆိုင်းမတွပဲ စက္ကူကို ချပစ်လိုက်ပြီး တံခါးဘက်ကို လှည့်၍ လျှောက်သွားသည်။
အဲ့ဒီအချိန်မှာ သူ့နောက်ကနေ ခေါင်းတလားဘက်ကနေ ကလစ်ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
ယန်ကျွင်းဇဲက သူ့ခေါင်းကို လှည့်လိုက်ပြီး ဖြူဖျော့တဲ့ လက်တစ်ဖက်က ခေါင်းတလားအဖုံးရဲ့ အစွန်းပေါ်မှာ တင်နေတာကို မြင်လိုက်ရသည်၊ ပြီးတော့ နောက်တစ်စက္ကန့်မှာ အတွင်းထဲက လူက ထထိုင်တော့မလို ဖြစ်နေသည်။
သူက အရှိန်မြှင့်လိုက်ပြီး အခန်းထဲကနေ လှေကားဆီကို အပြေးထွက်သွားသည်၊ လှေကားကို အမြန်ဆင်းသွားသည်။ အကြိမ်ပေါင်းများစွာ စိုစွတ်နေတဲ့ ရေညှိတွေကို နင်းမိပြီး ပြုတ်ကျတော့မလို ဖြစ်သွားသည်။
ဒါက ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပဲ၊ ဒါပေမဲ့ သူ နောက်ဆုံးမှာ ပထမထပ်ကို ရောက်လာခဲ့သည်။
သေချာနားထောင်ကြည့်တော့ တတိယထပ် လှေကားကနေ ခြေသံတိုးတိုးကို သူ ကြားနေရသည်၊ ယဲကျဲနန်လည်း ဆင်းလာနေသည်။
ယန်ကျွင်းဇဲက အချိန်မဆိုင်းရဲပေ၊ သူ့ဓာတ်မီးကနေ အလင်းရောင်ကို အသုံးပြုပြီး မြေအောက်ခန်းကို အမြန်ဆင်းသွားသည်။
အချိန်ပြန်မရစ်ခင်ကတည်းက သူက ယဲကျဲနန်ရဲ့ ခန္ဓာကိုယ်က မြေအောက်ခန်းမှာ ရှိတယ်၊ သူမက အဲ့ဒီမှာ ကြိုးဆွဲချခဲ့တယ်ဆိုတာကို သူ သိထားနှင့်ပြီးဖြစ်သည်၊ ဒါက သူ့ရဲ့ ယခင်ခန့်မှန်းချက်တွေနဲ့ ကိုက်ညီနေသည်။
ဒီတစ်ကြိမ်မှာသာ ယဲကျဲနန်ရဲ့ ဝိညာဉ်ကြောင့် သူ လှည့်ဖြားခံခဲ့ရပြီး အပေါ်ထပ်ကို တက်သွားမိခြင်း ဖြစ်သည်။ သို့သော် ဒါက ကံကောင်းတာလည်း ဖြစ်နိုင်သည်၊ မဟုတ်ရင် သူ တာဝန်ခွဲကို စတင်နိုင်မှာ မဟုတ်ပေ။
[လျှာ] တာဝန်အရဆိုရင် ယဲကျဲနန်ရဲ့ ဝိညာဉ်က သူ့ကိုယ်ပိုင် နယ်မြေကို အလိုအလျောက် ကာကွယ်နေပြီး ပြင်ပလူတွေက သူမရဲ့ ခန္ဓာကိုယ်ကို လာနှောင့်ယှက်တာကိုတားဆီးပစ်လိမ့်
မည်။
ဒါကြောင့် အပေါ်ထပ်က အရာက မကြာခင်မှာ မြေအောက်ခန်းကို ဆင်းလာတော့မယ်ဆိုတာကို သူ သေချာသိသည်။
သူ ပိုမြန်မြန် သွားရမည်။
နံရံကို ဆန့်ကျင်လျက် ယန်ကျွင်းဇဲက အမြန်ဆင်းလာသည်၊ စိုစွတ်နေတဲ့ လှေကားထစ်တွေပေါ်မှာ နှစ်ကြိမ်လောက် ချော်ကျသွားပေမယ့် နောက်ဆုံးမှာတော့ သူ မြေအောက်ခန်းကို ရောက်သွားခဲ့လေသည်။
လရောင်ရဲ့ အကူအညီမရှိဘဲ ဒီနေရာက အရမ်းကို မှောင်နေသည်၊ ယန်ကျွင်းဇဲက ဒုတိယ ဓာတ်မီးတစ်လုံးကို ဖွင့်ဖို့မှတပါး ရွေးချယ်စရာမရှိပေ။
သူက ဓာတ်မီးတစ်လုံးကို မြေပြင်ပေါ်မှာ အရင်ချထားသည်၊
မြေအောက်ခန်းလှေကားဘက်ကို အလင်းရောင် ထိုးထားသည်၊ ဒါမှ ယဲကျဲနန် ဆင်းလာရင် သူ့ကို ချက်ချင်းတွေ့နိုင်မည်ဖြစ်သည်။
ပြီးနောက် သူက ဓာတ်မီးနဲ့ မြေအောက်ခန်းကို အမြန်လှည့်ပတ်ကြည့်သည်၊ မြေအောက်ခန်းက ရှုပ်ပွနေပြီး ပစ္စည်းပစ္စယပေါင်းစုံနဲ့ပြည့်နှက်နေသည်။
သို့သော် မြေအောက်ခန်းရဲ့ အဆုံးစွန်ဘက်မှာ၊ မျက်နှာကြက်တန်းတစ်ခုအောက်မှာ၊ လေမတိုက်တဲ့အတွက် လှုပ်ရှားခြင်းမရှိဘဲ ရှည်လျားတဲ့ အရာတစ်ခုက တွဲလောင်းကျနေသည်။
ယင်ယန်ကျွမ်းကျင်သူအရဆိုရင် ယဲကျဲနန်ရဲ့ ခန္ဓာကိုယ်က သူ့ဘာသာသူ ရွေ့လျားနိုင်သည်ဟု ဆိုသည်။ သူမကို အောက်ကို ရွှေ့ချလိုက်တဲ့ ဘယ်သူမဆို မကြာခင်မှာပဲ ခန္ဓာကိုယ်က ကြိုးဆွဲချထားတဲ့ အနေအထားအတိုင်း မျက်နှာကြက်တန်းပေါ်ကို ပြန်တက်သွားတာကို တွေ့ရပေလိမ့်မည်။
ဒါက အခု သူ မြင်နေရတဲ့အရာ ဖြစ်ရမည်။
ပစ်မှတ်ကို တွေ့ရှိပြီးနောက် ယန်ကျွင်းဇဲကအမြန်
လျှောက်သွားလိုက်လေ
သည်။